PDA

View Full Version : မိမိဝက်ဆိုက်အား password ခံထားလိုလျှင်



zener
12-25-2008, 07:30 AM
မိမိဝက်ဆိုက်အား ကိုယ်ပိုင် private အနေနဲ့ သုံးလိုသူများ ၊တစ်ခြားသူများ မိမိဆိုက်အား ၀င်မကြည့်နိုင်ရန် ၊ တစ်ချို့ ချစ်သူစုံတွဲများ ၀က်ဆိုက်ပြုလုပ်ထားပြီး နှစ်ဦးတည်း အသုံးပြုလိုသူများ စသဖြင့် အသုံးဝင်ပါတယ် ။ သူ့ ရဲ့ feature ကတော့ မိမိဝက်ဆိုက်အား ဖွင့်လိုက်တာနဲ့ password တောင်းခိုင်းစေမှာဖြစ်ပါတယ် ။ password မသိသော မည်သူမျှ မဖွင့်နိုင်ပါဘူး ။ လုပ်နည်းကလဲ လွယ်ပါတယ် ။ ဒီနည်းကို http://www.easywamp.com/ ဆိုက်မှာ တွေ့ လို့ ကူးယူးဖော်ပြတာပါ ။ သူ့ ရဲ့ မူရင်းလင့်မှာလဲ တိုက်ရိုက်ဖတ်ရှုနိုင်ပါတယ် ။ အောက်မှာပါ ။
http://www.easywamp.com/apache/protect-your-webserver-htaccess-htpasswd.htm
လုပ်နည်းကတော့ ပထမဦးဆုံး .htaccess နဲ့ .htpasswd ဖိုင် ၂ ခုပါတဲ့ zip ဖိုင်လေးကို အရင်ဒေါင်းလိုက်ပါ ။
>>> ဒေါင်းရန် (http://www.easywamp.com/download/htaccess.htpasswd.zip) <<<
ရလာတဲ့ဖိုင် ၂ ဖိုင်ထဲက .htaccess ဖိုင်ကို ဖွင့်ပြီး အောက်ပါကုတ်အား copy / paste လုပ်ပါ ။


AuthName "Easywamp Server"
AuthType Basic
AuthUserFile C:\EasyWAMP\www\.htpasswd
Require valid-user


ပြီးပါက save ပြီး www(public_html) ထဲကိုထည့်ပါ ။ ဒီနေရာမှာ .htaccess ဖိုင်ထည့်ထားသောဖိုဒါအား password ခံစေမှာ ဖြစ်ပါတယ် ။ မိမိက ဖိုရမ်ဖိုဒါထဲမှာထည့်ထားရင် ဖိုရမ်ကို ဖွင့်တာနဲ့ password တောင်းမှာပါ ။ အခုဆိုရင် www(public_html) ထဲမှာ ထည့်ထားတဲ့အတွက် မိမိဆိုက်တစ်ခုလုံးကို password ခံထားတာပါ ။

AuthName ဖြစ်တဲ့ "Easywamp Server" နေရာမှာ မိမိစိတ်ကြိုက်နာမည်ထည့်လို့ ရပါတယ် ။
ဒီနေရာမှာ တစ်ခု သတိထားရမှာက AuthUserFile C:\EasyWAMP\www\.htpasswd ဆိုတဲ့ .htpasswd ဖိုင်ကိုထားရမဲ့နေရာပဲ ဖြစ်ပါတယ် ။ အပေါ်မှာ ပြထားတဲ့ကုတ်မှာဆိုရင် .htpasswd ဖိုင်ဟာ www folder(root) ထဲမှာ ထည့်ထားတာပါ ။ တကယ်လို့ မိမိက .htpasswd ဖိုင်ကို phpMyadmin ထဲကိုထည့်မယ်ဆိုရင် သူရှိတဲ့ဖိုင် directory ကို ညွှန်းပေးရပါမယ် ။ ဒီလိုလေးဖြစ်လိမ့်မယ်ပေါ့ ။ AuthUserFile C:\EasyWAMP\www\phpMyadmin\.htpasswd
အဲဒီက,ကအဲဒီနေရာပါပဲ ။ .htpasswd ဖိုင်နေရာမှာတော့


username:password
root:password
admin:admin

ဆိုတဲ့ ကုတ်ကို copy / paste လုပ်ပါ ။
Username ဆိုတဲ့နေရာမှာ မိမိစိတ်ကြိုက်နာမည်နဲ့ password နေရာမှာ မိမိစိတ်ကြိုက် password ပေးနိုင်ပါတယ် ။ ဥပမာ


yamanya:phoelapyae
root:phoelapyae
admin:admin

PS : .htpasswd ဖိုင်အား .htaccess ဖိုင်နဲ့ ဖိုဒါတစ်ခုထဲတွင်ထားစရာမလို ။ သူ့ အား တစ်ခြားဖိုဒါတစ်ခုထဲမှာ ထည့်ထားတာက security အရ ပိုကောင်းပါတယ် ။

အခုဆိုရင် မိမိဝက်ဆိုက်အား တစ်ခြားသူများ အလွယ်တကူမကြည့်နိုင်အောင် password ခံပြီးပါပြီး ။
အားလုံးအဆင်ပြေမယ်ထင်ပါတယ် ။