PDA

View Full Version : 3Dပုံ မဆွဲဖူးသူတွေ ပုံလိုက်ဆွဲကြမလားဗျို့



amaung
05-22-2009, 06:41 PM
ကျွန်တော်က Auto CAD နဲ့ ဘယ်လိုမှမပတ်သတ်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့လူပါ။ ဒါပေမယ့် ပုံဆွဲတာကတော့ ဒီအရွယ်ကြီးထိပါပဲ။ အတန်းထဲမှာ ပျင်းရင် ရှေ့က ဆရာမသိအောင် ကျောင်းစာအုပ်တွေထဲမှာ ပုံတွေကြိတ်ဆွဲတယ်။ များသောအားဖြင့် မိန်းမလှလေးတွေပုံပေါ့ဗျာ ဟဲဟဲ။

ဒီလိုနဲ့ ၂၀၀၅ ခုနှစ်လောက်မှာ Auto CAD အရမ်းကျွမ်းပါတယ်ဆိုတဲ့သူနဲ့ အခန်းတူနေရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီကာလမှာ ကျွန်တော့်ကို အမတစ်ယောက်က Auto CAD သင်ပေးဖို့ ပူစာတဲ့အချိန်လည်း ဖြစ်နေပြန်ရောဗျ။ ကျွန်တော်လည်း တတ်ချင်တာနဲ့ အာမခံလိုက်တယ်။ ဒါပေမယ့် အော်တိုက ဘယ်လို ကတ်တယ်ကို မသိဘဲနဲ့ပေါ့ဗျာ။ ဒီလိုနဲ့ပဲ မီးတစ်နေ့ ၃ နာရီလောက်လာတဲ့ ဒေသမှာ မီးမလာခင် သူက အလွတ်ပြောပြ၊ ကျွန်တော်က လိုက်မှတ်၊ မီးလာတဲ့အချိန် ဟိုအမဆီပြေး၊ ကိုယ်က အရင်စမ်း ပြီးမှ သူ့ပြန်ပြောနဲ့ ကျွန်တော် တစ်လအတွင်း 3D ၁၀ပုံလောက် ဆွဲတတ်ခဲ့၊ ပြန်သင်ခဲ့ပါတယ်။ ဒီကြားထည်း နားမလည်ရင် သင်တဲ့သူကိုမေး သူကလည်း ဆွဲပြဖူးတဲ့ အခါတွေရှိပါတယ်။ သူဆွဲပြစဉ်တွေမှာ ကီးဘုတ်တဖြောင်းဖြောင်းနဲ့ MOUSE ကိုင်တယ်မရှိသလောက်ပါပဲ။ ကျွန်တော့်မှာ မှတ်လိုက်ရတာဗျာ။

ဆွဲယုံဆွဲတတ်တာဖြစ်ပြီး ဘယ်နေရာမှလဲ စနစ်တကျ အသုံးမချခဲ့ရပါဘူး။ စနစ်လည်းမကျပါဘူး။ ဒီလိုနဲ့ပဲ မတောက်တစ်ခေါက်တတ်ခဲ့ပါတယ်။
ခုလည်း ကျောင်းက Minor ဘာသာအဖြစ် Drawing သင်တော့ 3D ၈ ပုံလောက် ဆွဲခဲ့ရပါတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ စကားစမြည်ပြောရင်း သူကလည်း 3D ဆွဲချင်ပါတယ်တဲ့။ ဆွဲပုံဆွဲနည်း ပြောပြပါလားတဲ့။ ကျွန်တော်ကလည်း သိတာလေးတော့ အလွန်ပြောချင်တဲ့သူကိုးဗျ။ ဒါ့ကြောင့် ပြောတော့ပြောမယ်။ ကိုယ်လည်း မပိုင်၊ အရမ်းလည်း ကျယ်ပြန့်တဲ့ဘာသာမို့ ခြုံငုံမိအောင် မပြောနိုင်ပါဘူး။ အပြင်မှာ ဘယ်လို သုံးမယ်ဆိုတာလည်း မကြုံဖူးပါဘူး။

ဒါ့ကြောင့် ကျွန်တော်ပြောနိုင်တာ တစ်ခုပဲ ရှိပါတယ်။ တကယ်လို့ ကျွန်တော့်လို ဘယ်လိုမှ မရင်းနှီးတဲ့သူတွေကို ကျွန်တော့်လောက်လေး ဆွဲတတ်အောင်တော့ ပြောပြမယ်( ကျွန်တော်ဆွဲတတ်တဲ့ပုံတွေကို ကျွန်တော်သိသလောက်လေးနဲ့ပေါ့ဗျာ။) အဲလိုဆိုရော ရလားဆိုတော့ သူကလည်း ရတာပေါ့ဗျတဲ့။ ဒါနဲ့ပဲ သူငယ်ချင်းတစ်ယောက် ဖိတ်ခေါ်ချက်ကြောင့် ဒီနေရာလေးမှာ ဒါတွေ လာရေးပါတယ်။ ကျောင်းသားတစ်ယောက်မို့ မအားတာက များပါတယ်။ အထူးသဖြင့် chat နေရတဲ့ အချိန်လေးတွေပေါ့ဗျာ။
chat တဲ့အချိန်လေးထဲကနေ ခွဲပြီး ဒါလေးတွေရေးရပါတယ်။

သိလိုတာတွေမေးရင် သိတဲ့သူတွေ ပြန်ဖြေကြပါလိမ့်မယ်ခင်ဗျ။ ကျွန်တော်ကတော့ ပေးထားတဲ့ပုံကနေ ဆွဲပြီးတဲ့ ပုံထိ ဘယ်လို ဆွဲတယ်ဆိုတာပဲရေးမှာပါခင်ဗျ။ လောလောဆယ်တော့ ကျောင်းက section ခွဲခိုင်းတဲ့ ပုံလေး လေးပုံကို အရင် ဆွဲပါ့မယ်ခင်ဗျ။ ဖတ်မိတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ မှားတာလေးတွေ ပြင်ပေးကြပါခင်ဗျား။
ကျောင်းကဆရာက ဒီပုံပေးထားပါတယ်။
http://img43.imageshack.us/img43/1262/no1u.png
ကျွန်တော်တို့က section ဖြတ်ပြီး သုံပုံခွဲရပါမယ်တဲ့။ အောက်မှာ ပေးထားချက်နဲ့ output ပြထားပါတယ်။ တစ်ဆင့်ချင်းဆက်ရေးပါ့မယ်ခင်ဗျာ။ ( တစ်ခါမှ auto CAD မသုံးဘူးတဲ့သူတွေအတွက်ပါနော်။)
http://img38.imageshack.us/img38/3514/79213211.png

amaung
05-22-2009, 07:11 PM
ကျွန်တော့်စက်လေးက စုတ်တော့ auto CAD ကို 2002 ပဲသုံးရပါတယ်။ နောင်းအားချိန်တွေမှာ (လိုချင်သူရှိရင်) upload တင်ပေးပါ့မယ်။ ခုတော့ တင်ပြီးသွားပြီပဲ ထားလိုက်ကြပါစို့ဗျာ။ ကဲပြောရင်းဆိုရင်း စ တောင်ဖွင့်လိုက်ပါပြီ။
View ထဲက Toolbars ကနေ အောက်က ပုံလေးအတိုင်း check ပါ့မယ်။ ကျွန်တော်က လောလောဆယ်ဒါတွေ သုံးမှာမို့ပါ။
http://img2.imageshack.us/img2/5605/cad1.png
ok ပြီးရင် အောက်ကပုံလေးအတိုင်းနေရာချနှိုင်ပါတယ်။ Resolution နဲ့လိုက်ပြီးတော့ အဆင်ပြေသလိုသာ ချလိုက်ပါတော့ခင်ဗျာ။ ကျွန်တော့်စက်မှာ ဒီလိုလေးဗျ။
http://img2.imageshack.us/img2/6293/cad2.png
အပေါ်ပို့မှာ ပြထားတဲ့ပုံကို ဆွဲရာမှာ ကျွမ်းတဲ့သူများကျတော့ နည်းပေါင်းထောင်ချီသိနှိုင်ပေမယ့် စ ဆွဲမယ့်သူကတော့ ကျွန်တော့်လိုလေး လိုက်ဆွဲပါနော်။ လောလောဆယ် ပုံအလယ်က BOX အကြမ်းထည်ကို ဆွဲမယ်ခင်ဗျ။ ပြီးမှာ မလိုတာ ဖြတ်၊ လိုတာပေါင်း လုပ်မယ်လေ။ နောက်ပို့တွေမှာ အောက်က ပုံပေါ်အောင် ဆွဲတာပြောပါ့မယ်။ ( ဟိုး အစကနေပဲနော်။)
http://img177.imageshack.us/img177/4692/no1b.png

phoelapyae
05-22-2009, 07:32 PM
အခုလို မိမိသိတာလေးတွေ ဝေမျှပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ ...
အခုလို project တစ်ခုကို အစကနေ တင်ပြပေးတာ အခုမှ စလုပ်သူများအတွက် တော်တော်လေးအဆင်ပြေပါတယ် ..
ကျနော်လဲ နောက်ကနေ တူတူလိုက်သင်မယ်နော် .. ကျေးဇူးပါ ။

amaung
05-22-2009, 08:13 PM
အော်တိုကတ် ဆွဲရင် မဖြစ်မနေ ကျွန်တော်သုံးတာက တစ်ခုခုလုပ်မယ်ဆို တခြားဟာတွေ မနှောင့်ယှက်အောင် esc ကို လေးငါးခြောက်ခါလောက် ပစ်နှိပ်လိုက်တာနဲ့၊ ဆွဲလို့မကျေနပ်ရင်ပြန်သွားတဲ့ Cont နဲ့ z တွဲနှိပ်တာပါဘဲ။ မေ့နဲ့ဗျနော်။ ဒါလေးနှစ်ခုက စိတ်ညစ်သက်သာတယ်ရယ်။

ဆွဲမယ့် ပုံရဲ့ ကိုယ်ထည်ဟာ အပြင်ဘက် အလျှား ၅၀ အနံ ၄၅ အမြင့် ၃၀ ရှိပါတယ်။ သူ့ရဲ့ အထူဟာ ၅ ရှိပါတယ်။ တစ်ဖက်ဖွင့် ဇလား သဏ္ဍန်ရှိပါတယ်။ ပထမဆုံး ကျွန်တော်ဆွဲမှာက ကိုယ်ထည်ကို မှောက်လျှက်ပုံစံဆွဲပါမယ်။ ကျွန်တော် ဆွဲဖို့ ကြံထားတာက
(၁) အောက်ခြေ ၅၀x၄၅ အတွင်းမှာ ၄၀x၃၅ ရှိတဲ့ စတုဂံနှစ်ခုကိုဆွဲပါ့မယ်။
(၂) ၅၀x၄၅ ကို အမြင့် ၃၀ ရှိတဲ့ ထုထည် တစ်ခုလုပ်ပါ့မယ်။
(၃) ၄၀x၃၅ ကို အမြင့် ၂၅ ရှိတဲ့ ထုထည် တစ်ခုလုပ်ပါ့မယ်။
(၄) ထုထည်များဟာ အောက်ဘက် အခြေမှာ ကပ်နေတာတွေကြောင့် ထုထည်ကြီးမှ ထုထည်သေးကို နှုတ်ခြင်းအားဖြင့် ကျွန်တော် ပထမဆုံးလိုအပ်တဲ့ ခွက်မှောက် (ဟီး... မှောက်နေတဲ့ခွက်) ကို ရမှာဖြစ်ပါတယ်။
နံပတ် (၁) ရအောင် ဆွဲကြစို့ဗျာ။
ပထမဆုံး 3D မြင်ကွင်းရအောင် အောက်ကပုံလေးအတိုင်း ကလစ်ယူပါ့မယ်။ အောက်ကပုံကိုသွားဖို့ Toolbar လေးတွေလိုရင် View>Toolbars>view ကိုသွားလိုက်ပါ အောက်ကပုံကို မလွဲမသွေရမှာပါဗျ။
http://img35.imageshack.us/img35/2519/no1c.png
ခုဆိုကျွန်တော်တို့ စတုဂံလေးနှစ်ခုကို ဆွဲပါ့မယ်ခင်ဗျ။ စတုဂံလေးတွေဆွဲဖို့ line လေးက စရမှာမို့ toolbar က အစက်နှစ်စက်နဲ့ပုံလေးကို click ၍လည်းကောင်း အောက်ဆုံးက command BOX မှာ l ကိုရိုက်၍လည်းကောင်းသုံးနိုင်ပါတယ်။ ပုံလေးတွေ အသေးစိတ်ပြချင်ပေမယ့်လည်း upload တင်ရတာ မလွယ်လို့ စာနဲ့ပဲရေးသွားပါ့မယ်ခင်ဗျ။

