PDA

View Full Version : ဂျီပီအက်စ် စနစ် (Global Positioning System)



ထင်လင်း
02-25-2009, 04:54 PM
ဂျီပီအက်စ် စနစ် (Global Positioning System) သည် လွန်ခဲ့သော နှစ်အနည်းငယ် ကာလအတွင်းမှာ မှ တိုးတက်စွာပေါ်ပေါက်လာပြီး လူသိများလာကာ ယခုခေတ်တွင် ဖုန်းများ၊ ကားများ၊ အခြား ခရီးသွားခြင်း လုပ်ငန်းများနှင့် အရေးအကြီးသည့် ကာကွယ်ရေးလုပ်ငန်းများ (Military) ၊ စူးစမ်း ရှာဖွေရေးလုပ်ငန်းများ (Discovery)၊ အာကသဆိုင်ရာ သုသေသန လုပ်ငန်းများ (Satellite positioning and tracking)၊ ရိုဘော့ စနစ်များနှင့် အဝေးထိန်း စနစ်များ (Remote controlled vehicle and robot guidance)၊ ပဲ့ကိုင်စနစ်များ (Navigation System) နှင့် အခြား သုသေသန လုပ်ငန်းများတွင် တွင်တွင် ကျယ်ကျယ်ဖြင့် ရေးပန်းစား လာသော နေရာပြစနစ်ဖြစ်သည်။ မြန်မာလို အလွယ်ကူဆုံး ဘာသာပြန်ပါက ကမ္ဘာ့နေရာပြစနစ် ဟု ခေါ်ဆို သက်မှတ်နိုင်သည်။
http://3.bp.blogspot.com/_DBJqcey4I1Q/SV6hVmTUpmI/AAAAAAAAAps/AhtyWf_1zb8/s400/gps1.jpg
GPS (Global Positioning System)
၁၉၆၃ခုနှစ် က ဂျီပီအက်စ်ကို စတင်တီထွင် အကောင်အထည်ဖော်ခဲ့၍ ၁၉၉၅ ခုနှစ်တွင် ဧပရယ်လတွင် စတင် အသုံးပြုနိုင်ခဲ့သည်။ ဂျီပီအက်စ် ဆိုသည်မှာ mobile phone အရွယ်ရှိသော လျှက်စစ်ပစ္စည်း တစ်ခုဖြစ်သည်။ ၎င်းတွင် ဖန်သားပြင်တစ်ခုပါရှိပြီး ၎င်းဖန်သားပြင်မှ မြေပုံဖြင့် ယခုလက်ရှိ ၎င်း၏တည်နေရာကို ဖော်ပြပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ နှစ်သက်ရာနေရာသို့ သွားရောက်နိုင်ပြီး ထိုနေရာကို ဂျီပီအက်စ်က ဖော်ပြပေးနိုင်သည်။
ကမ္ဘာ့နေရာပြစနစ်ဖြစ်သဖြင့် ကမ္ဘာပေါ်ရှိ နေရာအားလုံးကို မခြွင်းမချန် ပြသနိုင်ရန် လိုအပ်ပေသည်။ ထိုသို့ ကမ္ဘာပေါ်ရှိ နေရာတိုင်းကို ပြသနိုင်ရန်အတွက် ကမ္ဘာကို လှည့်ပတ်နေသော ဂျီပီအက်စ်ဂြိုဟ်တု (GPS satellite) အရေအတွက် (၂၄) လုံး အနည်းဆုံးလိုအပ်သည်။ အကြောင်းမှာ ကျွန်တော်တို့ ကမ္ဘာကြီးကို ပထမဆုံး ဘေးဘယ်ညာ လေးဖက် လေးတန်နှင့် အထက်အောက် မျက်နှာပြင် (၆) ခု ပိုင်းခြားပါမည်။ ထို့နောက် မျက်နှာပြင် တစ်ခုဆီတွင် ဂြိုဟ်တု (၄) လုံးဖြင့် စုစုပေါင်း (၂၄) လုံး လှည့်ပတ် နေရမည်ဖြစ်သည်။ ထိုဂြိုဟ်တု (၂၄) လုံးမှ မိမိ၏ လမ်းကြောင်း နယ်မြေ အပိုင်းအခြားအတွင်း ကျရောက်လျှက် ရှိသော ဂျီပီအက်စ်များ ၏ တည်နေရာကို signal ပို့လွတ်ပေးပါလိမ့်မည်။
