PDA

View Full Version : Governer အကြောင်းသိချင်လို့ပါခင်ဗျာ။



တာရာပွလေး
01-01-2009, 05:01 PM
projectတခုမှာ test run သွားလုပ်တုန်းကဖြစ်ပါသည်။စက်တွေမောင်းနေတုန်း gen set ကအသံတက်လိုက်ကျလိုက်ဖြစ်၍(ဖရီကွန်စီရော၊ဗို့ရောခုန်နေသောကြောင့်)စက်များရပ်လိုက်ရပါသည်။ gen set က cummins eng နဲ့တွဲထားတာပါ။ကျွန်တော်က fuel filter ကြောင့်ဟုယူဆသောကြောင့်လဲခိုင်းပြီးပြန် run လဲမထူးခြားပါ။ကျွန်တော့အထက်ကိုပြောပြသောအခါမှတ်ချက်ကို fuel pump ကြောင့်ဟုရေးပေးလိုက်ရာဆရာကအသံတက်လိုက်ကျလိုက်ဖြစ်ခြင်းသည် governor ကြောင့်ုပြောပါသည်။
ကျွန်တော် governor အကြောင်းကိုကောင်းကောင်းမသိပါ။ဝန်ခံရရင်Alternator side မှာလား engine side မှာလားဆိုတာတောင်မသဲကွဲဖြစ်နေသောကြောင့်တတ်သိနားလည်သောဆရာကြီးများရှင်းပြပေးစေချင်ပါသည်။ :D

Nay Win
01-02-2009, 06:51 PM
၁။ Engine တခု မှာ အလုပ် (load) များလာ ရင် ဆီ(Fuel)များများလိုပါတယ်။
၂။ Load များလာရင် Engine လည်ပတ်နုံး နှေးသွားပါတယ်။

အထက်ပါ ၂ ချက် က governer ရဲ့ အခြေခံပါ။
governer က Auto ဆီ(Fuel) အနည်းအများ ချိန်ပေးပါ တယ်။

Simple governer is constructed by centrifugal force and counter spring force.
Adjusting governer means adjuxting the counter spring force.
there will be 2 wegihts and if speed is fast weights will go far away from spindle by centrifugal force. that will be counter by spring. fast response and slow depends on the adjustment of that counter spring.

if speed is slow because of higher load (2), centrifugal force is going down and mechanism will rotate the plunger in fuel injector to higher fuel delivery postion.
That is brief function of of governer.

Dont adjust your self send to specialist. Mecahnics never do it himself. Injector ချိန်တဲ့ shop တွေရှိပါတယ်။

နေ၀င်း

nyiwin01
01-02-2009, 09:44 PM
u can read about governor here...
but its explain about Mechanical Governor and Pneumatic Governor.
http://faqs.custhelp.com/cgi-bin/faqs.cfg/php/enduser/std_adp.php?p_faqid=3425

here for Hydraulic Governor.
http://www.tpub.com/content/construction/14264/css/14264_167.htm

i'm sorry! ;D i can't find the link for the Electric Governor ;D ;D

Little3278
01-02-2009, 09:47 PM
ကိုနေဝင်းရှင်းပြသလိုပဲ governor တစ်ခုကို centrifugal force and counter spring force တို့ကိုအခြေခံပြီးတည်ဆောက်ထားပါတယ်။ governor ကို machine တော်တော်များများမှာ သီခြားရည်ရွယ်ချက်အလိုက်အသုံးပြုပါတယ်။ အသုံးပြုတဲ့ fluid ပေါ်မူတည်ပြီးလဲ governor အမျိုးမျိုးရှိပါတယ်။ ကျွန်တော့်အနေနဲ့ အခုလောလောဆယ် ကိုးကားစရာစာအုပ်မရှိတဲ့အတွက် ကျောင်းတုန်းကသင်ခဲ့တာကိုမှတ်မိသလောက်ပြောပြပေးပါမယ်။ အမှားပါရင် ခွင့်လွှတ်ပေးပါပါ။
ပထမဦးစွာ weight ရှိတဲ့အရာတစ်ခုကို ကြိုးချည်ပြီး လွှဲကြည့်ပါ။ အဲဒီအလေးဟာ ဗဟိုကနေခွာပြီး အဝေးကိုထွက်ခွာဖို့ ကြိုးစားနေသလို အပေါ်ကိုလဲ တက်လာပါလိမ့်မယ်။ လည်ပတ်နေသောအရာအားလုံး Right Hand Rule ကိုလိုက်နာကြပါတယ်။

http://img353.imageshack.us/img353/2237/180pxrighthandrulecr8.png http://img87.imageshack.us/img87/8209/450pxparachutistrx3.png

အောက်ကပုံကိုကြည့်ပါ။ ဘယ်ဘက်ကပုံမှာ ball နှစ်လုံးကို arm နဲ့ချိတ်ထားပါတယ်။ အပေါ်မှာ arm အသေးနှစ်ခုကိုတွေ့ရပါလိမ့်မယ်။ arms အသေးနှစ်ခုဆုံတဲ့နေရာဟာ ရွေ့လျားနိုင်သော(movable) slide ပါ။ အဲဒီ joint ကနေ ညာဘက်က ပုံမှာပါတဲ့ valve အဖွင့်အပိတ်ထိကို mechanism link တွေနဲ့ ဆက်ထားပါတယ်။ ပုံနှစ်ခုကြားက arm အရှည်ရဲ့အလယ်က သစ်သားဟာ center of moment ပါ။ ဘယ်ဘက်အစွန်းကနိုမ့်ရင် ညာဘက်အစွန်းက မြင့်တက်လာပါလိမ့်မယ်။ ညာဘက်အစွန်းက မြင့်တက်လာတာနှင့်အမျှ valve ဟာပိတ်သွားပါလိမ့်မယ်။ ဘယ်ဘက်ကပုံရဲ့အောက်ဆုံးမှာ pulley groove ကိုတွေ့ရပါလိမ့်မယ်။ အကယ်၍ အဲဒီ pulley ကို rotation တစ်ခုပေးလိုက်ရင် ball နှစ်လုံးဟာ လည်ရင်းအပေါ်ကိုတက်သွားပါလိမ့်မယ်။ ball နှစ်လုံးတက်လိုက်ကျလိုက်ဖြစ်တိုင်း arms တွေလှုပ်ရှားနေတဲ့အလျှောက် valve ဟာအပိတ်အဖွင့် လုပ်နေပါလိမ့်မယ်။

http://img396.imageshack.us/img396/8494/centrifugalgovernoroq0.png

အရာရာတိုင်းမှာ limitation ရှိပါတယ်။ ဒါကိုပြန်ထိန်းဖို့အတွက် spring တွန်းကန်အားကို သုံးပါတယ်။ spring ဆိုတာ ဖိထားလေ ပိုပြီးတွန်းကန်လေပါပဲ။ spring length ကို screw နဲ့ ဖိပြီး တိုထားရင် spring ရဲ့တွန်းကန်အားက ပိုများပါလိမ့်မယ်။ screw ကိုလျော့ထားရင်တော့ တွန်းကန်အားလျော့နေပါလိမ့်မယ်။ ဒီနည်းနဲ့ limitation ကို ချိန်နိုင်ပါတယ်။
အခုခေတ်မှာတော့ အသုံးပြုတဲ့အင်ဂျင်၊ အလုပ်ပေါ်မူတည်ပြီးတော့ အမျိုးမျိုးသော control unit တွေပေါ်နေပါပြီ။ ဒါကအခြေခံပါ။ ကျွမ်းကျင်စွာ adjust လုပ်နိုင်ဖို့အတွက် maintenance စာအုပ်တွေကို များများလေ့လာပေးပါ။
little3278