l >enter ပြီးတဲ့အခါ လိုင်းစဖို့ အမှတ်ချလို့ ရပါပြီ နှစ်သစ်ရာနေရာမှာ ချပါ့မယ်။ mouse ကို လှုပ်ကြည့်ရင် လိုင်းဆုံးမှတ်အတွက် click လို့ရနေပါပြီ။ ဒါပေမယ့် ရမ်းခါနေပါလိမ့်မယ်။ ဆွဲမှာက ထောင့်မိုလို့ command BOX အောက်က ORTHO ဆိုတာလေးကို လှမ်းကလစ်လိုက်ပါ။ ဒီခါမှာ xy direction အတိုင်း မူလမှတ်မှသည် လေးဘက်လေးတန် xy AXIS နဲ့အပြိုင် ဆွဲနိုင်ပါပြီ။ ညာဘက်အောက်ဆီကို လိုင်းသွားဟန်ပြုပြီး 45 ကိုရိုက်လိုက်ပါ့မယ်။ ENTER မရိုက်ခင် အခြေအနေက အောက်က ပုံအတိုင်းရှိနေပါ့မယ်။
http://img297.imageshack.us/img297/5249/no1d.png
enter ခေါက်ပြီးတဲ့အခါ အမှန်ခြစ် သဏ္ဍန် အဆုံးမှ အပေါ်ကို ၅၀ ချိုးဖို့ ဆက်ဆွဲပါ့မယ်။ (အဆုံးဟာ မြင်ကွင်းကနေ မဆံ့လို့ မပေါ်ရင် mouse မှ wheel နဲ့လှိမ့်လို့ဖြစ်စေ ဘေးက zoom တွေ ရွှေ့လို့ဖြစ်စေ မြင်နိုင်ပါတယ်။ ဘယ်လိုမှ မှန်းမရရင် esc နှိပ်ပြီး z >enter>a>enter ရိုက်က ဆွဲထားသမျှကို အကိုက်လေး ပြပေးပါတယ်။)
နောက်မျဉ်းကို ဆွဲဖို့ကတော့ ဒီအောက်က ပုံလေးအတိုင်းထားပြီး ၅၀ ရိုက် ENTER ခေါက်ယုံပါပဲ။ မခေါက်ခင် အခြေနေက အောက်က ပုံအတိုင်းပါခင်ဗျ။
http://img30.imageshack.us/img30/3540/no1e.png
ဒီလိုနဲ့ အောက်က ပုံလေးအတိုင်း ENDPOINT ပြရာ မှာကလစ်ပါ့မယ်။ ပြီးရင် ESC ကို နှိပ်ခြင်းအားဖြင့် စတုဂံတစ်ခု ဆွဲလို့ ပြီးပါပြီခင်ဗျ။
http://img30.imageshack.us/img30/9072/no1f.png
http://img265.imageshack.us/img265/9173/no1g.png

amaung
05-22-2009, 08:31 PM
ဒီတစ်ခါတော့ အတွင်းက စတုဂံကို ဆွဲပါ့မယ်။ အထူက ၅ ရှိတော့ အရင်ဆုံး မူလ စတုဂံမှ ၅ ခွာလိုပါတယ်။ ဒါ့ကြောင့် စမှတ်အတွက် မူလ စတုဂံမှ ၅ ခွာတဲ့မျဉ်းစဖို့ စမှတ်ကို midpoint က စ ဖို့ ကျွန်တော် ဆုံးဖြတ်ပါတယ်။ midpoint ပေါ်အောင် အောက်နားက OSNAP ကို Right Click ပြီး Setting မှာ အောက်ပါပုံအတိုင်း ရွေးပေးလိုက်ပါတယ်။
http://img261.imageshack.us/img261/2791/no1h.png
ဒီအခါမှာတော့ အောက်က ပုံက direction အတိုင်း အလယ်က စတုဂံကို 5>20>35>40>35>endpoint အားဖြင့် ဆွဲသားလို့ ပြီးပါတယ်။
http://img149.imageshack.us/img149/9842/no1j.png
အစက ဆွဲတဲ့ ၅ အလျှားရှိမျဉ်းကို ဖျက်ခြင်းအားဖြင့် နံပတ်(၁) စတုဂံနှစ်ခုပြီးပါတယ်။ နံပတ် (၂) ဒုတွေတင်ကြစို့ဗျာ။

amaung
05-22-2009, 09:00 PM
အပြင်ဘက် စတုဂံကို ဒုတင်ဖို့ ကြိုးစားကြစို့ဗျာ။
ဒုတင်ဖို့အတွက် လိုအပ်ချက်ကတော့ တင်မယ့်မျက်နှာပြင်ဟာ အပြည့်ဖြစ်ရပါမယ်။ သဘောကတော့ ကျွန်တော်တို့ ဆွဲထားတာတွေဟာ အပြင်ဘက် စတုဂံဟာ မျဉ်း ၄ ကြောင်းပေါင်းထားပါတယ်။ အတွင်းဘက်စတုဂံဟာ မျဉ်း ၅ ခုပေါင်းထားပါတယ်။ မျဉ်းတွေ တေ့ထားခြင်းသာ ဖြစ်နေပါတယ်။ ဒုတင်လို့ရတဲ့ မျက်နှာပြင်တစ်ခု မဟုတ်သေးပါခင်ဗျာ။
ဒီတော့ပေါင်းမယ်ခင်ဗျ။ မပေါင်းခင် esc လေး နှစ်ချက်သုံးချက်ပုတ်လိုက်ပါဦးခင်ဗျ။ (တခါတလေ command တွေ က မရှင်းလို့ အခက်တွေ့နေတတ်လို့ပါ။)
ပြီးရင် pe ဆိုတာလေးရိုက်လိုက်ပါ m လေးရိုက်ပြီး enter ခေါက်ပါ။ object တွေကို select ခိုင်းနေပါပြီ။ အောက်က ပုံလေးအတိုင်း ဆွဲ select လိုက်ပါ။
ပုံတစ်လုံးကို ခြုံမိရမယ်ပေါ့ဗျာ။
http://img259.imageshack.us/img259/1396/no1k.png
အစက်လေးတွေနဲ့ select မိပြီဆိုတော့ enter ခေါက်လိုက်ပါ။ <Y> ကိုပြထားပြီးသားမို့ ENTER တစ်ချက်ထပ်ခေါက်ပါ။ ဒီအခါမှာ ဒီစာတန်းလေးပေါ်နေပါပြီ။
Enter an option [Close/Open/Join/Width/Fit/Spline/Decurve/Ltype gen/Undo]: လို့ပေါ်နေပါတယ်။ ဆက်မှာမို့ Join ချင်ပါတယ်။ j ကို ရိုက်လိုက်ပါ။ enter နှစ်ချက်ဆင့်ခေါက်လိုက်ပါ။
ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ စတုဂံလေးတွေပေါ်ကို ကလစ်ခြင်းဖြင့် စတုဂံတစ်ခုလုံး လိုက်ပါ select နေတာကို တွေ့ရပါပြီခင်ဗျ။

အပြင်ဘက် စတုဂံကို ၃၀ အမြင့်တင်ဖို့ ကြိုးစားကြပါစို့။
extude ထုထည်တင်ဖို့ ext ကိုရိုက်ပါ။ Select object တောင်းပါလိမ့်မယ်။ အပြင်က စတုဂံကို Click ပါ။ enter ခေါက်ပါ။ အမြင့်တောင်းလို့ 30 ရိုက်ပြီး enter ခေါက်ပါ။ ချိုးမယ့် angle မေးပါတယ်။ တည့် z direction အတိုင်းထောင်မှာမို့ နဂိုပေးထားတဲ့ 0 အတိုင်း enter သာ ဆက်ခေါက်လိုက်ပါခင်ဗျ။ ဒီအခါမှာ အောက်ကပုံအတိုင်းရပါလိမ့်မယ်။
http://img259.imageshack.us/img259/7186/no1l.png
ဒီအခါမှာ နံပတ် (၂) ပြီးပါတယ်။ နံပတ်သုံးကိုလည်း ext က စလို့ အလယ်စတုဂံကို ကလစ်ပြီး ၂၅ အမြင့်တင်ခြင်းအားဖြင့် နံပတ် (၃) ပြီးပါတယ်။
နံပတ် (၃) အပြီးမှာတော့ အောက်က ပုံအတိုင်း မြင်ရပါမယ်။
http://img148.imageshack.us/img148/9867/no1m.png
နံပတ် (၄) ဆီချီတက်ကြပါစို့ဗျာ။

amaung
05-22-2009, 09:27 PM
အောက်က ပုံလေးအတိုင်းသွားပြီး ဒုပုံကို ကြည့်လို့ရပါတယ်။ ဒါပေမယ့် အပြင်ဘက် စတုဂံတုံးကိုပဲ မြင်နေရပါလိမ့်မယ်။ အထဲက အတုံးက ကွယ်နေမှာပါ။ အပြင်ဘက်ထဲမှ အထဲတုံးကို နှုတ်ခြင်းအားဖြင့်ခွက်ရပါလိမ့်မယ်။
http://img245.imageshack.us/img245/8789/no1n.png
ဒုပုံကနေ ဆွဲလို့ရမယ့်ပုံကိုတော့ အောက်ပါပုံအတိုင်းပြန်ပြောင်းပါခင်ဗျ။
http://img245.imageshack.us/img245/7373/no1o.png
နှုတ်ဖို့အတွက် su ကိုရိုက်ပါမယ်။ enter ခေါက်ချိန်မှာ Object ရွေးခိုင်းပါလိမ့်မယ်။ အစိမ်းရောင်နေရာကို click ပါမယ်။ enter ခေါက်ပါ့မယ်။ နောက်တစ်ခါထပ်ရွေးခိုင်းပါတယ်။ ပန်းရောင်နေရာကို click ပြီး enter ခေါက်ပါ့မယ်။
http://img507.imageshack.us/img507/1851/no1p.png
ဒီအချိန်မှာ ကျွန်တော်တို့ ပုံလေးကို click ကြည့်ပါ။ တစ်ခုလုံး အတူတကွ တစ်ပေါင်းတည်း ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်ခင်ဗျ။ View>Shape>Gouraud Shaded ကိုရွေးပြီး ဒုပုံကို မြင်နိုင်ပါပြီ။ အောက်က ပုံအတိုင်း လှည့်ကြည့်လို့ရတဲ့ tool လေးဆီသွားမယ်ဆိုရင်တော့ အောက်က ပုံလို အဖက်ဖက်က လှည့်ကြည့်လို့ ရပါပြီခင်ဗျ။
http://img507.imageshack.us/img507/7769/no1q.png
mouse နဲ့ လက်သရမ်းလိုက်မယ်ဆိုရင်တော့ အောက်က ပုံလို ချာချာလည်အောင် လှည့်ကြည့်နှိုင်ပါပြီခင်ဗျာ။
http://img521.imageshack.us/img521/116/no1r.png
ကျွန်တော်တော့ ဇက်ကြောတွေတက်နေပါပြီဗျာ။ ဒီနေ့အဖို့တော့ ဒီလောက်ပါပဲဗျာ။ မနက်ဖန်ဆက်ရန် ...

amaung
05-23-2009, 02:52 AM
နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့ရထားတဲ့ ဇလားကနေ အောက်ပါပုံအတိုင်း ထွင်းထုတ်တာကိုပြောပြပါ့မယ်။ ဘေးမှာဆွဲပြီမှ လာထပ် ပြီးမှနှုတ်လို့ ရပေမယ့် layer တွေအကြောင်းပြောချင်လို့ သူ့ထဲမှာတင်ထပ်ဆွဲပြီး နှုတ်ပြပါ့မယ်။
http://img5.imageshack.us/img5/5328/no1v.png
ကဲဗျာ အောက်ပုံလေးအရင်ရအောင် ကြိုးစားကြပါစို့ဗျာ။ အောက်ကပုံမှာ အဖြူရောင်နဲ့ဆွဲထားတဲ့ (လေးထောင့်ခွက်ပုံ) တစ်လွှာနဲ့ အစိမ်းရောင်နဲ့ဆွဲထားတဲ့ (လေးထောင့်တုံးပုံ) layer ဆိုပြီး layer နှစ်ခုရှိပါတယ်။
http://img195.imageshack.us/img195/1262/no1u.png
ဒါ့ကြောင့် လုပ်ငန်းစဉ်လေးခွဲလိုက်ပါ့မယ်။
(၁) အစိမ်းရောင် layer လေးကို ပထမဖန်တီးပါ့မယ်။
(၂) အဖြူရောင်မှာ ကပ်မြှောင်ပြီး ဒုတင်ရန်အဆင်သင့်ဖြစ်တဲ့ အစိမ်းရောင်အောက်ခြေကို (အဖြူရောင် layer ကို ခဏဖြောက်ပြီး) ဆွဲပါ့မယ်။
(၃) အစိမ်းရောင်အခြေကို ဒုတင်ပြီး အဖြူရောင် ပုံထဲက နှုတ်ပါမယ်ခင်ဗျ။
ကဲဗျာ နံပတ်မှာ (၁) layer အသစ်ဖြစ်စေ ...

