PDA

View Full Version : MICROSTATION



johnmoeeain
05-28-2009, 12:35 PM
ဒီနေရာလေးကနေ Microstation အကြောင်း အနည်းငယ် ဆွေးနွေးပါရစေ
ကျွန်တော့်အနေနဲ့ The Software Foundation to Design, Model, Visualize, Document, and Map Infrastructure Projects of All Shapes
and Sizes လို့ BENTLEY က ဆိုထားတဲ့ Microstation ကို ဂဃဂဏ တော့ မသိပါဖူး.. ကိုယ် သုံးမိသလောက်... တွေ့ရှိတာလေးတွေကို ရေးတင်ပေးတာပါ...
Microstation ကို သုံးတဲ့သူတွေ လေ့လာတဲ့သူတွေ ၀င်ရောက် ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါရစေ
ခင်မင်လေးစားလျက်
ဂျွန်မိုးအိမ်

johnmoeeain
05-28-2009, 12:48 PM
Microstation ကို Bentley အုပ်စုက ထုတ်တာပါ... Civil သမားတွေ အတွက် Design Software ဖြစ်တဲ့ STAAD PRO ထုတ်တဲ့ company ပါပဲ... ဒီတော့ Microstation ဟာ civil သမားတွေအတွက် ပိုပြီး favour ပေးထားတာတွေ ရှိပါတယ်....

Micro ဟာ ACAD နဲ့ မတူတာကတော့ ACAD လို command တွေ သုံးရတာမျိုး မဟုတ်ဘဲ... Toolbar တွေကနေ ခေါ် သုံးရတာပဲ ဖြစ်ပါတယ်.. (command တွေ အလွတ်မှတ်ထားစရာတော့မလိုတော့ဖူးပေါ့နော်)

နောက် Micro ဟာ Bentley က ထုတ်တဲ့အတွက် Bentley ရဲ့ ထုံးစံအတိုင်း နောင် Version တွေဟာ အရင် Version တွေနဲ့ တော်တော် ကွာခြားလာနိုင်တယ်လို့ ထင်ပါတယ်.. အရင်က Bentley ဟာ STAAD ကို စထုတ်ခါစမှလည်း မကြာခဏ version တွေ ထုတ်တိုင်း တစ်ခုနဲ့ တစ်ခု တော်တော်ကို ကွာခြားခဲ့တယ်လေ..... ဒါပေမယ့် Bentley ထုံးစံ မဖြစ်နိုင်တာ မရှိအောင် ရှာကြံ စဉ်းစားထားမယ့် Software လေး ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်...

johnmoeeain
05-28-2009, 01:14 PM
Microstaion ကို စလေ့လာခါစမှာ ပထမဦးဆုံး ကြုံရတဲ့ ပြသနာကတော့ ACAD တုံးကလို တစ်ခုခု ပြီးတိုင်း ESCAPE key ကို သွား နှိပ်မိတာပါပဲ
ESC key အစား Micro မှာက selection mode ကို သွားဖို့ F5 key ကို သွားနှိပ်ပေးရတယ်လေ.....
နောက် အများစုသော command တွေမှာ သူက ACAD လို command ကို အရင် မထည့်ရတာတွေ့ရပါမယ်... Selection ကို အရင်လုပ်ပြီးမှ လုပ်မယ့် procedure ကို ပေးရပါတယ်... သူ့မှာ တစ်ခု မျက်စိနှောက်စရာက သက်ဆိုင်ရာ Toolbar အလိုက် ရရှိလာတဲ့ Dialog box ငယ်လေးတွေပဲ ဖြစ်ပါတယ်.. သူရဲ့ အသုံးပြုတဲ့ ပုံစံတွေဟာ STAAD PRO နဲ့ တော်တော်ကို တူတာတွေ ရှိပါတယ်...