William Paul
01-03-2009, 11:18 AM
links for the Electric Governor
http://www.freepatentsonline.com/4034725.html
and
http://www.freepatentsonline.com/4425889.html

တာရာပွလေး
01-03-2009, 01:36 PM
ခုလိုရှင်းပြပေး၊link များတင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးပါ။
governor အကြောင်းကိုတော့နဲနဲနားလည်သွားပါပြီ၊သူက fuel pump နဲ့ဆက်စပ်နေတယ်ဆိုတဲ့သဘောပေါ့နော်၊
fuel pump နဲ့ဘယ်လိုမျိုးဆက်စပ်နေတယ်ဆိုတာအသေးစိပ်လေးလုပ်ပါအုံးဗျာ၊(ကျွန်တော်ကနဲနဲဝေးလို့ပါ) :D
engine ပိုင်းမှာရေးထားမလားသွားကြည့်သေးတယ်ဗျ၊မတွေ့လို့ပါ။ ???

Nay Win
01-03-2009, 03:26 PM
Cummin မှာ pressure time governer သုံးပါတယ်။
Internet မှာ စာအုပ် နမည် နဲ့ ရှာကြည့်ပါ။

နေ၀င်း

htinlin
01-06-2009, 11:35 PM
------
fuel pump နဲ့ဘယ်လိုမျိုးဆက်စပ်နေတယ်ဆိုတာအသေးစိပ်လေးလုပ်ပါအုံးဗျာ၊.......
engine ပိုင်းမှာရေးထားမလားသွားကြည့်သေးတယ်ဗျ၊မတွေ့လို့ပါ။ ???

ဆရာဦးအုန်းမြင့် (ဒီဇယ်) ရေးတဲ့ ဒီဇယ်အင်ဂျင် စာအုပ်မှာတော့တွေ့ မိတယ်....။ Fuel Injection Pump အကြောင်းရေးထားတဲ့ Chapter ထဲမှာပါမယ်ထင်တယ်...။
အမှန်တော့ Governor ဆိုတာက Engine အားလုံး လိုလိုမှာပါတယ်ထင်တယ်ဗျ ..။ သူ့ ရဲ့ function က ဆီကျွေးတာ ပုံမှန်လေး
ဖြစ်နေအောင် ( သတ်မှတ်ထားတဲ့ Speed တစ်ခုမှာနော်) လုပ်တာပါပဲ ...။ သတ်မှတ်လည်နှုန်းထက် ပိုမြန်ရင် Governor က ၀ိတ်
တုံး လေး (၂ ခု) က ကားထွက်လာပြီး ဆီ အပေါက်ကို ကျဉ်း သွားအောင် လုပ်ပေးတာပဲ... ။

အကြမ်းဖျဉ်းကတော့ ဒီလောက်ပဲ ဗျ .... ။ တကယ့်လက်တွေ့ မှာတော့ အတွေ့ အကြုံရှိမှ ပြင်နိုင်လိမ့်မယ် .... ။

zaw moe myint
03-28-2009, 06:04 PM
အခုမှအသင်းဝင်ပြီးဖတ်ဖြစ်တာပါ...‌ေ ဆြး‌ေ နြးထားတာ‌ေ တြဖတ္ရတာ ဗဟုသူတရသလို မသိ‌ေ သးတာလဲ သိရတာ‌ေ ပါ့...ဂါဗနာဆိုတာ အဂ္လိပ္စာအတိုင္ း
‌ေ ျပာရရင္အုပ္ခ်ုပ္သူ‌ေ ပါ့...ဒီဇယ္အင္ဂ်င္‌ေ တြကို ကွန်ပရက်ရှင်း အင်ဂနိုက်ရှင်းအင်ဂျင်လို့ေ ခ်ါပါတယ်...compression ignition engine...ဆလင်ဒါအ
တွင်းေ လကို ဖိသိပ်သွင်းလိုက်ပြီးအပူချိန်တက်လာတဲ့အချိန်မှာ ဒီဇယ်ဆီကို ‌ေ နာ္ဇယ္က အမွုန္‌ေ လး‌ေ တြအျဖစ္ဖြာ‌ေ ပးျပီးမီး‌ေ လာင္ ‌ေ ပါက္ကြြဲကာ ပါဝါ
ရရွိတာပါ...ပါဝါမ်ားမ်ားရဖိုံ ဒီဇယ္ဆီမ်ားမ်ား‌ေ ပးရပါတယ္...‌ေ လစစ္နဲ့ ‌ေ လအဝင်ပိုင်းမှာ ပြသနာမရှိရင်ေ ပါ့...ဆီအနဲအများကို ဒီဇယ်ပန့်က လုပ်ေ ပးပါတယ်.
ပလန်ဂျာကေ ပါ့..အဲဒ်ီပလန်ဂျာကို မှ...ခုနဂါဗနာက ထိန်းချုပ်ထားတာပါ...စက်စနိုးတဲ့အချိန်မှာ ဆီပန့်ကို ဆီအများကြီးေ ပးခိုင်းပါတယ်...စက်နိုးတာနဲ့ ဂါဗနာ
ဝိတ်တုန်းက စက်ရပ်တဲ့ ဘက်ကို ဆွဲသွားပါတယ်...အဲဒီမှာ စက်မ၇ပ်ေ အာင်...ကြိုတင်သက်မှတ်ထားတဲ့စက်ပတ်ရည်မှာ စက်ငြိမ်ေ နေ အာင် လီဗာကို ချိန်ထားရပါတယ်...မီးစက်ေ တွမှာေ တာ့ စက်နို့းပြီး အင်ဂျင်ဝိုင်ပရက်ရှာတက်လာတာနဲ့ သူသက်မှတ်ထားတဲ့ စက်ပတ်ရည်ေ ရာက်ေ အာင်တက်သွားပါတယ်
ဝန်အနဲအများေ ပ်ါမူတည်ပြီး စက်ေ တွက အတက်အကျဖြစ်ပါတယ်.....အဲဒီလိုမဖြစ်ေ အာင် ဂါဗနာက ကစားပြီး ဝန်ေ ပ်ါမူတည်ပြီး စက်ပတ်ရည်ငြိမ်ေ အာင်
ဆီပမာဏကို ထိန်းေ ပးတာပါ.....cummin အင်ဂျင်ေ တွမှာ ဒီဇယ်ပန့်က ဆီလွှတ်ေ ပးပြီးေ န်ာဇယ်ေ တွကို ကမ်က တလုံးချင်းရိုက်တဲ့ ယူနစ် အင်ဂျက်တာ
ေ တွသုံးတာများပါတယ်...ဂါဗနာက electronic governorေ တွ များပါတယ်...စက်ပတ်ရည်ကို sensor က ပို့ေ ပးပါတယ်...စက်ပတ်ရည်မငြိမ်ရင်ေ လ
စစ်ေ လဝ မဝ အရင်စစ်ပါ၊ ပြီး ဆီစစ်ေ တွကို လဲပါ၊ဆီကို ‌ေ လမခို‌ေ အာင္ခ်ူ‌ေ ပးပါ...ဒီဇယ္အင္ဂ်င္က ‌ေ လခိုမွာ ‌ေ ကြာက်ပါတယ်...ေ လကုန်ေ အာင် ချူပါ..
သိသမ်ွ‌ေ ဝမ်ွတာပါ......