http://4.bp.blogspot.com/_DBJqcey4I1Q/SV6hM_fc46I/AAAAAAAAApk/SiIaCHkR4GE/s400/24satellite.jpg
24 GPS satellites
http://i185.photobucket.com/albums/x54/slipknot1347/ConstellationGPS.gif
ဂျီပီအက်စ်ဂြိုဟ်တုများ ကမ္ဘာကို လည့်ပက်ပုံနှင့် နေရာတစ်နေရာအတွက် အများဆုံး လုပ်ဆောင်ပေးနိုင်သော ဂျီပီအက်စ်ဂြိုဟ်တု အရေအတွက်
ဂျီပီအက်စ် တစ်လုံးကို ဖွင့်လိုက်သည်နှင့် အထက်တွင် ဖော်ပြခဲ့သကဲ့သို့ပင် မိုဘိုင်းဖုန်းများ အလုပ် လုပ်သကဲ့သို့ပင် ဂျီပီအက်စ်မှ မိမိ၏ ပက်ဝန်းကျင်ရှိ ဂြိုဟ်တုများဆီသို့ signal များကို ပို့လွတ် ပေးလိုက်မည်ဖြစ်သည်။ ဖမ်းယူရရှိမသော ဂြိုဟ်တုများက ဖမ်းယူရရှိကြောင်း အချက်ပြ၍ ထိုအချိန်မှ ၎င်း နယ်နိမိတ်အတွင်း ၀င်ရောက် လာသော ဂြိုဟ်တုက တာဝန်ယူကာ၊ ထိုဧရိယာ အတွင်းမှ ထွက်သွားသော ဂြိုဟ်တုက အားလုံးကို အချက်ပြသွားမည် ဖြစ်သည်။http://3.bp.blogspot.com/_DBJqcey4I1Q/SV6f6cYd-oI/AAAAAAAAAo8/VqCwAslOmMg/s400/setl.jpg
GPS Satellite
ဂျီပီအက်စ် မှ ပို့လွတ်လိုက်သော signal ကို အနည်းဆုံး ဂြိုဟ်တု (၄) လုံးက ဖမ်းယူ ရရှိမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကမ္ဘာ့တစ်ဖက်ခြမ်းဆီတွင် ဂျီပီအက်စ် ဂြိုဟ်တု (၄) လုံးဆီ တာဝန်ယူထားသောကြောင့် ဖြစ်သည် (အထက်တွင်လည်း ဖော်ပြခဲ့ပြီးဖြစ်သည်)။ ဂျီပီအက်စ်သည် ကမ္ဘာ့ အရပ်ခြောက်မျက်နှာ(အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အထက်၊ အောက်) မှ အရှေ့အရပ်တွင် ရှိနေသည်ဆိုပါဆို့ ၎င်း ဂျီပီအက်စ်မှ signal ကို ထိုအချိန် ထိုနေရာတွင်ရှိသော ဂြိုဟ်တု (၄) လုံးကသာ တာဝန်ယူရမည်ဖြစ်သည်။ ထိုဂြိုဟ်တု (၄) လုံးစလုံးမှ signal ကို ဖမ်းယူ၍ ချက်ချင်း တည်နေရာ ကို ပြန်လည် ပေးပို့ပေးလိမ့်မည် ဖြစ်သည်။ လောလောဆယ် ကျွန်တော်တို့ ကမ္ဘာကြီးကို ကုဗတုံး တစ်တုံးကဲ့သို့ ကြည့်ကြပါဆို့။ ကုဗတုံး၏ မျက်နှာပြင် (၆) ဖက်မှ တစ်ဖက်ဆီတွင် ဂြိုဟ်တု (၄) လုံး ရှိနေမည်။ မျက်နှာပြင် တစ်ဖက်တည်းကို ထပ်မံကြည့်ကြပါဆို့။ လေးထောင့် မျက်နှာပြင်ပေါ်တွင် ဂြိုဟ်တု (၄) လုံး အပေါ်မှာ ရှိနေသည်။ ထိုမျက်နှာပြင်ပေါ်တွင် ဂျီပီအက်စ် တစ်လုံးကို ကျွန်တော် ဖွင့်လိုက်ပါက ဂြိုဟ်တု (၄) လုံးစလုံးက ဂျီပီအက်စ် မှ signal ကိုဖမ်းယူကာ ၎င်း တို့နှင့် မည်မှ အကွာအဝေးတွင်ရှိကြောင်း တွက်ချက်ကြမည်။ ထွက်ချက်သည့် formula မှာ

