PDA

View Full Version : လုပ်ငန်းခွင်ဝင်တော့မယ်ဆိုရင်



KoNyi
05-08-2008, 12:14 AM
လုပ်ငန်းခွင်ဝင်တော့မယ်ဆိုရင် ပထမဦးဆုံးစတင် ရင်ဆိုင်ရမှာက သူဌေး ပြီးတော့အထက်က
အရာရှိ ပြီးရင်ကိုယ်နဲ့တွဲလုပ်ရမည့် လုပ်ဖေါ်ကိုင်ဘက် နောက်တစ်ခါကိုယ်ရဲ့လက်အောက်ငယ်
သားတွေပဲဖြစ်တယ် သူတို့နဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံနေထိုင် ရမယ်ဆိုတာတွေကို လေ့လာ
ထားဘို့တော့လိုပါတယ် ဒီနေရာမှာ ကိုညီရဲ့ အတွေ့အကြုံလေးတွေကို ပါဝင်ဆွေးနွေးချင်ပါတယ်
လုပ်ငန်းသက်တန်း ၁၄ နှစ်တာကာလမှာ တွေ့ကြုံခဲ့ရတာတွေပါ မြန်မာအင်ဂျင်နီယာတွေအတွက်
အသုံးဝင်လိမ့်မယ်လို့ ယုံကြည်မိတာကြောင့် အခုလိုဝင်ရောက်ရေး သားရခြင်းဖြစ်ပါသည် ။
ကိုညီနဲ့အတူပါဝင်ဆွေးနွေးကြမဲ့ မြန်မာအင်ဂျင်နီယာများကိုလဲ ဖိတ်ခေါ်ပါတယ် အင်ဂျင်နီယာမဟုတ်
တဲ့အတွက်အားနည်းတာတွေကိုလဲ ၀ိုင်းဝန်းဖြည့်စည်းပေးကြပါလို့ တောင်းဆိုပါရစေနော် ။

KoNyi
05-08-2008, 12:27 AM
ဆောက်လုပ်ရေးလောကသို့ စတင်ဝင်ရောက်ခဲ့တုန်းက နှစ်တစ်လက်မဆိုတာကို
ဘာမှန်းတောင်မသိခဲ့ပါဘူး ဒီလိုနဲ့ ၁၉၉၁ သုံးလပိုင်းမှာ လက်သမား ဘ၀နဲ့ဒီလော
ကထဲကိုစတင် ၀င်ရောက်ခဲ့ပါတယ် သူများတွေကတော့ ပညာတွေတတ်ကြတာကိုး
ကိုကတော့ ဘာမှကိုမတတ်သေးတော့ သူများခိုင်းတာကိုသာ လုပ်ရင်းနဲ့ အချိန်ကုန်
ခဲ့ရတယ်ဆိုပါတော့ တစ်နေ့ကိုသီချင်းဆိုပြရင် ၂၅ ကျပ်ရတယ်လေ အဲဒီတော့အလုပ်
ကိုလဲကောင်းစွား မလုပ်ပါပဲ သီချင်းသာဆိုနေလိုက်တာ ၃ လလောက်တော့ ကြာသွား
တာပေါ့ ဒါနဲ့စဉ်းစားမိပါတယ် ဒီလိုနေရင်တော့ သူများခိုင်းဘက်ပဲ ဖြစ်တော့မှာပါဟု
တွေးကာ လုပ်ငန်းခွင်ကို စိတ်ဝင်တစားနဲ့ ၀င်ရောက်လုပ်ကိုင် ခဲ့ပါတယ် အရင်ဆုံးစ
တွေ့ရသူက လက်သမားကန်ထရိုက် ကိုလှအုန်းဆိုသူပါ နောက်တစ်ခါ ဒုတိယခေါင်း
ဆောင်ကတော့ ကိုညီရဲ့အကိုလေးပေါ့ သူနာမည်က ရန်နိုင်စိုးပေါ့ နောက်ပြီးတော့
ထပ်တွေ့သူက ကိုလှကြည်တဲ့ အဲဒီလူတွေကို အလိုက်အထိုက်ပေါင်းကာ ကိုညီပညာ
စသင်ခဲ့ပါတယ် ဒါကတော့ လုပ်ငန်းခွင်ကို စတင်ဝင်ရောက်ခြင်းရဲ့ ပထမအချက်ပါ ။

