PDA

View Full Version : မိုးဇက်၏ကိုယ်တွေ့



moeez
05-02-2008, 09:34 PM
လုပ်ငန်းတွေကတော့ အများကြီး ၊ အခက်အခဲတွေကလည်း ဒုနဲ့ဒေးပဲ ။ အဲဒီ အထဲကမှ ကျနော်အခု လုပ်နေရတဲ့ အုပ်ချုပ်မှု ဆိုတဲ့
နေရာကြိးကတော့ မမိုက်ဘူးဗျို့ ။ ကျနော်တို့ရဲ့ ယနေ့ခောတ်ကြီးက ပညာခောတ်ဆိုတော့ အသက်အရွယ်ပိုင်းနဲ့ကြည့်ရင် လူငယ်တွေက
ဦးဆောင်နေတာကို များသောအားဖြင့် တွေ့ရမှာပါ ။အဲဒီမှာစကွိုင်တာပါပဲ ။ ကျနော်အုပ်ချုပ်နေရတဲ့ အဖွဲ့မှာအသက်ကြီးပိုင်းတွေ တော်တော်ပါပါတယ် ။ ကျနော်ကအားနာတတ်တော့ သူတို့တွေကိုသိပ်ပြီးမခိုင်းဘူးပေါ့ဗျာ ။ မခိုင်းတော့မပြီးဘူး ။ မြ့ပီးတော့ လူကြီးကဆူရော ။
လူကြီးကပြောရင် ခေါင်းဆောင်ကိုပဲပြောတာလေ ။ ကျနော်က နောက်တခါ လူကြီးအဆူမခံရအောင် ကြပ်ကြပ်မတ်မတ်လုပ်တော့လည်း
ဒီကောင်လေး ရိုင်းတယ်ဖြစ်ပြန်ရော ။ ကဲ.......... ဘယ်လိုလုပ်ကြမလဲ။ ??? ???

TheSun
05-02-2008, 10:16 PM
ကျွန်တော့်အမြင်က ဒီလိုဗျ ... :)
လိမ္မာယဉ်ကျေးခြင်း ဆိုတာ ... ဆား လိုပဲဗျ။
များလေ ... ဟင်း ပျက်လေ ...လို့သာမှတ်။တော်ရုံပဲ ကောင်းတာ။
အလုပ်ပြီးဖို့သာအာရုံစိုက်ပြီး မြှောက် သင့်ရင် မြှောက်ပင့်ပြီး ခိုင်းပေတော့ဗျို့ ... ချိုချိုသာသာ ပြောရင် လိုက်လုပ်မယ့်သူတွေချည့်ပါဗျာ ...
ဒီလူတွေကို အားနာတာထက်၊ အလုပ်အချိန်မီမပြီးလို့ customers တွေလက်လွတ်သွားတာက ပိုအရေးကြီးမယ် ထင်တာပဲဗျာ ...

Yoe Yar
05-03-2008, 12:00 AM
အမှန်တရားလား၊

အခြေအနေမပေးလို့ မပွင့်နိုင်သေးတဲ့ ပန်းကလေးကို “အဖူး” လို့ ခေါ် ကြသတဲ့
အခြေအနေမပေးလို့ မအောင်မြင်သေးတဲ့ လူတစ်ယောက်ကိုတော့ ဘယ်လို့ခေါ်ကြမလဲ ၊
တကယ်တော့ လမ်းလျှောက်တာ မခက်ပါဘူး။
လမ်းလျှောက်တတ်ဖို့သာ ခက်တာပါ။

လူတစ်ချို့က အမှန်တရားနဲ့ တွေ့ရမှာ ကြောက်တတ်ကြပါတယ်။ (ကျွန်တော်ကိုယ်တိုင်တောင် ရုပ်ဆိုးတယ်လို့ပြောရင် လက်မခံနိုင်သေးဘူး။)

အမှန်တရား ပဲ လေ။ သကြား မှ မဟုတ်တာ။
နည်းနည်းတော့ “ခါး” မှာပေါ့။
ဘာပဲဖြစ်ဖြစ်လေ ကျန်းမာရေးအတွက် အခါး ဓာတ်တော့ နည်းနည်းလိုလိမ့်မယ်။