http://1.bp.blogspot.com/_DBJqcey4I1Q/SV6fhD_4XiI/AAAAAAAAAok/IB4qrRgv3zU/s200/Untggitled.jpg
ဖြစ်သည်။ E1, E2, E3 မှ E24 ထိ ရှိမည်ဖြစ်ပြီး power အားလုံးမှာ အတူတူပင်ဖြစ်သည်။ k မှာ constant တန်ဖိုးဖြစ်ပြီး R မှာ ကျွန်တော်တို့ အဓိကလိုချင်သော Radius (သို့) distance ဖြစ်သည်။ ကျွန်တော်တို့ ရှိနေသော မျက်နှာပြင်ရှိ ဂျီပီအက်စ် ဂြိုဟ်တု (၄) လုံးကို E1 မှ E4 ထိ ဆိုပါဆို့။ အလုပ် စတင်လုပ်သည်နှင့် ပထမ ဂြိုဟ်တုမှ ၎င်းရရှိလာသော စွမ်းအင် (power) ကို မူတည်၍ အကွာဝေးကို ထွက်ချက် ထုတ်ပေးမည်ဖြစ်သည်။ ထိုမှ ထွက်ပေါ် လာသော အကွာအဝေး (သို့) အချင်းဝက်ပေါ်ရှိ အ၀န်းပိုင်းပေါ်တွင် ဂျီပီအက် ရှိနေမည်မှာ သေချာနေပြီဖြစ်သည်။ သို့သော် အ၀န်းပိုင်းမှာ ကြီးမှား ရှည်လျှားလှသည်။ ထို့နောက် E2 မှ မတူညီသော စွမ်းအင်ကို ရရှိသောကြောင့် ၎င်း နှင့် ဂျီပီအက်စ် ၏ အကွာအဝေး နောက်တစ်ခုကို ထပ်မံ ပေးပို့မည်။ ထိုအချိန်တွင် E1 နှင့် E2 တို့၏ အ၀န်းပိုင်း နှစ်ခုတို့သည် အမှတ် (၂) ခုတို့တွင် အချင်းချင်း ပေါင်းဆုံ မိကြမည်။ ထိုနှစ်မှတ်မှ တစ်နေရာသည် ကျွန်တော်တို့ ရှိနေသောနေရာဖြစ်သည်မှာ သေချာပြီ။ ထို့နောက် နောက်ထပ် E3 မှ အကွာအဝေးတစ်ခု ထပ်ရရှိကာ ထို အ၀န်းပိုင်းမှ E1 နှင့် E2 ပေါင်းဆုံသော အမှတ်နှစ်မှတ်မှ တစ်မှတ်ကို ထပ်မံ ဖြတ်စီး သွားမည်ဖြစ်သည်။ ထို အ၀န်းပိုင်း (၃) ကြောင်းဆုံမှတ်မှာ ကျွန်တော်တို့ ဂျီပီအက်စ် တည်ရှိနေသော နေရာ အတိအကျ ပင် ဖြစ်ပေသည်။
http://2.bp.blogspot.com/_DBJqcey4I1Q/SV6fUV_U5CI/AAAAAAAAAoU/VP-vMsmF5_I/s400/3+satellites.jpgဂြိုဟ်တု (၃) လုံး၏ အကွာအဝေး အ၀န်းပိုင်းတို့ ဆုံရာအမှတ်
နောက် တစ်ခု E4 မှာ အရန်တစ်ခု ဖြစ်ပြီး အကြောင်းကြောင်း ကြောင့် အကွာဝေးများ လွဲချော်ခဲ့ပါက အနည်းဆုံး (၃) ခု ဆုံရန်ဖြစ်သည်။ မှားယွင်းမှု လုံးဝ မရှိပါက (၄) ကြောင်းလုံး ဆုံမည်ဖြစ်သည်။ မှားယွင်းမှု ဆိုသည်မှာ ကြားထဲရှိ အခြား နှောက်ယှက် signal များနှင့် radio waves များကြောင့်ဖြစ်သည်။ ဂျီပီအက်စ်နှင့် ဂြိဟ်တုအကြား signal ပို့ဆောင်မှု အလျှင်မှာ နေ၏ အလျှင်ထက် (၃) ဆ ပိုမြန်သည်။ ထို့ကြောင့် ဂြိုဟ်တုမှ signal ကို ရရှိပြီးသည်နှင့် (၃) စက္ကန့်အတွင်းတွင် တည်နေရာကို သိရှိနိုင်သည်။ (SIM Card ထည့် သုံးသည့်စနှစ်နှင့် SIM Card မထည့်ပဲ သုံးသည့်စနစ်ကို နောက်မှ တင်ပြပါအုံးမည်)။ ဂြိဟ်တုမှ လွတ်လိုက်သော signal ကို ဂျီပီအက်စ်၏ အန်တင်နာ မှ ပြန်လည်ဖမ်းယူသည်။ ထို့နောက် ၎င်း၏ frequency ကို အရင်ဆုံး ပြောင်းလဲ ယူရသည်။ ထို့နောက် ADC ကို အသုံးပြု၍ Analog signal ကို digital signal သို့ ပြောင်းလဲယူသည်။ ထို့နောက်မှ GPS Receiver သို့ ပေးပို့၍ တည်နေရာကို ရှာဖွေတွက်ချက်ခြင်းကို လုပ်ဆောင်သည်။
http://4.bp.blogspot.com/_DBJqcey4I1Q/SV6fPYg6ViI/AAAAAAAAAoM/ZMVqQGmIRIs/s400/structur.jpg
GPS အလုပ်လုပ်ဆောင်မှု Structure
http://3.bp.blogspot.com/_DBJqcey4I1Q/SV6fGZRtmsI/AAAAAAAAAoE/WK5XtXYOxb0/s400/gps+receiver.jpg
iTrax02 GPS Receiver Module
GPS Receiver မှ ထို signal ကို Geographic Information Systems (GIS) စနစ်ကို အသုံးပြု၍ coordinate များဖြင့် သက်မှတ်ဖေါ်ပြမည်ဖြစ်သည်။ ဂျီပီအက် ဖန်သားပြင်ရှိ ကမ္ဘာ့မြေပုံအောက်တွင် (X,Y,Z) coordinate များဖြင့် ဖော်ပြနေပြီး ဖန်သားပြင်ပေါ်တွင် မိမိရောက်ရှိနေသော တည်နေရာကို တိတိကျကျ ဖော်ပြနိုင်ပါလိမ့်မည်။ မူလပထမဆုံး ဂျီပီအက်စ် များ ပေါ်ပေါက်ခါစတွင် ဖန်သားပြင်ပေါ်ရှိ တည်နေရာနှင့် တည်နေရာ အစစ်အမှန်မှာ ၅၀ မီတာမှ၊ ၁၀၀ မိတာ ထိ ကွာဟမှုရှိသော်လည်း ယခုအခါတွင် ၅ မီတာအတွင်းနှင့် ၎င်းထက် လျှော့နည်းတိကျစွာ ဖော်ပြနိုင်ပြီ ဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် ၁၀၀ မီတာခန့် ကွာခြားခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ၁၀ မီတာထိ လျှော့ချနိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ကွာခြားမှု လုံးဝမရှိသလောက်ထိ တိတိကျကျစွမ်းဆောင်နိုင်ခဲ့ပြီး အလွန်ဆုံးကွာခြားပါကလည်း ၁ မီတာသာ ကွာခြားမှု ရှိတော့သည်။
http://3.bp.blogspot.com/_DBJqcey4I1Q/SV6e_8n7ifI/AAAAAAAAAn8/cx_rIdJBlZU/s400/t%2B3.jpg
ဂြိုဟ်တုမှ ဂျီပီအက်စ် အန်တင်နာသို့ signal ရောက်ရှိချိန်

