PDA

View Full Version : 3ds max ပုံလေးတွေ တင်ကြရအောင်



papagyi
05-24-2009, 04:28 PM
3ds max နဲ့ ဆွဲထားတဲ့ပုံလေးတွေ တင်ပြီး...ပညာလေးတွေ..မျှဝေကြ..ဖလှယ်ကြရအောင်နော်..
..ဒါလေးက ကျွန်တော်..max 9 + vray + photoshop နဲ့ လုပ်ထားတာပါ။...

papagyi
06-11-2009, 03:30 AM
ဒါလေးကနောက်တစ်ခုပေါ့....ဝေဖန်နိုင်သလို..သိချင်တာလဲမေးပါ.. :)

teelay
06-28-2009, 12:05 AM
ဒါလေးကကျွန်တော့ရဲ့ပထမဆုံး Interiorစမ်းသပ်ချက်လေးပါ။vray render နဲ့ပါ။
သိသလောက်လေးနဲ့မှန်းလုပ်ထားတာပါ။website ၁ခုမှာတွေ့တဲ့ပုံလေးကို
သဘောကျလို့ပြန်ဆွဲထားတာပါ။မေးစရာလေးတွေပေါ်လာရင်လဲမေးခွင့်ပြုပါ။
3d max အကြောင်းသိပ်မသိသေးတာမို့ဘာမေးရမှန်းမသိသေးပါခင်ဗျာ။
ဆက်လက်လေ့လာနေပါသေးတယ်။ကို papagyi လိုပြန်ပြောပြနိုင်ဖို့ကြိုးစားနေဆဲပါ။ :(

papagyi
06-28-2009, 12:33 AM
ကောင်းတယ်ဗျာ... :)..များများသာတင်ပါ...ပညာယူရတာပေါ့..
အဆင်ပြေရင် ..rendering setting နဲ့ light လေးတွေ ဘယ်လိုလုပ်ထားတယ်ဆိုတာမျှဝေပေးပါဦး... :)
ကျွန်တော့်အမြင်မှာ တစ်ခုအကြံပေးချင်တာက ပြူတင်းပေါက်က လာတဲ့ light က နောက်ခံ background
က Exposure အတိုင်းဆိုရင် လင်းနေတာများနေသလိုပဲ...ဆိုလိုချင်တာက မိုးအုံ့ နေတဲ့ Exposure နဲ့ဆိုရင်
light intensity များနေသလားလို့...Sun ပါမှ ရမယ့် exposure လိုမျိုး ဖြစ်နေသလားလို့ပါ...
vray plain light တွေနဲ့ပဲသုံးထားသလားလို့... :).ပိုကောင်းအောင်အကြံပြုတာပါ... :)

papagyi
07-11-2009, 11:11 PM
ဒါလေးက ကျွန်တော့်ရဲ့  အလုပ်တစ်ခုအတွက် design လုပ်ပေးထားတဲ့
ရိုးရိုးရှင်းရှင်းရုံးခန်းလေးပါ။...

yan9
08-08-2009, 02:20 AM
mental ray နဲ့ပတ်သက်ပြီး ဖတ်မိတာလေးတွေကို စမ်းကြည့်ချင်တာနဲ့ ဒီပုံလေးကို mental ray renderer နဲ့လုပ်လိုက်ပါတယ်..
http://img31.imageshack.us/img31/1153/ca01cmentalrayrender.jpg
spot light တွေကနေ မီးရောင်ထွက်တာမျိုးကို mental ray နဲ့လုပ်ထားတာ ဖတ်မိလို့ စမ်းလုပ်ကြည့်တာ..
vray နဲ့ မလုပ်တတ်လို့..သိရင် ပြောကြပါအုန်း..
လူတွေကတော့ 2.5d rpc တွေပါ..mental ray renderer က rpc တွေအတွက် shadow ချမပေးဘူး..
final gather on ပြီး render လုပ်တာ နာရီဝက်တောင်ကြာတယ်..

