PDA

View Full Version : EC , EP အခြေခံ waveform တိုင်းတာနည်းများ



amaung
06-07-2009, 02:50 PM
GTC TU AGTI electronic electrical ကျောင်းသားများအတွက် ရည်ရွယ်ပြီး ဒီတော့ပစ်ကို ဖွင့်လိုက်ပါတယ်။ အဓိကထားပြီး ဆွေးနွေးမှာက electronic ပစ္စည်းတွေတိုင်းတာပုံနဲ့ ပတ်သတ်လို့ CircuitMaker software လေးကို သုံးပြီး waveform တွေကို နားလည်ဖို့ရည်ရွယ်ပါတယ်ခင်ဗျ။ ကျွန်တော်က wave တွေ နားလည်လို့လားဆိုတော့လည်း ဟုတ်သေးပါဘူး။ လေ့လာဆဲပါဗျာ။ အားလုံးဝိုင်းဆွေးနွေးပြီး အကျိုးအမြတ်ရနိုင်ပါစေကြောင်းဆန္ဒပြုပါတယ်။

ဒီဟာလေးကို စတွေ့တာက ၂၀၀၃ ၀န်းကျင်လောက်ကပါ။ ဟောင်းလည်း ဟောင်းနေပါပြီ။ တခြားဆင်တူတွေရှိပေမယ့် သူ့ကိုပဲ သဘောကျတယ်ခင်ဗျ။ သူက စာသင်ရာမှာ အထောက်အကူပြုလို့ပါ။ ၂၀၀၇ ၀န်းကျင်မှာ oscilloscope အကူအညီနဲ့ အပြိုင်တိုင်းတာခဲ့ဖူးပါတယ်။ နည်းပညာတက္ကသိုလ် ep နောက်ဆုံးနှစ်မှာ IEC ဘာသာမှာ converter တွေအကြောင်းသင်တုန်းကပါ။

ပစ္စည်းတွေအလကားရနေပေမယ့် မြန်မာပြည်မှာ လွယ်လွယ်ဝယ်ရတဲ့ transistor ဥပမာ C945 တို့ A564 တို့လို အမျိုးအစားတွေတော့ မပါဘူးခင်ဗျ။ ဒါ့ကြောင့် အပြင်က ပစ္စည်းတွေအတိုင်းတော့ တိုင်းမရနိုင်ပါဘူး။ သေချာတာတစ်ခုကတော့ ကျောင်းသူကျောင်းသားတွေအတွက်တော့ လုံးဝ အကျိုးရှိပါတယ်ဗျာ။

ကျောင်းသားတွေအတွက်ရည်ရွယ်တော့ လေ့လာပြီးသားသူတွေအတွက် ရယ်စရာဖြစ်နေရင် စေတနာလေးပေါ့လို့ သဘောထားပြီး နားလည်ပေးပြီး ၀ိုင်းဝန်းဆွေးနွေးပေးကြပါ။ ဖြစ်ချင်တာကတော့ လက်တွေ့ရနိုင်မယ့် ပစ္စည်းတွေ အတွက် ရည်ရွယ်ချင်ပေမယ့် လောလောဆယ် မှီငြမ်းဖို့ စာအုပ်တောင် မရှာနိုင်သေးပါဘူး။ လက်ထဲမှာလည်း မရှိသေးဘူးဗျ။ ဖြစ်နိုင်ရင် electronic & device စာအုပ်ကို 3rd edition လောက်ပဲရရ ကူညီကြပါခင်ဗျာ။

လောလောဆယ်တော့ ဟိုးကလေးဘ၀ ၉ တန်းဘ၀လောက်က စကြတာပေါ့ဗျာ။
နမူနာ run လိုမယ့် waveform နဲ့ DC-average ကိုအောက်ကပုံလေးအတိုင်း တိုင်းတာနိုင်ပါတယ်။

http://img3.imageshack.us/img3/8099/zzzmj.png

amaung
06-07-2009, 02:52 PM
Circuit Maker 200 ပရိုဂရမ်လေးကို ဒီမှာဒေါင်းပါခင်ဗျာ။ electronics နဲ့ပတ်သတ်တဲ့ တခြား software လေးတွေလည်း ရှိရင်မျှစေချင်ပါတယ်။
http://i275.photobucket.com/albums/jj293/PyaitSone/download-3.png
http://www.myanmarengineer.org/index.php?ind=downloads&op=entry_view&iden=84
(or)
http://www.multiupload.com/M59QH11X3M
(or)
http://www3.multiupload.com/files/M59QH11X3M/Circuit%20Maker%202000.rar

http://i275.photobucket.com/albums/jj293/PyaitSone/password-1.png
WWW.Myanmarengineer.Org

ခရက် လည်းပါပါတယ်။ ညီလေး ရန်မျိုးအောင်ဆီက တောင်းထားတာပါ။

amaung
06-07-2009, 02:54 PM
အီလက်ထရေနစ်ပစ္စည်းတွေကို အကြမ်းဖျဉ်းခွဲမယ်ဆိုရင် 1-layer 2-layer 3-layer 4-layer မှသည် layer များစွာတိုင်ရှိနေပါတယ်။
ဥပမာ
1-layer ဟာ Resistor ပါ။
2-layer ဟာ diode ပါ။ နှစ်လွှာရှိလို့ ကြားမှာ အဆက် junction တစ်ခုရှိပါတယ်။ 1N4001 လိုဟာမျိုးပေါ့။
3-layer ဟာ transistior ပါ။ 2-layer တွေပေါင်းထားတာပါ။ သုံလွှာရှိလို့ ကြားမှာ အဆက် နှစ်ခု ဥပမာ 2N1893 တို့လို ဟာမျိုးပါ။
4-layer ဟာ thyristor မျိုးပါ။ scr  လိုမျိုးပေါ့။
ဆက်ပြီးတော့ transistor နှစ်လုံးပေါင်းပြီး Opamp တွေဖြစ်လာတယ်။ Opamp တွေကို RS flip-flop တွေနဲ့ပေါင်းပြီး 555 IC တွေ ဖြစ်လာတယ်။

အခြေခံကတော့ layer တွေကို semiconductor တွေနဲ့ ဖွဲ့စည်းထားပါတယ်။ semiconductor ဆိုတာ outermost shell က electron အရေအတွက်ကို လိုနေအောင် ပိုနေအောင် ဒြပ်စင်တွေပေါင်းထားတာပါ။ ပိုနေတာကို n-type လိုနေတာကို p-type ပေါ့ဗျာ။ outermost-shell မှာ အီလက်ထရွန် ၄ လုံးရှိတဲ့ Ge အက်တမ်တွေ အလယ်ခေါင်မှာ outermost-shell မှာ အီလက်ထရွန် သုံးလုံးရှိတဲ့ ln ထားတော့ အလယ်က ဒြပ်စင်မှာ ၈ လုံးပြည့်ဖို့ ၁ လုံးလိုရာက positive ပြီး p-type ဖြစ်လာတယ်။ ၅ လုံးဟာထားတော့ e ပိုပြီး n-type ဖြစ်လာပါတယ်။ အောက်မှာ သူတို့ နှစ်မျိုးပုံလေးတွေပါ။
http://tbn3.google.com/images?q=tbn:Yrtrmx20n9qKTM:http://www.tpub.com/content/neets/14179/img/14179_50_2.jpghttp://tbn1.google.com/images?q=tbn:OguBRPp8mTXZBM:http://www.tpub.com/content/neets/14179/img/14179_26_1.jpg
ဘာလို့ ပေါင်းတာလဲဆိုတော့ metal တွေက လျှပ်စစ်စီးတယ် nonmetal တွေက မစီးစေဘူး။ နှစ်ခုကြားမှာဆို ဖြောင့်ဖြောင့်မစီးတော့ဘူးပေါ့။ အဲလို တားအောင်လုပ်ရင်းက လျှပ်တားစေ တဲ့ resistor ဆိုတာဖြစ်လာပါတယ်။

amaung
06-07-2009, 02:54 PM
ဒီတစ်ခါတော့ တိုင်းမယ့် မီတာလေးပါ။ အောက်ပုံအတောင်း Double-click ခေါက်ရင် Ohm ဆိုတာလေးရွေးပေးလိုက်ပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ ohm meter လေးပေါ့။
http://img261.imageshack.us/img261/4559/forum3.png
http://tbn1.google.com/images?q=tbn:oc7pi5go6bg41M:http://www.e-mobilecentre.com/images/Digital%2520Multimeter-06.jpghttp://tbn0.google.com/images?q=tbn:GfR80JA00GIkcM:http://www.lakshmianandk.com/images/504px-Digital_Multimeter_Aka.jpg
ကဲခုဆို တိုင်းခံဖို့ resistor လေးလည်းရပြီ။ တိုင်းစရာမီတာလေးလည်း ရပြီ။ စတိုင်းကြပါစို့ဗျာ။
အောက်က ပုံလေးအတိုင်းပဲ အနီရောင် tool ကနေ ကြိုးဆက်မယ်။ အပြာရောင်လမ်းအတိုင်း Ground ယူမယ်။ ပြီးရင် အစိမ်းရောင် tool အတိုင်း run မယ်ဆိုရင် အဖြေက ၁၀၀၀ တဲ့။ အစတည်းက 1k ကိုး ၁၀၀၀ ပေါ့ :4:
http://img210.imageshack.us/img210/6572/forum4.png

amaung
06-07-2009, 02:55 PM
စိတ်ကြိုက်တန်ဖိုးကိုတော့ double-click ခေါက်ပြီး ပြင်ယူနိုင်ပါတယ်။ တိုင်းတာကတော့ Delta-star connection တွေအတွက်လည်းရပါတယ်။ ကျွန်တော်ကတော့ လျှောက်ကလိထားပါတယ်။
http://img21.imageshack.us/img21/6618/forum5.png
ပုံလေးတွေအရဆိုရင် အောက်ကပုံလေးတွေက တွေ့နေကျ resistors တွေပါ။
http://tbn1.google.com/images?q=tbn:n1gdOekHvWHXBM:http://www.geocities.com/vk3em/smtguide/pics/resistor.jpghttp://tbn1.google.com/images?q=tbn:o5aRJPw078wgSM:http://content.answers.com/main/content/img/CDE/RESISTOR.GIF

amaung
06-07-2009, 02:56 PM
ဒီခါမှာတော့ DC-voltage Source တွေဆီကူးကြပါစို့ဗျာ။

(ကျွန်တော့်စိတ်ကူနဲ့ ဒီလိုတွေ ပုံဖေါ်ကြည့်တယ်ခင်ဗျ။)

Voltage ဆိုတာ အမြင့်တစ်ခုထိရောက်အောင် ပင့်တင်ထားတဲ့ ရေလှောင်ကန်နဲ့တူပါတယ်။ ရေထွက်ပေါက်ကိုဖွင့်လိုက်ရင် မြင့်ရာကနေ နိမ့်ရာကိုစီးပါတယ်။ စီးတဲ့ရေကို Current လို့ခေါ်ပါတယ်။ မြင့်နေတဲ့အပိုင်းကို (+) စွန်းလို့ခေါ်ပါတယ်။ အနိမ့်ဆုံးပိုင်းကို Ground မြေကြီးလို့ခေါ်ပါတယ်။

သူတို့ရေထွက်ပိုက်ကနေ အောက်ထိဖေါက်ချမယ့် လမ်းကြောင်းရေပိုက်ကိုတော့ လျှပ်စီးကြောင်း လို့ခေါ်ပါတယ်။ စီးဆင်းစေပြီ ဆိုတာနဲ့ သူ့ကို ပတ်လမ်း Circuit လို့ခေါ်ပါတော့တယ်။

ဒီတိုင်းကြီးသာဖွင့်ချရင် short လို့ခေါ်ပါတယ်။ အောက်ကပုံလေးက short Circuit လေးပါ။ ခဏလေးနဲ့ကုန်သွားမှာပေါ့။ [/COLOR]
http://img83.imageshack.us/img83/1082/zzz1.png

ဖြည်းဖြည်းပဲကုန်အောင် လမ်းတစ်နေရာမှာ စီးလမ်းကို ကြပ်ထားတာကို Resistor လို့ခေါ်ပါတယ်။
နည်းနည်းကျဉ်းလေး များများစီးလေ၊ များများကျဉ်းလေးနည်းနည်းသွားလေမို့ (I) နဲ့ (R) က ပြောင်းပြန်အချိုးကျပါတယ်။ နမူနာလေးပေါ့ဗျာ။
http://img83.imageshack.us/img83/9246/zzz2.png

