PDA

View Full Version : genting highland malaysia သို့အလည်တစ်ခေါက်



KPZ
04-30-2009, 07:14 PM
ကိုရေခါးကလည်း ပျော်ပျော်ပါးပါး ခရီးသွား ဆိုပီး မြှောက်ပေးတယ်... တစ်ချို့တစ်ချို့တွေကလည်း Shout Box မှာ ဖိုရမ်ကလူတွေ ခရီးမသွားဘူးလား ရယ်လို့ လာအော်လိုအော်ဆိုတော့ တစ်ခုခုတော့ ရေးရတော့မှာပေါ့နော်...
တစ်ကယ်တော့ ခရီးသွားတယ်ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ဓါတ်ကို တက်ကြွလန်းဆန်းစေတာ အမှန်ပါ။ ၂၀၀၈ ဟာကေပီဇက် ဘ၀မှာ အလုပ်အလုပ်ရဆုံး နှစ်တစ်နှစ်ဆိုရင်လည်း မမှားပါဘူး။ ဖေါ်ဖော်ဝါရီလကနေ နိုဝင်ဘာဆိုတာကို ဘယ်လိုရောက်မှန်းမသိအောင် လုပ်ရတာပါ။ လူသုံးယောက်လောက် လုပ်ရတဲ့ အလုပ်ကို တစ်ယောက်ထဲ လုပ်ခဲ့ရတယ်။ ဒါကြောင့်ထင်ပါတယ်.. ပရောဂျက်ပီးတာနဲ့ ဘော့က ကုပဏီက ၀န်ထမ်းတွေ အားလုံးကို မလေးရှားကို လိုက်ပို့ပေးခဲ့ပါတယ်။ ဘော့ကို ပူဆာတာက ထိုင်းကိုပါ။ ဒါပေမယ့် တရုတ်ပီပီ ကပ်စေးနဲဘော့က နီးနီးနားနား မလေးရှားက genting highland ကိုပဲ ပို့ပေးတယ်လေ..
ဘယ်လိုပဲ ဖြစ်ဖြစ် နေရာ အသစ်အဆန်းတစ်ခုကို ရောက်ဖူးလိုက်တာပေါ့လေ...။ ။ ။

စင်္ကာပူကနေဆို genting highlandgenting ကို ၈နာရီလောက် ကားစီးသွားရပါတယ်။ လမ်းက ရှုခင်းတွေကို ကြည့်ရင်း မြန်မာနိုင်ငံကို လွမ်းမိပါတယ်။ ဘာလို့လဲ ဆိုတာ မလေးရှားရဲ့ နေရာလေးတွေ လမ်းတစ်လျှောက် ရှုခင်းလေးတွေက ရန်ကုန်မြို့က ရှုခင်းလေးတွေနဲ့ တော်တော်ကို ဆင်ပါတယ်။ အို.. အမိမြန်မာပြည်ရယ် ဝေးနေမှ ပိုလွမ်းရပါလား။ ။ ။

ညောင်းချိနေအောင် ကားစီးပြီးတဲ့ အခါ တောင်ခြေကိုရောက်တော့ တော်တော်ကို အမောပြေသွားရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်းနိုင်ငံ သေးသေးလေးမှာ တွေ့ရခဲတဲ့ သဘာဝ ရှုခင်း စိမ်းစိမ်းစိုစိုတွေကို တွေ့လိုက်ရလို့ပါ။ တောင်ခြေကနေ တောင်ပေါ်ကို ကောင်းကင်ရထားစီးပီး တက်လို့ရပေမယ့် အများနဲ့ဆိုတော့ ကားမောင်းပဲတက်ခဲ့ရတာပေါ့လေ။ တောင်ပေါ်ကို ရောက်လာတာနဲ့ အမျှ ရာသီဥတုကလည်း တစ်ဖြည်းဖြည်း အေးလာတာ ခံစားရပါတယ်။ တောင်ပေါ်ကို ရောက်တဲ့ အချိန်မှာ မြူတွေဆိုင်းလို့ ကိုယ့်ကိုကိုယ် တိမ်တွေပေါ်ရောက်နေသလို ခံစားရတာ မမေ့နိုင်တဲ့ ဖီလင်တစ်မျိုးပါပဲ။

