PDA

View Full Version : စစ်ကိုင်း GTC အတွက်ကဗျာတစ်ပုဒ်



walonelay21
11-22-2008, 10:11 PM
ဒီကဗျာလေးကို တို့ ရဲ့ ကျောင်းတော်ရွှေစစ်ကိုင်းမှာတင်ထားပြီးသားပါ။ မဝင်ဖြစ်လို့ မဖတ်ဖြစ်မှာစိုးရိမ်တာနဲ့  ခေါင်းစဉ်ခွဲတစ်ခုအဖြစ် သက်သက်တင်လိုက်ရတာပါ။

GTI မှကဗျာတစ်ပုဒ်
ခက်လက်ဝေစို
ညောင်ညိုပင်ရိပ်အောက်
ချွေးသိပ်တေးသီ
တာတီခွန်းဖွဲ့ … ပျော်ခဲ့ ရတဲ့ ရက်တွေ….။
ပေါင်းသင်းတွေဝေစည်
ရွှင်ကြည်စွာပြုံး
အမုန်းတွေလစ်
မေတ္တာစစ်တွေသာသုံးပြီး နှောင်ထုံးဖွဲ့ ခဲ့ တဲ့ရက်တွေ
`သုခမြိုင်` မှာထိုင်
ဘိုင်ကျလည်းအတူ
အပူတွေဝေမျှရော
ငှက်ပျောပေါင်းတစ်ပွဲ
သုံးယောက်နွှဲခဲ့တဲ့ရက်တွေ
ပုစ္ဆာတွေတွက်
သူ့ ထက်ငါအဖြေထွက်ရင်း
ပြိုင်ငြင်းကာ ဆရာလုပ် ဟန်ထုတ်ခဲ့ တဲ့ရက်တွေ
ကျူတိုရီရယ်
အဖြေမသွယ်ရန်တဲ့
ဟိုဒီလှည့်ရင်း
လည်ပင်းကိုအလုပ်ပေး
လက်မနှေးဖို့ ကြိုးကုပ် အဖြေထုတ်ခဲ့တဲ့ရက်တွေ
Workshop ဝင်ရင်း
Job လုပ်သွင်းဖို့ 
ချွေးဆိုတာမသုတ်ငြား
အလုပ်မအားခက်
စရွေးဆက်ချောင် အဲ့ ဒီဂလောင်အတွင်း
ထမင်းစေ့သိပ်
လွှစာမှုန့် နှိပ်ရင်း ဆရာ့ထံ အသနားခံခဲ့တဲ့ရက်တွေ
ဒီရက်လေးတွေတွေး ပိုဆွေးလွမ်းဖွယ်
ရင်မှာနွယ်တဲ့ အမှတ်တရအတွက်
အလွမ်းတွေ အပ်နှင်းပါရစေ…..။ ။

papagyi
11-23-2008, 03:27 AM
;D ;Dစရွေးဆက် ချောင်တာကို ထမင်းစေ့နဲ့တော့မသိပ်ဘူးသေးဘူး။လွှစာမှုန့်ကတော့ essential ပေါ့။ဒါပေမယ့် အသားတွေကမှမကောင်းတာ
ဆိုတော့ ဒီလိုပဲပေါ့ "ပါကြီးစိတ်မကောင်းပါဘူး"။...မန္တလေးကဘယ်တော့အလှည့်ကျမှာလဲ ညီမရေ။

walonelay21
09-14-2009, 07:19 PM
စစ်ကိုင်း GTC ကကျောင်းသားကျောင်းသူတွေဘယ်များရောက်နေကြပါလိမ့်
တစ်ရက်က စစ်ကိုင်း GTC နားက Cyber တစ်ခုနားရောက်ပါတယ် :harhar
ကျောင်းသားတွေ က
တပျော်တပါးကြီး Games ဆော့နေကြလေရဲ့ 
ဒီကိုလာလည်ကြပါဦးတော့လားကွယ်ရို့ ။

ayesgaye
11-06-2009, 11:21 AM
ရှိပါတယ်
ခုလာပြီလေ
ကျန်တဲ့ သူတွေကိုလည်း
ဆုံးမလိုက်ပါ့မယ်

