PDA

View Full Version : အသင်းဝင်တစ်ဦးအား ဖိုရမ်မှ ထုတ်ပယ်ခြင်း



မြန်မာအင်ဂျင်နီယာဖိုရမ်
11-06-2008, 08:48 PM
လေးစားအပ်သော အင်ဂျင်နီယာဖိုရမ်မှ ညီကိုမောင်နှမများ ခင်ဗျာ ..

ကျွန်တော်တို့ အင်ဂျင်နီယာ ဖိုရမ်တွင် အသင်းဝင်တစ်ဦးဖြစ်သော kokotoe သည် စတင်ဝင်ရောက်ချိန်မှစ၍ ယခု ထုတ်ပယ်သည့် အချိန်အထိ ပို့စ်ပေါင်း ( ၃၀၂ ) ခုကို ရေးသားခဲ့ပါသည် ။ ထိုသို့ ရေးသားရာတွင် ဖိုရမ်မှ ညီကိုမောင်နှမများအတွက် အကျိုးမရှိသည့်အပြင် ငြင်းခုန်ပြောဆိုမှုများ မမှန်မကန်ပြောဆိုမှုများ အကြိမ်ကြိမ် ပြောဆိုခဲ့သည်ကို တွေ့ရှိခဲ့ရပါသည် ။ ဖိုရမ် တာဝန်ရှိသူများမှ သတိပေးပြောကြားသော်လည်း လိုက်နာဆောင်ရွက်ခြင်း မရှိခဲ့ပါ ။ ထို့ပြင် ဖိုရမ်တာဝန်ရှိသူများကိုလဲ လူကြီးလူကောင်းမပီသစွာဖြင့် ရင့်သီးစွာပြောဆိုလာခဲ့ပါသည် ။ ထို့ကြောင့် ကျွန်တော်တို့ အင်ဂျင်နီယာဖိုရမ်မှ တာဝန်ရှိသူများအားလုံး တိုင်ပင်ညှိနှိုင်း၍ ထိုအသင်းသားအား ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ပါသည် ။

ကျွန်တော်တို့ အင်ဂျင်နီယာဖိုရမ် အနေဖြင့် ဤကဲ့သို့ အသင်းဝင်များအား ထုတ်ပယ်ရန် ဆန္ဒမှာ စတင်တည်ထောင်ကတည်းက မရှိခဲ့ပါ ။ ထိုအသင်းဝင်မှာ ဖိုရမ်စည်းကမ်းများကို မလိုက်နာခြင်း ၊ ဖိုရမ်အတွက် မလိုလားအပ်သော ပို့စ်များကို ရေးသားနေခြင်း စသော အချက်များကြောင့် ထုတ်ပယ်ရခြင်း ဖြစ်ကြောင်း အသင်းဝင်များအားလုံး သိရှိစေရန် အသိပေးထုတ်ဖော် ကြေငြာအပ်ပါသည် ။

အသင်းဝင်များ အာလုံးအနေဖြင့် ယခုကိစ္စနဲ့ စပ်လျဉ်း၍ စိတ်အနှောက်အယှက် မဖြစ်ကြပဲ ပျော်ရွင်စွာဖြင့် အသင်းဝင်များ အချင်းချင်း ရင်းရင်းနှီးနှီး ဆက်လက်ဆွေးနွေး ပေးကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည် ။


မြန်မာအင်ဂျင်နီယာဖိုရမ်

bibilio
11-06-2008, 09:30 PM
အင်မတန်မှ ကို စိတ်မကောင်းဖြစ်မိပါတယ် ...

papagyi
11-06-2008, 11:14 PM
အံ.အားသင်. တုန်လှုပ်စိတ်မကောင်းဖြစ်မိပါတယ်။
Forum ၇ဲ. ဆုံးဖြတ်ချက် ခိုင်မာမှုကိုလဲ လေးစားမိပါတယ်။

Michael Scofield
11-07-2008, 12:21 AM
ဘုဝင်ပြောတယ်တော့ မထင်နဲ့ဗျာ ... ကျွန်တော်ကတော့ ထောက်ခံတယ် ... ဒီလောက်အသင်းဝင်တွေများနေရင် စုန်းပြူးတော့ရှိတတ်တာပါပဲ