rememberance
05-14-2009, 09:39 PM
ပြပြေရ ;D
ကျွန်တော်သိတာ ၁ ခုတော.ပြောပြမယ်နော်။
ပွပွပြောတဲ့ test run တုန်းက engine က Diesel or natural gas engine ?
ဘာလို.လဲဆိုတော့ကျွန်တော်သိသလောက်တော့ cummin engine က diesel နဲ. natural gas engine ဆိုပြီး ၂ မျိုး ရှိပါတယ်။
diesel ဆိုရင်အဖြစ်များတာက ko zaw moe myint ပြောခဲ့သလိုပဲဗျ air filter တွေ diesel filter တွေကိုအရင်ဆုံးစစ်ဆေးပေးသင့်တယ်။
diesel filter လဲပြီးရင်လဲလေကုန်အောင်ချူပေးသင့်တယ်။
natural gas engine ဆိုရင်တော့ပထမဆုံး gas pressure ကိုစစ်ကြည်.ပါ။
pressure နဲရင်လဲ gas နဲ. air နဲ. ratio မမျှပဲဖြစ်တတ်ပါတယ်။
အဲ့ဒီလိုဆိုရင်တော. engine အသံက လေသံပါပြီး ဘုတ်ဘုတ် ဘုတ်ဘုတ် ဆိုပြီးမော်တော်မောင်းသံလိုမြည်ပြီး power ထိုးကျသွားတတ်ပါတယ်။
မြန်မာပြည်မှာတော.ဗျာဝပ်ရှော.ဆရာတော်တော်များများကတော. diesel engine ထွေပြီဆိုရင် governer ကိုခေါင်းစဉ်တပ်ကြတယ်ဗျ။
ပြီးမှ governer လုပ်ရင်း filter တွေ ကို ၁ ခါ တည်းလဲ ပြစ်တတ်ကြတယ်။
diesel engine က air filter တွေ fuel filter တွေ engine oil တွေ ပုံမှန်လဲပေးမယ်ဆိုရင်တော့ထွေခဲပါတယ်။
heat ကိုလဲသတိထားပေါ့ဗျာ။တော်ကြာ heat တအားတက်ပြီး gasket တွေပေါက် bearing တွေဖမ်းဖြစ်ကုန်တတ်တယ်။
engine သံအတက်အကျဖြစ်တိုင်း governer ကြောင့်လို.တရားသေမမှတ်ယူသင့်ပါဘူး။
မှားသွားတာပါရင်ခွင့်လွှတ်ပေးပါခင်ဗျ။ :)

တာရာပွလေး
05-15-2009, 11:15 AM
ကျေးဇူး..ကိုသုန်... :D
တလက်စထဲ Cumminီdiesel engine ရဲ့ Fuel pump system လေးအကြောင်းပါတခါထဲပြောပြပေးပါလား....တခြား pump အမျိုးအစားတွေနဲ့ဘယ်လိုကွာခြား
တယ်..အားသာချက်..အားနဲချက်တွေပေါ့ဗျာ..အဲဒါလေးသိချင်လို့ပါ.. :D

zaw moe myint
05-15-2009, 01:20 PM
ကို တာရာပြ‌ေ လး‌ေ ရ..မအားတာနဲ့ မဝင်ဖြစ်တာ ကြာပြီမို့ ...သိတာ‌ေ လး‌ေ တြ ‌ေ ပြာပြချင်လို့ အချန်နဲတဲ့ အထဲက ဝင်လိုက်တာပါ..ဒီဇယ်အင်ဂျင်ကို ပဲ အ
ေ ခြခံေ ပြာပြတာပါ..ဘာလို့လဲဆို ‌ေ တာ ့က်‌ေ နာ္တို့ ဌာနမွာ ဒီဇယ္အင္ဂ်င္အသုံးမ်ားလို့ လက္‌ေ တြ့က်‌ေ အာင္လို့ပါ..က်‌ေ နာ္တို့ဆီမွာ အင္ဂ်င္‌ေ တြ ဂါဗ
နာ‌ေ တြကို မက်ကယ်နီကယ် နဲ့ ဟိုက်ေ ဒြာလစ်ေ တွကို အသုံးများပါတယ်...ဟိုက်ေ ဒြာလစ်ဆိုေ ပမဲ့ ဝိတ္တုံးပါ‌ေ သး‌ေ တာ့ မက္ကယ္နိကယ္နဲ့‌ေ တာ့
မကင်းပါဘူး...ဝိတ်တုံးကို စပရင် အစား ဆီနဲ့ အဖွင့်အပိတ် လုပ်ေ ပးပြီး စက်ကို ထိန်းေ ပးတာပါ..အင်ဂျင်တစ်လုံးကို စနိုးတဲ့အခါ ဖြူရယ်ပန့်ကို ဆီအများဆုံး
‌ေ ပးတဲ့အ‌ေ နအထားမွာ ထားပါတယ် ..ဒီဇယ်ပန့် မွန္သမ်ွ‌ေ ပါ့...စက္အနို း‌ေ ကာင္း‌ေ အာင္လို့ပါ...ဆီ‌ေ ပးတာ နဲ‌ေ နရင္ စက္အနိုးမ‌ေ ကာင္း‌ေ တာ့ပါဘူး
စက္နိုးတာနဲ့ စက္ က ဆီအမ်ားဆုံ းကို ‌ေ ပးထား‌ေ တာ ့စက္ပတ္ရည္ထိုးတက္ ‌ေ တာ့တာ‌ေ ပါ့...အဲဒီမွ ာ ဂါဗနာမ‌ေ ကာင်းရင် စက်ပတ်ရည်များပြီး ပြုတ်
စရာရွိတာ‌ေ တြ ျပုတ္ထြက္ကုန္တာ‌ေ ပါ့....ဒါ‌ေ ပမဲ့ အဲဒီလိုမျဖစ္‌ေ အာင္ ဂါဗနာက ဝိတ္တုံး‌ေ တြ ကားပြီး ဖြူ၇ယ်ပန့်က ဆီ‌ေ ပးတာကို ‌ေ လ်ာ့‌ေ မးတာ‌ေ ပါ့..
ဘယ္‌ေ လာက္ထိ‌ေ လ်ာ့သလဲဆို ရင္ သတ္မွတ္ထားတဲ့ လီဗါကို တင္ထားသ‌ေ လာက္‌ေ ပါ့...လီဗါတင္မထားရင္‌ေ တ ာ့စက္ရပ္တဲ့ဘက္ကို ဆြဲသြားတာ‌ေ ပါ့..အဲဒီအခ်ိန္မွာ စက္ကို လိုသလို လီဗါနဲ့ တင်လို့ရပါပြီ..လီဗါတင်တယ်ဆိုတာကလည်းဝိတ်တုံးကားတာကို လိုသလို ထိန်းေ မးတာပါပဲ....အထည်ချုပ်စက်
ရုံတို့ စက်ပတ်ရည် ဇရီကွမ်စီ အ‌ေ သထားရမဲ့ စက္ရုံ‌ေ တြမွာ ‌ေ တာ ့စက္ပတ္ရည္ ကို အ‌ေ သရ‌ေ အာင္ အီလက္ထ‌ေ ရာနစ္ ဂါဗနာ‌ေ တြကို အသုံးျပျုကပါ
တယ်....အီးအက်အိုင် ကား‌ေ တြမွာ သုံးတဲ့ သ‌ေ ဘာမ်ိုးပါပဲ....ဆီကို လိုသလို ထိန္းခ်ုပ္‌ေ ပးတာပါပဲ......‌ေ တာ္‌ေ သးျပီ‌ေ နာ္ သြားစရာ‌ေ လးရွိ‌ေ နလို့ပါ..
အမွားပါရင္လျဲပင္‌ေ ပးကြပါ....