layer ဆိုပြီးရိုက်ထည့်လို့ ဖြစ်စေ အောက်ကပုံလေးအတိုင်းဖြစ်စေ layer BOX ကိုခေါ်ပြီး အောက်က ပုံလေးအတိုင်းပဲ အစိမ်းရောင် layer ကို ဖန်တီးနိုင်ပါတယ်။
http://img7.imageshack.us/img7/3966/no1s.png
ok တွေ နှိပ်ပြီးတဲ့ အခါ အစိမ်းရောင် layer ကို ဖန်တီးပြီးပါပြီ။ အောက်ပုံလေးအတိုင်း အစိမ်းရောင် layer ကနေ ဆွဲနိုင်ပါပြီ။ ကလစ်လိုက်ပါနော်။
http://img249.imageshack.us/img249/8726/no1t.png
layer သစ်နဲ့ ပွဲသစ်စစို့ဗျာ။

amaung
05-23-2009, 03:26 AM
မူလပုံလေးက ဟိုလှည့်ဒီလှည့်ထားလို့ နေရာရွေ့နေရင် အောက်ကပုံလေးအတိုင်းပြောင်းပေးလိုက်ပါဦးဗျ။ ဒုကြီးဖြစ်နေရင်လည်း 3D wire frame ကို ပြောင်းလိုက်ပါဦးနော်။
http://img206.imageshack.us/img206/2436/no1w.png
ကဲဗျာ လေရှည်တာများသွားပြီဗျ။ ကျွန်တော်တို့လိုအပ်တဲ့ အလျှား ၂၀ အနံ ၅ အမြင့် ၁၃ ရှိတဲ့ BOX လေးကို အောက်ပါပုံအတိုင်းစဆွဲပါမယ်ခင်ဗျ။
l ကိုရိုက် enter ခေါက်ပြီး 32 ရိုက်ပြီး ပထမမျဉ်းရပါမယ်။ ဆက်ပြီး တခြားတစ်ဖက်ကို အောက်ကပုံအတိုင်း ထောင့်မှန်ချ ချင်တယ်ဆိုပါတော့ဗျာ။ ရပ်ချင်တာက မြှားအဆုံးမှာပေါ့ဗျာ။
http://img36.imageshack.us/img36/7145/no1x.png
ဒါပေမယ့် ကျွန်တော်တို့မှာ ထောင့်မှန်ကျကို ပြဖို့ မပြင်ရသေးပါဘူး။ အောက်နားက OSNAP ကို Right Click ပြီး အောက်ကပုံလေးအတိုင်းပြင်လိုက်ပါ။ ok တာနဲ့ ကျွန်တော်တို့ ထောင့်မှန် ကျမှာရပ်လို့ရပါပြီ။
http://img206.imageshack.us/img206/2042/no1z.png
ထောင့်မှန်ကျရာမှာ အောက်က ပုံအတိုင်းပေါ်နေပါပြီကလစ်လိုက်တာနဲ့ ထောင့်မှန်ကျရာအရပ်မှာ ရပ်လို့ ရသွားပြီခင်ဗျ။
http://img206.imageshack.us/img206/817/no1aa.png

amaung
05-23-2009, 03:46 AM
ခုအခါမှာတော့ အဖြူရောင်တွေကို ဖျောက်သင့်ပါပြီခင်ဗျ။ အောက်ကပုံလေးအတိုင်း အဖြူကိုဖျောက်ပါ့မယ်။ အဲ အဖြူဖျောက်ပြီး အဖြူကို ရွေးမိလို့ ငါ့ပုံလေးပျောက်သွားပြီ ဖြစ်သွားဦးမယ်ဗျနော်။ အဖြူကို မီးပတ်ပြီး အစိမ်းကို click မှ ဖြစ်မှာနော်။
http://img15.imageshack.us/img15/7430/no1bbl.pngလုပ်လိုက်ရင် ဒီလိုမြင်ရပါလိမ့်မယ်ခင်ဗျ။http://img7.imageshack.us/img7/5993/no1cc.png
ပိုနေတာလေးကို ဖြတ်ပါမယ်။ ကျွန်တော်ကြိုက်တဲ့ အစွန်းဖြတ်နည်းကတော့ tr ရိုက်ပြီး enter နှစ်ချက် ဆင့်ခေါက်ပါ။ ပြီးရင် ဟို ပိုနေတဲ့ကောင်ကို ဖြတ်ထုတ်လိုက်ပါ။(ကလစ်လိုက်ယုံနဲ့ ပြတ်သွားပါလိမ့်မယ်ခင်ဗျ။)
ဒီလိုလေးရပြီပေါ့နော်။
http://img13.imageshack.us/img13/4326/no1dd.png
ပြီးရင်တော့ ဆက်တာလေးကို မှတ်မိဦးမယ်ထင်ပါတယ်။ pe ကိုရိုက် m နဲ့ဘာညာ join လိုက်ပါတော့ ခင်ဗျာ။ တစ်လက်စတည်း အမြင့် 13 ရအောင် ext ဒုတင်လိုက်ပါဦး။ တစ်ခါတည်း ဖျောက်ထားတဲ့ အဖြူ layer လေးပြန်ဖေါ်လိုက်ပေါ့။ အဲဗျာ တစ်ဆက်တည်းပဲ အဖြူတည်းက အစိမ်းကို su ရိုက်ပြီး နှုတ်လိုက်တဲ့ အခါ လိုချင်တဲ့ ဒီပုံလေးရတာပေါ့ခင်ဗျာ။
http://img5.imageshack.us/img5/5328/no1v.png

amaung
05-23-2009, 04:07 AM
ဒီတစ်ခါတော့ အပေါ်ဘက်နံရံမှာ အပေါက်ကလေးဖေါက်မယ်ဗျ။ l ရိုက် enter ခေါက်ပြီး ၀ိုင်းပြထားတဲ့ midpoint မှသည် မြှားပြထားတဲ့ direction အတိုင်း 16 ရိုက်ပြီး လိုင်းဆွဲပါ့မယ်။
http://img29.imageshack.us/img29/4346/no1ee.png
လိုင်းအစွန်းမှာ အချင်းဝက် 3 ရှိတဲ့ စက်ဝိုင်းလေး ဆွဲပါ့မယ်။ c ရိုက်ပြီး enter ခေါက်ပါ။ center point မေးတဲ့အခါ အောက်က ပုံအတိုင်း ကလစ်ပြီး ရွေးပေးလိုက်ပါ။
http://img5.imageshack.us/img5/3091/no1ff.png
အချင်းဝက်မေးတဲ့ အခါ 3 ကိုရိုက် enter ခေါက်ခြင်းအားဖြင့် အောက်ကပုံကိုရပါတယ်။ ( တစ်ခါတစ်လေ ပေးထားတဲ့ အချင်းဟာ အချင်းဝက် တွက်ဖို့ ၂ နဲ့စားတဲ့ အပိုင်းကိန်းမျိုးဖြစ်တဲ့ အခါ diameter ပဲထည့်ရင် အဆင်ပြေအောင် d ကို ရိုက်ခြင်းအားဖြင့် diameter တန်ဖိုးကို တန်းထည့်လို့ ရပါတယ်ခင်ဗျာ။)
http://img5.imageshack.us/img5/6936/no1gg.png

amaung
05-23-2009, 04:28 AM
ရလာတဲ့ စက်ဝိုင်းကို -Z direction အတိုင်း အမြင့် ၅ တင်ပါ့မယ်။ အထူက ၅ ရှိတာကိုးဗျ။ ဒါပေမယ့် လိုရမယ်ရ ၁၀ တင်ကြည့်မယ်မှာ နှုတ်တော့လည်း ပိုတဲ့အပိုင်းက ပြတ်သွားမှာကိုးဗျ။ (-) အနှုတ် DIRECTION ဆိုတာကလည်း EXT လုပ်ရာမှာ တင်ရန်အမြင့်ရှေ့မှာ (-) လေးထည့်လိုက်တာပါ။ -10 ပေါ့ဗျာ။
ဒုတင်ပြီးတဲ့ အခါ အောက်က ပုံလေးအတိုင်း မြင်ရပါလိမ့်မယ်။ (မျဉ်းလေးကိုတော့ select ပြီး delete လုပ်ခဲ့ပြီနော်။)
http://img16.imageshack.us/img16/4351/no1hh.png
အဖြူထဲကနေ အစိမ်းကို su ရိုက်နှုတ်တဲ့အခါ အောက်က ပုံလေးအတိုင်းရလာပါတယ်။
http://img16.imageshack.us/img16/8643/no1ii.png
Gouraud shaded လုပ်ပြီး လှည့်ကြည့်ရင်တော့ ဒီလိုလေးတွေ မြင်နေရပါပြီ။
http://img12.imageshack.us/img12/9683/no1kk.png
http://img206.imageshack.us/img206/9458/no1jj.png
အပေါက်တွေပြီးပြန်တော့ အပိုတွေ ထပ်တပ်ကြတာပေါ့ဗျာ။ ခုတော့ တကယ်နားပြီဗျ။ မနက်ဖန်ပေါ့ဗျာ။

zaymyotun
05-23-2009, 12:58 PM
အခုလို. စနစ်တစ်ကျ အခြေခံကနေ.သင်ပေးတော့အများကြီးကျေးဇူးတင်ပါတယ်ဗျာ။အရင်တုန်းက ကျွန်တော်ဟာ Photoshop ဆို.တာကိုဘာမှန်းမသိပါဘူး အခု photoshop ကို မတောက်တစ်ခေါက်ဆွဲတတ်နေပါပြီး အစတုန်းက တော့ www.mmphotoshop.net မှာကြည်.ပြီး ဟိုလုပ်ဒီလုပ်ပေါ့ ဒါပေမယ်ဆရာမပြနည်းလမ်းမကျဆို.သလို. ဘာမှသေချာမသိခဲ့ပါဘူးဗျာ အဒီချိန်မှာပဲ မမိုးပြေးလေးက photoshop သင်းတန်းလေကိုစနစ်တကျ သင်ပေးထားတဲ့ ဖို.ရမ်လေးကိုတွေ.တော့ ၀မ်းသာသွားပြီး စနစ်တကျလိုက်သင်တဲ့အချိန်မှာတော့ photoshop ဆို.တာကိုသေချာသိခဲ့ပါပြီး။ အခုလည်း အဒီအတိုင်းပါပဲ auto cad ကိုအခြေခံက စပြီးစနစ်တကျသင်ပေး နေတဲ့ ဆရာကို ကံကောင်းစွာတွေ.ရတယ်အတွက်
အများကြီးဝမ်းသာပါတယ် ဗျာ ဒီထက်မက ပညာဗဟုသုတများတိုးပွားပါစေ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ ခင်မင်စွာဖြင်ဇေ

ကျွန်တော်အတွက်မရှိမဖြစ် ဖို.ရမ် www.myanmarengineer.org

amaung
05-23-2009, 03:33 PM
ဒီနေ့ ကျွန်တော်ဆွဲမှာကတော့ အောက်ကပုံလေးအတိုင်းပဲ မူလပုံကနေ သုံးမြှောင့်တုံးလေးထပ်ပေါင်းမှာပါခင်ဗျ။
http://img40.imageshack.us/img40/7486/no1ll.png
ဒီနေရာ ယေဘုယျအားဖြင့် ဆွဲနည်း နှစ်မျိုးရှိပါတယ်။ တစ်မျိုးက အရင်က ပြခဲ့သလို မူလပုံမှာ ထပ်ဆွဲမှာပါ။ ဒုတိယ တစ်မျိုးကတော့ သင့်တော်ရာ နေရာတစ်ခုမှာ ဆွဲပြီး ရွှေ့ပြီးမှ ပေါင်းမှာပါ။ ဒုတိယ တစ်မျိုးနဲ့ပဲ ပြပါ့မယ်။
ဒီတော့ ပထမ နေရာတစ်နေရာမှာ လိုချင်တဲ့ သုံးမြှောင့်တုံးကို ဆွဲမယ်။ ဒုတိယရွှေ့မယ်။ ပြီးမှ မူလ ဖရိမ်နဲ့ ပေါင်းလိုက်ပါမယ်။
ပထမ သုံးမြှောင့်တုံးကို ဆွဲရာမှာ နှစ်မျိုးခွဲနိုင်ပါသေးတယ်။ တစ်မျိုးက စတုဂံတုံး ဆွဲပြီးမှ ခြမ်းမယ်။ ဒုတိယ တစ်မျိုးက (UCS ကိုလှည့်ပြီး) ဒေါင်လိုက် တြိဂံဆွဲပြီး အမြင့်တင်လိုက်တာပါ။ လောလောဆယ် UCS တွေ မသုံးချင်သေးပါဘူး။ စာများသွားမှာ စိုးတာနဲ့ မသုံးမဖြစ်အခြေအနေလည်း မဟုတ်တာရယ်ကြောင့်ပါ။ ပြီးတော့ အတုံးလေးတွေ ရွှေ့တာလည်းပြောချင်လို့ပါ။ ကဲဗျာ ပြောရင်း ရှည်တောင် သွားပါပြီ။ စလိုက်ကြပါစို့ဗျာ။
အောက်ကပုံလေးအတိုင်း သင့်တော်ရာမှာ အလျား ၁၀ အနံ ၅ ရှိတဲ့ စတုဂံလေး ဆွဲလိုက်ပါခင်ဗျ။
http://img13.imageshack.us/img13/469/no1mm.png
ပြီးရင် pe ရိုက်ပေါင်းလိုက်ပါ။ အမြင့် (-)၁၀ ကို ext ရိုက်ပြီး ဒုတင်လိုက်ပါခင်ဗျ။ ရိုးရိုးအတိုင်း (အနှုတ်မဟုတ်လည်း) အမြင့်တင်လည်းရပါတယ်။ တင်ပြီးတဲ့အခါ အောက်ကပုံလေး အတိုင်းမြင်ရပါပြီခင်ဗျ။
http://img193.imageshack.us/img193/5644/no1nn.png
ဒါလေးကို တခြမ်းခြမ်းကြစို့ဗျာ။