ကျွန်တော် မကောင်းဘူးထင်ရင် ကျွန်တော့်ကိုလည်း ထုတ်ပစ်ပါ

admin အဖွဲ့ဝင်တွေရဲ့ဆုံးဖြတ်ချက်ကို လေးစားလက်ခံနေမှာပါ ... ကျွန်တော့ အမြင်ပြောရရင် ဒီအသင်းဝင်သာ အခြားဖိုရမ်မှာ ဒါမျိုး spam တွေဝင်ရေးကြည့်ပါလား ... တစ်ပါတ်ထက်မပိုနိုင်ပါဘူး ...။ ဒီဖိုရမ်မို့လို့ ဒီလောက်ကြာကြာဝင်ရေးခွင့်ပေးတာပါ ...
သူ့ကို personal ကိစ္စမရှိဘူးနော် ... ဘာအငြိုးမှမရှိဘူး ...
တစ်ခုပြောချင်တာက သူရေးခဲ့သမျှ တွေထဲက အကျိုးပြုတယ်ထင်တာတွေကိုတော့ မဖျက်စေချင်ဘူး ... ဒါတော့ admin အဖွဲ့ရဲ့သဘောပါပဲ၊

ဟိန်း
11-07-2008, 12:42 AM
ဟုတ်ပါတယ် ကိုMichael Scofield ပြောသလိုပဲ သူ့ပိုစ့်တွေကို ကျနော်တို့ စီစစ်ပြီးဖျက်မှာပါ..
အကုန်မဖျက်ပါဘူး..ဘာကြောင့်လည်းဆိုတော့ တစ်ချို့ ပို့စ်တွေမှာ တစ်ခြားအသင်းဝင်တွေ
ပြန်စာရေးထားတာတွေရှိပါတယ်... သူ့ကြောင့်နဲ့ တစ်ခြား အသင်းဝင်တွေရဲ့  ရေးသားချက်တွေ
အလကား အပါမခံနိုင်ပါဘူး..တစ်ယောက်မကောင်းရင် တစ်ယောက်ကိုပဲ ကျနော်တို့ အရေးယူဆောင်ရွက်သွားမှာပါ...

zaymyotun
11-07-2008, 11:57 AM
စိတ်မကောင်းစရာ သတင်းပါပဲ့ဗျာ။ ဖို.ရမ်မှာ လူကများလာပြီးဆို.တော့ ဖြစ်တတ်ပါတယ်။ ကျွန်တော်တောင့် အကြောင်းကြောင်း online နဲ့ ကင်းကွာနေတာ ၁ လ ရှိပြီး ။ ၀င်ဝင်ချင်း ဒီသတင်းကြားတော့ စိတ်မကောင်းပါဘူး။ admin တွေ.ရဲ မှန်ကန်.တဲဆုံးဖြတ်ချက်ကိုတော့ လေးစားပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို. ဖိုရမ်ကြီးကတော့ ခိုင်မာစွာနဲ. တည်ရှိနေမှာပါ။ အားလုံးကို ခင်မင်လျှက်
ဇေ

STK
11-07-2008, 12:12 PM
ကျွန်တော် အသင်းဝင်တဲ့နေ့မှာဘဲ အသင်းဝင်တစ်ဦးကို ဖိုရမ်မှထုတ်ပယ်တဲ့ သတင်းဖတ်ရတာ စိတ်မကောင်းပါဘူး။ စည်းကမ်းနဲ့မညီညွတ် မလိုက်နာရင်တော့လည်း ဒီလိုဘဲလုပ်ရမှာကိုး........

haymanhtun
11-07-2008, 05:21 PM
ကျွန်မက ကိုယ်ရေးကိုယ်တာတွေနဲ့မို့ အွန်လိုင်းပေါ်ရောက်ခဲပါတယ်။
ဒီနေ့ရောက်တော့ ဒီလိုသတင်းကြားရတာစိတ်မကောင်းပါဘူး။
အင်းလေ အများအတွက်လုပ်နေတဲ့နေရာမှာ တစ်ဦးတစ်ယောက်ကို ခွင့်လွှတ်ပြလိုက်ရင် ကျန်တဲ့သူတွေပါ လိုက်င်္ပြီးမှားလိာနိုင်တာကိုး။
ိကိုဖြိုးဝေလင်းပြောလို့ ဒီကိစ္စတွေသိနေတာကြာပါပြီ။
အင်းလေ.... ကျွန်မကတော့ဖိုရမ်ေ၇ရှည်တည်တံ့ရေးဆိုတာကို နားလည်ပါတယ်။

dr.pwlinn
11-07-2008, 05:45 PM
ဒီကိစ္စကို ထင်နေတာကြာပြီ။
တကယ်ဖြစ်လာတော့လဲ စိတ်မကောင်းဘူး။
ဒါပေမယ့် ကျွန်တော်ကတော့ အပြည့်အ၀ထောက်ခံပါတယ်။
ဒီလိုမလုပ်ချင်လို့ သတိပေးနေခဲ့တယ်ဆိုတာ သူဆက်လုပ်တာတော့ သူ့ ထိုက်နဲ့သူ့ကံပဲပေါ့ဗျာ။

