PDA

View Full Version : Help me to find MOTHER BOARD shop!!!



Aung Ko Ko
11-20-2008, 10:22 AM
အိမ်ကကောင်လေးကို ရှိသမျှအကုန်နီးပါး Update လုပ်ချင်လို့ အဲ့ဒါ
Mother Board
Memory Card
Graphic Card
ကိုတစ်နေရာထဲမှာ စိတ်ကျေနပ်စရာကောင်းလောက်အောင် ပြီးပြည့်စုံတဲ့ ဆိုင်လေးများရှိရင် တချက်လောက် Share စေချင်တာပါပဲ။
ကူညီပါနော် forum ကိုကို မမ တို့!

chitthulay007
11-20-2008, 10:35 AM
ချစ်သူလေးတို့ရုံးမှာတော့

Mother Board
Memory Card
Graphic Card
ကို ဘားလမ်းမှာရှိတဲ့ Access Spectrum ဆိုင်မှာဝယ်တယ်.
အဲဒီဆိုင်လေးကိုစိတ်ကျေနပ်မယ်ထင်ပါတယ်....... ;D

Aung Ko Ko
11-20-2008, 10:57 AM
တလက်စထဲ မေးပါရစေ။
အခုအသစ်တင်ဖြစ်မယ့်ကောင်ကို Window Vista တင်ချင်တယ် အမ။
နောက်တစ်ခုက အခု Mother board Change ဖြစ်တဲ့ အကြောင်းအရင်းက Latest Software တွေဖြစ်တဲ့
Microsoft Office 2007 နှင့်အခြားသော နောက်ဆုံးဖြစ် တွေကို စက်က enable ဖြစ်နိုင်ဖို့ပါ။
ဒါ့ကြောင့် Memory Card ရော Graphic Card တွေကိုပါ Highest တင်ချင်ပါတယ် အမ။
အဲ့ဒါ ဘယ် Mother board မျိုးကို ရွေးချယ်ရင် ကောင်းမလဲ ဆိုတာပါ။

SDZ
11-20-2008, 11:24 AM
အကို Motherboard change မယ်ဆို အကို CPU ကဘာလဲ? CPU ကို မလဲဘူးဆိုရင်တော့ အကို CPU နဲ့ Match ဖြစ်မဲ့ဟာကို အရင်စဉ်းစာသင့်ပါတယ်... ကျွန်တော်ကတော့ Motherboard ဆိုရင် ASUS ကိုပဲ သုံးပါလို့ အကြံပေးချင်ပါတယ်.... သုံးရတာလဲအဆင်ပြေတယ်.... safe လဲဖြစ်ပါတယ်... Asus က အခုနောက်ပိုင်းထွက်တဲ့ AMD Socket အတွက် motherboard တွေဆိုတော်တော်ကောင်းပါတယ်...

moepyaylay
11-20-2008, 12:12 PM
နောက်တစ်မျိုးလဲကြိုစဉ်းစားနော်
အဲဒီကောင်လေးကို ဖျက်ချင်ရာဖျက်ဒီတိုင်းထားပြီး
အကြမ်းသုံးအနေနဲ့ ဒါမှ မဟုတ် နီးစပ်ရာလူကိုပြန်ရောင်းပါလား
ဆိုင်မှာ အဲလိုသွားလုပ်ရင် သူခိုးဈေးလိုပဲပေးတာက
ဘယ်လိုမှ မတန်တာ သွားရင် သိပါမယ်
တစ်ဝက်မပြောနဲ့ ၃ပုံတစ်ပုံတောင် ::)
processor ဆိုလဲ 8000 ပတ်ဝန်းကျင်ပဲရမှာ
အားလုံးကို ကလေးမုန့်ဖိုးလောက်ပဲရမှာနော်
အဲဒါက dual2 တွေပေါ့
ခုရောင်းမှာက core2 တို့ဘာတို့ဆို ပိုရမှာပေါ့နော်
တစ်ချို့ဆိုင်တွေကလဲ တော်တော်ကောင်းပါတယ်
ဆိပ်ကမ်းသာလမ်း ဘိုကလေးဈေးလမ်း computer ဆိုင်တွေအများကြီးရယ်
ဆိုင်တိုင်းလိုလိုလုပ်ပေးပါတယ်
အရင်ဆုံး phone ဆက်ပြီးစုံစမ်း
အကောင်းဆုံးဆီသွားပေါ့ ဒီပုံးကြီးတင်ပြီးလျှောက်မသွားနိုင်ရင်
ရရာဈေးနဲ့ပေးရဖို့များတယ်နော်
အကြံပေးတာပါ