peace23
03-19-2009, 07:04 PM
မင်္ဂလာပါရှင်...
ခုလိုဆွေးနွေးပေးတာကျေးဇူးတင်ပါတယ်....GPS အကြောင်းကိုစိတ်ဝင်စားပါတယ်...
Formula နဲ့ပုံတွေကိုမတွေ့ရဘူးဖြစ်နေတယ်ရှင့်...ဒီကကွန်နက်ပဲမကောင်းတာလား...
ဘာလို့လဲတော့မသိဘူး....အဲဒါလေးတော့ နည်းနည်းအဆင်မပြေဘူးဖြစ်နေပါတယ်...

antminnyo
10-22-2009, 10:03 PM
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျေးဇူးပေးတာနဲ့ မလုံလောက်ဘူးထင်လို့ ပို့စ်တင်ပေးလိုက်တာ။ ဆက်ရေးဖို့လည်း တိုက်တွန်းပါတယ်။ တဆက်တည်းမှာ circular orbit မှာ ပတ်နေတဲ့ satellite တစ်လုံးရဲ့ တစ်ပတ်ကြာချိန်၊ earth ကိုမိနိုင်တဲ့ degree ကို ကျွန်တော်တွက်ထားတဲ့ matlab program လေးတင်ပေးလိုက်ပါတယ်။ ပုံမှာ အချိန်အလိုက်ပြောင်းလဲသွားတဲ့ အကွာအဝေး၊ velocity နဲ့ max: angle ကိုပြထားပါတယ်။ နားမလည်တာရှိရင်မေးနိုင်သလို မှားနေတာရှိရင်လည်း ထောက်ပြပေးနိုင်ပါတယ်ဗျာ။

clear
clc
r=6378.1*10^3; %radius of earth
h=20145*10^3; %the height of satellite
g= 9.80665; %earth of gravity (m/s2)
m=5.9742*10^24; %mass of earth
r1=r+h; %the radius of the orbit from the center of the earth
v=r*sqrt(g/r1);% velocity of satellite
maxtheta= (acos(r/r1))*(180/pi)
theta=0:1:360;
theta0=0;
omega=v/(r+h); % angular velocity of circular orbit
t=(theta*(pi/180)-theta0)/(omega)%theta=omega*t (angular velocity)
R=sqrt((r^2)+(r+h)^2-(2*r*(r+h)*cos(theta*(pi/180))));
velocity=(1/2)*(2*r*r1*sin(theta*(pi/180)))./(sqrt(r^2+r1^2-2*r*r1*...
cos(theta*(pi/180)))); %velocity of subject's position
figure(1)
subplot(311)
plot(t,R)
grid on
title('Graph of distance and time')
xlabel('time(sec)')
ylabel('Distance(m)')
subplot(312)
plot(t,velocity)
grid on
title('Graph of velocity and time')
xlabel('time(sec)')
ylabel('velocity')
subplot(313)
plot(theta,R)
grid on
title('Graph of distance and angle')
xlabel('angle(deg)')
ylabel('distance(m)')

