PDA

View Full Version : Difference between 3ds max user & 3Ds Max autocad user



papagyi
12-31-2008, 12:32 PM
ဒီခေါင်းစဉ်လေးတင်ရတာက internet journal ကသူငယ်ချင်းတစ်ယောက်အတွက် ရေးပေးဖို့အခွင့်ကြုံလာတာနဲ့
ကျွန်တော့်ရဲ့ မူရင်းစာမူလေးကို sharing လုပ်လိုက်တာပါ။...ကျွန်တော်တို့ autocad အပိုင်းမှာ 2d , 3d ,rendering & animation
ရယ်လို့ အကြမ်းအားဖြင့် ၄ ပိုင်းရှိပါတယ်။အဲဒီထဲကမှ 3d , rendering & animation ပိုင်းတွေကို 3ds max ထဲ import လုပ်ပြီး
presentation အတွက်လုပ်လေ့ရှိကြပါတယ်။...autocad user တော်တော်များများကတော့ 3d အထိဆွဲပြီး file links manager
နဲ့ ချိတ်ပြီး 3ds max မှာ rendering & animation လုပ်လေ့ရှိပါတယ်။တစ်ချို့ကတော့ 3d ပါ max ထဲမှာဆွဲပါတယ်။autocad user
ဆိုမှတော့ engineering base ဆိုတာသိကြမှာပါ။အဲဒီမှာ 3ds max ပဲစသင်ပြီး character modeling &movie animation ,cartoon animation,
special effect rendering တွေ ...etc..video,movie ပိုင်းတွေနဲ့ ဆက်စပ်တဲ့ လမ်းကြောင်းပေါ်သွားနေတဲ့3ds max user နဲ့ engineering နဲ့
ဆက်စပ်တဲ့အပိုင်း(အထူးသဖြင့်_archi ပိုင်း)နဲ့ပတ်သတ်တဲ့ လမ်းကြောင်းပေါ်သွားနေတဲ့3ds max user ရယ်လို့ တွေ့ရတာများပါတယ်။ဒီ engineering
ပိုင်းနဲ့ပတ်သက်တဲ့3ds max user က autocad user ကနေ maxကိုတွဲသုံးတာများလို့ "3Ds Max autocad user"လို့ပဲခေါ်လိုက်တာပါ။အဓိကကတော့
engineering အတွက်သုံးတဲ့ 3ds max user ကိုပြောချင်တာပါ။လူတော်များများက 3ds max user ဆိုရင် အတူတူပဲလို့ပဲ ထင်တာများပါတယ်။
အရှေ့မှာပြောခဲ့သလိုပါပဲ video,movie လိုင်းနဲ့ engineering(mostly Archi field)ပိုင်းရယ်လို့ ကွဲပါတယ်။တော်တော်လဲကွာပါတယ်။..engineering
ပိုင်းမှာ အများအားဖြင့် still rendering ကအများဆုံးပါ။animation က လိုအပ်တာ still rendering ပိုင်းနဲ့ ဆိုရင် နည်းပါတယ်။modeling ပိုင်းက
စပြောပါ့မယ်...3ds max user တွေက modeling ကို အတိအကျ သိပ်မသုံးတာများပါတယ်။autocad 3d max user ကတော့ အတိအကျကိုအခြေခံ
ပါတယ်။တစ်ကယ်လည်း precise ဆွဲလို့ရပါတယ်။eg..အမိုးဆိုပါဆို့ Roof pitch ကို ဆွဲတဲ့အခါမှာ3dsmaxသမားက roof pitch degree ကို line နဲ့
ထောင်ပြီး အဲဒီ line နဲ့ အနီးစပ်ဆုံးတစ်ထပ်တည်းကျအောင် face ကို ဆွဲတင်ပါတယ်။မတိကျနိုင်ပါဘူး။autocad 3ds max user ကတော့ engineering
way အတိုင်း roof plan ကိုအရင်ဆွဲပြီးမှ roof line တွေဆုံတဲ့ point တွေကမှ လိုချင်တဲ့ degree အတိအကျ ဆွဲတင်ပြီး face တွေဆွဲပါတယ်။တစ်ကယ်
စနစ်ကျပြီး မြန်ဆန်တိကျပါတယ်။rendering ပိုင်းမှာ လည်းထို့အတူပါပဲ အဆောက်ဦးတစ်ခု(သို့မဟုတ်) အခန်းတစ်ခုအတွက် ကြည့်တဲ့ perspective
view အယူအဆ၊ lighting ပိုင်းအတွက်ဆိုလဲ တစ်ကယ့် actual မှာရှိသင့်တဲ့ light power နဲ့ နေရာထားပုံတွေ၊color ပိုင်းတွေ material ပိုင်းတွေ အများ
ကြီးကွာခြားပါတယ်။ဒါကြောင့်လည်း နောက်ဆုံးversion မှာဆို 3ds mas 2009 နဲ့ 3ds max design 2009 ဆိုပြီး autodesk company က ခွဲပြီး
ထုတ်တာ တွေ့နိုင်ပါတယ်။ Italy က နာမည်ကြီး Florence Design Academy မှာ interior designer ,architect course တွေရဲ့ သင်ရိုးမှာတောင်
3ds max + vray ကိုထည့်သွင်းပြဒါန်းထားပါတယ်။Tutorial movies တွေ မှာလည်း architectural visualization ရယ်လို့ကိုသပ်သပ် ခွဲထုတ် ထားတာတွေ့နိုင်ပါတယ်။အချုပ်အားဖြင့်တော့ 3ds max ကိုလေ့လာမယ်ဆိုရင် ကိုယ်ကဘယ်အပိုင်းသွားမှာလည်း၊သင်တန်းတတ်ရင်လည်း...
ကိုယ်သွားမယ့် လိုင်းပေါ်မူတည်ပြီး သင်မယ့်ဆရာက ဘယ်လိုင်းနဲ့ professional ဖြစ်သလဲ၊ ဘယ်လို tutorial တွေ စာတွေဖတ်ရမလဲ သိပြီး
အကျိုးရှိရှိနဲ့ ထိထိရောက်ရောက် ဖြစ်စေချင်တာပါပဲ။.....http://www.florencedesignacademy.com/