soetun
11-07-2008, 07:15 PM
ဘယ်လိုတွေများဖြစ်ကုန်ပါလိမ့်။

ကျွန်တော် ဒီဖိုရမ်မှာ စာရေးခါစ နျူကလီးယား ကဏ္ဍမှာစခဲ့တာဆိုတော့ ကျွန်တော့်ကို ပထမဆုံး ကြိုဆိုခဲ့တဲ့ သူဖြစ်လို့ မှတ်မှတ်သားသားရှိနေပါတယ်။

သူ့စာတွေကလည်း နျူကလီးယားကဏ္ဍနဲ့ ဘာသာရေးကဏ္ဍက ဟာတွေပဲဖတ်ဖူးတာ။ သူလိုကိုယ်လို ယဉ်ယဉ်ကျေးကျေးသမားလို့ပဲ ထင်ခဲ့တာ။

သတင်းကြားရတာ စိတ်တောင်မကောင်းဘူး။ ~~စိုးထွန်း~~

minthar
11-16-2008, 11:37 AM
စိတ်မ ကောင်းဘူျးော

နှပတ်ပဲ၇ှိသေးတယ်။(၀င်တာ)

ဖတ်လိုက်ရတာက :'( :'( :'( :'( :'(

ကာကာ
11-22-2008, 12:56 AM
ကျနော်ဖြစ်အံ့ရောဗျို့
အားလုံးက ရေးကြလွန်းလို့သူရေးတာတွေအကုန်လိုက်ဖတ်မိတယ် ပြောကြသလိုလဲမဟုတ်ပဲကိုး အော် သူရဲ့စေတနာတော့ အတိုင်းသားမြင်နေရတယ်
ယုံရခက်ပါတယ်။ ရေးလို့သာဖတ်ရတယ်

zener
11-22-2008, 02:48 AM
ဟုတ်ကဲ့ .. ကိုကာကာက အခုမှ ဖတ်ဖြစ်လို့ ပါ .. သူစတင်ဆွေးနွေးခဲ့တဲ့ပို့စ်တွေကို ဖိုရမ်အသင်းဝင်တိုင်းနီးပါးသိကျမှာပါ ..
အကျိုးမရှိပို့ စ်များတဲ့အပြင်၊ ဖိုရမ်အသင်းဝင်အချင်းချင်း စိတ်ဝမ်းကွဲစေအောင်ပါရေးသားတဲ့အတွက် သူ့ ပို့ စ်အားလုံးနီးပါးကို ဖျက်လိုက်ပါတယ် ..
အခု ကိုကာကာ ဖတ်လိုက်ရတဲ့ ပို့ စ်တွေကတော့ သူမေးတာကို ဖြစ်ဖြစ် ၊ ဖြေတာကိုဖြစ်ဖြစ် reply တက်တာတွေကို မဖျက်ပဲထားထားလို့ ပါ ..
ဘာကြောင့်ထုတ်ပယ်လိုက်ရတယ်ဆိုတာလဲ အကြောင်းမဲ့မဟုတ်ပါဘူး .. အကျိုးသင့် အကြောင်းသင့်ကိုလဲ အားလုံးတရားဝင်ကြော်ငြာထားတာပါ ..
အောက်ကလင့်မှာပြောထားတာပဲ ..
http://www.myanmarengineer.org/forum/index.php/topic,1960.msg10907.html#msg10907
သေချာဖတ်စေလိုပါတယ် ..

TheSun
11-22-2008, 04:46 AM
ကျနော်ဖြစ်အံ့ရောဗျို့
အားလုံးက ရေးကြလွန်းလို့သူရေးတာတွေအကုန်လိုက်ဖတ်မိတယ် ပြောကြသလိုလဲမဟုတ်ပဲကိုး အော် သူရဲ့စေတနာတော့ အတိုင်းသားမြင်နေရတယ်
ယုံရခက်ပါတယ်။ ရေးလို့သာဖတ်ရတယ်