http://img10.imageshack.us/img10/7460/graphsoforbit.jpg

antminnyo
10-24-2009, 07:49 AM
ဘယ်သူမှအမှားမတွေ့သေးဘူးထင်တယ်။ ကျွန်တော်တွက်တာနဲ့ GPS reference book မှာပြထားတဲ့ circular orbit မှာရှိတဲ့ satllite ရဲ့ ကမ္ဘာတစ်ပတ်ကြာချိန် ၀.၇ မိနစ်ကွာနေတယ်ဗျ။ ၄၂ စက္ကန့်ပေါ့။
စာအုပ်မှာရေးထားတဲ့ကြာချိန်က ၁၁နာရီနဲ့ ၅၆.၉ မိနစ်ဗျ။ ကျွန်တော်ရတာက ၁၁နာရီနဲ့ ၅၆.၂ မိနစ်။ ဘာကြောင့်အဲလိုကွာနေတာလဲ။ ကျွန်တော်ကတော့ ကိန်ဂဏန်းတွေကြီးတဲ့အတွက် computational error တက်လာတယ်လို့ထင်ပါတယ်။ သိသူများဆွေးနွေးကြပါကုန်။ ;)

mzarne
10-25-2009, 03:03 AM
အများနားလည်အောင် ရှင်းပြသွားတာကောင်းပါသည်။
နိုင်ငံတကာသုံး Radionavigation Satellite Service လမ်းပြစနစ် ၂-မျိုးရှိတယ်လို့သိရပါတယ်။အသုံးအများဆုံးက ယခုရှင်းပြခဲ့တဲ့ GPS ပါ။ဂြိုလ်တုတစ်ခုစီက ID sigmal တွေကို Diffiential လုပ်ပြီး စက်ထဲမှာတွက်ကာ နေရာကိုသတ်မှတ်ခြင်းဖြစ်တာမို့ ကွဲလွဲချက်ကစနစ်စသုံးတုန်းက 25မီတာလို့သိရပါတယ်(နောက်ပိုင်း ပိုကောင်းလာတယ်)။ကျွန်တော်တို့သုံးတဲ့စက်က မည်သည့် Signal မှ ပြန်မလွတ်ပါ။နောက်တစ်မျိုးက GLONASS ဖြစ်ပါတယ်။ွGPS က 1.5GHz သုံးလို့သိရပါတယ်။နောက်မှကြုံရင် အဲဒီ ၂-ခုအကြောင်းစာအုပ်ထဲမှာနိုင်းယှဉ်ပြထားတာကို Scan ဖတ်ပြီးတင်ပေးပါ့မယ်။
(မှန်မမှန်ပြန်စစ်ပေးပါဦး)
ဂျီပီအက်စ် တစ်လုံးကို ဖွင့်လိုက်သည်နှင့် အထက်တွင် ဖော်ပြခဲ့သကဲ့သို့ပင် မိုဘိုင်းဖုန်းများ အလုပ် လုပ်သကဲ့သို့ပင် ဂျီပီအက်စ်မှ မိမိ၏ ပက်ဝန်းကျင်ရှိ ဂြိုဟ်တုများဆီသို့ signal များကို ပို့လွတ် ပေးလိုက်မည်ဖြစ်သည်။


မိုဘိုင်းဖုန်းက Authorization လိုပါသည်။

antminnyo
10-26-2009, 05:51 AM
ကို mzarne ကိုဆရာဝင်လုပ်တာမဟုတ်ကြောင်းကြိုပြောပါရစေ။
satellite navigational system နှစ်မျိုးတည်းမဟုတ်ပါဘူး။ သုံးမျိုးဖြစ်ပါတယ်။ astronomer Galileo Galilei ကို အစွဲပြုပြီး Galileo positioning system ကို EU မှာ နောက်ဆုံးပေါ်အဖြစ်တည်ဆောက်နေပြီဖြစ်ပါတယ်။
GPS နဲ့ GLOANSS ရဲ့အားနည်းချက်တွေကိုပြင်ဆင်ပြီး တည်ဆောက်နေတဲ့စနစ်ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာပြည် Satellite တင်နိုင်တဲ့အခါ နောက်ဆုံးပေါ် Galileo စနစ်ကိုအသုံးပြုမှာဖြစ်ပါတယ်။ :P
နောက်တာ၊ နောက်တာ ၊ ဒါပေမယ့် အတည်။ :D
GLONASS နဲ့ GPS ရဲ့ကွာခြားချက်တွေကို ကို mzarne က တင်ပေးမယ်ဆိုတဲ့အတွက် ကျွန်တော်ကျေးဇူးတစ်ဝက်တင်ထားနှင့်ပါတယ်။ တင်ပေးပြီးမှ တစ်ဝက်ထပ်ပေးပါ့မယ်။ :P
GPS ရော၊ ရုရှစနစ်ဖြစ်တဲ့ GLONASS ရောတူညီမှုကတော့ စစ်ရေးအရလိုအပ်လာရင် အရပ်သုံးစနစ်ကို ရပ်ဆိုင်းပစ်မှာဖြစ်ပါတယ်။ အဲဒီလိုအချိန်မရွေးဖြတ်တောက်ပစ်နိုင်ဖို့ GPS မှာ P-code ကိုထားရှိပြီး၊
GLONASS မှာတော့ frequency channel L2 ကိုထားရှိပါတယ်။
ဆက်လက်ဆွေးနွေးပေးကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ :)