နောက် Microstation မှာက Add-in ပေးတဲ့ Fancility လေးတွေ များပါတယ်... ဥပမာ ကျွန်တော်တို့ Steel Structure တွေက I-Beam တွေကို ဆွဲမယ် ဆိုပါစို့...ACAD နဲ့ဆိုရင် ကိုယ်က Section အမျိုးအစားအလိုက် သက်ဆိုင်ရာ Specification တွေပေါ် မှီပြီး Manual လိုက်ဆွဲပေးနေရမှာလေ... Microstation မှာတော့ Steel Toolbar (ခု version တွေမှာတော့ မပါသေးဖူး.. Add-in နဲ့ download လုပ်ထည့်မှ ရမှာ) လေး တစ်ခု ထည့်လိုက်ရင် သက်ဆိုင်ရာ နိုင်ငံ code အလိုက် သုံးမယ့် Section တွေ (ဥပမာ.. W,I M, H,Channel... အစရှိသလို ) ရွေးလိုက်ရင်ကို readymade ဆွဲပြီးသား pedit လုပ်ပြီးသားလေးတွေ ရနိုင်ပါတယ်... ကိုယ်က section လေးတွေ ရွေးရုံပါပဲ... တနည်းအားဖြင့် Microstation ဟာ ကောက်စား လုပ်နိုင်တဲ့ နည်းပညာတွေနဲ့ user တွေကို ဆွဲဆောင်နေတယ်လို့ ထင်ပါတယ်...

နောက်တော့ ကျွန်တော် လေ့လာမိသလောက် ဆွေးနွေးပါ့မယ်နော်....

johnmoeeain
05-29-2009, 12:17 PM
Microstation ရဲ့ FUNCTION KEY တွေကတော့-
Work Space > Function Key မှာ ကြည့်နိုင်ပါသည်။
F1 - Help
F3 - Back up
F5 - Choose Element ( Tool တစ်ခုခုကို သုံးပြီးတိုင်း Selection ကို ပြန်သွားလိုလျှင်
AutoCAD တွင် ESC နှိပ်သည်နှင့် တူသည်)
F7 - Place Fence
F8 - Update View

၎င်းမှာ ရှိတဲ့ Menu တွေကတော့
1. File
2. Edit
3. Element
4. Setting
5. Tools
6. Utilities
7. Workspace
8. Window

အခုတော့ မဖြစ်မနေ မှတ်ရမယ့် shortcut လေးတွေပဲ ရေးတင်ပါ့မယ်.. နောက်တော့ apply လုပ်နိုင်တာလေးတွေ လေ့လာရင်း ရေးတင်ပေးပါ့မယ်....

johnmoeeain
05-29-2009, 12:22 PM
သိထားသင့်တဲ့ Short Cut Key တွေကတော့ -
Utilities > AccuDraw > Display Tab > Shortcut မှာ ကြည့်နိုင်ပါသည်။
1. New - Ctrl + N
2. Open - Ctrl + O
3. Close - Ctrl + W
4. Save - Ctrl + S
5. Save Setting - Ctrl + F
6. Print - Ctrl + P
7. Properties - Alt + Enter
8. Undo - Ctrl + Z
9. Redo - Ctrl + R
10. Cut - Ctrl + X
11. Copy - Ctrl + C & Shift + F5
12. Paste - Ctrl + V
13. Move - Ctrl + F5
14. Group - Ctrl + G
15. Ungroup - Ctrl + U
16. Lock - Ctrl + L
17. Unlock - Ctrl + M
18. Information - Ctrl + I
19. View Attribute - Ctrl + B
20. Level Display - Ctrl + E
21. Tool Boxes - Ctrl + T
22. Select All - Ctrl + A
23. Acs Icon - Alt + B
24. Erase, Delete - Alt + F5
25. Dynamic Pan - Shift + Data Point
26. Purge - Shift + F3

