PDA

View Full Version : လုပ်ငန်းအတွေ့အကြုံဖလှယ်မယ်ဆိုတော့



chitthulay007
01-07-2009, 06:32 PM
;D ;D အားလုံးပဲမင်္ဂလာပါနော် ;D ;D
ဘယ်ကစပြောရမလဲဆိုရင် .. :D
ချစ်သူလေးက အစိုးရရုံးတစ်ရုံးက၀န်ထမ်းပါ...ရုံးမှာတွေ့ကြုံနေရတာတော့ စိတ်အညစ်ဆုံးကတော့ ..မနက်လင်းလို့ရုံးလာပြီဆိုရင် ရုံးရောက်တာနဲ့
**ကွန်ပျူတာက ၀င်းဒိုးမတက်တော့လို့ လုပ်ပါဦး**ဆိုတဲ့ စကားသံမကြားရတဲ့နေ့ကိုမရှိပါဘူး.. ကြာတော့လည်းအဲဒါတွေမကြားချင်တော့ဘူး...
ဖြစ်ကြတာအများစုကလည်း ဗိုင်းရပ်စ်ကြောင့် ၀င်းဒိုးမတက်တဲ့ problem တွေကြီးပါပဲ.. အဲဒီဗိုင်းရပ်စ်ရန်ကိုကာကွယ်ရအောင်လို့ဆိုပြီးတော့လည်း antivirus သုံးပါ...နေ့တိုင်း update လုပ်ပေးပါ..scan စစ်ပေးပါလို့ပြောကြပေမယ့်လည်း မလုပ်ကြပါဘူး... antivirus တိုင်းက ဗိုင်းရပ်စ်တွေတိုင်းကို နိုင်လားတော့မသိပေမယ့် antivirus က update ဖြစ်နေမယ်ဆိုရင်တော့ သိပ်အခြေအနေမဆိုးလောက်ဘူးထင်လို့ပါ.. ဒါပေမယ့် သူတို့က အဲဒါသာမလုပ်ကြတာ... chatting ပြောတာတို့ သီချင်းတွေ download ဆွဲတာတို့ ဇာတ်ကားတွေ download ဆွဲတာတို့ကျတော့ တော်တော်လေးကိုကျွမ်းကျတယ်.....antivirus လေးကိုနေ့တိုင်းသတိထားပေးပါဆိုတော့ မထားပေးကြဘူး..... :'( :'( (ပြောရင်းနဲ့နိုချင်လာပြီ) ပြီးရင် ကွန်ပျူတာပျက်ရင် လိုက်လုပ်ပေးရတာခဏခဏပဲ... ပြီးတော့ ရှိသေးတယ်..
ဟိုတစ်ခါကလည်း စက်တစ်လုံးက Memory က stable မဖြစ်လို့ ၀င်းဒိုးမတက်တာကိုလည်း ၀င်းဒိုးပြုတ်သွားလို့ဆိုပြီး ၀င်းဒိုးပြန်တင်လိုက်တယ်လေ... အဲဒီတော့ စက်ထဲက data တွေကပျက်သွားရော.. အဲဒီတော့မှ အဖေကယ်ပါ အမေကယ်ပါတွေဖြစ်ကုန်ရော.... :'( အဲဒါမျိုးကလည်းရှိသေး... ပြောချင်တာကတော့အဲဒါပဲ.....၀င်းဒိုးမတက်တိုင်း ၀င်းဒိုးပြုတ်သွားတယ်ဆိုပြီး ပြန်ပြန်တင်တော့ မကြာသင့်တာတွေကြာကုန်ကြတာပေါ့... တစ်ခါတစ်လေ ကျရင် ဖြစ်တတ်ပါတယ် Slot မကောင်းလို့ဖြစ်တဲ့အခါတို့ Cable မကောင်းလို့ဖြစ်တာတို့ အဲဒါမျိုးတွေရှိတတ်တယ်လေ.....
ပြီးတော့ ဆက်ပြောဦးမယ်..... ;D ;D အစိုးရရုံးဆိုတော့ ၀န်ထမ်းကိုလုပ်ချင်လွန်းလို့တော့မဟုတ်ပါဘူး... ဒါပေမယ့် ကွန်ပျူတာကိုစိတ်ဝင်စားလို့ဆိုပြီး လုပ်လိုက်တာ ..အခုတော့ ချစ်သူလေးတောင်လုပ်သက်(၅)နှစ်လောက်ကိုဖြစ်သွားပြီ..

:'( :'( အတွေ့အကြုံဖလှယ်ဆိုလို့ ;D ;D ပြောပြတာ .. ( :D :D တစ်နည်းအားဖြင့် ရင်ဖွင့်တာပေါ့)
(ကြီးကြပ်ရေးမှူးများ အခုရေးထားတဲ့ လုပ်ငန်းအတွေ့အကြုံက ;D ;D သူများတွေအတွက်အသုံးမ၀င်ဘူးဆိုရင်တော့ delete လုပ်နိုင်ပါတယ် ;D ;D ;D

NayNyo
01-08-2009, 03:04 PM
အာ..ဘယ်ကလာ..အကိုဇော် က လူအေးလူရိုးကြီးကိုး။ :( :(
မ၀င်ပါပါဘူး..။အဲလိုမပြောနဲ့လေ..လင်းလက်ရ..။ ဒိုင်ကိုင်မှာပေါ့...။ ;D ;D
(ရန်စခြင်း သက်သက်ဖြစ်ပါသည်) :P :P

johnmoeeain
01-15-2009, 04:25 PM
အစ်ကိုဇော်ရေ...
ကျွန်တော်ကတော့ တစ်ခါတုန်းက.... မဟုတ်ဘဲ၊ ခု လတ်တလောကို ဖြစ်တာပါ......။
သူငယ်ချင်း.....(ညီမလေး) တစ်ဦးကို internet သင်ပေးတာပေါ့။ ကိုယ့်ကလည်း ကျွမ်းကျွမ်းကျင်ကျင်မတတ်ဘဲ မသိတဲ့သူကျု မတတ်တဲ့သူက ဆရာလုပ်တာပေါ့နော်........
ရည်ရွယ်ချက်ကတော့ သူ ရန်ကုန် ရောက်တုန်း ရောက်ခိုက် အချိန်တွေ ပိုနေတုန်း ပညာလေး ရသွားစေချင်တာပါ.... နောက်... ကိုယ်က အချိန်မရှိလည်း သူ့ဘာသာသူ internet မှာ ဗဟုသုတလေး ဘာလေးရှာနိုင်အောင် ဆိုပြီးတော့လေ.....ပြီးတော့ နယ်မှာက တစ်နာရီ တစ်ထောင်တောင် က ဆိုးတယ်လေ....။
ဒါနဲ့..... ပထမဆုံး google နဲ့ရှာ.... ဘာ.....ညာ... သာရကာပေါ့လေ....၊ နောက်.... တစ်ဆင့်တက်တော့..... gtalk လေး ဘာလေး....သုံးပေါ့......။
အဲ့ဒီမှာ ဇာတ်လမ်း စတာပဲ..... :o :o :o
ကိုယ်နဲ့ မတွေ့တဲ့ သုံး.. လေး... ရက်မှာ သူက friend ပေါင်းများစွာနဲ့ တစ်နေကုန် ထိုင် chat တော့တာပါပဲ.....၊ နောက်ထပ် ဘာမှ ကို မသိချင်တော့ဖူးတဲ့.
ကိုယ်မသုံးတတ်တဲ့ vzo တို့၊ MIRC တို့...... အစရှိတာတွေကိုပါ ကျွမ်းကျင်နေပြီ...(ကိုယ်ကတော့ Gtalk ကလွဲပြီး ဘာမှ မသိလေ.....)
ဆရာထက် တပည့် တစ်လကြီးသွားတာလေးပါ.....
သေချာတာကတော့..... သူ internet သုံးခွင့်ရတဲ့ ရန်ကုန်မှာ နေတုန်း တစ်လကျော် အတွင်းမှာ ကျွန်တော်တို့ရဲ့ MEF အပါအ၀င် ဘယ် website & forum ကိုမှ မ၀င်ကြည့်သွားဖူးဆိုတာပါပဲ......။ :( :( :(
တစ်ခါ တစ်ခါ တွေးမိပါတယ်... internet ဆိုတာ ဒါပဲလားလို့....။

johnmoeeain
01-22-2009, 10:30 AM
ဒါပေမယ့် အင်ဂျင်နီယာ ကြီးကြပ်ဆောက်တာရယ်၊ မဆောက်တာရယ်မှာ လက်တွေ့မှာ အများကြီးကွာပါတယ်၊
တခါတလေမှာ အင်ဂျင်နီယာကို ပေးရတဲ့ ငွေပမာဏဟာ အင်ဂျင်နီယာမရှိလို့ waste ဖြစ်တဲ့ amount လောက်တောင်မရှိပါဘူး
ဒါပေမယ့် အိမ်ရှင်က အများစုက အင်ဂျင်နီယာကိုပေးရတဲ့ပိုက်ဆံကို waste of money လို့ထင်ပါတယ်၊


ဒါပေမယ့် အစ်ကိုရေ..... နောက် တစ်ခွန်း ပြောတာရှိသေးတယ်.... ရေးမကောင်းလို့.... တော်တော် ၀မ်းနည်းရတဲ့စကားပါ....
အင်ဂျင်နီယာကို ပေးရတဲ့ ငွေကြေးနဲ့ အင်ဂျင်နီယာ တစ်ဦးအပေါ် သုံးသပ်တဲ့ လူတစ်ချို့ရဲ့ အမြင်ဟာ တစ်ခါတစ်ခါ စိတ်ပျက်ဝမ်းနည်းစရာ ကောင်းပါတယ်... >:(
သူတို့ သုံးသပ်သလို လုပ်စားတဲ့သူတွေ့ မရှိဖူးလား ဆိုတော့လည်းရှိတယ် မဟုတ်လား.... ဘယ်ဖက်ကမှ မမှားဖူးလေ... သူတို့လည်းခံဖူးတာ ရှိမှာကိုး........ဒီတော့ အားလုံးကို ၀ါးလုံးရှည်နဲ့ ပတ်ရမ်းတာ ခံရုံပေါ့....... :( ဘာပဲဖြစ်ဖြစ် ကိုယ်ကောင်းရင် ခေါင်းမရွေ့ဖူးဆိုပြီးနေရုံမှ တပါး......
(ဒါတောင် သူငယ်ချင်း တစ်ချို့က အားမလို အားမရ ပြောသေးတယ်... နင် မိုးခါရေ မသောက်ရင် ငတ်မယ်တဲ့.... :o .ဒီတော့လဲ လူမိုက်လို့ အထင်ခံရမလား.... လူလိမ္မာ လုပ်ရမလား...... ခက်တယ်..... :( :( :()

အခုအချိန်ထိ ကို အဲဒီလိုထင်နေကြတဲ့သူ အများကြီးရှိပါသေးတယ် ၀မ်းနည်းလိုက်တာ ၀မ်းနည်းလိုက်တာ
ပြီးမှစဉ်းစားမိတယ် မဆင်းဘူး ဘာလုပ်ချင်လဲကွ ဆိုရင် :( :( :( :( [/quote]

ဘာဖြစ်သွားမယ်ထင်လဲ.....
တွေးရင်းနဲ့ တောင်ကြောက်လာသလို....
ဒီလိုဆို.... အင်ဂျင်နီယာဆိုတာ.. ကိုယ်ခံပညာလည်း တတ်ရမယ်ပေါ့.... ဘုရားဘုရား........... :-[ :-[ :-[

john holmes
03-03-2009, 09:45 PM
Inn,Inside having a lot of liquid were freezes(in winter season).start to work at 8:30 am to 24:00 am.Sometimes (all night) start today morning to tomorrow night( a little time to sleep in the morning only :( .What is sunday and public holidays. ::).Remember the crisis times in reach at here :(.Sometimes i think ,i 'm not a human. same ..... .^^.. :o:-\.But now i 'm holding the pleasure times from this hard working results. :D

phyo
04-24-2009, 10:24 PM
သူများတွေက.. လုပ်ငန်းအတွေ့ အကြုံ ဆိုတော့.. ကျနော်လည်း..
နည်းနည်း ၀င်ပြောမယ်ဗျာ..
ကျနော် မြန်မာပြည်ကနေ လာတော့... AutoCAD နဲ့ က...အရမ်းကြီး အကျွမ်းတ၀င် မရှိသေးပါဘူး..( အခုလည်း papagyi တို့ လို.. KPZ တို့ လိုတော့
မကျွမ်းကျင်သေးပါဘူး... ကြုံတုန်းကြွားတာ..)Print တောင် အချိုးအစားကျအောင်...မထုတ်တတ်သေးဘူး..
အဲဒါဗျာ... ကိုယ်သိထားတာက.. Draft man ပေါ့... အေးဆေးပါပေါ့..
ဟိုက်ရှာဘာ...
အလုပ်စ၀င်တဲ့နေ့ မှာ.. ၀င်ဝင်ချင်း.. ပရောဂျက်မန်နေဂျာဆိုတဲ့...
ပုဂ္ဂိုလ်က.. ဟေ့.. မြန်မာလေး..
ဒီပရောဂျက်ကလေးကို.. တစ်ပါတ်အတွင်း.. ပြီးအောင်လုပ်ပေးပါ...
ပစ္စည်းဈေးနှုန်းနဲ့ .. Singapore Standard တွေက ဒီမှာ..
အဲဒါ.. ပြီးရင်... calculation လေးပါ.. လုပ်ပေး.... လိုချင်တဲ့ .. Design အတွက် ခဏနေရင်..
ဒါရိုင်ဘာကိုခေါ်သွား.. Site ထဲသွားရမယ်.. ဒီမှာ လိုအပ်တဲ့.ပစ္စည်းတွေ......မင့် ကြည့်ရတာ.. မှုန်ကုတ်ကုတ်နဲ့ .. အလုပ်ရော.. လုပ်နိုင်ပါ့မလား..တဲ့..ကဲ
ကျနော်ကလည်း နည်းနည်းတော့ ဖုသွားတယ်...
အေး.. ကောင်းပါပြီး.. ဒါနဲ့ .. ငါက.. Draftman လေ.. အဲဒါတွေကိုရော..
ငါလုပ်စရာလိုလား....ပြီးတော့.. ဘယ်မှာလဲ..ငါလုပ်ရမယ့်ဟာက...ပြီးတော့...မင်းပေးတဲ့စာရွက်တွေကလည်း.. များလိုက်တာ..
ငါက.. ဘာဒီဇိုင်းလုပ်ပေးရမှာလဲ....ဘယ်မှာလဲ.. ဒီဇိုင်နာက...
ဆိုတော့.. ကျနော့် ကို.. မျက်လုံးကြီးပြူးပြီး... ဟ... ဒီဇိုင်နာက.. မင်းလေ...ဒါတွေအားလုံး. မင်းလုပ်ရမှာမသိဘူးလားတဲ့....
ကျနော့် မှာတော့... တိန်..ကနဲ ပဲ... အတော်စိတ်ညစ်သွားတယ်... ဒုက္ခပါပဲလို့ ...
ကျနော်ထင်ထားတာက...ဘယ်မှာ.. ဘယ်လောက်အတွေ့ အကြုံ ရှိတဲ့သူဖြစ်ပါစေ... လုပ်ငန်းသစ်နေရာသစ်မှာတော့..
လုပ်ငန်းသဘောသဘာဝကို.. အနည်းငယ်တော့.. တွဲခေါ်ပြီးလုပ်ခိုင်းဦးမှာပေါ့...ပြီးတော့.. ကိုယ့်သိထားတဲ့တာဝန်က.. Draftman ပဲ..
အင်ဂျင်နီယာနဲ့ .. ဗိသုကာဒီဇိုင်းကို... Tender Dwg ကနေ.. ကိုယ့်ကုပ္မဏီလိုအပ်ချက်အရ..အနည်းငယ်ပြုပြင်ဆွဲပေး..Shopdrawing ပေါ့.. ပြီးရင်.ှ Submit လုပ်.. နောက်ဆုံး Print လုပ်ပေး..အေးဆေးပေါ့....ခုတော့..
ဂျောက်ကျလိုက်တာလည်း မပြောပါနဲ့ ... AutoCAD သမားဆိုလို့ .. စုစုပေါင်း.. ကျနော်အပါအ၀င်.. ကျနော် တစ်ယောက်တည်းပါခင်ညာ..
QS ကလည်း ကျနော်ပဲ...
မြန်မာပြည်မှာတုန်းက.. ပေ ၊ လက်မ ကနေ.. ဒီရောက်တော့. mm တွေ. m တွေနဲ့ .. BCA scode တွေ Standard တွေလည်း.. ချာချာလည်အောင် လေ့လာရပါတယ်.... Company ရဲ့ . အရင် ဒီဇိုင်းအဟောင်းတွေ .. ပုံစံတွေ.. PE calculations တွေ.. Quotation တွေ...Estimate တွေ...လုပ်ပြီးသားအဟောင်းတွေကို...လိုက်နေရတယ်.. အဓိက..အလုပ်က..Steel Structure..နဲ့ .Metalwork
ပြီးတော့.စလုပ်ရတဲ့.. ဒီဇိုင်းကလည်း... RC.. လှေကား လုပ်ဖို့ ရာကနေ... ဘယ်ကနေ.. ဘယ်လို. Steel structure နဲ့  Stair လုပ်ရမယ့်ကိစ္စဖြစ်သွားမှန်းမသိတဲ့.... ၃၆ ထပ် Condo.....ပြီးတော့.. အထပ်တိုင်းကလည်း.. ရေချိန်တွေက တစ်လွဲစီ.. ဟို ဘာနဲ့  တူသလဲဆိုတော့.. သစ်သားမီးခြစ်ဘူးခွံ့ တွေကို....မညီမညာနဲ့  ထပ်တင်ထားသလို.. ဒီတိုင်းကြည့် ရင်တော့..သိပ်မသိသာဘူး...သေချာတိုင်းပြီး.. Measurement ယူလိုက်တော့မှ.. တလွဲတွေဖြစ်နေတာ.... အဲဒီမှာ.. ကျနော်တော့.. ထင်လိုက်တယ်.. နီးစပ်ရာသူငယ်ချင်းတွေကိုလည်း... ဟေ့.. ငါတော့ ဂျောက်ကျပြီ..... အလုပ်သစ်ရှာဖို့ ...ဒီအတိုင်းငါလုပ်လို့  မရဘူး... နီးစပ်ရာ.. Agent လေးရှိရင်..ငါ့.. Resume လေးတွေ့ ပေးပါရစေဆိုပြီး...
လုပ်ရတယ်....တော်တော်လေးလည်း... အတွေ့ အကြုံ ရလိုက်ပါတယ်.... သေချင်ဆော်လည်း နံ သွားပါတယ်..
သူကတာ့.. တစ်ပါတ်ပြောတာပါ.. ကျနော်လုပ်လိုက်ရတာ.. စုစုပေါင်း.. Approved ဖြစ်တဲ့အထိ... ၄ လ ကြာသွားပါတယ်ခင်ဗျာ...Review တွေကလည်း... A ကနေ..K အထိ ရောက်သွားပါတယ်... ဒီဇိုင်းကိုလည်း.. ၃ မျိုး ၃ ပုံစံ လုပ်လိုက်ရပါတယ်....နောက်ဆုံး.. အတည်ပြု..
PE calculation ကို.. Consultant တစ်ခုကို.. လုပ်ခိုင်းလိုက်ပါတယ်.. ( အမှန်တကယ်ကတော့...ဒီဇိုင်းတောင်ထွက်ပြီး..Calculation လည်း လုပ်ပြီးသားပါ.. ဒါပေမယ့်.. ကျနော်တို့ မှာက... PE မရှိတော့.. BCA approved ဖြစ်ဖို့ အတွက်..တံဆိပ်တုံးလိုတာပေါ့ဗျာ.. )
အဲဒီ ၄ လအတွင်းမှာ...လူလည်း.. ၁၅ပေါင်လောက် ကျသွားပါတယ်.....အဲဒါနဲတင်.. ပြီးလားဆိုတော့ မဟုတ်ပါဘူး.. နေ့ စဉ်နဲ့ အမျှ.... တပ်ဆင်တဲ့အပိုင်းမှာ..လည်း.. ဒီဇိုင်းနဲ့  ပတ်သက်တဲ့.. အထွေထွေ ပြဿနာကအစ.. လိုက်ဖြေရှင်းပေး.. အတည်ပြုပြီးသား... ဒီဇိုင်းအတွက်.. ရှုထောင့် မျိုးစုံကနေ.. Workshop အတွက်ရော..အလုပ်သမားတွေအတွက်ပါ... 3D တွေ..ဆွဲပေး... Section တွေ.. ထပ်လုပ်ပေး....နည်းနည်းပြုပြင်စရာတွေပါလာရင်.. MainCon နဲ့  ထပ်ညှိနှိုင်း.. Arch..အတည်ပြုချက်ထပ်ယူ.. နဲ့ ...
Detail ကိုတော့.. ဒီနေရာမှာ.. မပြောတော့ပါဘူးဗျာ... ( လုပ်ငန်းအတွေ့ အကြုံ ပျမ်းမျှပေါ့ဗျာ.. )
တကယ့် ဆရာကြီးတွေကတော့.. ကျနော့် အဖြစ်ကို.. သိမှာပါ...
အဲလို.. အဲလိုဗျာ.. သက်တောင့်သက်သာနဲ့ .. အေးအေးဆေးဆေး.. လေချိုသွေးနေရတဲ့ သူတွေလည်း ရှိမှာပါ...
ကိုယ့် တာဝန်..သူ့ တာဝန် အလိုက်ပေါ့..
အခု.. ကျနော်က.. ကုန်းရုံးလုပ်တော့.. Company က..နောက်လိုအပ်လို့  ခေါ်ရင်.. မြန်မာပဲ.. ရချင်တယ်တဲ့....
( ဟွန်း.. ခိုင်းကောင်းတာကိုး )..