mzarne
10-27-2009, 07:37 AM
Galileo စနစ်ကို အသိပေးလို့ကျေးဇူးပါဘဲ။
ို့မြန်မာပြည် Satellite တင်နိုင်တဲ့အခါ(ဆိုတာနဲ့တင်ကျေနပ်ပါတယ်)အမြင်ရှိမှ အသွင်ရှိမျာကိုး။
GPS မှာ P-code ကိုထားရှိပြီး၊GLONASS မှာတော့ frequency channel L2 ကိုထားရှိပါတယ်။ ဆိုတာကိုအသေးစိတ်လေးသိချင်တယ်ဗျာ။
အီရတ်မှာတုန်းက GPS သုံးမရတာဖြစ်သွားတယ်လို့သိရတယ်။ အများက Jamming လုပ်တယ်လို့ထင်ကြပေမယ့်သူဖွင့်ချင်တဲ့ သူကိုတော့ပေးဖွင့်တယ်ဆိုဘဲ။နည်းနည်းတော့စားတယ်။
သိတဲ့သူများလည်းကြုံဖူးသူများပါ ဆွေးနွေးပေးပါဦး။
ကျွန်တော်ရေးရင် သိရတယ်ဆိုတာက သိတာကိုသာပြောတာနော်။

antminnyo
10-27-2009, 09:38 PM
အခုလို ကျွန်တော်ဖောခွင့်ရအောင် မေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ >:( အောက်မှာ L1 နဲ့ L2 channel မှာ ရှိတဲ့ GPS signal နှစ်ခုကိုတင်ပြပေးလိုက်ပါတယ်။ အဲဒီနှစ်ခုအတွက် ပုံ ၁ က spectrum diagram ကိုကြည့်ပါ။ ပုံ-၂ ကတော့ ၂၀၁၃ မှာလုပ်နိုင်မယ်လို့ရည်ရွယ်ထားတဲ့ စစ်သုံး M-code signal ရဲ့ spectrum diagram ဖြစ်ပါတယ်။ ဒီနေမှာ GPS က CDMA စနစ်ကိုသုံးတာဖြစ်ပြီးတော့ GLONASS မှာ freq: modulation ကိုအသုံးပြုတယ်ဆိုတာ သိပြီးဖြစ်ပါလိမ့်မယ်။ GPS topic ဆိုတော့ GPS အကြောင်းပဲပြောပါ့မယ်။
L1 channel ရဲ့ညီမျှခြင်းမှာ ရှေ့ပိုင်းက အရပ်သုံးအတွက်ဖြစ်ပါတယ်။ G(C/A)ဆိုတာ အရပ်သုံးဖြစ်ပါတယ်။ နောက်တစ်ပိုင်းက စစ်ရေးအတွက်ဖြစ်ပါတယ်။ သူတို့နှစ်ခုကိုပေါင်းထားတဲ့ signal ကိုရေးထားတာပါ။
ဒီနေရာမှာ အရိုးရှင်းဆုံးကတော့ အရပ်သုံး signal ကို အနှောက်အယှက်ပေးလိုက်ရင် ဆက်သွယ်မှုရပ်တန့်သွားမှာဖြစ်ပါတယ်။ sepctrum diagram ကိုကြည့်ပါဦး။ စစ်သုံးက အရပ်သုံးထက် bandwidth ပိုကျယ်
နေတာကိုတွေ့ရမှာဖြစ်ပါတယ်။
ဒီလောက်ဆိုရပြီထင်ပါရဲ့။ ဆက်ဖောရင်လည်းအမှားတွေပါလာတော့မယ်။ အခုတောင် မှားနေပြီလားမသိ။ :D မှားနေရင်လည်းထောက်ပြပါဗျာ။ စိတ်မဆိုးတတ်ပါဘူး။ တကယ်တော့ signal processing လုပ်နေတဲ့
သူတွေက ပိုပြီးထိထိရောက်ရောက်ပြောနိုင်လိမ့်မယ်ဗျ။ ၀င်ဆွေးနွေးပေးကြပါဦး။
http://img3.imageshack.us/img3/1163/gpsspectrum.gif