walonelay21
04-18-2010, 10:32 AM
အလွမ်း ပိုတဲ့  ညောင်ပင်ညို

လွမ်းမိပါတယ်
အတ္တကြီးတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကိုရော
အစွဲအလမ်းကြီးတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရော
ခေါင်းမာတတ်တဲ့ စွာစိမလေးနဲ့ 
ငါ့ကို ဆရာလုပ်တတ်တဲ့  အဲဒီကောင်လေးကိုရော
ငါက ဆရာလုပ်ခဲ့ တဲ့ တစ်ယောက်ကိုရော
ပြီးတော့ အဲဒီ ငကြောင်လေးတွေ စုပေါင်းဝိုင်းဖွဲ့ ခဲ့ တဲ့ 
ညောင်ညိုပင်ကြီး ကိုရော
အားလုံးကို လွမ်းတယ်ဆိုတာထက် ပိုတဲ့ 
အလွမ်းနဲ့ အရမ်းလွမ်းပါတယ်

lagood
05-29-2010, 12:01 PM
စစ်ကိုင်း GTC ကကျောင်းသားကျောင်းသူတွေဘယ်များရောက်နေကြပါလိမ့်
တစ်ရက်က စစ်ကိုင်း GTC နားက Cyber တစ်ခုနားရောက်ပါတယ် :harhar
ကျောင်းသားတွေ က
တပျော်တပါးကြီး Games ဆော့နေကြလေရဲ့ 
ဒီကိုလာလည်ကြပါဦးတော့လားကွယ်ရို့ ။


ဆရာကြီးခေါ်နေတယ် ညီ ညီမလေးတို့ရေ ...
အကောင့်လုပ်လိုက်ကြပါတော့လား :applaus :applaus :applaus :applaus

walonelay21
06-05-2010, 01:26 PM
စစ်ကိုင်း GTC ကကျောင်းသားကျောင်းသူတွေဘယ်များရောက်နေကြပါလိမ့်
တစ်ရက်က စစ်ကိုင်း GTC နားက Cyber တစ်ခုနားရောက်ပါတယ် :harhar
ကျောင်းသားတွေ က
တပျော်တပါးကြီး Games ဆော့နေကြလေရဲ့ 
ဒီကိုလာလည်ကြပါဦးတော့လားကွယ်ရို့ ။


ဆရာကြီးခေါ်နေတယ် ညီ ညီမလေးတို့ရေ ...
အကောင့်လုပ်လိုက်ကြပါတော့လား :applaus :applaus :applaus :applaus




မှားနေပြီ
ကိုlagood ရဲ့ 
ဆရာမခေါ်တာ ဆရာမ သိပြီလား
ဟွန်း

zzboon22
09-02-2010, 11:29 PM
ငါ့ နာမည် ...အီးပီက ..ဘွန်းကြီးကွ ..သီးသန့် ထမင်းဆိုင်က အဘ ကိုသာမေးကြည့်ကြပေတော့ ။ သူကြီး အဆောင်နေသွားခဲ့ တာပဲ ။ မင်းတို့ ကျောက်ဆစ် အရင်လို မီးမှန်တုန်းပဲလား ။ အဘ ရဲ့ ဟင်းတွေကတော့ လက်ရာ မပြောင်းသေးဘုူးနော်။ လပေးကဒ်လေးတွေ နဲ့ စားခဲ့ရတာ မှတ်မိသေးတယ် ။ ကန်သင်းတွေ တော့ တော်တော် ပေါ သွားပြီပဲ။ တို့ တုန်းက ဖြင့် ပျင်းစရာ ။ :7:

eipwint135
11-15-2010, 08:48 PM
သမီးလဲစစ်ကိုင်းGTCကပါ။ memberအသစ်ပါ။ ကိုပါကြီးတို့လိုပဲcivilကပါ။

walonelay21
08-05-2011, 11:51 AM
ဟိုး အတိတ်က ချစ်ခဲ့ တွယ်တာခဲ့ ရတဲ့ ကျောင်းတော်ကြီးရေ
သင့် အတွက် ကဗျာတစ်ပုဒ် စာတစ်အုပ်တောင် မရေးနိုင်တော့လောက်အောင် ငါ.... ဘာတွေ လုပ်နေခဲ့ မိပါလိမ့် နော်။
သင်ကတော့ သင့်ရဲ့ ပိုင်ရှင်အသစ် လေးတွေနဲ့ ပျော်နေမလားမသိပေမယ့် ... အတိတ်က ချစ်ရတဲ့ ကျောင်းသူဟောင်းလေးတစ်ယောက်ကတော့ သင့်ထံကို လာဖို့ အရေးတွေးတွေနဲ့ အတူ ရှင်သန်နေတယ်ဆိုတာလေးကိုတော့  သတိရပေး အသိအမှတ်ပြုပေးပါဦးနော်....။