rememberance
05-16-2009, 12:18 PM
ကဲကိုကိုပွပွရေ
ကျွန်တော် သိပ်မအားသေးလို.မရှင်းပြပေးနှိုင်တာခွင့်လွှတ်ပါ။
ဒါပေမယ့်ဒီ link လေးမှာတော့သွားပြီးလေ့လာနှိုင်ပါတယ်။
http://www.google.com/search?hl=en&q=Fuel+pump+system+for+cummin+engine&btnG=Search&cts=1242490066078 ;D

soewaimaung
01-03-2010, 01:36 PM
ကျွန်တော် က ပန့် နော်ဇယ် ကို သုံး နှစ်လောက် လက်တွေ့ လုပ် ခဲ့ ဘူးပါတယ်
သိသလောက်လေးပြောပြချင်ပါတယ်
အင်ဂျင်တတ်လိုက် ကျလိုက် ဖြစ်တာ က များသောအားဖြင်ံ့ ဂါဗနာ ကြောင့် ပါ
အင် ဂျင် ဟာ Load များလို့ အပတ်ရေ ကျ သ၊ွားတဲ့ အချိန် မှာ Flyweights တွေဟာ အတွင်းကို စု သွားပါတယ်
အဲဒီအခါ မှာ Control Rack က ရှေ့ ကို ရွေ့ သွားပြီး plunger ရဲ့ helix ကို ပြောင်းသွားစေပြီး ဆီ ကို များ များပန်းသွင်း စေပါတယ်
အင်ဂျင် ဟာ load ကို ကောင်းကောင်း ထမ်းနိုင်ပါတယ်
Flyweight ကို ထိန်းထားတဲ့ spring ကို ချိန်ညိခြင်းမှားနေရင် လည်း အင်ဂျင်သံဟာ မငြိမ်ပါဘူး
ဒါကို Pump Test Stand ပေါ်မှာ ချိန်မယ်ဆိုရင်တော့ အကောင်းဆုံးပါ
အင်ဂျင်ပေါ်မှာလဲ ချိန်ညိ ယူနိုင်ပါတယ်
ဆက်လက်ပြောပြပါမယ.။

Hla Min Maung
01-03-2010, 09:52 PM
HAPPY NEW YEAR ပါ ကိုတာယာပွလေးရေ
ဒီပိုစ့်ကတစ်နှစ်ပြည့်ပြီနော်...
GEN SET လဲပြင်ပြီးရောပေါ့
ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်သိသလောက် ပါဝင်ဆွေးနွေးပါရစေ...

ယခင်က Governor ဆို ယင် Mechanical, Vacuum and Hydraulic သုံးမျိုးကို ယျေဘူယျသုံးပြီး Mechanical + Vacuum and
Mechanical + Hydraulic တွဲဖက်သုံးထား တာလည်း တွေ့ရပါတယ်။
ယခုအခါ Mechanical Governor ကို Electronic control များ တပ်၍ Control Module ကို Injection Pump တွင်ပင်တပ်ဆင် အသုံးပြုသည်ကို
တွေ့လာရပါတယ်။ ကျနော်တို့အနေနဲ့ Governor ကို Test bench မရှိဘဲအလွတ်ချိန်လို့မရပါဘူး။
အဲဒီတော့ ကိုတာယာပွလေးရဲ့ CUMMINS ENGINE GOVERNOR အကြောင်းဆွေးနွေးဖို့ ENGINE MODEL , FUEL SYSTEM ,
TYPE OF INJECTION PUMP စသည်ဖြင့် အချက်အလက်ကလေးတွေ ရယင်တော့ အနီးစပ်ဆုံး ဆွေးနွေးလို့ရတာပေါ့ ဒါပေမဲ့ မရှိတော့လည်း မရှိသလို Internet အားကိုးနဲ့ဆွေးနွေးကြတာပေါ့...
http://technomachinetools.com/yahoo_site_admin/assets/images/Cummins_PT_Series_Fuel_Pump_lg.107170132.jpg(က) PT PUMP
http://www.americandieselservice.com/catalog/images/Pumps/dodge_cummins_fuel_pump.jpg(ခ) ROTARY INJECTION PUMP WITH ELECTRONIC CONTROL
http://www.armedforces-int.com/upload/image_files/suppliers/images/companies/2506/diesel-injection-pumps.jpg(ဂ) MULTI PUMP

ကျနော်ပန့်ပုံသုံးခုတင်ပေးထားပါတယ် (က) PT PUMP (ခ) ROTARY INJECTION PUMP WITH ELECTRONIC CONTROL (ဂ) MULTI PUMP
တို့ဖြစ်ပါတယ်။ (ခ) နှင့် (ဂ) က Cummins မဟုတ်ပါ နမူနာအဖြစ်ဖေါ်ပြထားတာပါ။ PT PUMP တွင်လည်း Electronic Control တပ်ဆင်ထားတာရှိပါတယ်။

ဆက်ရန်

Hla Min Maung
01-04-2010, 11:21 PM
(က) PT PUMP ( K Series Engine K 19 )
http://upload.ecvv.com/upload/Product/200910/China_Cummins_K19_Series_Diesel_Generator_Set_375KVA_688KVA200910238275910.jpg

(ခ) ROTARY INJECTION PUMP WITH ELECTRONIC CONTROL ( မသိပါ )
http://www.competitiondiesel.com/forums/geek/gars/images//1/3/2/0/7/cummins_engine_53.jpg

(ဂ) MULTI PUMP ( B Series Engine )
http://www.diesel-engine.cn/CUMMINS/Engine/CUMMINS-B-Series-Engine.jpg

ဖေါ်ပြပါပုံများမှာ CUMMINS Engine များဖြစ်ပါတယ် မနေ့ကဖေါ်ပြခဲ့တဲ့ Pump များသက်ဆိုင်ရာ Engine များမှာတပ်ဆင်လျှက်တွေ့ ရပါမယ်။
ဒီနေ့ အင်ဂျင်ပုံတွေကြည့်ပြီး ဆက်ဆွေးနွေးကြရအောင် ....
ကိုတာယာပွလေး ရဲ့ စက်တွေမောင်းနေတုန်း gen set ကအသံတက်လိုက်ကျလိုက်ဖြစ်၍(ဖရီကွန်စီရော၊ဗို့ရောခုန်နေသောကြောင့်)စက်များရပ်လိုက်ရပါသည်။
ဆိုတဲ့ကိစ္စကို အင်ဂျင် တမျိုးစီပေါ်မှာဆွေးနွေးပါမယ် ဒီတော့ပစ်ရဲ့ဘောင်ကို ကျော်သွားခဲ့ယင်လည်း တောင်းပန်ပါတယ်။