ထင်လင်း
11-28-2011, 02:17 PM
ကျွန်တော်ပို့စ်ကို အခုမှပြန်ဖတ်မိတာပါ။ အဆက်ပြတ်သွားတာအတော်ကြာပါပြီ။(အကြောင်းအမျိုးမျိုးကြောင့်):sleep: အခုတော့ တဖန်ပြန်လည် ၀င်ဖောပါတော့မည်။ :D ကျွန်တော်ပထမလေ့လာတုန်းကတော့ ယေဘုယျလောက်ပဲသိခဲ့ပါတယ်။ အခုတော့ Reply များကိုပြန်ဖတ်ကြည့်မှပဲ နည်းနည်းပိုသိလာပါတယ်။ ဆက်လက်ပြီး ကျွန်တော် လေ့လာထားသမျှလေး ပြောပြချင်ပါတယ်။
ပထမဆုံး ကိုantminnyo ရဲ့ reply ကို ပြန်လည် reply လုပ်ချင်ပါတယ်။
ဂြိုဟ်တုများ ပတ်လမ်းအတွင်းမှာ ပတ်တဲ့ကြာချိန်တော့သေချာမတွက်ဖူးသေးပါဘူး။ နောက်မှပဲ matlab program နဲ့တွက်ကြည့်လိုက်ပါမယ်။ စာအုပ်များမှ ဖတ်ရှုမှုအရဆိုရင် အမေရိကန်မှ GPS ဂြိုဟ်တုများသည် ကမ္ဘာအား တစ်နေ့ နှစ်ကြိမ်လှည့်ပတ်နေပါတယ်။ အချိန်အားဖြင့် ကမ္ဘာအားတစ်ပတ်ပတ်မိရန် ၁၁နာရီ ၅၈မိနစ် ၀၀စက္ကန့်ကြာပါတယ်။ အားလုံးသော ဂြိုဟ်တုများသည် MEO (Medium Earth Orbit) အတွင်းမှာသာလှည့်ပတ်နေကြပါတယ်။ GPS စနစ်တစ်ခုလုံး ကောင်းမွန်စွာလုပ်ဆောင်နိုင်ရန် ဂြိုဟ်တု ၂၄လုံးအသုံးပြုသည်ကို ဖော်ပြခဲ့ပါတယ်။ ထိုဂြိုဟ်တု ၂၄လုံသည် ပတ်လမ်း ၆ခုအတွင်းတွင် လှည့်ပတ်နေကြပါတယ်။ ထိုပတ်လမ်းများသည် ကမ္ဘာမြေမှ ၂၂၀၀၀ကီလိုမီတာ ကွာဝေးပါတယ်။ လက်ရှိအချိန်တွင်ထို ပတ်လမ်း ၆ခုတွင် ဂြိဟ်တု ၂၄လုံသာရှိသည်မဟုတ်ပါ။ အရံဂြိုဟ်များလည်းရှိပါသေးသည်။
တကယ်တော့ GPS ဆိုတာ လမ်းညွှန်စနစ်တစ်ခုပါ။ လက်ရှိအချိန်တွင် လမ်းညွှန်စနစ်ပေါင်းများစွာရှိပါတယ်။ နိုင်ငံအများစုမှ လွှတ်တင်မှုအရ နာမည်အမျိုးမျိုးပြောင်းသွားကြပါတယ်။ ဥပမာ-
(၁) အမေရိကန်နိုင်ငံမှလုပ်ဆောင်သော လမ်းညွှန်စနစ်သည် GPS (Global Positioning System)
(၂) ရုရှနိုင်ငံမှလုပ်ဆောင်သော လမ်းညွှန်စနစ်သည် GLONASS (Global Navigation System)
(၃) ဥရောပမှလုပ်ဆောင်သော လမ်းညွှန်စနစ်သည် Galileo (ဥရောပရှိ နိုင်ငံများအတွက်)
(၄) တရုပ်နိုင်ငံမှ လုပ်ဆောင်သော လမ်းညွှန်စနစ်သည် Beidou (အာရှနှင့် အနောက်ပစိဖိတ်အတွက်)
(၅) တရုပ်နိုင်ငံမှ လုပ်ဆာင်သော လမ်းညွှန်စနစ်သည် COMPASS (တရုပ်တစ်နိုင်ငံလုံးအတွက်)
(၆) အိန္ဒိယနိုင်ငံမှလုပ်ဆောင်သော လမ်းညွှန်စနစ်သည် IRNSS (အိန္ဒိယတစ်နိုင်ငံလုံးနှင့် မြောက်ပိုင်း အိန္ဒိယ သမုဒ္ဒရာအတွက်)
(၇) ဂျပန်နိုင်ငံမှ လုပ်တောင်သာ လမ်းညွှန်စနစ်သည် QZSS (အာရှနှင့် တောင်ပိုင်း ပစိဖိတ်သမုဒ္ဒရာအတွက်)
စသည်တို့တွေဖြစ်ကြပါတယ်။ ကျွန်တော်လေ့လာသမျှတော့ ဒီလောက်ပဲတွေ့ပါတယ်။ စနစ်တစ်ခုချင်းစီတွင် ပုံစံအမျိုးမျိုးရှိကြပါတယ်။ ဥပမာ ဂြိုဟ်တုအလုံးရေ၊ အသုံးပြုသော code များ၊ ပတ်လမ်းအနေအထား စသည်ဖြင့်ကွဲပြားကြပါ တယ်။
http://i.imgur.com/2IHFK.png
အချိန်ရရင်ရသလိုဆွေးနွေးသွားပါမယ်။ အားလုံးလဲ ၀င်ရောက်ဆွေးနွေးပေးကြပါ။ ကျွန်တော်သည် professional တစ်ယောက်မဟုတ်ပါ။ သိချင်သူတစ်ဦးနေနှင့်လေ့လာထားတာပါ။ အမှားများရှိရင်လဲ ထောက်ပြနိုင်ပါတယ်။