KoNyi
05-08-2008, 11:42 AM
အဲဒီအဖွဲ့မှာလဲ ၂ လလောက်လုပ်ပြီးတော့ ဒဂုံမြို့သစ်တွေ တည်တာနဲ့ မြို့သစ်တွေကို လိုက်ပြီးအ
လုပ်လုပ်ရတာပေါ့ နောက်ပိုင်းမှာတော့ ကိုယ့်အပေါ်ကြရောက်လာမည့် ဘေးတွေကိုကြည့်ရင်းက
နားလည်မူ့တွေအများကြီးလာသလို လူတွေကိုလဲ ပေါင်းသင်းဆက်ဆံတတ်လာတယ် အဓိကက
တော့ ဘေးရန်ကိုကြည့်တတ်ဘို့ပါ ဆောက်လုပ်ရေးလုပ်တာဟာ အင်ဂျင်နီယာရော အလုပ်သ
မားတွေပါ အမြဲတမ်းဘေးရန်ဆိုတာ ရှိတတ်ပါတယ် သဘာဝကြောင့် ရှိသလိုလုပ်ငန်းလွဲချော်မူ့
ကြောင့်လဲ ဘေးရန်ဆိုတာ ကြရောက်တတ်ပါတယ် ဥပမာ အလုပ်သမားတစ်ယောက်ဟာ သစ်
သားတိုင်တစ်တိုင်ကို ထောင်တော့မယ်ဆိုပါတော့ ဒီတိုင်ဟာလဲကြရင် ငါ့ဆီကိုများ လာနိုင်မလား
သူတို့နဲ့ငါဟာ ဘာများဖြစ်ထားလဲဆိုတာကို တွေးတောကြံဆတတ်ပါစေ အလုပ်သမားညစ်ရင်ကို
ကခံရသလို ကိုကညစ်လိုက်ရင်လဲ အလုပ်သမားတစ်ယောက် စားစရာမရှိအောင် ဖြစ်သွားတတ်
ပါတယ် နောက်တစ်ခုက လုပ်ငန်းခွင်ကို ၀င်တော့မယ်ဆိုရင် အဓိကကတော့ သောက်စားတာကို
ရှောင်နိုင်ရင်လဲ အကောင်းဆုံးပါပဲ မရှောင်ကျင်နိုင်သူဟာလဲ ဘေးရန်ကို ကြရောက်နိုင်တာပါပဲ
စစ်ဆေးရန် သွားပြီဆိုပါတော့ ကိုကမူးနေမယ်ဆိုရင် ကိုအထက်ကအရာရှိလဲ မကြိုက်သလို ကိုယ်
အောက်ကငယ်သားကလဲ မလေးစားပါဘူး ဒါကတော့ ကိုယ်တိုင်လုပ်ငန်းဝင်သူတွေ သိကြမှာပါ ။

yeakharr
05-09-2008, 05:18 AM
ကိုညီရေ စောင့်ဖတ်နေပါတယ်ဗျို့.စိတ်မရှိပါနဲ့ thz ခလုတ်မရှိလို့ပါ..
ဖတ်ကြမှာပါ..

KoNyi
05-09-2008, 08:46 AM
ဟုတ်ကဲ့ပါ စိတ်ဝင်စားလို့ ၀မ်းသာပါတယ် ကျွန်တော်အချိန်ရတိုင်း လားရောက်ရေး
သားပေးပါမယ် ကျွန်တော်ဝါသနာအရန်းပါတဲ့ အလုပ်မို့အားလုံးအတွက် အချိန်ပေးရတာ
အရန်းကိုဝမ်းသာမိပါတယ် မြန်မာအင်ဂျင်နီယာ ဖိုရမ်မှလူများအားလုံးကိုလဲ အထူးကျေးဇူးတင်ပါတယ် ။

