PDA

View Full Version : AUTO CAD ဘယ်သင်တန်းတက်ရင် ကောင်းမလဲ



snowwhite rhi
11-27-2008, 09:20 AM
;D

AUTO CAD
ဘယ်သင်တန်းကပိုကာင်းသလု`ဆိုတာပြောပြပေးကြပါလား။
ကျောင်းကလည်းတစ်နှစ်ကျန်သေးတယ်။
ကူညီပါနော်။
EC တက်နေတာပါ။
ECန`့ဆိုင်တာဆိုပိုကောင်းတာပေါ့။
please!

papagyi
11-27-2008, 10:44 AM
ဒီ link ကိုသွားကြည့်ပါနော်။ထပ်မေးချင်လဲ အဲဒီမှာပဲ post တင်ခဲ့ပါနော်။..http://www.myanmarengineer.org/forum/index.php/topic,2250.0.html

yannaungsoe
12-27-2008, 03:26 PM
ကျွှန်တော်က aero ကျောင်းသားပါ
autocad နဲ့ ပတ်သတ်ပြီး သိသင့်တာတွေကို ပြောပြစေ လိုပါတယ်

papagyi
12-27-2008, 10:20 PM
ဟုတ်ကဲ့ပါ...ဒီမှာရေးထားသမျှ autocad posts တွေကိုအရင်လေ့လာစေချင်ပါတယ်။
ပြီးရင် သိချင်တာတွေ ပြန်မေးပါနော်။ :) :)

Ta La Non
02-06-2009, 12:07 PM
ကျွန်တော်တက်ခဲ့တဲ့ PROသင်တန်း ကို ညွှန်းလိုက်ပါတယ် တက်ခဲ့ဖူးတဲ့သူများ ဝေဖန်ပေးကြပါဗျာ
PROသင်တန်းကိုနှိပ်ပါ (http://www.myanmartraining.com/mt/categories/training_view.asp?tid=5&cat_id=3&tname=PRO&type=detail)
Morning , Evening တန်းတွေ ရှိတယ်ဗျာ Morning တန်းကို ပိုကြိုက်တယ်
ကိုယ်တက်ခဲ့ကြတဲ့ Autocadသင်တန်း တွေရဲ့ အဆိုးအကောင်းကိုဝေဖန်ပေးကြပါဗျာ training ဆရာတွေ လာထုမလားမသိ
အချိန်ကုန် ငွေကုန် စိတ်ကုန် မဖြစ်စေချင်သော စေတနာ သက်သက်သာ

Myint Myat Phyo
07-03-2009, 02:48 PM
ကျွန်တော်တက်ခဲ့တဲ့ PROသင်တန်း ကို ညွှန်းလိုက်ပါတယ် တက်ခဲ့ဖူးတဲ့သူများ ဝေဖန်ပေးကြပါဗျာ
PROသင်တန်းကိုနှိပ်ပါ (http://www.myanmartraining.com/mt/categories/training_view.asp?tid=5&cat_id=3&tname=PRO&type=detail)
Morning , Evening တန်းတွေ ရှိတယ်ဗျာ Morning တန်းကို ပိုကြိုက်တယ်
ကိုယ်တက်ခဲ့ကြတဲ့ Autocadသင်တန်း တွေရဲ့ အဆိုးအကောင်းကိုဝေဖန်ပေးကြပါဗျာ training ဆရာတွေ လာထုမလားမသိ
အချိန်ကုန် ငွေကုန် စိတ်ကုန် မဖြစ်စေချင်သော စေတနာ သက်သက်သာ

...ဒီအတိုင်းပဲ ကိုးကားထားတာဖြစ်နေတော့ ..ဘာကိုပြောချင်တာလဲမသိဘူးနော် :)

thantsin9
07-30-2009, 09:37 AM
အကောင်းဆုံးကတော့ MICT ထဲက suntac ပေါ့ဗျာ။ autodesk အသိအမှတ်ပြုလက်မှတ်တောင်ရအုံးမယ်။ ဈေးတော့ကြီးမယ်

zawzaw14
07-31-2009, 03:17 PM
ကျွန်တော်တက်ခဲ့တဲ့ PROသင်တန်း ကို ညွှန်းလိုက်ပါတယ် တက်ခဲ့ဖူးတဲ့သူများ ဝေဖန်ပေးကြပါဗျာ
PROသင်တန်းကိုနှိပ်ပါ (http://www.myanmartraining.com/mt/categories/training_view.asp?tid=5&cat_id=3&tname=PRO&type=detail)
Morning , Evening တန်းတွေ ရှိတယ်ဗျာ Morning တန်းကို ပိုကြိုက်တယ်
ကိုယ်တက်ခဲ့ကြတဲ့ Autocadသင်တန်း တွေရဲ့ အဆိုးအကောင်းကိုဝေဖန်ပေးကြပါဗျာ training ဆရာတွေ လာထုမလားမသိ
အချိန်ကုန် ငွေကုန် စိတ်ကုန် မဖြစ်စေချင်သော စေတနာ သက်သက်သာ