စီးလမ်းမှာပဲ အ၀တ်စလို ရေမြုပ်လေးလို ရေစုပ်တာလေးနဲ့ဆို့ထားတာကို လျှပ်သို Capacitor လို့ခေါ်ပါတယ်။ သူ့သဘာဝကို ပြောရမယ်ဆိုရင် ပထမ လာထိတဲ့ ရေကို အ၀တ်စပြည့်အောင် စုပါတယ်။ အောက်ကို စိမ့်စေပါတယ်။ သူ့ထဲကို ရေမ၀င်သည့်တိုင် သိုထားတာကို ပြန်ထုတ်နိုင်ပါတယ်။
နောက်ပိုင်းမှာ သက်သက်ပြောကြတာပေါ့ဗျာ။

amaung
06-07-2009, 02:57 PM
လျှပ်စစ်စီးဆင်းပုံကို အသေးစိတ်လိုပါသေးတယ်။

DC Source တွေက များသောအားဖြင့် ဓာတ်ခဲက ရတာပေါ့ဗျာ။ DC Generator တွေကနေရတာတွေ Rectifier Circuit တွေကရတာတွေအပြင် ရှောက်သီးကနေလည်း ရပါသေးတယ်။
http://tbn2.google.com/images?q=tbn:UxNSBFSHF7xDLM:http://www.hilaroad.com/camp/projects/lemon/lemmon_battery_labels.jpghttp://tbn0.google.com/images?q=tbn:SDkMWjsTdLUKxM:http://blogs.s60.com/wp-content/oldposts/tommi/images/battery.jpghttp://tbn0.google.com/images?q=tbn:GGKo_Ja1tk6RZM:http://www.aant.com.au/Portals/0/images/membership/Benefits/Battery%2520Service.jpg

Electronic Term အရ ခွဲခြမ်းစိတ်ဖြာရမယ်ဆိုရင် (-) Terminal အနှုတ်စွန်း ဆိုတာ အဲဒီဘက်မှာ အီလက်ထရွန်ပိုအောင် ဓာတုဗေဒနည်းအရ လုပ်ထားတာပါ။ (+) Terminal အပေါင်းစွန်းဆိုတာ အီလက်ထရွန်လိုအောင်လုပ်တာပါ။

လိုနေတဲ့ အပေါင်းစွန်းဟာ သူနဲ့ကပ်ရပ် အက်တမ်ကနေ အီလက်ထရွန်ကို ဆွဲဖြည့်ပါတယ်။ အဆွဲခံရတဲ့ အက်တမ်က တစ်ခါသူနဲ့ ဆက်လျှက် အက်တမ်ဆီကဆွဲပြန်ပါတယ်။ နောက်ဆုံးမှာတော့ ကြိုးတစ်လျှောက်ဆွဲရာကနေ အနှုတ်စွန်းနားကပ်သွားပါတယ်။

ဒီလိုနည်းနဲ့ အီလက်ထရွန်တွေဟာ အနှုတ်စွန်းကနေ အပေါင်းဆီကို အက်တမ်တွေကို ဖြတ်လို့ စီးဆင်းပါတော့တယ်။ အများထင်သလို အနှုတ်ဘက် အီလက်ထရွန်က အပေါင်းဆီကို မရောက်ပါဘူး။ ကပ်ရပ်လေးတွေဆီ ခုန်ခုန်ကူးရင်း ပတ်လမ်းသဖွယ်ဖြစ်သွားတာပါ။

ဒီလိုအဆွဲခံနိုင်ဖို့ အီလက်ထရွန်စီးရာလမ်းဟာ အီလက်ထရွန် လွယ်လွယ်ရွေ့နိုင်တဲ့ Metal တွေဖြစ်ရပါမယ်။ Metal တွေရဲ့အက်တမ်ဟာ Outermost Shell မှာ electron နည်းပြီး ရွေ့လျားလွယ်တဲ့ Transient State မှာ ရှိနေလို့ပါ။

ဒါ့ကြောင့် အီလက်ထရွန်ဟာ အနှုတ်ကနေအပေါင်းကို စီးတယ် ဆိုရပါမယ်။ ဒီသဘာဝကို မစိတ်ဖြာခင်က Current ဟာ (+) မှ (-) ကို စီးတယ် သတ်မှတ်ပြီးသားဆိုတော့ အီလက်ထရွန်စီးဆင်းမှုနဲ့ Current စီးဆင်းမှုဟာ ဆန့်ကျင်ဘက် ကျနေပါတော့တယ်။ အောက်မှာပုံလေးနဲ့ နမူနာပြထားပါတယ်။
http://img517.imageshack.us/img517/821/forum7.png

amaung
06-07-2009, 02:58 PM
ကဲဗျာ ကျွန်တော်တို့ ပရိဂရမ်လေးနဲ့ တိုင်းကြပါစို့ဗျာ။
အောက်ကပုံလေးတွေအတိုင်း DC Source ယူလိုက်ပါခင်ဗျာ။
http://img525.imageshack.us/img525/8476/forum6.png
ဒီပုံလေးဖြစ်အောင် အဆင့်လိုက်လေးသွားကြစို့ဗျာ။

၁။ battery နဲ့ Ground ကတော့ ထူးပြောစရာမရှိပါဘူး။ အပြာလမ်းကြောင်းအစမှာ Double Click ခေါက်မယ် ဆွဲလာမယ် ချချင်တဲ့ နောရာမှာ Left Click နဲ့ ချလိုက်ယုံပါပဲ။
၂။ Resistor ကိုယူရာမှာတော့ Double Click ခေါက်ပြီးယူလာပါမယ်။ ချချင်တဲ့နေရာမှာ Right Click သုံးချက်ဆင့်ခေါက်ပါ။ ပြီးမှ Left Click နဲ့ချပါ။
ဒီနေရာမှာ Resistor ကို ထောင်တာများ Right Click တစ်ချက်နဲ့ ထောင်တာပဲလို့ ပြောနိုင်ပါတယ်။ မတူလို့ပါခင်ဗျာ။ တကယ့်သဘာဝမှာတော့ Resistor မှာတော့ အပေါင်းအနှုတ်စွန်းခွဲထားတာ မရှိပါဘူး။ ပရိုဂရမ်မှာတော့ မှားနေပြီး အပေါင်းအနူတ်ရှိနေပါတယ်။ တိုင်းတဲ့ အခါ Current က အနှုတ်နဲ့ထွက်နေပါတယ်။ အဲလို မဖြစ်အောင် တစ်ပတ်စာ Right Click နှစ်ချက်ပိုခိုင်းရခြင်းဖြစ်ပါတယ်။
၃။ ပစ္စည်းတွေချပြီးရင် အနီရောင်အုပ်ပြထားတဲ့ Tool နဲ့ ပစ္စည်းစွန်းတွေဆက်ပါ့မယ်။ တိကျချင်ရင် ထောင့်ချိုးလို့ရပါတယ်။ လွယ်လွယ်ကတော့ ပထမအစွန်းကလစ်ပြီး ဒုတိယအစွန်းမှာ သွားကလစ်ရင် ပြီးတာပါပဲခင်ဗျာ။
၎။ အစိမ်းရောင်ပြထားတဲ့ Tool နဲ့ နှိပ် Run နိုင်ပါပြီ။ခင်ဗျာ။
http://img133.imageshack.us/img133/8978/forum9.png

Run တဲ့အခါ ထောက်တံ Probe လေးပေါ်လာပါတယ်။ A နေရာမှာ (V) လို့ပြတယ်။ ကလစ်ရင် အောက်မှာ Voltage တန်ဖိုးပြပါတယ်။ shift Key လေးနှိပ်ပြီး B နေရာ(Resistor ရဲ့ အစွန်းနှစ်ဖက်) ကို သွားရင် (I) လို့ပြပါတယ်။ ကလစ်ရင် အောက်မှာ Current တန်ဖိုးပြပါတယ်။ ပစ္စည်းရဲ့ အလယ် C မှာတော့ (P) ကိုပြပြီးနေပါတယ်။ shift ကိုမလွှတ်သေးပဲ ထပ်ကလစ်ပြန်ရင် အောက်မှာ Power တန်ဖိုးပြနေပြန်ပါတယ်။ D ကတော့ DC Source ရဲ့ Power ပါ။
ဒီပုံလေးအတိုင်းအတူတကွ တိုင်းတာနိုင်ပါပြီခင်ဗျာ။
http://img165.imageshack.us/img165/8686/forum8.png

amaung
06-07-2009, 02:59 PM
http://img151.imageshack.us/img151/7628/forum10l.png
ဒီပုံလေးက အရှင်းဆုံး resister series circuit လေးပါ။ သူနဲ့ပတ်သတ်လို့ အပေါ်က ပုံတွေအတိုင်းတိုင်းတာကြည့်လို့ရပါတယ်။ equation လေးတွေ ချရေးကြည့်ကြတာပေါ့ဗျာ။

Ohm Law အရ V1=I1R1, V2=I2R2, V3=I3R3
ကြိုးတစ်ချောင်းတည်းမှာမို့ Current မျှစီးတာကြောင့် I တူပါတယ်။
Is=I1=I2=I3
Source ကပေးသမျှကို ကျန်တဲ့ Resistor သုံးလုံးက မျှရပါတယ်။

Voltage ဟာ Direction ရှိပြီး value ရှိတာကြောင့် vector တစ်ခုပါပဲ။
Vector A =Vector B +Vector C + Vector D[/COLOR]
http://img151.imageshack.us/img151/1097/forum11.png
[COLOR="Blue"]ဒါ့ကြောင့် Vs=V1+V2+V3
V=IR ဖြစ်တာရယ် I တူတာရယ်ကြောင့်
Vs=I1R1+I2R2+I3R3=I (R1+R2+R3)=I R equivalent
R equivalent =R1+R2+R3 ဒါ့ကြောင့် Resistor တွေ series ချိတ်ထားရင် အားလုံးပေါင်းရတယ်လို့ ဖြစ်လာပါတော့တယ်။

အပေါ်က နမူနာမှာ ပေးတာက ၁၂ ဗို့ ခွဲယူမှာက ၂ အုမ်း ၄ အုမ်းနဲ့ ၆ အုမ်း အချိုးက ၂:၄:၆= ၁:၂:၃ ဒါ့ကြောင့် V1က ၃ ဗို့ဆို V2 က ၆ ဗို့ V3 က ၉ ဗို့ပါ။ ကျောင်းသားများဟာ ဖေါ်မြူလာပဲကျက်ပြီး တွေးကြတာရှားပါတယ်။
Voltage Division Formula မေ့လို့ စာမေးပွဲမှား မှားတတ်ကြပါတယ်။ ဒါဟာ တကယ်ပုစ္ဆာနားမလည်လို့ ဆိုတာ သိသာပါတယ်။

Voltage Division Formula
Vs, R1, R2, R3 ကိုပေးတယ် V2 ကိုရှာချင်တယ်ဆိုပါတော့ …
R2 က ခွဲရမယ့် ဗို့အချိုးက အားလုံးပေါင်းနဲ့ သူနဲ့ ယှဉ်တဲ့ အချိုးပါ။ ဒါ့ကြောင့် R2/(R1+R2+R3) ဖြစ်ပါတယ်။ သူ့ကို Source Voltage နဲ့ ယှဉ်လိုက်ရင်ရပါပြီ။

V2=Vs(R2/(R1+R2+R3))
V1=Vs(R1/(R1+R2+R3))
V3=Vs(R3/(R1+R2+R3))

ဒါ့ကြောင့် Voltage Division မှာ လိုချင်ရာ R ကိုတည်တယ်လို့ အလွယ်မှတ်ကြပါတယ်။

နောက်တစ်ခုသတိထားရမှာက တကယ်ရှိတဲ့ V1=2V, V2=4V, V3=6V ပါ။ Is=I1=I2=I3 ပါ။
IL နဲ့ Is ဟာ ဆန့်ကျင်ဘက် လားရာမှာရှိလို့ IL=-Is ပါ။ IR ဟာ Is နဲ့ လားရာတူလို့ IR=Is ပါ။
VR နဲ့ V3 ဟာ ဆန့်ကျင်ဘက် လားရာမှာရှိလို့ VR =-6V ပါ။ V2 နဲ့ VL ဟာလည်း ဆန့်ကျင်ဘက်ကျနေလို့ VR=-4V ပါ။