johnmoeeain
05-29-2009, 01:48 PM
Microstation အနေနဲ့ သိထားသင့်တဲ့ short cutr လေးတွေကတော့ AccDraw Window နဲ့ Data Point Key-in မှာ သုံးတဲ့ short cut လေးများ ဖြစ်ပါတယ်...
့AccDraw Window
Utilities > AccuDraw > Shortcut Key-in မှာ ကြည့်နိုင်ပါသည်။
1. Spacebar - Rectangular / Polar ပြောင်းရန် (Change Mode)
2. V or T - ACS အစောင်းနှင့် View အတည့် ညှိရန်
3. X - X axis ကို Lock လုပ်ရန်
4. Y - Y axis ကို Lock လုပ်ရန်
5. D - Distance ကို Lock လုပ်ရန်
6. A - Angle ကို Lock လုပ်ရန်
7. J - AccuSnap Mode ကို on/off လုပ်ရန်
8. M - Data point Key-in Window ဖွင့်ရန်
9. K - Snap Divisor
10. Esc - AccuDraw & Tool Setting Window
11. Enter - Smart Lock
12. O - Set Origin
13. V - View Rotation
Data Point Key-in တွင် သုံးသော option များ
Absolute - Zero origin မှ ယူသည် - x,y format
Delta - Current origin မှ ယူသည် - x,y format
View Delta - Normal View မှ ယူသည် - x,y format
Distance - Distance, Angle ပေးရန် - length,< format
ACS - ACS နေရာ မှ ယူသည် - x,y format
ACS Delta - Rotate လုပ်ထားသော ACS မှ ယူသည် - x,y format

(ဒီ shortcut လေးတွေ အကုန်သိရင်ကို Microstation ကို ကောင်းကောင်း သုံးလို့ရပြီ ဖြစ်ပါတယ်..
ကျန်တဲ့ အပိုင်းများကိုတော့ ကျွန်တော် နောက်နေ့မှ ရေးတင်ပါ့မယ်နော်...)

johnmoeeain
06-03-2009, 08:50 AM
ဒီနေ့တော့ ကျွန်တော် Microstation ကို စသုံးရမယ့် လမ်းကြောင်းလေး ရေးတင်ပါ့မယ်
Micro က သူ့ကို စတင်ဖို့ဆိုရင် ကိုယ့်ရဲ့ File ထားဖို့ နေရာ ပေးရပါတယ်...

Microstation Manager > Workspace > User / Project / Interface မှာ သွားပြီး နေရာ တစ်ခု ပေးရပါတယ်.. လုပ်ရမှာတွေကတော့...

User > ကို ဆွဲထုတ်လိုက်ပြီး > Name ပေး ပြီး > OK > OK
Project > ကို ဆွဲထုတ်လိုက်ပြီး > Name ပေး ပြီး > OK > OK
Interface > ကို ဆွဲထုတ်လိုက်ပြီး > Name ပေး ပြီး > OK > OK လုပ်ရုံပါပဲ... လိုအပ်တဲ့ Description လေးတွေ ရေးပေးထားနိုင်ပါတယ်...

နောက် ပြုလုပ်လိုက်တဲ့ Project Folder > Seed Folder ကို current ထားပေးရပါမယ်

Microstaion Manager > File > New > File name တစ်ခု အရင်ပေးပြီး Select လုပ်ပေးလိုက်ရင်
သူ့ရဲ့ file type ဖြစ်တဲ့ .dgn file နဲ့ file တစ်ခု တည်ဆောက်ပြီးပြီ ဖြစ်ပါတယ်....

johnmoeeain
06-03-2009, 09:00 AM
Microstation ဟာ ACAD လိုပဲ စရမယ့် လမ်းကြောင်းလေးတွေ တူပါတယ်...သုံးရပုံလေးတွေပဲ ကွာခြားသွားတာ ဖြစ်ပါတယ်...

Setting Menu > Design File > Working Unit > Master Unit / Sub Unit တွေ ပေးပြီး Unit သတ်မှတ် ပေးရပါတယ်..
တစ်ခု မှတ်သားသင့်တာကတော့ သူက Real World Unit ကို သုံးတာပါ.. FPS, SI unit ကြိုက်သလို သုံးနိုင်တယ်..
Etabs သုံးသလို ကိုယ် ဘယ် unit နဲ့ သုံးနေလဲဆိုတာတော့ သိထားရမယ်ပေါ့လေ...

နောက် Unit တွေကို Category ခွဲပြီး format ပေး ရပါတယ်...
Setting Menu > Design File > Coordinate Readout > Format > Master Unit / Sub Unit / Working Unit တွေ ပေးရတာပါ...