ကျွန်တော် လည်း PRO မှာ သင်တန်းတက်ခဲ့ ပါတယ်။ အစတော့ကောင်းတယ် ;D ။ နောက်ပိုင်း သင်ပေးတဲ့ ဆရာမလေးတွေက စိတ်မရှည်တော့ဘူး :angry: ။ လူများလို့  စိတ်ညစ်တာကို လက်ခံပါတယ်။ တစ်ခါတစ်လေကျတော့ Command ကို ၅ ခု ၆ ခု လောက်အမြန်သင်ပြီးတော့ ပုံကိုဆွဲပြသွားတယ်။ ကျွန်တော်တို့ က အခုမှ တက်တာဆိုတော့ အကုန်လုံး ဘယ်မှတ်မိမလဲ။ Command မှတ်မိတော့ လည်း ပုံကို မဆွဲတတ်ဘူး ။ မမြင်ဘူးပေါ့ ဗျာ။ ဘယ်လို ဆွဲရမယ်ဆိုတာကို။ အဲဒါ ကိုနားမလည်လို့ မေးရင် ခုနက ပြောပြီးသွားပြီးလေ။ ဒါလေးတောင် နားမလည်ဘူးလားဆိုတဲ့ အကြည့်တွေနဲ့ ကြည့်တယ် :-[ တော်တော်ခံရ ခက်တယ်။
အဲဒါလေးတွေ ပြင်နိုင်ရင် ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ သင်တန်း တော်တော်များများက အစပိုင်း ကောင်းတယ်။ နောက်ပိုင်း နာမည်ရလာရင် ကျောင်းသား အပေါ် Care လုပ်မှုလျော့နည်းသွားတယ် ။ဘာလို့ လဲ ဆိုတော့ ကျွန်တော်သင်တန်း မျိုးစုံ တက်တိုင်း ကြုံနေကျမို့ ပါ။ အပြုသဘောနဲ့ ဝင်ရောက်ဆွေးနွေးတာပါ။ ဒါပေမဲ့ သင်တန်း တွေထဲမှာတော့ KMD ကို အကြိုက်ဆုံးပါပဲ ။ သင်တဲ့  ဆရာတွေ ကစိတ်ရှည်တာများတယ်။ ကျောင်းသားရဲ့  Feedback ကို ပြန်ယူတယ်။ မေးရင် စိတ်ရှည်လက်ရှည် ဖြေကြားပေးတယ် ။

papagyi
07-31-2009, 03:23 PM
ကောင်းတယ်ဗျာ အခုလို ကိုယ်သိတာလေးတွေ အပြုသဘောနဲ့ ဆွေးနွေးအကြံပေးကြတာ..
ကိုသန့်ဇင်ပြောသလို ကျောင်းသားရဲ့  feeback ကို အလေးထားတာ အကောင်းဆုံးပါ.. :)

Ye Aung Kyaw
08-01-2009, 08:17 PM
ကျွန်တော်လည်း PRO မှာတက်ဖူးပါတယ်။ PRO ကောင်းပါတယ်။ level မခွဲဘူး။ MICT က suntec လည်း တော်တော်ကောင်းတယ်။ ဈေးကြီးတာတော့အမှန်ပဲ ။ level 1,2 လည်းခွဲတယ်။
MICT ကတော့ bus နဲ့ ဆိုရင်ကျောင်းဝင်းထဲ ၀င်တဲ့ကားရှားတယ်။

kokooo
08-12-2009, 05:05 PM
as far as i know, suntac in MICT is suitable for u.fees-1lakh, 1month course
kokooo

papagyi
08-12-2009, 05:15 PM
တစ်ခုတော့ ပြောချင်ပါတယ် autodesk အသိအမှတ်ပြုလတ်မှတ်အတွက် ဆိုရင်တတ်ပါ..
အလုပ်လုပ်ဖို့ အတွက် Suntac တက်ရုံနှင့် မလုံလောက်ပါ ..mechanical drawing တွေသင်တာပိုများပြီး
solid ကို ဦးစားပေးပါတယ် ...surface ကို အခြေခံပဲသင်ပါတယ် ... :)
rendering လည်း အခြေခံ command လောက်ပါ... :)

tunaungkyaw
08-12-2009, 08:27 PM
တစ်ခုတော့ ပြောချင်ပါတယ် autodesk အသိအမှတ်ပြုလတ်မှတ်အတွက် ဆိုရင်တတ်ပါ..
အလုပ်လုပ်ဖို့ အတွက် Suntac တက်ရုံနှင့် မလုံလောက်ပါ ..mechanical drawing တွေသင်တာပိုများပြီး
solid ကို ဦးစားပေးပါတယ် ...surface ကို အခြေခံပဲသင်ပါတယ် ... :)
rendering လည်း အခြေခံ command လောက်ပါ... :)


ပထမဆုံးတက်ခဲ့တဲ့သူဆိုတော့ သိလို့ပြောတာနော်။
တကယ်တမ်းတော့ Autodesk လက်မှတ်က စလုံး မှာ အပြင်သင်တန်းလက်မှတ်နဲ့ သိပ်မထူးပါဘူး။
တကယ်ပုံဆွဲပြခိုင်းလို့ဆွဲနိုင်ရင် ရပါတယ်။

Pho Nanda
09-11-2009, 02:22 PM
သင်တန်းတွေအပေါ်မှာထက် ဆရာတွေအပေါ်မှာမူတည်တယ်ဗျ။ စေတနာကောင်းတဲ့ဆရာနဲ့တွေ့ရင်တော့ ဒီသင်တန်းကောင်းတယ်ပြောမှာဘဲလေ။ ဒါပေမယ့် စေတနာနဲတဲ့ သင်တန်းတွေရှိတယ် အဲဒါလေးတော့ မတက်ခင်သေချာစုံစမ်းပေါ့ဗျာ။ ကျွန်တော့်ကို Render သင်ပေးတဲ့ ဆရာဦးရောဘတ်တင်အေးဆိုရင် Render သင်ပေးတဲ့အပြင် 3D မှာ ကျွန်တော်တို့အားနဲတဲ့ အပိုင်းလေးတွေပါ ထည့်သင်ပေးသွားတာ။ ဆရာလိုစေတနာကောင်းတဲ့ ဆရာတွေရှိသလို သင်တန်းပိုင်ရှင်က အလွှတ်ကျက်ပြီး လေ့ကျင့်ပေးထားတဲ့ ဆရာတွေလဲရှိတယ်ဗျို့။ တချို့သင်တန်းပိုင်ရှင်တွေက ဆရာတွေက သင်ပေးချင်တာတောင် လိုက်ပိတ်ပင်နေတာတွေ လစာဖြတ်တာတောင်ရှိတယ်ဆိုဘဲ။