KPZ
05-06-2009, 11:52 AM
ကျနော် မြန်မာပြည်ကနေ လာတော့... AutoCAD နဲ့ က...အရမ်းကြီး အကျွမ်းတ၀င် မရှိသေးပါဘူး..( အခုလည်း papagyi တို့ လို.. KPZ တို့ လိုတော့
မကျွမ်းကျင်သေးပါဘူး... ကြုံတုန်းကြွားတာ..)Print တောင် အချိုးအစားကျအောင်...မထုတ်တတ်သေးဘူး..

ကိုဖြိုးရယ်.. ဒုက္ခနော်.. အေ၇ာက်ကို ပို့နေပါလား။ ကေပီဇက်လား ကျွမ်းတာ.. အရွှီးကောင်းတာ။ ကိုပါပါကြီးနဲ့တော့ မယှဉ်ပါနဲ့ကွယ်။ သူက Genius .... :P

အစအဆုံးလုပ်ရတာတော့ စကားထဲကို ထည့်ပြောမနေနဲ့။ ပရောဂျက် တစ်ခုလုံးမှာ မလုပ်ရတာ ပိုက်ဆံယူတဲ့ အလုပ်ကလွဲရင် Boss ပါးစပ်က ပြောသမျှကို လိုက်လုပ်ရတာ။ :(

KPZ
05-21-2009, 08:48 AM
ဟုတ်တယ်အကိုဇော်ရေ... အဲလိုလုပ်ထားမှ

ကေပီဇက်လည်း တစ်ခါ ကြုံဘူးတဲ့။
လုပ်ရတာက Existing Building ကို extension လုပ်တာ။
သူတို့ပေးထားတဲ့ ပုံတွေအားလုံးက တစ်ကယ် Install လုပ်တော့ တစ်ခုမှ ချောချောမောမော မဖြစ်ဘူး
ဘာလို့လဲဆိုတော့ As Buit Drawing တွေကမှားနေတော့ ဆိုဒ်မှာ ပြန်စစ်ဆေးတိုင်း တလွဲ
ဒီတော့ နေ့တိုင်း Site Meeting တက်ရတယ်။
ဘော့ ဆိုတဲ့ အမျိုးက ကိုယ့်ကို ခေါင်းခံဖို့ ထည့်ထားတာ
အစည်းအဝေးထဲမှာ Archi Eng နဲ့ Structure Eng အငြင်းတွေပွါး
သူတို့ပါးစပ်က ပြောတဲ့ လိုချင်တဲ့ အချက်တွေအကုန်ကို အစည်းအဝေးခန်းထဲမှာတင် တစ်ထိုင်တည်း ဆွဲပေးရတယ်။ ပီးတော့ လက်မှတ်တစ်ခါတည်း ထိုးခိုင်းရတယ်။နို့မို့ ငြင်းလွန်းလို့ ........
တစ်ရက် စနေနေ့ ည၁၂ နာရီကြီး ဆိုဒ်ထဲက ဖုန်းလာတယ် သူတို့ install လုပ်လို့မရဘူးတဲ့
နင်ပေးထားတဲ့ Level နဲ့ ဆိုဒ်ထဲက Existing Beam ကို Joint လုပ်တာ Level မတူဘူးတဲ့။ သူတို့ဘာဆက်လုပ်ရမှာလဲတဲ့
ဘော့က ထပ်ဖုန်းဆက်တယ် .. နင့်ကို အဲဒီ့ Level ဘယ်သူပေးတာလဲတဲ့...
Archi Consultant ပေးတာဆိုတော့ သက်သေ ရှိလားတဲ့
အဲမှာ ပြာတော့တာပဲ .... :-[
ဘာလို့လဲဆိုတော့ သူတို့ပါးစပ်နဲ့ ပြောတာကို ဆွဲလိုက်တာလေ။
ဘော့က တစ်ခွန်းပဲ ပြောသွားတယ်... တနင်္လာနေ့ မနက် အစည်းအဝေးမှာ ဘယ်လိုရှင်းမလဲ ဆိုတာပဲ စဉ်းစားထားတဲ့
သေရော... ကေပီဇက် ဆက်အိပ်လို့ မရတော့ဘူး။
တနင်္ဂနွေနေ့ မနက်အစောကြီးရုံးကို သွား... အဲဒီ့ပရောဂျက်နဲ့ ပတ်သတ်တဲ့ စာ၇ွက်တွေကို တစ်ရွက်ချင်းရှာ
ကေပီဇက် ကံကောင်းပါတယ် အထောက်အထား တစ်ခု ရလိုက်တယ်
သူဟိုချစ် ဒီချစ်တွက်ထားပီး ကေပီဇက်ကို ပေးလိုက်တဲ့ စာရွက် အပိုင်းအစလေးမှာ သူ့ လက်ရေးမူရင်းလေးနဲ့
ဒီတော့မှ ဟင်းးးး ဆိုပီး သက်ပြင်းချနိုင်တယ်
တော်သေးတယ်... အစည်းအဝေးခန်းထဲက ထွက်တာနဲ့ စားပွဲပေါ်က စာရွက် အပိုင်းအစလေးက အစ ယူလာတတ်တာလေးက ကယ်လိုက်တာ
နို့မို့ဆိုရင်တော့ အားလုံးလက်ညှိုးတွေက ဘယ်ကို ထိုးမလဲ သိတယ်ဟုတ်...
ဒီတော့ စိတ်ထဲမှာ စွဲနေအောင် မှတ်ထားတယ်.. Construction မှာအလုပ်လုပ်ရင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မယ့် အရာတွေ ကြိုရှာထားဖို့...
ဘာလို့လဲ ဆိုတော့ Construction Site ဆိုတာ တစ်ကယ်တော့ လက်ဝှေ့ကြိုးဝိုင်းတစ်ခုပါပဲ။ ကိုယ်က ပြန်မထိုးနိုင်ရင်တောင် ကိုယ့်ကိုကိုယ် ကာကွယ်တတ်ရမယ်လေ ဟုတ်တယ်ဟုတ်

NayNyo
05-22-2009, 11:37 AM
အဲဒါနဲ့ သူ့ကို မှတ်ထားတာလေးကိုပြလိုက်တယ်
သူမျက်လုံးပြူးပြီးနောက်တလှမ်းဆုတ်သွားတယ်..
ပြီးတော့ ကျွန်တော်ကို သေသေချာချာကြည့်ပြီးတော့ “ zaw မင်းဘာလို့ငါ့ကိုအဲဒီလိုလုပ်ထားတာလဲ”
လို့မေးတယ် အဲဒီ နောက်ပိုင်းကစပြီးတော့ကျွန်တော်ကိုမရစ်တော့ဘူးလေ
xxxxxxxxxxxxxxxxxxxxxxxxxxxx
သူတိကျတယ်ဆိုတာထက်ကျွန်တော်တို့မြန်မာတွေကပိုတိကျတတ်တယ်ဆိုတာလေးသဘောလောက်ပြလိုက်တာပါ။



ယုံပါတယ်။ အကိုဇော် က တိကျတဲ့သူ၊ တစ်ဖက်သားရဲ့ နိုင်ကွက်ကိုခန့်မှန်းနိုင်တဲ့ လူမှန်း။
အကိုဇော်ကို အတွေ့အကြုံ ကနေ သင်ပေးသွားတာနေမှာနော်။ဒါကြောင့် အောင်မြင်မှု့တွေရနေတာနေမှာ။
ဘာပဲဖြစ်ဖြစ် အကိုဇော် အတွေ့အကြုံလေးတွေကို ရှယ်ပေးတာ ကျေးဇူးပဲနော်။
နေညို တို့လို အငယ်တွေ မှတ်သားရတာပေါ့။ နောက်လည်း အကိုဇော် အတွေ့အကြုံထဲက
မှတ်သားအတုယူစရာ စိတ်နေစိတ်ထားလေးများကို ရေးပေးပါဦးလို့။
အလုပ်များမှန်းသိရဲ့ သားနဲ့ ပြောမိပြန်ပြီ။ အကိုဇော်ရေ..အားမှပါ။ တောင်းဆိုတာမဟုတ်ပါဘူး။
တောင်းပန်တာပါ။ကျေးဇူး။

phyo
05-22-2009, 12:39 PM
Archi Consultant ပေးတာဆိုတော့ သက်သေ ရှိလားတဲ့
အဲမှာ ပြာတော့တာပဲ .... :-[
ဘာလို့လဲဆိုတော့ သူတို့ပါးစပ်နဲ့ ပြောတာကို ဆွဲလိုက်တာလေ။
ဘော့က တစ်ခွန်းပဲ ပြောသွားတယ်...
-----------------------------------------
-------------------------------------------
ဒီတော့ စိတ်ထဲမှာ စွဲနေအောင် မှတ်ထားတယ်.. Construction မှာအလုပ်လုပ်ရင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မယ့် အရာတွေ ကြိုရှာထားဖို့...
ဘာလို့လဲ ဆိုတော့ Construction Site ဆိုတာ တစ်ကယ်တော့ လက်ဝှေ့ကြိုးဝိုင်းတစ်ခုပါပဲ။ ကိုယ်က ပြန်မထိုးနိုင်ရင်တောင် ကိုယ့်ကိုကိုယ် ကာကွယ်တတ်ရမယ်လေ ဟုတ်တယ်ဟုတ်


ကျနော်ကတော့..ကိုယ့်ကိုတစ်ခုခု ပြင်ဆင်ခိုင်းတော့မယ်ဆိုရင်.. စာရွက်နဲ့ ဘောပင်.. အမြဲတမ်းယူသွားတယ်.. ဆွဲပြတာမဟုတ်ဘဲ
ပါးစပ်ကနေပြောတာဆိုရင်..ကိုယ်က. အကြမ်းဖျင်း ဆွဲပြပြီး.. ဒီလိုလား.. ဒါလားလို့ မေးပြီး.. အတည်ပြုချက်.. ရအောင်ယူတယ်..
ပြီးရင် အဲလို စာရွက်တွေကို... နောက်ပိုင်းမှာ.. မထိန်းသိမ်းနိုင်တော့လို့ .. scan ဖတ်ပြီး.. folder သပ်သပ်လုပ်ထားတယ်..
နောက်တစ်ခု.က.. email ကိစ္စ..company mail က.. inbox ..outbox တွေကို..folder memory ပြဿနာကြောင့်. admin က မကြာခဏ ရှင်းရှင်းထုတ်ပစ်နေတော့ ... တော်တော်ကြာကြာက ကိစ္စတွေ ပြန်ပေါ်လာရင်.. ရှာမရတော့ဘူးဖြစ်ဖြစ်နေတာ.. အဲဒါနဲ့ ..လာသမျှ.. ပို့ သမျှ mail တွေကို cc နဲ့  forward လုပ်ပြီး.. လုပ်ငန်းသုံး mail address တစ်ခုမှာ. ထားထားရတယ်.. ရှိသမျှ နေ့ စွဲ နဲ့ အကြောင်းအရာကိုလည်း.. အလွယ်တကူ သိအောင်.. ပြောလို့ ရအောင်.. Miscrosoft Access နဲ့ .. ဖိုင်သီးသန့် လုပ်ထားတယ်.. ဒါတောင်မှ... တစ်ခါတစ်ခါ.. လက်သီးလက်မောင်း.. တန်းရသေးတာ..

အင်း.. KPZ ပြောမှပဲ... ကြိုးဝိုင်းဆိုတာကို.. သတိရတော့တယ်... ;D

97 တုန်းက.. Richard Gere, Ling Bai, Bradley Whitford တို့ ပါတဲ့..Red Corner ဇာတ်ကားထဲက.. မင်းသား Richard Gere လိုတော့..
မဖြစ်သေးရင် တော်ပါသေးတယ်လေ....

papagyi
06-04-2009, 12:14 PM
ဝါး..ဒီလောက်စည်ကားနေတာ...သားသားပျက်ကွက်နေတာ....
သွေ့ ပုချိနော်....K.Zaw......Kpz....Phyo..other... :)

ဟိန်းလေး
06-04-2009, 12:30 PM
သူများရေးမို့ဟာကို လုပြီးတင်သွားတယ် ကိုပါပါတော့ ;D
များနေပြီ ပျက်ကွက်တာတွေက >:( ဒီထဲမှာ other ဆိုတဲ့နာမည်ရှိဘူး >:(

အတွေ့အကြုံလေးတွေက ဖတ်ရတာဗဟုသုတတွေများကြီးပဲရတယ်
အဲဒိထဲမှာ အလန်းဆုံး က နာမည်ပဲ
talkative ဆိုတဲ့ နာမည် လေးကိုကြိုက်လို့ ...
ဘယ်သူများ ပေးထားတာပါလိမ့် ;D ;D

papagyi
06-10-2009, 06:12 PM
အစ်ကို ဇော်ပြောသလိုပဲ...construction မှာ ..subcon တွေမပြောနဲ့ ...တစ်ဖွဲ့တည်းတောင်..သတိမထားရင်
ခံရတာတွေ..အများကြီးပဲ..ဒါပေမယ့်..အရေးကြီးတာက သူတို့ကို သတိထားပြီး ..အခွင့်ရေးမပေးမိစေနဲ့ပေါ့နော်..
သူတို့နဲ့ ပြိုင်ပြီး..သူတို့လိုပဲ ကိုယ့်ရဲ့  စိတ်မပြောင်းသွားမိဖို့ပါပဲ... :)

johnmoeeain
06-11-2009, 06:20 PM
ဘာပဲဖြစ်ဖြစ်တကယ်လုပ်မယ့်သူအတွက်ဒီအချက်ကသတိထားစရာပါ။
ဘာဖြစ်လို့လဲဆိုတော့ visit နဲ့လာရင် stay က အရေးကြီးတယ်လေ


ရှိသမျှ နေ့ စွဲ နဲ့ အကြောင်းအရာကိုလည်း.. အလွယ်တကူ သိအောင်.. ပြောလို့ ရအောင်.. Miscrosoft Access နဲ့ .. ဖိုင်သီးသန့် လုပ်ထားတယ်.. ဒါတောင်မှ... တစ်ခါတစ်ခါ.. လက်သီးလက်မောင်း.. တန်းရသေးတာ..