အလွမ်းတွေ အဆွေးတွေဆိုတာ ခံစားမှုပြယုဂ် (Emotional Imagination) တချို့လို့ လူတိုင်းသိပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ရင်ဘတ်အောင့်ရုံလေးပဲ ဆိုတာတော့ လူတချို့ပဲ သိကြတာပါ။

အားလုံးကို မကျေနပ်ဘူးလို့ အော်မနေပါနဲ့။
အားလုံးနဲ့မတည့်တာ သူတို့အပြစ်လား ကိုယ့်အပြစ်လားလို့ စဉ်းစားပါဦး။

‘ဒါပေမယ့် လူတစ်ထောင် မှာ အောင်မြင်တဲ့သူ တစ်ယောက်ပဲရှိသတဲ့။
အဲဒီတော့ အားလုံးနဲ့ မတည့်ပေမယ့် "မှန်" ဖို့ အခွင့်အရေး တော့ ကျန်ပါသေးတယ်။
စိတ်မလျှော့ပါနဲ့ ။ ဆက်လက် ချီတက် ဖို့ အားပေး ပါရစေ။
ဆက်လုပ်ပါ။
လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် လူတိုင်းမှာ ရှိပါတယ်။ (သင့်မှာလည်း ရှိပါတယ်။ ဤကားစကားချပ်)
မကျေနပ်လို့ “ဆဲ” ချင်လည်းဖြစ်တာပါပဲ။အရက်တစ်ပိုင်းလောက် ၀ယ်လိုက်ပါ။ (နောက်ဆုံးဈေး ၂၅၀ ကျပ်ဟု သိရပါတယ်။)
သောက်လိုက်ပါ။
လမ်းထဲမှာ လွတ်လွတ်လပ်လပ် အော် "ဆဲ" နေလိုက်ပါ။
လွတ်လပ်ပါတယ်။

(ကျွန်တော့အိမ်ရှေ့လာ “ဆဲ” ရင်တော့ ကျွန်တော်ကိုယ်တိုင် ထွက်၍ ခဲနဲ့ထုပါဦးမယ်။)