ပထမဦးဆုံး ပစ္စည်းတွေ နေရာချဖို့ ဟိုတယ်ကို Check-In ၀င်ဖို့စီစဉ်ရပါတယ်။ အခန်းနံပါတ်လေးရဖို့အတွက် ၂နာရီလောက် စောင့်ရတာ တော်တော် စိတ်ညစ်မိပါတယ်။ ဒါတောင် ၀န်ထမ်းတွေရဲ့ ၀န်ဆောင်မှုက မြန်ဆန်ပါတယ်။ အခန်းပေါင်း ၆၁၁၈ခန်းရှိတဲ့ ဟော်တိုကြီးဆိုတော့ ဒီလောက်တော့ စောင့်ရမှာပေါ့ဆိုပြီး ကိုယ့်ကိုကိုယ် စိတ်ပြန်တင်းရပြန်ပါရော။ ဒီလိုနဲ့ပဲ ဟော်တိုကီးလေးရတာနဲ့ အခန်းထဲဝင် ရေချိုး အ၀တ်အစားလဲလို့ ကေပီဇက်တို့ စတင်သောင်းကျန်းတော့တာပါပဲ။ http://khinephyuzaw.googlepages.com/H.jpgဒါက ကေပီဇက်တို့ တစ်ညတာ နားခိုခဲ့တဲ့ First World Hotel ပါ။

genting highlandမှာ ပျော်တာက ကစားကွင်းတွေ ရှိလို့ပါ။ ကစားကွင်းကို Indoor Theme Parkနဲ့ outdoor Theme Parkဆိုပီး နှစ်ခုခွဲထားပါတယ်။ ကေပီဇက်ရောက်တဲ့ အချိန်မှာ အပြင်မှာ မိုးရွာနေတာကြောင့် Indoor Theme Park မှာ အရင်စပြီး ကစားပါတယ်။ မလေးရှားငွေ ၁၆ ကျပ်ပေးလိုက်တာနဲ့ လက်မှာ လက်ပတ်လေးတစ်ခု ပတ်ပေးလိုက်ပါတယ်။ အဲဒီ့လက်ပတ်ပါတယ်ဆိုရင် Indoor Theme Park ထဲက မည်သည့်အရာကိုမဆို ကြိုက်သလောက် ကစားလို့ရပါတယ်။ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေအပေါ်မှာ တည်ဆောက်ထားတဲ့ ကစားကွင်းဟာ စိတ်ထဲမှာ တစ်မျိုး အမြင်ဆန်းနေသလို စိတ်ထဲမှာ ဘာကိုမှန်းမသိ ကြောက်နေမိတယ်။ ဒါပေမယ့် မကစားပဲလဲ မနေနိုင်အောင် ဆွဲဆောင်လှပါတယ်။
http://khinephyuzaw.googlepages.com/i1.jpg
အသဲယားစရာကောင်းအောင် ကပ်ကပ်သပ်သပ် တည်ဆောက်ထားတာပါ။

http://khinephyuzaw.googlepages.com/i2.jpg
အဆောက်အဦးလေးထဲမှာ စမ်းချောင်းလေးဖြစ်အောင် ဖန်တီးထားလေရဲ့။ အလယ်မှာ Starbucks ဆိုတဲ့ကော်ဖီဆိုင်လေးပေါ့..

http://khinephyuzaw.googlepages.com/i4.jpg
အဆောက်အဦးတွေနဲ့ မလွတ်တစ်လွတ်လေးတွေ ဆောက်ထားတာလေ....