ထင်လင်း
11-28-2011, 02:38 PM
ကျွန်တော်လဲ ဆရာဝင်လုပ်တာမဟုတ်ပါဘူး။ ကို antminnyo ပြောသလို စစ်ရေးအတွက်လိုအပ်လာရင် အရပ်ဖက်သုံးစနစ်တွေကို ရပ်ဆိုင်ပစ်မှာမှန်ပါတယ်။ အဲဒီလိုဖြတ်တောက်ဖို့အတွက် P-code ကို အသုံးပြုတာမဟုတ်ပါဘူး။ GPS စနစ်မှာဆိုရင် အရပ်ဖက်အတွက် (Coarse Acquisiton) (C/A) code နှင့် စစ်သုံးအတွက် Precision (P) Code နှစ်မျိုးထုတ်လွှတ်ပေးပါတယ်။ ထို signal များကို L1(1575.42MHz) နှင့် L2(1227.60MHz) ဖရီကွင်စီ နှစ်မျိုးနှင့် သယ်ဆောင်ပို့လွှတ်ပါတယ်။ ယခင်ခေတ်ကတော့ အမေရိကန်မှ နိုင်ငံတော်ကာကွယ်ရန် အရပ်သုံးစနစ်များကို တိကျမှုမရှိအောင်ပြုလုပ်ကြပါတယ်။ ထိုသို့ပြုလုပ်ရာမှာ Selective Availability (SA) ကိုအသုံးပြုခဲ့ကြပါတယ်။ ထိုစနစ်ကိုဖွင့်လိုက်လျှင် error များစွာဖြစ်ပေါ်စေပါတယ်။ နောက်ပိုင်တွင်တော့ ထိုစနစ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ satellite တင်နိုင်မှ GPS စနစ်ကိုသုံးလို့ရတာမဟုတ်ပါဘူး။ လက်ရှိအချိန်မှာလဲ သုံးလို့ရကြပါတယ်။ ကျွန်တော်တို့ ၀ယ်ယူသော နိုင်ငံ company ပ်ါမှာသားမှုတည်တာပါ။ အများဆုံးဖြစ်နိုင်ရင်တောင် Beidou စနစ်ကိုအသုံးပြုဖို့များပါတယ်။ မှားတာရှိပြောပါ။

mralexmoe
02-10-2012, 12:22 PM
အံ့မင်းညိုအကောင့်မေ့သွားလို့ ဒီအကောင့်နဲ့ပဲဝင်ပြောလိုက်ပါမယ်။ လမ်းညွှန်မှုစနစ်ပေါင်းများစွာရှိတာမှန်ပါတယ်။ ကိုထင်လင်းရေးထားတာ (၇) ခုလုံးပေါင်းရေးထားတာပါ။ တကယ်က GPS အကြောင်းပြောရင် သူနဲ့တူတဲ့ အခြားနောက်သုံးခုကိုပြောရပါမယ်။ ဘာလို့လည်းဆိုတော့ Global မိနိုင်တဲ့၊ မိဖို့ကြိုးစားနေတဲ့စနစ်က လောလောဆယ်ထိ ၄ မျိုးပဲရှိသေးလို့ပါ။ အဲဒီလိုစနစ်မျိုးကို Global Navigation Satellite System (GNSS) လို့ခေါ်ပါတယ်။ ကျန်တဲ့ ၃ မျိုးကိုတော့ Regional Navigation Satellite System (RNSS) လို့ခေါ်ပါတယ်ခင်ဗျာ။ အားလုံးပေါင်းပြောကြမယ်ဆိုရင် လမ်းညွှန်မှုစနစ်အတွက် ဘာဂြိုလ်တုကိုမှမသုံးတဲ့ Inertial Naivgation System (INS) ကို လေယာဉ်တွေမှာသုံးနေတာကြာခဲ့ပါပြီ။ ခုတော့ GPS နဲ့ INS ကိုတွဲသုံးတဲ့ Integrated System တွေကိုထုတ်လုပ်လာကြပါတယ်။

kasper
02-15-2012, 01:21 AM
အခုလို ရေးသားထာပေးတာ ကျေးဇူးတင်ပါတယ်။

ညီအကို
07-04-2012, 06:01 PM
ကျနော် ကြားဖူး သိဖူးသလောက်ဆိုရင်တော့ GPS က Frequency Channel ကို L5 အထိ လွှင့်တယ်လို့ သိခဲ့ဖူးပါတယ်
တခြား L3 L4 L5 တွေအကြောင်း သိရင်လဲ ပြောပြကြပါဦးဗျာ........