htoozan
12-27-2009, 09:59 PM
:?Auto CAD သင်တန်းတက်ဖို့ဆိုရင် ဆရာရောဘတ်တင်အေးရဲ့ "Quick CAD" ကိုညွှန်းချင်ပါတယ်ခင်ဗျာ...။
ကျွန်တော်ကတော့ တစ်ခြားသင်တန်းတစ်ခုကသင်ပြီးမှ ဆရာ့ စာအုပ်တွေကိုလေ့လာမိတာပါ ။အရမ်းကောင်းပါတယ်...။အခုဆို 2010 စာအုပ်ပါရနိုင်ပါတယ်...။ရန်ကုန်မှာတော့ ပေါပါတယ်။ ဒါတွေကတော့ ကျွန်တော်အမြင်တွေပါ မှားရင်တော့ ခွင့်လွှတ်ပေးကြပါခင်ဗျာ ...။ :angry:[/color][color=red][/font]

manaw
03-15-2010, 08:20 AM
ကျွန်တော်. အမြင်လေးကိုသူငယ်ချင်းတွေကို ပြောကြည်.ကြည.်မယ်နော်
ကျွန်တော် ထင်တာကတော KMD တို.ထက် "Quick CAD " ကပိုကောင်းတယ်လို.ထင်မြင်မိပါတယ်
ဘာလို.လဲ ဆိုတော.
Quick CAD က လုံးဝကို Drawing ပိုင်းအတွက် Specialized ပါ
တခြားသင်တန်းတွေလို ioffice တို. internet and Email တို. Networking တို. ဘာတို. ညာတို.သင်တာတွေမ၇ှိပါဘူး
အဲ. Drawing အပိုင်းကိုဘဲ ဦးတည်ပြီးသင်ပေးခြင်းဘဲဖြစ်ပါတယ်
ဒီတော. တခြားသင်တန်းတွေလို ဗျာများစ၇ာတော.မလိုတော.ဘူးပေါ.ဗျာ

ပြီးတော. သင်ပေးတဲ.ဆရာ ဆရာမတွေကလဲ စိတ်ရှည်ကြပါတယ်
တချို.ဆရာမတွေဆို ထိုင်းတို.ဘာတို.ကလာတဲ. catalog တွေကိုပါပြပြီးသင်ပေးပါတယ်
သင်တဲ.အခါမှာလဲ AutoCAD ကိုဘဲ Intermediate နဲ. Advanced ဆိုပြီးနှစ်ပိုင်းခွဲထားပါတယ်
တစ်ပိုင်းဆီကို သင်ကြားဖို.အတွက် အချိန်ကတော. နှစ်လပေါ.
သင်တန်းကြေးကတော. တစ်ပိုင်းဆီအတွက် ရိုးရိုးသင်တန်းကြေးဆိုးရင် ခုဆို ငါးသောင်းပါ
အမြန်တက်ချင်တဲ.သူတွေအတွက် ကတော. double charges ပါ

တကယ်လို.များစုံစမ်းရာမှာ အခက်အခဲတွေရှိရင်လဲ ပြောပါ
ကျွန်တော်နိုင်သလောက် ကူညီပေးသွားပါ.မယ်

လေးစားလျှက်
မနော

MZ
03-16-2010, 04:32 AM
ကျနော် AutoCAD နဲ့ စထိတွေ့တာ 95 ကတည်းကပါ... Release 12 ပေါ့... DOS ပေါ်မှာ ဘဲ run လို့ရပါသေးတယ်... command အားလုံးကို short cut key တွေနဲ့ command line ကနေဘဲ ရိုက်သွင်းချင်သွင်း... ဒါမှမဟုတ် pull down menu ကနေဘဲ ဆွဲချမလား... Side Menu ကနေသွားမလား... ဒါဘဲ ရတယ်... အဲဒီနောက်ပိုင်း R13 ထိတောင် DOS ပေါ်မှာဘဲ ရှိသေးတယ်...(Windows ပေါ် တင်ထားတာ တော့ နောက်ပိုင်း တခါ တွေ့ဘူးတယ်.. မသုံးဖူးဘူး..) R14 ကနေ စပြီးတော့ Windows ပေါ်ရောက်လာတယ်... icon လေးတွေရဲ့ အစပေါ့... အဲဒီ Release 12 နဲ့ 13 Basic သင်တန်းကို ၂ ခါ ပြန်တက်လိုက်ရတယ်... ပထမ တခါ တက်တာ မတတ်လို့... သင်ပေးတဲ့ ဆရာ ကလဲ အဲဒီ အချိန်မှာ အမေရိကား ကလား မသိ Pg. Dip. ရထားတာပါဘဲ... သူသင်တာ ဘယ်လိုမှ မတတ်ဘူှးဗျာ... ကိုယ်ကဘဲ ညံ့လို့လားလို့တောင် စဉ်းစားမိတယ်.. သင်တန်းနဲ့ ဆရာနံမည်တော့ မပြောတော့ပါဘူး... နောက် မကျေပွဲ ထပ်နွှဲပြီး အခု အင်းဝစာအုပ်တိုက်ရဲ့ အပေါ်မှာ ဖွင့်သွားခဲ့တဲ့ Masterpiece ဆိုတဲ့ သင်တန်းမှာ basic course လေးသွားတက်လိုက်တော့မှ တတ်သွားတော့တယ်... သင်တန်း ဆရာကလဲ လူငယ်ဘဲ ရှိသေးတယ်.. သင်္ဘောနားရင်း ရန်ကုန်မှာ AutoCAD ၀င်သင်တာ... အဲဒီနောက် အလုပ်ထဲမှာ လုပ်ရင်းကိုင်ရင်း သူများတွေ လုပ်တာလေ့လာနဲ့ တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် ဖြစ်လာတယ်... အတူတူ လုပ်တဲ့ သူငယ်ချင်းတွေထဲမှာ AutoCAD သင်တန်းနည်းပြတွေ ဘာတွေ ပါတော့ AutoCAD သင်နေတဲ့ ဆရာ ဆရာမတွေ တော်တော်များများနဲ့လဲ သိခဲ့ပါတယ်...