တိုင်းခိုင်းတာ ဘယ်လိုပဲတိုင်းခိုင်း တိုင်းခိုင်း မူလတန်ဖိုးတွေကို သေချာသိမှသာလျှင် wave form သဘာဝများကို နားလည်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

amaung
06-07-2009, 03:01 PM
http://img4.imageshack.us/img4/1695/17971449.png
ဒီပုံလေးက အရှင်းဆုံး resister parallel circuit လေးပါ။ သူနဲ့ပတ်သတ်လို့ အပေါ်က ပုံတွေအတိုင်းတိုင်းတာကြည့်လို့ရပါတယ်။ equation လေးတွေ ချရေးကြည့်ကြတာပေါ့ဗျာ။
http://img4.imageshack.us/img4/554/251.png
Ohm Law အရ I1=V1/R1, I2=V2/R2, I3=V3/R3
ကြိုးတစ်ချောင်းကနေ သုံးမွှာခွဲစီးတော့ သုံးမွှာပေါင်းက မူလ ပေးတဲ့တန်ဖိုးကို ပြန်ရပါ့မယ်။
Source ကပေးသမျှကို Current ကိုကျန်တဲ့ Resistor သုံးလုံးက မျှရပါတယ်။
Is=I1+I2+I3
ဒါ့ကြောင့် Vs=V1=V2=V3=V ဒါကို အပေါ်က equation မှာ
Vs/Z=V1/R1+V2/R2+V3/R3
Vs(1/Z)= V(1/R1+1/R2+1/R3)
V တူလို့
1/Z=1/R1+1/R2+1/R3
ဒါ့ကြောင့် parallel ကို တိုင်းရင် ပြောင်းပြန်တိုင်းရပါတယ်။ အလွယ်နည်းကတော့
R1 နဲ့ R2 parallel ပေါင်းတာ Rt ရမယ်ဆိုရင်
Rt=(R1.R2)/(R1+R2) ပါ။ ၁၀ အုမ်းနှစ်ခု parallel ရင် 100/20=5 ရလို့ တန်ဖိုးတူနှစ်ခုရဲ့ parallel ဟာ သူ့ တစ်ဝက်ပါ။
http://img16.imageshack.us/img16/8522/252p.png
ပေးတာက ၂ အမ်ပီယာ ခွဲယူမှာက ၂၀ အုမ်း ၂၀ အုမ်းနဲ့ ၁၀ အုမ်း အချိုးက ၂၀:၂၀:၁၀= ၂:၂:၁ တားဆီးမှုများလေ စီးဆင်းမှုနည်းလေ မိုလို့ ပြောင်းပြန်အချိုးကျပါတယ်။ ခွဲရတာကတော့ အမ်ပီယာအရ ၁:၁:၂ ပါ။ မူလ ၂ အမ်ပီယာကို ပြန်ခွဲတော့ ၀.၅:၀.၅:၁ ရပါတယ်။
၂ အမ်ပီယာကို တွက်ချင်ရင် R တွေကို ပေါင်းကြည့်တော့ ၂၀ နဲ့ ၂၀ နဲ့ အပြိုင်ပေါင်းတော့ တစ်ဝက် ၁၀ ရပါတယ်။ တစ်ခါရတဲ့ ၁၀ နဲ့ ကျန်တဲ့ ၁၀ အပြိုင်ထပ်ပေါင်းတော့ တစ်ဝက် ၅ အုမ်းရပါတယ်။
အားလုံးပေါင်းလို့ရတဲ့ R ကို (တနည်းအားဖြင့် source ကနေခံစားရတဲ့ R တွေ L တွေ C တွေ ပေါင်းရတဲ့ တန်ဖိုးကို) impedance Z လို့ခေါ်ပါတယ်။ Inductor နဲ့ Capacitor တွေ အခန်းမှာ ထပ်ကြုံမှာပါ။
Is=Vs/Z=10V/5 Ohm= 2 A ပါ။
Current Division Formula မေ့လို့ စာမေးပွဲမှား မှားတတ်ကြပါတယ်။ ဒါဟာ တကယ်ပုစ္ဆာနားမလည်လို့ ဆိုတာ သိသာပါတယ်။
Current Division Formula
Is, R1, R2, R3 ကိုပေးတယ် I2 ကိုရှာချင်တယ်ဆိုပါတော့ …
R2 က ခွဲရမယ့် Current အချိုးက အားလုံးပေါင်းနဲ့ သူနဲ့ ယှဉ်တဲ့ အချိုးပါ။ သူက များလေ နည်းရလေမို့ သူ့အချိုးက ပြောင်းပြန်ပါ။ သူမဟုတ်တဲ့ တခြား R တွေနဲ့ အားလုံးပေါင်းအချိုး (R1+R3)/(R1+R2+R3) ဖြစ်ပါတယ်။ သူ့ကို Source Current နဲ့ ယှဉ်လိုက်ရင်ရပါပြီ။
I2=Is((R1 parallel R3)/(R2+R1 parallel R3))
I1=Is((R2 parallel R3)/(R1+R2 parallel R3))
I3=Is((R1 parallel R2)/(R1 parallel R2+R3))

amaung
06-07-2009, 03:02 PM
တစ်ခါက အင်တာဗျူးတစ်ခုမှာ ကြုံဖူးတာပါ။ ဆရာက မေးတယ်။

ဆရာ။ ။ဟဲ့ကျောင်းသား parallel ဆို voltage တူတယ်ဆိုတာ ဟုတ်လား[/COLOR]
ကျောင်းသား။ ။ဟုတ်ကဲ့ တူပါတယ်။

ဆရာ။ ။ဒါဆို လက်ဆွဲမီးစက်လေးက voltage ဘယ်လောက်ထွက်လဲ။
ကျောင်းသား။ ။၂၂၀ဗို့ထွက်ပါတယ်ဆရာ။

ဆရာ။ ။ဒါဆို မီးလုံးတစ်ထောင်အပြိုင်ချိတ်မယ်ကွာ။ voltage တူ ၂၂၀ဗို့ အတူရမလား။
ကျောင်းသား။ ။ဟုတ်ကဲ့ အပြိုင်ပဲ ဆရာ တူမှာပေါ့ခင်ဗျ။

ဆရာ။ ။[ဒါဆို ဒီမီးစက်ကလေးနဲ့ မီးလုံးတစ်ထောင်သုံးလို့ရမလား။
(ကျောင်းသားတွေနေပါတယ်။ ပြီးမှ ဖြေးဖြေးဖြေတယ်)
ကျောင်းသား။ ။ဟုတ်ကဲ့ ရလောက်မှာပေါ့ဆရာတဲ့။

ဆရာ။ ။ဒါဆို ဒီမြို့မှာ ဘာလို့ မီးစက်ကြီးတွေ ရှိနေတာလဲ။ ဓာတ်အားပေးရုံကြီးတွေ ဘာလို့ ဆောက်နေလဲကွ။

အဲလိုမေးရင်းက တပည့်လေး ငိုတော့ မလို ဖြစ်သွားပါတော့တယ်။
(ဒီလိုချိတ်လို့ မရဘူးလားဆိုတော့ ရပါတယ်။ ဘာဖြစ်မလဲ စမ်းဖြေရှင်းကြည့်ကြပေါ့ဗျာ။)

ဒီနေရာမှာ မပြောမဖြစ်လိုလာတဲ့ Power သဘောထားပါ။ အောက်က series နဲ့ parallel ပတ်လမ်းနှစ်ခုကို ကြည့်ပါ။ Source က ပေးတဲ့ P=VI=(IR)I=IsquareR ဟာ ကျန်တဲ့ ပစ္စည်းတွေက ရသမျှ ပစ္စည်းတွေအားလုံးပေါင်းနဲ့ တူနေပါတယ်။
http://img245.imageshack.us/img245/1246/25a.png
voltage နဲ့ Current မှာ တကယ့်မူရင်းက Current က မှ fundamental quantity ပါ။ Voltage ဟာ Current ကို Resistant နဲ့ မြှောက်လို့ပါ။ power ဆိုတာကလည်း V နဲ့ I မြှောက်တာလေ။ အဓိကကတော့ Current ပါပဲ။

အောက်က Circuit နှစ်ခုကို ယှဉ်ကြည့်ပါ။ parallel ဆိုတော့ voltage တူပေမယ့် power ကွာလာပါတယ်။
http://img245.imageshack.us/img245/5882/25bb.png
လက်ဝဲဘက်က circuit မှာ resistor နှစ်ခုဟာ 10V နဲ့ပြိုင်လို့ ၁၀ ဆီရပါတယ်။ သူတို့မှာ စီးတဲ့ Current က 10V/1Ohm=1A ဆီပါ။ သူတို့ နှစ်ခု 10 V ရအောင် Source Battery က 2A ထုတ်ရတယ်လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ဒါ့ကြောင့် Source ရဲ့ Power ဟာ 2Ax10V=200W ဖြစ်ပါတယ်။

လက်ယာဘက်က circuit မှာ resistor ၅ ခုဟာ 10V ဆီရဖို့ Current 1 A စီသုံးရပါတယ်။ Source ကတော့ အားလုံးပေါင်း 5A ထုတ်ပေးရမှာမို့ Source ရဲ့ ပါဝါဟာ 5Ax10V=500W ဖြစ်ရပါမယ်ခင်ဗျာ။
power ကို watt(W) နဲ့မဟုတ်ဘဲ KVA နဲ့ဖေါ်ပြကြပါသေးတယ်။ သူတို့ နှစ်ခုက မတူပါဘူးခင်ဗျာ။ နောက်ပိုင်းမှာ အလိုလို ပါလာမှာပါခင်ဗျ။

လောလောဆယ်ကတော့ 100W အိမ်သုံးမီး 220V မှာဆို Current က 100W/220V=0.45A လောက်လိုပါမယ်ဆိုတာလောက် သိထားကြစို့ဗျာ။ နောက်နေ့မှာ KCL KVL ဘက်ဆက်ချဲ့ကြစို့ဗျာ။

amaung
06-07-2009, 03:04 PM
http://img4.imageshack.us/img4/1082/zzz1.png
အပေါ်ကစလို့ အောက်ထိ တစ်ဆင့်ခြင်း ဆင်းကြတာပေါ့ဗျာ။
ပေးထားတဲ့ပုံကို မြင်ရလွယ်အောင် လက်ဝဲဖက်မှာ Source တစ်ခုပဲ ထားပြီး ကျန်တာတွေကို ထောင်လိုက်ပါမယ်။

5Ω 10Ω နဲ့ 5Ω သုံးလုံးကို Series ပေါင်းပါ့မယ်။ 20Ω ရလာပါ့မယ်။
အဲဒီ 20Ω ကို ဘေးက 20Ω နဲ့ parallel ပေါင်းတော့ 10Ω ရပါ့မယ်။
ရတဲ့ 10Ω ကို ကျန်နေတဲ့ 20Ω နှစ်လုံးနဲ့ Series ပေါင်းတော့ 50Ω ရပါ့မယ်။
ပေးတာက 50V ယူမှာက 50Ω ဆိုတော့ Current က 1A ပေါ့ဗျာ။ ရတာကလည်း တစ်ခုတည်းမို့ 50V ရတယ်ပေါ့ဗျာ။

ရတဲ့ Current 1A ကိုသုံးပြီး KCL (Kirchhoff's current law) ပတ်မယ်ဗျာ။ ရတဲ့ Voltage 1V ကိုသုံးပြီး KVL (Kirchoff's Voltage Law) ပတ်တာပေါ့ဗျာ။
http://img12.imageshack.us/img12/5753/zzz2p.png
အပေါ်ပုံက KCL ကို ဦးတည်သွားကြတာပေါ့ဗျာ။
50Ω ကနေ 20Ω 10Ω 20Ω တွေခွဲတော့ လမ်းက တစ်လမ်းတည်းမို့ Current က မပြောင်းပါဘူး။
အလယ်က 10Ω ကို 20Ω နှစ်ခု မွှာခွဲတော့ Current ကမျှစီးရပါပြီ။ Current Division သဘောနဲ့ကွဲသွားပါ့မယ်ခင်ဗျ။ သူတို့အားလုံးကိုပြန်ပေါင်းတော့ အောက်ဆုံးပုံကို ပြန်ရပါတယ်။

ပစ္စည်းတွေကြား ကြိုးဆက်တဲ့ နေရာလေးကို node လို့ခေါ်ပါတယ်။ ပုံမှာ node X နဲ့ node Y ဆိုပြီးရှိပါတယ်။

Kirchoff က ပြောတာက node တွေ ၀င်သမျှ current တွေဟာ ထွက်သမျှ current တွေနဲ့တူပါတယ်တဲ့။
X မှာ 1A ၀င်ပြီး (0.5A+0.5A) နှစ်ခုထွက်သွားပါတယ်။ equation အရ အ၀င်ကို (-) အထွက်ကို (+) နဲ့ရေးပါတယ်။
-1A+0.5A+0.5A=0A
node Y မှာလည်း အတူတူပါပဲခင်ဗျ။
http://img13.imageshack.us/img13/5383/zzz3.png
အပေါ်ပုံက KVL ကို ဦးတည်သွားကြတာပေါ့ဗျာ။
50Ω ကနေ 20Ω 10Ω 20Ω တွေခွဲတော့ လမ်းက တစ်လမ်းတည်းမို့ Current က မပြောင်းပေမယ့် Voltage ကတော့ ခွဲယူရပါတယ်။ Voltage Division သဘောတရားအရ ခွဲရပါ့မယ်။ 20V 10V နဲ့ 20V ဆိုပြီး အသီးသီးခွဲရပါမယ်။
အလယ်က 10Ω ကို 20Ω နှစ်ခု မွှာခွဲတော့ Current ကမျှစီးရပါပြီ။ Voltage ကတော့ အပြိုင်မိုလို့ တူဆဲပါခင်ဗျ။ သူတို့အားလုံးကိုပြန်ပေါင်းတော့ အောက်ဆုံးပုံကို ပြန်ရပါတယ်။

ပိတ်နေတဲ့ ပတ်လမ်း တစ်ဝိုက်စာကို Loop လို့ခေါ်ပါတယ်။ ပုံမှာ i1 loop နဲ့ i2 loop ဆိုပြီး နှစ်ခုရှိပါတယ်။