ကျွန်တော်လည်း ယုံရခက်တယ် ... ကိုကာကာ ဖိုရမ်ကိုသုံးတာ တစ်နာရီတောင်မပြည့်သေးပဲနဲ့ သူ့ပို့စ်တွေအားလုံးကိုရှာနိုင်၊ ဖတ်နိုင်တာ အံ့သြစရာပဲ ...။
ဘယ်တုန်းကတည်းကဖတ်ထားတာလဲတော့မသိဘူး ... ကိုကာကာ ပို့စ် ၃၀၀ ကျော်အောင်များရေးခဲ့ဖူးသလားဗျ ...။ :)

http://i34.tinypic.com/156stxs.jpg

ကြေငြာချက်မှာမပါတာလေးတစ်ခု ကိုကာကာကို ကျွန်တော်ထပ်ပြောပြပါမယ်၊
သူ့ကိုထုတ်ဖို့၊မထုတ်ဖို့ ကြီးကြပ်ရေးအဖွဲ့မဲခွဲရာမှာ ၁၀၀% မဲရခဲ့ပါတယ် ... ဒါကိုမှသဘောမပေါက်သေးရင် ပိုဆိုးတာတွေထုတ်ပြောရပါလိမ့်မယ် ...။

ဟိုးအရင်တစ်ခေါက် "ကိုယ့်တာဝန်ကိုယ်ယူကြရင်တော့" ဆိုတဲ့ပို့စ်နဲ့ စောင်းမြောင်းရေးခဲ့တုန်းက သဘောထားကြီးတဲ့ အုပ်ချုပ်သူတစ်ဦးက အကာအကွယ်ပေးခဲ့လို့ ဆက်လက်စောင့်ကြည့်နေခဲ့တာပါ၊ အခုလတ်တလောဖြစ်ပွားတဲ့ကိစ္စကတော့ chat room မှာ ကြီးကြပ်ရေးမှူးတစ်ယောက်ကို ရိုင်းပြစွာဝေဖန်ခဲ့လို့ပါ။ အဲဒီအဖြစ်ကိုသိရှိတဲ့ သက်သေ များစွာရှိပါတယ်၊
ဖိုရမ်မှာလည်ပတ်လို့ အခက်အခဲရှိခဲ့ရင် ဖြေရှင်းနည်းတွေအများကြီးရှိတဲ့အထဲက ဒီလိုနည်းမျိုးကိုရွေးချယ်တဲ့အသင်းဝင်ကိုတော့ ကျွန်တော်တို့ ဆက်ပြီးသည်းမခံသင့်တော့ပါ၊

ကျွန်တော်ပြောတာနားလည်မယ်လို့ထင်ပါတယ် ...။ :)

မောင်လေပြေလေး
02-06-2009, 05:55 AM
နည်းနည်းဝင်ဖောချင်တာကတော့ ကောင်းပါတယ်လို့ပဲ ပြောပါတော့မယ်။ ဘာဖြစ်လို့ကောင်းတာလဲလို့ပြောတာလဲလို့ မေးရင်တော့ ကျွန်တော် ဆရာကြီးဝင်လုပ်တာမဟုတ်ပါဘူး။ စည်းကမ်းဆိုတာ လူ့တန်ဖိုးဆိုတဲ့ ဆောင်ပုဒ်လေးတောင်ရှိပါသေးတယ်။ အဲဒီတော့ စည်းကမ်းနဲ့ပါတ်သတ်လာရင်တော့ ဘာကိုမှညှာတာထောက်ထားမနေပဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချနိုင်တာကို လေးလဲလေးစားပါတယ်။ ကျွန်တော်ကတော့ ခြေမကောင်းခြေမ၊ လက်မမကောင်းလက်မ ဖြတ်ပစ်တာမျိုးကို သဘောကျပါတယ်ခင်ဗျာ။
သူ့ကိုထုတ်ပစ်လိုက်တာတော့ စိတ်မကောင်းတော့နည်းနည်းဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ မမ်ဘာတစ်ယောက်လျှော့သွားတဲ့အတွက် (ပြည်ပရောက်နေတဲ့ ကျွန်တော်တို့အနေနဲ့ ခင်တွယ်စရာ မြန်မာစကားပြောစရာ မြန်မာဆိုဒ်တစ်ခုက ကိုယ့်ညီအစ်မောင်နှမလိုမျိုးဖြစ်နေတဲ့ မမ်ဘာတစ်ယောက်လျှော့သွားလို့) ဖြစ်တဲ့စိတ်မကောင်းခြင်းမျိုးပါခင်ဗျာ။ အစ်ကိုကြီးတို့ရေ ပြောမှားဆိုမှားရှိရင် ဆောရီးပါ။ ပြန်စီစစ်ပေးပါခင်ဗျာ။

