Last Shout - not visible
You are not authorized to view Shouts.
နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါ၏

မြန်မာအင်ဂျင်နီယာဖိုရမ်တစ်ခုစတင် မွေးဖွားလိုက်ပါပြီ..ပျော်ရွှင်မှုပေါင်းခညောင်းကြပါစေ! မြန်မာအင်ဂျင်နီယာဖိုရမ် သင့်ဖိုရမ် ၂၀၀၈ မေလ ၁ ရက်နေ့ တွင် စတင်တည်ထောင်သည်.

 နွေးထွေးစွာ ကြိုဆိုပါသည် ဧည့်သည်တော်....

            ဤနေရာသည် မြန်မာ့ပညာရေးလောကအတွက် တတပ်တအား အားဖြည့်ပေးဖို့ ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခြင်းဖြစ်ပါသည်။

ဘယ်နိုင်ငံမှ ဘယ်တက္ကသိုလ်မှ ဆင်းတယ် . ဘာဘွဲ့ရတယ်လို့မဆိုလိုပါ ။ အင်ဂျင်နီယာ သို့မဟုတ် ပညာရေး နှင့် သက်ဆိုင်သော စိတ်ဝင်စားသော သူအားလုံးကို

ရည်ရွယ်ပါသည်။ တစ်ဦးတစ်ယောက်ကောင်း ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပါ။ အသင်းဝင်တိုင်း၏ အင်အားဖြင့် ရှင်သန်နေခြင်းဖြစ်သည်။

           အသင်းဝင်ထားခြင်းမရှိပါက သင့်အား အသင်းဝင်အဖြစ် မှတ်ပုံတင် ရန် လှိုက်လှဲစွာ ဖိတ်ခေါ်ပါရစေလား။ မှတ်ပုံတင်ပြီးပါက ဤဖိုရမ်သည်

သင်၏ ဖိုရမ်အဖြစ် မှတ်ယူပြီး  ရေရှည်တည်တံ့အောင်   ပါဝင်လုပ်ဆောင်ပေးလိမ့်မည် ဟု မျှော်လင့်နေကြပါသည်။ အသင်းဝင်အသစ်အနေအဖြင့်

မိတ်ဆက်ရန်ကဏ္ဍတွင် သွားရောက် မိတ်ဆက်ပေးခြင်းဖြင့် ဖိုရမ်နှင့် ရင်းနှီးသွားပါလိမ့်မည်။  မရှင်းလင်းသည်များကို အကူအညီ တွင် ဖတ်ရှုနိုင်ပြီး

အခက်အခဲများ တွင်လည်း မေးမြန်းနိုင်ပါသည်။   အကောင်းဆုံးကတော့  မြန်မာအင်ဂျင်နီယာဖိုရမ်လမ်းညွနကို အရင်ဖတ်ပါ။ 


ပျော်ရွှင်ချမ်းမြေ့ကြပါစေ....

        ကျေးဇူးတင်လျက်

           မှ
                  မြန်မာအင်ဂျင်နီယာဖိုရမ် သင့်ဖိုရမ်

 
ရေးသားချက်မဖောင်းပွစေရေး

မြန်မာအင်ဂျင်နီယာဖိုရမ်အသင်းဝင်များခင်ဗျာ ...

မြန်မာအင်ဂျင်နီယာဖိုရမ်မှာ အသင်းဝင်တွေတနေ့တခြား များပြားလာတာနဲ့အမျှ ပြောသင့်၊ ဆိုသင့်၊ အသိပေးသင့် တာတွေရှိလာလို့ရေးလိုက်ရခြင်းဖြစ်ပါတယ်၊

ဖိုရမ်က ရေးသားချက်တစ်ခုဟာ ကိုယ့်အတွက်အကျိုးရှိမယ် ဆိုပါစို့။ ကျေးဇူး ခလုတ်လေးကိုနှိပ်လိုက်ပါ။ ဒါဆို စာရေးသူအတွက်လုံလောက်တဲ့ ပီတိကိုရပါတယ်။

ဒီရေးသားချက်ကိုအကြောင်းပြုပြီး ၀င်ရောက် ဆွေးနွေး၊ မေးမြန်းတာမျိုးမဟုတ်ဘဲ ကျေးဇူးစကားပြောချင်ရုံလောက်နဲ့တော့ post အသစ်တစ်ခုတင်မနေပါနဲ့။