amaung
05-23-2009, 03:53 PM
တခြမ်းခြမ်းရာမှာ sl ကိုရိုက်သုံးလို့ရပါတယ်။ ဒီပို့တွေ အစမှာ ကျွန်တော် ခေါ်စေချင်တဲ့ toolbox တွေကို ပြခဲ့ပါတယ်။ အဲဒီအထဲမှာ ပုံလေးတွေနဲ့ပြထားပါတယ်။ ကျွန်တော့်မှာ သေးသေးလေးတွေ upload ဖို့ မလွယ်တာ(အချိန်မရတာ)ကြောင့် icon လေးတွေနဲ့ မပြနှိုင်ပါဘူး။ စမ်းတာကြည့်တော့နော်။ လောလောဆယ် sl ကိုရိုက် enter ခေါက်လိုက်ပါ။ object ကို select ခိုင်းတဲ့အခါ ကျွန်တော်တို့ ခြမ်းချင်တဲ့ အစိမ်းတုံးကို ကလစ်လိုက်ပါခင်ဗျ။ enter ခေါက်တဲ့အခါ ဖြတ်နည်းတောက်နည်းတွေ မေးပါတယ်။ ကျွန်တော်အကြိုက်ဆုံးက အမှတ်(၃) မှတ်ပေးပြီး ဖြတ်ခိုင်းတာပါ။ default ကလည်း 3 point မိုလို့ enter ပဲခေါက်လိုက်ပါ။
first point တောင်းပါတယ်။ နောက်ထပ် နှစ်မှတ်ထပ်တောင်းပါတယ်။ အောက်ကပုံလေးအတိုင်း အစဉ်လိုက်လေး ၃ နေရာ သုံးချက် ကလစ်လိုက်ပါ။ ကလစ်အပြီးမှာ အောက်ကပုံလေးအတိုင်း မေးပါလိမ့်မယ်ခင်ဗျ။
http://img42.imageshack.us/img42/9747/no1oo.png
လိုချင်တဲ့ ဘက်ကို ရွေးပါဆိုတော့ ပုံဝဲခြမ်းကို ကလစ်လိုက်ပါမယ်။ ဒီပိုင်းယူမယ် ဟိုပိုင်းလွင့်ပေါ့ဗျာ။ ( section နဲ့ ခွဲကြည့်ချင်တဲ့ အခါမှာတော့ နှစ်ဖက်လုံးလိုလို့ b ကိုရိုက်ပြီး နှစ်ပိုင်းလုံးယူလေ့ရှိပါတယ်ခင်ဗျ။)
အောက်ပါပုံလေးအတိုင်း ရလာပါလိမ့်မယ်ခင်ဗျ။
http://img42.imageshack.us/img42/7414/no1pp.png
အ၀ါပြထားတဲ့ နေရာရဲ့ တစ်ဝက်ကို သူ့ကို ရွှေ့ဖို့လိုနေပါသေးတယ်ခင်ဗျ။

amaung
05-23-2009, 04:22 PM
ဒီအခါတော့ ကျွန်တော်တို့မြင်ချင်တဲ့ နေရာလေးဟာ လိုင်းနှစ်ခုထပ်ပြီး ကွယ်နေလို့ အပေါ်က tool လေးကနေ အောက်ပါပုံအတိုင်း မြှားပြထားရာကို မြင်ရအောင် လှည့်လိုက်ပါတယ်။
http://img196.imageshack.us/img196/2594/no1qq.png
ကဲဗျ ရွှေ့ရအောင်နော်။ move လို့ရိုက်ပြီး enter ခေါက်လိုက်ပါ။ object ကိုရွေးခိုင်းတဲ့အခါ အစိမ်းရောင်တုံးကို ကလစ်ပြီး enter ခေါက်လိုက်ပါ။ base point ရွေးခိုင်းတော့ အောက်က ပုံလေးမှာ ပြထားတဲ့ နေရာမှာ ကလစ်လိုက်ပါ။
http://img507.imageshack.us/img507/1227/no1rr.png
တစ်ဆက်တည်းပဲ အောက်က ပုံလေးအတိုင်းကလစ်လိုက်ပါ။
http://img20.imageshack.us/img20/6426/no1ss.png
ဒီအခါမှာတော့ အောက်ကပုံလေးအတိုင်းကပ်သွားပါပြီခင်ဗျ။
http://img20.imageshack.us/img20/6623/no1tt.png
နောက်ပို့မှာ ပေါင်းမယ်နော်။

amaung
05-23-2009, 04:32 PM
နှုတ်တာလေးကို မှတ်မိကြရဲ့လားတော့ မသိပါဘူး။ su ရိုက် ပြီး ရှေ့ကဟာထဲကနေ နောက်ကဟာကို နှုတ်တာလေ။ ပေါင်းတာကတော့ ဖလှယ်ရဂုဏ်သတ္တိရှိတယ်။
union ရိုက်ပြီး ENTER ခေါက်ပါ။ ပစ္စည်းတွေရွေးခိုင်းတဲ့ အခါ အစိမ်းကို တစ်ချက် အဖြူကို တစ်ချက် ဆက်တက် ကလစ်ပြီး ENTER ခေါက်ယုံနဲ့ ပေါင်းလို့ပြီးပါတယ်။ အောက်ကပုံလေးရပြီထားပါတော့ဗျာ။
http://img42.imageshack.us/img42/5288/no1uu.png
အစိမ်းရောင်ပြထားတဲ့ နှစ်ခြမ်းက လိုတာလေးတွေ ဖြည့်ရဦးမှာနော်။ ပိုစ့်က နောက်မျက်နှာကူးသွားလို့ မူလပေးထားတာလေးမေ့မှာစိုးလို့ ပြန်ပြလိုက်ပါတယ်။
http://img43.imageshack.us/img43/1262/no1u.png

papagyi
05-23-2009, 07:27 PM
အခုလို အချိန်ပေးပြီး ပညာတွေဝေမျှ ပေးတာ ..တန်ဖိုးရှိပါတယ်...
ဆက်ပေးပါဦး.... :)

amaung
05-23-2009, 07:29 PM
နက်ကျနေလို့ ပုံတွေ UPLOAD တင်မရဘူးဗျာ။ ရာသီဥတုကလည်း စိုထိုင်းထိုင်း။ ပျင်းပျင်းရှိရင် လျှောက်ရေးချင်နေတာပါပဲဗျာ ဆက်တင်မှာပါ။ စိတ်ဝင်စားတယ် ဖတ်တယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီခင်ဗျ။

amaung
05-23-2009, 07:50 PM
ကဲဗျာ နက်လေးကောင်းတုန်း ၀ဲဖက်အခြမ်းလေး ဆက်ဆွဲလိုက်ကြတာပေါ့နော်။
အောက်ကပုံလေးအတိုင်း အလျှား ၁၀ အနံ ၅ ရှိတဲ့ စတုဂံလေးကို ဆွဲလိုက်ပါဦးဗျ။ ပြီးရင် အဖြူ layer ကို ခဏဖျောက်လိုက်တာပေါ့ဗျာ။
http://img507.imageshack.us/img507/3823/no1vv.png
ပြီးရင် အချင်း ၁၀ နဲ့ ၅ စက်ဝိုင်း ၂ ခုကိုလဲ တစ်လက်စတည်းဆွဲလိုက်ပါဦးဗျ။ မလိုတဲ့အပိုင်းတွေကို ပန်းရောင် ကြက်ခြေတွေနဲ့ပြထားပါတယ်။
http://img5.imageshack.us/img5/6042/no1ww.png
သူတို့ကို tr enter enter နဲ့ ဖျက်လိုက်တဲ့အခါမှာတော့ အောက်က ပုံကိုရပါမယ်။
http://img20.imageshack.us/img20/8633/no1xx.png
သူ့ကို pe နဲ့ join ပြီး အမြင့် ၈ တင်ပါ့မယ်။ ပြီးရင် အဖြူ layer ကို ပြန်ဖေါ်ပါ့မယ်။ ပြီးရင် union လုပ်ပေါင်းလိုက်တဲ့ အခါ အောက်က (ကျွန်တော်တို့လိုတဲ့) ပုံကို ရပါပြီခင်ဗျ။
http://img27.imageshack.us/img27/3418/no1zz.png

amaung
05-23-2009, 08:30 PM
ညာဘက်ဘေးက အစွန်းကို ဆွဲပါ့မယ်ခင်ဗျ။ အောက်က ပုံမှာပြထားတဲ့အတိုင်း ပန်းရောင်က ၁၅၊ အ၀ါက ၂၂.၅၊ အနီရောင်က ၈ ဆွဲလိုက်ပါမယ်ခင်ဗျ။
http://img199.imageshack.us/img199/6530/13250722.png
အဖြူရောင်ကို ဖျောက်ပြီး အောက်က ပုံအတိုင်း ဆက်ဆွဲပါမယ်။ 10 အချင်းရှိတဲ့ circle နဲ့ ၂၂.၅ ၁၅ နဲ့ ၄၅ ရှိတဲ့ မျဉ်းသုံးကြောင်းပါဆက်ဆွဲလိုက်ပါမယ်။
http://img38.imageshack.us/img38/9379/43881900.png
ပြီးတော့ အနားထောင့်လေးနှစ်ဖက်ကို အချင်းဝက် ၈ နဲ့ လုံးချင်ပါသေးတယ်။ ( ရှည်ရှည်ဝေးဝေးဆွဲချင်ရင်တော့ လုံးချင်တဲ့အနားတွေဆီက လုံးချင်တဲ့ အချင်းဝက် အလျှားအတိုင်း မျဉ်းပြိုင်နှစ်ကြောင်းပြစ်ပြီး ဆုံမှတ်ကိုရှာ။ အဲဒီအမှတ်ကနေ circle သို့မဟုတ် arc ဆွဲ ပိုတာဖြတ်လို့လည်း ရနိုင်ပါတယ်။ ဒါပေမယ့် fillet ကို ပြောချင်သေးတာဗျ။)
f ကိုရိုက် enter ခေါက်လိုက်ပါ။ Polyline/Radius/Trim ဆိုပြီး တစ်ခုကို ရွေးခိုင်းပါတယ်။ r ကိုရိုက် enter ခေါက်လိုက်ပါ။ radius မေးပါတယ်။ 8 ကိုရိုက် enter ခေါက်လိုက်ပါ။ first object ဆိုပြီး တောင်းပါတယ်။ ကွေးချင်တဲ့ အနားနှစ်ဖက်က ပထမအနားကို ကလစ်ပါ။ second object ဆိုပြီးမေးပြန်ပါတယ်။ ဒုတိယအနားကို ကလစ်လိုက်ပါ။ အောက်က ပထမပုံမှာ ကလစ်ရမယ့် နေရာနှစ်ခုကို ပြထားပါတယ်။ ဒုတိယပုံက second object ရွေးအပြီးမှာ ရလာမယ့် result ပါ။
http://img196.imageshack.us/img196/8331/87838806.pnghttp://img196.imageshack.us/img196/2659/38557452.png
ုပြီးတာနဲ့ enter တစ်ချက်ထပ်ခေါက်ပါ။ enter တစ်ချက်ထပ်ခေါက်တာဟာ နဂိုက f ကိုပဲ ပြန်ညွှန်းပါတယ်။ အသစ်ရိုက်ရသက်သာတာပေါ့ဗျာ။ ဒီလိုနဲ့ပဲ အောက်ကပုံလိုဖြစ်အောင် ကွေးလိုက်ပါဦးခင်ဗျ။
http://img200.imageshack.us/img200/3421/10944651.png
သူ့ကို တစ်စုတည်းဖြစ်အောင် pe နဲ့ပေါင်းလိုက်ပါမယ်။ ပြီးရင် အမြင့် ၈ နဲ့ ဒုတင်ပါမယ်။ ပြီးရင် အလယ်က စလင်ဒါကို အပြင်ဘက်ထဲက နှုတ်ပါမယ်။ အောက်ကပုံလေးအတိုင်းရပါလိမ့်မယ်ခင်ဗျ။
http://img40.imageshack.us/img40/5674/21258431.png
အဖြူရောင် layer ကို ပြန်ဖေါ်ပြီး သူနဲ့ ပေါင်းလိုက်တဲ့ အခါ ဒီလိုလေးရလာပါမယ်ခင်ဗျ။
http://img32.imageshack.us/img32/2189/60585157.png
သူ့ကို section ခွဲ color ခြယ်လိုက်ရင် ပြီးသွားပြီပေါ့နော်။