Kirchoff က ပြောတာက loop တွေမှာ ရှိတဲ့ voltage ကို direction တစ်ခုအရပေါင်းရင် 0 ရတယ်တဲ့။
I1 loop မှာ
ပေးတဲ့ Source ကို (-) ဘက်စွန်းက စတွေ့ပါတယ်။ ဒါ့ကြောင့် -50V ပါ။ အပေါ်က 20Ω ကို (+)စွန်းနဲ့စတွေ့ပါတယ်။ ဒါ့ကြောင့် +20V ပါ။ ယာဘက်က 20Ω ကို (+)စွန်းမှာစတွေ့လို့ +10V ပါ။ အောက်ဘက်က 20Ω ကိုလည်း (+)စွန်းမှာစတွေ့လို့ +20V ပါ။ အားလုံးကိုပေါင်းရင်
-50V+20V+10V+20V=0V ဆိုတဲ့ KVL equation ရလာပါတယ်။

ယာဘက်က loop ကိုပတ်မယ်ဆိုရင်
-10V+2.5V+5V+2.5V=0V ဆိုပြီးရလာပါ့မယ်ခင်ဗျာ။

amaung
06-07-2009, 03:05 PM
http://img78.imageshack.us/img78/8376/star1.png
ဒီပုံလေးကိုကြည့်ပါ။ ဒီပုံလေးက resistor တွေဟာ series လည်း မဟုတ်သလို parallel လည်း မဟုတ်ကြပါဘူး။
ဥပမာ R1 နဲ့ R2 တို့ဟာ တစ်ခု နဲ့တစ်ခု series လို့ပြောရအောင်လည်း ကြားထဲမှာ R4 နဲ့ R5 ဆီက လာနှောင့်ယှက်လို့ series မဖြစ်ပါ။
R4 နဲ့ R7 တို့ဟာ series လို့ ပြောရအောင်လည်း R3 ကရှုပ်နေလို့ series လို့ ပြောမရပါ။
R4 နဲ့ R1 ဟာ parallel လို့ပြောရအောင်လည်း R7 က၀င်ရူပ်လို့ parallel လို့ပြောမရပါ။
ဒါ့ကြောင့် ဒီ circuit မှာ parallel နဲ့ series ဖြစ်စေမယ့် connection တို့ရှိမနေပါ။

R1 နဲ့ R4 ကြားက node နဲ့ R5 နဲ့ R2 ကြားက node နှစ်ခု ကြားမှာ ဘာပစ္စည်းမှ ရှိမနေလို့ သူတို့ကို တစ်ခုတည်းပေါင်းလိုက်မယ်ဆိုရင်
http://img232.imageshack.us/img232/6016/star2.png

ဒီပုံလေးရလာပါတယ်။
R4 R5 နဲ့ R3 တို့ဟာ တြိဂံပုံလေးဖေါ်နေလို့ သူ့ကို Delta connection လို့ခေါ်ပါတယ်။ ဒီပုံစံလေးကို အလွယ်ပြောင်းတဲ့ Y-Δ transform
နည်းရှိပါတယ်။ ဒီ link [/COLOR]http://en.wikipedia.org/wiki/Y-%CE%94_transform [COLOR="Blue"]မှာ အလွယ်တစ်ကူဖတ်နိုင်ပါတယ်။ သူတို့သုံးလုံးကို ပုံစံပြောင်းလိုက်ရင် ရလာမယ့် သုံးလုံးက အောက်က ပုံလေးအတိုင်းပါ။
R8=(R4*R5)/(R3+R4+R5)= 25/15= 1.67
R9=(R4*R3)/(R3+R4+R5)= 25/15= 1.67
R10=(R3*R5)/(R3+R4+R5)= 25/15= 1.67
ဆိုပြီး node A B C မှာ Delta ကနေ အလယ်ပွိုင့် X လေးထပ်လောင်းပြီး Star(Y) ပုံစံလေးကို ပြောင်းသွားပါတော့တယ်။
http://img232.imageshack.us/img232/8783/star3.png
အခုဆိုရင်မူလပုံဟာ အောက်ပါအတိုင်းပြောင်းသွားပါတယ်။
http://img14.imageshack.us/img14/9532/star4i.png
ဒီမှာလည်း DEF တို့ဟာ အလယ်မှတ် Y ကို ဗဟို ပြုလို့ Star ပုံပေါ်နေပါတယ်။
သူ့ကို delta ပုံဖြစ်အောင် ပြောင်းကြည့်မယ်ဆိုရင်
http://img9.imageshack.us/img9/5162/star5k.png
R15=(R1*R2+R2*R11+R11*R1)/R2 = (25+8.35+8.35)/5= 8.34
R16=(R1*R2+R2*R11+R11*R1)/R1 = (25+8.35+8.35)/5= 8.34
R15=(R1*R2+R2*R11+R11*R1).R11 = (25+8.35+8.35)/1.67= 25 ဆိုပြီး ပြောင်းသွားပါတယ်။
ခုချိန်မှာ ကျွန်တော်တို့ရဲ့ မူလ circuit လေးဟာ အောက်ပါအတိုင်းပြောင်းသွားပါတယ်။
http://img23.imageshack.us/img23/9100/star6.png
နောက်ဆုံးမှာတော့ source ကထွက်တဲ့ Current ဟာဆိုရင် 10/5.7=1.75 ရရှိပါကြောင်း။

နောက်ပိုစ့်မှာ ဆက်တာပေါ့ဗျာ။

amaung
06-07-2009, 03:07 PM
http://img9.imageshack.us/img9/9030/star21.png
KCL အရ 7.4Ω resistor အတွက် Current ကိုရှာပါတယ်။ ပြီးရင် series ခွဲပါတယ်။
http://img9.imageshack.us/img9/8060/star22.png
အရင်ပို့က ပုံတွေအတိုင်းပြောင်းပြန်ပြန်တက်ပါတယ်။ Current Division အရခွဲသွားပါမယ်။ delta ကနေ star ကိုခွဲရာမှာ မဆိုင်တဲ့ 0.75A တွေကို မထိပါဘူး။ ဆိုင်တဲ့ 0.6A နဲ့ 0.4A တို့ဟာ ပေါင်းပြီး အပေါ်က ပုံကိုရပါတယ်။ 1.67Ω resistor မှာတော့ Current မစီးနိုင်ပါခင်ဗျာ။
http://img4.imageshack.us/img4/4390/star23.png
လက်ယာဘက်က 6.67Ω ကို 5Ω နဲ့ 1.67Ω ခွဲတဲ့အခါ star connection တစ်ခုထပ်ရပါတယ်။
သူ့ကို delta ပြန်ပြောင်းပြီးတဲ့အခါ အဆင့်လေး ၄ ဆင့်နဲ့ ခွဲလိုက်ပါတယ်။
(၁) 1A*5Ω =5A
(၂) 0.75A*5Ω =3.75V
(3) -5V+3.75V+Vl=0
Vl=1.25V ရပါတယ်
(၄) 1.25V/5Ω =0.25A
(၅) 3.75A-0.25A=0.5A
အခုအချိန်မှာ Current တွေ အကုန်ရပြီမို့ Voltage တွေပါဖြည့်လိုက်ပါပြီ။
http://img13.imageshack.us/img13/928/star24.png
ဒီလိုတွက်တာကို ရှုပ်တယ်။ ထပ်ရှင်းလို့ ရမယ့်နည်းရှိတယ်ထင်နိုင်ပါတယ်။
ဒါနည်းက သမားရိုးကျတွက်စဉ်ပါ။
ဒီလို R တန်ဖိုးတွေ 5Ω ချည်းပဲ တူနေလို့ အလွယ်နည်းတွေနဲ့ တွက်နိုင်ပေမယ့် R တွေမတူရင် ဒီနည်းကို မဖြစ်မနေသုံးရမှာပါပဲခင်ဗျာ။
နောက်ပို့စ်တွေမှာ အလွယ်နည်းနဲ့ စဉ်းစားလို့ ရနိုင်မယ့် ပုစ္ဆာလေးတွေ သယ်လာခဲ့ပါဦးမယ်ဗျာ။

amaung
06-07-2009, 03:08 PM
ဒီအောက်ကပုံလေးမှာ R တန်ဖိုးတွေ အတူတူ ဆိုရင် Delta-star ကို သုံးပြီး A နဲ့ B ကြားက Resistance ကို ရှာကြည့်ကြပါခင်ဗျာ။ AB နဲ့ မဆိုင်တဲ့ ထောင့်တွေကို Star to Delta ပြောင်းရင်း ပေါင်းနိုင်ပါတယ်ခင်ဗျာ။
http://img10.imageshack.us/img10/8357/star333s.png
အဖြေကိုတော့ CircuitMaker ကနေ တိုင်းယူနိုင်ပါတယ်ခင်ဗျာ။
http://img6.imageshack.us/img6/435/star222.png
အားလုံးက R တွေဆိုရင် အဖြေက 0.83333 R ရပါ့မယ်ခင်ဗျာ။
ဒါကနောက်ထက် တွက်ကြည့်စရာလေးပါ။
http://img15.imageshack.us/img15/269/3333n.png
နောက်ပိုစ့်မှာ Short နဲ့ Open ၊ On နဲ့ Off သဘာဝတွေ ဆက်ပြောကြတာပေါ့ဗျာ။

amaung
06-07-2009, 03:09 PM
လမ်းဘေးက မီးတိုင်လေးကကြိုးတွေကို ဥပမာပြုကြတာပေါ့ဗျာ။
Phase လို့ခေါ်တဲ့ အပူကြိုး(အနီ) နဲ့ Ground လို့ခေါ်တဲ့ အအေးကြိုး မြေစိုက်ကြိုး(အမည်း) နှစ်ချောင်းပေါ့ဗျာ။

ကြိုးတစ်ချောင်းမှာပဲ အောက်က ပထမပုံအတိုင်း တိုင်းရင် voltage 0 ရပါ့မယ်။ တိုင်းတဲ့ကြိုးနေရာမှာ တားဆီးမှုမရှိလို့ R=0 ပါ။ V=IR=0 ပေါ့ဗျာ။ မီတာထဲကို Current မ၀င်နိုင်ပါ။ အပေါက်ကျယ်လွန်းတဲ့ (တနည်းအားဖြင့် R=0 ဖြစ်နေတဲ့) ကြိုးတစ်လျှောက်ကို ပဲ ဖြတ်စီးသွားလို့ပါခင်ဗျ။

Voltage မရှိသော်လည်း Current စီးနိုင်တယ်ဆိုတဲ့ အသိကိုရလာပါမယ်။

ကြိုးနှစ်ချောင်းကို ခွပြီး အောက်က ဒုတိယပုံအတိုင်း တိုင်းမယ်ဆိုရင် voltage တွေတူနေပါတယ်။ Current မစီးတော့ V=IR=0 လို့ယူလို့မရပါ။ ဘာ့ကြောင့်လဲဆိုတော့ တိုင်းလိုက်တည်းက Meter မှာ Resistance ရှိနေလို့ပါပဲ။
တနည်းအားဖြင့် meter ထဲကို Current ၀င်မှာပါ။ meter က Voltage ကို ပြနိုင်ဦးမှာပါ။

ဒုတိယပုံမှာ အရမ်းကြီးတဲ့ Resistance နဲ့ series မိုလို့ မီတာရဲ့ Resistance ကိုပဲရပါတယ်။(ကြိုးရဲ့ Resistance ကို ထည့်မတွက်တောင်ရနေလို့ Neglect လုပ်လိုက်ပါတယ်။) Resistance အရမ်းကြီးတော့ I=V/R မို့ Current မစီးသလောက်ပါပဲ။

Current မစီးသော်လည်း Voltage ရှိနိုင်တယ်ဆိုတဲ့ အသိထပ်မံရရှိပါတယ်။

အောက်ဆုံးပုံကတော့ မီတာရဲ့ ကြီးမားတဲ့ Resistance နဲ့ series ဖြစ်နေတဲ့ R လေးက တိုင်းတာ ရာမှာ အနှောင့်အယှက်မဖြစ်ကြောင်းကို ပြတာပါ။ ဘာ့ကြောင့်လဲဆိုတော့ Current မစီးလို့ပါခင်ဗျ။ R မှာသက်ရောက်မယ့် V ကိုတွက်တဲ့ အခါ V=IR=0 ပါခင်ဗျ။ ဒီအသိတွေက Electrical သမားတွေ အတွက် အရေးကြီးလွန်းပါတယ်။ နောက်ပိုင်းမှာ meter တည်ဆောက်ပုံကို သီးသန့်တင်ပြပါဦးမယ်ခင်ဗျ။
http://img6.imageshack.us/img6/2740/shortopen.png

amaung
06-07-2009, 03:11 PM
http://img7.imageshack.us/img7/1121/shortopen2.png
ဒီပုံလေးက V နဲ့ I ကို ရှာကြည့်ကြပါစို့ဗျာ။
Current ဟာ Source ရဲ့ အပေါင်းကနေထွက်လာပြီး ပတ်လမ်းတစ်လျှောက်ကိုဖြတ်လို့ အနှုတ်စွန်းဆီသွားရာမှာ short နဲ့ အပြိုင် Resistance တွေကို မ၀င်ပဲစီးဆင်းနေတာကို အောက်မှာ ပြထားပါတယ်။
http://img7.imageshack.us/img7/1907/shortopen3.png
Voltage တိုင်းမှာနဲ့ Current စီးတာကို မှတ်ပြီး သာမန်လေးရှင်းရှင်းပြန်ဆွဲပါမယ်။ နောက်တော့ မြင်သာအောင် Resistor လေးတွေကို နေရာရွှေ့လိုက်ပါတယ်။ အောက်မှာပြထားပါတယ်။
http://img7.imageshack.us/img7/1687/shortopen4.png