သူ့ရဲ့ unit တွေကို သုံးရတဲ့ ပုံကတော့ Sub Unit ရှေ့မှာ : ဆိုတာလေး ထည့်ပေးရပါတယ်.
ဥပမာ ကိုယ့်ရဲ့ master unit က feet ဖြစ်ရင် 1'-6" ဆိုရင် 1:6 ပေါ့လေ..

johnmoeeain
06-03-2009, 09:53 AM
ဒါလေးကတော့ သိထားသင့်တဲ့ မှတ်စုတိုလေးတွေပါ
Scroll Bar ဖျောက်လိုလျှင် Window > Scroll Bars > Uncheck လုပ်ပါ..
Tool Setting Window ကို အလုပ်လုပ်စဉ် ဖျောက်လိုလျှင် Primary Tool Box > Propset > Enable or Disable
ACS Triad ကို မူလ zero origin သို့ ရွှေ့လိုလျှင် Utilites > Auxillary Coordinate > Origin ကို zero ထားပါ
Auto Save ပေးရန် Workspace > Preference > Operation > Save Setting on Exit ကို check ပါ
Back up file သိမ်းရန် Workspace > Configuration > MS Backup > Select > သိမ်းမည့် Folder ကို ညွန်းပါ
Background Color ကို black ပြန်ပြောင်းလိုလျှင် Setting > Color Table >> File > Open > color.tbl > Apply
Tool Box များကို အကြီးအသေး ပြင်လိုလျှင် Workspace > Preference > Look and Feel > Tool Size ပေးပါ
Tool Box များကို Customizing လုပ်လိုလျှင် Workspace > Customize > Tool Frame Tabs>> မှ လုပ်ပါ…
Aperture (အကွင်းငယ်) size ကို ပြင်လိုလျှင် Workspace > Preference > Input > Lock Tolerance > 10
Zoom & Pan များကို mouse ဖြင့် အလွယ်တကူ ပြင်လိုလျှင် Workspace > Preference > Mouse တွင် setting ပေးပါ

ခေါင်းစဉ် တွင် -ွ ပိုနေသဖြင့် ပြင်ဆင်ခြင်း

johnmoeeain
06-10-2009, 01:53 PM
Mircrostation မှာ ပုံဆွဲတဲ့အခါ.. AutoCAD ကို အချိန်တော်တော်ကြာ ရင်းနှီးခဲ့တဲ့ ကျွန်တော်တို့လို လူတွေအတွက် စစချင်း ပြသနာကတော့ လက်တစ်ဖက်ကနေ command တွေကို ရိုက်ထည့်ချင်တာပါပဲ..

တဖြည်းဖြည်းနဲ့ toolbar လေးတွေကနေ ခေါ်သုံးတာကို အသားကျအောင် အရင် လုပ်ရတော့တာပါပဲ....

Microstation မှာ အများဆုံး သုံးရတဲ့ toolbar လေးတွေကို Main Toolbar ကနေတဆင့် ထပ်ခွဲပြီး (drag ဆွဲထုတ်ပြီး) ခေါ်ယူနိုင်ပါတယ်..

Main Tool Bar ကနေ ထပ်ခွဲပြီး ခေါ်လို့ရတာတွေကတော့

Element Selection > Element Selection / Power Selector ဆိုပြီး ရှိရာ... select ကောက်ယူဖို့.. အသေးစိတ် ခွဲခြားပေးထားပါတယ်....
Fence ဒါကတော့ ကိုယ့်အနေနဲ့ ဘောင် တစ်ခု သတ်မှတ်ပြီး ထို ဘောင်အတွင်းကနေ၄င်း၊ ဘောင်ကို ထိစပ်တာတွေကို ၄င်း၊ ဘောင် အပြင်ကကို ၄င်း.. လိုချင်တဲ့ အခြေအနေတွေကို ရွေးပေးပြီး Place/ Modify/ Manipulate/ Delete/ Drop လုပ်တာ ဖြစ်ပါတယ်.. ACAD မှာ သုံးတဲ့ Stretch ကို ဒီနေရာမှာပဲ သုံးနိုင်ပါတယ်.. တစ်ခု ရှိတာက snap ကို ဖမ်းမရတော့ Otrack ဖမ်းပြီး stretch လုပ်ပေးနေရတာပါပဲ... သုံးတတ်ရင် ဒီ Fence ကနေ အကျိုး တော်တော် ရှိနိုင်ပါတယ်... နောက် Toolbar တွေကတော့
Points
Arc
Ellipse
Tag
Text
Group
Cells
Measure
Dimension
Attribute
Manipulate
Modify