amaung
05-23-2009, 09:01 PM
ရလာတဲ့ပုံကို အောက်ကပုံအတိုင်း ၃ မှတ်ပေးပြီးခြမ်းလိုက်ပါမယ်။ ( ခြမ်းတာလေးတော့ မှတ်မိဦးမယ်ထင်ပါတယ်။ sl ရိုက် ပုံကို ကလစ်ပေး၊ 3 Point ကိုရွေး သုံးမှတ်ကလစ်ပေးတာလေ။) ပြီးရင် နှစ်ဖက်လုံး ပေါ်စေချင်လို့ b ရိုက်ပြီး Both Sides နော်။
http://img40.imageshack.us/img40/3048/74106913.png
ဒီဘက်အခြမ်းကို ကလစ်ပြီး ညာဖက်ကို ဆွဲထုတ်လိုက်ပါတယ်။ အောက်မှာပြထားပါတယ်။
http://img40.imageshack.us/img40/11/93314935.png
တစ်ခါ ကျန်ခဲ့တဲ့ အပိုင်းမှာလည်း အောက်က သုံးမှတ်အတိုင်း sl လုပ်ပါ့မယ်။ both sides ပဲနော်။ ပြီးရင် အောက်ကို ဆွဲထုတ်လိုက်ပါ့မယ်။ ( ဒါနဲ့ဆွဲထုတ်တယ်ဆိုတာ ကလစ်ပြီး ပေါ်လာတဲ့ အပြာစွန်းလေးတွေကို ဖိဆွဲတာကိုပြောတာပါ။ မကျေနပ်သေးရင် Cont+z နှိပ်ပြီး ပြန်ရွှေ့ပေါ့ခင်ဗျာ။)
http://img268.imageshack.us/img268/1719/70492594.png
ပြီးတာနဲ့ ပုံတွေကို မြင်ကွင်းအပြည့်မြင်ချင်ရင် z enter a enter လုပ်ပြီး ကြည့်နှိုင်ပါတယ်။ အရောင်ခြယ်တာကတော့ အပိုင်းတစ်ပိုင်းကို ကလစ် အပေါ်က ByLayer မှာ အရောင်ချိန်းရင်ရပါပြီ။ တစ်ခုချိန်းပြီးရင် တစ်ခါတော့ ecs နှိပ်ဖို့ မမေ့ပါနဲ့နော်။ အောက်မှာတော့ ဒီလိုခြယ်လိုက်ပါတယ်။
http://img38.imageshack.us/img38/7729/13533889.png

amaung
05-23-2009, 09:11 PM
View >Sade>Gouraud Shaded ကနေ ပြောင်းပြီး လှည့်ကြည့်လိုက်မယ်ဆိုရင် အောက်ကပုံလေးတွေ ရလာပါပြီခင်ဗျ။
http://img200.imageshack.us/img200/9441/20680446.png
http://img38.imageshack.us/img38/3514/79213211.png
ကဲပုံတော့ဆွဲပြီးသွားပါပြီ။ ကျန်တာတွေကတော့ တခြားအစ်ကိုအစ်မတွေ ပြောထားတာတွေရှိပြီးသားပါ။ လိုက်ရှာဖတ်လိုက်နော်။ အခုဆွဲပြီးတာထိ အဆင်မပြောတာရှိရင် ပြောပါခင်ဗျ။ ကျွန်တော်လည်း စာမေးပွဲတွေရှိလို့ နားပါဦးမယ်ခင်ဗျ။ လာလာတော့ကြည့်ပါဦးမယ်။ အသစ်တင်ဖို့ပုံတော့ရှာတွေ့ပြီးပါပြီ။ ဒီဆွဲပြခဲ့တဲ့ပုံအဆင်ပြေတယ်ဆိုရင်တော့ ဆက်တင်တာပေါ့ခင်ဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်။ မှားတာရှိရင်လည်း ပြင်ပေးပါနော်။

papagyi
05-24-2009, 04:21 PM
ကို amaung ရေ..autocad နဲ့ ပတ်သတ်တဲ့ software links တွေ web site တွေ စုစုစည်းစည်း
ဖြစ်အောင်လို့ .. Great Autocad web site link ခေါင်းစဉ်အောက်ကို autocad 2002 post လေးကို
ပို့ပေးထားပါတယ်။.. :)

amaung
05-27-2009, 02:35 AM
ကျွန်တော့်အတွက် ဆွဲစရာပုံအသစ်လေးတွေကို stability09 က ရှာပေးလာပါတယ်။ သူပေးတဲ့ သုံးပုံဟာကိုဆွဲပြပေးပါမယ်ခင်ဗျ။ အောက်မှာ ပေးထားပုံနဲ့ ကျွန်တော်ဆွဲထားတဲ့ပုံတွေကို ယှဉ်ပြထားပါတယ်။ အထက်က ဆွဲပုံတွေကို လေ့လာထားသူတွေ(လိုက်ဆွဲသူတွေ)အတွက် ကြိုတင်စဉ်းစားလို့ ရအောင် တင်ပြလိုက်ပါတယ်။ မကြာခင်တစ်ပတ်အတွင်း ကျွန်တော်ကြိုးစားတင်ဆက်ပေးပါ့မယ်ခင်ဗျာ။
ဒီလိုပေးထားပါတယ်ခင်ဗျ။
http://img149.imageshack.us/img149/1824/94237076.png
ကျွန်တော်လက်ကမြင်းတော့ ဒီလိုလေးရပါတယ်ခင်ဗျ။
http://img149.imageshack.us/img149/3475/62348783.png

amaung
05-29-2009, 05:39 AM
ကဲဗျာ ပုံလေးကို စဆွဲကြပါစို့။
အောက်ကပုံမှာ ပြထားတဲ့အတိုင်း ISO view လေးချလိုက်ပြီး အလျှား ၅ အနံ ၂ ရှိတဲ့ စတုဂံလေးဆွဲလိုက်ပါတယ်။ l ရိုက် enter ခေါက်တာကစလို့ ပြောခဲ့ပြီးသားပါခင်ဗျ။
http://img36.imageshack.us/img36/651/15563091.jpg
ပြီးတာနဲ့ pe လုပ်ပြီး join ပါမယ်။ အမြင့် ၂.၅ ရအောင် ext လုပ်လိုက်ပါမယ်။ အောက်ကပုံလေးအတိုင်းရပါလိမ့်မယ်ခင်ဗျ။
http://img41.imageshack.us/img41/4066/11208147.jpg
ဒီခါမှာတော့ ညာမှ ဘယ်ကို တိုးဝင်သွားတဲ့ အခေါင်းပေါက်လေးတစ်ခု ဖေါက်ချင်တာပါ။ ပုံရဲ့ ယာဘက်မှာ စက်ဝိုင်းလေးဆွဲပြီး ထုတင်ဖို့စိတ်ကူးရှိပါတယ်။ ဒါ့ကြောင့် ဆွဲမယ့် မျက်နှာပြင်ဟာ အောက်ခံမျက်နှာပြင်မဟုတ်ဘဲ ထောင်လျှက်ဖြစ်ချင်လာပါတယ်။ အပေါ်က ပုံအတိုင်းပဲ ပထမ 3 လေးရေးထားတာလေးကို ကလစ်ပါမယ်။ (ဒီပုံလေးကို မတွေ့ရင် View>Toolbars>UCS မှာသွားကလစ်လိုက်ပါ။)
ပုံလေးကလစ်တဲ့အခါ Origin point ကိုတောင်းပါတယ်။ ကျွန်တော်ပြထားတဲ့ မြှားအစဉ်တိုင်း သုံးမှတ်ကလစ်ပေးလိုက်ပါ။ ပထမကလစ်တစ်ချက်ဟာ Origin ကိုပြပြီး၊ ဒုတိယတစ်ချက်က X-axis တတိယတစ်ချက်က Y-axis ကိုပြပါတယ်။

amaung
05-29-2009, 05:47 AM
ဒီခါမှာတော့ အောက်ကပုံလေးအတိုင်းရလာပါတော့တယ်ခင်ဗျ။ XYZ မြှားလေးတွေပြောင်းသွားတာကို သတိပြုစေချင်ပါတယ်။
http://img40.imageshack.us/img40/7614/93828348.jpg
စတုဂံတုံးရဲ့ အောက်ခြေမျက်နှာပြင်ရဲ့ အလယ်ကနေပြီး အပေါ်ကို အမြင့် ၁ အကွာမျဉ်းတစ်ကြောင်းထောင်ဆွဲပါမယ်။ မျဉ်းအဆုံးမှာ အချင်း 0.75 ရှိတဲ့စက်ဝိုင်းကို ဆွဲလိုက်ပါတယ်။ အောက်ကပုံလေးအတိုင်းရလာပါတယ်။
http://img29.imageshack.us/img29/5703/64052142.jpg
သူ့ကို -Z direction အတိုင်း အမြင့် 5 မြှင့်လိုက်ပါမယ်။ (ပေးထားချက်မှာ တွင်းဟာ ဘယ်လောက်နက်တယ်။ တိုးယိုးပေါက်မယ် စသည်ဖြင့်ပြောမထားပါဘူး။ ဟိုး ဘက်ထိပေါက်တယ် ယူဆပြီး ထုတ်ချင်းဖေါက်လိုက်ပါတယ်ခင်ဗျ။) အောက်ကပုံလေးအတိုင်းရပါလိမ့်မယ်ခင်ဗျ။
http://img8.imageshack.us/img8/5897/66330078.jpg

ဟိန်းလေး
05-29-2009, 12:55 PM
စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးပြီး သေသေချာချာ စနစ်တကျနဲ့ ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်တယ်
ဟိန်းလေးက လိုက်ဆွဲလို့တော့ရဘူး... :( လာတော့ကြည့်တယ် အဲလိုပုံလေးတွေကိုကြိုက်လို့
လိုက်ဆွဲလို့မရဘူးဆိုလို့ ရှင်းပြတာနားမလည်ဘူးထင်နေအုံးမယ်နော်
မဟုတ်ဘူး
Autocad မသုံးတတ်လို့ ;D ;D

amaung
05-29-2009, 05:08 PM
အမောင်လည်း ကောင်းကောင်းမသုံးတတ်ပါဘူးဗျာ။ တစ်ခါမှ မဆွဲဖူးသူတွေ လိုက်ဆွဲလို့ ရအောင်ပြောထားပါတယ်။ အစက ပို့စ်တွေကစလို့ နုတ်လေးထုတ်မှတ်ခဲ့မယ်ဆိုရင် ဆွဲတတ်မှာပါခင်ဗျာ။ စိတ်ဝင်စားတယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီခင်ဗျာ။ လာလည်တာကျေးဇူးပါခင်ဗျ။

amaung
05-29-2009, 05:20 PM
ခုခါမှာတော့ ကျွန်တော်တို့ ဆွဲသားမယ့် xy plane ကို ပြောင်းဖို့လိုနေပါပြီ။ ကျွန်တော်တို့ လိုချင်တဲ့ တွင်းကို ဖေါက်ပြီးပြီလေ။ ခုတော့ အောက်က ပုံလေးအတိုင်းပဲ UCS ကို လှည့်လိုက်ပါမယ်။
http://img241.imageshack.us/img241/6643/58792097.jpg
အောက်ကပုံလေးလို xyz တွေ ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်ခင်ဗျ။
http://img40.imageshack.us/img40/6898/34518315.jpg
ပုံရဲ့ ၀ဲဖက်ထောင့်လေးကနေ မျဉ်းလေးတစ်ကြောင်းဆွဲထုတ်လိုက်ပါတယ်။ မိမိနှစ်သက်ရာ အကွာအဝေးပေါ့ဗျာ။ မျဉ်းရဲ့ အဆုံးမှာ အချင်းဝက် 1.5 ရှိတဲ့ စက်ဝိုင်းလေးဆွဲပါတယ်။ အောက်ကပုံလေးအတိုင်းပေါ့ဗျာ။
http://img8.imageshack.us/img8/483/95417095.jpg

amaung
05-29-2009, 05:25 PM
စက်ဝိုင်းလေးကို z direction အတိုင်း အမြင့် ၄ ရှိတဲ့ ဆလင်ဒါအဖြစ်ဆွဲထုတ်လိုက်ပါတယ်။ အောက်က ပုံလေးအတိုင်းမြင်ရပါမယ်။
http://img33.imageshack.us/img33/1001/61712097.jpg
သူ့ကိုပဲ sl ကိုသုံးပြီး အမှတ် ၃ မှတ်ရွေးပေးပြီး ခြမ်းထုတ်လိုက်ပါတယ်။ (ရှေ့ကပို့တွေမှာ ခြမ်းပုံခြမ်းနည်းတွေ ပြောပြခဲ့ပြီးပါပြီခင်ဗျ။)
ဒီပုံလေးရလာပါလိမ့်မယ်။
http://img29.imageshack.us/img29/3641/23910053.jpg
သူ့ကို နေရာရွှေ့ဖို့ ကြိုးစားရပါဦးမယ်ခင်ဗျ။