Indoor Theme Park ထဲက ကစားကွင်းထဲက ကလေးငယ်လေးအတွက် ရည်ရွယ်ဟန်တူပါတယ်။ သိပ်ရင်ခုန်စရာ မကောင်းပါဘူး။ ဒီလိုနဲ့ မိုးကချုပ်လာတော့ ဗိုက်ကလည်း ဆန္ဒပြလာပီလေ။ ညစာကိုတော့ ShanHai ဆိုတဲ့ တရုတ်စားသောက်ဆိုင် တစ်ဆိုင်မှာ သွားစားဖြစ်ပါတယ်။ အစားအစာတွေက ထဲမှာ ထူးထူးခြားခြား ကြိုက်မိတာ ဒူးရင်းသီး ကိတ်မုန့်ပါ။ ကျမက ဒူးရင်းသီးသရဲလေ။( အဆီအစိမ့် သိပ်မပါဘူးလေ :P) အဲဒီ့ဆိုင်လောက် ကောင်းတဲ့ ဒူးရင်းသီးကိတ်မုန့်ကို ကျမဘယ်မှာမှ မစားဘူးပါဘူး။ တော်တော် အရသာရှိပါတယ်။

ညစာစားပီး ခဏလောက်နားပြီးတဲ့ အချိန်မှာ ကျမဘယ်သွားလဲသိလား.. တစ်ခြားမိန်းကလေးတွေကတော့ ဈေးဝယ်ထွက်ကြလေရဲ့။ ကေပီဇက်ကတော့ အဲဒီ့မှာ နာမည်အကြီးဆုံးဖြစ်တဲ့ Casino ကိုပဲသွားလိုက်ပါတယ်။ ဈေးဝယ်ထွက်တာက ဘယ်နေရာမှမဆို ထွက်လို့ရတာပဲလေ။ ကာစီနိုဆိုတာက နေရာတိုင်းမှာမှ မရှိတာလေ။ လေ့လာရင်း နည်းနည်းပါးပါး ၀င်ကစားလိုက်တာ မလေးရှား ၄၅၀လောက်လဲနိုင်ရော အနိုင်နဲ့ ပိုင်းပြီး ချက်ချင်း ပြန်လာခဲ့တယ်ပြီးရော။ တော်ကြာစိတ်မထိန်းနိုင်လို့ ကိုယ့်ရှိတာလေး ပါသွားရင် ဘယ်လိုနေမလဲနော်။ ထူးခြားတာ တစ်ခုက လူတွေဒီလောက်များနေတာတောင် ကာစီနိုခန်းမကြီး တစ်ခုလုံးက တိတ်ဆိတ်နေတာပါပဲ။ အားလုံးက ဇောကပ်နေတာလေ.. သိတယ်ဟုတ်.. ပိုက်ဆံတွေဆိုတာလဲ ပလူကို ပျံနေတာပဲ။ သြော် .. လောဘ..လောဘ..... :P ကာစီနိုခန်းမထဲကို ၀င်ခါနီးမှာ ကေပီဇက်ကို Passport လာစစ်တယ်သိလား။ ဘာလို့လဲဆိုတာ ၁၈နှစ်ပြည့်ပီးသား ဆိုတာကို မယုံလို့တဲ့လေ.. ဟိဟိ :P
ဒီလိုနဲ့ မိုးအရမ်းချုပ်လာတော့ မျက်စိကလည်း အရမ်းကို ပိတ်ချင်နေတော့ သူ့ကို အနားပေးလိုက်ပါတယ်။ (လူကလုံးဝအိပ်ချင်တာ ဟုတ်ဘူးနော်)