Hulk
02-15-2010, 09:31 PM
ဒီနေ့ မှ ဖတ်မိတာပါ ။ ကျွန်တော့် အတွက်တော့ တော်တော်လေးအသိတိုးပွားစေပါတယ်။
3Ds Max ကို စတင်လေ့လာနေပါတယ် ။ ဒီမှာရှိတဲ့သင်တန်းတွေထဲက ဘယ်ဟာကကောင်းလဲတော့ မသိဘူး ။
ဒါပေမယ့်သင်တန်း မတတ်ခင် တီးမိခေါက်မိမှ ဖြစ်မှာ ။ ပေးလိုက်ရတာကို တကယ်ထိရောက်မယ်ဆိုရင် ကျေကျေနပ်နပ် ပေးချင်ပေမယ့်
ပေါ်ပင်သင်တန်းကျောင်းတွေကလည်း ရန်ကုန်မှာ အများသားဆိုတော့ အဲဒီမှာများ တတ်မိရင်တော့ မိအေးနှစ်ခါနာ ဖြစ်မှာဆိုးတယ် ။( ၁။ ပိုက်ဆံကုန်+၂။ ဘာမှမတတ်)

snowwhitelay
03-03-2010, 01:28 PM
3ds max သင်တန်းတတ်မလို့ စုံစမ်းနေတုန်းမှာ အကိုရေးထားတာလေးက ညိမအတွက်တော်တော်အကျိုးရှိသွားပါတယ်...ကျေးဇူးတင်ပါတယ်အကိုရေ........

snowwhitelay
05-20-2010, 07:26 PM
ကိုပါကြိးေ၇..
စနိး မေးစရာလေးရှိလာလို့ပါ။ အခု 3ds max သင်တန်းတက်နေတာ ။ သင်တန်းမှာ design 2009 နဲ့သင်တာပါ ။
အိမ်မှာ၂၀၁၀ တင်ပြိး ဖွင့်ကြည့်လိုက်တာမှာ menu bar, tool bar တွေေ၇ာ screen တစ်ခုလုံးေ၇ာက မိးခိုးေ၇ာင်ကြိးပေါ်နေတာနဲ့
သင်တန်းကိုမေးကြည့်တော့ 3ds max design 2010 မှ အဆင်ပြေမှာလို့ပြောတယ် ။ အဲဒိခွေမှာက design လို့တော့ေ၇းမထားဘူး။
ညိမ က customize ထဲက နေ color ပြင်ကြည့်မယ်ဆိုတော့ သင်တန်းက အဲဒိထဲတွေကိုဝင်မပြင်နဲ့တဲ့ setting တွေပျက်လိမ့်မယ်တဲ့။ အဲဒိလိုပြောလို့
ဘယ်လိုပြင်ရမယ်ဆိုတာလေးရှင်းပြပေးပါလားအကို။