အစတည်းက တွက်ရလွယ်အောင် Resistance တွေကို ရွေးပေးထားလို့ စိတ်တွက်နဲ့ပဲ Current တန်ဖိုးတွေ ရကြမှာပါ။
ကျွန်တော်တို့ လိုချင်တဲ့ Current က ပုံမှာ ပြထားတဲ့အတိုင်း Current တန်ဖိုးနှစ်ခုပေါင်းမှ ရမှာမို့ ပေါင်းပေးရပါမယ်။
Voltage ကလည်း i loop တစ်လျှောက် (Resistor တွေရဲ့ Voltage ကို V=IR နဲ့ တွက်ပြီးသားမို့) KVL ပတ်လိုက်ပါမယ်။ V တန်ဖိုးလည်းရလာပါလိမ့်မယ်။
http://img7.imageshack.us/img7/2299/shortopen5.png
ခုဆိုရင် Resistance သဘောတရား KCL KVL Short-open သဘာဝတွေစုံပြီမို့ layer တစ်ခု(Resistor) မှသည် layer နှစ်ခု ဖြစ်တဲ့ ဒိုင်အုပ်တွေဆီသွားကြပါစို့ဗျာ။
အဲဗျ မေ့လို့ အရေးကြီးတာ ကျန်ခဲ့ပြီ သွားကြမယ် AC ဆီသို့ ...

amaung
06-07-2009, 03:12 PM
DC ဆိုတာကနေ AC ဘယ်လိုပေါ်လာလဲ စဉ်းစားကြည့်တယ်ဗျ။
ဟိုအရင်ကတော့ chemical ဘက်ထရီလောက်ပဲရှိမှာပေါ့ဗျာ။ နောက်တော့ power လိုချင်တာနဲ့ ဓာတ်ဆီတွေနဲ့မောင်းချင်လာတော့ Generator တွေပေါ်လာမယ်။ Generator မှာ လျှပ်စစ်ထွက်တာကို ဖမ်းပုံလေးကို လိုက်ပြီး နှစ်မျိုးထွက်လာတယ်။ အောက်ကပုံလေးတွေကိုကြည့်ပါ။
http://img16.imageshack.us/img16/4044/44026637.jpg
အ၀ါရောင် နန်းကြိုးဟာ ညာရစ်လည်ပါတယ်။ ဘေးမှာထည့်မဆွဲထားပေမယ့် သံလိုက်ကြီးဘေးမှာရှိနေပါတယ်။ ဒါ့ကြောင့် လောလောဆယ် ညာဘက်က အခြမ်းလေး အောက်အကျမှာ လက်ယာဘက်ကနေ လက်ဝဲဆီကို A ဆိုတဲ့ Current ဟာစီးသွားပါတယ်။ နောက်တစ်ခါ ၀ဲဖက်အခြမ်းလေး ညာဘက်ကျဆင်းတော့လည်း A ကို ခုနက direction အတိုင်းစီးပြန်ပါတယ်။ ဒါ့ကြောင့် b အစွန်းကနေ a ဆီသို့ စီးနေပါတော့တယ်။ ဒီလို b ကနေ a ဆီသာ စီးလို့ သူ့ကို Direct Current (DC) လို့ခေါ်ပါတယ်။ အဓိကသော့ချက်က Current ဖမ်းတဲ့ လက်သည်းကွင်း Ring လေးနှစ်ခုပါပဲ။
ဒီ Ring လေးကို ပုံစံတစ်မျိုးပြောင်းကြည့်ရအောင်ဗျာ။ အောက်ကပုံလေးကို ကြည့်ပါ။
http://img22.imageshack.us/img22/2789/69476733.jpg
Current A ကတော့ အရင်လိုပဲ အ၀ါနန်းကြိုးတစ်လျှောက် ညာကနေဘယ်ကို စီးမြဲပါပဲ။ ဒါပေ့မယ့် Ring နှစ်ခုနဲ့ အပေါ်ပုံလို ခွဲဖမ်းတော့ လောလောဆယ်မှာ b ကနေ a ကိုစီးပေမယ့် ဘယ်ဘက် အ၀ါနန်းလေး ညာဘက်လည်လာချိန်မှာတော့ A ကတော့ အရင်လို ဘယ်ဘက်ကို စီးပါရဲ့ a စွန်းက သူ့ကို ဆုပ်ထားတော့ a ကနေ b ဆီ စီးတယ် ဖြစ်သွားပါတယ်။ ဒီလိုနဲ့ b နေ a ပြီးရင် a ကနေ b တစ်လှည့်စီ current စီးရာက Alternating Current (AC) ဆိုတာဖြစ်လာပါတယ်။

သူတို့နှစ်ခုကို ယှဉ်ရရင် DC ဆိုတာ 10A ဆို 10A မပြောင်းဘဲစီးနေရမှာကို DC Generator က Waveform အတိုင်း ကုန်းကုန်းကွကွ စီးတော့ ငြိမ်အောင် ပြန်လုပ်ရဦးမယ်။
AC မှာတော့ မငြိမ်တာချင်းအတူတူ ပြန်လှန်စီးတယ်။ ပြီးတော့ ပြန်လှန်စီးကနေ အတည့်စီးအောင် rectify လုပ်ရတာ လွယ်နေပါတယ်။ သူက တော့ ဘယ်လို တည့်တည့် တည့်ဖို့ပဲ အရေးကြီးတယ်လေ။ DC to AC ထက်လွယ်ပြန်ပါတယ်။
DC ကနေ ac ပြေင်းမယ်ဆိုရင် တစ်လှည့်ဆီစီးဖို့ အချိန်တစ်ခု သတ်မှတ်ရဦးမယ်။ တိကျ မှလည်းဖြစ်မယ်လေ။ ခက်ခဲပါတယ်။ မယုံရင် AC ကနေ DC ပြောင်းတဲ့ Adapter လေးတစ်ခုနဲ့ DC to AC ပြောင်းတဲ့ Inverter လေးတစ်ခု ယှဉ်ဝယ်ကြည့်ပါ့လားဗျာ။

ဒါနဲ့ပဲ AC ဆိုတဲ့ ပြန်လှန်လျှပ်စီးစတိုင်လေး ပေါ်လာတယ်ထင်ပါတယ်။ ခုချိန်ကစလို့ waveform များ လှပစွာ အသက်ဝင်လာပါတော့တယ်ခင်ဗျာ။ AC နဲ့ DC လေးက ဘာတွေကွဲလဲ အသေးစိတ်ကြပါစို့ဗျာ။

amaung
06-07-2009, 03:13 PM
http://img5.imageshack.us/img5/5152/ac1o.png
ဒီပုံလေးကိုကြည့်ပါ။
အပေၞက ၀ဲဖက် ဆားကစ်မှာ I ဟာ ဘယ်မှညာစီးပြီး ညာဘက်က Circuit မှာတော့ ညာမှဘယ်ကို စီးပါတယ်။
အဲဒီ လို ဘယ်ညာနှစ်ခုပါပြီဆိုတာနဲ့ AC ဆိုတာ သိသာသွားပါတယ်။
ဒီနေရာမှာ လေးထောင့်ကြီးသက်သက်မရလွယ်ပါဘူး။ အပေါ်က ပို့စ်မှာလို Generator ကွိုင်ကလည်တော့ တချို့နေရာ(အပေါ်နဲ့အောက်)မှာ သံလိုက်နဲ့ဝေးတော့(ထောင့်မှန်ကျတော့) အားမရှိပေမယ့်။ သံလိုက်နဲ့ဘယ်ညာယှဉ်တော့ နီးကပ်ပြီး အားပြင်းပါတယ်။
အဲလိုနဲ့ အများသိတဲ့ sine wave ကိုသာသုံးကြရပါတော့တယ်။
အောက်ကပုံမှာ sine wave ကိုပြထားပါတယ်။
http://img6.imageshack.us/img6/249/ac2f.png
နောက်ပိုစ့်မှာ AC လို့ထင်ရပြီး AC မဟုတ်တဲ့ wave တွေအကြောင်းဆက်ရအောင်ဗျာ။

amaung
06-07-2009, 03:13 PM
http://img25.imageshack.us/img25/9426/notax.png
အပေါ်က ပုံလေးကိုကြည့်ပါ။ sine wave ကို အပေါ်ကို 10V မြင့်ထားထားပါတယ်။ သူဟာ sine wave ပေမယ့် 0V ရဲ့ အပေါ်မှာပဲ ရှိနေတော့ တစ်ဖက်သတ် လျှပ်စီးကိုပဲ ပြနေပါတယ်။ ဒါကို DC လို့ပြောလို့ရပါတယ်။ တနည်းအားဖြင့် တစ်သတ်မှတ်တည်း Current ကို မပေးပေမယ့် တစ်သတ်မှတ်တည်းသော Direction ကို ပေးမယ့် Source ပါပဲခင်ဗျ။
ဒီနေရာမှာ DC average ကိုထည့်ပြောဖို့လိုလာပါပြီ။ သာမာန် sine wave ဟာ 0V level ကနေ ထက်အောက် ညီမျှစွာ လွှဲနေလို့ အမြတ်မရှိပါ။ ဒီသဘာဝကို ဧရိယာ သဘာဝနဲ့ ယှဉ်ရပါတယ်။ sine wave ရဲ့ အပေါ်အောက် တစ် ဆာကယ် (1 cycle) မှာ အပေါ်ခြမ်းဧရိယာနဲ့ အောက်ခြမ်းဧရိယာတို့ ညီပါတယ်။ ချေလိုက်ရင်ကျေပါတယ်။ တနည်းအားဖြင့် တစ်သတ်မှတ်တည်းသဘာဝ( DC value)မရှိပါ။

အပေါ်က ပုံမှာတော့ ထက်အောက်လွှဲတဲ့ sine wave ကို ချေတယ်ထားဦးတော့ 10 V ကတော့ မြတ်နေမှာပါ။
အဲဒီအသားတင် 10V ကို DC average လို့ခေါ်ပါတယ်ခင်ဗျ။
ခုဆိုရင် AC သဘာဝကို အနည်းငယ်ခြုံငုံမိလို့ CircuitMaker နဲ့ AC Source တစ်ခု တည်ဆောက်ကြပါစို့ဗျာ။ DC average လည်း တိုင်းကြစို့ဗျာ။

amaung
06-07-2009, 03:15 PM
wave အမျိုးမျိုးကို ထုတ်နိုင်မယ့် signal Generator လေးကို အောက်ကပုံလေးအတိုင်းရယူပါ။
DC Average အတွက်လည်း အောက်ပုံမှာပဲ ပြထားပါတယ်။
http://img13.imageshack.us/img13/5585/dcavgf.png
ဒါလေးကို Default အတိုင်းပဲတိုင်းလိုက်ရင် အောက်က ပုံလေးအတိုင်းရပါမယ်။ သတိထားရမှာက DC Average ပါ။ သူဟာ အင်မတန်သေးငယ်ပြီး မရှိသလောက်ကို ဖြစ်နေပါတယ်။ ဒါဟာ သာမန် AC sine wave အတွက်ပေါ့ဗျာ။
http://img9.imageshack.us/img9/2271/dcavg2.png

ဒီတစ်ခါ SIGNAL GENERATOR လေးက Double Click ခေါက်ပြီး အောက်က ပုံလေးအတိုင်းပြင်လိုက်ပါ့မယ်။
http://img24.imageshack.us/img24/1586/dcavg3.png