နောက်ပိုင်း AutoCAD ထဲ Autolisp ပါလာတော့ အဲဒါကို သိချင်တာနဲ့ ဘယ်မှာ တက်ရမလဲ ဆိုပြီး ကြည့်နေခဲ့တာ (2000/2001 လောက်က ထင်တယ်) ဆရာ ရောဘတ်တင်အေး ရဲ့ Quick CAD ကနေ သင်မယ်ဆိုပြီး သတင်းစာမှာ ကြော်ငြာလေး တွေ့တော့ အင်းစိန် GTI နားက သူ့သင်တန်းလေးမှာ သွားတက်ဖြစ်ခဲ့တယ်... သူ ပထမဆုံး Lisp စသင်တဲ့ သင်တန်းပါဘဲ... ကျနော်နဲ့ အတူတူ Myint Assoc. က တယောက်.. FMI မှာ လုပ်နေတဲ့ တယောက်.. နောက်ထပ် ၂ယောက်လောက်ရယ် စုစုပေါင်း ၅ ယောက်ဘဲ ရှိတယ်... အဲဒီတုံးက ဆရာ ရောဘတ်တင်အေး ကို ကျနော် မသိဘူး... ဘယ်ကမှ မသင်လို့သာ သူသင်တာ ဘယ်လိုရှိမလဲ ဆိုတာသွား အကဲခတ်ရင်း တက်ကြည့်တာ... ကျနော်ကလဲ အဲဒီ အချိန်မှာ AutoCAD နဲ့ လခစား လုပ်စားတဲ့ အဆင့်ရောက်နေပြီ ဆိုတော့ ကိုယ်ကသာ ဘာမှ မဟုတ်တာ တော်ရုံဆိုရင် သိပ် အထင်ကြီးလှတာ မဟုတ်ဘူးဗျ... ပထမ တရက်တက်လိုက်တာနဲ့ တခါတည်း လေးစားသွားတယ်... တကယ်တတ်တဲ့ ဆရာတွေ့ပြီ ဆိုပြီး ပျော်လဲပျော်သွားတယ်... Lisp သင်တန်းပြီးသွားတော့ တောင် ကျနော်တို့ အတူတူတက်ကျသူတွေ အကုန်တိုင်ပင်ပြီး ၃လ လောက် ဆက်တက်ကြတယ်.. ကျနော်တို့ အတွက် Syllabus မရှိဘူး ဆရာ သင်ချင်တာသင် ပြောချင်တာသာ ပြောဆိုပြီး ထိုင်ကြတာ... ကျနော် အခု ရောက်နေတဲ့ နိုင်ငံမှာ CAD နဲ့ ပတ်သက်ပြီး ရိုးရိုး CAD Technician position မကဘဲ မသိတာရှိရင် ပြဖို့/ enterprise system တွေ develop လုပ်ဖို့/ ပြသနာတက်ရင် ရှငိးဖို့ တာဝန်ယူရတဲ့ Technical In-charge အဖြစ် လုပ်ခွင့်ရခဲ့တာ ဆရာ ရောဘတ် ရဲ့ ကျေှးဇူးကြောင့်ပါ... ကြွားတာတော့ မဟုတ်ဘူး... သူ့ဆီမှာ တက်လို့ ရခဲ့တဲ့ CAD နဲ့ ပတ်သက်တဲ့ knowledge က ဘယ်လောက်ထိ တာသွားတယ် ဆိုတာ သိစေချင်လို့ပါ...

ပြောရင်းနဲ့ လမ်းကြောင်းတောင် နည်းနည်း လွဲလာပြီ... ကျနော် မြန်မာပြည်က ထွက်လာတဲ့ နောက်ပိုင်း ကောင်းတဲ့ သင်တန်းဆရာတွေ ပေါ်လာကောင်းပေါ်လာအုံးမှာပါ... သူတို့ကိုတော့ ကျနော်မသိလို့ မညွှန်းနိုင်ပါဘူး... ကျနော် အတွေ့အကြုံ အရဆိုရင်တော့ Quick CAD ကို ညွှန်းချင်ပါတယ်.. သူ့သင်တန်းရဲ့ အခြေခံ Intermediate Course ကိုတော့ ဆရာကိုယ်တိုင် သင်ချင်မှ သင်ပါလိမ့်မယ်.. ဒါပေမဲ့ စိတ်ချလက်ချ တက်ပါ.. သူ့ သင်စေချင်တဲ့ ပုံစံကို သင်တန်းဆရာငယ်တွေက သင်ပေးနေတာပါ... သူအနေနဲ့ကတော့ အရမ်း basic ကျနေတဲ့ command တခုချင်းစီကို step by step ပြပေးရလောက်တဲ့ အထိ စိတ်ရှည်နိုင်မှာ မဟုတ်တော့ပါဘူး... Advanced မှာတော့ သူသင်ပါလိမ့်မယ်... တခု အကြံထပ်ပေးချင်တာက တကယ် တတ်ချင်တာ ဆိုရင်တော့ သူ့ဆီမှာ သင်တန်းကုန်သာ တက်ပါ... တကယ် ကျွမ်းကျွမ်းကျင်ကျင်တတ်ဖို့ 100% သေချာပါတယ်..