papagyi
05-21-2010, 12:51 PM
မီးခိုးရောင်ကြီး ပေါ်လာတော့ ပြောင်းချင်တယ်ဆိုတော့ ဘယ်လို ပုံစံလိုချင်တာလဲနော်..
အကောင်းဆုံး က အခုပုံလေးနဲ့ တွဲပြထားတဲ့ အတိုင်း သွားပြီး ညာဘက်က UI schemes အောက်က ( default ,ame-dark ...etc) လေးခု ထဲက
တစ်ခုရွေးပြီး အောက်ခြေမှာ set လုပ် ပြန်ကြည့် ...အဲဒီ ၄ ခုထဲက မှ ကိုယ်ကြိုက်တဲ့ အတိုင်းထားလိုက်ပါ..

tinmyo
05-29-2010, 03:51 PM
ကိုပါကြီးရေ ဒီခေါင်းစဉ်အောက်မှာ 3ds max သင်တန်းဘယ်မှာတက်ရင်ကောင်းမလဲ၊ ဘာမှမတတ်ပဲပိုက်ဆံကုန်မှာစိုးလို့ပါ ဆိုတဲ့အသံတွေကြားနေရပါတယ်။ ကိုပါကြီးလဲရှေ့ပိုင်းမှာရှင်းပြထားတာတွေရှိပါတယ်။ စတင်လေ့လာမယ့်ညီအကိုမောင်နှမတွေအတွက် ကျွန်တော့်အတွေ့အကြုံလေးကိုဖြည့်စွက်ပြီး လက်ဆင့်ကမ်းချင်ပါတယ်၊ကျွန်တော့်က 3ds max ကိုစပြီး studyလုပ်တာ internet က tutorial တွေဖတ်ပြီး လုပ်တာပါ။ ပြီးတော့ Scanline Rendering နဲ့ တစ်နှစ်လောက် အလုပ်ထဲမှာလုပ်ပါတယ်။အလုပ်ရှင်ကလဲ
လက်ခံတယ်။လုပ်ခွင့်ရတယ်ပေါ့ဗျာ။ဒါပေမယ့်ကျွန်တော့် output ကိုကျွန်တော်အားမရဘူး။အဲဒီတော့သင်တန်းတက်မယ်ပေါ့ဗျာ။သင်တန်းတွေစုံစမ်းတယ်။ဈေးအကြီးဆုံးဆိုတဲ့သင်တန်းကိုတက်တယ၊် ၁၅၀၀၀၀ (တစ်သိန်းခွဲ)ပေးရတယ်၊ငွေစကားပြောနေတာမဟုတ်ပါဘူး။အများကြီးလိုချင်လို့အများကြီးပေးခဲ့တာကိုပြောတာပါ။သင်တန်းကသုံးလတက်ရတယ်။ကျွန်တော်မျော်လင့်သလောက်မရခဲ့ဘူး။ကျွန်တော်မကျေနပ်ဘူးသင်တန်းတွေထပ်စုံစမ်းတယ်။တက်ဖို့မဟုတ်ဘူး။သူတို့တွေဘာတွေ
ဘယ်လိုသင်တယ်ဆိုတာသိချင်လို့၊သင်တန်းကြော်ငြာတွေကတော့သူတို့သင်တန်းပြီးရင် hollywood မှာ visuailizer လုပ်လို့ရလောက်တဲ့အထိပဲ (နဲနဲပိုပြောတာ)။သူတို့သင်ရိုးတွေ သူငယ်ချင်းတွေကတဆင့်ယူကြည့်မိတယ်။အားလုံးထူးမခြားနားတွေကြီးပဲ။အဲဒီတော့အားလုံးကိုပြောချင်တာက သင်တန်းမှန်ရင် intro သာသာပဲရမယ်။ဘယ်လောက်လုပ်နိုင်သလဲ ဆိုတာကတော့အတွေ့အကြုံပေါ်မှီတယ်။များများလုပ်လေ အခက်အခဲတွေများများတွေလေ များများသိလေပဲ။နောက် learning ခွေတွေဝယ်ကြည့်ပါ။ကျွန်တော်အားရင်လဲခွေတွေပြန်ကြည့်ပြီး ဘယ်ခွေကောင်းတယ်ဆိုတာ ခွေနံပါတ်နဲ့တကွပြောပြပေးပါမယ်။