amaung
05-29-2009, 05:31 PM
http://img41.imageshack.us/img41/5701/10562337.jpg
ဒီအပေါ်က ပုံလေးမှာ ပြထားတဲ့ အမှတ်လေးတွေကိုသုံးပြီး မျဉ်းနှစ်ကြောင်းဆွဲပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဆလင်ဒါခြမ်းကို ထောင့်မှန်စတုဂံတုံးအပေါ်ကို တင်ချင်လို့ ဖြစ်ပါတယ်။ ဒါက ကျွန်တော့်စိတ်ကူးပါလေ။ ကျွန်တော့်လိုမဟုတ်ဘဲ နှစ်ပွိုင့်ထပ်လို့ရမယ့် နည်းတွေ ရှိရင်လည်း ရကြမှာပါပဲ။ ခုတော့ ကျွန်တော်ဆွဲသလိုပေါ့ဗျာ။
move ကို သုံးပါမယ်။ ဆလင်ဒါခြမ်းကို ရွေးပေးပြီး ရွှေ့လိုတဲ့ နှိုင်းရအမှတ်ရွေးခိုင်းပါတယ်။ အောက်မှာ အစ်မ်းနဲ့ပြထားသလို နှစ်နေရာကလစ်လိုက်ပါ။
http://img40.imageshack.us/img40/374/58531374.jpg
အောက်ကပုံလေးအတိုင်း ထပ်မိလျှက်သားဖြစ်သွားပါတယ်။
http://img29.imageshack.us/img29/7111/37795534.jpg

amaung
05-29-2009, 05:39 PM
သူတို့နှစ်ခုကို union လုပ်ပြီး ပေါင်းလိုက်တဲ့ အခါမှာတော့ အောက်က ပုံလေးအတိုင်းရလာပါတယ်။
http://img8.imageshack.us/img8/2046/24756933.jpg
အောက်ကပုံလေးအတိုင်းပဲ အချင်းဝက် ၁ ရှိတဲ့ circle လေးတစ်ခုဆွဲလိုက်ပါတယ်။
http://img241.imageshack.us/img241/6550/10332199.jpg
သူ့ကိုလည်း z direction အတိုင်း အမြင့် ၄ တင်ပါတယ်။ အောက်ကပုံလေးအတိုင်းရလာပါ့မယ်။
http://img40.imageshack.us/img40/7229/45871325.jpg
အောက်ခံပုံထဲက ခုနပဲ ထုတင်လိုက်တဲ့ ဆလင်ဒါကို နှုတ်တဲ့အခါ အောက်ကပုံလေးရလာပါမယ်ခင်ဗျ။
http://img8.imageshack.us/img8/729/79943214.jpg

amaung
05-29-2009, 05:45 PM
ခုခါမှာတော့ ဆလင်ဒါနဲ့ ထောင့်မှန်စတုဂံတုံးကြားလေးတွေမှာ ကွေးချင်နေပါပြီ။ f ကိုရိုက် enter ခေါက်ပါမယ်။ အချင်းဝက်ပေး ကွေးမှာမို့ r ကို ရိုက်ပါတယ်။ ကွေးမယ့် အချင်းဝက်ကို တောင်းတော့ 0.25 ကိုရိုက်ပါတယ်။ ပထမမျက်နှာပြင်နားတောင်းပါတယ်။ အောက်က ပုံရဲ့ ပထမအစိမ်းမြှားစွန်း တစ်ခုကို ကလစ်လိုက်ပါ။ အချင်းဝက် ထပ်တောင်းရင် 0.25 ပေးပြီးသားမို့ ထပ်ရိုက်ချင်လည်းရိုက်၊ မရိုက်ချင်လည်း enter သာခေါက်လိုက်ပါ။ တတိယ မျက်နှာပြင်စွန်းတောင်းတဲ့အခါ ဒုတိယအစိမ်းမြှားပြထားရာကို ကလစ်လိုက်ပါ။
http://img33.imageshack.us/img33/9460/54111002.jpg
အဲလိုလေး ကလစ်ပြီးတဲ့အခါမှာတော့ အောက်က ပုံလေးအတိုင်းရလာပါလိမ့်မယ်ခင်ဗျ။
http://img29.imageshack.us/img29/3159/45418244.jpg
ဒီပုံမှာ အလယ်က ဆလင်ဒါလေးကို မနှုတ်ရသေးပါဘူးခင်ဗျ။

amaung
05-29-2009, 05:48 PM
အလည်က ဆလင်ဒါလေးကို နှုတ်ပြီး Gouraud shaded ကိုပြောင်း၊ 3D orbit နဲ့ ကြည့်လိုက်တဲ့ အခါမှာတော့ အောက်က ပုံလေးအတိုင်းရလာပြီပေါ့ခင်ဗျာ။
http://img41.imageshack.us/img41/7184/11231550.jpg
နောက်ထပ် ပုံတွေလည်း စောင့်မျှော်အားပေးပါလို့ ....

amaung
05-31-2009, 03:13 PM
နောက်တစ်ပုံအနေနဲ့ အောက်မှာပြထားတဲ့ အစိတ်အပိုင်းလေးတွေအရင်ဆွဲဖို့ ရှိပါတယ်။
http://img36.imageshack.us/img36/1371/newy.jpg
ပြီးရင် ပြန်ပေါင်းပါ့မယ်။ ဒီပုံလေးပေါ့ခင်ဗျာ။
http://img37.imageshack.us/img37/271/new2t.jpg

amaung
06-07-2009, 02:29 PM
ပေးထားချက်က အောက်ကပုံဖြစ်ပါတယ်ခင်ဗျာ။
http://img190.imageshack.us/img190/8613/new3k.jpg
အောက်ကပုံက မျက်စိရှုပ်အောင် လုပ်ထားတာ မဟုတ်ပါခင်ဗျ။ ကျွန်တော် အခြေတည်ဆွဲပြမယ့် အမှတ် ၈ မှတ်ကိုပြခြင်းဖြစ်ပါတယ်။

http://img193.imageshack.us/img193/9422/new4a.jpg
ဒီပုံမှာ UCS တွေ အများကြီးပုံမှာမို့ ရှေ့မှာပြခဲ့တဲ့ ပို့စ်တွေကို ကြေညက်ဖိုတော့ လိုပါလိမ့်မယ်ခင်ဗျ။ အမှတ် ၈ မှတ်ရဲ့ အကြာအဝေးတွေကို တွက်ချက်ထားစေချင်ပါတယ်ခင်ဗျ။ ပေးထားချက်ကတော့ အပေါ်ကပုံပါပဲခင်ဗျ။
တွက်ရင်းချက်ရင်း ဆွဲကြတာပေါ့ဗျာ။ ကျွန်တော်မှာ စာမေးပွဲတွေရှိလို့ နှေးနေနိုင်ပါတယ်။ ဒါပေမယ့် ပြထားတဲ့ပုံကိုတော့ ပြီးမြောက်အောင်ဆွဲမှာပါဗျာ။

amaung
06-07-2009, 02:30 PM
အပေါ်ပို့စ်မှာပြောခဲ့သလို အခြေခံ အမှတ် ၈ မှတ်ရဲ့ အကွာအဝေးတွေ ကျွန်တော်မှန်းနှိုင်ဖို့ အောက်ကပုံလေးအတိုင်းပဲ ဟိုရွှေ့ဒီရွှေ့လုပ်လိုက်ပါတယ်။
http://img341.imageshack.us/img341/5153/new5.jpg
ရလာတဲ့ အမှတ်တွေအရ အောက်က ပုံအတိုင်းဆွဲလိုက်ပါတယ်။
http://img341.imageshack.us/img341/6236/new6.jpg

amaung
06-07-2009, 02:32 PM
အောက်ကပုံလေးအတိုင်း layer လေးကိုရိုက်ပြီး new လိုက်ပါတယ်။
http://img194.imageshack.us/img194/5033/79836173.png
UCS က 3 point လေးကို သုံးပြီး အောက်ကပုံလေးအတိုင်း UCS ကို ပြောင်းလိုက်ပါတယ်။ မှတ်မိဦးမယ်ထင်ပါတယ်ခင်ဗျ။ ပထမအမှတ်က ORIGIN ဒုတိယမှတ်က X တတိယက Y ပါ။
http://img200.imageshack.us/img200/2515/84112138.png
UCS ကိုပြောင်းပြီးတော့ အောက်ကပုံလေးအတိုင်း ENDPOINT ကနေ အောက်ကို 10 အမြင့်ဆွဲချပါ့မယ်။
ုပြီးရင် LAYER အဖြူကို ဖျောက်ပြီး အစိမ်းကို အလုပ်လုပ်ဖို့ CURRENT ဖြစ်စေအောင် အောက်ပါအတိုင်းကလစ်ပါခင်ဗျ။
http://img194.imageshack.us/img194/2108/20810236.png

amaung
06-07-2009, 02:33 PM
ခုခါမှာတော့ အောက်ကပုံလေးအတိုင်း ယခင် မျဉ်းရဲ့ အဆုံးမှသည် အောက်ကို အလျှား 5 ရှိတဲ့ မျဉ်းလေးဆွဲပါ့မယ်ခင်ဗျ။
http://img171.imageshack.us/img171/5648/92277784.png
ခုခါမှာတော့ UCS ကို အောက်ပါအတိုင်းပြန်လှည့်လိုက်ပါတယ်။
http://img171.imageshack.us/img171/656/16619719.png
ပြီးရင် အဖြူ LAYER ကို ဖျောက်လိုက်ပါတယ်။ အောက်ကပုံလေးအတိုင်းမြင်လာပါ့မယ်ခင်ဗျ။
http://img25.imageshack.us/img25/7905/10050901.png

amaung
06-07-2009, 02:35 PM
မျဉ်းလေးကို အကြီးချဲ့ပြီး ပထမမျဉ်းရဲ့ အစွန်းမှာ အချင်း 5 ရှိတဲ့ စက်ဝိုင်းလေး ဆွဲလိုက်ပါတယ်။
http://img15.imageshack.us/img15/1886/28307127.png
ဒုတိယမျဉ်းရဲ့ အောက်မှာ အချင်း 10 ရှိတဲ့ စက်ဝိုင်းလေး ဆက်ဆွဲပါတယ်။
http://img197.imageshack.us/img197/4867/42025826.png
ပြီးရင် စက်ဝိုင်းအသေးကို အမြင့် 90 အမြင့်တင်ပါ့မယ်။ စက်ဝိုင်းအကြီးကို အမြင့် 80 တင်ပါ့မယ်။
http://img25.imageshack.us/img25/994/22036653.png

amaung
06-07-2009, 02:36 PM
အပေါ်က ပိုနေတဲ့ မျဉ်းတိုလေး နှစ်ကြောင်းကို ဖျက်လိုက်ပါတယ်။ ဆလင်ဒါ နှစ်ခုကို UNION လုပ်လိုက်ပါတယ်။ အဖြူကိုဖေါ်ပြီး VIEW မှာ GOURAURD SHADED လုပ်ကြည့်တဲ့အခါ အောက်က ပုံလေးအတိုင်းမြင်ရပါမယ်ခင်ဗျ။
http://img15.imageshack.us/img15/2357/74381028.png
ပြီးရင် 3D WIRE FRAME ကို ပြန်ပြောင်းပြီး။ COPY ကိုရိုက်ပါမယ်။ SELECT လုပ်ပါဆိုတော့ အစိမ်းကိုကလစ်ပြီး M ကိုရွေးပြီး MULTIPLE ကိုရွေးပါမယ်။ REFERENCE POINT ကို သူ့ရဲ့ အလည်မှာရွေးလိုက်ပါတယ်။ ပထမ ကူးယူပုံလေးကို အောက်ကပုံလေးမှာကြည့်ပါခင်ဗျ။
http://img194.imageshack.us/img194/8346/39117179.png
လေးဘက်လေးတန်ကူးကြည့်လိုက်တဲ့အခါမှာတော့ (မျဉ်းလေးတွေရဲ့ အလယ်လေးတွေကို လိုက်ကလစ်လိုက်တဲ့အခါ) အောက်ကပုံလေးတွေအတိုင်းမြင်လာပါတော့တယ်။
http://img268.imageshack.us/img268/6159/93473815.png
GOURAUD SHADED လုပ်ကြည့်တဲ့အခါမှာတော့
http://img13.imageshack.us/img13/738/61370777.png

amaung
06-07-2009, 02:37 PM
ပုံလေးကို ဆက်ဆွဲတာပေါ့ခင်ဗျာ။
အောက်က ပုံလေးအတိုင်း အလယ်မှတ်နှစ်ခုကို ဖြတ်ပြီး ပန်းရောင်မျဉ်းကို ဆွဲပါတယ်။
http://img194.imageshack.us/img194/6711/45531369.png
UCS ကို 3 POINT နဲ့အောက်ကပုံလေးအတိုင်း ပြောင်းလိုက်တဲ့အခါ
http://img35.imageshack.us/img35/1074/87862361.png
LAYER တွေကို အောက်ကပုံလေးအတိုင်း ပန်းကလွဲတာကို ဖျောက်ပြီး ပန်းနဲ့ဆွဲဖို့ပြင်ပါ့မယ်။
http://img375.imageshack.us/img375/7723/89167210.png
အပေါ်စွန်းကနေ အထက်ကို အမြင့် ၂၅ ရှိတဲ့မျဉ်းကို ဆွဲပါ့မယ်။
http://img23.imageshack.us/img23/1579/51083827.png
အ၀ါရောင် LAYER နဲ့ ဆွဲချင်လို့ အောက်ကပုံလေးအတိုင်း ၀င်ပြောင်းလိုက်ပါတယ်။
http://img266.imageshack.us/img266/6200/36577389.png
အပေါ်ဆုံးအစွန်းကနေ အောက်ဖက်ဆီကို အလျှား ၃၀ ရှိတဲ့ မျဉ်းလေးဆွဲချလိုက်ပါတယ်။
http://img13.imageshack.us/img13/8782/41014232.png
LAYER 3 ကို အောက်ကပုံလေးအတိုင်းဖျောက်လိုက်ပါတယ်။
http://img195.imageshack.us/img195/5171/20430467.png
ကျွန်တော်တို့ ဒီမျဉ်းလေးကို ရလာပါပြီခင်ဗျ။
http://img195.imageshack.us/img195/3185/53789283.png