ရန်နိုင်
03-16-2010, 10:23 AM
M & E Auto Cad သင်တန်းကောင်းလေးများရှိကြရင်လည်း အကို ၊ အမ များ အကြံညဏ်ပေးကြပါအုံး .. ခုမှစလေ့လာရမှာမို့ ပါ
ကျေးဇူးတင်ပါတယ် ...

KPZ
03-17-2010, 02:19 PM
အော်တိုကဒ်ကို စတင်လေ့လာဖို့ ကြိုးစားသူတွေအတွက် နည်းလမ်းကောင်းလေး တစ်ချို့ပါ အသုံးဝင်မယ် ထင်ပါတယ်။

http://www.trainingplace.com/source/research/design8.jpgကျမ အချိန်ပိုင်း စာသင်တဲ့ အလုပ်ကို လုပ်လိုက်တဲ့ အချိန်မှာ တစ်ချို့သော သူတွေဟာ အော်တိုကဒ်ကို သင်ကြားတဲ့ အခါမှာ အခက်အခဲလေးတွေ ရှိနေတာကို သတိပြုမိပါတယ်။ သူတို့ဘာကြောင့် ခက်ခဲနေကြတယ် ဆိုတာကိုတော့ ကျမလည်း အတိအကျကြီး သေချာ မသိပေမယ့် ဘယ်လို မှတ်ယူနာခံရမယ်ဆိုတာကို သိတယ်ဆိုရင် လွယ်ကူတယ် ဆိုတာကိုတော့ ကျမ သေချာတပ်အပ် ပြောနိုင်ပါတယ်။ ဘယ်လို သင်ယူမှတ်သား သင့်တယ်ဆိုတာကို ကျမ ဥာဏ်မီသလောက် နည်းနည်းပြောကြည့်ပါရစေ။

အော်တိုက်ကဒ်ကို သင်ယူဖို့ နည်းလမ်းပေါင်းစုံ ရှိပါတယ်။ ဒါပေမယ့် အလျင်တလို လုပ်စရာတော့ မလိုပါဘူး။ ဘာမှ မရှိတဲ့ခွက်ထဲကို မြန်အောင် ရေတွေ ဝေါကနဲ လောင်းထည့်လိုက်မယ်ဆိုရင် ရေက ခွက်ထဲ အားလုံးမ၀င်ပဲ လျှံကျတတ်ပါတယ်။ ရေကိုသာ ဖြည်းဖြည်းချင်း လောင်းချမယ်ဆိုရင် ခွက်ထဲကို အပြည့်အ၀ ရောက်မှာပါ။ ဒီလိုသဘောတရားအတိုင်းပါပဲ ဦးနှောဏ်ထဲကို အော်တိုကဒ် သဘောတရား အခြေခံ အချက်အလက်တွေ ထည့်တဲ့အခါ အလျင်စလို သင်ကြားခြင်းထက် ဖြည်းဖြည်းမှန်မှန် သင်ကြားခြင်းက ပိုမို ထိရောက်မှာပါ။

1.Getting Started
ပထမဦးစွာ စတင်သင်ယူသူဟာ အော်တိုက်ကဒ်နဲ့ အပြန်အလှန် ဆက်သွယ် ထိန်းချုပ် အသုံးပြုနိုင်ဖို့ ကြိုးစားရမှာပါ။ အခု ဆိုရင် AutoCAD interface တွေဟာ new users အတွက် အင်မတန် ရှင်းလင်းလွယ်ကူလာပါပီ။ အရင်က 2009 Version မတိုင်ခင် အသုံးပြုခဲ့ကြတဲ့ User တွေဟာ Autocad 2009 မှာစတင်ပါလာတဲ့ Ribbon တွေကို Working Space ကိုနေရာယူစေတယ် ရှုပ်ထွေးတဲ့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ Ribbon တွေကို အသုံးပြုလေ့ မရှိပဲ ဟိုးအရင်က အသုံးပြုလာခဲ့တဲ့ ရင်းနှီး ကျွမ်းဝင်ပီးသား ဖြစ်တဲ့ AutoCAD Classic Workingspce Design ကိုသာ အသုံးပြုလေ့ ရှိကြပါတယ်။ ဒါပေမယ့် အခုမှ စတင်သင်ကြားတဲ့ New User တွေအတွက်ကတော့ ဒီ Ribbon တွေက လေ့လာမှုအတွက် ပိုမိုလွယ်ကူ လျင်မြန်စေဖို့ ကူညီနိုင်တာ အမှန်ပါပဲ။ Microsoft Office 2007 ကို ရင်းနှီးပီးသား လူဆိုရင်တော့ ပိုပီး လျင်မြန်စွာ ကျွမ်းဝင်လွယ်မှာပါ။ ဒီ Ribbon မှာ အော်တိုကဒ်ကို အသုံးပြုပီး ပုံဆွဲရန် အရေးအကြီးဆုံးတွေဖြစ်တဲ့ Draw Tools, Modify Tools နဲ့ အခြားသော Tools တွေအားလုံးကို လွယ်ကူစွာ တွေ့ရှိနိုင်ပါတယ်။
အော်တိုကဒ်ရဲ့ အမည်နာမ အခေါ်အဝေါ်တွေကို မှတ်သားပီးပီ ဆိုရင်တော့ စတင်သင်ကြားသူဟာ Navigation Tools တွေဖြစ်တဲ့ Pan, Zoom In , Zoom Out , Zoom Extend ဆိုတဲ့ အရာတွေကို လျင်မြန် ကျွမ်းကျင်အောင် ပထမဦးစွာ လေ့လာသင့်ပါတယ်။ ဒါမှာသာ နောက်ထပ် အရေးကြီး Command တွေကို သင်ကြားတဲ့ အခါ လျင်မြန်စွာ သင်ကြားနိုင်မှာပါ။
အဲဒီ့နောက် သင့်လျော်သော Template တစ်ခုနဲ့ ပုံအသစ်တစ်ခုကို စတင်ဖန်တီးဖို့ ကြိုးစားကြည့်နိုင်ပါပီ။ Metric Units တစ်ခုနဲ့ ဆွဲမယ့် Drawing တစ်ခုကိုတော့ Imperial Template နဲ့ အသုံးပြုဖို့ မကြိုးစားဖို့တော့ အကြံပေးလိုပါတယ်။