papagyi
08-08-2009, 03:08 PM
ကောင်းပါတယ် yan 9 ရေ ...ကျွန်တော်က တော့ photoshop နဲ့ပဲ လုပ်တယ် အဲဒီလို effect တွေအတွက်..
ဒီမှာတော့  tutorial ရှိတယ် mental ray နဲ့ photoshop အတွက်... :)
http://www.redcultur.com/silkypixel/2008/06/08/3dsmax-glare-tutorial/

papagyi
08-10-2009, 02:08 AM
နောက် RPC shadow တွေအတွက် tutorial တွေဒီမှာရှိတယ်..ကျွန်တော်လည်းမစမ်းရသေးလို့ပါ..
http://www.archvision.com/TutorialsScripts_3dsmax-viz.cfm :)

ဟိန်းလေး
08-10-2009, 10:35 AM
မမခိုင် ကို ဟိန်းလေး ဒီနေရာကနေဖိတ်ခေါ်ပါတယ်
မမရဲ့ ပုံလေးတွေ ဒီနေရာမှာမြင်ချင်လို့ပါ် :2: :2: :2:

tinmyo
05-31-2010, 11:59 AM
ကျွန်တော့်ပုံလေးတွေလဲကြည့်ပြီး လိုအပ်တာရှိရင်လဲပြောပေးကြပေးဗျာ။photoshop နဲ့ ပြန်ပြီး edit တော့မလုပ်ရသေးဘူး။

tinmyo
05-31-2010, 12:16 PM
Hotel project rendering လေး တစ်ခုပါ

papagyi
05-31-2010, 11:12 PM
အတော်ကောင်းနေပြီပဲ ကိုတင်မျိုးရေ...များများသာတင်ပါ... :)
modeling နဲ့ material ပိုင်းတွေတော့ မဆိုးဘူးဗျ..
lighting ပိုင်းလေးတွေ သေချာလုပ် ဖို့ လိုဦးမယ်ထင်တယ်ဗျ..
Hotel ခန်းမှာ ဆို အပြင်က လာတဲ့ အလင်း ပေးထားတာရော....အခန်းထဲက environment ပိုင်းတွေပါ အလင်းအမှောင် လိုဦးမယ်ဗျ..
ပထမပုံက Classic furniture တွေက ကိုယ်တိုင်ဆွဲထားတာလား..ဆွဲပြီးသား ခေါ်ထည့်တာလား..ဆွဲတာဆိုရင်တော့ ကောင်းတယ်ဗျာ..
အဲဒီ ပုံမှာ ဆို ceiling က အလင်း ကျတာနဲ့..အဲဒီ ceiling မျက်နှာပြင်က မှောင်နေတာများနေတယ်..
နောက် ဘာသုံးတာလဲ...vray လား...mental ray လား..max version ဘာနဲ့လဲ အဲဒါလေးတွေပါထည့်ပေးပါနော်...
နောက် rendering setting က ဘာတွေ သုံးထားလဲ...အချိန်ဘယ်လောက်ကြလဲပေါ့.. :)
အရေးကြီးတာ တစ်ခုက Design ပေါ်လဲမူတည်သေးတယ်ဗျ...ပုံ ဆွဲဆောင်အားပေါ့ :)
ကျွန်တော်လုပ်ထားတဲ့ ပုံလေးတစ်ပုံတင်ပေးလိုက်ပါတယ်..
အခုပုံလေးမှာ ....Daylight သုံးထားတာရော...Artificial light တွေ ကစားထားတာရော သတိထား
လေ့လာလို့ရပါတယ်....

eagle1988
06-01-2010, 01:26 PM
ကိုတင်မျိုးပုံက realistic ဖြစ်တယ်လို့ထင်ပါတယ်
နောက်ပုံလေးတွေရှိရင်လည်း ကြည့်ချင်ပါတယ်။ :)