သူတို့ပါးစပ်က ပြောတဲ့ လိုချင်တဲ့ အချက်တွေအကုန်ကို အစည်းအဝေးခန်းထဲမှာတင် တစ်ထိုင်တည်း ဆွဲပေးရတယ်။ ပီးတော့ လက်မှတ်တစ်ခါတည်း ထိုးခိုင်းရတယ်။နို့မို့ ငြင်းလွန်းလို့ ......Construction မှာအလုပ်လုပ်ရင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မယ့် အရာတွေ ကြိုရှာထားဖို့...
ဘာလို့လဲ ဆိုတော့ Construction Site ဆိုတာ တစ်ကယ်တော့ လက်ဝှေ့ကြိုးဝိုင်းတစ်ခုပါပဲ။ ကိုယ်က ပြန်မထိုးနိုင်ရင်တောင် ကိုယ့်ကိုကိုယ် ကာကွယ်တတ်ရမယ်လေ ဟုတ်တယ်ဟုတ်

အတွေ့အကြုံတွေကို သိရတာ တကယ်ကို အဖိုးတန်ပါတယ်..
ဒါပေမယ့် ဖတ်ရင်းဖတ်ရင်း... နည်းနည်းလည်း ကြောက်စိတ် ၀င်လာရသလိုလို....
but.. အရာအားလုံးကို ရင်ဆိုင်နိုင်စေဖို့... ကြိုတင်အင်အားများ.. ရရှိခဲ့ရလို့ ကျေးဇူးလည်း တင်ပါတယ်ရှင်......
ခင်မင်လေးစားလျက်
ဂျွန်မိုးအိမ်

KPZ
06-17-2009, 09:10 AM
ညီမလေး ဂျွန်မိုးအိမ်ရေ..

ဒီလာဖို့ ကြောက်စိတ် လုံးဝမ၀င်ပါနဲ့
ဒီကျွန်းလေးက ကျဉ်းကျဉ်းလေးပါ
ညီမလေး ဆီမှာ လက်နက်တွေ အပြည့်အစုံ ပါတယ်ဆိုတာ အမ အကြွင်းမဲ့ ယုံကြည်တယ်
လက်နက်တွေလို့ အမ ဘာလို့သုံးလဲ ပြောပြမယ်နော်
အခု လက်ရှိ အမ လေ့လာတာကို မရပ်လိုက်ပါဘူး
ဆက်ပီး အလုပ်ထဲမှာ လိုလို မလိုလို လိုက်လေ့လာနေတုန်းပါ
ဒီတော့ တစ်ချို့ သူငယ်ချင်းတွေကမေးတယ်
နင် အလုပ်လဲရနေပီ.. ကျောင်းကတည်းက လိုက်လေ့လာနေတာ အခုထိ မပီးသေးဘူးလားတဲ့
တစ်ချို့ နင်သင်ထားတာတွေက နင့်အလုပ်ထဲမှာလည်း မလိုအပ်ဘူးလေတဲ့
အမ ဘာမှ ပြန်မပြောပဲ ပြုံးပြုံးလေးပဲ နေတယ်
ဘာလို့လဲ ဆိုတော့ အမကို ဆရာကြီးတစ်ယောက်က ပြောဖူးတဲ့
ဝိုင်အိုင်တီက ဆရာကြီး ဦးသိန်းထွန်းအောင်တဲ့
ဆရာကြီးက ပညာရပ်တစ်ခုခုကို သင်တိုင်း ဒါသင်ပြီးရင် ဘာဖြစ်မှာလဲလို့ မေးရင် သိပ်စိတ်ဆိုးပါတယ်
သူအမကို စိတ်ဓါတ်ထားတတ်အောင် ဥပမာလေးတစ်ခုပေးခဲ့တာ အမ တစ်သက်လုံးစွဲနေတယ်

လူတစ်ယောက်ဟာ ၀င်ပေါက်ထွက်ပေါက်နှစ်ခုရှိတဲ့ အိမ်လေးထဲမှာ နေနေတာတဲ့
အခွင့်အရေး ဆိုတဲ့ ငှက်ဟာ အဲဒီ့အိမ်ထဲကို ကြိမ်းသေပေါက် တစ်ကြိမ်တစ်ခါတော့ ရောက်လာစမြဲပါတဲ့
ဒီငှက် ၀င်လာတဲ့ အချိန်မှာ အိမ်ထဲမှာရှိတဲ့ လူက ဒီငှက်ကို ဖမ်းနိုင်ဖို့ လက်နက်ပစ္စည်း အပြည့်အစုံနဲ့
လုံ့လ၀ီရိယရှိဖို့ပဲလိုတာတဲ့ ......... ကိုယ့်မှာ ဘာမှ မရှိရင်တော့ ငှက်ကလေးက ထွက်ပေါက်ကနေ ထွက်သွားမှာပဲတဲ့

ဒီတော့ ညီမလေးမှာလည်း လက်နက်တွေ ပြည့်စုံနေပီဆိုတော့ အခွင့်အရေးဆိုတဲ့ ငှက်ကလေး ကို ဖမ်းနိုင်မှာပါ

ခင်မင်လေးစားလျှက်
ကေပီဇက်

phyo
06-18-2009, 08:59 AM
ညီမလေး ဂျွန်မိုးအိမ်ရေ..

ဒီလာဖို့ ကြောက်စိတ် လုံးဝမ၀င်ပါနဲ့
ဒီကျွန်းလေးက ကျဉ်းကျဉ်းလေးပါ
ညီမလေး ဆီမှာ လက်နက်တွေ အပြည့်အစုံ ပါတယ်ဆိုတာ အမ အကြွင်းမဲ့ ယုံကြည်တယ်
----
----
----
သူအမကို စိတ်ဓါတ်ထားတတ်အောင် ဥပမာလေးတစ်ခုပေးခဲ့တာ အမ တစ်သက်လုံးစွဲနေတယ်

လူတစ်ယောက်ဟာ ၀င်ပေါက်ထွက်ပေါက်နှစ်ခုရှိတဲ့ အိမ်လေးထဲမှာ နေနေတာတဲ့
အခွင့်အရေး ဆိုတဲ့ ငှက်ဟာ အဲဒီ့အိမ်ထဲကို ကြိမ်းသေပေါက် တစ်ကြိမ်တစ်ခါတော့ ရောက်လာစမြဲပါတဲ့
ဒီငှက် ၀င်လာတဲ့ အချိန်မှာ အိမ်ထဲမှာရှိတဲ့ လူက ဒီငှက်ကို ဖမ်းနိုင်ဖို့ လက်နက်ပစ္စည်း အပြည့်အစုံနဲ့
လုံ့လ၀ီရိယရှိဖို့ပဲလိုတာတဲ့ ......... ကိုယ့်မှာ ဘာမှ မရှိရင်တော့ ငှက်ကလေးက ထွက်ပေါက်ကနေ ထွက်သွားမှာပဲတဲ့

ဒီတော့ ညီမလေးမှာလည်း လက်နက်တွေ ပြည့်စုံနေပီဆိုတော့ အခွင့်အရေးဆိုတဲ့ ငှက်ကလေး ကို ဖမ်းနိုင်မှာပါ

ခင်မင်လေးစားလျှက်
ကေပီဇက်



အင်းကောင်းလိုက်တဲ့ ဥပမာလေး ကြိုးစားထားတာ မှန်သမျှ ဘာမှ အလဟသ ဖြစ်သွားစရာမရှိဘူးဆိုတာ ကျနော်လည်း ယုံကြည်ပါတယ်..
အဓိကက စိတ်လျော့မသွားဖို့ ပဲ.. အိုင်စတိုင်းပြောခဲ့ဖူးတဲ့ စကားထင်တယ်
ခုလက်ရှိမှာ ကြိုးစားထားတာတွေ တီထွင်မှုတွေ တွေးခေါ်မျှော်မြင် ကျင့်ကြံအားထုတ်ထားတာတွေဟာ နောင်ကာလမှာ အလကားဖြစ်သွားတယ်ဆိုရင်
ဒီအယူအဆ ဒီဝါဒ ဟာ အသုံးမကျတဲ့ လက်ခံမှုပဲတဲ့ ... ( မှတ်သားမှု ညံ့ဖျင်းလွန်းလို့ မှားရင်လည်း မှားနေနိုင်ပါတယ်. သိတဲ့သူများ ပြင်ပေးကြပါ)

ကဲ..ကဲ ဂျွန်မိုးအိမ်ရေ.. ရဲရဲသာလာခဲ့ပါ...
တကယ်တော့ စင်ကာပူဟာ ဘာမှ မဟုတ်ပါဘူးကွယ်.. ရောက်လာရင်သိမှာပါ...
နောက်ပြီးတော့ KPZ တစ်ယောက်လုံးရှိတယ်... :D

chitsuelay
06-18-2009, 04:06 PM
ကျမကျောင်းပြီးလို့ အလုပ်လျောက်ခါနီးကို သူငယ်ချင်းတစ်ယောက်ဆီကနေ အင်တာဗျူးသွား၇င် လိုအပ်မဲ့ အချက်လေးတွေဖတ်ခဲ့ရပါတယ်။ အဲဒါလေးပြန်သတိ၇လို့ အခုလဲ အင်တာဗျူးသွားမဲ့ လူတွေ ကြိုဆင်ပြင်နိုင်ဖို့ အချက်အလက်တွေ ပြန်လည်ရှာဖွေရင်း ကျမတုန်းကလိုက်နာခဲ့တဲ့ အချက်လေးတွေနဲ့လဲနီးစပ်ပြီး သင့်တော်မယ်လို့ထင်တာလေးတွေတွေ့လို့ မျှဝေပေးလိုက်ပါတယ်။

(1) Be punctual - သွား၇မယ့်နေ၇ာကို သေချာရှာထားပါ။ ဘယ်အဆောက်အအုံ။ ဘယ် Bus စီး၇မယ်။ ဘယ်နှစ်မှတ်တိုင်။ အချိန်အတိအကျသွားပါ။ (နည်းနည်းစောတာ ကိစ်စမရှိပါ)

(2) Prepare for the interview - Company နာမည်ကို အလွတ်ကျက်ထားပါ။ Company ကဘာလုပ်တာလဲဘာညာ Company profile ကိုလေ့လာသွားပါ။

(3) Relax and be yourself - စိုး၇ိမ်စိတ် အ၇မ်းမများပါနဲ့ ။ ကိုယ်သိတာ ကိုယ်တတ်တာကို အခွင့်သင့်သလိုပြော။ လေ့လာသင်ယူလိုစိတ် ရှိကြောင်းကိုလဲ ပြပါ။ ဒီအလုပ်ကကိုယ်နဲ့ ကိုက်ညီမှု မရှိလို့မရွေးခဲ့ရင်တောင် ကိုယ်ဟာအသုံးဝင်နိုင်တဲ့ လူတစ်ယောက်ဆိုတာတော့ သိသွားမှာပါ။

(4) Smile and be friendly - အိုးတို့အန်တန်းမဖြစ်ပါနဲ့။ Interview တလျောက်လုံး မျက်နှာကို ခပ်ချိုချိုလေးထား ၇င်ပိုကောင်းပါတယ်။

(5) Use a firm handshake and direct eye contact - မြန်မာလူမျိုးတွေနဲ့ သိပ်အကျွမ်းတ၀င်မရှိတဲ့ နှုတ်ဆက်မှုပေါ့နော်။ Interviewer က လက်ကမ်းပေးလာ၇င်တော့ သူ့ကိုကြည့်ပြီး ပြန်ပြုံးပြပြီး လက်ဆွဲနှုတ်ဆက် လိုက်ပေါ့။

(6) Bring copies of your resume and portfolio - ကိုယ့်၇ဲ့ CV မိတ်တူ, certificates မိတ်တူ လေးတွေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေယူသွားဖို့လဲ မမေ့ပါနဲ့။

(7) Look the part - သင့်တင့်လျောက်ပတ်တဲ့ အ၀တ်အစား အပြင်အဆင်လေး ရှိသင့်ပါတယ်။ ဘာမှစမပြောခင် အ၇င်မြင်မှာကိုး။ First impression ၇တာပေါ့။

('8') Ask questions - Interview မှာ ကိုယ်ကလဲ မေးစ၇ာရှိရင်ပြန်မေးပါ။ မေးချင်တာလေးတွေကိုလဲ ကြိုတင်ြပင်ဆင်လာခဲ့ပေါ့။ အဲဒီလို အပြန်အလှန်မေးပြီး ဆွေးနွေးတာက သူ့၇ဲ့အလုပ်ကို စိတ်ဝင်းစားတယ်ဆိုတာကို သိသာစေတာပဲပေါ့။

(9) Bring a planner or pad of paper and a pen - ကိုယ်မေးချင်တာ ပြောချင်တာ ဒါမှမဟုတ် မှတ်ချင်တာလေးတွေမှတ်ဖို့ မှတ်စုစာအုပ်အသေးလေး နဲ့ ဘောပင် ယူလာမယ်ဆိုလဲကောင်းတာပါပဲ။

(10) Write a thank-you note - interview ကပြန်လာပြီး နောက်တစ်၇က်မှာတော့သူ့၇ဲ့ email လိပ်စာကိုသိ၇င် interview ခေါ်လို့ကျေးဇူးတင်ကြောင်းလေး email ပို့လိုက်ခြင်းဟာ ကိုယ့်ကို impression ၇စေနိုင်တယ် ။ နာမည်ကိုတော့ မှန်အောင်ပေါင်းမှဖြစ်မယ်နော်။

phyo
12-01-2009, 01:45 PM
လုပ်ငန်းခွင် အတွေ့ အကြုံတွေ ဖလှယ်မယ့်သူတွေ နည်းနေပါလား..
ဖိုရမ်ထဲ လျှောက်လည်ရင်းနဲ့  အင်တာနက် အီးမေးလ် သင်တန်းအကြောင်း ရောက်သွားလို့ 
အောက်ကပိုစ့်တွေ ဖတ်ပြီး ရေးချင်လာလို့  ရေးပြီနော်.... ( ထွေရာလေးပါးထဲမှာ တပ်စရာခေါင်းစဉ်မတွေ့ လို့  ဒီခေါင်းစဉ်အောက် လာရေးတာပါ :4:
အတွေ့ အကြုံဆိုပေမယ့် ဘာမှရစရာ ပညာတွေ ပါလာမှာမဟုတ်သလို ဖတ်ရမယ့်သူတွေကို အားနာတယ်လေ.. အနည်းဆုံး အက်ဒမင်ကြီးကတော့ ဖတ်မှာပါ..အမှိုက်ပုံးထဲ ပစ်ဖို့  :4:)
ကျန်တဲ့သူတွေလည်း ရေးကြပါဦး..
topic ကြီး အေးနေသလားလို့ ...



i think it is too easy. Because internet cafes are everywhere. So you should use pratical sooner or later you know about internet and email.




