PDA

View Full Version : Change auto save time when enditing wordpress post



zener
11-20-2008, 05:03 PM
wordpress မှာ ပို့စ်တင်တဲ့အချိန်မှာ Publish မလုပ်မချင်း မိမိပို့စ်ကို auto save ပေးတာ အားလုံးသိကျမှာပါ ။ တစ်ခါတစ်လေ ပို့စ်ရေးပြီးလို့ Publish လဲလုပ်လိုက်ရော အယ်ရာပေါ်ပြီး မိမိရေးထားတဲ့ပို့စ်ကို အစကနေ ပြန်ရေးရတဲ့ ဒုက္ခကို အားလုံးကြုံဘူးကျမှာပါ ။ အဲဒါကို ဖြေရှင်းဖို့ wordpress ရဲ့ feature တစ်ခုဖြစ်တဲ့ auto save feature တစ်ခုပါပါတယ် ။ သူ့ရဲ့ default time က 60 second ဖြစ်ပါတယ် ။ 60 second ပြည့်တိုင်း Publish မလုပ်မချင်း မိမိရေးနေတဲ့ ပို့စ်ကို သိမ်းထားပေးပါတယ် ။ ဒီနေရာမှာ default time ဖြစ်တဲ့ 60 second ကိုမကြိုက်ဘူး ၊ မိမိထားချင်တဲ့အချိန်အတိုင်းအတာတစ်ခုကို ထားချင်တယ် ။ ကျနော်ဆို time ကို 15 second ပေးထားတဲ့အတွက် 15 second တိုင်း ကျနော်ရေးထားတဲ့ပို့စ်ကို အော်တိုဆေ့ဗ်ပေးနေပါတယ် ။ အဲဒီအတွက် အယ်ရာပေါ်လို့ ရှိရင် မိမိပို့စ်ကို အစကနေ ပြန်ရေးရတဲ့ဒုက္ခကင်းဝေးပါပြီး။ လုပ်နည်းကို ကြည့်ရအောင် ။

လုပ်နည်းကလဲ အရမ်းကိုလွယ်လွန်းပါတယ် ။ မိမိသတ်မှတ်ချင်တဲ့အချိန်အတိုင်းအတာတစ်ခုကို config.php မှာ သတ်မှတ်ပေးလိုက်ရင် ရပါပြီး ။ config.php မှာ ဒီကုတ်လေးကို ထပ်ဖြည့်လိုက်ရင် ရပါပြီး ။

define(’AUTOSAVE_INTERVAL’, 20);

ဒီနေရာမှာ 20 ဆိုတာ အချိန်သတ်မှတ်ချက် 20 second ဖြစ်ပါတယ် ။ 20 second ပြည့်တိုင်း မိမိရေးနေတဲ့ပို့စ်ကို auto save ပေးနေမှာ ဖြစ်ပါတယ် ။ မိမိထားချင်တဲ့ အချိန်အတိုင်းအတာကို စိတ်ကြိုက် adjust လုပ်ပါ ။ အဲဒီကုတ်ကို ဖြည့်ရမဲ့နေရာက config.php ဖိုင်ထဲက ဒေတာဘေ့စ်အချက်အလက်အောက်နားက နေရာမှာဖြစ်ပါတယ် ။ ပုံကို ကိုးကားပြီးကြည့်လိုက်ပါ ။

http://img209.imageshack.us/img209/6656/autosaveintervalwordprebz0.png

ကုတ်ထည့်ပြီးပါက save လိုက်ရင်ရပါပြီး ။ ပြီးရင် ပို့စ်အသစ်တစ်ခုစမ်းတင်ကြည့်ပါ ။ မိမိရေးနေတဲ့အချိန်တွင်းမှာ မိမိသတ်မှတ်ထားတဲ့အချိန်တိုင်း ပို့စ်ကို auto save ပေးနေတာကို တွေ့ ရမှာဖြစ်ပါတယ် ။