2. Drawing Tools
http://www.istockphoto.com/file_thumbview_approve/5920821/2/istockphoto_5920821-drawing-tools.jpgAutoCAD interface တွေ navigation tools တွေ ကိုရင်းနှီး ပြီးပီ ဆိုရင်တော့ အော်တိုကဒ်ပုံတွေဆွဲဖို့ Tools တွေကို စတင်လေ့လာဖို့ အချိန်ကျလာပါပီ။ ကျမသိသလောက် သင်ကြားပေးတဲ့ သူတွေအားလုံးဟာ သင်ယူသူတွေကို ဘယ်လိုဘယ်ပုံ အသုံးပြုရမယ်ဆိုတဲ့ လုပ်ဆောင်ပုံ အဆင့်ဆင့် Nature တွေကို တစ်ခုချင်းစီ သင်ကြားပေးလိုက်မှာပါ။ သင်ကြားနေတုန်းမှာတော့ အဆင်ပြေနေပေမယ့် Command တွေအတော်များများကို သင်ကြားပီးတဲ့ ရက်အနည်းငယ် နောက်မှတော့ သင်ယူသူတွေဟာ Command တွေရဲ့ ဆောင်ရွက်ပုံ အဆင့်ဆင့်တွေကို မှတ်မိဖို့ ခက်ခဲလာတာကို တွေ့ရပါတယ်။
အမှန်တစ်ကယ်တော့ Command တွေရဲ့ ဆောင်ရွက်ပုံတွေဟာ ရိုးရှင်းလွယ်ကူပါတယ်။ ဒါပေမယ့် ဘာလို့ မမှတ်မိလဲ??? အဖြေကတော့ ရှင်းရှင်းလေးပါ.. အလွတ်ကျက်မှတ်လို့ပါ။ အလွတ်ကျက်မှတ်ပီး ဆွဲတာဟာ အော်တိုကဒ်ကို အသုံးပြုဖို့ လွန်စွာမှားယွင်းတဲ့ နည်းလမ်းတစ်ခုပါ။ Command တိုင်းမှာ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို လမ်းညွှတ်ပြသပေးတဲ့ နေရာတစ်ခု ရှိပါတယ်။ ဒါကတော့ Command Line ပါ။
Command Line ဟာ AutoCAD User တွေအတွက် လမ်းညွှန် ဆိုင်းဘုတ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ သူဟာ AutoCAD Userနဲ့ အပြန်အလှန် မေးခွန်းတွေ မေးမြန်းရင်း အသုံးပြုသူကို ညွှန်ကြား ပြသ ပေးသွားတတ်ပါတယ်။ Simple English ကိုဖတ်နိုင်တဲ့ User တစ်ယောက် အနေနဲ့ Command Line ကိုဖတ်ရုံနဲ့တင် အော်တိုကဒ်ကို အလွယ်တကူ အသုံးပြုနိုင်မှာပါ။

3. Precise Input
http://www.arcurs.com/wp-content/uploads/wireless_1_20070813new.jpgဆက်လက်ပီး လေ့လာသင့်တာက Command Lineနဲ့ အပြန်အလှန် အမေးဖြေတွေ လုပ်တဲ့အခါ အသုံးပြုသူဘက်ကနေ တိကျမှန်ကန်တဲ့ အချက်အလက်တွေ ပေးဖို့ပါ။ ကိုယ့်ဘက်က ပေးလိုက်တဲ့ အချက်အလက်မှားနေရင် အော်တိုကဒ်ရဲ့ အဖြေ Output ဟာလည်း တစ်သွေမတိမ်း မှားယွင်းနေမှာပါပဲ။ တစ်ချိန်တည်းမှာပဲ Coordinate System တွေအကြောင်းနဲ့ တိကျတဲ့ Geometry တွေဖြစ်ဖို့ SNAP တွေအကြောင်းကိုလည်း မှတ်သားလေ့လာရမှာပါ။

4. Modify Tools
ဖန်တီးနိုင်တဲ့ အခြေခံ Command တွေကို သိပြီးတဲ့နောက်မှာ ဆက်လက်လေ့လာသင့်တာက ပြုပြင်ပြောင်းလဲ ဖန်တီးနိုင်တဲ့ Modify Tools တွေကို ဆက်လက်လေ့လာ ကြရအောင်နော်။ Toolbar တွေရဲ့ သင်္ကေတ ICON လေးတွေပေါ်ကို MOUSEလေး တင်လိုက်ရင် ရှင်းလင်းချက် အတိုချုပ်လေးတွေကို မြင်ရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ တစ်ခါတစ်လေ မမှတ်မိတော့တဲ့ Command တွေကို ပြန်လည် မှတ်မိစေမှာပါ။
ဒါမှမဟုတ် ကီးဘုတ်မှ F1 ကီးကိုနှိပ်လို့ Help File မှာ သိချင်တာကို ရှာဖွေနိုင်ပါတယ်။ ဒါဟာလည်း မေ့နေတဲ့ Command တွေကို ပြန်လည် မှတ်မိစေတဲ့ နောက်ထပ်နည်းလမ်းတစ်ခုပါပဲ။