မနက်မိုးလင်းလို့ Outdoor ကစားကွင်းဖွင့်တာနဲ့ ကစားကွင်းကို ပြေးတော့တာပဲ။ နောက်ထပ် မလေးရှားငွေလေး ၂၀ကျော် ထပ်ပေးလို့ ကစားဖို့ တာစူတော့တာလေ။ တော်ကြာ လူတွေအများကြီးဆိုရင် အကြာကြီးတန်းစီနေရမှာလေ။ အဲလို တက်ကြွတာ သောင်းကျန်းရမယ်ဆိုရင်လေ။
ပထမဦးဆုံးကစားမိတာက ရိုးရိုး မိုးပျံဆင်လေးတွေပါ။ အဲဒီ့ဟာကို ကစားလည်းကစားရော သူများတွေရဲ့ ဆင်လေးတွေက မိုးပေါ်ပျံနေပီ။ ကေပီဇက် စီးနေတဲ့ ဆင်လေးက မပျံဘူး ဖြစ်နေတယ်။ စိတ်ထဲမှာ ဘာလို့များလဲပေါ့. ငါများဝလို့ ဆင်က မတက်တာလား လို့တောင်ထင်ပီး ရှက်လာရော။ အဲဒီအချိန်ကျမှ တာဝန်ကျနေတဲ့ မလေးမ ၀န်ထမ်းလေးက နှိပ်ရမယ့် ခလုတ်လေးကို လာပြမှ ကေပီဇက်ရဲ့ ဆင်လေးလည်း မိုးပေါ်တက်နိုင်ရှာတော့တယ်။ သိမှမသိတာကိုနော်.. :P သူတို့က ကြိုလည်းမပြောဘူး။ သူတို့အပြစ် ကေပီဇက် အပြစ်မဟုတ်ဘူး ဟုတ်တယ်ဟုတ်။
http://khinephyuzaw.googlepages.com/o1.jpg

နောက်တစ်ခါ Roller Coaster သွားစီးဖြစ်ပါတယ်။ ရန်ကုန်ကထက်တော့ နည်းနည်း ပိုအသည်းယားစရာ ကောင်းတယ်။ ဘယ်ရမလဲ အသားကုန် အော်ခဲ့တာပေါ့။ အော်လို့လဲ ၀ရော ရန်ကုန်မှာ စီးနေကြ ပင်လယ်ဓါးမြလှေကြီးသွားစီးဖြစ်တယ်လေ။ အဲဒီ့ကစားနည်းတွေထဲမှာ အကြိုက်ဆုံးကတော့ Spinner လို့ခေါ်တဲ့ဟာပါ။ သူများစီးတာကို ကြည့်တာ ဘာမှလည်း မထူးဆန်းဘူးလို့ ထင်လိုက်မိတယ်။ ကိုယ်တိုင်စီးကြည့်တော့မှ အားပါးပါး.. မိုက်မှ မိုက်။
မြေကြီးပေါ်ကနေ တစ်ဖြည်းဖြည်းအပေါ်ကို မြင့်တက်နေပြီး မိုးပေါ်မှ ပျံနေရတဲ့ ငှက်တစ်ကောင်လို့ ကိုယ့်ကိုကိုယ် ထင်လောက်အောင် သဘောကျမိပါတယ်။
ပထမတော့ ထိုင်ခုံလေးမှာ ထိုင်နေရုံပဲပေါ့။
http://khinephyuzaw.googlepages.com/2.jpg

တစ်ဖြည်းဖြည်းနဲ့ အပေါ်ကို မြင့်တက်လာတာ တော်တော်ခံစားလို့ကောင်းတဲ့ ဖီလင်ပါ။ဒီလိုမျိုး မိုးပေါ်မှာ ပျံမနေချင်ဘူးလား။
http://khinephyuzaw.googlepages.com/1.jpg