ဟိန်း
05-09-2008, 06:40 PM
ကိုကြီးထွဋ်ရေ ဆက်လက်ရေးသားပါဦးနော်....ဒါလည်းပညာရပ်တစ်ခုပါပဲ..
အစ်ကိုတက်တဲ့အပိုင်းလေးကို ရေးသားပေးတာလည်း ပညာမျှဝေတာပါပဲ အစ်ကိုရာ...
တကယ်ကျေးဇူးပါ...အစ်ကိုအားရင် ဆက်လက်မျှဝေပါဦးနော်....... :) :)

Muriel
05-27-2008, 03:22 PM
working experience
working experience :-[ :-[ :-[

now.. wanna kill my manager :'(
so tired >:(

red-dragon
06-08-2008, 08:56 PM
ကိုညီထွဋ် ရေ...အစ်ကို.ရဲ.ပို.စ်တွေက ကျွန်တော့်အတွက်အရမ်းတန်ဖိုးရှိပါတယ်...
ကျွန်တော့်မှာတော့အသက်သာတစ်ဖြေးဖြေးကြီးလာတယ်....စာအုပ်တွေကြားထဲမှာပဲလည်ပတ်နေရတယ်....လုပ်ငန်းခွင်ဆိုတာဘယ်ဆီနေမှန်းမသိသေးဘူးဗျာ.
ကံကဆိုးချင်တော့ကျောင်းပြီးထားတာက စက်မှုအင်ဂျင်နီယာ ဟိုလေ.လာဒီလေ.လာနဲ. အခုဆောက်လုပ်ရေး ပညာလေ.လာနေရပါတယ်....ဘယ်တော့များမှ တစ်ခုခုကိုတစ်စိုက်မှတ်မှတ်လုပ်ကိုင်ရမယ်မသိပါဘူး....ပို.အသစ်တွေ ဆက်လက်အားပေးနေပါဦးမယ်.....ကျေးဇူးပါ.... :)

yeakharr
06-08-2008, 11:35 PM
working experience
working experience :-[ :-[ :-[

now.. wanna kill my manager :'(
so tired >:(


:) :) ကောင်းပ..အတွေ့အကြုံကောင်းပါလား..
မန်နေဂျာကိုတောင် kill တော့မယ်တဲ့..မှတ်ထားအုံးမှ.... ;D ;D ;D

red-dragon
06-15-2008, 05:48 PM
working experience
working experience :-[ :-[ :-[

now.. wanna kill my manager :'(
so tired >:(


မ Muriel ရေ...ကြည့်ပြီးလုပ်ဦးနော်....ဒီဖိုရမ်ထဲမှာ အစ်မရဲ. မန်နေဂျာကြီးပါနေမှ မခက်ပါလားနော်....တော်ကြာ ကိုရေခါးကြီးဖြစ်နေပါဦးမယ်....ဟီးဟီး.....
စတာနော်....ချိတ်ချိုးနဲ. ;D ;D

သားငယ်
06-05-2009, 08:18 PM
ကဲချစ်ကိုကြီပြောလို့ပြောရဦးမယ်ဗျာ......... ကျွန်တော်ကအလုပ်လုပ်တာမကြာသေးဘူးလေ အရင်ကတော့တစ်နေရာမှာလုပ်ဖူးတယ် အောက်ခြေကပဲစတယ်ဆိုပါတော့ .....ဒီတော့ဗျာသိပ်နားမလည်သေးဘူးပေါ့ .........ခုလိုပြောပြတော့ကျေးဇူးတင်တယ်ဗျာ....... ကျွန်တော်ကြုံရတာလေးပြောပြမယ် အတိုလေးပါ........... မန်နေဂျာဆီကိုလူတစ်ယောက်ပစ္စည်းတစ်ခုလာငှားတယ်လေ ... စက်တစ်လုံးဆိုပါတော့ .....မန်နေဂျာကမပေးခြင်လို့မသိဘူးပဲပြောနေတယ်........ ကျွန်တော်ကမနပ်ဘူးလေ.........ဘေးကနေ၀င်ပြောပေးလိုက်တယ်........ ဒီတော့သူကပြောတယ်.... ဒါမင်းမလုပ်လားတဲ့... မင်းနဲ့မဆိုင်ရင်ဘေးမှာပဲနေပါလို့ပြောလေရော.......... ကဲ မိတ်ဆွေတို့လည်းအဲ့လိုမဖြစ်စေနဲ့နော်.....
လုပ်ငန်းတစ်ခုမှာကြုံလို့ဝင်လုပ်ပေးခြင်ပေမယ့်....... မကောင်းဘူးမိတ်ဆွေတို့ရေ......... သူနေရာနဲ့သူပဲကောင်းတယ်ဗျာ..........ဘာပဲဖြစ်ဖြစ် အလုပ်မှာကြုံ၇တတ်လို့.......ကျွန်တော်လိုမဖြစ်အောင်သတိပေးတာပါဗျာ.......... ခုလိုလေးအဖြစ်အပျက်လေးလေးတွေကိုတင်ပေးတော့ရှောင်စရာရှိရှောင်နိုင်တာပေါ့......... အားလုံးအဆင်ပြေကြပါစေဗျာ.....ကြုံရင်လည်းခုလိုလေးတွေကိုတင်ပေးကြပါ ......ပညာယူရတာပေါ့........... လေးစားလျှက်
minchitthuuu 8)