ပုံ (ဂ) MULTI PUMP ( B Series Engine ) ကိုစပြီးဆွေးနွေးပါမယ်။ (၁)သိသင့်တာက ရပ်ထားတဲ့အချိန်ရယ် ဘာကြောင့်ရပ်ရတာလည်းဆိုတာရယ်။
ရပ်ထားချိန်တစ်လ အင်ဂျင်ပြဿနာမရှိ ဆိုပါစို့ ၊ (၂) ဒီဇယ်လိုင်းမှာ ရေနဲ့အညစ်အကျေး ရှိမရှိ Fuel Filter ကိုဖြုတ်စစ်ပါမယ် (၃) ရေနဲ့အညစ်အကျေး ရှိယင်
Filter လဲရပါမည် Fuel Tank ကိုလည်း စစ်ဆေး ၍လိုအပ်ပါကသန့်ရှင်းရေးလုပ်သင့်ပါသည် (၄) Fuel Pump အဝင်ပိုက်ခေါင်း ထိပ်ရှိ လက်သန်လုံးခန့် ဇကာ
တွင်ပိတ်ဆို့တတ်သည် ဖြုတ်စစ်ရပါမည် (၅) Hand Pump ကိုရိုက်၍လေချူပါ လေကုန်လျှင်လေချူခေါင်းပိတ်၍ Hand Pump ဆက်ရိုက်ပါ Pressure Regulator
ကိုဆီတိုးထွက်သံကြားပြီးတမိနစ်ခန့် ဆက်ရိုက်ပေးပါ Hand Pump Lock လုပ်ပါ (၆) ဆီယိုစိမ့်ခြင်းရှိမရှိပြန်လည်စစ်ဆေးပါ စက်နှိုးပြီးထပ်မံစစ်ဆေးပါ (၇) စက်နှိုး
လျှက် Nozzle ပိုက်ခေါင်းတစ်ခုစီတစ်ခုစီ လျော့၍ Nozzle ( Injector ) တိုင်းကိုစမ်းသပ်ပါ ပိုက်ခေါင်းတစ်ခု လျှော့တိုင်း Nozzle တစ်ခုရပ်သွားကာ Engine သံ
ပြောင်း သွားရပါမည် သို့မဟုတ်ပါက ၎င်း Nozzle တစ်ခု အလုပ်မလုပ်၍ဖြစ်သည်။ (၈) တစ်မှခုနှစ်ထိ စစ်ဆေးပြီး ပြဿနာတစုံမရှိခဲ့လျှင် GOVERNOR ပြဿနာ
ဟုယူဆပါ Injection Pump နှင့် Nozzle ကို အတူတကွ စစ်ဆေးပြု ပြင်ရန်ဆုံးဖြတ်ပါ။

ဆက်ရန်

soewaimaung
01-05-2010, 12:11 PM
ကျေးဇူးတင်ပါတယ် ကို လှမင်းမောင်
တစ်ခုလောက်မေးချင်လို့ပါ ၊ ကျွန်တော် လက်တွေ့လုပ်နေတဲ့ အချိန်မှာ ကားတစ်စီးတွေ့ခဲ့ ပါတယ် ။ 1 KZ အင်ဂျင်ပါ ။ သူ့အပြစ်ကဗျာ အင်ဂျင်ကို နိုးရင်တော့ လွယ်
တယ်ဗျ ။ ဒါပေမယ့် lever ကို ဘယ်လောက်နင်းနင်း Engine Power ကတတ်မလာဘူး ။ ကျွန်တော် လည်း အစက တော့ Nozzle ပိတ်တယ်ထင်ပြီး Nozzle
ကို ဖြုတ်လိုက်ပါတယ် ။ နောက်ပြီး Nozzle Tester နဲ့ ချိန် ညှိ တဲ့ အခါမှာလည်း ကောင်းမွန်တာကို တွေ့ ၇တယ် ။ ဒါကြောင့် Injection Pump ကို ဆက်ပြီးဖြုတ်
လိုက်ပါတယ် ။ Test stand ပေါ်မှာ စမ်းသပ်တဲ့အခါမှာလည်း အပြစ်မတွေ့ပါဘူး ။ EFI Engine ဖြစ်နေတဲ့အတွတ် electrical ပိုင်းက အပြစ်များဖြစ်နေမလား လို့ ထင်
မိပါတယ် ။ ဒါမှမဟုတ် ကျွန်တော်မသိတဲ့ အချက်တွေရှိရင် ပြောပြ ပေးပါအုံး ၊
ကျေးဇူးတင်ပါတယ်

Hla Min Maung
01-06-2010, 01:02 AM
EFI Engine ဖြစ်နေတဲ့အတွတ် electrical ပိုင်းက အပြစ်များဖြစ်နေမလား လို့ ထင်
မိပါတယ် ။

ကိုsoewaimaung ရေ ခင်ဗျားပြောတာ ဒီအင်ဂျင်နော်
http://www.japaneseusedcar.ca/img/kznsurfenginebay01.jpg
သူ့ရဲ့ Fuel System ကို ELECTRONIC CONTROL DIESEL ( ECD ) လို့ခေါ်ပါတယ် ECU Electronic Control Unit ( ကားကွန်ပျူတာလို့ခေါ်ကြတာကြားဖူး )
တခုပါဝင်ပြီး Self Diagnostic System ၎င်း ECU မှကိုယ်တိုင်အပြစ်ရှာဖွေပေးတဲ့စံနစ် တပ်ဆင်ထားပါတယ်
http://www.myanmarengineer.org/forum/index.php/topic,6010.msg42265.html#msg42265
ဒီလင့်မှာ မှာ Self Diagnostic System အကြောင်း မကြာခင်က ဆွေးနွေးထားပါတယ်။
ECU ကသာမန်အချိန်မှာ Sensor တွေကတိုက်ရိုက်ပေးပို့တဲ့ Live Data တွေနဲ့ အလုပ်လုပ်ပြီး ပြဿနာတစုံတခုကို စုံစမ်းသိရှိသည်နှင့် တဆက်တည်း
Error အဖြစ် ဆိုင်ရာ DTC Diagnosis Trouble Code ကိုဖေါ်ပြပေးပြီး Live Date မှ Dead Data ( Memory Chip တခုတွင်ထည့်သွင်းထားသည် )
သို့ပြောင်းလဲမောင်းနှင်ပါသည်။
ကိုsoewaimaung ရေ ခင်ဗျားပြသနာက ဒီနေရာမှာ...
Dead Data ( Memory Chip တခုတွင်ထည့်သွင်းထားသည် ) နဲ့မောင်းစေခြင်းက နီးရာ Service Center or Work Shop ကိုသွားနိုင်ရန်စီစဉ်ပေးထားတာပါ
မောင်းရယုံအခြေနေလေးပါ။
စက်နှိုးထားချိန် ဒိုင်ခွက်မှာ Check Engine or Service Engine Soon တခုခုလင်းနေပါမည်။
http://www.artsautomotive.com/classic/CheckEngineLightBanner.jpg
Manufacturer ရဲ့ညွှန်ကြားချက်အရဆိုယင် သူ့ရဲ့ Service Center or Work Shop ကိုသွားရပါမည်။
ကိုယ်တိုင်ပြင်ချင်ယင်တော့ Work Shop Manual လိုအပ်ပါတယ်။
DTC Diagnosis Trouble Code ကိုဖေါ်ပြပေးလိုက်ပါတယ်http://www.4x4toys.co.uk/images/4x4/tech/elec/diag.jpg

