PDA

View Full Version : ဖိုင်တင်မည့်နေရာ ... နဲ့ပတ်သက်လို့



chit tee
05-01-2009, 01:07 AM
အောက်ကလင့်မှာ ..... ဖိုရမ်နှစ်ပတ်လည်နေ့အထိန်းအမှတ်အနေနဲ့ ကိုရေခါးလုပ်ပေးထားတဲ့ ဖိုင်တင်ရန်ဆိုတာလေးကို မသုံးတတ်လို့ ...
သိပ်နားမလည်လို့ ။ ကျနော်တို့ တခြား upload ၀က်ဆိုဒ်တွေမှာ တင်သလိုမျိုးဘဲလားမသိဘူး။
ကျနော်တို့ဖိုရမ်မှာ ရှိပြီး download section နဲ့ရော ဘယ်လိုများကွာခြားပါသလဲဆိုတာလဲ သိချင်ပါတယ်။
ပုံတွေကို တင်လို့ရတယ်ဆိုတာကရော ဘယ်လိုမျိုးပါဘဲခင်ဗျာ။ http://www.imageshack.us/ တွေမှာ တင်သလိုမျိုးဘဲလားမသိ ။
သိပ်နားလည်လို့ပါ ... ။ နဲနဲလောက် ရှင်းပြပေးကြပါအုံး ။

http://www.myanmarengineer.org/forum/index.php/topic,3558.msg23757.html#new

phoelapyae
05-01-2009, 04:51 AM
အခုက တစ်ခြား upload ဆိုက်တွေလိုပါပဲ ... ဖိုရမ်ဆာဗာထဲမှာ ဖိုင်တွေကို upload တင်လိုက်တာပါပဲ ။
သူက hot link နဲ့ ပေးတဲ့အတွက် ဒေါင်းရတာအဆင်ပြေပါတယ် ။ ပြီးတော့ ဖိုရမ်ဆာဗာပေါ်တင်ထားတဲ့အတွက်လဲ သက်တမ်းကုန်မှာ ပူစရာမလိုတော့ဘူးပေါ့။
ဒေါင်းလုပ်စင်တာနဲ့ ကွာတာကတော့ အခု upload ဆိုက်က ဘာမှမလိုပဲတင်လို့ ရပါတယ် ။ အသင်းဝင်မှ မဟုတ်ဘူး ။ မည်သူမဆို အပြင်ကလူတွေလဲ တင်လို့ ရပါတယ် ။ ပြီးတော့ သူက ဖိုင်ဆိုက်ကန့် သတ်ချက်ရှိပါတယ် ။ ဖိုင်ဆိုက်ကြီးရင် မရပါဘူး ။ max file size ကိုတော့ ကိုရေခါးကိုသာမေးကြည့် ။
ဒေါင်းလုပ်စင်တာကတော့ စနစ်တကျနဲ့ အစီအစဉ်တကျရှိပါတယ် ။ သူက အသင်းဝင်များသာ ဒေါင်းလုပ်လုပ်လို့ ရပါတယ် ။ ဒေါင်းလုပ်စင်တာကလင့်ကို တစ်ခြားကို ပေးလို့ မရပါဘူး ။ အခုလုပ်ထားတဲ့ uploader ကတော့ တစ်ခြားမည်သူကိုမဆို လင့်ပေးလို့ ရပါတယ် ။ ဒါပေမဲ့ သူကဖိုင်ဆိုက်အသေးတွေတွက်သာ အဆင်ပြေမယ်ထင်ပါတယ် ။ ဒေါင်းလုပ်စင်တာမှာကတော့ ဖိုင်ဆိုက်ကြီးတွေ တင်လို့ ရပါတယ် ။

ကိုဆန်း
05-01-2009, 05:58 AM
အစ်ကိုရေ ပုံမှန် image hosting တွေမှာ ပုံတင်သလိုပါပဲ
http://www.myanmarengineer.org/mefuploader/upload.php ကနေသွားလိုက်
အောက်က ပုံအတိုင်းတက်လာရင် ဖိုင်း Browse ကနေပြီး တင်ချင်တဲ့ image file ရှိတဲ့နေရာကို သွားပေးလိုက်။ပြီးတာနဲ့ ဖိုင်တင်ရန် ကို နှိပ်လိုက်ရုံပါပဲ အစ်ကို
http://www.myanmarengineer.org/mefuploader/uploaded_files/mef uploader_01.jpg
ပြီးသွားရင် ... direct link နဲ့အတူ အောင်မြင်စွာ တင်ပြီးပါပြီ။ ဆိုပြီး ပေါ်နေပါလိမ့်မယ်။အဲဒီလင့်ကို ယူသုံးရုံပါပဲခင်ဗျ။
အဲ..အားလုံးသိအောင် တခါတည်းပဲ အသိပေးချင်ပါသေးတယ် ခင်ဗျ.free image hosting site တွေက ကြာလာရင် သူတို့လည်း ပုံတွေကို ဖျက်ဖျက်ပစ်တတ်တာမျိုးတွေရှိလို့ ဖိုရမ်က အရေးကြီးပုံတွေ မပျောက်ပျက်သွားရအောင် ကိုရေခါးက အဆင်ပြေအောင် လုပ်ပေးထားတာပါ။ဖိုင်နာမည် တူတာမျိုး၊ဖိုင်နာမည် အလုံး ၄၀ ထက်ကျော်တာမျိုးတွေဆိုရင်တော့ upload fail ဖြစ်ပြီး error ပြနေပါလိမ့်မယ်။
file size jpg လို့ ပုံဖိုင်တွေနဲ့ 10 Mb ထိ မကျော်တဲ့ pdf လို ebook ဖိုင်များသာ upload လုပ်ပြီး အသုံးပြုကြပါနော်။အဲဒီ မှာ size တွေများလာရင် ဖိုရမ် တက်တာကြတာတွေ၊တစ်မျက်နှာကနေ တစ်မျက်နှာ ကူးတာတွေပါ ကြာတာမျိုးတွေဖြစ်လာမှ စိုးလို့ပါ။ကျေးဇူး။