amaung
06-07-2009, 02:38 PM
မျဉ်းလေးရဲ့ ထိပ်စမှာ အချင်း ၄၀ ရှိတဲ့ စက်ဝိုင်းနဲ့ အောက်စမှာ အချင်း ၅၀ ရှိတဲ့ စက်ဝိုင်းနှစ်ခုကို ဆွဲပါတယ်။
http://img191.imageshack.us/img191/8959/16481999.png
စက်ဝိုင်းသေးကို အမြင့် ၁၆၀ စက်ဝိုင်းကြီးကို ၁၀၀ ext ရိုက်ပြီး ထုတင်တဲ့အခါ အောက်ကပုံအတိုင်းရလာပါမယ်။
http://img208.imageshack.us/img208/7261/22981336.png
သူတို့ နှစ်ခုကို union ကို ရိုက် ပေါင်းလိုက်မယ်ဆိုရင် အောက်က ပုံလေးအတိုင်းရလာပါ့မယ်။
http://img91.imageshack.us/img91/8960/53498045.png
ပန်းရောင်လေးကို အောက်ကပုံလေးအတိုင်းပြန်ဖေါ်ပြီး ပန်းရောင်နဲ့ ဆက်ဆွဲပါ့မယ်ခင်ဗျ။
http://img375.imageshack.us/img375/434/64022520.png
ဆလင်ဒါရဲ့ အပေါ်စင်တာကိုပဲ အခြေပြုပြီး အချင်း ၄၀ နဲ့ ၅၀ ရှိတဲ့ စက်ဝိုင်းနှစ်ခုကို ဆွဲပါမယ်။
http://img23.imageshack.us/img23/3198/48741911.png
ထု ၃၀ စီတင်ပြီးတော့ အကြီးထဲကနေ အငယ်ကို နှုတ်လိုက်ပါမယ်။
http://img245.imageshack.us/img245/1979/10827755.png
ခုချိန်မှာတော့ အောက်က ပုံလေးအတိုင်း ပြီးနေရမှာ ဖြစ်ပါတယ်ခင်ဗျ။
http://img195.imageshack.us/img195/9545/50270288.png

amaung
06-07-2009, 02:39 PM
ပုံထဲက အတိုင်းပဲ အဖြုရောင်အနားရဲ့ အလယ်မှတ်ကနေ ယာဘက်ကို အလျှား ၆၅ ရှိတဲ့ မျဉ်းလေးဆွဲပါ့မယ်။
http://img266.imageshack.us/img266/884/84712411.png
အဖြူရောင် ထောင့်မှန်တုံးရဲ့ ထောင့်စွန်းတွေအရ UCS ကို အောက်ကပုံလေးအတိုင်းပြောင်းလိုက်ပါတယ်။
http://img15.imageshack.us/img15/8087/40060219.png
အမှတ်စွန်းကို ဗဟိုပြုလို့ အချင်း ၂၀ ရှိတဲ့စက်ဝိုင်းကို ဆွဲပါတယ်။
http://img375.imageshack.us/img375/2843/14946723.png
Z DIRECTION အတိုင်း အမြင့် ၁၀၀ လောက်တင်လိုက်ပါတယ်။
http://img208.imageshack.us/img208/200/12305167.png
ယခင်က CENTER မှာပဲ နောက်ထပ် အချင်း ၃၀ ရှိတဲ့ စက်ဝိုင်းလေးထပ်ဆွဲပါတယ်။
http://img245.imageshack.us/img245/5397/16451567.png
သူ့ကို ထုလေး ၄၀ တင်လိုက်ပါတယ်။
http://img245.imageshack.us/img245/5397/16451567.png
ပြီးရင် အပြင်ဘက် ပန်းကနေ အတွင်းက ပန်းကို နှုတ်လိုက်ပါတယ်။
http://img245.imageshack.us/img245/5397/16451567.png
ခုချိန်မှာ GOURAUD SHADED လုပ်ကြည့်မယ်ဆိုင်ရင်တော့ အောက်ကပုံကို ရလာပါမယ်ခင်ဗျ။
http://img261.imageshack.us/img261/9/25854916.png
ကျွန်တော်တို့အတွက် နည်းနည်းခေါင်းစားစေမယ့် အပိုင်းလေး ရောက်လာပါပြီးခင်ဗျ။
ဟောဒီအောက်က နှစ်ခုကို ဘောင်တန်းလေးနှစ်ခု ပစ်ဆက်ရမှာပေါ့ခင်ဗျာ။ ဒီနေ့တော့ နားဦးမယ်ခင်ဗျာ။
http://img191.imageshack.us/img191/3368/48056869.png

amaung
06-10-2009, 05:56 AM
နောက်အဆင့်ကို ဆက်ဆွဲဖို့အတွက် အခက်အခဲ တစ်ခုရှိနေပါတယ်။ အဲဒါကတော့ ပေးထားချက်မပြည့်စုံတာပါခင်ဗျ။ အောက်ကပုံလေးကို ကြည့်ပါခင်ဗျ။
http://img3.imageshack.us/img3/8324/84717739.png
အပြာဝိုင်းပြထားတဲ့ နေရာမှာ အမှားရှိနေပါတယ်ခင်ဗျ။ ပန်းရောင်မြှားနေရာစွန်းဟာ ဘေးက ကြည့်တဲ့ပုံမှာ မြင်ရသင့်တဲ့ အစွန်းကို ပြင်ဆွဲပြလိုက်ပါတယ်။
ဒီပေးထားချက်လိုတာကို ကျွန်တော်ပြင်ဆွဲလိုက်ပါ့မယ်ခင်ဗျာ။ လိုက်ဆွဲရတာလဲ အဆင်ပြေအောင်ပေါ့ခင်ဗျာ။

amaung
06-10-2009, 05:58 AM
ကဲဗျာ ခုပဲ စလိုက်ကြပါစို့ ....
အဆင့်တိုင်းလိုလိုမှာ UCS တွေ အပြောင်းများမှာမို့ တစ်ချို့အပိုင်းတွေကို ကျော်ခွပြီး အသေးမစိတ်တော့ပါဘူးခင်ဗျ။ သေချာတာကတော့ ပြောခဲ့ပြီးသား command တွေကိုပဲ ကျွန်တော်သုံးပါမယ်ခင်ဗျ။
ပထမဆုံး အောက်ကပုံလေးအတိုင်း layer တွေကို ဖွင့်ပိတ်လုပ်ပါ့မယ်ခင်ဗျ။
http://img188.imageshack.us/img188/9855/19756998.png
အနက်ရောင် layer ကိုသုံးချင်တော့ အနက်ရောင်ကို အရောင်ပြောင်းလိုက်ချင်ပါတယ်။ အောက်ကပုံလေးအတိုင်းပေါ့ဗျာ။
http://img199.imageshack.us/img199/6724/84311514.png
အောက်ကပုံလေးအတိုင်း UCS ကိုပြောင်းပါတယ်။ ကျွန်တော်ကတော့ 3 point နဲ့ပြောင်းတာပဲ ပြောခဲ့ပါတယ်။ ဒါ့ကြောင့်လည်း မူရင်း အဖြူဘောင်ကို မစွန့်ပယ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။http://img132.imageshack.us/img132/2373/24909364.png
ပြထားတဲ့ ပွိုင့်လေးမှာပဲ အချင်း ၃၀ ရှိတဲ့ စက်ဝိုင်းလေးဆွဲပါတယ်။
http://img190.imageshack.us/img190/6729/14526978.png
အောက်က ပုံလေးအတိုင်းပဲ မျဉ်းလေးတစ်ကြောင်းဆွဲပါတယ်။
http://img132.imageshack.us/img132/9602/66103992.png
အတော်လေးကို ရှုပ်ရှက်ခပ်သွားလို့ ရှင်းကြည့်ကြစို့ရဲ့ဗျာ။

amaung
06-10-2009, 06:00 AM
အောက်ကပုံလေးအတိုင်းပဲ လိုချင်တာလေးချန်ပြီး ကျန်တာတွေကို ဖျောက်လိုက်ပါတယ်ခင်ဗျ။
http://img413.imageshack.us/img413/8486/81176872.png
ဒေါင်လျက်မျဉ်းကနေ စက်ဝိုင်းဆီကို tangent မျဉ်းဆွဲချလိုက်ပါတယ်။ line enter နဲ့ ပထမအမှတ်ကို ကလစ်ပြီး ဒုတိယ tangent ကို ကလစ်ယုံပါပဲ။ tangent မပေါ်ရင် OSNAP ကို right click ပြီး setting ၀င်ပြီး tangent ကိုလည်း ပြပေးပါဗျာလို့ တောင်းဆိုလိုက်ပေါ့ ခင်ဗျာ။
http://img31.imageshack.us/img31/9311/69301024.png
အောက်အနားကနေပြီး နောက်ထပ်မျဉ်းတစ်ကြောင်း tangent ဆွဲချလိုက်ပါဦးမယ်ခင်ဗျ။
http://img188.imageshack.us/img188/6185/64460630.png
ပြီးတဲ့အခါ tr ကိုရိုက် enter နှစ်ချက် ဆင့်ခေါက်ပြီး မလိုတဲ့ အောက်က အပိုင်းလေးကို ကလစ်လိုက်ပါခင်ဗျ။
http://img44.imageshack.us/img44/1962/51219052.png
ပုံပါအတိုင်း အချင်း ၂၀ ရှိတဲ့ စက်ဝိုင်းလေးကို ဆွဲလိုက်ပါဦးခင်ဗျ။
http://img193.imageshack.us/img193/972/78967415.png
ပြီးရင်တော့ pe ကိုရိုက်ပြီး အားလုံးကို join လိုက်ပါခင်ဗျ။ join ပြီးတဲ့အခါ အမြင့် ၁၀ တင်လိုက်ပါခင်ဗျ။ အောက်ကပုံလေးအတိုင်းရလာပါမယ်ခင်ဗျ။
http://img44.imageshack.us/img44/2023/40304406.png
ပြီးတဲ့ အခါ အပြင်ဘက်ထုမှ အလယ်က ဆလင်ဒါကို su ရိုက်ပြီး နှုတ်လိုက်ပါခင်ဗျ။ Gouraud Shaded နဲ့ကြည့်ရင် ဒီလိုလေးမြင်မှ ဖြစ်ပါနော်။ မမြင်ရရင် control နဲ့ z တွဲနှိပ်ပြီး လိုချင်တဲ့အစတိုင် ပြန်ခေါ် ပြန်ဆွဲပေါ့ခင်ဗျာ။
http://img8.imageshack.us/img8/6672/75463301.png

amaung
06-10-2009, 06:01 AM
အားလုံကို ပြန်ဖေါ်လိုက်ပြီး UCS ကို အောက်ပါပုံအတိုင်း ပြောင်းလိုက်စေချင်ပါတယ်ခင်ဗျ။
http://img192.imageshack.us/img192/6204/27313192.png
move ကိုရိုက်လိုက်ပါခင်ဗျ။ ပစ္စည်းရွေးခိုင်းရင် အောက်ကပုံလေးကို ကလစ်ပေးလိုက်ပါခင်ဗျ။
http://img132.imageshack.us/img132/8633/29951699.png
point ရွေးခိုင်းတဲ့ အခါ ပစ္စည်းပေါ်က တစ်နေရာကို ကလစ်ပြီး ပုံပါအတိုင်း x direction အတိုင်းဆွဲထုတ်လိုက်ပါတယ်ခင်ဗျ။
http://img413.imageshack.us/img413/9748/40490504.png
ပြီးရင် ၅ ကိုရိုက်ပြီး enter ခေါက်လိုက်ပါခင်ဗျ။ ပုံပါအတိုင်း ၅ အကွာအဝေး ရွှေ့ပြီးဖြစ်ပါတယ်ခင်ဗျ။
http://img31.imageshack.us/img31/1483/50961252.png