ဆန္ဒများစွာဖြင့်..

soewaimaung
01-06-2010, 11:19 AM
အထူးကျေးဇူးတင်ပါတယ် ကို လှမင်းမောင် ။ နောင်ကိုလည်း Injection System အကြောင်းကို ဆွေးနွေးပေးပါ အုံးလို့ ပြောချင်ပါတယ် ခင်ဗျာ။

Hla Min Maung
01-06-2010, 01:00 PM
အထူးကျေးဇူးတင်ပါတယ် ကို လှမင်းမောင် ။ နောင်ကိုလည်း Injection System အကြောင်းကို ဆွေးနွေးပေးပါ အုံးလို့ ပြောချင်ပါတယ် ခင်ဗျာ။


ဟုတ်ကဲ့ပါ ဝင်ရောက်ဆွေနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...
DTC Diagnosis Trouble Code ရယူနိုင်မဲ့နည်းလမ်းများကို အောက်ကလင့်မှာမကြာခင် ဆွေးနွေးပေးပါမယ်။ ခုချက်ခြင်းသိချင်ယင် အဲဒီက h27.pdf ကို
ဒေါင်းပြီးဖတ်ပါ
http://www.myanmarengineer.org/forum/index.php/topic,6010.30.html
အဲ့ဒီမှာ Petrol EFI အကြောင်းဆွေးနွေးချက်များ ဖတ်နိုင်ပါတယ်။
DEFI Diesel EFI , ECD Electronic Control Diesel အကြောင်း ဆွေးနွေး ဖြစ်အောင်ကျိုးစားပါ့မယ်။

ဆန္ဒများစွာဖြင့်..

soewaimaung
01-06-2010, 05:42 PM
ကျွန်တော်တို့ ဦးတည် ဆွေးနွေးနေတဲ့ လမ်းကြောင်းကနေ အနည်းငယ် တိမ်းစောင်းနေတယ်ဆိုရင် တောင်းပန်ပါတယ် ။ ကျွန်တော်သိချင်တာက ကျွန်တော်တို့ Pump ချိန်ကြတဲ့ အခါ တစ်ယောက်နှင့် တစ်ယောက် မတူညီတာ ရှိကြတာကို တွေ့ ရပါတယ် (မြန်မာ ပြည်မှာပါ ) ။ အဲဒါကတော့
Pump ချိန်တဲ့ အခါ မှာ ထားတဲ့ pump test stand ရဲ့ RPM ပါခင်ဗျာ ။ ဘယ်လိုထား ပြီး ချိန်သင့် တယ်လို့ ထင်ပါသလဲ ။ ဥပမာ များနဲ့ ရှင်းပြပေးစေလိုပါတယ် ။ ညီငယ်များလည်း ရှင်းရှင်းလင်းလင်း သိသွားအောင်ပါ ။နောက် ပြီး Governor ဆီဖြတ်တဲ့ RPM က ဘယ်လောက်ပါလဲ ။
ကျေးဇူးတင်ပါတယ်

အရည်အချင်း ပြည့်ဝသော မြန်မာမျိုးဆက်သစ်အင်ဂျင်နီယာ များအဖြစ်သို့ ရည်ရွယ်ရ်ျ

Hla Min Maung
01-17-2010, 10:10 PM
အလုပ်တွေပိနေလို့ ပြန်စာနောက်ကျတာ တောင်းပန်ပါတယ်...
Injection pump Calibration နဲ့ပတ်သက်ပြီးဆွေးနွေးနိုင်အောင်ကျိုးစားပါ့မယ်
ဒီနေ့တော့ 1KZ-T / 1KZ-TE engine Repair manual . ကိုပေးချင်ပါတယ်...
http://www.elphick-pooley.co.uk/pdf/Toyota_1KZ-TE_manual.pdf
တကယ်အလုပ်လုပ် နေသူအတွက် အလွန်အသုံးဝင်မှာပါ။
လေ့လာနိုင်ကြပါစေ

Hla Min Maung
01-24-2010, 05:04 PM
လမ်းနည်းနည်းချော်သွားတယ်...
စိတ်မရှိကြပါနဲ့နော်
(ခ) ROTARY INJECTION PUMP WITH ELECTRONIC CONTROL ( မသိပါ ) ကိုဆက်ဆွေးနွေးကြရအောင်
အကယ်၍ ROTARY INJECTION PUMP WITH ELECTRONIC CONTROL ဖြစ်ခဲ့ယင် Electrical ပိုင်းကိုပါထည့်သွင်းစဉ်းစားရပါမယ်။
သက်ဆိုင်ရာ Workshop Manual လိုအဎ်ပါတယ် အင်ဂျင်တွေမှာ Maker တွေရဲ့ Special Feature တွေရှိတတ်ပါတယ် အဲ့ဒါကိုအခြေခံကျကျ
နားလည်ပါမှ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုမှန်ကန်စွာချနိုင်မှာပါ။
ပထမဆုံး သိသင့်တဲ့အချက်က ပန့်မှာ ELECTRONIC CONTROL ပါယင် ဒီအင်ဂျင်စံနစ်တခုလုံးကိုထိန်းချုပ်တဲ့ Electronic Control Unit
ခေါ် Electronic Control Module တခုပါဝင်ပါမယ်။ အများအားဖြင့် Self Diagnostic system များ တပ်ဆင်ပေးထား လေ့ရှိပါတယ်။
အဲ့ဒီစံနစ်ကသင့်ကိုကူညီပါလိမ့်မည်။ ECU က Error code တခုခုကို သိမ်းဆည်းပြီးဖေါ်ပြနေသည်ကို သိရှိရန် လိုအပ်သကဲ့သို့ ပြုပြင်ပြီးပါက
ဖျက်ပြစ်ရန်လိုအပ်ပါသည်။ အချို့သော ECU စံနစ်များတွင် ဖျက်ပြစ်ရန်မလိုအပ်ပါ။
Electronic Control ပိုင်းမှာတစုံတရာ ပြဿနာမရှိတာ သေချာယင် တော့ Mechanical ပိုင်းကို စစ်ဆေးရပါမည်။
ကျနော့်ကြုံခဲ့သလောက် Electronic Control Engine အများစုမှာ Electronic and Electrical ပိုင်း ပြဿနာအဖြစ်များပြီး
Mechanical ပိုင်း ပြဿနာအဖြစ်နည်းပါတယ်