စတာတွေပဲ ဖြစ်ပါတယ်... Ctrl + T နဲ့ Tool bar တွေကိုလည်း ခေါ်တင်နိုင်ပါတယ်.. ထို toolbar လေးတွေကမှ တဆင့် သက်ဆိုင်ရာ command လေးတွေကို ခေါ်ယူ သုံးပေးရပါတယ်.... ကျန်တဲ့ toolbar တွေကလည်း.. အဆင့်ဆင့် command လေးတွေကို ထပ်ခွဲပေးထားပါတယ်...

ဒီနေရာမှာ တစ်ခုရှိတာကတော့ ကိုယ်သုံးမယ့် command အလိုက် selection တွေ အရင်ပေးရတာနဲ့ မပေးရတာပါပဲ... တော်တော် များများကတော့ selection အရင်ပေးပြီးမှ command ပေးမယ့် tool ကို ခေါ်သုံးရတာပါ.. Move Parallel ကဲ့သို့ tool မျိုးဆိုရင်တော့ ကိုယ့် လုပ်ချင်တဲ့ data တွေကို အရင်ပေးပြီးမှ element ကို select လုပ်ပေးရပါတယ်......

johnmoeeain
06-10-2009, 02:12 PM
Microstation မှာ မိမိ ရေးဆွဲထားတဲ့ Element ရဲ့ Property တွေကို ပြန်ပြီး modify လုပ်ဖို့က နည်းနည်း စဉ်းစားရ ခက်စေပါတယ်..
ဥပမာ.. ACAD မှာတုန်းက ကျွန်တော်တို့အနေနဲ့ object တစ်ခုကို double click လုပ်လိုက်ရင်ကိုပဲ သက်ဆိုင်ရာ property dialog box ပေါ်လာပြီး လိုချင်တဲ့ အချက်တွေကို သွားပြီး ပြုပြင်နိုင်ပါတယ်....
Microstation မှာကတော့ ဘယ် အခြေအနေမှာ ဘယ် toolbar ကို သွားသုံးရမလဲဆိုတာကို သိထားရပါတယ်..
(သူ့ Toolbar တွေက နည်းနည်းနှောနှောမှ မဟုတ်တာ)
Example တစ်ခုအနေနဲ့ ဆိုရရင်... Dimension Toolbar ကိုပဲ ခေါ်ရင်ဖြင့် နောက်ထပ်.. Linear Dimension / Angular Dimension / Radial Dimension/ Misc Dimension ဆိုပြီး နောက် Toolbar လေးခု ထပ် ခေါ်နိုင်ပါတယ်.... toolbar တစ်ခုစီမှာကို သုံးနိုင်တဲ့ fancility က တော်တော် များပါတယ်... ဆင့်ပွား Toolbar လေးတွေ ခေါ်နိုင် မခေါ်နိုင်ဆိုတာကတော့ Ctrl + T နဲ့ Toolbox ကို ခေါ်တင်တဲ့အခါ ဆင့်ပွား ခေါ်နိုင်တာဆိုရင် Bold လုပ်ပေးထားပါတယ်....

johnmoeeain
06-16-2009, 01:30 PM
AutoCAD Drawing တစ်ခုကို Microstation ကို ခေါ် သွင်းတဲ့အခါ ပထမဦးစွာ... CAD font များကို သွင်းပေးရပါတယ်....

လုပ်ရမယ့် procedure တွေကတော့......
ွှWorkspace > Configuration> Category ~ All > MS_DWGFONTPATH > Select Button> AutoCAD Folder~ Font ကို ရွေးပြီ... OK ~ Yes

မှတ်ချက်....
Current Workspace မှာသာ မကပဲ.... New Workspace သုံးတိုင်း... Font path ကို ပြန်လည် ဖော်ပြပေးရပါမယ်....

Text Style များကိုတော့ Element > Text Style ကနေ သွားပြီး အသစ်လုပ်ပေးနိုင်ပါတယ်...
Ctrl + T မှ Text Tool Box ကို ခေါ်တင်ပြီး သုံးနိုင်ပါတယ်....