ညီမလေးက ဘာသင်ချင်တာလဲ ဘာတက်ချင်တာလဲ။ အင်တာနက် အီးလ်မေးက သင်တန်းတက်စရာမလိုပါဘူး။ ကိုယ်တိုင်လေ့လာမှုပဲလိုတာပါညီမလေး.... ဘာကူညီပေးရမလဲ...
http://www.myanmarengineer.org/forum/index.php/topic,5574.0.html




internet စာအုပ်တွေဖတ်ကြည့်ပါလားနော် ပြီးရင်လျှောက်ကလိလိုက်လေ ခုဆိုinternet စာအုပ်တွေကတောင်လိုပုံအောင်ထွက်နေတာပဲ ၀ယ်ဖတ်ပြီးကလိကြည့်ပါလား ပြီးရင်blogစာအုပ်လေးတွေဝယ်ဖတ်ကြည့်ရင်တော့ တော်တော်လေးကိုကျွမ်းသွားပါပြီနော


internet & Email သင်တန်းနဲ့ ပတ်သက်လို့ Information တော့ မဟုတ်ဘူး..
အတွေ့ အကြုံလေး ဝေမျှတာပါ...
( အတိုင်းအတာတစ်ခုအထိ မိမိလိုအပ်သလို အသုံးချနိုင်လောက်အောင်တော့ မိမိကိုယ်မိမိ အားကိုးဖို့ လိုတဲ့အကြောင်းလေး ဝေမျှချင်တာပါ )
ပထမ အင်တာနက် မသုံးဘူးခင် ကွန်ပျူတာအကြောင်းလေးကနေ စပြောပါမယ်..
၂၀၀၂ မကုန်ခင် ကာလတွေတုန်းကတော့ ကွန်ပျူတာဆိုတာ ကျနော့်အတွက် TV နဲ့  လက်နှိပ်စက်ကို တွဲထားတဲ့ စာရိုက်လို့ ရတဲ့ ရုပ်မြင်သံကြားစက်တစ်လုံးလောက်ဆိုတာထက် ဘာမှပိုမသိသေးပါဘူး.. :4:
GTI တက်တုန်းက ဒုတိယနှစ် ၉၈ လောက်ကထင်ပါတယ်.. ကျောင်းမှာ ဆရာတစ်ယောက်က ကွန်ပျူတာခန်းထဲခေါ်ပြီး apple ကွန်ပျူတာအသုံးပြုပုံကို သဘောလောက် သင်ပြပေးဘူးပါတယ်... ကျောင်းသားတစ်ယောက်ကို ၅ မိနစ်လောက် ကိုင်ခွင့်ပေးပြီး လုပ်ခိုင်းတာမို့  ဖွင့်လည်း မဖွင့်တတ် ပိတ်လည်းမပိတ်တတ်နဲ့  ဘာမှကိုနားမလည်ဘူး :?( အမှန်တကယ်တော့ အဲဒီဆရာက စာသင်ရင် သိပ်ပျင်းဖို့ ကောင်းပါတယ် တိုင်းရင်းသားကလည်း ဖြစ် ၊ စကားကလည်း ကျနော့်လိုပဲ မပီဆိုတော့ ထောင့်မှာ သွားနပ်နေပြီး ဘာမှကို မသိ မကြားဖြစ်ခဲ့တာကိုး :(()ဒါနဲ့ ပဲ
သူများအဆင်သင့်ဖွင့်ထားတဲ့ ကွန်ပျူတာတစ်လုံးမှာ အသင့်ဖြစ်ပြီးသား Game ဆော့ပြီး ပြန်ထွက်လာတာပါပဲ.. :7:
ဒီလိုနဲ့  ၂၀၀၂ မှာ ကျနော် အဆင့်သင့်ရလာတဲ့ အလုပ်တစ်ခု ဘာ အင်ဂျင်နီယာလုပ်ငန်းမှ မဟုတ်ဘူးဗျ..Agency တစ်ခုမှာ ၀င်လုပ်တယ်....ရုံးခန်းကလည်း ၈ မိုင်လမ်းဆုံမှာ ..
ရာထူးကလည်း အတိုကောက်က TTMY ပေါ့.. မသိတဲ့သူတွေကို အထင်ကြီးအောင် ဘိုလို ပြောရတာ.. TTMY ဆိုတာ တောက်တိုမယ်ရ ကို ပြောတာ ;D.. အဓိကအလုပ်က နိုင်ငံခြားနဲ့ ဆက်သွယ်ရတဲ့ အလုပ်တစ်ခုပေါ့လေ.. ဒါပေမယ့် ခေတ်မီပုံကတော့ အင်တာနက်မသုံးဘူးဗျ.. ကွန်ပျူတာကတော့ သုံးပါတယ်..
ဒီဘက်က လိုအပ်တဲ့ စာရွက်စာတမ်းတွေအားလုံးကို ကွန်ပျူတာနဲ့ ရိုက် Fax ထိုး .. ဒီလို ဒီလိုပေါ့ဗျာ..ဟဲ..ဟဲ
အဲ တစ်နေ့ တော့ အကြောင်းတိုက်ဆိုင်လို့  ကွန်ပျူတာ ဌာနမှာ တစ်ရက် သွားကူရတယ်.. အရေးကြီးလို့  အမြန်လိုချင်လို့ ဆိုပဲ .. အလုပ်က ဘေးကနေ ကွန်ပျူတာသမား ရိုက်လိုတဲ့ စာတွေ ဂဏန်းတွေကို ကိုယ်က တစာစာအော်ပေး ပြောပေးရတာပေါ့.. ဒါနဲ့  ကွန်ပျူတာကို နည်းနည်း စိတ်ဝင်စားလာတယ်..( သူများတွေကဖြင့် တစ် အိုင်တီ တည်း အိုင်တီ နေတဲ့အချိန်မှာ ကျနော်က စိတ်ဝင်စားခါစ ရှိသေးတာ .. ဂလို ဂလို..)ဒါနဲ့  keyboard လေး ကိုင်ကြည့် နှိပ်ကြည့်ပေါ့ဗျာ..
အဲဒီမှာ ကွန်ပျူတာကျွမ်းကျင်ဆိုတဲ့ ပုဂ္ဂိုလ်က ကျနော့်ကို ဟောက်တယ်ခင်ဗျ.
မင်းတဲ့ ကွန်ပျူတာကို ဘာမှတ်နေသလဲ.. နားမလည်ရင် နားမလည်သလို ဝေးဝေးမှာနေတဲ့
ဟိုကလိ ဒီကလိနဲ့  ကွန်ပျူတာ တစ်ခုခုဖြစ်သွားရင် မင်းဘာလုပ်တတ်လို့ လဲတဲ့..
တန်ရာ တန်ရာနေ တဲ့..
ထွက်သွားတဲ့ ဒေါသကို တံတွေးနဲ့ အတူ မျိုးချလိုက်ရတယ် :angry:( ဒေါသဟာလည်း တံတွေးလိုပဲ မြင်ရတဲ့သူအတွက် ရွံ့စရာကောင်းတယ်မဟုတ်လား :-[)
ဒါပေမယ့် စကားလုံးနဲ့  ပြန်တုန့် ပြန်မိတယ်..
ကောင်းပြီ.. အခု ကျနော် . ကွန်ပျူတာနဲ့ ပတ်သက်လို့  နကန်း တစ်လုံးမှ မသိဘူး..
ဒါပေမယ့် နောက်မကျခင်ကာလမှာ ဒီနေရာ ဒီခုံမှာ အလုပ်လုပ်နေရတဲ့သူဟာ.. ခင်ဗျားမဟုတ်ဘဲ
ကျနော်ဖြစ်လာစေရမယ်လို့  ဇိုးဇိုးဇာတ်ဇာတ် ပြောမိပါတော့တယ်...
ပြောတာ ပြောလိုက်မိတယ်. ဒီကွန်ပျူတာကို တတ်လာအောင် ဒီထက်ပိုဆိုးတာက သူ့ နေရာမှာ ရလာအောင် ဘယ်လို လုပ်ရမလဲဆိုတာ ကျနော့်အတွက် No Idea ပါ. :?
အလုပ်ပြီးလို့  ကိုယ့်အခန်းကိုယ်ပြန်ရောက်မှ သေချာစဉ်းစားပြီး အပင်ပန်းခံရပါတော့တယ်..
ကွန်ပျူတာသင်တန်းတက်ဖို့ အချိန်မပေးနိုင်သလို ကျွမ်းကျင်တဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ ကလည်း အဆက်အသွယ်မရှိပါဘူး..
ဒါနဲ့ ပဲ သူများတွေ နေ့ လည်စာ ရုံးဆင်းချိန် အနားမယူနိုင်ပါဘူး... ကိုယ့်အထက်က အရာရှိအနေနဲ့ ဖြစ်နေတဲ့ ဗိုလ်မှူးတစ်ယောက်ရဲ့  အခန်းကို သွားပြီး ..
ကွန်ပျူတာသုံးစွဲခွင့်ပြုဖို့  အကူအညီတောင်းပါတယ်.. သူ ကလည်း ခွင့်ပြုပါတယ်.. ဒါပေမယ့် ကန့်သတ်ချက်တော့ ပါပါတယ်.. အလုပ်ချိန်အတွင်းမှာတော့ သုံးစွဲခွင့်မပြုပါဘူး..ဒါကြောင့် အလုပ်လုပ်နေစဉ်အချိန်အတွင်းမှာပဲ ကိုယ့်အလုပ်ကို မြန်မြန်လုပ်.. ပြီးရင် ကွန်ပျူတာဌာနကလူတွေရဲ့  အလုပ်တွေကို သူတို့ မခိုင်းပေမယ့် ၀င်လုပ်ကူ.. ကိုယ်သိချင်တာလေးတွေ ကြုံတဲ့သူတွေကိုမေး.. ထမင်းစားချိန်မှာ ၀င်လုပ်ကြည့် typing tutor တွေ ရိုက်ကြည့်... အလုပ်ဆင်းချိန်
ဖယ်ရီနဲ့  ပြန်မလိုက်တော့ဘဲနဲ့  ... နေလို့ ရသမျှအချိန်ထိ ရုံးမှာပေကပ်ထိုင်ပြီး ဆက်လုပ်ပါတယ်..
နည်းနည်းလေး လက်ကွက်ကလေးလည်း ရလာ.. အသုံးပြုပုံလေးနဲ့ လည်း ရင်းနှီးလာချိန်မှာတော့ .. သူများတွေ စာစီတဲ့ အလုပ်တွေကို အတင်းဝိုင်းကူ ရိုက်ပေးနဲ့ 
တော်တော်တိုးတက်လာပါတယ်.... နောက်ပိုင်း ကျနော့် ကြိုးစားမှုအရ.. ကွန်ပျူတာဌာနမှာ တရားဝင် အလုပ်လုပ်ခွင့်ရလာပါတယ်.. နောက်ပိုင်းမှာ တော့ တဖြည်းဖြည်းနဲ့  ဟိုပုဂ္ဂိုလ်က ကျနော် မူလလုပ်ခဲ့တဲ့ နေရာကို ပြန်ရောက်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ..သူ ထိုင်ခဲ့တဲ့ ထိုင်ခုံမှာ သူလုပ်နေတဲ့ အလုပ်တွေကို ကျနော် လုပ်ခွင့်ရလာခဲ့ပါတယ်.. သူ ကတော့ ပြောချင်ရာပြောပြီး သူ့ စကားကို မေ့သွားပေမယ့် ( ကျနော့် ကြုံးဝါးချက်ကိုလည်း သူမေ့သွားလောက်ပြီထင်ပါတယ် ). ကျနော်ကတော့ မမေ့ခဲ့ဘူး.. ဒါပေမယ့် အစလည်း ပြန်ဖော်မနေတော့ပါဘူး..
ဘာလို့  ပြန်မဖော်တော့တာလည်းဆိုတော့ သူ့ ကို ကျနော် ယနေ့ ထက်ထိ ကျေးဇူးတင်နေတုန်းပါပဲ.. သူ ဟာ ကျနော့်ကို တိုးတက်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးခဲ့တဲ့ ကျေးဇူးရှင် ဖြစ်နေလို့ ပါပဲ..
ဒါကတော့ ကျနော် ဘယ်လို ကွန်ပျူတာနဲ့  ရင်းနှီးလာသလဲဆိုတဲ့ နောက်ခံအကြောင်းအရင်းဖြစ်ပါတယ်..
Internet နဲ့  Email ကတော့
တစ်ကြော့ပြန် ရန်ကုန်မှာ အလုပ်လုပ်ဖို့  ကြိုးစားစဉ်ကာလမှာပါ..
၂၀၀၅ ခုနှစ်လောက်မှာပါ..
အဲဒီတုန်းက ရဲတံခွန် ဆောက်လုပ်ရေးရဲ့  Construction project တစ်ခုမှာ အင်တာဗျူးဝင်ပါတယ်..
ပေါက်တတ်ကရတွေ ဖြေခဲ့မိပေမယ် အင်တာဗျူးအောင်တဲ့အကြောင်းပြောပြီး အလုပ်ဝင်ဖို့ ရက် အကြောင်းကြားပါမယ်ဆိုပြီး အကြောင်းမပြန်ဘူးခင်ဗျ..
ဒီက ငနဲ ကလည်း အလုပ်ရပြီဆိုပြီး နေလိုက်တာ ၂ ပတ်လောက်နေတဲ့အထိ အကြောင်းမပြန်တော့ ဒေါကန်ပြီး အလုပ်သစ်ထပ်ရှာပါတယ်.. :angry:.
သုံးစရာငွေကလည်း ပြတ်ပြီလေ... ဘာအလုပ်ကမှ ထပ်အကြောင်းမပြန်ပါဘူး.. ဒါနဲ့ ပဲ စိတ်ညစ်ညစ်နဲ့  ရန်ကုန်မြို့ လည်အရောက်မှာ
ဆိုင်းဘုတ်တစ်ခု ထောင်ထားတာ တွေ့ တယ်ခင်ဗျ.. ဘာလည်းဆိုတော့ ကွန်ပျူတာ ကျွမ်းကျင် အလိုရှိသည်တဲ့...
မထူးပါဘူးဆိုပြီး ကွန်ပျူတာပဲ မြင်တာကိုး နောက်က ကျွမ်းကျင်ဆိုတာကြီး ထည့်ကို မစဉ်းစားတာ.. တစ်နပ်စား အကြံသမားကိုး..
ဒါနဲ့  ၀င်စုံစမ်းတော့ ချက်ချင်း အင်တာဗျူးတာခင်ဗျ.. စာရိုက်ပြပါတဲ့.. ရိုက်ပြလိုက်တော့ သဘောကျသွားတယ်..
ကွန်ပျူတာနဲ့ ပတ်သက်လို့  ဘာအတွေ့ အကြုံရှိလဲတဲ့. . လုပ်ခဲ့ဘူးတဲ့နေရာနဲ့  ကုမ္ပဏီအမည်ပြောလိုက်တော့ သဘောကျသွားတယ်..
ဒါနဲ့  အင်္ဂလိပ်လို ပြောနိုင်လားတဲ့.. နိုင်ငံခြားကနေ တိုက်ရိုက်ဖုန်းတွေကို ကိုင်ရမှာ မို့ လို့ ပါတဲ့...ဟုတ်ကဲ့.. ကျနော်ကြိုးစားပါ့မယ်လို့ ...
လာပါပြီခင်ဗျာ... အင်တာနက် email ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သလားတဲ့.. ???
ဟုတ်ကဲ့လို့ ဖြေလိုက်ပါတယ်.
တကယ်တော့ တစ်ခါမှ သုံးဖူးသေးတာ မဟုတ်ဘူး.. ဘယ်လို သုံးရမလဲတောင် မသိဘူး..
ကြားထဲမှာ သင်ချိန်တော့ ရမှာပါ ထင်တာကိုး..
ဒါပေမယ့်.. သူဌေးက မနက်ဖြန် မနက် ၈း၀၀ စပြီး အလုပ်ဆင်းလို့ ရပါပြီတဲ့.. ကိုင်း..
ဒါနဲ့ ကျနော်လည်း.. အဲဒီညနေမှာပဲ အူရားဖားရားနဲ့  နီးစပ်ရာ အင်တာနက်ဆိုင်မှာ တစ်ညလုံး ထိုင်သုံးပြီး
အင်တာနက်ဆိုင်က .. တစ်ယောက်ကို မေးရတာပေါ့..
သူ ကလည်း ယောကျာင်္းချင်းမို့ လားမသိဘူး.. အင်မလုပ် အဲ မလုပ်နဲ့ . :angry:. တော်တော်ကြီးမေးမှ သိချင်တာ တစ်ခုနှစ်ခု သိရတယ်..
ဒါနဲ့ ပဲ.. ဟိုလို လုပ်ကြည့်လိုက်.. ဒီလို လုပ်ကြည့်လိုက်..
ကိုယ့်အနားရောက်လာတဲ့ သဘောကောင်းပုံရတဲ့ အင်တာနက် သုံးတဲ့သူတစ်ချို့ ကို .. အတင်းရော အကာရော ဇွတ် မေးရတော့တာပဲဗျာ..
ဒီလိုနဲ့  နောက်တစ်ရက်ရောက်တော့ တက်တက်ကြွကြွပါပဲ အလုပ်ကို ရောက် ၊
အလုပ်ရှင်က Breakfast ကျွေးသဗျ :4:( ရှိစုမဲ့စုငွေလေးကလည်း အင်တာနက်က ၀ါးသွားတယ်လေ )
နေ့ လည်စာလည်း ကျွေးသဗျ.. :4:
ကံကောင်းစွာနဲ့ ပဲ ပထမတစ်ရက်မှာ ဘာမှ သိပ်မလုပ်လိုက်ရဘဲ .. ရုံးက ကွန်ပျူတာကို ထိုင်သုံးရင်းနဲ့ အတော်သဘောပေါက်သွားပါတယ်..
ကျန်တာကတော့ ကွန်ပျူတာ ကျွမ်းကျင်လို့ သာ နာမည်တပ်ပြီး ( ကျနော်ထင်တဲ့အတိုင်းပဲ ) အလုပ်ခေါ်တာ
စာတွေ ၊ စာရင်းဇယားတွေကြီး လှမ့်ရိုက်နေရတယ်.. ဒီလို ဒီလိုနဲ့ ....................
internet နဲ့  email ကိစ္စက အဆင်ပြေသွားပါတယ်....