Hla Min Maung
01-26-2010, 10:40 PM
လွန်ခဲ့တဲ့နှစ်ပတ်လောက်ကဖြစ်ခဲ့တဲ့အတွေအကြုံလေးတခုမျှဝေချင်ပါတယ်...
ကျနော်ကုမ္ပဏီဆိုက်တခုမှာစက်တစီးနှိုးမရလို့ စစ်ဆေးရန်သွားပါတယ်...
စက်က Boring Machine , Maker က BAUER , မော်ဒယ် BG 28 CONSTRUCTION EQUIPMENT
စစခြင်းဘဲ Alternator ပြဿနာဖြစ်နေတာတွေ့ရပါတယ်၊ Alternator လုံးဝမလည်ဘဲကြပ်နေပါတယ်။
အသစ်လဲပြီးလည်း အင်ဂျင်ကမနိုးပါ ....
ဒီစက်ကကျနော်ကုမ္ပဏီမှာ တနှစ်သားလောက်ဘဲရှိအုံးမယ် အသစ်ကိုဝယ်ထားတာ ရောက်စကအကြမ်းဖျင်းကြည့်ထားလို့
Electronic Control Injection ဆိုတာလောက်ဘဲသိထားတယ်...
အဲ့ဒီလောက်သိထားရုံနဲ့မလုံလောက် နိုင်ဘူး Reference တွေ ကုမ္ပဏီမှာရှာပေါ့...
မရှိဘူးဗျာ Engine Spare Parts စာအုပ်ဘဲရတယ်
အဲ့ဒါနဲ့ BAUER ကိုပြန်ဆက်သွယ်ပြီး BAUER Engineer လာစစ်ဆေးပေမဲ့မရဘူး
CAT Engineer ပြန်ခေါ်ခိုင်းနေတယ်
ရှုပ်သွားလားမသိဘူး တချို့စက်တွေရဲ့ Base Machine , Engine , Hydraulic , Electronic, Electrical ...စသည်ဖြင့် အစိတ်အပိုင်း
တွေကို သီးခြားကုမ္ပဏီ ကပစ္စည်းတွေနဲ့တပ်ဆင်လေ့ရှိကြသည်။
BAUER Machine တွင် CATERPILLAR ENGINE တပ်ဆင်ထားသည်
ကျနော် BAUER Engineer ကို Request လုပ်ပြီး Engine ECU Power Supply ကိုစစ်ဆေးခိုင်းပါတယ်
Engine ECU Power Supply ရောက်ယင် နိုးကိုနိုးရမယ်လိုကျနော် အာမခံလိုက်ပါတယ်

Hla Min Maung
01-27-2010, 08:12 PM
BAUER Engineer လဲခေါင်းကိုက်သွားပါတယ်...
ဲသူက Electrical Engineer ဆိုတော့ အင်ဂျင်နဲ့ပတ်သက်ပြီးအားနည်းပုံရတယ်၊
ကျနော့်မေးခွန်းတွေပြန်မဖြေနိုင်ခဲ့ဘူး၊ ဒါနဲ့သူအထက်က အင်ဂျင်နီယာဆီကို လှမ်းမေးတဲ့အခါ Engine နဲ့ပတ်သက်တဲ့ Relay တခုရဲ့နေရာကို
ပြောပြီးစစ်ဆေးခိုင်းပါတယ် အဲ့ဒီနေရာကအဖုံးကိုဖွင့်လိုက်ယင် ဝါယာနှစ်ချောင်း ကြွက်ကိုက်ခံထားရပြီး တစ်ချောင်းလုံးဝပြတ်နေတာကိုတွေ့
ကြရပါတယ်။
လိုအပ်တဲ့ပြင်ဆင်မှုတွေပြီးတဲ့အခါ အင်ဂျင်နိုးသွားပါတယ်...
အပြန်အလှန်နားလည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့် အချိန်တိုအတွင်းမှန်ကန်တဲ့အဖြေတခုရလိုက်ပါတယ်...

အလုပ်ပြီးသွားပေမည့် ကျနော်အတွေးတွေက CAT နဲ့ပတ်သက်ပြီး ပြီးမသွားခဲ့ဘူး
နေ့တိုင်းဒေတာတွေရှာ တွေ့ပြန်တော့လည်းဒေါင်းမရ ...
နောက်ဆုံး US$200 နဲ့ ဝယ်လိုက်ရတယ်၊
CAT က CUMMINS ထက်ပိုပြီးနည်းပညာကို လျှို့ဝှက်တယ်လို့ ကျနော်ထင်တယ်...
လေ့လာနိုင်ပါစေဆိုတဲ့စေတနာနဲ့ CATERPILLAR Post ကိုရေးဖြစ်သွားပါတယ်
http://www.winworldwideusa.com/images/Pictures/2008%20BG28.JPG
http://www.pilequip.com.au/__data/assets/image/3045/BG_28i.jpg

Hla Min Maung
01-27-2010, 10:20 PM
(က) PT PUMP ( K Series Engine K 19 ) ကိုဆက်ဆွေးနွေးကြရအောင်
အကယ်၍ PT PUMP တပ်ဆင်ထားတဲ့အင်ဂျင်ဖြစ်ခဲ့ယင် တော့ Injector Adjustment ကိုစစ်ဆေးရန်လိုအပ်ပါတယ်။
Fuel line ကိုပထမဦးစွာစစ်ဆေးပါမည်။ Turbo ကိုစစ်ဆေးပါမည်။ Injector Adjustment ကိုစစ်ဆေးပါမည်။
Injector Adjustment ကိုစစ်ဆေးရန် Injector Type ကိုသိဖို့လိုအပ်ပါတယ်...
က) Top-Stop injector
ခ) Non Top-Stop injector ဆိုပြီးနှစ်မျိုးတွေ့ရပါတယ်၊
Fuel system အကြောင်း လေ့လာနိုင်ရန် pdf file Attachment ပေးလိုက်ပါတယ်
Pressure-Time Fuel System အကြောင်းဖတ်နိုင်တဲ့နေရာပါ
http://www.waybuilder.net/sweethaven/MechTech/Automotive01/default.asp?unNum=4&lesNum=5&modNum=1

Hla Min Maung
02-07-2010, 10:16 PM
Cummins PT Injector ၏ Tappet Adjust ချိန်ညှိခြင်းသည် အလွန်ပင်အရေးကြီးပါသည်။
အချို့အင်ဂျင်များတွင် Top-Stop Injector တပ်ဆင်ထားပြီး
အချို့အင်ဂျင်များတွင် NonTop-Stop Injector တပ်ဆင်ထားသည်။
http://t0.gstatic.com/images?q=tbn:oY4Q0N9RY3sMdM
ပုံ၏လက်ယာဖက် Injector with spring သည် Top-Stop Injector ဖြစ်သည်
ပုံ၏ဝဲဖက် စွန်းသည် Nozzle ဖြစ်ပြီး ၎င်းယာဖက်ကပ်လျှက်သည် Housing ဖြစ်သည် ထိုနှစ်ခုတစ်စုံသည် NonTop-Stop Injector ဖြစ်သည်။
Top-Stop Injector သည် Nozzle နှင့် Housing ကို Assembly လုပ်ထားပြီး
NonTop-Stop Injector မှာမူ Housing မှ Nozzle ကို သီးခြားဆွဲထုတ်ယူနိုင်သည်။
Injector Adjustment သည် PT Fuel system အင်ဂျင် RPM တည်ငြိမ်မှုအတွက် အဓိကကျပါသည်။
PT Pump ၏ Governor system ချို့ယွင်းမှုအလွန်ဖြစ်ခဲပါသည်။
Injector Clamp bolt torque သည်လည်း အရေးကြီးပါသည်။
http://t1.gstatic.com/images?q=tbn:ViTd_iZLzPBgYM
၎င်းသည်Engine head တွင် Injector ဖိ၍မြဲနေရန်ထိန်းပေးပါသည်။ သတ်မှတ်ထားသောTorque အတိုင်းသာတိုက်ရန်
ဆက်ရန်....