Place Text Tool ကတော့ text စာများ ရေးသားဖို့ ဖြစ်ပါတယ်...
Place Node ကတော့ Dimension Leader များ တပ်ဖို့ ဖြစ်ပါတယ်..
Edit Text ကတော့ ရေးထားပြီးသော စာများကို modify ပြန်လုပ်ဖို့.. ပြုပြင်ဖို့ ဖြစ်ပါတယ်...
Spell Check ကတော့ စာလုံးပေါင်း အမှား စစ်ရန် ဖြစ်ပါတယ်... မှန် မမှန်ကို Dialog Box အောက်နားမှာ ပြန်ကြည့်နိုင်ပါတယ်...
Display Text Attribute ကနေ Text တွေရဲ့ property ကို သိနိုင်ပါတယ်... Dialog Box အောက်နားမှာ Text height, Font, Size ... စတာတွေ ပြန်ကြည့်နိုင်ပါတယ်...

johnmoeeain
06-17-2009, 03:02 PM
ဒီနေ့တော့ မနေ့က Text Tool Box အဆက်ကို ရေးပါ့မယ်...

Match Text Attribute ---> Old Text တစ်ခုရဲ့ setting ကို ကူးယူုဖို့ပါ... (ကျွန်တော်တို့... Widow မှာ brush ပုံ icon လေးနဲ့ ကူးသလိုလေ.)
Change Text Attribute ---> Old Text တစ်ခုကို Active Setting ပြောင်းတာပါ..
Place Text Node ---> စာရေးမယ့် နေရာ တစ်ခုကို ကြိုတင် တေးမှတ်ထားတာပါ...

johnmoeeain
06-17-2009, 03:20 PM
Microstation မှာ အသုံးပြုသော Font များ ကတော့
------> Microstation Font, True Type Font (TTF), ACAD Font များ ဖြစ်ပါတယ်...

ACAD Font ကို ခေါ်သွင်းရန် ကတော့ အရင်က ရေးခဲ့ပါတယ်...
Workspace Menu > Configuration > Variable ~ MS_DWGFONTPATH ကို ရွေးပြီး Select Button ကို နှိပ်ကာ ACAD ရှိတဲ့ င်္Folder မှာ Font Folder ကို ရွေးပြီး ခေါ်တင်ရပါတယ်....

Text Style များ လုပ်ရန်
Element Menu > Text Style > File ~ New မှ လိုအပ်သလို Setting များ ပေးပေးရပါတယ်...
Style ကို Parent Style မှ Child Style များ ထပ်ခွဲ သုံးနိုင်ပါတယ်....

တခြား dgn file တစ်ခုခု မှ Text Style များ Import သွင်းရန်
Element Menu > Text Style > File ~ Import မှ သွင်းလိုသော dgn file ကို ရှာပြိး ရွေးပေးရပါတယ်...

Find & Replace နဲ့ စာတွေ ချိန်းရအောင်
Edit Menu > Find /Replace Text > Change ~ Replace နဲ့ change ၇ပါတယ်...
Replace က အစားထိုးတာဖြစ်ပြီး Append ကတော့ ရှိပြီးသာ စာနောက် ထပ်ဖြည့်တာ ဖြစ်ပါတယ်... Prepend ကတော့ ရှိပြိးသား စာရှေ့ကနေ ထပ်ဖြည့်တာ ဖြစ်ပါတယ်....

johnmoeeain
06-19-2009, 01:56 PM
ှSteel Structure တွေကို လွယ်လွယ်ကူကူ ဆွဲနိုင်ဖို့ Plug-in လေးပါ

လုပ်ဆောင်ရမယ့် procedure တွေကတော့

1) Zip File ထဲက file လေးတွေကို copy ကူးပါ..
2) Bentley/MicroStation/mdlapps directory အောက်မှာ Paste လုပ်ပါ...
3) Utilities Menu > Key-in > မှာ mdl load steel လို့ ရိုက်ထည့်ပါ....
4) Ctrl + T နဲ့ Tool Box ကို ဖွင့်ကြည့်ရင် "Steel" ဆိုတဲ့ Toolbar လေး တစ်ခု တိုးလာပါလိမ့်မယ်......