bibilio
06-28-2009, 07:15 PM
ကိုညီ
ဆက်ရေးပါဦး
ဗဟုသုတရပါတယ်
စောင့်ဖတ်နေပါတယ်ရှင်

khaingkyayeoo
06-23-2010, 01:06 PM
လုပ်ငန်းခွင်နဲ့ ပက်သက်တာလေးတွေရေးပေးတာကျေးဇူးတင်ပါတယ်။
နောက်လည်းရေးပေးပါအုံးနော်။

ငမောင်
06-23-2010, 02:02 PM
ကျေးဇူးတင်ပါတယ် ကိုညီထွဋ်ရဲ့ အတွေ့အကြုံတွေအတွက် :7: :7: :7:
ကျွန်တော်လည်း ၀င်ပြောလိုက်ဦးမယ် ကျွန်တော်စ၀င်ကစ က junior engineer ပေါ့ဗျာ။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဘိလပ်မြေနဲ့ ရေစိုနေတဲ့ သဲကိုတောင်မှားခဲ့ဖူးတယ်ဗျ။ :2: :2:

ပြီးတော့ အရက်သောက်တဲ့ကိစ္ဈ အဟဲ
ကျွန်တော့ senior ကသဘောသိပ်ကောင်းတယ်ဗျ။ အကုန်သင်ပေးတယ် မှားရင်လဲနားလည်ပေးတယ်။ တစ်ခုဘဲ အဲဒီလိုအချိန်တွေက ည၆ နာရီဆိုပြီးပြီ
အလုပ်ပြီးတာနဲ့ ရေချိုးခါနီးပတ်တယ်၊ ရေချိုးပြီးရင် တော့ဆွဲပြီ တမုန်း တစ်ယောက်ထည်းကို တစ်တောင့် ကျော်လောက်ကုန်တယ်၊ ပြိးတော့ စကားကိုမနားတမ်းပြောတာ :e :e
ပြိးရင်ဆိုဒ်ထဲကအလုပ်သမားတွေကို ပတ်ရစ်တာ။

ရောက်စကတော့ ကျွန်တော်ကလည်း အဟီးပုံမှန်စပွန်စာတော့ တွေ့ပြီပေါ့... နောက်တော့မခံနိုင်ဘူးဗျ။ ရက်ဆက်ကြီးဆိုတော့ လူကမနက်ကျရင်မထနိုင်တော့ဘူး။
ကျွန်တော်တို့က မနက်ဆိုအစောကြိးထရတယ်ဗျ။ ရွာကနေ့စား အလုပ်သမား တွေက ၇ နာရီမထိုးခင် ရောက်နေပြီဗျ။
ကျွန်တော်က သူတို့ကိုနေရာချပေးရတယ်။ ဟိုအဖွဲ့ဟိုသွား ဒီအဖွဲကဟိုသွားပေါ့။ အရက်သောက်ထားရင် မနက်ကျတော့ အလုပ်လုပ်တာစိတ်မပါတော့ဘူး ခေါင်းတွေကလဲကိုက်....
အဲဒါနဲ့ နောက်ပိုင်း ကျွန်တော် လိုက်မသောက်တော့ဘူးဗျ။ အဲလိုကျတော့လဲ သူကမျက်နှာမကောင်းဘူး ( သူပြောတာ နားထောင်ပေးမယ့်သူမရှိတော့ဘူးကိုး )
ဒီတော့ ကျွန်တော်လည်း လိုက်သောက်ပေးရပြန်ရော ဒါပေမယ့် နည်းနည်းချင်းစီ ဇိမ်ဆွဲသောက်တာပေါ့ တစ်ပတ်လောက်ကို သုံးနာရီလောက်သောက်တာ အဟီး