ဒီခေတ်ကြီးထဲမှာကတော့ ဘိုးဘိုးဘွားဘွား တစ်ချို့ ကအစ ပြည်ပမှာ ကျောင်းတက်နေ ၊ အလုပ်လုပ်နေကြတဲ့ သားသမီး မြေးမြစ်တွေကို ဆက်သွယ်ရင်း
internet ကို သုံးစွဲနေကြတာ မြင်နေရတယ်.. ခေတ်ရဲ့ တောင်းဆိုချက်အရ လူတိုင်း တတ်ထားသင့်တဲ့အရာလို့  ထင်မြင်မိပါတယ်

poohcartoon
04-28-2010, 10:14 AM
အစ်ကိုဇော်ရေ...
ကျွန်တော်ကတော့ တစ်ခါတုန်းက.... မဟုတ်ဘဲ၊ ခု လတ်တလောကို ဖြစ်တာပါ......။
သူငယ်ချင်း.....(ညီမလေး) တစ်ဦးကို internet သင်ပေးတာပေါ့။ ကိုယ့်ကလည်း ကျွမ်းကျွမ်းကျင်ကျင်မတတ်ဘဲ မသိတဲ့သူကျု မတတ်တဲ့သူက ဆရာလုပ်တာပေါ့နော်........
ရည်ရွယ်ချက်ကတော့ သူ ရန်ကုန် ရောက်တုန်း ရောက်ခိုက် အချိန်တွေ ပိုနေတုန်း ပညာလေး ရသွားစေချင်တာပါ.... နောက်... ကိုယ်က အချိန်မရှိလည်း သူ့ဘာသာသူ internet မှာ ဗဟုသုတလေး ဘာလေးရှာနိုင်အောင် ဆိုပြီးတော့လေ.....ပြီးတော့ နယ်မှာက တစ်နာရီ တစ်ထောင်တောင် က ဆိုးတယ်လေ....။
ဒါနဲ့..... ပထမဆုံး google နဲ့ရှာ.... ဘာ.....ညာ... သာရကာပေါ့လေ....၊ နောက်.... တစ်ဆင့်တက်တော့..... gtalk လေး ဘာလေး....သုံးပေါ့......။
အဲ့ဒီမှာ ဇာတ်လမ်း စတာပဲ..... :o :o :o
ကိုယ်နဲ့ မတွေ့တဲ့ သုံး.. လေး... ရက်မှာ သူက friend ပေါင်းများစွာနဲ့ တစ်နေကုန် ထိုင် chat တော့တာပါပဲ.....၊ နောက်ထပ် ဘာမှ ကို မသိချင်တော့ဖူးတဲ့.
ကိုယ်မသုံးတတ်တဲ့ vzo တို့၊ MIRC တို့...... အစရှိတာတွေကိုပါ ကျွမ်းကျင်နေပြီ...(ကိုယ်ကတော့ Gtalk ကလွဲပြီး ဘာမှ မသိလေ.....)
ဆရာထက် တပည့် တစ်လကြီးသွားတာလေးပါ.....
သေချာတာကတော့..... သူ internet သုံးခွင့်ရတဲ့ ရန်ကုန်မှာ နေတုန်း တစ်လကျော် အတွင်းမှာ ကျွန်တော်တို့ရဲ့ MEF အပါအ၀င် ဘယ် website & forum ကိုမှ မ၀င်ကြည့်သွားဖူးဆိုတာပါပဲ......။ :( :( :(
တစ်ခါ တစ်ခါ တွေးမိပါတယ်... internet ဆိုတာ ဒါပဲလားလို့....။



အင်းဟုတ်တယ် ညီမလဲ internet &email သင်တယ်လေ။ အကို့လိုပဲ အစပိုင်းကိုကွာ google အကြောင်းပြောပေါ့ပြီးတော့ gtalk အကောင့်လုပ်နည်း။ gmail အသုံးပြုနည်း တွေပေါ့ပြောတယ်။ mIRC ,vzo တစ်ခြားဆိုဒ်တွေထဲဝင်ရင်ဘယ်လိုပေါ့သိသင့်တဲ့အခြေခံပိုင်းလေးတွေကိုသင်တယ်လေ။ သင်ပြီးလို့ပြန်မေးလိုက်ရင်။ gtalk ချက်တာသူတို့က အကျွမ်းကျင်ဆုံးပဲ။ တစ်ခါတစ်လေ လာသင်တဲ့သူတွေက ဆို gtalk ပဲတက်ချင်လို့လာသင်တာရှိတယ်။ တော်တော်စိတ်တိုတယ်အဲကျရင်။ ကိုယ်ကတော့တစ်ခြားသိသင့်တာတွေကို တက်တက်ကြွကြွပြော သူတို့ကတော့ gtalk ချက်တာကလွဲရင် စိတ်မ၀င်စားဘူး တစ်ခါတစ်လေပညာစမ်းတာနဲ့က ကြုံရသေးတယ်။ ဘာမှမတက်သေးတဲ့သူသင်ရတာတော်သေးတယ်။ မတက်တစ်တက်သင်ရတာတော်တော်စိတ်ရှုပ်ရတယ်။ ကောင်းကောင်းလဲသိတာမဟုတ်ပဲ ကျော်ကျော်ပြီးဟိုမေးဒီမေးနဲ့။ စိတ်တိုတယ်တစ်ခါတစ်လေ။ တစ်ခါတစ်လေလဲ ရီချင်တယ်။ တစ်ချို့ဆိုင်လာသုံးတဲ့သူဆို ဟိုဘက်က Offline ဖြစ်တာကိုလဲမသိဘူး။ ဟိုဘက်ကပြန်မပြောလို့ဆိုပြီးလာသေးတယ်။ show offline firend မခေါ်တက်တဲ့သူကရှိသေးတယ်။ ဟိုတစ်နေ့ကပြောနေတယ်ပေါ့အခုမရှိလို့နဲ့ပြောတဲ့သူရှိသေးတယ်။ ပြီးရင် ဖုန်းပြောချင်ကြတာတအား။ လိုင်းကလဲသိတဲ့အတိုင်းမကောင်း။ အဲကျရင်သူတို့ကလိုင်းအကြောင်းနားမလည်ဘူး။ ဆိုင်ကပဲ စုတ်သလိုလိုပြောသေးတယ်။ ဟိုဘက်က ပြောနေတဲ့သူက ဆရာကြီးလာလုပ်ရင်လဲပြောပေးရသေးတယ်။ သုံးနေတဲ့သူနဲ့ ဟိုဘက်ကပြောနေတယ် အဲဘက်က vzo ချက်ရအောင်ဆို ပြာယာခက်ပြီပြီးရင် gtalk အကောင့်နဲ့ vzo ဖွင့်လို့ဖွင့်နဲ့။ webcam ကလဲပြချင်ကြသေးတယ်။ တစ်ချို့ဆိုဟိုဘက်ကလည်တယ်။webcam ကိုပိတ်ထားတယ်။ ဒီဘက်ကမိန်းကလေးပုံကိုတော့ကြည့်တယ်လေ။ တော်တော်မတရားတာလေ။ တစ်ခါတစ်လေကြည့်နေရင်း စိတ်ကတိုလာတယ်။ တကယ် ခန္တီ စိတ်မွေးနေရတယ်။

တီလေး
04-28-2010, 11:03 AM
အင်း လုပ်ငန်း အတွေ့အကြုံ ဆိုတာထက် ဘ၀ အတွေ့အကြုံဆိုရင် ပိုမှန်လိမ့်မယ် ... အစိုးရရုံးတရုံးကို ၀င်လုပ်ခဲ့တယ် (အားလုံး (၂၀)ဦး ခန့်တယ်) ပုံမှန်လေး သွားရင်းနဲ့ ထင်ပေါ်လိုလို့ စင်တော်ကကောက်တယ်ပေါ့ :haha: ဟဲဟဲ အထင်မကြီးနဲ့ အဲဒါ ဘ၀ပြောင်းသွားခြင်းရဲ့အစဘဲ ... အဲဒီကနေတဆင့် အရာရှိက ပင်စင်ယူတော့မယ်ဆိုတော့ ဒီထက်မြင့်တဲ့နေရာကို ပို့ပေးခဲ့ပါတယ်... အင်း မြင့်တဲ့နေရာရောက်တော့ စည်းကမ်းတွေက ပိုတင်းကြပ်လာပါတယ် .. အင်္ကျီတောင် မီးပူတိုက်ရင် ခေါက်ရိုးပေါ်နေရမယ်က အစ တင်းကြပ်ခဲ့ပါတယ် .. အရာရှိအားလုံးက အစိမ်းဝတ်တွေဆိုတော့ ရေဘူးပေါက်တာမလိုချင်ဘူး ရေပါတယ်ဘဲလိုချင်တယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားကြတယ်... ဒါပေမယ့် ကိုယ်ရောက်တဲ့နေရာမှာ အမည်ပျက်မရှိအောင်ကြိုးစားခဲ့တယ်.. ဘေးက အတိုက်အခိုက်တွေလဲရှိတယ်.. အရာရှိနဲ့ ပြသနာတက်တာတွေလည်းရှိတယ်.. ကိုယ်ရဲ့ ရာထူးနဲ့ မဆိုင်တဲ့ အလုပ်တွေလည်း လုပ်ပေးရတယ်.. အင်း ပြောချင်တာက အခုမှ စတာ ကျမ တို့က တကယ်တော့ အရာရှိတွေရဲ့ ပွန်းအရုပ်ကလေးတွေဖြစ်ခဲ့ကြရတာပါ .. ပင်စင်ယူတဲ့အရာရှိကလည်း ဒီထက်မြင့်တဲ့နေရာကို ပို့ပေးခဲ့တာ တကယ်တော့ သူတို့အရာရှိအချင်းချင်း ဖော်ကောင် လုပ်ရမယ့် စာရင်းတွေကို ရှင်းခိုင်းချင်လို့ အထက်ကို ပို့ခဲ့တာ... အဲဒီပြသနာတွေပီးသွားတဲ့အခါ .. ကျမရောက်နေတဲ့နေရာအရာရှိက ထပ်ပြီး အရေးကြီးလုပ်ငန်းတွေ လွှဲပါတယ် .... အဆင်ပြေအောင်လုပ်ပေးခဲ့ပါတယ် ... အဲ ပြသနာစပြီ ... အရာရှိတွေ အချိန်းအပြောင်းတွေဖြစ်ကော.. သူ့လူ ငါလူတွေ ပြသနာတက်တော့တာဘဲ ... အရင်းကအရာရှိရဲ့လူတွေကို ဖြုတ်ထုတ်သတ်လုပ်တယ် .. အဲဒီတော့ ပွန်းဖြစ်တဲ့ ကျမတို့ အစားခံလိုက်ရပါတယ်.. အဲဒီအချိန်မှာ ကျမနဲ့ အလုပ်စ၀င်တဲ့ (19) ယောက်ကတော့ စ၀င်တဲ့နေရာမှာဘဲ ပုံမှန်ရှိနေတုန်းဘဲ... ပြောချင်တာကတော့ ကိုယ့် ဘာသာ ပုံမှန်နေရင်အကောင်းသာ အခုတော့ မင်းခစား ကမ်းနားသစ်ပင် ဆိုတဲ့အတိုင်းကို ဖြစ်သွားတာဘာဘဲ :'(

ကိုထွန်း
05-04-2010, 09:19 AM
လုပ်ငန်းအတွေ့အကြုံဆိုလို့ ဝင်ရေးလိုက်ဦးမယ်။ ကိုထွန်း သဘော်သားဘဝကနေ၊ Staff ဖြစ်လာတာက ၂၀၀၅ နိုဝင်ဘာလမှာပါ။ ရန်ကုန်ကနေ လှမ်းလျှောက်ပြီး၊ အလုပ်ရတော့ ဇနီးမောင်နှံ ၂ ယောက်သား ကျွန်းကလေးကို လာခဲ့ကြပါတယ်။ ကိုထွန်း ရဲ့ သဘော်သားဘဝက ပထမဆုံး သဘော်ကုမ္မဏီ တခုမှာ ဆုံခဲ့တဲ့ Superintendent က၊ အခုကိုထွန်း Staff အဖြစ် အလုပ်စဝင်မယ့် သဘော်ကုမ္မဏီမှာလာလုပ်နေသဗျ။ သူ့ကိုကွယ်ရာမှာ မြန်မာလို ကြောင်ချီး လို့ကိုထွန်းတို့ငယ်ငယ်က၊ နာမည်ပေးထားပါတယ်။

ပထမဆုံး GM ရဲ့ ဆုံးမသြဝါဒ ပေါ့ဗျာ။ ကောင်းသလားမမေးနဲ့။ မင်းငါတို့ဆီမှာ အကြာကြီး မလုပ်ဘူးဆိုတာ ငါသိပါတယ်တဲ့......မင်းအတွက် Steeping Stone တခုလို့၊ သဘောထားပါ.....တဲ့။ ကိုယ့်အတွေးထဲက စကားတွေလာပြောနေသဗျ။ :4: :4: :4: သူက မြန်မာတွေနဲ့ သဘော်သား ဘဝ တလျှောက်လုံးအတူတူစီးခဲ့တာတဲ့။ NOL/ NSSPL (Neptune Oriental Line) ထွက် Chief Engineer ဟောင်းပါ။

မြန်မာတွေက အလုပ်လုပ်ရင် 100 % Efficiency သုံးတယ်...စက်တလုံးဟာ Fully Efficiency နဲ့ လည်ရင်၊ မြန်မြန်ကျလွယ်သတဲ့။ :4: :4: ဒီတော့ မင်း 70 % လောက်နဲ့စပြီး၊ အရေးအကြောင်းဆို 85 % သုံးပါ.....ကိုယ့်အတွက်၊ Reserved ကို 15 % ချန်ထားဖို့မမေ့ပါနဲ့တဲ့။ Management ကတော့ မင်းကို တွန်းမှာပဲတဲ့။ မင်းဆီမှာ ဘာမှမကျန်တော့ရင် အဲဒီနေ့မှာ Kick Out လုပ်မှာပဲတဲ့။ ??? ???

ဒီမှာက Play the Ball and Pass the Ball မို့၊ ကိုယ့်လက်ထဲရောက်လာတဲ့ ဘောလုံးကို၊ အကြာကြီးမထိန်းထားပဲ၊ နောက်တယောက်ဆီကို၊ မြန်မြန်လွှဲလိုက်ပါတဲ့။ မှတ်သားလောက်ပါပေတယ်။ ဒီတော့လည်း ကိုထွန်းက၊ GM အိမ်က Remote Control ခြံတခါးကို Contractor လွှတ်ပြီးပြင်ပေးလိုက်တယ်။

ကိုထွန်းကလည်း အစကတည်းက၊ ယောင်တောင်တောင်လေ။ တို့လူလေးများဆိုသလေ ဆို ဝေ လို့ပြန်အော်တတ်တဲ့ အုပ်စုမှာ ခေါင်းဆောင်ပေါ့။ :4: :4: ကျောင်းပြီးကတည်းက Staff လဲ မလုပ်ဖူးဘူး။ ရှပ်လက်ရှည်တောင် အဲဒီကျမှ ဝယ်ဝတ်ရတာ။ Staff ဖြစ်လာတာတောင်မှ၊ Executive Level....၊ အတန်းပညာ အရည်အချင်းကလည်း A.G.T.I တောင် မနဲအောင် အောင် ဖြေလာသူမို့ :4: :4: တလွဲတွေလုပ်တော့တာပေါ့။ မောင်မင်းကြီးသားများကလည်း ယုံကြည်ပါတယ်။ သဘော် ၁၀ စီးမှာ လူ ၃ ယောက်ရှိတာ ကိုထွန်း ကို တစ်စီးမှ ပေးမကိုင်ဘူးဗျ။

ဒါပေမယ့် ကိုထွန်း ရဲ့ ငယ်ဆရာ ကြောင်ချေး က သင်ပေးရှာပါတယ်။ မင်းမှာ Star Screw Driver နဲ့ Phillips Screw Driver ရှိလားတဲ့။ ဘယ်ရမလဲ ကိုထွန်းနောက်နေ့ကျတော့ ၄ ချောင်းလောက်ဝယ်ပြီး ရုံးကိုယူသွားတာပေါ့။ Screw Driver တွေပြလိုက်တော့ မောင်မင်းကြီးသားငယ်ဆရာ ကြောင်ချေး က၊ သဘော်သွားရင်ယူသွားတဲ့။ မင်း သဘော်သားတွေကို Screwed လုပ်တဲ့။ မှတ်ကရော။ :4: :4:

ငယ်ဆရာ ကြောင်ချေး နဲ့ ညနေဆို ဘီယာသောက်ကာ ပညာတွေဆည်းပူးပါတယ်။ သဘော်တစီးက အလုပ်ဝင်ပြီး၊ ၁ လမှာ Docking ဝင်ပါလေရော။ တသက်လုံး သူများခိုင်းတာ လုပ်ခဲ့တဲ့ ကိုထွန်းလည်း ယောင်တောင်တောင် နဲ့ နောက်ထပ် မောင်မင်းကြီးသားတယောက်နဲ့အတူ၊ ပါသွားတာပေါ့။ ငါကဘာ Post နဲ့ သဘော်ကျင်းထဲလိုက်ရမှာလဲလို့ GM ကိုမေးတာ့ မင်းက Electrical Engineering သင်ဖူးတာပဲ၊ Electrical Superintendent လုပ်ကွာဆိုပြီး လိပ်စာ Card တွေ၊ အသစ်ပြန်ရိုက်ကာ လွှတ်လိုက်သဗျ။ ကိုထွန်းလည်း 70 % Efficiency နဲ့ ST Marine Shipyard ထဲကို၊ ဝင်သွားပါတယ်။ တန်ချိန် ၂၀, ၀၀၀ ကျော် Tanker လေး၊ ကိုယ်က ညီမ မအေရာပြောတဲ့ ၇၀, ၀၀၀ ကျော် ကတုံးတောင်စီးလာတာ၊ အေးအေးဆေးဆေးပါပဲ။

စက်ချုပ် Chief Engineer က လဲ ကိုထွန်းလို ယောင်တောင်တောင်၊ E.O ဆိုတဲ့ Electrical Engineer အားကိုးနဲ့ မိုက်နေတဲ့မောင်ဗျ။ စက် ၂ 2nd Engineer နဲ့ EO ကတော့ စက်ဆီတွေနဲ့ ပေမဲနေတာပဲ။ သူကြီး Captain က တော့အလုပ်လုပ်ပါတယ်။ EO က ကိုထွန်း GTI တုန်းက ဆရာကြီးတယောက်ရဲ့သားဖြစ်တဲ့အပြင်၊ ကိုထွန်း ကို ကျောင်းမှာ ကတည်းက သိနေသတဲ့။ ကိုထွန်းလဲ နေ့ခင်းဆို တရေးတမောအိပ်၊ အိပ်ယာက နိုးရင် Contractor၊ Shipyard နဲ့ သဘော်ကလူတွေကို၊ Screw Driver လေး နဲ့ လိုက် ကျပ် တာ သဘော်လည်း ထွက်လို့ရ တဲ့ အဆင့် ကိုရောက်သွားပြီး၊ ပို့သတဲ့မေတ္တာများကိုလည်း၊ တနင့်တပိုး ရခဲ့ပါတော့တယ်။ မေတ္တာဝလေ လူလှလေ မဟုတ်လား။ :4: :4:

ဒါနဲ့ သဘော် Delivery သွားလိုက်ပါဦးလို့ GM ကဆိုတဲ့အခါ၊ Bahamas ကိုသွားပြီး Delivery ယူတဲ့ ယောင်တောင်တောင် ကိုထွန်းတယောက် Cuba ကိုရောက်သွားလို့ အတော်ရှင်းယူ ရ သေးသဗျ။ စင်ကာပူ၊ လန်ဒန်၊ Transit ကို London မှာလုပ်၊ Virgin Air Line နဲ့ Bahamas ကိုသွားပေါ့လေ။ ဖြစ်ပုံက ည ၁၁း၄၅ SQ နဲ့ ဟိသရိုး ကိုစီးသွားရင်း အလကားရတဲ့ ဝိုင်တွေ မတန်တဆသောက်ကာသောက်ကာ၊ မနက် ၅း၄၅ လောက်မှာ အိပ်ချင် မူးမူး နဲ့ ဟိသရိုး ကိုရောက်သဗျ။

ဘုရင်မကြီး ရဲ့ မဆလာနံ့ တသင်းသင်းနဲ့ ကျေးတော်မျိုး ကျွန်တော်မျိုး များက ဟိသရိုး လေဆိပ်ကိုကြီးစိုးထားတာကိုး။ :4: :4: မဆလာနံ့ တသင်းသင်းနဲ့ လဝက မင်းများကလည်း၊ ကိုထွန်းရဲ့ Passport က ရန်ကုန်ကနေ ယူလာတဲ့ US Visa ကို၊ အထင်ကြီးပြီး Transit လုပ်တဲ့ ကိုထွန်းကို၊ ၆ လဆိုပြီး Visa ထုချလိုက်သေးသဗျ။ တကယ်တော့ Transit က ဟိသရိုးမှာ လုပ်ရတာမဟုတ်ပဲ Wallwilch ဝေါလ်ဝရှ်လေဆိပ်မှာတဲ့ဗျ။ ယောင်တောင်တောင်ကိုထွန်း ဘတ်စ်စကားကို ၁ နာရီ ခွဲလောက်စီးကာ ရောက်သွားတော့ လေယာဉ် ထွက်သွားပါပြီ။

ကိုထွန်းပဲ ဒီလောက်တော့ဖြစ်တာပေါ့။ ရုံးကို ငါဘာလုပ်ရမလည်းမမေးပဲ ငါ Flight Miss ဖြစ်တယ်၊ ရောက်အောင်သွားမယ်၊ ဘာမှမပူ နဲ့လို့ GM ဆီ SMS ရိုက်ပြီး၊ Phone ပိတ်ထားလိုက်ပါတယ်။ စုံစမ်း လိုက်တော့Air France က မနက်ဖြန်ရမယ်။ Cuba ကနေ Bahamas ကို Transit ပြန်လုပ်ရမယ်။ Bahamas ကိုသွားမယ့် Virgen Airline ကနောက် ၃ ရက်နေမှ၊ ရှိတယ်ဆိုတာနဲ့ လက်မှတ်ဖြတ်ကာ၊ Holiday Inn မှာတရေးသွားအိပ်လိုက်ပါတော့တယ်။

အိပ်ရာကနိုးတော့ ပဲနီစေ့ တွေ၊ ရှီလင်စေ့ တွေလဲပြီး ရထားစီးကာ London မြို့ထဲလှည့်လည်ဖို့ ချီတက်ရင်း၊ ငယ်ငယ်က၊ မူကြိုမှာဆိုခဲ့ရတဲ့ "London Bridge is falling down; falling down, falling down, London Bridge is falling down my fair lady........" ဆိုတဲ့ သီချင်းကလေးငြီးကာ၊ ဘိလပ်ပြန်လို့ ပြောလို့ရအောင် ဘစ်ဘင်နာရီစင်ကြီးရယ်၊ တံတားကြီးရယ်နဲ့ ဓါတ်ပုံရိုက်ပြီး၊ သဘောကောင်းတဲ့ London ပုလိပ်များကိုလည်း တောမေး၊ တောင်မေး နဲ့ နှောက်ယှက်ခဲ့ပါတယ်။ :4: :4:

London ရထားက ရှူးရှူးစော် သင်းတယ်။ London မြို့ကြီးသူ မြို့ကြီးသားများက၊ ကိန်းခန်းကြီးပြီး မဆလာစော် သင်းတယ်။ မြို့ကြီးသူ မြို့ကြီးသားများ ရထားစီး၊ ဘတ်စ်ကားစီးစဉ်၊ ကျေးတော်မျိုး ကျွန်တော်မျိုး များက မာစီဒီး စီးကြတယ်။ ရွှေသဘောတော်ကြီးမားတဲ့ ဘုရင်မကြီးက ဘာကင်ဟမ်နန်းတော်ထဲမှာ ပြုံးနေရှာတော်မူတယ်။ အော်....... သားတော်၊ သမီးတော်တွေက မလိမ္မာရှာတော့ ကျေးတော်မျိုး ကျွန်တော်မျိုး တွေကိုပဲ၊ အားကိုးနေရရှာတားကိုးဗျ။ Phone ပြန်ဖွင့်ပြီး Flight Schedule ကို GM ဆီကို SMS ပို့လိုက်တော့ Good Job ဆိုပြီးပြန်လာတဲ့အခါ ကိုထွန်းလဲ Dry Jin သောက်ကာအိပ်ပါတော့တယ်။ :2: :2:

နောက်နေ့မှာ Air France စီးကာ ဦးရီးတော်ကတ်စ်ထရိုတို့ တိုင်းပြည်က ဆေးပြင်းလိပ်သောက်ဖို့ချီတက်ပါတယ်။ တခါက ဒန်ကီး ကနေ ပါရီအထိ ကားစီးကာ Air France နဲ့ ဘန်ကောက်ကိုပြန်ဖူးတော့ Air France ရဲ့အထာကိုသိနေလို့၊ ဘာမှမစားပဲ၊ လေဆိပ်ကိုဆင်းပါတယ်။ ပြင်သစ်လူမျိုးများ ထုံးစံ တနင့်တပိုးကျွေးရင်း၊ တနင့်တပိုးသောက်နိုင်အောင် ဘား ဖွင့်ပေးထားပါတယ်။ ကိုထွန်းအကြိုက်ပေါ့။ :4: :4: မယ်မင်းကြီးမ Flight Attendants များက အသက်ကြီးပေမယ့် သဘောကောင်းပါတယ်။

ထူးဆန်းတာက Flight Engineer က အမျိုးသမီးဗျ။ ကိုထွန်းလဲ ယူနီဖောင်းဝတ်ခဲ့သူမို့ ရွှေရောင် ၃ လိုင်းမှာ ခရမ်းရောင် လိုင်းပါတဲ့အခါ၊ Flight Engineer မှန်းသိတာပေါ့။ သဘော် Delivery လာယူတဲ့ ကိုထွန်းကို ရောင်းတဲ့အဖွဲ့က၊ Business Class စီးခွင့်ပေးထားလို့၊Business Class က သန့်စင်ခန်းကို ခဏခဏ လာတဲ့ Flight Engineer မမ ကို Engineer ခြင်းမို့ ငေးမိတာပါ။ လှတော့အတော်လှသား။ ပြင်သစ်သူတို့ ထုံးစံပေါ့၊ အထွားကြီးမဟုတ်ပါဘူးခင်ဗျား။

တီလေး
05-04-2010, 12:57 PM
:? ကိုထွန်းက လုပ်ငန်းအတွေ့အကြုံကို ပြောတာလား ::) Flight Engineer မမ <3 အကြောင်းပြောနေတာလား :4: တခုခုတော့မှားနေဘီ :4:

ကိုထွန်း
05-04-2010, 01:54 PM
တီလေးရေ
ဖတ်တဲ့ ညီတွေအတွက်၊ ဆားမပါတဲ့ဟင်းလိုဖြစ်နေမှာစိုးလို့ပါ။ :4: :4: တီလေး မေးလဲမေးချင်စရာပါပဲ။ ဝိုင်တွေရော၊ ဂျင်တွေရောကနေ Flight Engineer မမပါ၊ ပါလာတော့၊ လုပ်ငန်းအတွေ့အကြုံ ကိုမရောက်နိုင်ဘူးဖြစ်နေပါပြီ။ သွားခဲ့တာတွေ၊ ရောက်ခဲ့ တာတွေကို ခဏထားကာ လုပ်ငန်းအတွေ့အကြုံ အကြောင်းကိုပဲဆက်ပါ့မယ်ခင်ဗျား။
၃ လလောက်လုပ်ပြီးတဲ့အခါ၊ လစာ ၂၀၀ ထပ်တိုးပေးပါတယ်။ အစမ်းခန့်ကာလပြီးပြီပေါ့။ အဲဒီလမှာ ပဲ ကိုထွန်း One Month Notice ပေးကာ၊ ထွက်စာတင်ပါတယ်။ :4: :4:
အဓိက ထွက်ရတာက၊ ကိုယ်လုပ်နိုင်ပြီဆိုတာ ယုံကြည်လို့ပါ။ Operation Level မှာ ၁၀ နှစ် နေပြီးလာသူတယောက်မို့ Executive Level မှာ အခက်အခဲ တော်တော်များများကို၊ လွယ်လွယ်ကူကူပဲ ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။ လက်ရှိရတဲ့ လစာဟာ Mechanical ရော Electrical ပါလုပ်နိုင်တဲ့ Superintendent တယောက်အတွက်၊ Fair မဖြစ်ဘူးလို့ယူဆပါတယ်။ လိုချင်တဲ့လစာကို သူတို့ချက်ချင်းပေးဦးမှာ၊ မဟုတ်ဘူးလို့ ယူဆရတာမို့၊ ထွက်တော်မူလို့ နန်းကခွာဖို့ စဉ်းစားပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ယောင်တောင်တောင် ကိုထွန်းကို၊ ပထမဆုံး သဘော်ကုမ္မဏီ တခုမှာ ဆုံခဲ့တဲ့ မြန်မာ Superintendent တစ်ယောက်က၊ Offer ပေးကာခေါါပါတယ်။ ကိုထွန်းရဲ့ ဇာတာက၊ သဘော်စလိုက်ကတည်းက၊ လမ်းမှာတွေ့တဲ့သူတွေနဲ့ ပြန်ဆုံရင် အလုပ်ရတဲ့ဇာတာပါ။ :4: :4:

ဖြစ်ပုံက သူတို့ ဆီမှာ သဘော် ၆ စီးနဲ့ Technical မှာ၊ မြန်မာ Superintendent တစ်ယောက်ရယ်၊ သူ့တပည့်တခြားလူမျိုး လူပျံတော်ဝန်ထောက်မင်း မောင်ပျင်းရယ်၊ Marine မှာ Superintendent တစ်ယောက်ရယ်၊ နဲ့ ခြေနိုင်လက်နိုင် လည်ပါတ်နေရင်း၊ New Ship Building Project ရှိလို့ လူထပ်ခေါါတာပါ။ ကိုထွန်းလည်း လက်ရှိထွက်စာတင်ထားတဲ့ အလုပ်က၊ GM ကိုပြောပြတဲ့ အခါ၊ Offer ပေးတဲ့ဆီမသွားပဲ၊ ကိုထွန်း နောက်ဆုံးလိုက်ခဲ့တဲ့ လိုင်းကလည်း လူရှာနေတာမို့၊ စဉ်းစားသင့်တယ်ပြောပါတယ်။ ကိုထွန်းရဲ့ လုပ်ငန်း သဘာဝ က သဘော်ဆိုတာ So Far, So Good ပါ။ သဘော်များများ ကိုင်ရလေ ခေါင်းရှုပ်ရလေ ဆိုတာမျိုးပါ။ ဒီတော့ ၆ စီးတည်းရှိတဲ့ Offer ရပြီးသား ဆီကိုပဲကူးပါတယ်။ :4: :4:

ဆရာသမားမျက်နှာ နဲ့ Interview မဝင်ရပဲ လူချင်းတွေ့ချင်လို့ ဆိုပြီးခေါါတဲ့အခါ၊ Resume တောင်မဖတ်ပဲတန်းခန့်ခဲ့ပါတယ်။ အဲဒီ GM က ကိုထွန်း နောက်ဆုံးလိုက်ခဲ့တဲ့ လိုင်းမှာ၊ သဘော်သားဘဝက ၁၀ နှစ်လောက် Captain လုပ်လာတာမို့၊ သဘော်လိုင်းသံယောဇဉ်လဲပါပါတယ်။ သူ့ဘက်ကလည်း Operation Level ကလာတဲ့သူကို၊ Executive Level မှာ Trained လုပ်ပေးဖို့မလိုပဲ၊ Level to Level ပြောင်းတာမို့ သူတို့ ရတာ တန်ပါတယ်။ ဘာလို့ပြောင်းလာတာလည်းမေးတဲ့အခါ၊ ငါက သဘော်သားဘဝမှာ ၁၀ နှစ်ကျော် အိမ်နဲ့ဝေးပြီးနေလာသူမို့၊ ခဏခဏ Over Sea သွားရတဲ့ အလုပ်ကိုမလုပ်ချင်လို့ဆိုပြီး၊ ခြည်ပြီးတုတ်ပြီး ဖြစ်အောင်ဖြေပါခဲ့တယ်။ :4: :4:

၂၀၀၆ မှာ နှစ်ကုန်တော့ AWS အပါအဝင် ၇ လစာလောက် ဝိုက်လိုက်ရပါတယ်။ ၂၀၀၇ မှာ နှစ်ကုန်တော့ AWS အပါအဝင် ၈ လ ခွဲစာ ဝိုက်လိုက်ပါတယ်။ Company ရဲ့ Target က ၆ လစာပါ။ ဇနီးသည်လဲ ပျော်ပါတယ်။ ဖြစ်ချင်တော့ မူလ Company ကြီးက၊ ကိုထွန်းတို့ကို သီးသန့်ခွဲထွက်စေပြီး သူ့သဘော်တွေကို Manage လုပ်စေပါတယ်။ မူလ Company ကြီးမှာက၊ Shipping, Logistics, Trading ဆိုပြီး ပေါင်းထားတော့၊ ဟိုကလှည့်သုံး၊ ဒီက လှည့်သုံးနဲ့ ငွေကလည်နေရင်း သီးသန့်ခွဲထွက်လိုက်တဲ့အခါ၊ ယောင်တောင်တောင် ကိုထွန်းတို့တစ်တွေ၊ အရပ်ကူပါ လူဝိုင်းပါနဲ့ အိုးနင်းခွက်နင်း က ရသဗျ။ သဘော်က လည်း ၆ စီး ကနေ ၉ စီးဖြစ်လာပြီ။ Marine Superintendent တွေကလည်း ခဏခဏထွက်၊ Purchaser ကလည်း ခဏခဏထွက်နဲ့ ကိုထွန်းတယောက် Marine လဲတွဲကိုင်ရ၊ Purchasing လဲတွဲကိုင်ရနဲ့ ညနေဘက် Beer တောင်နပ်မမှန်တော့ပါဘူး။ :'( :'(

ဒီတော့လည်း ပြေးဖို့ပြင်ပါတော့တယ်။ လမ်းမှာတွေ့တဲ့သူတွေနဲ့ ပြန်ဆုံရင် အလုပ်ရတဲ့ ဇာတာရှင် ကိုထွန်းဟာ၊ လမ်းမှာ ခင်လာတဲ့ မြန်မာ Marine Superintendent တစ်ယောက်ကို၊ အလုပ်တောင်းကြည့်တဲ့အခါ၊ သူတို့ကလည်း လူလိုနေတော့ ဝဲလ်ကမ်း နဲ့ လစာက ဆမ်မားဆမ်မားပါတဲ့။ ဇနီးသည်ကလည်း နောက်လမှာ မွေးမှာမို့ ယောင်တောင်တောင် ကိုထွန်း ဥာဏ်နီ၊ ဥာဏ်နက်၊ ဥာဏ်ဝါ၊ ဥာဏ်ပြာတွေ သုံးရပါတော့တယ်။

Management Company အဖြစ်သီးခြားခွဲထုတ်တဲ့အခါ ကိုထွန်းကို အလုပ်ခန့်တဲ့ GM က၊ Executive Director Post နဲ့ ၂ သီးစားကာ ပေါါရှေး စီးနေပါပြီ။ :4: :4:
အလုပ်ထွက်စာကို တင်ပြီးတဲ့အခါ၊ ကိုထွန်းကို ခေါါလာတဲ့ Senior Superintendent အကိုကို၊ ကျွန်တော် ခဲ တလုံးနဲ့ ငှက် ၂ ကောင်ပြစ်မယ်ဆိုပြီး၊ အကျိုးအကြောင်းပြောကာ လစ်ပါတယ်။ လူညီတော့ အကွက်လှအောင် ကစားလို့ကောင်းပါတယ်။ Senior Superintendent အကို နဲ့ ED နဲ့က အရက်သောက်ဖော်သောက်ဖက် နဲ့ Golf ကစားဖော်ကစားဖက်ပါ။ Golf မကစားတတ်တဲ့ ကိုထွန်းက၊ သူတို့ အရက်သောက်ရင်တော့ အမြဲပါပါတယ်။

