PDA

View Full Version : နိုင်ငံခြား ပညာဆက်လက်သင်ယူရေး ဆိုင်ရာ ဆွေးနွေး ရန် Topic တစ်ခု ဖွင့်ပေးပါရန်



phoeko
03-22-2009, 04:34 PM
မြန်မာအင်ဂျင်နီယာ ဖိုရမ်မှ Admin များခင်ဗျာ၊

ယနေ့ လူငယ်အင်ဂျင်နီယာတွေဟာ နိုင်ငံရပ်ခြားမှာ ပညာဆက်လက်သင်ကြားရေးဆိုတဲ့ ခေါင်းစဉ်ကို အတော်လေး စိတ်ဝင်တစားရှိလာတာကို တွေနေရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ လက်လှမ်းမှီတဲ့ Thailand, Singapore, Malaysia စတဲ့ နိုင်ငံတွေမှာ ပညာဆက်လက်သင်ကြား ခွင့်ရရန် အတော်လေး စိတ်အားထက်သန် နေကြပါတယ်။ ဒီလို တိုးတက်ရာ လမ်းကြောင်းရှာဖွေနေတဲ့ အင်ဂျင်နီယာတွေအတွက် သက်ဆိုင်ရာ နိုင်ငံတွေမှာ လက်ရှိ ပညာသင်ကြားနေတဲ့ Senior အင်ဂျင်နီယာတွေနဲ့ ပေါင်းကူး ဆက်သွယ်ပေးနိုင်မယ့် ဆွေးနွေး၊ မေးမြန်း ပြုလုပ်နိုင်မယ့် Topic Section တစ်ခု ဖိုရမ် ရဲ့ သင့်တော်တဲ့ နေရာမှာ ဖွင့်လှစ်ထားရှိပေးပါရန် တောင်းဆို၊ အကြံပေးပါရစေ။

ကိုဆန်း
03-22-2009, 10:28 PM
အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ် ကိုphoeko ...မကြာခင် နိုင်ငံရပ်ခြားမှာ ပညာဆက်လက်သင်ကြားရေး (http://www.myanmarengineer.org/forum/index.php/board,243.0.html)ကဏ္ဍအသစ်လေးကို ဖွင့်ပေးသွားပါ့မယ်။
အခြား အကြံပြုချက်တွေ ရှိခဲ့ရင်လည်း ဆက်လက်အကြံပြုပေးစေချင်ပါတယ်ဗျာ..
ကျေးဇူးတင်စွာဖြင့်.......
မြန်မာအင်ဂျင်နီယာ ဖိုရမ်

ကိုဆန်း
03-23-2009, 10:07 PM
နိုင်ငံရပ်ခြားမှာ ပညာဆက်လက်သင်ကြားရေး (http://www.myanmarengineer.org/forum/index.php/board,243.0.html)ကဏ္ဍ ကို ဖွင့်ပေးလိုက်ပါပြီ...
အကြံပြုချက်များအတွက် မျှော်လင့်နေပါတယ်.. :)