စာရေးသူက ပြန်ပြောနေပြန်ရင် စကားလမ်းကြောင်းပါလွဲသွားနိုင်ပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲ ဆိုတော့ database error ကို စိုးရိမ်လို့ပြောရတာပါ။

Post တွေများတဲ့နေ့မှာ ဖိုရမ်ရပ်တံ့နေပြီး ၀င်ရောက် လည်ပတ်လို့မရတဲ့ အဖြစ်မျိုးကြုံဖူးကြမှာပါ။ အဲဒီလို ခဏခဏ ဖြစ်နေရင်တော့ အားလုံးအတွက်အဆင်မပြေဖို့ ပဲရှိပါတယ်။

ဒီထက်ပိုဆိုးပြီး ဖိုရမ်ရပ်ဆိုင်းသွားတဲ့ အထိ ဖြစ်သွားရင်တော့ အားလုံးကြိုးစားခဲ့ကြသမျှ သဲထဲရေသွန်ဖြစ်ပါပြီ။

ရေးသားချက်မဖောင်းပွစေရေး နဲ့ ပတ်သက်ပြီး Admin အဖွဲ့က အသိပေးခဲ့တာလည်း မကြာခဏပါ။ ဒါပေမယ့် မလိုက်နာတဲ့သူတွေ ရှိနေဆဲပါ၊

အသင်းဝင်အချို့ရဲ့ ရေးသားချက်တွေကိုပြန်စစ်ဆေးကြည့်ရာမှာ သူ့ရေးသားချက်အားလုံးရဲ့ ၈၅% ကအကျိုးမဲ့ရေးသားချက် တွေကြီးဖြစ်နေတဲ့ အသင်းဝင်တွေ တွေ့ခဲ့ရပါတယ် ။

ဒီလောက်အထိဆိုရင်တော့ ကျွန်တော်တို့ကို ကူညီရာမရောက်ဘဲ အနှောင့်အယှက်ပေးရာရောက် နေတာလေးကို သတိပြုပေးကြပါ။

post တစ်ခုဟာ အသင်းဝင်များအတွက် ဘာထူးခြားမှုမှမရှိနိုင်ဘူးဆိုရင် ကြီးကြပ်ရေးမှူးတွေက ပယ်ဖျက်သွားပါလိမ့်မယ်၊ အဲဒါကို သဘောတူကြရပါလိမ့်မယ်။

နောက်ပြီး တစ်ဦးနဲ့တစ်ဦး မခံချင်အောင်ပြောတာ၊ ရန်စ၊ အရွဲ့တိုက်တာ မျိုးတွေကို Admin အဖွဲ့မဲခွဲဆုံးဖြတ်ချက်နဲ့ အရေးယူသွားပါမယ်။“

                              လေးစားလျက်

                                        မြန်မာအင်ဂျင်နီယာဖိုရမ်

 

 
Member of the Month(January)

လေးစားအပ်ပါသော မြန်မာအင်ဂျင်နီယာဖိုရမ်အသင်းဝင်များခင်ဗျာ ...

 ဇန်န၀ါရီလအတွက် Member of the Month ဆုကို အသင်းဝင် Nway Oo Ko ကရရှိသွားပါတယ်ခင်ဗျာ ..

ယခုလို ဖိုရမ်မှာ သံယောဇဉ်ရှိရှိ စေတနာထားလုပ်ဆောင်ပေးခဲ့သော Nway Oo Ko အား မြန်မာအင်ဂျင်နီယာဖိုရမ်မှ အထူးကျေးဇူးတင်ရှိကြောင်း ပြောပါရစေ ..

အဲဒီအတွက် မြန်မာအင်ဂျင်နီယာဖိုရမ်အနေနဲ့ ဇန်န၀ါရီလအတွက် Member of the Month ဆုရှင် Nway Oo Ko အား

Rapidshare Premium Account ကို တစ်လစာ ပေးအပ်ချီးမြှင့်လိုက်ပါတယ်ခင်ဗျာ ။

နောက်လများမှာလဲ ဖိုရမ်အတွက် အကောင်းဆုံးအကျိုးပြုနိုင်မယ့်သူများကို ဆက်လက်ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ် ။

 

 
မြန်မာအင်ဂျင်နီယာဖိုရမ်သင်တန်း

မြန်မာအင်ဂျင်နီယာဖိုရမ်အသင်းဝင်များခင်ဗျာ ...