Hla Min Maung
02-11-2010, 09:58 PM
Cummins PT Injector ၏ Tappet Adjust ချိန်ညှိခြင်းသည် အလွန်ပင်အရေးကြီးပါသည်။
အချို့အင်ဂျင်များတွင် Top-Stop Injector တပ်ဆင်ထားပြီး
အချို့အင်ဂျင်များတွင် NonTop-Stop Injector တပ်ဆင်ထားသည်။

Cummins PT Injector Adujstment ဆိုပြီး ပို့စ်အသစ်ရေးလိုက်ယင်ကောင်းမယ်ထင်တယ်နော်...

အေ၇ာ
03-02-2010, 07:21 PM
သိသလောက်လေးပြောပြချင်ပါတယ်
အင်ဂျင်တတ်လိုက် ကျလိုက် ဖြစ်တာ က များသောအားဖြင်ံ့ ဂါဗနာ ကြောင့် ပါ
အင် ဂျင် ဟာ Load များလို့ အပတ်ရေ ကျ သ၊ွားတဲ့ အချိန် မှာ Flyweights တွေဟာ အတွင်းကို စု သွားပါတယ်
အဲဒီအခါ မှာ Control Rack က ရှေ့ ကို ရွေ့ သွားပြီး plunger ရဲ့ helix ကို ပြောင်းသွားစေပြီး ဆီ ကို များ များပန်းသွင်း စေပါတယ်
အင်ဂျင် ဟာ load ကို ကောင်းကောင်း ထမ်းနိုင်ပါတယ်
ဆက်လက်ပြောပြပါမယ.။


အစ်ကိုရေ အေ၇ာက James Watt ရဲ့ centrifugal "fly ball" governor အကြာင်းငယ်ငယ်က ကြားဖူးကတည်းက စိတ်ဝင်စားသူပါ။
ံအင်ဂျင်တွေဆိုလည်း Hero (Heron) ရဲ့ ရေနွေးငွေ့အင်ဂျင်ကအစ စိတ်ဝင်စားပါတယ်။

electric actuator နှင့် Engine speed control လုပ်တဲ့ အကြောင်းကိုလည်းစိတ်ဝင်စားလို့ ပြောပြပေးပါဦးအစ်ကိုရေ
အခုဆို တရုတ်တွေက အဲဒါတွေအသုံးများနေလို့။

အေ၇ာမေ

အေ၇ာ
04-06-2010, 09:01 PM
electric actuator နှင့် Engine speed control လုပ်တဲ့ အကြောင်းကိုလည်းစိတ်ဝင်စားလို့ ပြောပြပေးပါဦးအစ်ကိုရေ
အခုဆို တရုတ်တွေက အဲဒါတွေအသုံးများနေလို့။

electric actuator က Hard disc တွေမှာ Read/ write Head ကို ထိန်းသလို နေရာရွှေ့ပေးတာလား ဆိုတာမျိုးသိချင်တာပါရှင်။
အားကြီးကြီးလည်းတွန်းရွှေ့ပေးရပြီးတော့ တည်နေရာတိကျမှုရအောင် ဘယ်လိုနည်းပညာသုံးထားတာလဲ ချိန်ညှိစစ်ဆေးမှု ဘယ်လိုလုပ်နိုင်လဲ ဆိုတာတွေ ဆွေးနွေးပေးစေလိုပါတယ်။
သူနှင့် နော်ဇယ် ပန့်အင်ဂျက်တာကို တွဲဖက်ချိန်ပေးဖို့လိုသလား သီးသန့်ချိန်ညှိတာလားလဲ ရှင်းပြပေးပါရှင့်။

လေးစားစွာဖြင့်
ကျေးဂျူးဂဘာ
အေ၇ာမေ

Hla Min Maung
04-06-2010, 11:23 PM
မအေ၇ာမေရေ
Electronic engine RPM control စံနစ်အားလုံးကိုသိဖို့တော့ အတော်ကိုအချိန်ယူရပါမယ်...
ကျနော်လေ့လာထားမိသလောက်ကျိုးစားရှင်းပြပါမယ်...

electric actuator က Hard disc တွေမှာ Read/ write Head ကို ထိန်းသလို နေရာရွှေ့ပေးတာလား ဆိုတာမျိုးသိချင်တာပါရှင်။
အားကြီးကြီးလည်းတွန်းရွှေ့ပေးရပြီးတော့ တည်နေရာတိကျမှုရအောင် ဘယ်လိုနည်းပညာသုံးထားတာလဲ ချိန်ညှိစစ်ဆေးမှု ဘယ်လိုလုပ်နိုင်လဲ ဆိုတာတွေ ဆွေးနွေးပေးစေလိုပါတယ်။
သူနှင့် နော်ဇယ် ပန့်အင်ဂျက်တာကို တွဲဖက်ချိန်ပေးဖို့လိုသလား သီးသန့်ချိန်ညှိတာလားလဲ ရှင်းပြပေးပါရှင့်။

Hard disc တွေမှာ Read/ write Head က Circular Motion ဖြစ်ပြီး
RPM Actuator တွေမှာ Linear Motion နှင့် Circular Motion နှစ်မျိုးတွေ့ရပါတယ်
Normal DC Motor နှင့် Stepper Motor နှစ်မျိုးကို Mechanical System များဖြင့်တွဲဖက်သုံးပါတယ်...
(၁) Control Unit ( Electronic , PLC , CPU.... )
(၂) Input Device ( Sensors , switches .... )
(၃) Output Device ( Actuators .... )

Control Unit ကအဓိကကျပါတယ် အဲ့ဒီယူနစ်ရဲ့ စံနစ် ကိုသိရပါမယ်
Electronic Control လား Programmable Logic Control လား Central Processing Unit လို Computer control လား
စသည်ဖြင့် သိထားရန် လိုပါတယ်

Input Device မှာ Sensor များ နှင့် Switch များ ပါဝင်ပါတယ်
အကြမ်းအားဖြင့် Digital output Sensor , Analog output Sensor ဆိုပြီး တွေ့ရပါတယ် ကျနော်မသိသေးတာတွေလဲရှိပါမယ်...
Engine oil Sensor , Engine Oil Switch , Temperature Sensor , Temperature Switch , Coolant level Sensor ,
Engine Oil Level Sensor , Photo Diode Sensor , Lambda Sensor , Knocking Sensor , Haul effect Sensor , RPM Sensor
Engine Timing Sensor, Camshaft Sensor , CO 2 Sensor and Over load sensor စသည်တိုဖြစ်ပါတယ်

Output Device မှာကတော့ Engine Stop Magnetic Solenoid ( အချို့သောအင်ဂျင်များ ) နှင့် RPM Control Device
တို့ပါဝင်ပြီး Control Unit မှတိုက်ရိုက်(သို့)Relay တစ်ခုမှတဆင့်မောင်းနှင်လေ့ရှိပါတယ်
အသေးစိတ်သိချင်တဲ့ Engine ရဲ့ Data Sheet နဲ့ Reference ပေးယင်တော့ ကျိုးစားရှင်းပြပါမယ်