Aung Ko Ko
11-21-2008, 12:52 PM
အခုလိုဖြေပေးတာကျေးဇူးတအားတင်ပါတယ်။
မနေ့ကKMD (HO) ပှာ စက်သွားပြတော့ သူတို့ကလည်း ရောင်းဖို့ပြောပါတယ်....unique မှာသွားရောင်းတဲ့။
သွားရောင်းတော့....သူတို့ကအပြန်လက်မခံတော့ဘူးတဲ့၊
ပြောသာပြောတာ အိမ်ကကောင်ကလည်း တော်တော် ရွဲချင်နေပါပြီ။
်Graphic က 64
Memory က 256 နဲ့
CPU က Intel(R) Pentinum(R) 4 CPU 2.53GHz ဆိုတော့ ရောင်းရင်တောင် တော်တော်အနှိမ်ခံရဖို့များပါတယ်။
ကျွန်တော်ကလည်း Game လဲ ကစားချင် Photoshop နဲ့ တခြား software အကြီးစားတွေကို ကိုင်ချင်တာဆိုတော့
memory နဲ့ Graphic ကို 2GB နဲ့ 1GB လောက် ထားဖို့မှန်းထားပါတယ်။
မနေ့ကKMD (HO) ပှာ မေးကြည့်တော့...
ညီလေး အားလုံးအပြီးအစီး ကို 470,000 လောက်ကျမယ် ဆိုလို့....စိတ်ညစ်နေတာ.....အိမ်ကလည်း ၃ပုံး ပဲပေးထားတာ...
ဘယ်လိုများလောက် ငှအောင်အသုံးချရပါ့မလဲလို့..အကြံထုတ်နေတာ....နောက်ဆုံးမထုတ်နိုင်တာနဲ့ မမိုးပြေးတို့ကိုပဲလာပြီး...အကူအညီတောင်းရတော့တာပါပဲ။
အဲဒါနဲ့ mother board, Graphic နဲ့ memory card ဆို MSI နဲ့ ကောင်လေး ပြောတဲ့ ASUS က ကောင်းတယ်လို့လဲ ကြားတယ်။
နောက်မှကျေးဇူးတွေကိုတ၀ ကြီးဆပ်ပါ့ရစေ။

Aung Ko Ko
11-22-2008, 10:11 PM
ဟင်.... :-\
တူမှလဲ ပြန်ကြဘူး.....
သားက..နက်ဖြန်အကောင်အတည်ဖေါ် ရတော့မှာကို......

SDZ
11-22-2008, 11:36 PM
ဟင်.... :-\
တူမှလဲ ပြန်ကြဘူး.....
သားက..နက်ဖြန်အကောင်အတည်ဖေါ် ရတော့မှာကို......




အကိုက စက်တစ်ခုလုံးလဲမယ်ဆိုရင်တော့ CPU ကိုဘာသုံးချင်တာလဲ အရင်စဉ်းစားပေါ့.... AMD or Intel လာပေါ့.... AMD နဲ့ဆိုရင်တော့ ဈေးနည်းနည်း သက်သာမယ်ထင်တာပဲ.... ကျွန်တော်နေတဲ့နေရာမှာပြောတာနော်..... မြန်မာမှာတော့ ကျွန်တော်လဲဘယ်ဈေးရှိလဲမသိပါဘူး.... သုံးရတာတော့ သိပ်မကွာပါဘူး.... Motherboard ဆိုရင်တော့ ASUS ကိုပဲထပ်ညွန်းချင်ပါတယ်... ကျွန်တော် MSI နဲ့ ASUS ကိုယှဉ်သုံးဖူးပါတယ်.... MSI ကစစချင်မှာတော့ ကောင်းသလိုလိုနဲ့ နည်းနည်းကြာလာတဲ့အခါကျရင် စက်ကနည်းနည်း လေးလာသလိုပါပဲ.... ASUS ကတော့ ပုံမှန်ပဲလို့ထင်တာပဲ.... Graphic ကတော့ MSI ကိုကြိုက်ပါတယ်.... ကောင်းကောင်းသုံးမယ်ဆိုရင်တော့ MSI Graphic NVIDIA Chipset ကိုသုံးပါလို့ အကြံပေးချင်ပါတယ်.... ကျွန်တော်က Graphic မှာတော့ ATI Chipset ထပ် NVIDIA Chipset ကိုပိုကြိုက်ပါတယ်.... ATI တွေက တခါလေ ပြဿနာတတ်ပါတယ်.... ကျွန်တော် ATI Chipset သုံးတုန်းကဆို Graphic driver အမျိုးစားချင်တူတာတောင်း တစ်ချို့ Online movie တွေကြည့်လို့မရပါဘူး.... ကျွန်တော်အဲဒီကောင်အတွက် Driver ကိုနေရာပေါင်းစုံကရှာပြီ တစ်ခုပြီတစ်ခုနဲ့စမ်းကြည့်ခဲ့ရပါတယ်....အဲဒါကြောင့် Graphic ကိုဘာအမျိုးအစားပဲသုံးသုံး NVIDIA Chipset ဟာကိုပဲသုံးပါလို့ အကြံပေးချင်ပါတယ်.... Memory ကိုတော့ Kingston ပေါ့ဗျာ :D

Aung Ko Ko
11-23-2008, 04:50 PM
ကျေးဇူးအထူးပါ..အကိုရာ....
ကျွန်တော် ၀ယ်လိုက်ပြီအကို...
နောက်မှစရင်းကိုသေချာပြတော့မယ်။

zawminhtet
11-28-2008, 02:17 PM
အောင်ကိုရေ...motherboard ကို upgrade လုပ်မယ်ဆိုရင် တော့ motherboard မှာ ASUS ကိုသုံးစေချင်တယ်
လောလောဆယ် မြန်မာပြည်မှာ ASUS က အကောင်းဆိုတော့.............. တကယ်လည်း ကောင်းပါတယ်
ဖြစ်နိုင်မယ်ဆိုရင် Golden Power Techology သွားဝယ်လိုက် အဲဒီက သွင်းတာလေ။
ဇော်မင်းထက်

Aung Ko Ko
11-30-2008, 12:47 AM
ဝယ်ပြီးသွားပြီဗျ...mother board ka P5QL... ASUS တဲ့ အကို ရ.... အကိုပြောတဲ့အမျိုးအစားထဲကပါပဲ....ဆိုင်ကတော့မတူဘူးဗျ....