ဒီခါမှာတော့ sine wave ဟာ အပေါ်ကို တက်သွားပြီး ရလာမယ့် DC Average ဟာ 10V ဖြစ်လာကြောင်းတွေ့ရပါတော့မယ်ခင်ဗျား။
http://img18.imageshack.us/img18/2467/dcavg4.png
နောက်ပိုစ့်တွေမှာ wave တွေရဲ့ ပေါင်းခြင်းနှုတ်ခြင်းတွေ လေ့လာကြတာပေါ့ဗျာ။ လောလောဆယ်တော့ စာမေးပွဲရှိလို့ ခဏနားပါဦးမယ်ခင်ဗျား။

amaung
06-07-2009, 03:16 PM
WAVE နှစ်ခုကို ပေါင်းလို့ရမယ့် ပုံကို ပြထားပါတယ်ခင်ဗျ။
http://img24.imageshack.us/img24/2707/26785385.png
WAVE တစ်ခုထဲကနေ တစ်ခုကို နှုတ်ထားပါတယ်။ လက္ခဏာပြောင်းပြီး ပေါင်းလိုက်တာပဲဖြစ်ပါတယ်။
http://img6.imageshack.us/img6/8666/85282758.png
ဒီပုံတွေထဲက နမူဏာပေးထားတဲ့ Voltage Source ကို စိတ်ကြိုက် ဖန်တီးလို့ ရအောင်ပေးထားပါတယ်။ သူ့ကို လိုချင်ရင်တော့ အောက်ကပုံလေးအတိုင်း ယူပြီး အချိန်နဲ့တန်ဖိုးကို ပြောင်းလို့ရပါတယ်။
http://img4.imageshack.us/img4/8972/wavespb.png

amaung
06-07-2009, 03:17 PM
ကျောင်းသားတော်တော်များများဟာ ac 220 V ကို wave ဆွဲဆိုရင် မှားယွင်းစွာနဲ့ sine wave အပေါ်မြင့်ကို ၂၂၀ အောက်အမြင့်ကို အနှုတ် ၂၂၀ ဆိုပြီး မှားယွင်းဆွဲသားလေးရှိပါတယ်။
ဒါဟာဘာ့ကြောင့်လည်းဆိုတော့ peak voltage=square root 2 *VRMS ဆိုတာလေးကို နားမလည်ကြလို့ပါ။
root mean square ဆိုမှတော့ လေးထောင့်ပုံဖြစ်အောင် မျှယူလိုက်တယ်။ root 2 ဆရှိတယ် ဆိုတဲ့သဘောပါ။
တကယ်တော့ အများသုံးတဲ့ ac line voltage ဟာ အမြင့် ၃၁၁ ရှိပါတယ်။ ဒါလေးသိဖို့ကလည်းအရေးကြီးပါတယ်။ ပစ္စည်းတစ်ခုကို ရွေးပြီဆိုပါတော့ ဥပမာ ဒိုင်အုပ်တစ်လုံးရဲ့ အမှားခံ voltage ဟာ ၂၅၀ ဆိုပါတော့ ၂၂၀ ac ကိုနိုင်ပါတယ်ဆိုပြီးသုံးလို့ မရပါဘူး။ ၃၁၁ ဗို့ကိုနိုင်မှရမှာပါ။

အောက်ကပုံလေးကိုကြည့်ပါ။ အောက်ပါ wave နှစ်ခုကို frequency 1k နဲ့ cycle ညီအောင် ကျွန်တော်ဆောက်လိုက်ပါတယ်။ multimeter ရဲ့ ac mode မှာထားပြီး တိုင်းကြည့်လိုက်ပါတယ်။ ac တန်ဖိုးနှစ်ခု တူပါတယ်။ ဒါပေမယ့် wave form မတူပါ။ ဒါပေမယ့်ဧရိယာတူပါတယ်။

sinewave ရဲ့ ထိပ်ကပိုနေတဲ့အပိုင်းကို half cycle ပြည့်အောင် ဖြန့်ညှိမယ်ဆိုရင် အ၀ါရောင် square wave ရလာမှာပါ။ ဘာ့ကြောင့် ac တန်ဖိုးတူကို multimeter ကပြတာလဲလို့ မေးဖွယ်ရှိပါတယ်။

ဒါက ဒီလိုပါ။ meter ဟာလည်း သူ့ထဲဝင်လာမယ့် current ကို တစ်ဖတ်သတ်ဖြစ်အောင်ပြောင်း ညွှန်တန်းလေး ငြိမ်ပြနေအောင် ဒီ wave ကို ဖြိုချသလို ညှိပြီး ပြရတာမို့ပါ။ ဒီသဘောကို AC to DC converter မှာ အများကြီးထည့်စဉ်းစားရဦးမှာပါခင်ဗျာ။
http://img15.imageshack.us/img15/7784/rms.png

amaung
06-07-2009, 03:19 PM
အလုပ်တွေမအားတာနဲ့ ဒီမှာ မရေးဖြစ်တာ တော်တော်ကြာသွားတယ်ဗျာ။ အစကတော့ ဒိုင်အုပ်တွေအကြောင်းသွားမလို့ဗျ။
ရေးခဲ့သမျှပြန်ဖတ်တော့ ရေးဖို့ကျန်နေတာလေးတွေတွေ့လို့ ပြန်ဖြည့်လိုက်ပါတယ်။ အောက်က ပုံလေးက point A နဲ့ B ကြားက resistor ပေါင်းတာလေးမှာ အဲဒီပုံအတိုင်း CircuitMaker မှာ တိုင်းနိုင်ကြောင်းပြခဲ့ပါတယ်။
ခုတစ်ခါကတော့ ပေးထားတဲ့ Resistor တွေ တန်ဖိုးတူရင် အလွယ်တကူတွက်ချက်နိုင်ကြောင်းပြမှာပါ။
အောက်ကပုံလေးမှာ အမှတ် B ကနေ A ကို Current စီးလိုက်မယ်လို့ယူဆပါ့မယ်။ ဒီအခါမှာ Resistor တန်ဖိုးတွေတူနေတော့ စဉ်စားလို့ရလာမယ့် Current အခြေအနေလေးတွေရလာပါတယ်။
B က၀င်လာတဲ့ Current ဟာ ပန်းရောင် သုံးလိုင်းအဖြစ် အညီအမျှခွဲပါမယ်။ နောက်ထပ်တစ်ခါ အဆုံးဘက် A ဆီကိုထွက်ရာမှာလည်း ပန်းရောင် သုံးလိုင်းအဖြစ်အညီအမျှခွဲထွက်ပါလိမ့်မယ်။ အလယ်က အစိမ်းတွေကတော့ အားလုံးတူပါ့မယ်ခင်ဗျ။[/COLOR]
http://img20.imageshack.us/img20/7406/ec2j.jpg
ဒါ့ကြောင့်ကျွန်တော်တို့ဟာ သူ့ကို အောက်ပါပုံအတိုင်း စုပြစ်လိုက်လို့ရပါပြီ။ ဒီအခါမှာ သုံလုံးအပြိုင် နှစ်ခုနဲ့ ခြောက်လုံးအပြိုင်တစ်ခုရလာပါ့မယ်။ Delta Star တွေသုံးစရာမလိုတော့ဘူးပေါ့ဗျာ။ လွယ်လွယ်နဲ့ပဲတိုင်းတာရပါလိမ့်မယ်ခင်ဗျာ။ ဒါဟာ ပေးထားတဲ့ Resistance တွေ တူမှရမယ်ဆိုတာကတော့ မေ့မပစ်သင့်ပါဘူးဗျာ။
http://img20.imageshack.us/img20/1565/ec1.png
နောက်ထပ်နမူနာတစ်ပုဒ်ကျန်သေးတယ်ခင်ဗျ။

amaung
06-07-2009, 03:19 PM
နောက်တစ်ပုဒ်မှာကလည်း တန်ဖိုးတူတွေမို့အလွယ်တွက်နိုင်ပါတယ်။ ၀ဲဘက် အပြိုင်က နှစ်လုံးတူတာရယ် ညာဘက်အပြိုင်ခြမ်းက ထက်အောက် တန်ဖိုးမျှတာရယ်ကြောင့် အောက်ပါအတိုင်းစဉ်းစားလို့ရနိုင်ပါတယ်။ တကယ်လို့ တစ်နေရာကသာ နည်းများမညီဖြစ်ခဲ့ရင် အရင်တွက်ရိုး Delta-Star နဲ့ပဲ တွက်ရပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ Current ဟာ Voltage များရာ node မှသည် နည်းရာကို Current စီးစေမှာပါ။
အောက်ကပုံတွေမှာတော့ ၀ဲအခြမ်းညီသလို ညာအခြမ်းကလည်း ညီတော့ Current ဟာ Source ရဲ့ (-) စွန်းကို တည့်စီးသွားမှာမို့ပါ။
ဝဲပုံမှသည် ယာပုံဆီသို့ ကြိုးကို နွှာလိုက်ပါတယ်။ Current အညီအမျှ ပိုင်းသွားမယ်လို့ မဆိုလိုပါ။ သူ့လမ်းနဲ့ သူ့တန်ဖိုးမျှသွားမယ့်သဘောပါ။

http://img257.imageshack.us/img257/7416/ec3.png
ဒီအခါမှာ KCL KVL သုံးပြီး ရိုးရှင်းစွာတွက်ချက်နိုင်ပါပြီ။ အောက်ကပုံအတိုင်း Voltage တွေရပါ့မယ်ခင်ဗျာ။
http://img206.imageshack.us/img206/2654/ec4.png
ဒိုင်အုတ်တွေဆီသွားကြပါစို့ဗျာ။

amaung
06-07-2009, 03:21 PM
Semiconductor နှစ်မျိုးအကြောင်းကို အစမှာပြောခဲ့ပါတယ်။ အခုအချိန်မှာတော့ သူတို့နှစ်မျိုးကို စပေါင်းတဲ့ 2 layer device ဖြစ်တဲ့ pn junction ကို လေ့လာကြပါစို့ပါဗျာ။
အပြင်မှာတော့ ပုံစံအမျိုးမျိုးနဲ့ရှိပါတယ်။ အတွေ့များတဲ့ပုံစံတွေကို googleimage ကနေကူးယူဖေါ်ပြလိုက်ပါတယ်။
http://img269.imageshack.us/img269/2118/images5y.jpghttp://img269.imageshack.us/img269/5277/images6m.jpghttp://img269.imageshack.us/img269/5784/75875664.jpghttp://img269.imageshack.us/img269/1349/images4z.jpghttp://img211.imageshack.us/img211/7149/images8pyb.jpghttp://img269.imageshack.us/img269/1245/diode6custom.jpghttp://img211.imageshack.us/img211/9512/images7.jpg
သူ့ရဲ့ အလုပ်လုပ်ပုံကို အခြေခံ ဆက်သွယ်ပုံနှစ်မျိုးနဲ့ လေ့လာနိုင်ပါတယ်ပါတယ်ခင်ဗျာ။
ပထမအနေနဲ့ အောက်ကပုံလေးကိုကြည့်ပါ။
http://img38.imageshack.us/img38/9154/87955148.png
ဒိုင်အုပ်မှာ SEMICONDUCTOR နှစ်မျိုးရှိရာကို positive ဖက်ကို anode လုပ်ခေါ်ပါတယ်။ negative ဖက်ကို kathode လို့ခေါ်ပါတယ်။ ဒီအမည်တွေက electrode ကနေခွဲလာတယ်ထင်ပါတယ်။
ပုံထဲမှာ p-type ကို battery ရဲ့ + စွန်းဖက်မှာထားပါတယ်။ အပေါင်းဖက်ရဲ့ အဓိပ္ပါယ်က အီလက်ထရွန်လိုနေတယ်ဆိုတာပြပါတယ်။ အနှုတ်ရဲ့ အဓိပ္ပါယ်က အီလက်ထရွန်ပိုတာကိုပြပါတယ်။ ဒါ့ကြောင့် ဘက်ထရီအစွန်းတွေဟာ ဒိုင်အုပ်ရဲ့ လက္ခဏာနှစ်ခြမ်းကို ပြောင်မြောက် အားတိုးစေပါတယ်။ ဒါ့ကြောင့် ပန်းရောင်မြားတွေအတိုင်း တွန်းကန်မှုသဖွယ်သက်ရောက်ပြီး ဒိုင်အုပ်ရဲ့ ပန်းရောင် ဧရိယာကို ကျဉ်းမြောင်းစေပါတယ်။ တနည်းအားဖြင့် p နဲ့ n ကြားမှာ အတားနည်းသွားလို့ အပြာရောင် မြှားအတိုင်း Current စီးစေပါတယ်။ ဒါကို ဒိုင်အုပ် On တယ်လို့ခေါ်ပါတယ်။ ဒိုင်အုပ်ကို Current ဖြတ်စီးစေလို့ Voltage drop လို့ခေါ်တဲ့ သက်ရောက် ခုခံအား နည်းစေပါတယ်။ 1V တောင်မပြည့်တော့ဘူးဖြစ်သွားပါတယ်။ တကယ်ကြီးတော့ ဒိုင်အုပ်ကို ဒီလိုပုံသွားတပ်လို့မရပါဘူးခင်ဗျ။ ဘက်ထရီးအားလေးမြန်မြန်ကုန်သွားပါလိမ့်မယ်ခင်ဗျ။ ပတ်လမ်းမှာ Resistor လေးဘာလေးခံမှ ရမယ်ပေါ့ဗျာ။
ဒိုင်အုပ် off ရင်ရော ဘယ်လိုဖြစ်မလဲ ကြည့်ကြပါစို့ဗျာ။