ကေပီဇက် အရမ်းကြောက်လို့ မကစားခဲ့တဲ့ ကစားနည်းတွေ ရှိပါသေးတယ်။ Corkscrew ဆိုတဲ့ မှောက်လောက် လှန်လိုက် Roller coaster ပါ။ နောက်တစ်ခုက Space Shot လို့ခေါ်တဲ့ကစားနည်းပါ။ တိုင်လုံးကြီးတစ်ခုကို အလယ်မှာ ဗဟိုပြုလို့ ခုံလေးတွေ တိုင်ဘေးမှာ ပတ်ထားပါတယ်။ လူတွေက အပေါ်ကို တစ်ဖြည်းဖြည်းတက်သွားပီး အမြင့်ဆုံးရောက်ပီဆိုမှ ၀ုန်းဆို အောင်ကို အရှိန်နဲ့ ဆောင့်ချတာမျိုး။ ကိုယ့်အခြေအနေကိုယ်သိလို့ လှည့်တောင်မကြည့်ခဲ့ပါဘူး။ ကိုယ့်ဒုက္ခ ကိုယ်မရှာတာပါ။ ပတ်ဝန်းကျင်တစ်ခွင် လှည့်ပတ်သွားလာရင် ဓါတ်ပုံတွေ အမျိုးမျိုး ရိုက်ပစ်လိုက်ပါတယ်။
ဲနေ့လည်စာစားပြီး ဟိုတယ်မှာ Chech Out လုပ်လို့ စီကာစဉ်ကာ ပူရတဲ့ မြို့လေးကို အချိန်တန်တော့ ပြန်လာရတာပေါ့လေ။ အချိန်ရတုန်းလေးမှာ genting highland ရဲ့ပုံစံငယ်လေးတွေကို ဓါတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ တစ်ခါတုန်းက ညီမငယ် ဟိန်းလေးကို ကတိပေးဘူးတယ် အဆင်ပြေရင် ဓါတ်ပုံတင်ပေးမယ်ဆိုတာ.. အခုမှပဲ တင်ပေးဖြစ်တော့တယ်။

http://khinephyuzaw.googlepages.com/t1.jpg

http://khinephyuzaw.googlepages.com/t2.jpg

http://khinephyuzaw.googlepages.com/t3.jpg

yeakharr
04-30-2009, 08:25 PM
ကျနော်က အဲလို ဖတ်ချင်တာ..ညီမလေး ကေပီဇက် ကျေးဇူးနဲ့ခရီးတစ်ခုတော့ ကိုယ် မသွားပဲ
သိခွင့်ရှိသွားတာ အရမ်းကျေူးဇူးတင်ပါတယ်နော်..

phyo
04-30-2009, 08:33 PM
:P ဟိုက်ရှားဘာ.... ဘယ်သူမှ မတင်ရင်... အနော် တင်မယ်ဆိုပြီး.. ခါးတောင်းကျိုက်နေတုန်း...
မခိုင် က တင်သွားတာကိုး..... ပုံတွေက..ဒီလောက်ကလေးပဲ.. မတင်နဲ့ နော်... လျှိုမထားကြေး..
ဆက်ရန် ရှိသေးတယ် မဟုတ်လား....... ( စောင့်မျှော်နေပါသည်.. ;D )

ကောင်းကင်ရထားဓါတ်ပုံတွေ. ( အင်းဒါတော့.. မျှော်လို့ မရဘူး.. ကားနဲ့ တက်တာဆိုတော့ ..သူက.. မိနစ် ၄၀ လောက်စီးရတာ.. ပျော်စရာကြီး.. အင်း.. အတွဲလေးနဲ့ ဆိုရင်...) . ၊ outdoor ကCorkscrew စူပါမင်း စူပါဝူးမင်းတွေ လုပ်လိုရတဲ့ဟာတွေ ၊ မိုးပေါ်ကနေ ငုတ်ထုတ်ကြီး ဖြုတ်ချခံရတာ( Space shot )တွေအားလုံးကိုပါ..
တင်ပေးနော်..အဲဒီမှာ ကျနော်အကြိုက်ဆုံးက... နှင်းငွေ့ တွေ.. တိမ်ခိုးတွေနဲ့ ..နေရတဲ့ Feeling ပဲ ...မခိုင်က. ကျောင်းမှာတုန်းကလည်း... ဂျိုကာထောင်ပြီး..သောင်းကျန်းတယ်လို့ ..ကြားထားတယ် ( ဖိုရမ်ကလူတွေ ပြောတာကို.. မှတ်ထားတာ ) Genting မှာရော... ၄၅၀ ပဲ နိုင်ခဲ့တာဆိုတာ.. ၀ုတ်ပါ့မလား.. မုန့် မကျွေးချင်လို့ နေမှာ..