သူအနေနဲ့လဲ ဒီအလုပ်ကိုဝါသနာပါလို့(မစွန့်လွတ်) သာလုပ်နေတာ တကယ့်တောထဲတောင်ထဲမှာနှစ်နဲ့ချည်ပြီ နေရတာကို တခြားစိတ်အပန်းဖြေစရာလဲမရှိ
ကျွန်တော်ဆိုရောက်တာ နှစ်လ မပြည့်သေးဘူး စိတ်ညစ်နေပြီ :4: :4:
သူကတော့ အတော်ကိုအသားကျနေပုံ၇တယ်ဗျ။ ပြီးတော့ အင်ဂျင်နီယာ စိတ်ဓါတ်လဲ အပြည့်အ၀ရှိတယ်။ ငွေရင်ပြီးရော ဒီအိမ်ငါနေမှာမှမဟုတ်တာ ဆိုတဲ့စိတ်မျိုးလုံးဝမရှိသူပါ။
ကျွန်တော်တောင် တစ်ခါတစ်ခါ ပေါ့ပျက်ပျက် လုပ်မိသေးတယ်။ သူနဲ့တွေ့တဲ့ အခါမှ သူ့ဆီကခံယူချက်မျိုး ကိုအတုယူတက်လာပါတယ်။ ( အရက်သောက်တာမဟုတ်ပါ )

အရင်က ဆိုဒ်အင်ဂျင်နီယာဆိုတာ ဘာမှမဟုတ်ပါဘူးကွာ။ ကြီးကြပ်တာသတ်သတ်ပဲ အဲဒီလိုမျိုးထင်ခဲ့တာ ..ကိုယ်ကိုတိုင်လုပ်ရမှ ဘယ်လောက်ပင်ပန်း ဘယ်လောက်စိန်ခေါ်မှုများလဲဆိုတာ
သိလာပါတယ်..ပြီးတော့ တန်ဖိုးထား ရကောင်းမှန်း လေးထားရကောင်းမှန်းသိလာပါတယ်။ အဲဒါတွေအားလုံးကို ကျွန်တော့ senior ကရိုက်သွင်းပေးခဲ့တာပါ......
အခုချိန်ထိ ပြန်မဆုံဖြစ်ကြတော့ပေမယ့် သူ့ရဲ့ကျေးဇူးတွေကို လုံးဝမမေ့ခဲ့ပါဘူး... ဖိအားတွေကြုံရတဲ့အခါတိုင်း သူ့ကိုအောက်မေ့မိပါတယ်။

ကျွန်တော့ senior/ဆရာ ကိုစိုးလေး ကိုဒီပိုစ့်လေးနဲ့ကန်တော့ပါတယ်။
အကိုရောက်ရာ အရပ်မှာ အဆင်ပြေပါစေ

ငမောင်
( သြော် ကျွန်တော်လုပ် ခံတာက Cyclone resistance shelters in Pyin Bo Gyi Village, Bogalay ပါ။ Sponsor by UNDP ဖြစ်ပါတယ် )