amaung
06-10-2009, 06:02 AM
သူ့တပြုံလုံးကို ဒီဘက်မှာလည်း ရောက်လာစေချင်တယ်လေ။ (ဒါ့ကြောင့်မို့ ပေါင်းစဉ်မှာ ဒေါင်လျက် ဆလင်ဒါကို ကျွန်တော် ထည့်မပေါင်းခဲ့တာကို သတိရစေချင်ပါတယ်။)
MIRROR ကိုရိုက်ပြီး ENTER ခေါက်ပါတယ်။ ပစ္စည်းကို ရွေးခိုင်းတော့ အောက်ကပုံလေးကို ကလစ်ပါတယ်ခင်ဗျ။
http://img31.imageshack.us/img31/7316/16223407.png
MIRROR LINE အတွက် POINT ကိုမေးတော့ အောက်ကပုံလေးအတိုင်း ၂ မှတ်ကို ကလစ်ပေးလိုက်ပါတယ်ခင်ဗျ။
http://img191.imageshack.us/img191/4673/96214339.png
ဒီပုံလေးရသွားတာပေါ့ခင်ဗျာ။
http://img190.imageshack.us/img190/2272/97557297.png
ဒီခါမှာတော့ အလယ်က ဒေါင်လျက်ဆလင်ဒါကို ပေါင်းလိုက ပေါင်းနိုင်ပြီးဖြစ်ပါတယ်ခင်ဗျ။ union ကိုကလစ်ပြီး အောက်ကပုံအတိုင်း အလယ်ဆလင်ဒါနဲ့ ဘေးက အတွဲနှစ်ခုကို ကလစ်တဲ့ပြီး ပေါင်းလိုက်ပါတယ်ခင်ဗျာ။
http://img190.imageshack.us/img190/2200/81843306.png
ပုံကြီးက ပြတ်တိပြတ်တောင်းကြီး ဒီလို
http://img44.imageshack.us/img44/2561/58842630.png
ကြီးဖြစ်နေရင် ကလစ်ပြီး အရောင် ရွေးလိုက်ပေါ့ခင်ဗျာ။

amaung
06-10-2009, 06:03 AM
အနီရောင်ကို ရွေးလိုက်တယ် ဆိုပါစို့ခင်ဗျာ။
ဒီခါမှာလည်း အရင်လိုပဲ mirror ကိုသုံးပြီး ဟိုဘက်ဒီဘက် ခွဲချချင်ပါတယ်။ mirror ကိုရိုက် ပစ္စည်းလေးကို ကလစ်ပြီး mirror line ရဲ့ point တွေကိုလည်း အောက်ပါအတိုင်းပေးလိုက်ပါခင်ဗျ။
http://img190.imageshack.us/img190/9505/70099475.png
ဒီပုံရမယ်ပေါ့ခင်ဗျာ။
http://img149.imageshack.us/img149/434/39005568.png
UCS ကို အောက်ကပုံလေးအတိုင်း ပြောင်းလိုက်ပါတယ်။
http://img41.imageshack.us/img41/6267/51321396.png
mirror ကိုရိုက်ပြီး အောက်ကလိုင်းအတိုင်း ပွားလိုက်ပါခင်ဗျ။
http://img10.imageshack.us/img10/2949/72629653.png
ဒီပုံလေးကို ရလာပါတယ်ခင်ဗျ။
http://img192.imageshack.us/img192/4561/10182469.png

amaung
06-10-2009, 06:04 AM
mirror ကိုလည်း အလေ့အကျင့်ရသွားပြီမို့ အ၀ါရောင် ဆလင်ဒါကိုလည်း အောက်ကပုံလေးအတိုင်းသာ UCS ပြောင်းပြီး ပွားလိုက်ပါတော့ခင်ဗျာ။
http://img34.imageshack.us/img34/2589/64837314.png
အောက်ကပုံကတော့ ပွားပြီးသားပုံပေါ့ခင်ဗျာ။
http://img40.imageshack.us/img40/605/59137902.png
ပုံကို စဆွဲစမှာ အစိမ်းရောင် ဒေါင်လျက် ဆလင်ဒါ လေးခုဆွဲခဲ့ပေမယ့် တစ်ခုက အပေါက်ဖေါက်ဖို့ သုံးလိုက်ရတယ်လေ။ ဒါ့ကြောင့် ပြန်အလျော်ပေးပါဦးမယ်။ copy ကိုရိုက်ပြီး အောက်ကပုံအတိုင်း အစိမ်းရောင်ကို ကလစ်ပါခင်ဗျာ။
http://img149.imageshack.us/img149/4852/54637180.png
base point ကို အစိမ်းဆလင်ဒါ အလယ်ကို ရွေးပြီး ဟိုဘက်အလယ်ကို ကလစ်လိုက်ပါဗျို့။
http://img10.imageshack.us/img10/8668/76391440.png
ဒီမှာဆို ၄ ခုလုံးစုံသွားပြီပေါ့ဗျာ။
http://img192.imageshack.us/img192/475/22034645.png
Gouraud Shaded ကကြည့်မယ်ဆိုရင် ဒီလိုလေးတော့ မြင်နေရပြီပေါ့ဗျာ။
http://img41.imageshack.us/img41/7447/18825097.png

amaung
06-10-2009, 06:05 AM
UCS ကိုလည်း ပုံပါအတိုင်းပြောင်းလိုက်ပါတယ်။
http://img197.imageshack.us/img197/6431/43a.png
ဒီပုံလေးအတိုင်း layer တွေကို ပြောင်းလိုက်ပါတယ်။
http://img199.imageshack.us/img199/9535/94611908.png

နှစ်သက်ရာ ဆင်တူတစ်နေရာမှာ အောက်ကစက်ဝိုင်းလေးနှစ်ခု ဆင့်ဆွဲလိုက်ပါတယ်ခင်ဗျာ။
http://img192.imageshack.us/img192/2053/95759338.png
http://img34.imageshack.us/img34/5760/12547945.png
အဲဒီနှစ်ဝိုင်းကို မြင်ရအောင်သာ layer တွေကို ဖျောက်လိုက် လင်းလိုက်လုပ်ကြည့်တဲ့အခါ
http://img199.imageshack.us/img199/9769/64897580.png
စက်ဝိုင်းသေးကို (-)၁၃၀ စက်ဝိုင်းကြီးကို (-)၅၀ ext တင်တဲ့အခါ အောက်ကပုံကို ရလာပါ့မယ်ခင်ဗျ။
http://img196.imageshack.us/img196/5846/84842524.png
union လုပ်ပြီး ပေါင်းလိုက်တဲ့အခါမှာတော့ အောက်ကပုံလေးအတိုင်းရလာပါတော့တယ်ခင်ဗျာ။
http://img196.imageshack.us/img196/8180/82615409.png

amaung
06-10-2009, 06:06 AM
အောက်ကပုံလေးအတိုင်း layer ပြောင်းပြီး

http://img192.imageshack.us/img192/7049/10691848.png

UCS ကိုလှည့်လိုက်ပြီး mirror ပါတယ်။ (လိုင်းပါပြထားပါတယ်။) mirror မလုပ်ချင်က copy လုပ်ပါ။ copy ကလွယ်ပါတယ်။ mirror သဘောကို သိစေချင်လို့ mirror ပဲ လုပ်ပြလိုက်ပါတယ်ခင်ဗျာ။

http://img41.imageshack.us/img41/3610/13647189.png

ရလာတဲ့ နှစ်ခုကိုပဲ UCS ပြောင်းပြီး mirror လုပ်လိုက်ပါတယ်။ အောက်ကပုံလေးအတိုင်းပါခင်ဗျာ။

http://img35.imageshack.us/img35/5567/48428987.png

ခုအခါမှာတော့ အောက်ကပုံကို ရရှိပါကြောင်း။

http://img199.imageshack.us/img199/5171/96900922.png

amaung
06-10-2009, 06:13 AM
Gouraud Shaded လုပ်ကြည့်တဲ့အခါမှာ အောက်ကပုံလေးတွေအတိုင်းရလာပါတယ်ခင်ဗျ။

http://img35.imageshack.us/img35/1839/37465324.png

http://img199.imageshack.us/img199/3591/53942028.png

တစ်ပိုင်းချင်းစီကို အရောင်ခြယ်ကြည့်မယ်ဆိုရင်တော့

http://img199.imageshack.us/img199/4184/95346680.png

ကျွန်တော်ကတော့ ဆွဲပြီးပါပြီ။ လိုက်လံဆွဲသားတဲ့ ညီငယ်ညီမငယ်များ အဆင်မပြေတာရှိရင် ပိုစ့်နံပတ်အလိုက် မေးမြန်းနိုင်ပါတယ်။ ကျွန်တော်ပြန်ဆွဲကြည့်ပြီး ပြန်ဖြေပေးပါ့မယ်။
ကျွန်တော့်မှာ ဆွဲရတာအပြင် ပုံတွေရိုက်ရတာ၊ ဘယ်လိုပြောရမလဲ စဉ်းစားရတာနဲ့ ဖတ်သူမှာ ဆက်စပ်မရအောင် ဖြစ်သွားနိုင်ပါတယ်။ (ဆွဲရာမှာ မှားကောင်းမှားသွားနိုင်ပါတယ်။)
အဆင်မပြေမှုများရှိမယ်ဆိုရင်ပေါ့ဗျာ နောက်တစ်ခေါက်ဆွဲရတော့လည်း ဘာအရေးလဲဗျာ။ ဆွဲကြတာပေါ့ဗျာ။

amaung
06-12-2009, 10:18 PM
ရေးခဲ့သမျှ ပို့စ်တွေအားလုံးကို pdf လေးလုပ်ပေးလိုက်ပါတယ်ခင်ဗျာ။ မျက်နှာ ၆၀ ပါပါတယ်ခင်ဗျ။ ဆိုဒ်လေးက သေးတာရယ်ကြောင့် နက်အမြဲမသုံးဖြစ်သူတွေ၊ ကွန်နက်ရှင်နှေးနေသူတွေအတွက် ဒေါင်းပြီးဖတ်မယ်ဆိုရင် ပိုပြီး အစဉ်ပြေမလားလို့ပါခင်ဗျ။ နောက်ပိုင်းမှာလည်း ရေးဖြစ်သလောက်ကို ဒီလိုပဲ စုပေးပါ့မယ်ခင်ဗျာ။
http://img190.imageshack.us/img190/5967/titleoca.png
http://i275.photobucket.com/albums/jj293/PyaitSone/download-3.png
http://ifile.it/rfmw23k
(OR)
http://www.myanmarengineer.org/mefuploader/uploaded_files/mycollect.rar
(OR)
http://www.myanmarengineer.org/index.php?ind=downloads&op=entry_view&iden=13

http://i275.photobucket.com/albums/jj293/PyaitSone/size.png

2.22MB
စာကြည့်တိုက် ကို ဒီလင့် ကနေ သွားနိုင်ပါပြီ
http://www.myanmarengineer.org/forum/index.php?action=downloads;sa=downfile&id=242

papagyi
06-14-2009, 01:38 AM
ကို..amaung ရေ...တော်တော်..စေတနာထားလုပ်ထားပေးတာမြင်ရလို့...
ဝမ်းသာကျေးဇူးတင်ပါတယ်..mechanical drawing တွေက ဒီလိုစိတ်ရှည်လက်ရှည်နဲ့
tutorial ရေးပေးတာမျိုးရှားပါတယ်...ပညာကုသိုလ်တွေအများကြီးရပါစေနော်.... :)

thantsin9
07-30-2009, 09:42 AM
ပိုးစိုးပက်ဆက်ကျေးဇူးတင်တယ် ။ ထပ်ပေးပါအုံးနော်

zawzaw14
07-31-2009, 03:40 PM
နက်ကျနေလို့ ပုံတွေ UPLOAD တင်မရဘူးဗျာ။ ရာသီဥတုကလည်း စိုထိုင်းထိုင်း။ ပျင်းပျင်းရှိရင် လျှောက်ရေးချင်နေတာပါပဲဗျာ ဆက်တင်မှာပါ။ စိတ်ဝင်စားတယ် ဖတ်တယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီခင်ဗျ။


ကျေးဇူး အထူးတင်ပါတယ်။ အော်တို ကတ်ဆိုတာ Computer နဲ့ ပြလိုက်ရင် တစ်ထိုင်တည်း နားလည်ပေမဲ့  အခုလို စာနဲ့ ရှင်း ပြဖို့ ဆိုတာတော်တော်လေး အင်အားစိုက်ထုတ်ရပါတယ :e်။ ပြီးတော့ သူများနားလည်အောင် ၊ သူတို့ ငါပြောတာများ နားလည် ပါမလား မသိဘူး ဆိုပြီး ကိုယ်ရှင်းပြထားတာကို ၃ ခါ ၄ခါလောက်ဖတ်ပြီး စိစစ် ရတာအမောပါပဲ ။ ဘာပဲ ဖြစ်ဖြစ် ကို amaung ရဲ့ စိတ်ဓာတ်ကို လေးစားပါတယ်။ အားလည်း ပေးနေပါတယ်လို့  ၊ :)

minmin052
08-22-2009, 05:07 PM
အခုလို မိမိသိတာလေးတွေ ဝေမျှပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ ...
အခုလို project တစ်ခုကို အစကနေ တင်ပြပေးတာ အခုမှ စလုပ်သူများအတွက် တော်တော်လေးအဆင်ပြေပါတယ် ..
ကျနော်လဲ နောက်ကနေ တူတူလိုက်သင်မယ်နော် .. ကျေးဇူးပါ ။

ကျွန်တော်လည်းကျေးဇူးတင်ပါတယ်။ကျွန်တော်လည်းစလေ့ လာတဲ့ သူပါ။အခုလိုမျိုးရှင်းပြတော့ရှင်းပြတဲ့ သူလည်းပညာဒါနရပါတယ်။ကျွန်တော်လည်းအပြင်မှာသင်ရင်ကုန်မဲ့ ပိုက်ဆံမကုန်တော့ ဘူးပေါ့ဗျာ။ဟဲဟဲ။ :5: