yeminhlaing
11-15-2008, 08:38 PM
Diesel Engine Components
Stationary Parts
ဒီဇယ်အင်ဂျင် များတွင် အခြေခံကျပြီး တည်ငြိမ်စွာ တည်ရှိသော အစိတ်အပိုင်း (၃) ပိုင်းရှိသည်။ ၄င်းတို့မှာ Cylinder Block,Crank Case နှင့် Cylinder Head တို့ဖြစ်သည်။
1.Cylinder Block
Cylinder Block တွင် Piston များအထက်အောက် တက်ဆင်းသည့် ချော့မွေ့သော အဝိုင်းပေါက် Cylinder များပါရှိသည်။ထို့အပြင် Block များတွင် Valve များ ပွင့်နှိင်ရန် အပေါက် များပါရှိသည်။ အရည်အအေးပေးစနစ်သုံး Block တွင် Water Jackets ပါရှိသည်။ Block ၏ အပေါ်ဘက် မျက်နှာပြင် ကိုချောမွေ့ညီညာအောင် စက်ဖြင့် သ ထားသည်။Cylinder Block ကို Gray Cast Iron နှင့် ပြုလုပ်ပြီး တချို့တွင် ပေါ့ပါးစေရန် Aluminium ဖြင့်ပြုလုပ်ရ်ျ liner များကို Steel မျုားဖြင့်ပြုလုပ်ထားသည်။ Cylinder Block သည် Engine ၏ အဓိက အစိတ်အပိုင်း ဖြစ်ပြီး ကျန် အစိတ်အပိုင်း များ တပ်ဆင်ခြင်း ဖြင့် ပြည့်စုံသော Engine တစ်လုံးဖြစ်ပေါ်စေသည်။
Head Gasket – Cylinder Block ပေါ်တွင် Cylinder Head တပ်ဆင်လိုက်သော် မီးလောင်ခန်း (Combustion Chamber) ဖြစ်ပေါ်သည်။၎င်း နှစ်ခုကြားနေရာသည် အပူချိန် နှင့် ဖိအား ဖြစ်ပေါ်သဖြင့် လုံခြုံရန် လိုအပ်သည်။ ထိုကြောင့် ထိုကြားနေရာ တွင် Sealing Gasket (Head Gasket) ကို ထည့်သွင်းအသုံးပြုရသည်။ ၄င်း သည် Cylinder Head မျက်နှာပြင် နှင့်တစ်ပုံစံ တည်း ဖြစ်သည်။ Gasket ကို (1) Cork Sheet (2) Copper Sheet (3) Rubber Sheet (4) Aluminium Sheet ပြုလုပ်နိုင် သည်။
http://img208.imageshack.us/img208/4846/ec1gz9.jpg
Cylinder Block များတွင် ဖြုတ်တပ် နှိင်သော Liner ကိုတပ်ဆင် ထားသည်။
မီးလောင်ခန်း နံရံများအဖြစ် Liners များကို အသုံးပြုကြသည်။ထိုကြောင့် Liner များသည် အပူဒဏ် အများဆုံးခံရသည်။အပူဒဏ် သက်သာစေရန် အပြင်ဘက် မျက်နှာပြင်တဝိုက်ရှိ စီးဆင်းနေသော အအေးလိုင်းမှ တဆင့် liner များကို အေးစေပါသည်။Liner များတွင် လဲ Wet Liner နှင့် Dry Liner ဟူရ်ျ ရှိသည်။
http://img255.imageshack.us/img255/3227/ec3ov4.jpg
2.Crank Case
၎င်းသည် အင်ဂျင်၏ အောက်ပိုင်း ဖြစ်သည်။မော်တော်ယာဉ်အင်ဂျင်များ တွင် အများအားဖြင့် Block နှင့် Crank Case ကိုပူးပေါင်းတည်ဆောက် ထားသည်။ တချို့အင်ဂျင်များ၊ အင်ဂျင်စက်အငယ်များ၊လေအအေးပေးစက် သုံး အင်ဂျင်များနှင့် သင်္ဘောကြီးများ၏အင်ဂျင်များတွင် သီးခြား တည်ဆောက် လေ့ရှိသည်။Crank Shaft အပိုင်းတွင် သင့်တော်သော Bearing များခံဆောင်ရ်ျ Crank Shaft နှင့် Camshaft တပ်ဆင်ရန်နေရာများပါရှိသည်။ Lubrication System အတွက် Oil Pump အပိုင်းနေရာများပါရှိပြီး လည်ပတ်နေသော အင်ဂျင်အစိတ်အပိုင်းသို့ ချောဆီ ပို့သော ဆီသွားလမ်းကြောင်းများပါရှိသည်။
Crank Case အောက်ပိုင်းတွင် Oil Pan ကို Screw တို့ဖြင့်တင်းကျပ်ထားသည်။ ၄င်းသည် ချောဆီများ သိုလောင်ရာဖြစ်ပြီး အင်ဂျင်အပေါ်ပိုင်းမှ ပြန်ကျလာသော ဆီများသည် ၄င်းအထဲသို့ ပြန်လည်စီးဝင်သည်။
http://img220.imageshack.us/img220/8965/crankcaseho3.jpg
3.Cylinder Head
Cylinder Head သည် သီးခြားပုံသွန်းလောင်းပြီး Block အပေါ်တွင် bolt & nut
များဖြင့်ဖမ်းထားသည်။ ၄င်းတွင် မီးလောင်ခန်း (Combustion Chamber)များ
ပါရှိသည်။Valve အထိုင်နေရာများနှင့် လေဝင်ပေါက်များပါဝင်သည်။၎င်းကို Cast
Gray Iron (or) Aluminium တို့နှင့် ပုံသွန်းရ်ျ အသုံးပြုလေ့ရှိသည်။
http://img527.imageshack.us/img527/9509/ec2ke4.jpg
Moving Parts
ဒီဇယ်အင်ဂျင် များတွင် အဓိကလှုပ်ရှားနေသော အစိတ်အပိုင်း များမှာ
(1)Piston
(2)Connecting Rod
(3)Crank Shaft
(4)Fly Wheel
(5)Valve and Valve Mechanism
(6)Camshaft
(7)Bearing &
(8)Gear Train Assembly တို့ဖြစ်ကြသည်။
(1)Piston
Cylinder ၏အချင်း ထက် အနည်းငယ် ငယ်သော Piston သည် Cylinderအတွင်း အထက်အောက် လှုပ်ရှားသည်။ Piston ၏ လုပ်ဆောင်ချက် မှာ မီးလောင်ခန်း အတွင်းမှဖြစ်ပေါ်သော ဓာတ်ငွေ့ကျယ်ပြန့်မှုကို Connecting Rod မှ တစ်ဆင့် Crank Shaft သို့ပို့ပေးပြီး အင်ဂျင်ကို လည်ပတ်မှု ဖြစ်ပေါ်စေသည်။ Piston သည် Connecting Rod ၏ small end တွင် Piston Pin (Wrist Pin) လျှိုရ်ျ ဆက်သွယ် ထားသည်။ Piston တွင် Piston Ring များ တပ်ဆင် ခြင်းဖြင့် Piston နှင့် Cylinder ကြား ဓာတ်ငွေ့များ ယိုစီးမှု့ကို ကာကွယ်ထားသည်။
မီးလောင်မှု့ဖြစ်ပွှားသော Piston အထက်ပိုင်းကို Crown ဟုခေါ်သည်။ Compression Ring & Oil Ring တပ်ဆင်ရန် Ring Grooves များပါရှိသည်။ Rings များအကြားရှိ area ကို Ring Land ဟုခေါ်သည်။ Pin Bore သည် Piston နှင့် Connecting Rod ကို ဆက်သွယ်ပေးသော Piston Pin တပ်ရန်အပေါက် ဖြစ်သည်။ Retaining Ring သည် Pin Bore ထဲရှိ Piston Pin ကို ထိန်းပေးထားသည်။ Piston ၏ အောက်ပိုင်းကို Skirt ပိုင်းဟုခေါ်သည်။
Piston Head ကို မီးလောင် ခန်းများပုံစံကိုလိုက်ရ်ျ အပြား၊ အခွက် နှင့် အခုံးတို့ကို ပုံအမျိုးမျိုး တည်ဆောက်ကြသည်။ Piston နှင့် Cylinder ကြားတွင်ရှိသော ကြားလွတ် တန်ဖိုးကို Piston Clearance ဟုခေါ်သည်။ Piston များကို Aluminium Alloy, Cast Steel,Cast Iron နှင့် Chrome Nickel များနှင့် ပြုလုပ်လေ့ရှိသည်။
http://img404.imageshack.us/img404/513/ec4rf9.jpg
အင်ဂျင်လည်ပတ်သောအခါ Piston Ring များသည် မီးလောင်ခန်းအတွင်း ချောဆီ မရောက်ရှိစေရန် တားဆီးသည်။ Piston ထိပ်ဖျားရှိ Ring သည် Piston တွင်ဖြစ်ပေါ် လာသော အပူများကို သယ်ဆောင်ပြီး Cylinder နံရံသို့ ဆက်လက်ရောက်ရှိ စေသည်။ Piston Ring များမှာ Compression Ring နှင့် Oil Control Ring တို့ဖြစ်သည်။ Compression Ring သည် Compression Stroke တွင် Compression Pressure လေမယိုအောင် လုံခြုံစေပြီး Oil Control Ring သည် Cylinder နံရံတစ်လျှောက် တွင်ပိုလျှံနေသော ချောဆီများကိုခြစ်ချပြီး Piston ၏ အပေါက်များမှ တဆင့် ဆီခံခွက်ထဲသို့ ပြန်လည်ကျဆင်းစေသည်။
http://img98.imageshack.us/img98/4130/ec17lf1.jpg
ဆက်လက်ရေးသားပါမည်။