အံ့သြဖွယ် readymade လေးတွေ ခံစားရမှာပါ....

jarmoe
07-15-2009, 05:46 PM
အကိုရေ...
mircostationsteel plug-in က တင်လို့တော့ ရသွားပြီ အကို။သုံးရတာလည်း အဆင်ပြေပါတယ်။
ဒါပေမယ့် ctrl + T ( Toolbox ) ထဲ မှာ steel bar မပါဘူးဖြစ်နေတယ်။ Key-in ထဲ က ရိုက်ရင်တော့ အဆင်ပြေပါတယ်။
အဲဒါလေ - ကျွန်တော် ဘာများ လိုအပ်လို့လဲဆိုတာ မသိဘူး ဖြစ်နေလို့ပါ။
ကျေးဇူးလေး ပြုပြီး ဖြေပေးပါအုံး။ အားမနာတမ်း မေးလိုက်မိပါတယ်။ ;D :-\

chitsuelay
07-15-2009, 09:11 PM
ပြန်ပြီးကျေဇူးပြုလိုက်ပါဦး အကိုလေးေ၇.... အဲယောင်လို့ .. ညီမလေးေ၇ ..... (သူများတွေက အကို အကိုခေါ် ကြလွန်းလို့ေ၇ာပြီး ယောင်သွားတာ ;D )

johnmoeeain ဆိုတာ အမ.. လေးပါ ;D

johnmoeeain
07-31-2009, 02:44 PM
ပြန်ပြီးကျေဇူးပြုလိုက်ပါဦး အကိုလေးေ၇.... အဲယောင်လို့ .. ညီမလေးေ၇ ..... (သူများတွေက အကို အကိုခေါ် ကြလွန်းလို့ေ၇ာပြီး ယောင်သွားတာ ;D )
johnmoeeain ဆိုတာ အမ.. လေးပါ ;D


ဟုတ်တယ် အစ်မရေ.. ပြောလိုက်ပါဦး... အစ်ကို မဟုတ်ဖူး ဆိုတာ.... :'( :angry:

ကျွန်တော်.. mdy ကနေ online ပေါ် ခဏ တက်ရလို့ Microstation Software နဲ့ အလှမ်းဝေးနေတာ...
YGN ပြန်ရောက်မှ မေးခွန်း အဖြေကို သေချာ ကြည့်ပေးပါ့မယ်နော်...

ဒါနဲ့ jarmoe ကရော.. အစ်ကိုလား အစ်မလား....???

papagyi
08-01-2009, 12:47 PM
အစ်ကိုထင်တာတော့ အမဖြစ်လောက်တယ် ;D ..ဟိုတစ်လောက မျက်ရည်တွေ အတုံးလိုက်ကျနေတယ်ဆိုပဲ :2:
custom message မှာလေ...မိဂျာရေ လာရှင်းဦး ... :D

jarmoe
08-03-2009, 09:33 PM
ဂျာမိုးကိုကို = အထီး ( :angry: )
:2: တကယ်သိဘူးပေါ့
:7: တောင်းထားတဲ့ အဖြေကို .. မြန်မြန်လေး .. ပေးပါလို့ .... :7:

johnmoeeain
08-29-2009, 09:46 PM
အကိုရေ...
mircostationsteel plug-in က တင်လို့တော့ ရသွားပြီ အကို။သုံးရတာလည်း အဆင်ပြေပါတယ်။
ဒါပေမယ့် ctrl + T ( Toolbox ) ထဲ မှာ steel bar မပါဘူးဖြစ်နေတယ်။ Key-in ထဲ က ရိုက်ရင်တော့ အဆင်ပြေပါတယ်။
အဲဒါလေ - ကျွန်တော် ဘာများ လိုအပ်လို့လဲဆိုတာ မသိဘူး ဖြစ်နေလို့ပါ။
ကျေးဇူးလေး ပြုပြီး ဖြေပေးပါအုံး။ အားမနာတမ်း မေးလိုက်မိပါတယ်။ ;D :-\


အင်... M;
သူက mdl load steel ဆိုတာနဲ့တင် toolbar လေး တစ်ခုက auto တက်တယ်လေ.. အစ်ကိုရဲ့
သူက auto မတက်လာရင်တော့ အစ်ကို install လုပ်တုန်းက တစ်ခုခု လိုခဲ့လို့ ဖြစ်မယ် ထင်တယ်
Bentley/MicroStation/mdlapps directory အောက်မှာ Paste လုပ်ရုံနဲ့တင် ရတယ် အစ်ကိုရဲ့...