5. Object Selection
http://www.cise.ufl.edu/~mssz/Arch-CGS3470/ACAD-select.gifModify Toolbar တွေကို သေချာ နားလည်ပီးတဲ့နောက် Object တွေကို ရွေးချယ်တဲ့ နည်းလမ်းတွေပါ။ Mouse နဲ့ Pick Up လုပ်ပီးပဲ ရွေးချယ်မလား။ Window နဲ့ Left Up to Right Down ဒါမှာမဟုတ် Right Down to Left Up လုပ်ပီး ရွေးချယ်မလား ဆိုတာကို ဆုံးဖြတ်နိုင်စေဖို့ သူ့ရဲ့ Nature တွေကို သေချာ သိအောင် လေ့လာသင့်ပါတယ်။

6. Annotation and Styles
အထက်ပါအဆင့်အတိုင်း လေ့လာခဲ့တယ်ဆိုရင် ခုလောက်ဆိုရင် AutoCAD ပုံတွေကို ဆွဲသားနိုင်တဲ့အနေအထားကိုေ၇ာက်လောက်ပါပီ။ ဒါဆိုရင် နောက်တစ်ဆင့် အနေနဲ့ Dimension ဒီဇိုင်းတွေ Scale စတာတွေကို လေ့လာသင့်ပါတယ်။ ဒါ့အပြင် Drawing ကို Presetation တစ်ခုအသွင် ဖန်တီးနိုင်သော Hatch Design အပြင် ဖြည့်စွက်အဖြစ် Table, Text စတာတွေကို တစ်ဆင့်ချင်း လေ့လာသွားပါ။

7. Drawing Management
http://4.bp.blogspot.com/_EnRrLpKmxaQ/Sp55gojxt_I/AAAAAAAAAm0/xeHivfK13cU/s400/drawing-management-5.jpgAutoCAD ကို ပြုပြင်ဖန်တီးပေးနိုင်တဲ့ အဆင့်ကို ရောက်ပီဆိုရင် နောက်တစ်ဆင့် အနေနဲ့ကတော့ မိမိဆွဲသားထားတဲ့ ပုံကို Efficient ဖြစ်အောင် လုပ်နိုင်ဖို့ ကြိုးစားရမှာပါ။ အဲဒီ့အတွက် Layer, Layout, Sheet sets အစရှိတဲ့ Command တွေကို သိဖို့ လိုအပ်လာပါတယ်။

8. Reusable Content
နောက်ထပ်အဆင့် အနေနဲ့ကတော့ မိမိအသုံးပြုမှုများတဲ့ Object တွေကို Library အသွင်ဖန်တီး ပြုလုပ်ထားပီး မိမိ လိုအပ်ချိန်မှာ ခေါ်သူအသုံးပြုနိုင်အောင် ပြုလုပ်ရန် လိုအပ်ပါတယ်။ Block, Insert , Design စတာတွေအပြင် Pallets Box တွေကပါ ထိုသို့ ပြုလုပ်နိုင်ရန် ကူညီမှာ ဖြစ်ပါတယ်။

9. Manage your Standard
AutoCAD User တိုင်း သူတို့ကိုယ်ပိုင် Standard Format Setting လေးတွေကိုယ်စီ ရှိကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ Template, Text Style, Diension Style, Plot Setting စတာတွေကို မိမိစိတ်ကြိုက် လိုအပ်သလို ပြုလုပ်ဖန်တီးထားသော Standard Format လေးတစ်ခုရှိမှာပါ မိမိ၏ လုပ်ငန်းတွက် လွယ်ကူ လျှင်မြန်မှာ ဖြစ်သလို မိမိ နှင့်အတူတူ လုပ်ကိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေမှာ ဖြစ်ပါတယ်။

10. Design Collaboration
http://olegshilo.files.wordpress.com/2010/01/picture-24.pngအော်တိုကဒ်နဲ့ အသက်မွေးဝမ်းကျောင်းပြု အလုပ်လုပ်ကိုင်သူ တစ်ယောက်ဟာ လုပ်ငန်းတစ်ခုကို မိမိတစ်ဦးတည်း ဆောင်ရွက်လို့ မရနိုင်ပါဘူး။ အခြားသော လူတွေနဲ့ မလွဲမသွေ တွဲဖက် အလုပ်လုပ်ကိုင် ရမှာပါ။ ထိုအခါ မိမိဆွဲနေသော ပုံတွင် အခြားတစ်ယောက်မှ သူလုပ်ဆောင်မည့်အပိုင်းကို ရေးဆွဲရန် မိမိလုပ်ဆောင် ပီးစီးမည်း အချိန်အထိ စောင့်နေရမည် ဆိုပါက အချိန်ဖြုန်းမှု သက်သက် တစ်ခုသာ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာ ပုံတစ်ပုံကို မိမိနှင့်သက်ဆိုင်သော အစိတ်အပိုင်းတွင် ဆွဲသားနိုင်ရန် XREF Command ကိုလေ့လာရမှာပါ။