မြန်မာအင်ဂျင်နီယာဖိုရမ်အနေနဲ့  မြန်မာ့ပညာရေးလောကအတွက် တစ်ထောင့်တစ်နေရာက အားဖြည့်ကူညီနိုင်ရန်အတွက် တတ်နိုင်တဲ့နေရာကနေ ကူညီဆောင်ရွက်လျက်ရှိပါတယ် ။

အခုဆိုရင် မြန်မာအင်ဂျင်နီယာဖိုရမ်အနေနဲ့  တစ်နှစ်ခွဲကျော်ကျော်သက်တမ်းရှိပြီးဖြစ်ပါတယ် ။ 

ဖိုရမ်အတွင်း အသင်းဝင်အချင်းချင်း နည်းပညာဖွံ့ ဖြိုးတိုးတက်စေရန် မိမိတို့ တတ်သိသမျှကို ပြန်လည်ဝေမျှခြင်း ၊ မိမိတို့ မသိသေးသည်များကို မေးမြန်းဆွေးနွေးခြင်းတို့ ဖြင့်

အချင်းချင်း အပြန်အလှန်ကူညီကြသည်မှာ အရမ်းကြည်နုးဝမ်းမြောက်ဖို့ ကောင်းလှပါတယ် ။

အခုလဲ မိမိတို့ တတ်သိနားလည်သလောက် ပြန်လည်ဝေမျှလိုသော အသင်းဝင်များ၏ စေတနာဖြင့် ဖိုရမ်သင်တန်းကို ဖွင့်လှစ်လိုက်ပါတယ် ။ 

အခုလို မိမိတို့ တတ်သိနားလည်သလောက် အသေးစိတ်ပြန်လည်ဝေမျှဖို့ ဆိုတာက တော်ရုံစေတနာဖြင့်မလွယ်ကူပါဘူး ။

အချိန် ၊ ငွေကြေး စသည်တို့ကိုရင်းနှီးပြီး အခြားသူများလဲ မိမိသိသလို သိကြပါစေဆိုတဲ့ ကုသိုလ်စေတနာဖြင့် ဝေမျှလို့သာ အခုလို ဖိုရမ်တွင်းသင်တန်းဆိုတာဖြစ်ပေါ်လာရတာပါ ။ 

အသင်းဝင်များအနေဖြင့်လဲ အခုလို ဝေမျှတဲ့သူတွေ ရှိတုန်း သင်ကြားလိုက်မယ်ဆိုရင် မိမိဘ၀အတွက် တစ်ခုခုကျန်ပါတယ် ။

အသင်းဝင်များအနေနဲ့ ဖိုရမ်သင်တန်းသို့ ဆက်သွယ်လိုပါ က ဒီလင့်မှာ အသေးစိတ် ဖော်ပြပေးထားပါတယ်ခင်ဗျာ ။

 
နောက်ဆုံးဆွေးနွေးချက်ခေါင်းစဉ်
  Themes Last topic Answers Visits Board
Code of Ethics for Engineers
el: 09.02.2010 05:02
por Johnnayminoo
0 4 အင်ဂျင်နီယာဆိုင်ရာ မြန်မာ့အခြေအနေ
Js-kit comment ကို ပြန်ဖြုတ်ချင်လို့
el: 09.02.2010 02:11
por တာယာ
1 5 အခြားအခက်အခဲများ
Avatar The game [ဖူး][ကရက်][ကီးဂျန်း]
el: 09.02.2010 00:55
por htinaungkyaw
3 55 Gaming
Smart Phone တစ်လုံးဝယ်တော့မယ်ဆိုရ...
0 4 ဆွေးနွေးချက်များ
Autocad နှင့်ပတ်သတ် ပြီး ..short Course (worksh...
Hoy 22:41
por pargyi
0 5 AutoCAD
"အခက်အခဲတွေ ရှိ၇င် ဒီကိုလာပါ"
Hoy 22:23
por zero248
120 2565 AutoCAD
OrCAD 9.2
0 5 ဆော့ဖ်ဝဲလ်များ
နေရာရွှေပြီး။: Js-kit comment ကို ပြန်...
0 1 Portal/Forum/Blog/CMS
Auto CAD Tips & Tricks
Hoy 22:12
por pargyi
92 2287 AutoCAD
City & Guilds ဆိုသည်မှာ
Hoy 22:05
por nyeinchansoe
13 122 သင်တန်း
 

MKPortal ©2003-2008 mkportal.it
Page generated in 0.07159 seconds with 47 queries