ထာဝရလေးစားခင်မင်လျှက်


လေပြေလေး

TheSun
02-06-2009, 04:44 PM
သူ့ကိုထုတ်ပစ်လိုက်တာတော့ စိတ်မကောင်းတော့နည်းနည်းဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ မမ်ဘာတစ်ယောက်လျှော့သွားတဲ့အတွက် (ပြည်ပရောက်နေတဲ့ ကျွန်တော်တို့အနေနဲ့ ခင်တွယ်စရာ မြန်မာစကားပြောစရာ မြန်မာဆိုဒ်တစ်ခုက ကိုယ့်ညီအစ်မောင်နှမလိုမျိုးဖြစ်နေတဲ့ မမ်ဘာတစ်ယောက်လျှော့သွားလို့) ဖြစ်တဲ့စိတ်မကောင်းခြင်းမျိုးပါခင်ဗျာ။ ပြန်စီစစ်ပေးပါခင်ဗျာ။

ပြန်စီစစ်ဖို့ အကြောင်းမရှိပါဘူး ... အားလုံးကသူ့ကိုလေးစားပါတယ်၊ ဒီကိစ္စကလည်း တိုင်ပင်ဆုံးဖြတ်ပြီးသားဖြစ်နေပါတယ်၊
ကျွန်တော်တို့ သူ့ရဲ့ IP ကိုကန့်သတ်ထားခြင်းမရှိပါဘူး၊ အဲဒီ nickname ကိုပဲ ကန့်သတ်တာပါ၊ အခြားနာမည်တစ်ခုနဲ့ ဖိုရမ်မှာပြန်လည်ဝင်ရောက်ခွင့်ပေးထားပါတယ်၊ breezes ရဲ့ topic တွေမှာတောင် သူအခြားနာမည်နဲ့ ၀င်ရေးကောင်းရေးနေပါလိမ့်မယ် ... :)

moepyaylay
02-06-2009, 06:02 PM
သေချာလဲကြည့်ပါဦး ကိုကိုတိုးကို
ဧည့်သည်တော်တဲ့ သူ့ကံတရားပေါ့နော်
စိတ်မကောင်းမဖြစ်ပါနဲ့ ::)

dr.pwlinn
03-03-2009, 06:16 PM
ကိုကာကာရေ...
ဖိုရမ်အကြောင်းကို သေချာသိသွားရင် တကယ်ကို ရင်းနှီးနွေးထွေးတဲ့ နေရာလေးဆိုတာကို နားလည်သွားပါလိမ့်မယ်ဗျာ။ ဒီလိုဖိုရမ်မျိုးကို ရှာဖို့ လွယ်မယ်တောင် မထင်ပါဘူး။ ဒီဖိုရမ်က တကယ်ကို လူကြီးလူကောင်းဆန်ပါတယ်ဗျာ။ ကျွန်တော် တခြားဖိုရမ်တွေကိုလည်း ၀င်လေ့လာဖူးပါတယ်။ ဒီလို အကျိုးလည်းရှိ မိသားစုလည်းဆန် လူကြီးလူကောင်းလည်းဆန်တဲ့ ဖိုရမ်မျိုးကို ရှာတွေ့မယ်ဆို ကျွန်တော့်ကိုလည်း အကြောင်းကြားပေးပါလို့ပြောပါရစေ။ ကျွန်တော်တော့ မတွေ့မိလို့ပါ။


ဘာပဲဖြစ်ဖြစ်ပါ။ ဖိုရမ်လေးမှာ ၀င်ပြီးပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းပါတယ်။ တစ်ခုတော့ရှိတာပေါ့ဗျာ။ တစ်ယောက်နဲ့တစ်ယောက် ပျော်ပုံခြင်းတော့ တူချင်မှတူမှာပေါ့ဗျာ။

မောင်လေပြေလေး
03-08-2009, 09:19 AM
ထောက်ခံပါတယ်ခင်ဗျာ။
သေသေချာချာကို ထောက်ခံပါတယ်။
ကျွန်တော်တို့လို့ မြန်မာလူငယ်တွေအတွက် MEF ဟာတကယ်ကို အကျိုးရှိတဲ့
ပညာ့ရပ်ဝန်းလေးပါပဲခင်ဗျာ။
ကျွန်တော်မသိတာတွေကိုလဲ အများကြီးသိရတယ်။
ကျွန်တော်သိတာကို မသိတဲ့သူတွေကိုလဲ အများကြီးဝေမျှခွင့်ရတယ်။
ကျွန်တော်က Computer Crazy ဆိုတော့ တစ်ချိန်မှာ မြန်မာ IT ခေတ်ကိုရောက်ချင်လှပြီဗျာ။