11. Develop Your Own Workflow
အော်တိုကဒ်ကို သင်ကြားတဲ့အခါမှာ နည်းပြတွေဟာ သူကျင်လည်ရာ အလုပ်ပတ်ဝန်းကျင်မှ အရာတွေကို အခြေခံတဲ့ Workflow နဲ့ သင်ကြားပြသလေ့ရှိပါတယ်။ အော်တိုကဒ်ဟာ ယေဘုယျကျတဲ့ application တစ်ခုပါ။ သင့်ရဲ့ Instructor ဟာ Architecture Field ထဲက ဖြစ်ပီး သင်ဟာ Mechanical Field ထဲကဆိုရင် တစ်ခါတစ်ရဲ့ သူ့ရဲ့ Workflow ဟာ သင့်အတွက် သိပ်ပီး အဆင်မပြေသလို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အော်တိုကဒ်ကို အချိန်အနည်းငယ်ကြာကြာ အသုံးပြုပီးပီ ဆိုရင်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင် အယူအဆ Workflow ကို ပြုလုပ်နိုင်ရပါမယ်။ မိမိ၏ သင်ကြားပြသပေးသောဆရာ ဖတ်မှတ်မိသော စာအုပ်များ၏ လွှမ်းမိုးမှုများမှ ရှောင်ထွက်ကာ မိမိကိုယ်ပိုင် အတွေးအခေါ်များဖြင့် ပြုပြင်ဖန်တီး နိုင်မှသာလျှင် Perfect Drafter ကောင်းတစ်ယောက် ဖြစ်လာနိုင်မှာပါ။

12. Keep Practicing
http://www.tips4pc.com/Articles/Computer%20basics/hand%20_on_mouse.jpgPractice makes perfect ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ ဒီဆိုရိုးစကားဟာ အော်တိုကဒ် အသုံးပြုမှုအတွက် ၁၀၀ ရာခိုင်နှုန်း မှန်ကန်တဲ့ စကားတစ်ခုပါ။ အော်တိုကဒ်နဲ့ ရင်းနှီးကျွမ်းကျင်ဖို့အတွက် လေ့ကျင့်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ရမှာပါ။ Command တွေကို သိယုံနဲ့ AutoCAD ဆွဲတတ်ပီလို့ မယူဆသင့်ပါဘူး။ Project တစ်ခုကို သေချာ ဆွဲနိုင်မှသာ အော်တိုကဒ် ဆွဲတတ်ပီလို့ ယူဆ သင့်ပါတယ်။ လက်တွေ့ဆွဲစရာ Project မရှိပါကလည်း အခြားသော နမူနာ ပုံတွေကို ရှာဖွေ လေ့ကျင့် သင့်ပါတယ်။ ထိုသို့ လက်တွေ့ဆွဲသားမှသာ ပုံဆွဲရာတွင် ကြုံတွေ့တတ်သော အခက်အခဲများကို တွေ့ရှိပီး ဖြေရှင်းမည့် နည်းလမ်းများကိုလည်း ကြံဆခြင်းဖြင့် Profession Drafter တစ်ယောက်အဖြစ် လျင်မြန်လွယ်ကူစွာ ရောက်ရှိမှာ ဖြစ်ပါတယ်။

kophyo85
07-09-2010, 09:15 PM
ကျ နော် auto cad ကို သေသေချာ ချာ စနစ်တကျ နဲ့ နှိင်ငံတကာ အသိမှတ်ပြူ လတ်မှတ် ထုတ်ပေးတဲ့ သင်တန်းတတ်ချင်ပါတယ် အဲ ဒါဘယ်မှာ များတတ်လို့ ရမလဲ ပြော ပေးကြပါ ဗျာ ။ ကျနော်လည်းအမိမြေနဲ့ ဝေးနေတော့ သေချာ မသိတော့ ဘူး 2d basic ကို တော့ KMD မှာ တတ်ထားတာ ရှိတယ် 3D ကို တော့ ကိုယ်ဘာသာ စာ အုပ်ဖတ်ပြီး တတ်တော့ တတ်နေပြီ ဒါပေမယ် command တွေအရဲ့ အဓိက အားသာချက်တွေကို သေသေ ချာ ချာ အသုံးမပြုနှိင်သေးပါဘူး အားနည်းနေတယ် ၊ဒါကြောင့် ပြည့်ပြည့် ၀၀ သိချင်ပါတယ် ၊ အဲဒါ ကျနော် ဘယ်သင်တန်းတွေရှိတယ်ဆိုပြော ပြော ပေးစေချင်ပါတယ် ၊ pro အဆင့် ထိသင်ပေးနှိင်တဲ့ သင်တန်းမျိုး ဆိုရင်တော့ ပိုကောင်းတာ ပေါ့ :4: :4:

ငမောင်
07-25-2010, 02:35 PM
2D ရပြီ၊ 3D လဲရပြီဆိုရင် စာလေးဘာလေးဖတ်ပြီး အလုပ်သာဝင်တော့ဗျို့။ သင်တန်းဆက်တက်ဖို့တော့အားမပေးချင်ဘူး။
ကျွန်တော့ မှာ Suntac ကAutoDesk လတ်မှတ်ရော၊ ICDL ( International computer driving license CAD ) ကောရှိတယ်ဗျ ( နာမည် ကြီးကကြောက်စရာကြီး ) ကြွားတာမဟုတ်ဘူးနော်
ဘာမှမတက်ကြောင်းပြောမလို့..
ဒါပေမယ့် ပြည်တွင်းမှာတော့မသိဘူး၊ ပြည်ပမှာတော့ ဘယ်သူမှ အဖတ်မလုပ်ဘူးဗျ အဲဒီလတ်မှတ်တွေကို။( ကိုယ်တွေ့နော် အကြိမ် ကြိမ်ကိုတွေ့ရတာ :angry: :angry: )
အဓိက ကဆွဲနိုင်ရမယ်။ အမြင်ရှိရမယ်။ အဲဒါတွေကလည်း အလုပ်ဝင်လိုက်ရင် ပိုသိမယ်လို့ထင်တယ်ဗျ။
common တွေအကြောင်းကိုလည်း အလုပ်ဝင်ရင်းနဲ့ လေ့လာတာက ပိုထိရောက်မှာပါ။

ဘီသူမှဖြေထားတာ မတွေ့လို့ အာဖျံကွီးလုပ် လိုက်ပြီ အဟီး :4: :4:

Enjoy!!
nga maung