just from my blog created myself

Urs,
Yoe Yar

KoNyi
05-07-2008, 08:45 PM
မင်္ဂလာပါ ကိုညီလဲဝင်ရောက်ဆွေးနွေးချင်ပါတယ် ကိုညီဆိုရင် ၁၄ နှစ်သားကစပြီး
ဆောက်လုပ်ရေးလုပ်ငန်းကိုလုပ်ပါတယ် ၁၇ နှစ်မှာ အုပ်ချုပ်သူဆိုတဲ့ရာထူးကို ရရှိ
လာခဲ့ပါတယ် လူအမျိုးမျိုးဆက်ဆံရတာကြောင့် သီးခံချင်း ခွင့်လွှတ်တတ်ချင်း ကို
ကပြောမရဘူးထင်သူကို တင်းကျပ်စွာ ဆက်ဆန်ချင်းပြုလုပ်ပေးရပါတယ် အဓိက
ကတော့ အုပ်ချုပ်တတ်ဘို့လိုပါတယ် သူတို့တွေဘာကြိုက်တတ်တယ် ဆိုတာကို
ကိုကအထာသိနေဘို့လိုပါတယ် လုပ်ငန်းခွင်မှာ ကြီးတာငယ်တာနဲ့ မဆိုင်ပါဘူး ပညာ
အရည်အချင်း ပြည့်ဝဘို့သာလိုပါတယ် လူငယ်တိုင်းမှာ နည်းပညာတွေ အများကြီးရှိသလို
လူကြီးတွေမှာလဲ ကိုမသိနိုင်တဲ့ အရည်အချင်းတွေ အများကြီးပါ အဲဒီတော့သူတို့ မြှောက်
သင့်တဲ့နေရာမှာ မြှောက်ပေးပြီး ခိုင်းသင့်တဲ့နေရာမှာလဲ အားမနာတမ်းခိုင်းတတ်ဘို့လိုပါတယ်
ကိုညီဆိုရင် လုပ်ငန်းအတွေ့အကြုံတွေပဲရှိတာပါ အင်ဂျင်နီယာတွေ အများကြီး အလုပ်သမား
တွေလဲအများကြီးနဲ့ ဆက်ဆန်ဘူးပါတယ် ကိုညီကတော့ ရောက်လာတဲ့အလုပ်သမားတွေကို
တစ်ရက် နှစ်ရက်အတွင်းမှာ စိတ်ဓတ်စစ်ဆင်ရေး လုပ်ပါတယ် အရင်ဆုံးစတာကတော့ သူတို့
အတွက်အရက်ပေါ့ အရက်ဟာကောင်းကြိုးရှိသလို ဆိုးကြိုးတွေလဲ အများကြီးပေးနိုင်ပါတယ်
အဲဒီအချိန်မှာ ကိုကသောက်တတ်သည်ဖြစ်စေ မသောက်တတ်သည်ဖြစ်စေ သူတို့ကိုစစ်ဆင်
ရေးဆင်းမှာဆိုတော့ လူခွဲပြီးအရက်တိုက်ကြည့်ပါ ကိုကတော့ဘာကြောင့်ပဲ ဖြစ်ဖြစ်အနည်းငယ်
သာသောက်ပါ ပြီးတော့သူတို့ဆီကစကားတွေကို အတတ်နိုင်ဆုံးရအောင် ယူတတ်ပါစေ ။
ကဲဒီလောက်ပဲ နောက်တော့ ဆက်ရေးပေးတာပေါ့ လုပ်ငန်းလုပ်လို့ ရုံးတယ်မြတ်တယ် အလုပ်
မပြီးဘူးဆိုတာ မိမိအပေါ်မှာ မူတည်တယ်ဆိုတာကိုတော့ အသေအချာမှတ်ထားပါ ကိုညီရဲ့
ကိုတွေ့မို့ နားလည်နိုင်လိမ့်မယ်လို့ ယုံကြည့်ပါတယ် သူဌေးနဲ့ဆက်ဆံတာ အလုပ်သမားနဲ့ဆက်
ဆံတာဟာ နည်းပညာတွေအများကြီးပါပဲ ။

ဟိန်း
05-09-2008, 06:45 PM
ကိုကြီးထွဋ်ရေ လုပ်ငန်းခွင် အတွေ့အကြုံလေးကလည်း တကယ်ကိုလိုအပ်တာပါ..
ကိုယ်တိုင်မကြုံပေမယ့် သူများကြုံတွေတာကို ရေးထားတဲ့ အထဲကလည်း ပညာတွေရနိုင်ပါတယ်...
ဘာပဲ ဖြစ်ဖြစ်ကိုယ်တက်နိုင်တဲ့ဘက်က ပညာဒါနပြုတာပါပဲ...အစ်ကိုနောက်ရေးမယ့်
လုပ်ငန်းခွင်အတွေ့အကြုံ လေးတွေကို စောင့်ဖတ်နေမယ်နော် ...ဆက်လက်မျှဝေပါအစ်ကို... :)

KPZ
06-14-2008, 08:32 AM
ကျွန်မကတော့ အလုပ်ထဲမှာ ကိုယ့်ထက်ကြီးတဲ့ သူတွေနဲ့ပဲ ဆက်ဆံနေရတယ်။ ကျွန်မက သူတို့လုပ်မဲ့ အလုပ်ကို Designဆွဲပေးရတာ ဆိုတော့ ပထမပိုင်းမှာ သူတို့က ကျွန်မကို သူတို့ထက် ငယ်လို့ဆိုပြီး အယုံအကြည် နည်းကျပါတယ်။ သေချာလုပ်ပြတော့မှ ယုံကြည်ကြပါတယ်။ သူတို့ကို ယုံကြည်အောင် ထိန်းချုပ်ရတာ တော်တော်ခက်ခဲပါတယ်။ နောက်တော့လည်း အဆင်ပြေသွားတာပါပဲ ။ ။