walonelay21
10-25-2010, 06:51 PM
ဆွေးနွေးချက်တွေကို ဖတ်ရတာ တော်တော်ကောင်းပါတယ်
ဆွေးနွေးပေးကြတဲ့ သူတွေကို အထူးကျေးဇူးတင်မိပါတယ်
ကိုညီထွဋ်ပြောသလိုပါပဲ
လုပ်ငန်းခွင်ထဲမှာ လုံခြုံစိတ်ချရမှုက အရေးကြီးလှပါတယ်
စိုးဆို တကယ့် လုပ်ငန်းခွင်ထဲရောက်ပြီး တစ်လတောင်မပြည့်သေးဘူး
တော်တော်အခြေအနေဆိုးဆိုးတစ်ခုနဲ့ ကြုံခဲ့ ရပါတယ်
အဲဒီနေ့ က မိုးတွေတနေကုန်ရွာနေတာပါ
စိုးတို့ က ဆိုဒ်နှစ်ခုသုံးခု ကို အင်ဂျင်နီယာတစ်ယောက်လောက်နဲ့ ကိုင်ထားတာပါ။
supervisor တွေက အလုပ်ကို ကြီးကြပ်ပြီးလိုအပ်တဲ့ အသေးစိတ်နောက်လိုက်အလုပ်တွေကို ခိုင်းပေးလုပ်ပေးကြပါတယ်
အဲဒီနေ့ က ဆောက်ပြီးစ အဆောက်အဦးမှာ အုတ်ရိုးနံရံက နေရေစိမ့် နေတာနဲ့  ပန်းရံတစ်ယောက်ကို ခေါ်ပြီး ဖာထေးခိုင်းပါတယ်
မိုးက တနေကုန်ရွာထားတာဆိုတော့ စိတ်မချရတဲ့ အနေအထားပါ။
အဲဒါကို ဆိုဒ် supervisor က မရမက ခေါ်ခိုင်းတော့ သူတို့ လည်း လုပ်ပေးရတာပေါ့
စိတ်ချရတဲ့ အနေအထားမျိုးဖန်တီးမပေးပဲ ခိုင်းတယ်လို့ ထင်မိပါတယ်။
ပန်းရံ သမားလေးကတော့ အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်ပေးရှာပါတယ်။ ဒါပေမယ့် မဆီမဆိုင် ကြားကနေ ဆိုဒ်တာဝန်ခံက အဲဒီအဆောက်အဦးပေါ်ကနေ ချော်ပြီးပြုတ်ကျသွားပါတယ်
နှမြောစရာပါ။ လူ့ အသက်တချောင်းလေ။ ဘာမှ မဟုတ်လောက်တဲ့ အနေအထားလေးနဲ့ သေဆုံးသွားခဲ့ ရပါတယ်။
တယောက်နဲ့ တယောက် ညစ်တာလဲမဟုတ်။ ဘာမဟုတ်နဲ့ ဆိုဒ်ရဲ့ လိုအပ်ချက်ကြောင့် သေဆုံးသွားခဲ့ ရပါတယ်။
စိုးတော့ အဲဒီဆိုဒ်ကို တော်တော်ကြောက်သွားမိပါတယ်။
အင်ဂျင်နီယာအပါအဝင် အလုပ်သမားအားလုံးအတွက် လုံခြုံစိတ်ချရမှုဘာမှမရှိပါဘူး။
ဆိုဒ်တစ်ခုမှာ လုံခြုံစိတ်ချရမှုရှိအောင် တော့စီစဉ်ပေးထားသင့်တယ်လို့ ထင်ပါတယ်။ (ရှိကိုရှိသင့်တာပါနော်)


ဘာရယ်မဟုတ်ပါဘူး
ဆိုဒ်လုံခြုံမှုနဲ့ ပက်သက်ပြီး ပြောချင်စိတ်ပြင်းထန်လာလို့ ပါ။

ကျေးဇူးတင်စွာဖြင့်
စိုး

Alyssa
10-25-2010, 09:18 PM
ဒီလို လုပ်ငန်းတွေ့ အကြုံလေးတွေကို ပြောပြပေးတဲ့  အကို၊ အမ တွေအားလုံးကို ကျေးဇူးတင်ပါတယ်။
alyssa တို့ လို ဘာမှမလုပ်ဘူးသေးတဲ့  ကျောင်းဆင်းခါစလေးတွေအတွက်ကတော့ အရမ်းဗဟုတုသ ရပါတယ်။
နောက်ထပ်လည်း အများကြီးရေးပေးကြပါဦးနော်