Registration Agreement

၁။ ဤဖိုရမ်တွင် နိုင်ငံရေးနှင့် ပတ်သက်သော အကြောင်းအရာမှန်သမျှ ဆွေးနွေးခွင့်၊ တခြားမှကူးယူလာပြီးဖေါ်ပြခွင့် လုံးဝ(လုံးဝ) ခွင့်မပြုပါ။
၂။ ဤဖိုရမ်တွင် ဘာသာရေးနှင့်ပတ်သက်ပြီး စော်ကားပုတ်ခတ်ခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ ပြက်ရယ်ပြုခြင်းများကို ဆွေးနွေးခွင့်လုံးဝ(လုံးဝ)ခွင့်မပြုပါ။ ရှိလာပါက ဖိုရမ်ကြီးကြပ်
သူများ၏ ဆုံးဖြတ်ချက်ဖြင့် အသင်းမှ အမြဲတမ်းထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ပါမည်။
၃။ မြန်မာအင်ဂျင်နီယာဖိုရမ်တွင် Spam ဟုသက်ရောက်စေသောပို့စ်များနှင့် အခြားရိုင်းပြညစ်ညမ်းသော စာသားများအသုံးပြုခွင့်မရှိပါ။
၎။ ဖိုရမ်မန်ဘာအချင်းအချင်း စည်းလုံးမှုပျက်ပြားစေမည့် လေးစားမှုပျက်ပြားစေမည့် အရေးအသားများ၊ ထင်ယောင်ထင်မှားဖြစ်စေမည့် စကားလုံးများ၊
ရိုင်းပြသောအသုံးအနှုန်းများ အသုံးပြုခြင်းမပြုရန် အထူးပင်တားမြစ်အပ်ပါသည်။
၅။ မြန်မာအင်ဂျင်နီယာဖိုရမ်တွင် မြန်မာလိုသော်လည်းကောင်း အင်္ဂလိပ်လိုသော်လည်းကောင်း ရေးသားဆွေးနွေးနိုင်ပါသည်။ ဘားဂလိ(မြန်မာအသံထွက်အား အင်္ဂလိပ်လိုရေးသားခြင်း)အသုံးပြု
ခြင်းမှ ရှောင်ကြဉ်ပါရန် တားမြစ်အပ်ပါသည်။
၆။ မြန်မာအင်ဂျင်နီယာဖိုရမ်သည် အင်ဂျင်နီယာဆိုင်ရာဘာသာရပ်များ၊ ကွန်ပျူတာနှင့်သက်ဆိုင်သောဆွေးနွေးချက်များ အစရှိသည့် အများအတွက်အကျိုးရှိမည့်ဆွေးနွေးမှုများကိုသာလုပ်ဆောင်
ပေးနေသောဖိုရမ်ဖြစ်ပါသည်။ ထို့ကြောင့် ညစ်ညမ်းဗွီဒီယိုများ၊ရုပ်ပုံများ၊စာသားများအစရှိသည့် ဆင်ဆာမဲ့ဆွေးနွေးချက်များအားပို့စ်တင်ခြင်းမှ လုံးဝ(လုံးဝ)ရှောင်ကြဉ်ပါရန်  အထူးပင်တားမြစ်အပ်ပါသည်။
၇။ အခြားနေရာများမှကူးယူလာသော ဖိုင်များ၊ဆွေးနွေးမှုများအစရှိသည်တို့ကိုဖေါ်ပြရာတွင် မူရင်းပိုင်ရှင်အားထည့်သွင်းဖေါ်ပြပေးရပါမည်။ ထိုသို့ကူးယူဖေါ်ပြခြင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ
ပြဿနာပေါ်ပေါက်ခဲ့ပါက ကူးယူလာသူ၏တာဝန်သာဖြစ်ပါသည်။(အထူးသတိပြုပေးပါရန်)
၈။ Nickname ပေးရာတွင် အများအမြင်တွင်သင့်တော်သောနာမည်သာဖြစ်ရပါမည်။ မသင့်တော်ပါဟု ဖိုရမ်ကြီးကြပ်သူများကဆုံးဖြတ်လျှင် သင်၏ Nickname အားပြန်လည်
ပြောင်းလဲမှုပြုလုပ်ခြင်းအား လိုက်နာရပါမည်။
၉။ ဖိုရမ်အတွင်း မန်ဘာအချင်းချင်းပြဿနာဖြစ်ပွားပါက ဖိုရမ်ကြီးကြပ်ရေးအဖွဲ့များမှကူညီဖြေရှင်းပေးပါမည်။ ဖိုရမ်ကြီးကြပ်သူများ၏ ဆုံးဖြတ်ချက်ကိုလိုက်နာခြင်းမရှိပါက
ဖိုရမ်မှထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ပါမည်။
၁၀။ မြန်မာအင်ဂျင်နီယာဖိုရမ်တွင် C-box နှင့် Chat room တို့ကို အခက်အခဲများအမြန်ဆုံးဖြေရှင်းနိုင်ရန်နှင့် ဆက်သွယ်မှုပိုမိုလွယ်ကူမြန်ဆန်စေရန် ထည့်သွင်းပေးထားခြင်းဖြစ်ပါသည်။
ထို့ကြောင့် C-box နှင့် Chat room တို့တွင် တစ်ဦးနှင့်တစ်ဦး ဆဲဆိုမှုများ၊ ရိုင်းပြသောအသုံးအနှုန်းများ လုံးဝ(လုံးဝ) မပြောဆိုပါနှင့်။ တွေ့ရှိပါက ဖိုရမ်ကြီးကြပ်ရေးအဖွဲ့မှချက်ချင်းအရေးယူပါမည်။
၁၁။ ဖိုရမ်စည်းကမ်း မလိုက်နာသူများ၊ ကြီးကြပ်ရေးအဖွဲ့ ဆုံးဖြတ်ချက် မလိုက်နာသူများအား သတိပေးခြင်း ပြုလုပ်ပါမည်။ ပိုမို လွန်ကဲလာပါက
ဖိုရမ်ဝင်ခွင့် အမြဲတမ်းပိတ်ပင်ခြင်း အထိ အရေးယူ ဆောင်ရွက်ပါမည်။ ကြီးကြပ်ရေးအဖွဲ့ နှင့် ဖိုရမ်စည်းကမ်းများအား တိုက်ခိုက်စော်ကားခြင်းများ အား လုံးဝ (လုံးဝ) ခွင့်မပြုပါ။
၁၂။ အထက်တွင်ဖေါ်ပြထားသောစည်းကမ်းများအပြင်၊ လိုအပ်လျှင်အခါအားလျော်စွာ ဖိုရမ်မှထုတ်ပြန်သောစည်းကမ်းများကို လိုက်နာနိုင်ရပါမည်။ ဖောက်ဖျက်ခြင်းရှိပါက ဖိုရမ်ကြီးကြပ်သူများ၏
အရေးယူခြင်းခံရပါမည်။