လေးစားခင်မင်လျှက်



လေပြေလေး

Mr Linn
06-02-2009, 10:55 AM
အားလုံးမင်္ဂလာပါခင်ဗျာ
"အသင်းဝင်တစ်ဦးအား ဖိုရမ်မှ ထုတ်ပယ်ခြင်း" ခေါင်းစဉ်နဲ.ပက်သက်ပြိးဆွေးနွေးပြောဆိုလိုပါတယ်။
ကျွန်တော်တို.တတွေဟာ on line ပေါ်မှာပဲ တစ်ဦးနဲ.တစ်ဥိး ပြောဆို ဆက်ဆံ ဆွေးနွေး ကြရတာမဟုတ်လား--?။
အဲသည်တော့ တစ်ယောက်နဲ. တစ်ယောက် တွေ.လည်း မတွေ.ဖူးကြဘူး။ အသင်းဝင်အဖြစ် လက်ခံမယ်ဆိုရင်လည်း
ဓာတ်ပုံနဲ. မှတ်ပုံတင်နဲ. ဖောင်ဖြည့် လက်မှတ်ထိုး ပြီး လက်ခံကြရတာမဟုတ်ဘူး။ User Name နဲ. Password ကိုပဲ
အတည်ပြုပေးပြီး Member အဖြစ်လက်ခံကြရတာမဟုတ်လား။
ကျွန်တော်ပြောချင်တာက အခု kokotoe ဆိုတဲ့ Member ကို အသင်းကနေ ထုတ်လိုက်တယ်ဆိုပါတော့။
ဒီပုဂ္ဂိုလ်က တခြား User Name နဲ. Password ကိုသုံးပြီး ၀င်မလာနိုင်ဘူးလား--?။ ဒါ- ကျွန်တော်စဉ်းစားမိတဲ့ အချက်
ကို တင်ပြဆွေးနွေးကြည့်တာပါ။

HarryLwin
06-05-2009, 11:38 PM
အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
ကိုလင်း ပြောတာမှန်ပါတယ် ... ဒီ User ဟာ တခြား User Name နဲ့ Password ကို သုံးပြီးတော့ ပြန်ဝင်လာနိုင်ပါတယ် ... အခုတောင် ရှိချင်ရှိနေပါလိမ့်မယ်
အဓိက ကတော့ ဖိုရမ်က သူ့ရဲ့ IP Address ကို ပိတ်မထားပါဘူး ... အဲဒီလောက်အထိ ပြင်းပြင်းထန်ထန် မလုပ်ချင်လို့ပါ .. အဲဒီ User name ကိုပဲ ဆက်အသုံးမပြုနိုင်အောင် ပိတ်လိုက်တာပါ ... ဒီတော့ အသိတရားရပြီး တခြားအမည်တခုနဲ့ ပြန်ဝင်လာမယ်ဆိုရင်လဲ ဖြစ်ပါတယ်။ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် အကျိုးရှိအောင် သုံးမယ်ဆိုလို့ကတော့ ကြိုဆိုလျက်ပါပဲ ....
ဒါပေမဲ့ အဲဒီလိုပြန်ဝင်ပြီး အချိုးမပြင်ဘဲ အရင်ကလိုပဲ ပြန်လုပ်နေမယ် ဆိုရင်တော့ IP Address ကိုပါ အပြီးပိတ်ပစ်မှာဖြစ်ပါတယ် ... အဲဒါမှ တခြားကွန်ပျူတာတလုံးကနေ ထပ်ဝင်မယ်ဆိုရင်လည်း အဲဒီသူမှန်း သိတာနဲ့ ထပ်ပိတ်မှာဖြစ်ပါတယ်။

cthuaye
08-20-2009, 10:40 PM
ကျနော် ကတော. ဖိုရမ် တွေကို သိပ်မလေ.လာဖူပါဘူး :?
ဒါပေမယ်. ဒီဖိုရမ်ကြီးကိုစတွေ.ကတည်း က အမြဲး တမ်းလိုလိုဝင်လေ.လာဖြစ်ပါတယ် :jog
ဒီမှာ ပညာရပ် တွေကို ဝေမျှ နေတာကလဲး အံသြ လောက်ပါတယ် ကျနော်ကတော. အမြဲ ပညာတွေလာယူနေအုံး မှာပါ :ok
ကျနော် ကသိပ်မသိတော. အမှားတွေ လုပ်မိရင် အသိပေး ကြပါဗျာ
:harhar

lovemeautomatic
01-04-2010, 12:15 PM
ခြေမမကောင်းခြေမဖြတ်၊လက်မမကောင်းလက်မဖြတ်ပေါ့နော်

paingsis
01-04-2010, 12:53 PM
ကောင်းတယ်ထုတ်ပစ်လိုက်
ဘာအကျိုးမှမရှိရင်ဘာလုပ်မှာလဲ
အလကားပဲ နေရာလေးတာပေါ့ :?