hninn nu
04-30-2009, 10:29 PM
အမရေ
ကျေးဇူးပဲ :P :P ::) ::)
အဲ့ လိုလေးတွေကြည့် ချင်တာ
တော်ပီချက်ရွမ်းကရိုလာကိုစတာကြီးစီးတော့ ဘူး
အမရဲ့ ရိုလာကိုစတာကိုပဲလာစီးတော့ မယ်
အရမ်းစီးကြည့် ချင်တာပဲ
သူများဆီမှာတော်တော်တိုးတက်နေကြပီနော်
နှင်းနုတော့ တခေါက်လောက်မြန်မာနိုင်ငံကိုတပတ် ပတ်ကြည့် ချင်တယ်
နိုင်ငံခြားကိုပတ်ဖို့ သိပ်စိတ်မ၀င်စားသေးဘူး ;D ;D ;D
နောက်ထပ်သွားတဲ့ လူတွေရှိနေသေးတယ်နော်
တင်ပေးကြပါအုံး
ကြည့် ချင်လို့ ပါ :P :P

Aung Ko Ko
05-01-2009, 01:59 AM
ကြည့်ရတာတင်တော်တော်ကို အရသာရှိတယ် အမရေ..
ကောင်းတယ်ဗျို့..
အပြတ်အသတ်ကို အားပေးနေပါတယ်..
ဆက်ပို့ပေးပါဦးနော်..
တခြားနေရာများကို ရောက်တဲ့လူတွေလည်း ရှိရင် ပို့ပေးကြပါဦးဗျာ.
ခရီးထွက်တာ ၀ါသနာတအားပါလို့ပါ... ၀ါသနာသာပါပေမယ့် ကံက မပါသေးတော့ မရောက်ဘူးဖြစ်နေတယ်..
ပြည်ပ ပဲဖြစ်ဖြစ် ပြည်တွင်းပဲ ဖြစ်ဖြစ် တင်ပေးကြပါဗျာ.
အဲ့လောက်ပြောလို့ ....ဘယ်သူမှ မတင်ရင်တော့ အသိပဲ >:(

စတာနော်.. ဟဟဟ :P

NayNyo
05-01-2009, 02:46 PM
ဘာလို့ မခိုင် ပုံမပါတာလဲဟင်။ :o :o
မင်းသမီးပုံမပါတော့ ကြည့်ရတာပေါ့နေသလိုပဲ။ ??? ???
casino က ပုံလေးဆိုရပါပြီ။ ;D ;D

phyo
05-04-2009, 09:05 PM
http://i42.tinypic.com/vrwjvb.jpg
ဒီပုံက Genting high land ရောက်ခါနီး.. Sky Train ပေါ်ကနေ လှမ်းရိုက်ထားတာ..

( Admin ကြီးရေ.. တစ်ခါမှ ဓါတ်ပုံမတင်ဘူးလို့  စမ်းတင်ကြည့်လိုက်တာ..ကြီးများသွားမလားမသိဘူး..)
ကြီးလို့ ပြင်ပေးတာဟုတ်ဝူးနော :P်။ကြည့်တဲ့သူအဆင်ပြေအောင် အနေတော်လေး ပြင်ပေးထားပါတယ်။

KPZ
05-11-2009, 09:41 PM
(P.S အမြင့်ဆုံးက ဘယ်ဟာလဲလို့ လာလာမေးနေလို့ တခါတည်းပြောခဲ့လိုက်မယ် ' ကျွန်တော့အိမ်' ညနေရုံးကပြန်ရောက်ရင်မောလို့မတက်နိုင်ဘူး
ကျွန်တော့ အတွက်တော့ အဲဒီအချိန်ကြရင် ကမ္ဘာမှာ အမြင့်ဆုံးလို့ထင်မိလို့ :D


အကိုဇော်ရယ် အဲဒါကြောင့်ပြောတာ.. ဓါတ်လှေကားအထပ်တိုင်းမှာရှိတဲ့ တိုက်မှာ နေပါလို့
:P :P :P