နောက် plug_in တွေတော့ ရှိတယ်.. ကျွန်တော် load တင်တာ မအောင်မြင်လို့.. အလှပဲ ကြည့်နေရတယ်....
အခုတော့ Microstation ကိုလည်း မသုံးဖြစ်တော့ ပိုဆိုးရာ..... :'(

zero248
01-01-2010, 11:29 PM
Thanks a lot johnmoeeain !
I've got a lot of Microstation Knowledge from ur post.
Currently, my boss pushing me to use that. Actually I'm Auto CAD Drafter.
For me Microstation is quite new to me.
I found one thing at there and wanna share with u all is that;
At level manager dialog box, we can export what we created those levels (Layer in Auto CAD) as excel file.
And we can import anytime to any Drawing. We can edit or add level in excel also. It's great!
I only know that, anybody can explain/ discuss about Level Manager?

Happy New Year to johnmoeeain and all of MEF friends !
zero248

jarmoe
05-03-2010, 10:00 PM
တစ်ခုတော့ လက်တို့လိုက်ပါမယ်..
Microstation မှာ Auto CAD လိုပဲ Short Cut Command လေးတွေနဲ့ သုံးလို့ရပါတယ်..ဆိုတာလေးပါပဲ Smiley
( ထုံးစံအတိုင်းပေါ့ဗျာ )
မကြာမှီ..လာမည်..

thanzawtun1
05-07-2010, 06:15 AM
Micro ဟာ ACAD နဲ့ မတူတာကတော့ ACAD လို command တွေ သုံးရတာမျိုး မဟုတ်ဘဲ... Toolbar တွေကနေ ခေါ် သုံးရတာပဲ ဖြစ်ပါတယ်.. (command တွေ အလွတ်မှတ်ထားစရာတော့မလိုတော့ဖူးပေါ့နော်)


*ACAD မှာလဲcommand တွေ အလွတ်မှတ်မထာချင်ရင်Toolbar တွေခေါ် သုံးနိုင်တယ်ဆိုတ၁မသိဘူးထင်တယ်*

papagyi
05-07-2010, 08:01 AM
ကိုသန့်ဇော်ထွန်းခင်ဗျာ ..ကိုဂျာမိုးပြောထားတာက microstation မှာ User အများစုက toolbar အနေနဲ့ပဲသုံးရတယ်
လို့ သိထားတဲ့အတွက် Autocad မှာ လို shortcut command လေးတွေနဲ့ သုံးလို့ ရတဲ့ အကြောင်း ဗဟုသုတတိုးအောင်ရေးထားတာပါ။
ထို့ အတူပဲ Autocad အကြောင်းကို ဒီက မန်ဘာတွေ ဆွေးနွေးထားတာလေးတွေ ဖတ်ကြည့်စေချင်ပါတယ်..
ဒီနေရာမှာပါ...http://www.myanmarengineer.org/forum/index.php/board,10.0.html :)

jarmoe
06-02-2010, 12:47 PM
ဟုတ်ပါတယ်ခင်ဗျာ..
ကိုပါကြီးပြောသလိုပါပဲ...ACAD မှာ Command & Toolbar သုံးလို့ရတာ user အများစု သိကြပေမယ့်
Microstation မှာတော့ Toolbar သုံးရတာပဲ အသိများကြလို့...
Microstation မှာလည်း ACAD လို Command လေးတွေ သုံးလို့ရပါပီ..လို့ သတင်းကောင်းလေး ဖြန့်လိုက်တာပါဗျာ...
ကျနော် လည်း နောက်မှ Mircrostaion မှာ Short Cut Commannd လေးတွေနဲ့ အဆင်ပြေနေကြောင်းကို ရေးပါအုံးမယ်နော်။
အခု Precast လေးတွေနဲ့ လုံးချာလည်နေလို့ပါ :e