zinmaung
03-01-2010, 08:32 AM
အံ.အားသင်. တုန်လှုပ်စိတ်မကောင်းဖြစ်မိပါတယ်။
Forum ၇ဲ. ဆုံးဖြတ်ချက် ခိုင်မာမှုကိုလဲ လေးစားမိပါတယ်။


အသင်းရဲ့ တည်မြဲ ကြံ့ခိုင်ရေးအတွက် အရင်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို လေးစားမိပါတယ်။

နောင်လဲ လိုအပ် လာရင် ပြုလုပ်သင့် ပါကြောင်း တင်ပြအပ်ပါတယ်။

အင်ဂျင်နီယာ ဖိုရမ် အနေ နဲ.ရော ၊ နည်းပညာ ဖိုရမ် အနေ နဲ. ပါ ရေရှည် တည်မြဲ နိုင်ပါစေဗျာ။

ဆုပေးစနစ် ရော ၊ ဒဏ်ပေးစနစ် ပါ ပြည့်စုံတဲ့ ဖိုရမ် တစ်ခု အဖြစ် ရေရှည်မှာ ပိုမိုလုပ်ဆောင် နိုင်ပါစေ။

လေးစားလျက်.........

waiyanminnaing
05-01-2010, 08:37 PM
အခုလို ကြာ:ရတော့ရင်ထဲမှာတစ်မျိုးကြီ: ခံစာ:ရတယ် ဗျာ
ကျွန်တော်ကတော့ သူကိုမမှီလိုက်ဘူ: လို့ထင်ပါတယ်
Admin များမှန်ကန်သော ဆုံးဖျက်ချက်ကို ချခဲ့တယ်ဆိုတာ(အကြွင်:မဲ့) ယုံကြည်ပါတယ်
Admin များခင်ဗျာ ကျွန်တော် သိချင်တာလေးရှိလို့ မေးခွင့်ပြုပါခင်ဗျာ
သူကို ထုတ်ပယ်ရ သော post များကို ကျွန်တော်တို့ ဖတ်ခွင့်ရှိမလားခင်ဗျာ
သူလို မမှာ:အောင်လို့ပါ ဘာလို့လဲဆိုရင် ဒီ forum ဟာ ကျွန်တော် ပထမဆုံး ဝင်းတဲ့ forum ဖြစ်ပီး
ကျွန်တော် အတွက်အလွန် တန်ဖိုးရှိသော ပညာရပ်များပေ:ဝေနေလို့ပါ(ကျွန်တော် အဲဒီလိုမျိုး မဖြစ်ချင်လို့ပါ)
နောက်ပြီး ဒီလိုသူအမှားကို အခြာ:(new)member သိပြီး ရှောင်ရန် ၁ချက် ဖြစ်လမ့်မယ် လို့လည်း ယူဆ ပါတယ်ခင်ဗျာ
ကျွန်တော် အမြင်သာဖြစ်ပါသည်
လေးစာ:စွာဖြစ်
ဘာမသိသေး သော ကောင်ကလေး

konay
05-01-2010, 09:25 PM
ကောင်းပါတယ် ..............

romeo.ty
06-24-2010, 08:04 PM
ကျွန်တော်တစ်ခုလောက်ဝင် အကြံ ပြုချင်ပါတရ် ကျွန်တော်ဆို ရင် 10 အောင်ကာစလူငယ်တစ်ယောက်ပါ အခုမှ လောက အကြောင်းကိုလေ့လာတုန်းပါ ကိုယ်သိချင်တာတွေကို လိုက်လံ စုဆောင်းနေတာမို. အင်တာနက်ပေါ်က နာမည်ရှိတဲ့ ဖို၇မ် အားလုံးလိုလို ကိုဝင်ဖြစ်ခဲ့ ပါ တရ် အခုလဲတစ်ခုလောက်ဒီဖိုရမ်မှာ အကြံပြုပါရစေ တကယ်လို.သူရေးသားတဲံ အကြောင်းအရာတွေကိုဖျက်မယ်ဆိုရင်တော့ မကောင်းသာတာဖျက်စေချင်ပါတရ် အကျိုးရှိတရ်လို. ယူဆတဲ့ အကြောင်းအရာတွေကိုတော့ နောင်လာနောက်သားတွေသိပါစေလိုသော သဘောနဲ. မဖျက်ပါနဲ.လို. အကြံပြုလိုပါတရ်
romeo