nway_oo
06-21-2008, 08:03 PM
လုပ်ငန်းခွင်အတွေ့အကြုံဆိုတာ ဘာအလုပ်ပဲဖြစ်ဖြစ်လိုအပ်ပါတယ်.. ကိုယ်အရင်လုပ်နေတဲ့အလုပ်နဲ့ အခုလုပ်နေတဲ့အလုပ် တူချင်မှတူမယ် ဒါပေမယ့် ကိုယ့်အတွက်လူမှုဆက်ဆံရေးအပိုင်းကတော့ အတူတူဖြစ်မယ်လို့ထင်တယ်.. အထက်လူကြီး မန်နေဂျာကိုဘယ်လိုပြောပြီး ကိုယ်နဲ့အတူတူ အလုပ်လုပ်မယ့် လုပ်ဖော်ကိုင်ဖက်ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာတော့ များသောအားဖြင့်တူမယ်ထင်ပါတယ်.. စကားကြီးစကားကျယ်တွေလျောက်ပြောပြီး အလုပ်အတွေ့အကြုံဘယ်လောက်ရှိနေလို့ပါလိမ့်လိုတော့ အကြိးကြီးမတွေ့းနဲ့နော်.. ;D

zawaung
07-19-2008, 11:14 AM
ကျွန်တော်ကတော့ အင်ဂျင်နီယာ ပီပီ စက်ပစ်စည်းတွေ Installation လုပ်မယ် ၊ Repair & maintenance လုပ်မယ်..ဒီလောက်ပဲ စိတ်ဝင်စားတာ။
တဖြည်းဖြည်း လုပ်သက်ကလေးရလာ..လုပ်ငန်းအတွေ့အကြုံများလာ...လုပ်ငန်းတာဝန်ယူမှုတွေများလာတဲ့အခါကြတော့ ကိုယ်ကအုပ်ချုပ်မှုအပိုင်းကိုရောက်သွားရော။အဲဒီမှာစတွေ့တာပဲ..စက်ပစ်စည်းတွေ တပ်ဆင်ရ ၊ ပြုပြင်ရတာတက်လူတွေ အုပ်ချုပ်ပြီးခိုင်းရတာအခက်ဆုံးပဲ။
အဓိကကတော့ လူတွေရဲ့စိတ်အထွေအထွေ ကို ကျက်မိ ၊ဖတ်မိဖို့အရေးအကြီးဆုံးပဲလို့ထင်တာပဲ။ဒါကလဲ ထင်သလောက်တော့ မလွယ်ဘူးလေ၊ ဒါပေမယ့် အဲဒီလို သိထားမှပဲ မြှောက်သင်တဲ့သူကိုမြှောက် ၊ချော့မှရတဲ့သူကိုချော့ ၊ ငေါက်ရမဲ့အခါလဲအားမနာတမ်းငေါက်၊ မသိချင်ယောင်ဆောင်ရမဲ့အခါဆိုလဲ ကန်းနေလိုက်နဲ့ ဒီလိုပဲ စခန်းသွားနေရတာပါပဲဗျာ။
ပုံသေ formula တော့ မရှိဘူးလို့ထင်တာပဲ။လူတွေဆို တာ စိတ်အမျိုးမျိုးလေဗျာ။ ကိုယ်တိုင်တောင် လိုက်ပြောင်းလဲနေရတာ။လုပ်ငန်းအတွေ့ အကြုံက သင်ပေးသွားမှာ ပါ။ ကိုယ်ကသင်ယူ အသုံးချတက်ဖို့ပဲအရေးကြီးတယ်လို့ ထင်တာပဲ။ ကျွန်တော့ ယူဆချက်ပေါ့ဗျာ ..ဟုတ်ချင်မှလဲဟုတ်မယ်၊ မှန်ချင်မှလဲ မှန်မယ်။ ဆရာကြီးလုပ်တာတော့မဟုတ်ပါဘူး။ အတွေ့အကြုံ နဲ့ ယူဆချက်လေး ကို ၀င်ဆွေးနွေးမါတာပါ။
အမှားပါရင်ခွင့်လွှတ်နော်.......