amaung
06-07-2009, 03:21 PM
ဒီတစ်ခါတော့ အောက်က ပုံအတိုင်းတပ်ပါ့မယ်။
http://img38.imageshack.us/img38/2012/41674969.png
ဘက်ထရီရဲ့ အနှုတ်စွန်းက ပိုနေပါတယ်ဆိုတဲ့ အီလက်ထရွန်တွေဟာ ဒိုင်အုပ်ရဲ့ အီလက်ထရွန်လိုနေပါတယ်ဆိုတဲ့ p-type နဲ့ သွားတွေ့တဲ့ အခါ သူ့တို့နှစ်ခုကြားတင် ဆွဲငင်အားသဖွယ်ဖြစ်စေပါတယ်။
ဒီလိုပါပဲ ဘက်ထရီရဲ့ အပေါင်းခြမ်းမှာလည်း သူ့တို့ဖာသာ ဆွဲငင်ကြတော့ ဒိုင်အုပ်ကိုဖြတ် အီလက်ထရွန်စီးဖို့ မဖြစ်နိုင်တော့ ပါဘူး။ တနည်းအားဖြင့် ဒိုင်အုပ်ကို Current မစီးနိုင်တော့ ပါဘူး။
ဒါကိုပဲ ဒိုင်အုပ် off တယ်ဆိုပါတယ်။
ဒိုင်အုပ် off ရင် Current မစီးဘူး။( တကယ်က စီးတယ်ဆိုယုံလေးတော့ စီးပါသေးတယ်။ နည်းလွန်းတာပါ။)
ဒိုင်အုပ်ကို ခွတိုင်းရင် battery ကို ဒိုင်အုပ်မပါပဲ တိုင်းသလို ဖြစ်လို့ မူလ battery Voltage အတိုင်းရပါ့မယ်ခင်ဗျာ။
ဒါမျိုးကတော့ ဘယ်ဘက်ထရီကို သွားစမ်းစမ်းရတယ်။ ဘယ်လောက်ဗို့များများလို့လည်း ပြောမရပြန်ပါဘူး။ သူ့မှာလည်း အကန့်အသတ်ရှိပြန်ပါတယ်။ ဒီ ဗို့ ကိုပဲ ဒိုင်အုပ်ရဲ့ ခံနိုင်ရည်လို့ ခေါ်ကြတာပါပဲဗျာ။ ကဲဗျာ ဒိုင်အုပ်ပြုမူပုံလေး ဆက်လေ့လာကြစို့ဗျာ။

amaung
06-07-2009, 03:22 PM
Diode Characteristics ကို ဒီပုံလေးအတိုင်းတိုင်းတာနိုင်ပါတယ်။
VoltMeter လေးနဲ့ AmMetter လေးကိုသုံး Variable Resister လေးအကူအညီနဲ့ ဒိုင်အုပ်ကို သက်ရောက်မယ့် Volt နဲ့ စီးဝင်မယ့် Ampere လေးကို မှတ်သားပြီး အောက်က Curve ကို ရနိုင်ပါတယ်ခင်ဗျာ။
http://img339.imageshack.us/img339/8379/diode7custom.jpg
ကွန်တော်တို့မှာ ဒိုင်အုပ်သုံးဖို့ အခြေံခံလိုအပ်ချက်(၂)ခုရှိပါတယ်။ ဒါလေးကိုကြည့်ပါ။
http://img199.imageshack.us/img199/3176/images3w.jpg
(၁) ဒိုင်အုပ် on စဉ်မှာ voltage လေး နည်းနည်းလေးနဲ့ Current တွေအများကြီးစီးစေချင်ပါတယ်။ ဒိုင်အုပ်ကိုက အဖွင့်အပိတ်ကို စီရင်မှာမို့ သူက voltage တွေ အများကြီးစားတာ မဖြစ်စေချင်ပါဘူး။ သူ့က လမ်းမှာရပ်မှာဆိုတော့ များများစီးတာကိုတော့ ခွင့်ပြုရမယ်လေ။
ဒီနှစ်ချက်ကို သိရင် သူ့ ON သဘာဝကို လွယ်ကူစွာနားလည်နိုင်ပါပြီ။ ညာဘက်က ON အခြမ်းကို ကြည့်ပါ။ Current တွေမြင့်လာသော်လည်း Voltage က 0.6V ခန့်မှာ ရှိနေပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ပထမလိုအပ်ချက်ပါ။
(၂)ဒိုင်အုပ် off စဉ်မှာ Voltage တွေ အရမ်းများလာသော်လည်း Current ဟာ nano လောက်မှာတည်နေပါတယ်။ ဒါ့ကြောင့် ဒိုင်အုပ်ဟာ ၁၀၀ ဗို့လောက်ကို Current မစီးပါဘူးပြောလောက်အောင် ဖြတ်တောက်ထားတာကို တွေ့ရပါတယ်။ ဒါဟာလည်း ကျွန်တော်တို့လိုချင်တဲ့ ပိတ်ခလုပ်တစ်ခုပါ။

အပေါ်နှစ်ချက်ကို ဆုံးဖြတ်သွားရာမှာ သတိပြုရမှာက ချိုးသွားတဲ့ ဒေါင့်လေးတွေပါ။ On ခြမ်းကဒေါင့်ဟာ နည်းတဲ့ ဗို့တန်ဖိုးလေးနဲ့ Run ဖို့ကိုဦးတည်ပေမယ့်။ ၀ဲခြမ်းက off ကတော့ 100V ကျော်ရင် Current တွေများလာတာကြီးတွေ့ရလို့ မလိုချင်တဲ့ အခြေအနေကို ဦးတည်ပါတယ်။ ဒါ့ကြောင့် သူဟာ သတိပြုရမယ့် ဗို့တန်ဖိုးပါ။ တနည်းအားဖြင့် Circuit Design မှာ ဒိုင်အုပ် off ကို 100V ခံဒိုင်အုပ်ကို 100V ထက်များမပေးဖို့သတိပြုရပါ့မယ်။
အားလုံးကိုခြုံကြည့်လိုက်ရင်တော့ ဒိုင်အုပ်ဟာ အုမ်းလောကို မလိုက်နာဘူးဆိုတာပါပဲ။ ဒါ့ကြောင့်လည်း Chart မှာ Curve က ကွေးနေတာပေါ့ဗျာ။
ကျွန်တော်တို့ဆက်အလုပ်လုပ်မယ်ဆိုရင်တော့ အများကြီးမလိုအပ်ပါဘူး။ ဒိုင်အုပ် on ရင် 1V မကျော်ဘူး။ off ရင် Current မစီးဘူး။ ဒီလောက်ပဲ ယူဆပြီး ဆားကစ်တွေ လျှောက်ဆင်ကြစို့ဗျာ။

amaung
06-07-2009, 03:24 PM
အောက်က နမူနာပုံလေးမှာ ဒိုင်အုပ်နှစ်ခုံကို ကွဲပြားတဲ့ အခြေနေ နှစ်မျိုးနဲ့ တင်ပြထားပါတယ်။ ဗို့ 100V ပေးထားပါတယ်။ ဒိုင်အုပ်ကရတာက 1V မကျော်တော့ သူ့ကို မရှိဘူးလို့ ယူဆတာပေါ့ဗျာ။
http://img33.imageshack.us/img33/8994/57759238.png
ပုံထဲမှာ Source ကနေ Current ထွက်လာတာကို ဂရုပြုပါ။ DIODE 1 မှာ FORWARD BIAS အနေနဲ့ဝင်တော့ သူ ON ပါတယ်။ ဒါ့ကြောင့်သူဟာ Voltage Drop 1V မကျော်ဘူးဖြစ်သွားပါတယ်။ DIODE 2 မှာ REVERSED BIAS အနေနဲ့ဝင်တော့ သူ OFF ပါတယ်။ သူ့ကိုစီးမယ့် Current ဟာ မစီးသလောက်နည်းသွားပါမယ်။
ပုံကို ထပ်အသေးစိတ်လိုက်မယ်ဆိုရင်
http://img39.imageshack.us/img39/9192/29660230.png
ဒီပုံမှာဆိုရင် i2 က မစီးဘူးလို့ ယူဆနှိုင်လို့
i1=i3=i4
i2 မစီးပေမယ့် V2 ဟာ V4 ကို ခွတိုင်းတာနဲ့တူလို့
V2=V4
V1 ကို 0V နီးပါးမှာလို့ယူဆတော့
V3+V4=100V
ဒီ Circuit အတွက် Resistor နှစ်လုံးတူလို့
V2=V4=50V
Diode 1 အတွက်
V1=0V
1=i3=V4/(1k)=V3/(1k)
Di0de 2 အတွက်
V2=50V
I2=0A
အားလုံးကို အနီးစပ်ဆုံးယူထားပါတယ်ခင်ဗျာ။ နောက်ပုံတွေမှာတော့ အနီးစပ်ဆုံးမလုပ်တော့ပါဘူး။ အတိအကျတွက်တာပေါ့ဗျာ။[/COLOR]

amaung
06-07-2009, 03:26 PM
http://img504.imageshack.us/img504/8246/32816547.png (http://img504.imageshack.us/my.php?image=32816547.png)
နမူဏာပုံလေးကိုကြည့်ပါခင်ဗျာ။ ဆားကစ်နှစ်ခုလုံးက အတူတူပါခင်ဗျ။ တိုင်းရာမှာရှင်းအောင် ကျွန်တော် နှစ်ပုံလုပ်ထားတာပါခင်ဗျ။
http://img504.imageshack.us/img504/6969/40090006.png (http://img504.imageshack.us/my.php?image=40090006.png)
ကြည်ပြာရောင် ဒီ wave လေးဟာ source ကပေးတဲ့ wave ပါ။ အမြင့် 10V ရှိပါတယ်။ သူရဲ့ AC တန်ဖိုးဟာ 7V ကျော်ကျော်မှာ ရှိပါ့မယ်။ root 2 x 10V ပါ။ သူဟာ frequency 1kHz မိုလို့ =1/f အရ ပုံထဲက 1 cycle စာတန်ဖိုးဟာ 1ms ရှိနေပါတယ်။
http://img33.imageshack.us/img33/3559/36349798.png (http://img33.imageshack.us/my.php?image=36349798.png)
အစိမ်းရောင် wave ကတော့ ဒိုင်အုတ်က ခံစားရမယ့် voltage ပါ။ forward ပေးချိန်မှာ 1V မကျော်ပေမယ့် ဒုတိယခြမ်းမှာတော့ ပေးတဲ့ wave ဟာ reversed bias ကြောင့် Source ကပေးတဲ့အတိုင်းခံစားရပါမယ်။
http://img35.imageshack.us/img35/1224/20637306.png (http://img35.imageshack.us/my.php?image=20637306.png)
အ၀ါရောင် wave က load Resistor ကရမယ့်တန်ဖိုးပါ။ ပထမ cycle တစ်ခြမ်းမှာ source ကပေးတဲ့ ၁၀ မှာ diode ကရတဲ့ 1V မပြည့်တဲ့ တန်ဖိုးပါ။ ဒုတိယ Cycle တစ်ဝက်မှာတော့ diode က အကုန်ယူသွားလို့ သူက ဘာမှ မရတော့ပါဘူး။ ဒါ့ကြောင့် သူဟာ တစ်ဖက်စီးသာရပါတော့တယ်။ 0V အောက်တန်ဖိုးမရလို့ ပြောခြင်းသာဖြစ်ပါတယ်။
http://img43.imageshack.us/img43/8818/84358400.png (http://img43.imageshack.us/my.php?image=84358400.png)
ဒီပုံလေးကတော့ WAVE တွေအားလုံးပြန်ပေါင်းပြတာပါ။ ပေးတဲ့ Source Voltage ကို diode နဲ့ Resistor တို့ ခွဲယူကြတာကိုပြပါတယ်။ ဒီပုံက အစိမ်းနဲ့အ၀ါလေးတွေကို ကြိုက်ရာ အမှတ်မှာ ပြန်ပေါင်းပါ။ ကြည်ပြာရောင် Source Voltage ကိုရပါတယ်။ 0.250ms မှာ အစိမ်းက 0.7V ဆိုရင် အ၀ါက 9.3V ပါ ပေါင်းရင် 10V ပါ။
ဒါလေးက Wave တွေနားလည်စေဖို့ကျွန်တော်နမူနာပြတာပါ။ နောက်ပိုစ့်မှာ သူတို့ရဲ့ AC တန်ဖိုး DCaverage တို့ကို အသေးစိတ်ပြပါဦးမယ်ခင်ဗျ။

amaung
06-07-2009, 03:27 PM
အပေါ်ပို့က Source ကပေးတဲ့ wave ကိုပြန်စမ်းစစ်ကြည့်ပါမယ်။
http://img529.imageshack.us/img529/7002/86458482.jpg
သူရဲ့ peak value ရာ ၁၀ ရှိပါတယ်။ ၁၀ ကို sqrt2 နဲ့စားရင် 7.071 ရပါတယ်။ ဒါဟာ ကျွန်တော်တို့ Multimeter ကို AC Vဆိုတဲ့ mode မှာ ထားတိုင်းရင် ရမယ့်တန်ဖိုးပါ။ တနည်းအားဖြင့် Root Mean Square တန်ဖိုးပေါ့ခင်ဗျာ။
ဒီ wave မှာ တစ်ဖက်တည်း သီးသန့်မစီးပါဘူး။ နှစ်ဖက်ကိုမှ ဧရိယာမျှပါတယ်။ ဒါ့ကြောင့် DC-average က 0V နီးပါးမှာပါ။ အပေါ်ဆုံးက 0V ကတော့ Source အနေနဲ့ DC သီးသန့်ထူးခြားရှိမနေတာ။ တနည်းအားဖြင့် စ ON တည်းက တစ်သတ်မှတ်တည်း စီးနေတာမရှိတာလို့ပြပါတယ်။ ကျွန်တော်တို့ဟာ စတည်းက အခြေအနေကို ဆုပ်ကိုင်ထားလိုခြင်းမရှိပါဘူး။ စီးဆင်းလို့ ကြာလာမှ အခြေအနေ(တနည်းအားဖြင့် overall ) ကိုပဲကြည့်မှာပါ။ ဒါ့ကြောင့် အပေါ်ဆုံးက တိုင်းတာခြင်းကို မသုံးတော့ပါဘူးခင်ဗျ။