phyo
06-24-2010, 10:36 PM
ညီလေးရေ... အကျိုးပြုစေမယ့် ပိုစ့်တွေကိုတော့ မဖျက်ထားပါဘူး..ဒါကြောင့် တချို့ နေရာတွေမှာ သူ့ ရဲ့  Name နဲ့  ပိုစ့်တွေကို တွေ့ ရတာပေါ့...
ဖိုရမ်ဟာ တစ်ဦးတစ်ယောက်ကောင်းနဲ့ လုပ်ထားတာ မဟုတ်တော့ အရှည်ကိုမျှော်ပြီးတော့ အားလုံးရဲ့  ဆန္ဒအရ ဆုံးဖြတ်ရတာပါ....
ခိုင်မာတည်တံ့တဲ့ အဖွဲ့ အစည်းတစ်ခုဖြစ်ဖို့  လက်တွေ့ ဆန်ပြီး တိကျတဲ့စည်းမျဉ်းစည်းကမ်းထားဖို့  လိုအပ်ပါတယ်..
ဥပမာပြရရင် ဗုဒ္ဓတည်ထောင်ခဲ့တဲ့ သံဃ အဖွဲ့ အစည်းပေါ့.. ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး အဖွဲ့ အစည်းကြီးပါ...
ဒါဟာ ဘာဖြစ်လို့ လဲဆိုတော့ တိကျ သေချာ ခိုင်မာ ယုတ္တိရှိတဲ့ အများအကျိုးကိုရည်ရွယ်ထားတဲ့ စည်းကမ်းတွေ (၀ိနည်း)တွေ ရှိလို့ ပေါ့..
လိုက်နာနေသရွေ့  ဒီအဖွဲ့ အစည်းဟာ ခိုင်မာတည်တံ့နေမှာပဲလေ..
ဒီဖိုရမ်မှာလည်း လူပုဂ္ဂိုလ် အနေနဲ့ တော့ ဘယ်သူ့ ဘယ်သူကိုမှ အာဃာတ မထားကြပါဘူး....
ဖိုရမ်ဖြစ်တဲ့အတွက် တချို့ နေရာတွေမှာတော့ ငြင်းခုန်ရတာတွေ ရှိပါတယ်..ဒါဟာလည်း သဘာဝပါပဲ...
အထူးသဖြင့် ဒီလို နည်းပညာနဲ့ ပတ်သက်တဲ့ ဖိုရမ်မှာ အပြုသဘောဆောင်တဲ့ ဆွေးနွေးချက် ၊ ထောက်ပြ ဝေဖန်မှုတွေတော့ ရှိမှာပဲလေ..
နောက်ပြီး... ဖိုရမ်မှာ အကျိုးရှိမယ့် ပိုစ့်တွေ အများကြီးရှိပါတယ်...
အစ်ကို့  ကိုယ့်တွေ့ အရ အချိန်တော်တော်များများ ဖိုရမ်ထဲမှာ အငမ်းမရ ပိုစ့်တွေဖတ်လာတာတောင် လုံးဝ လှမ်းမမီနိုင် ပြည့်စုံအောင် မဖတ်ရသေးတဲ့ ပိုစ့်တွေ ထောင်နဲ့ ချီပြီး ကျန်ပါသေးတယ်.. ဒါတောင် ကိုယ်စိတ်ဝင်စားတဲ့ အပိုင်းတွေပဲ ဖတ်တာပါ...
အကြံပြုတဲ့အတွက် အားလုံးရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်နော်...
ဖိုရမ်မှာလည်ပတ်သွားလာရင်း ပျော်ရွှင်ပါစေဗျာ..

ခင်မင်စွာဖြင့်

phyo

ကိုအင်းသား
07-11-2010, 05:48 PM
စိတ်မကောင်းပါဘူးဗျာ။ စည်းကမ်းချက်နဲ့မညီရင်တော့ထုတ်ပစ်ရမှာပေါ့။ လူဆိုတာအမှားနဲ့မကင်းပါဘူး။ ကျွန်တော်ကိုလည်းအပြစ်ရှိရင်တုတ်ပစ်နိုင်ပါတယ်။ တစ်ခုတောင်းဆိုချင်တာက တုတ်ပစ်မယ်ဆိုကြိုတင်အကြောင်းကြားပေးပါ။ကို့အမှားကိုသိလို့ပြင်မယ်ဆိုရင်ခွင့်လွတ်တယ်မဟုတ်လား.....