သူတို့က New Ship Building မှာ Vendor တွေဆီက Commission Fees တွေနဲ့ ဝ နေပါပြီ။ E :4: :4: ED က Senior Superintendent ကို ယောင်တောင်တောင် ကိုထွန်း အလုပ်ထွက်ရခြင်းအကြောင်းမေးတဲ့အခါ......အလုပ်များလို့ ပြေးတာလို့မဖြေပဲ၊ Offer ရထားတဲ့ပုံရှိတဲ့အကြောင်း၊ အလုပ်ကလည်းများကြောင်း သူလဲ အခုစဉ်းစားနေကြောင်း၊ ထိုက်သင့်သလိုထပ်တိုးပေးရင် ရအောင်ပြန်ခေါါပေးမယ့်အကြောင်း နဲ့ သူ့ကိုလည်း ထပ်တိုးပေးသင့်ကြောင်းတောင်းဆိုလိုက်သဗျ။ ED က OK ဆိုပြီး သူ့ကို ချက်ခြင်းတိုးပေးကာ၊ ကိုထွန်း ကို ခေါါခိုင်းပါတယ်။ Senior Superintendent အကိုက " တလုံးတော့ မှန်သွားပြီ၊ မင်း ဒီလောက်ထပ်တောင်း၊ ငါ့ထက်မများစေနဲ့ ဆိုပြီး၊ Phone ဆက်ကာ၊ သတင်းပေးပါတယ်။ "

နောက်နေ့မှာ မျက်နှာသေလေးနဲ့ ယောင်တောင်တောင် ကိုထွန်း အလုပ်ထွက်ရခြင်းကို၊ ရှင်းပြပါတော့တယ်။ ဇနီးသည်မီးဖွားရင် မိဘတွေကမလာနိုင်လို့ ၂ လလောက်၊ ဇနီးသည်အနားနေရမှာဖြစ်ကြောင်း၊ Company မှ သတ်မှတ်ထားတဲ့ ခွင့် ၁၄ ရက်ကမလောက်ကြောင်း၊ ကိုထွန်း Request လုပ်ရင်ပေးမှာဆိုတာသိပေမယ့်၊ ကိုထွန်းကြောင့် လုပ်ငန်း အနှောက်အယှက်မဖြစ်စေလိုကြောင်း၊ စလိုက်တာနဲ့ ............ED ကမင်း ခွင့် ၂ လယူ၊ ဒါပေမယ့် Every Monday မှာ၊ Meeting လာရမှာဖြစ်ကြောင်း၊ သဘော်ကိစ္စကို အိမ်ကနေလုပ်လို့ရတယ်......ဆိုပြီး Green Light ပေးပါတယ်။ မင်း Offer ရထားတယ်ဆိုပြီးဆက်မေးတဲ့အခါ၊ လိုချင်တဲ့ Figure တခုထက်ပိုပြောပြီး၊ မင်းသာငါ့ကို နည်းနည်း လေးသာ ထပ်တိုးပေးရင် ငါမသွားပါဘူးဆိုပြီး ပစ်လိုက်ပါတယ်။

OK ဆိုပြီး အလုပ်ထွက်စာပေါါမှာ Remark ရေးကာ၊ သဘောတူလိုက်ပါတယ်။ ယောင်တောင်တောင် ကိုထွန်း ခွင့် ၂ လမှာ၊ လစာအသစ်အပြည့်နဲ့ ကလေးထိမ်းရင်း ဇနီးသည်ကို၊
" ဒီနည်းတွေ သူများတွေကို ပေးဦးမှလို့ ပြောတဲ့အခါ...... ရှင်တို့က ပုလင်းတူဗူးဆို့တွေမို့ရတာ၊ သူများတွေ ရှင့်နည်းသုံးလို့ အလုပ်ပြုတ်ကုန်မယ် " ...လို့ သတိပေးပါတယ်။ :4: :4:

ဒါကို မမှတ်တဲ့ ယောင်တောင်တောင် ကိုထွန်း၊ အသစ်ဝင်လာတဲ့ Marine Superintendent Captain တစ်ယောက်ကို၊ စေတနာနဲ့ ပေးလိုက်တာ အလုပ်ပြုတ်တဲ့ဘဝကို ရောက်သွား ပါသဗျ။ အလုပ်တောင်းကြည့်ဖူးတဲ့ သဘော် Company ကိုတော့၊ ပြောပြီးသားမို့ မျက်နှာမပျက်ရအောင် သူငယ်ချင်းတယောက်ကို၊ ထည့်ပေးလိုက်ပါတယ်။

၂၀၀၈ နှစ်ကုန်မှာ AWS တလစာပဲရပြီး၊ အကြောင်းပြချက်က၊ စီးပွားရေးမကောင်းဘူးဆိုလို့ ငြိမ်နေလိုက်ရပါတယ်။ မြန်မာပြည်မှာလို Contractor မင်းများဆီက Invoice ပေါါမှာ၊ လက်မှတ်ထိုးခ Percentage လေးယူစားလို့ကလည်း၊ မဖြစ်ချေဘူးလေ။ :4: :4:

၂၀၀၉ နှစ်ကုန်မှာ AWS အပါအဝင် ၃ လစာသာပေးသမို့၊ ဒီအတိုင်းဆိုမဖြစ်ချေဘူးဆိုကာ ကိုယ့်လက်ထဲရောက်လာတဲ့ပိုက်ဆံ၊ ကိုယ့်ပိုက်ဆံ ဆိုပြီး၊ ရသလောက်ကို အကြွေး ယူလိုက်ပါတယ်။ ရရစားစား ဘဝမို့၊ နှစ်ကုန် ဆုကြေးလေးများ ခံစားရမှ၊ တလုံးတခဲတည်းရတာမို့၊ ဇနီးသည် ခမျာ ပျော်ရရှာတာပါ။ ဒါနဲ့ပဲ အဲဒီအလုပ်မှာ ယောင်တောင်တောင် ကိုထွန်း တယောက်မြဲနေတာ၊ ၄ နှစ်ကျော်ပါပြီ။ ကိုထွန်းကို အလုပ်ဖြုတ်ရင် အကြွေးဆုံးမှာမို့ Company ဘက်က ယောင်တောင်တောင် ကိုထွန်း နဲ့ ၃ နှစ်လောက်တော့ အမုန်းမခံပဲ၊ အခင်အမင် မပျက်အောင်နေရတော့မှာပါခင်ဗျား။

ကိုထွန်း
05-05-2010, 10:37 AM
ကျွန်းကလေးမှာ အလုပ်လုပ်ရင်တော့၊ ရှောင်တတ်တိမ်းတတ်ဖို့ လိုသလို၊ ပြန်ပြောရဲ မှဖြစ်မှာပါ။ များသောအားဖြင့် ကိုထွန်းတို့တတွေက အထက်ကပြောသမျှ ခေါင်းငြိမ့်တတ်တဲ့ အကျင့်က အသားကျနေပြီလေ။ ပြီးတော့ အထက်ကိုလေးစားပြီး၊ ရိုသေတတ်တယ်။ သူတို့လို ပြောမှ၊ နေမှ အဆင်ပြေမယ်ဆိုတာကို သိတဲ့အခါ၊ ကိုထွန်း ကတော့ အော်တာပါပဲ။ သဘော်သား ဘဝကလာတော့ စက်ခန်းမှာ အော်ရဟစ်ရတော့ အကျင့်ကပါနေပြီမို့ မနက်ဆို Phone တွေခေါါပြီး အော်ရဟစ်ရပါတယ်။ မနက်ချိန်ခါ တေးသံသာပေါ့။ :4: :4:

တနလ်ာမနက် အစည်းအဝေးဆို၊ သိပ်ရီရပါတယ်။ GM, HSSE (Health Security, Safety & Environment) Manager, Accountant, Purchaser, Crewing Executive နဲ့ ကိုထွန်းတို့၊ Technical ရယ် Marine ရယ်က လူတွေစုပြီး၊ မင်းကြောင့်ဖြစ်တာ၊ ငါ့ကြောင့်ဖြစ်တာဆိုပြီး၊ တယောက်နဲ့ တယောက် လွဲချတဲ့ အစည်းအဝေးကိုကျင်းပပါတယ်။ ကိုယ်ထင်ရာ ကိုယ် ပြောကာ၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ် ဆိုပြီး၊ ၁ နာရီ ခွဲ လောက်ကြာအောင်ပြောကြပြီးတဲ့အခါ တပါတ်စာ လုံလောက်သွားပါတယ်။ :4: :4:

ကိုထွန်းက ပြောမယ့်ဆိုမယ့်ဟာ ကြိုချရေးထားကာ၊ အစည်းအဝေးပြီးတာနဲ့ Meeting Minutes ရေးတဲ့ ကောင်မလေးကိုပေးလိုက်ပြီး၊ သူ Update လုပ်သမျှကို၊ နောက် တနလ်ာနေ့ မနက်မှ ထပ်ကြည်ကာ လေးလေးစားစား အလုပ်ကိုလုပ်ပါတယ်။

ဒီကြားထဲ၊ Surveyor တွေနဲ့၊ အဆင်ပြေတယ်ဆိုပြီး၊ Fleet ထဲက သဘော် ၁၂ စီးလုံးရဲ့၊ Class Survey ပါတာဝန်ယူထားရတော့၊ ပိုယောင်လို့ကောင်းပါတယ်။ အားလုံး က အစွယ်လေးတွေနဲ့မို့၊ ဟိုမောင်တွေက လည်းရစ်ချင်ပါတယ်။ ကိုထွန်းကတော့ Inspector တို့၊ Surveyor တို့ကိုဆိုရင် လျှက်စား ကျွေးလိုက်တယ်။ သဘော်မြန်မြန်ထွက်သွားလေ၊ ကောင်းလေမဟုတ်လား။ တကယ်တော့ တဖက်ကလည်း ငါက Owner Side က၊ တဖက်ကလည်းငါက Authority Side ကဆိုပြီး၊ အမြင်ကလေးတွေနဲ့ အစွယ်လေးတွေထုတ်ပြတဲ့အခါ ငြိတာမဆန်းပါဘူး။ ယောင်တောင်တောင် ကိုထွန်းက Junior ဘဝ ကတည်းက၊ ဖျော်ဖြေရေးသမား လုပ်လာတာဆိုတော့၊ လျှက်စား ကျွေးလိုက်ဖို့ကမခက်ပါဘူး။ :4: :4:

ဖျော်ဖြေရေးသမားဆိုတာက သဘော် Maneuvering လုပ်တဲ့အခါ Chief Engineer က Control Room မှာလာထိုင်ပါတယ်။ အဲဒီအခါ ရေခဲချောင်းရောင်းရင်း၊ Main Engine ရဲ့ Movement Order ရေးရတဲ့ ကိုထွန်းက Control Room ထဲကပူရိသအပေါင်းကို ကော်ဖီ၊ လက်ဖက်ရည် ဖျော်တိုက်လို့ပါခင်ဗျား။ :4: :4:

ကိုထွန်း
06-26-2010, 04:05 PM
ကိုထွန်းတို့ဆီက ကျွန်းကလေးသူတွေ အိမ်ထောင်ဖက်ရွေးရင် 5 C ဆိုတဲ့အချက် ၅ ချက်အပေါါမူတည်ပြီးစဉ်းစားရွေးချယ်ကြတယ်ဆိုသဗျ။ ဘဝတစ်လျှောက်လုံး အတွက်အရေးကြီးတယ်ဆိုပဲ။ မှန်တာပေါ့လေ။ အချက်အလက် တစ်ခုစ၊ နှစ်ခုစလောက် ကိုသဘောကျပြီးရွေးပြီးကာမှ မှားသွားရင် အလွယ်တကူပြန်ပြင်လို့ရတာမျိုးမှမဟုတ်တာ။ အဲဒီ 5 C ဆိုတာ Condominium, Credit Card, Cash Flow, Car နဲ့ Charm ဆိုပါသတဲ့။ ဒါနဲ့ ကိုထွန်းလည်း Career ဆိုတဲ့ အလုပ်အကိုင်အခွင့်အလမ်းကိုရွေးချယ်တဲ့အခါ ဘယ်လို အချက်အလက်တွေကိုမူတည်လို့ ရွေးချယ်သင့်သလည်း ဆိုတာကိုရှာကြည့်တဲ့အခါ၊ ကိုထွန်းအတွေ့အကြုံအရ အဲဒီလိုပဲ 5 C ဆိုတဲ့အချက် ၅ ချက်ကိုမူတည်လို့ ရွေးချယ်သင့်တယ် ထင်ပါတယ်ခင်ဗျား။

ကိုထွန်းပြောမယ့် 5 C ကတော့ ကျွန်းကလေးသူတွေရဲ့ 5 C လိုမဟုတ်ပါဘူး။ တစ်ကယ်တော့ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဟာ ကိုယ့်ရဲ့ Career ဆိုတော့ ဘဝတစ်လျှောက်လုံး အတွက် အရေးကြီးပါတယ်။ ကိုယ့်ဘာသာ ကိုယ်ဟာ ဘယ်လိုလူစားလည်း၊ ဘာတွေကိုနှစ်သက်လည်းအရင်မေးကြည့်ပြီးမှ ရွေးချယ်သင့်ပါတယ်။ ကိုယ့်အကြောင်းကို ကိုယ်သာရေရေလည်လည် သိမှသာ ဘယ်လို Career ဟာကိုယ့်အတွက်အကောင်းဆုံးလဲ သိလာမှာပါ။ အဲဒီ 5 C က၊ Culture, Command, Comrades, Compensation နဲ့ Contribution ပါ။
၁။ Culture
ဘယ်လိုလုပ်ငန်းဌာနတွေမှာလုပ်ချင်ပါသလည်း။ ဌာနသေးသေးလေးမှာလား၊ အကြီးကြီးမှာလား။ နိုင်ငံပိုင်အဖွဲ့အစည်းတွေမှာလား၊ အများပိုင်အဖွဲ့အစည်းတွေမှာလား၊ ဒါမှမဟုတ် ပုဂွလိကပိုင် အဖွဲ့အစည်း တွေမှာလား။ အခက်အခဲတွေကိုအစဉ်ဖြေရှင်းပေးနေရတဲ့ အဖွဲ့အစည်းတွေမှာလား၊ ပေါ့ပေါ့ပါးပါးနဲ့ လည်ပတ်နေတဲ့ အဖွဲ့အစည်းတွေမှာလား။

၂။ Command
ကိုယ်ဟာ ဘယ်လိုအကြီးအကဲမျိုးနဲ့ အလုပ်လုပ်ချင်ပါသလဲ။ နွေးထွေးတဲ့သူနဲ့လား၊ ရင်းရင်းနှီးနှီးနေတတ်တဲ့သူနဲ့လား ဒါမှမဟုတ် သီးသီးသန့်သန့်နေတတ်တဲ့သူနဲ့လား။ Dictator နဲ့လား Leader နဲ့လား။

၃။ Comrades
ကိုယ်ဟာ ဘယ်လို လုပ်ဖော်ကိုင်ဖက် တွေနဲ့ အလုပ်လုပ်ချင်ပါသလဲ။ အလုပ်မှာ အစအဆုံးအရာရာ တာဝန်ယူတတ်တဲ့သူတွေနဲ့လား၊ ဒါမှမဟုတ်ကိုယ့်အလုပ်ကို ကိုယ်လုပ်ကာ နေတတ်တဲ့သူတွေနဲ့လား။ လုပ်ငန်းခွင် ဆက်ဆံရေးမှာရင်းရင်းနှီးနှီးနေတတ်တဲ့သူတွေနဲ့လား ဒါမှမဟုတ် သီးသီးသန့်သန့်နေတတ်တဲ့သူတွေနဲ့လား။

၎။ Compensation
လုပ်ခလစာအနေနဲ့ ဘယ်လိုပေးတာမျိုးကိုနှစ်သက်ပါသလဲ။ အခြေခံလစာမြင့်ပြီး၊ ဆုကြေးမရှိတဲ့အလုပ်မျိုးလား ဒါမှမဟုတ် အခြေခံလစာနိမ့်ပြီး ဆုကြေးများတဲ့အလုပ်မျိုးလား။ ဝင်ရောက်လုပ်ကိုင်မယ့်အဖွဲ့အစည်း၊ လုပ်ငန်းဌာနဟာ ကိုယ်မျှော်လင့်ထားတဲ့ လစာပမာဏထက် ပေးတာနည်းနေလား ဒါမှမဟုတ် မျော်လင့်ထားတဲ့ လစာပမာဏအတိုင်းပေးတာလား။

၅။ Contribution
ကိုယ်ကရောဘာတွေလုပ်တတ်ပါသလည်း။ ဘာတွေလုပ်ရမှာလည်း။ ကိုယ်ဟာ ကိစ္စအကြောင်းအရာတော်တော်များများကို သိနားလည်ထားပါသလား ဒါမှမဟုတ် ဘာမှမသိတဲ့သူလား။
တာဝန်ယူဖြေရှင်းပေးရမယ့် သူလား ဒါမှမဟုတ် နောက်မှာနေရမယ့်သူလား။

အခုမှ အလုပ်ဝင်လုပ်မယ့်သူတစ်ယောက်အတွက်က ရွေးချယ်စရာ C တွေများများစားစားမရှိပါဘူး။ Culture ကိုသာရွေးချယ်ပိုင်ခွင့် တစ်ခုအနေနဲ့သာရှိတာမျိုးပါ။ Command, Comrades, Compensation နဲ့ Contribution ကိုရွေးချယ်ခွင့်မရနိုင်ပါဘူး။ အဲဒီအခါ Contribution ပိုင်းကို အချိန်အတိုင်းအတာတစ်ခုသတ်မှတ်ပြီး၊ မိမိဘာသာဖြည့်ဆည်းသင့်ပါတယ်။

များသောအားဖြင့် ကျောင်းတွေကသင်ပေးလိုက်တာက Concept ပါ။ ဒီစက်ကြီးက ဒီလိုအလုပ်လုပ်ပါတယ် ဆိုပြီးသင်မပေးပါဘူး။ လုပ်ရင်းနဲ့ ထပ်သင်ရပါတယ်။ Culture နဲ့ Contribution ကို ပိုင်ပိုင်နိုင်နိုင် ရွေးနိုင်ပြီဆိုရင် Compensation ကိုလည်းအလွယ်တကူရွေးနိုင်တော့မှာပါ။ Culture, Contribution နဲ့ Compensation ဆိုတဲ့ C ၃ ခုကိုရွေးတတ်ဖို့ က မိမိရဲိ့အနေအထားပေါါမူတည်ပြီး အနည်းဆုံး ၁ နှစ် ကနေ အများဆုံး ၃ နှစ်ဆိုရင်လုံလောက်ပါတယ်။ ၃ နှစ်ကျော်လာတဲ့အထိ အလုပ်အဆင်မပြေပါဘူးကွာ.........လို့ပြောနေရသေးတယ် ဆိုရင် တော့ မိမိဟာတစ်ခုခုမှားနေပြီလို့သတ်မှတ်ပြီး၊ ပြန်လည်သုံးသတ်တတ် ဖို့လိုပါတယ်။

ကိုထွန်းတွေ့ဖူးတဲ့ Service Engineer ညီလေးတစ်ယောက်က၊ ပညာအရည်အချင်းအားဖြင့် Diploma အဆင့်ပါ။ Contribution ပိုင်းမှာတော့ တကယ့်ကို Team Player ပါပဲ။ အလုပ်စဝင်ကတည်းက Culture နဲ့ Contribution ဆိုတဲ့ C ၂ လုံးကို၊ သူရွေးတတ်သူမို့ ၁ နှစ်အတွင်းမှာ Compensation ဆိုတဲ့ C ၁ လုံးကို၊ ကြိုက်သလိုရွေးချယ်ခွင့်ရသွားပါတယ်။ သူနဲ့ အတူတူအလုပ်လုပ်နေတဲ့ အခြားတစ်ဦးကတော့ Degree အဆင့်ပါ။ Compensation ပိုင်းကိုသာတွေးပြီး၊ Contribution ပိုင်းကို မဖြည့်ဆည်းတတ်တာမို့ အချိန် ၂ နှစ်မှာပဲ Command နဲ့ Comrades ဆိုတဲ့ C ၂ လုံးရဲ့ အတိုက်အခိုက်ကိုခံရရှာပါတယ်။

ကိုယ်ပိုင်ရွေးချယ်မှုကိုမေးလာရင် Culture မှာ၊ အခက်အခဲတွေကိုအစဉ်ဖြေရှင်းပေးနေရတဲ့ ပုဂွလိကပိုင်အဖွဲ့အစည်း မှာ Command အနေနဲ့ သီးသီးသန့်သန့်နေတတ်တဲ့
အကြီးအကဲမျိုးကိုရွေးမှာပါ။ Comrades အနေနဲ့ကလည်း ကိုယ့်အလုပ်ကို ကိုယ်လုပ်ကာ နေတတ်တဲ့သူတွေကိုရွေးမှာဖြစ်ပြီး၊ Compensation အနေနဲ့ကတော့ မျော်လင့်ထားတဲ့ လစာပမာဏအတိုင်းပေးတာကို ရွေးပါတယ်။ Contribution အနေနဲ့ ကိုယ်ဟာတာဝန်ယူဖြေရှင်းပေးရမယ့် သူလို့ ရွေးချယ်ခံယူထားပါတယ်။

ကိုထွန်း
08-19-2010, 07:48 PM
စီကာစဉ်ကာ ပူရတဲ့ စင်ကာပူ ဆိုတာကို တွေးကြည့်တဲ့အခါ၊ သဘော်သားဘဝကနေ Staff ဖြစ်လာတဲ့၊ ကိုထွန်းအတွက်တော့ ပူစရာသိပ်မရှိပါဘူး။ အမှန်တော့ ကိုထွန်းဟာ http://www.myanmarengineer.org/forum/index.php/topic,5950.0.html မှာ ရေးထားသလို၊ အလယ်အလတ်တန်းစား အင်ဂျင်နီယာတွေမွေး ဖွားရာ “စက်မှုလက်မှုသိပံ္ပ” က ကျောင်းဆင်းခဲ့တာပါ။ အတန်းပညာအရည်အချင်းအရ ဘာမှမပြောလောက်ပါဘူး။ :2: :2: ဒါပေမယ့် အပြင်မှာ အလုပ်လုပ်တဲ့အခါ၊ အားလုံးက လက်ခံနိုင်တဲ့ အထာကျမယ့် သိုင်း ပညာ တွေနဲ့ စာရွက်ပေါါတင်မက လက်တွေ့ လုပ်ငန်းခွင်ထဲက သိုင်း ပညာတွေကို ဆည်းပူးထားရပါတယ်။ :4: :4:

စုချစ်သူ ရဲ့ http://suuchitthu.blogspot.com မှာ Salary Increment ဆိုတာကိုဖတ်မိတဲ့အခါ၊ ဝမ်းသာအားရ ကူးယူဖော်ပြလိုက်ပါတယ်ခင်ဗျား။

ပညာတွေတတ်ပေမယ့်၊ သိပ်လစာမတိုးတာကြာလို့ မန်နေဂျာကို ဘယ်လို အသိပေးရရင် ကောင်းမလဲ။ ဒါမှမဟုတ် (Salary increment letter) ဘယ်လိုရေးရမလဲလို့ အကူအညီတောင်းလာတဲ့ မောင်ညီမလေးများ အတွက် .......စင်ကာပူမှာ များသောအားဖြင့် Organization အသေးလေးတွေရဲ့ လုပ်ပုံ လုပ်နည်းနဲ့ Organization အကြီးတွေရဲ့ လုပ်ပုံလုပ်နည်း မတူညီတာတွေ အများကြီးရှိပါတယ်။ ဒီနေရာမှာ ကိုယ်သိသလောက်လေး ၂မျိုးခွဲပြီး ပြောသွားပါမယ်နော်။

For those who working with Systematic Organization
အလုပ်သမား အခွင့်အရေးကို စနစ်တကျ နည်းလမ်းမှန်မှန် အတတ်နိုင်ဆုံးကျင့်သုံးပေးတဲ့ Organization တွေမှာတော့ နှစ်စဉ် နှစ်တိုင်း Appraisals, Annual Performance Review တွေ လုပ်လေ့ရှိပါတယ်။ Appraisals နဲ့ Annual Performance Review တွေ နှစ်စဉ်လုပ်ပေမယ့် နှစ်တိုင်း လစာတိုးပေးမယ်၊ ဘောနပ်စ်ပေးမယ်လို့တော့ မဆိုလိုပါဘူး။ အနည်းဆုံးတော့ အခုရေးထားတဲ့ အချက်တွေကို အခြေခံပြီးမှသာပဲ လစာတိုးနဲ့ ဘောနပ်စ်ကိစ္စကို စဉ်းစားပေးနိုင်ကြပါတယ်။

၁) ကမ္ဘာ့ စီးပွားရေး လက်ရှိနဲ့ ရှေ့အလားအလာ အခြေအနေ
၂) company ရဲ့ လက်ရှိနဲ့ ရှေ့အလားအလာ performance and Business Opportunity
၃) Relative Outside Market Rate
၎) ကိုယ်အလုပ်လုပ်တဲ့ Team ရဲ့ Importance နဲ့ တစ်ဦးချင်းစီရဲ့ Performance.....
စတာတွေရယ်ပေါ်မှာမူတည်ပြီး bonus နဲ့ increment ကိုပေးလေ့ရှိကြပါတယ်။ ကိုယ်ဘယ်လောက်တော်တော်၊ ဘယ်လောက်ကြိုးစားခဲ့ ကြိုးစားခဲ့ပစေ၊ ကိုယ့် Company က စီးပွားပျက်ကပ်ထဲမှာ အလူးအလဲ ခံနေရရင်၊ ဒါမှမဟုတ် အရှုံးပေါ်နေရင် ဘယ်လိုလုပ်ပြီး ဘောနပ်စ်ပေးနိုင်မှာလဲ။ ဘယ်လာ လစာတိုးပေးနိုင်မလဲ။ အလုပ်မပြုတ်ရင် ကံကောင်းပဲ မဟုတ်လား။

Company ကပုံမှန် လည်ပတ်နေတဲ့ အချိန်ဆိုရင်တော့ လစာတိုးကို ကိုယ့် performance ပေါ်မူတည်ပြီး တိုးပေးနိုင်တာပေါ့လေ။ ဘောနပ်စ်လဲ များများ မျှော်လင့်နိုင်တာပေါ့။ အဲဒီတော့ နှစ်စဉ် ကိုယ့်ဘာသာ self Appraisal လုပ်တဲ့အချိန်မှာ ပြီးခဲ့တဲ့ နှစ်အတွင်းက ကိုယ်လုပ်ခဲ့တဲ့ contributions နဲ့ ကိုယ်ရခဲ့တဲ့ achievements တွေအားလုံးကို management က recognize လုပ်ချင်အောင် ရှင်းရှင်းလင်းလင်း သေသေချာချာ ရေးရပါမယ်။ ကိုယ့်ဘာသာ self Appraisal အရင်လုပ်ပြီး ကိုယ်ရသင့်တဲ့ အခွင့်အရေးကို ကိုယ့်မန်နေဂျာက ကိုယ့်ကို Appraisals လုပ်တဲ့အချိန်မှာ ညှိရပါမယ်။ ဆွေးနွေးရပါမယ်။ တကယ်လို့ ဒီနှစ်မှာ မတော်တဆ ကိုယ်က နည်းရခဲ့လျှင်လည်း နောက်နှစ်အတွက် agreement ရအောင် ယူတတ်ရပါမယ်။

For those who working with non-Systematic Organization
နှစ်စဉ် Performance Review တွေ လုပ်လေ့မရှိတဲ့ Company မျိုးမှာ လုပ်နေတဲ့သူတွေအတွက်တော့ တမျိုးစဉ်းစားရတော့မှာပေါ့နော်။ တချို့တွေများဆို ၃-၄နှစ်လောက် လုပ်နေတာ လစာ လုံးဝတိုးမရတာတွေ ရှိသတဲ့။ ကိုယ့် Company က အခြေအနေကောင်းရဲ့သားနဲ့ လစာတိုးရမယ့်ကိစ္စကို မသိချင်ယောင်ဆောင်နေတာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ပေးဆပ်မှုနဲ့ ထိုက်တန်စွာ လစာမရဘူးလို့ ခံစားရရင် ၊ Outside Market Rate နဲ့ ယှဉ်ကြည့်လို့ ကိုယ့်လစာက နည်းနေတယ်လို့ ယူဆရင် လစာတိုးတောင်းသင့်ပါတယ်။

လစာတိုးတောင်းရမဲ့ နည်းလမ်းတွေကတော့ တသမတ်ထဲမရှိပါဘူး။ ကိုယ် အဆင်ပြေသလိုနည်းနဲ့ အမျိုးမျိုး ပြောကြတာတွေ့ရတာပဲ။ တချို့ကလည်း ဘော့စ်ကို ပါးစပ်နဲ့ ဖွင့်ပြော ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်။ တချို့ကလည်း ဘော့စ်နဲ့ မရင်းနှီးတော့ ဘော့စ်နားဆီကို ပေါက်မဲ့သူကို သွားပြောတတ်ကြတယ်။ တချို့ကလည်း စာရေးပြီး ပြောကြတယ်။ စိတ်တိုတတ်တဲ့ တချို့ကတော့ အလုပ်ထွက်မယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ လစာနည်းလို့ စသဖြင့် ဓါတ်ကြမ်းတိုက်ချင်လည်း တိုက်ကြတယ်။ တချို့လည်း အလုပ်ထွက်မယ်လို့ ကြိမ်းလိုက်မှ လစာတိုးရတာမျိုးလဲ ရှိသတဲ့။ ဒါကတော့ ကိုယ်က ကိုယ့်အလုပ်မှာ ကိုယ်က မရှိမဖြစ် တကယ်ကို အရေးကြီးတဲ့သူဖြစ်မှ ရမယ်နော်။

အကောင်းဆုံး အကြံပေးချင်တာကတော့ ကိုယ်ဖြစ်ချင်တာ ကိုယ့်မန်နေဂျာကို face to face တိုက်ရိုက်ဆွေးနွေးသင့်ပါတယ်။ ပါးစပ်နဲ့ပြောတာက ပိုကောင်းပါတယ်။ လစာမတိုးတာကြာပြီ။ ဘာဖြစ်လို့ မတိုးတာလဲ၊ ကိုယ်ဘာတွေ လုပ်ထားတယ်၊ ဘယ်လို တာဝန်တွေယူနေရတယ် စသဖြင့် သူနားလည်အောင် ပြောပြရမှာပဲ။ အကောင်းဆုံး လစာတိုးတောင်းတဲ့ နည်းကတော့ လစာတိုးတောင်းမယ်လို့ စဉ်းစားထားရင် အရင်ဆုံး အလုပ်ပိုလုပ်ပြရမှာပါပဲ။ ကိုယ့်မန်နေဂျာသိအောင် သာမန်ထက် အရေးပါတဲ့ အရေးကြီးတဲ့ လုပ်ဆောင်မှုတွေ ယူပြရမှာပဲ။ ကိုယ့်က ကိုယ့် team member တွေကိုဘယ်လို motivate လုပ်သလဲ၊ ကိုယ့်ရဲ့ value က သူများနဲ့မတူ ဘယ်လို Individual ဖြစ်တယ်ဆိုတာ သူသိအောင် လုပ်ပြရမယ်။ အရေးကြီးဆုံး နောက်တချက်က လစာတိုးဖို့အကြောင်း သူနဲ့ စကားပြောတဲ့အချိန်မှာ စိတ်မတိုမိပါစေနဲ့။ အေးအေးဆေးဆေး professional ဆန်ဆန် ဆွေးနွေးပါ။

တချို့ကတော့ face to face စကားပြောရမှာ အားနာတာတို့ ကြောက်တာတို့ ဖြစ်တတ်ပါတယ်။ အဲဒီတော့ စာရေးတာကို ပိုရွေးချယ်ချင်ကြပါတယ်။ စာရေးတာကို ရွေးချယ်ချင်တဲ့ သူတွေ အတွက် စာရေးနည်းလေးကို နည်းနည်းပြောပြပါမယ်။ စာရေးတာကို ရှုပ်ရှုပ်ထွေးထွေးတွေ မရေးပါနဲ့။Keep it simple and polite ဖြစ်ပါစေ။ ကိုယ့် အခြေအနေကို ရေးပြပါ။ ကိုယ်ယူနေတဲ့ တာဝန်တွေကို ရေးပြပါ။ ဒီထက်မက တာဝန်ယူချင်တဲ့ အကြောင်းကိုလည်း ပြောပြပါ။ အခု ညီမလေးတစ်ယောက်ကို ရေးပေးတဲ့ စာနမူနာကို ဒီမှာ ရေးပြလိုက်ပါတယ်။ တကယ်ကတော့ အင်တာနက်ထဲကတွေ့တဲ့ sample တွေကနေ အတုခိုးရေးရတာပါပဲ။ ဒီထက်မက sample တွေလည်း internet မှာ အများကြီး ရှိပါတယ်။

ှSubject: Request for Salary Increment
Dear Sir,
I have worked for this company for the last two years as an xxxx Engineer. During this time I have done my duties to the best of my abilities. I have been sincerely dedicated and have constantly worked hard.
As xxxxxx engineer, I have successfully implemented xxxxxx and currently I am taking new responsibilities for xxxxxxxxx. I am eager to assume these new responsibilities and will work hard to meet tight deadlines.
I am prepared to take more responsibility, and I will continue to be the valued, hard working, committed, reliable and honest employee that I have always been.

However, despite general appreciation of my work, I have not received any salary increment. My basic salary is still only .... S$. Hence, I would like to request you to consider my case for an increase to xx% of current pay.
The cost of living in Singapore has become very high, with price increases for house rental, PUB, food and transport, and this really has put a strain on my earnings.
I hope this application merits your favorable consideration and you will provide your recommendation to HR department for their further action.

I look forward to a favorable response from you.

Sincerely yours,
xxxx

အရေးကြီးဆုံးနောက်တချက်ကတော့ ကိုယ်တောင်းဆိုလိုက်လို့ လစာတိုးရလာပြီဆိုရင် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို မပြောမိ၊ မကြွားမိပါစေနဲ့။ Keep it confidential!!! လုပ်ဖော်ကိုင်ဖက်အချင်းချင်း မလိုလားအပ်တဲ့ ရုံးတွင်း ညိုညင်မှုတွေ မဖြစ်ပါစေနဲ့။
******************

တခါက မေးလ်ထဲကိုရောက်လာတဲ့ လစာတိုးတောင်းတဲ့ ဟာသလေး ပြောပြပါအုံးမယ်။ ကဲ... အပျင်းပြေလေး ဖတ်ကြည့်ကြပါအုံး။

One day you send a letter to your boss asking for an increase in your salary !
Dear Bo$$

In thi$ life, we all need $ome thing mo$t de$perately. I think you $hould be under$tanding of the need$ of u$ worker$ who have given $o much $upport including $weat and $ervice to your company .
I am $ure you will gue$$what I mean and re$pond $oon.

Your$ $incerely,

The next day, you received this letter of reply :

Oh my dear:
I kNOw you have been working very hard. NOwadays, NOthing much has changed. You must have NOticed that our company is NOt doing NOticeably well as yet .

NOw the newspaper are saying the world`s leading ecoNOmists areNOt sure if the United States may go into aNOther recession. After the NOvember presidential elections things may turn bad.
I have NOthing more to add NOw. You kNOw what I mean.

Yours truly, Manager

အဲသလို ပြန်စာမျိုးတော့ မရကြပါစေနဲ့နော်....
Ref: 1) salary negotiation tips, 2) Various Internet Web Sites with Salary Increment
Credit and Special Thanks to : စုချစ် http://suuchitthu.blogspot.com