ကျွန်တော်တို့ ဆက်သုံးသွားမှာဟာ AC တန်ဖိုးနဲ့ DC-average တို့ပါပဲ။ ပြန်နွှေးရမယ်ဆိုရင် AC တန်ဖိုးဆိုတာ ပေးတဲ့ အသွားအပြန်ကို တစ်ဝက်ဝက် ပြီး တစ်ဖက်မှာ ဘယ်လောက်ပမာဏရှိတယ်တွက်တာပါ။ ပေးတဲ့ပုံဟာ ဘယ်လိုပုံဖြစ်စေတော့ တစ်ဖက်စီးမှာတော့ ထောင့်မှန်စတုဂံပုံ(သို့)square ပုံဖြစ်ရပါမယ်။ ပေးတဲ့ ပုံဘယ်လိုပုံဆိုရာမှာ sine မဟုတ်လို့ လွှသွားပုံဖြစ်ရင်လည်းရပါတယ်။ ထောင့်မှန်စတုဂံပုံ(သို့)square ဆိုတာ wave ဟာ တစ်ဖက်က volt တစ်ဖက်က time မိုလို့ ထောင့်မှန်ပုံဖြစ်ဖို့သာ အရေးကြီးပါတယ်ခင်ဗျ။
DC-average ဆိုတာကတော့ အသွားအပြန်နှစ်ဖက်မမျှတော့ရင် ဘယ်ဘက်ကို ဘယ်လောက်ပိုမလဲတွက်တဲ့ ပမာဏပါ။ သူလည်း RMS လို ထောင့်မှန်ပုံဖြစ်အောင်လုပ်ပြီးမှ တိုင်းပါတယ်။ ဘာ့ကြောင့်လဲ ဆိုတာကတော့ရှင်းပါတယ်။ တိုင်းတဲ့မီတာတွေကိုက တည်ငြိမ်တဲ့ အမြင့်တစ်ခုမှာမှ ညွှန်တံက မလှုပ်မယှက်ပြနှိုင်မှာကိုးခင်ဗျ။
နောက်ထပ် နှစ်WAVE ကို ဆက်လေ့လာကြစို့ခင်ဗျာ။

amaung
06-07-2009, 03:28 PM
http://img33.imageshack.us/img33/9494/13163492.png
ဒါလေးက ဒိုင်အုပ်အတွက်ပါခင်ဗျ။ တိုင်းရာမှာ ဒိုင်အုပ်ရဲ့ (+) စွန်းမှာတိုင်းလို့ (-) စွန်းမှာ ground ချထားတာကို ဂရုပြုပါခင်ဗျာ။ ဒီလိုပုံစံနဲ့ပဲ ခွဲတိုင်းသွားမှာ ဖြစ်ပါတယ်။
ဒီ wave မှာ ပထမ ကျွန်တော်တို့ပြောမှာ ac ဗို့ပါ။ သူ့ရဲ့ မူရင်း wave မှာ 7.071 ရကြောင်းပြောခဲ့ပါတယ်။ ခုခါမှာတော့ ထက်အောက် နှစ်ပိုင်းမညီတော့ပါဘူး။ အောက်ပိုင်းက ကြီးပါတယ်။ တနည်းအားဖြင့် ထက်အောက်နှစ်ပိုင်းမှာ မျှချေယူရပါတော့မယ်။ ဒီအခါမှာ ထက်အောက် SQUARE နှစ်ခုပေါင်းပြီး နှစ်နဲ့စားတာနဲ့နီးစပ်ပါလိမ့်မယ်။
ကျွန်တော်တို့ရဲ့ Source မှာ 7.071V ချည်းပဲ ထက်အောက်ရလို့ ပေါင်းပြီး နှစ်နဲ့စားတော့ ဒါပဲပြန်ရပေမယ့် အခု wave မှာတော့ အပေါ်ခြမ်းက ခန့်မှန်းခြေ 1V ရှိပါတယ်။(ပုံအရမှန်းကြည့်တာပါ။) အောက်ပိုင်းကတော့ sine မိုလို့ 7.071V ပါ။ နှစ်ခုပေါင်းပြီး ၂ နဲ့စားရာမှာ 4V ကျော်ကျော်ရပါမယ်။

DC-average ကတော့ ထူးခြားလာပါပြီ။ မူလအစိမ်းရောင်က အစိမ်းဧရိယာပါ။ အပေါ်က ပိုနေတာလေးက ယာခြမ်းကို မြှားအတိုင်း ကြည်ပြာရောင်ဧရိယာဆီ ရွေ့သွားဟန်ရှိပြီး၊ အောက်က ပိုနေတဲ့ ဧရိယာက ၀ဲဖက်ကြည်ပြာဆီ ရွေ့သွားဟန်ရှိပါတယ်။ ဒါ့ကြောင့် နောက်ဆုံးညှိလိုက်တဲ့အခါ ကြည်ပြာရောင်နဲ့ အစိမ်းဧရိယာတွေပေါင်းထားတဲ့ -2.841V ကိုရပါတယ်။ ဒါဟာ တစ်ဖက်တည်းဆီကို ညွှန်းတဲ့ DC ပေါ့ခင်ဗျာ။
အင်မတန်စိတ်ဝင်စားဖို့ချစ်ဖို့ကောင်းတဲ့ ကျွန်တော်တို့ရဲ့ Waveform လေးတွေပေါ့ခင်ဗျာ။

amaung
06-07-2009, 03:29 PM
http://img193.imageshack.us/img193/6530/aaaab.png
ဒီပုံမှာတော့ DCaverage ကထူးခြားလာပါတယ်။ သူက load resistor က ရမယ့်တန်ဖိုးပါ။ အရင်ပို့မှာ ရှင်းခဲ့သလို အပေါင်းဖက်မို့ 2.8 ကအပေါင်းနဲ့ ထွက်ပါတယ်ခင်ဗျာ။ ဒီတန်းဖိုးလေးကို မြင့်စေတဲ့ အောက်က ဆားကစ်လေးတွေကို ကြည့်ပါခင်ဗျာ။
http://img189.imageshack.us/img189/483/bbbb.png
ဒီဆားကစ်လေးထဲမှာ DCaverage ဟာ အဆမတန် တက်လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ သိုလှောင်ပစ္စည်းတွေဆီသွားကြပါစို့ဗျာ။ wave လေးတွေနဲ့ ကစားကြတာပေါ့ဗျာ။

amaung
06-07-2009, 03:30 PM
Capacitor တွေရဲ့ သဘောသဘာဝကို ပြောဆိုနှိုင်ဖို့ ကျွန်တော် ဒီဆားကစ်လေးတည်ဆောက်ထားပါတယ်။ အပြင်မှာလည်း function generator ကိုသုံးပြီး square wave နဲ့တည်ဆောက်နှိုင်ပါတယ်ခင်ဗျ။
http://img193.imageshack.us/img193/7803/29015155.png
ဒါလေးတည်ဆောက်ရာမှာ လိုအပ်မယ့် data လေးက wave ကို pulse ပြောင်းပြီး အောက်က ပုံလေးအတိုင်းပြင်လိုက်ပါခင်ဗျ။
http://img189.imageshack.us/img189/3310/40389305.png
လောလောဆယ် wave သဘာဝအနေနဲ့ ကြည်ပြာရောင်နဲ့ အစိမ်းနဲ့ပေါင်းရင် အ၀ါရတာလေးကို သဘောပေါက်စေချင်ပါတယ်ခင်ဗျ။

ထပ်မံရှင်းလင်းပေးပါ့မယ်ခင်ဗျာ။ ပေးတာက အ၀ါပါ။ ရတာက Resistor အတွက် ကြည်ပြာရောင်နဲ့ Capacitor အတွက် အစိမ်းရောင်တို့ဖြစ်ပါတယ်။ ကျွန်တော်ပေါင်းပြပါဦးမယ်။
0s အချိန်မှာ ကြည်ပြာက 5V ရှိပြီး အစိမ်းက 0V ပါ။ သူတို့နှစ်ခုပေါင်းတော့ အ၀ါ 5V ရပါတယ်။
7ms အချိန်မှာ ကြည်ပြာက 2.5V ရှိပြီး အစိမ်းက 2.5V ပါ။ သူတို့နှစ်ခုပေါင်းတော့ အ၀ါ 5V ရပါတယ်။ (သူ့ကိုတော့ အောက်ကပုံလေးအတိုင်း တိုင်းတိုင်နှိုင်ပါတယ်။)
50ms ပြည့်ခါနီး အချိန်မှာ ကြည်ပြာက 0V ရှိပြီး အစိမ်းက 5V ပါ။ သူတို့နှစ်ခုပေါင်းတော့ အ၀ါ 5V ရပါတယ်။
ဒီလိုနည်းနဲ့ ဆန်းစစ်နှိုင်ပါစေခင်ဗျာ။
http://img192.imageshack.us/img192/8205/24997411.png

amaung
06-07-2009, 03:31 PM
ကျွန်တော်တို့တစ်တွေ TV စဖွင့်လိုက်တဲ့အခါမှာ ရုတ်တရက် ဖြတ်ခနဲလင်းထိန်မလာတာနဲ့ ရုတ်တရက်မီးပျက်တဲ့အခါ လင်းလင်းလေးကျန်ပြီး ဖြည်းဖြည်းမှိန်သွားတာမျိုးကြုံဖူးကြပါတယ်။ ပစ္စည်းတော်တော်များများမှာ ဒီလိုနောက်ကျ တာလေးတွေရှိတတ်ပါတယ်။
အဲဒီပစ္စည်းတွေကို သိုလှောင်ပစ္စည်းတွေလို့ ခေါ်ကြမှာပေါ့ဗျာ။ voltage ကို သိုတာနဲ့ Current ကို သိုတာရယ်လို့ နှစ်မျိုးရှိပါတယ်။ ခုကျွန်တော်ပြောမှာက Voltage ကိုသိုတဲ့ Capacitor တွေ အကြောင်းပါ။
ဘယ်လို သိုသလဲလို့ စဉ်းစာကြစို့ဗျာ။ အောက်ကပုံလေးကို ကြည့်ပါ။
http://img199.imageshack.us/img199/2492/80808051.png
ကျွန်တော်ပန်းရောင်ခြယ်ပြထားတဲ့ ဧရိယာနှစ်ခုဟာ တူကြပါတယ်။ 0ms မှသည် 50ms တိုင်အချိန်တွေမှာ Capacitor ဟာ အားဖြည့်ပြီး 50ms မှသည် 100ms မှာတော့ သူသိုထားတာလေးတွေ ပြန်ထုတ်ပါတယ်။ (ထုတ်ပုံထုတ်နည်းက e ပါဝါနဲ့ RC ဆက်သွယ်ချက်အရပါ။ နောက်ပိုင်း Transient ကြောင်းတွေ တင်ဆက်တော့ ထည့်ပြောပြပါမယ်ခင်ဗျ။)
ဒီနေရာမှာ စဉ်းစားဖို့လိုလာပါပြီ။
တကယ်လို့ လိုချင်တဲ့ အမြင့်မရောက်ခင်ပေးချိန်ကုန်သွားရင်ရောလို့ စဉ်းစာနှိုင်ပါတယ်။ အောက်က ပုံလေးကိုကြည့်ပါဗျာ။ ခြယ်ပြထားတဲ့ ဧရိယာ တူပြန်ပါပြီခင်ဗျ။
http://img189.imageshack.us/img189/1743/96040682.png
ဒီမှာအနည်းငယ်မသိသာတဲ့ ချွင်းချက်သဘာဝလေးတွေ ရှိပါသေးတယ်။ ဟိုးနောက်ပိုင်းမှာမှ အသေးစိတ်ပါ့မယ်ခင်ဗျာ။ လောလောဆယ် Capacitor ဆီ ချီတက်ကြပါစို့ခင်ဗျ။

amaung
06-07-2009, 03:33 PM
ဆားကစ်တစ်ခုစမ်းဆောက်ကြည့်ကြမယ်
http://www.kpsec.freeuk.com မှ ကူးယူဖေါ်ပြပါတယ်။
ဒီလို Breadboard လေးမှာ Circuit တစ်ခုတည်ဆောက်ကြပါစို့။
http://img228.imageshack.us/img228/2244/breadb.jpg
သူ့ရဲ့ ဆက်သွယ်ပုံက အနီလိုင်း၊ အပြာလိုင်းနဲ့ အနက်လိုင်းတစ်လျှောက်ဆက်သွယ်နိုင်ပါတယ်။
http://img228.imageshack.us/img228/3528/bblinks.gif
ဆင်မယ့် Circuit က အောက်ပါအတိုင်းပါ။
http://img6.imageshack.us/img6/6195/monocd.gif

ဂရုပြုရမှာက IC pin တွေပါ။ IC မှာ အပေါ်က လခြမ်းလေးကိုထောင်ပြီး ဘယ်အပေါ်မှအောက်၊ ညာအောက်မှအပေါ် အစဉ်လိုက်ရေပါတယ်။
http://img17.imageshack.us/img17/6277/icpins.gif


Resistor ကတော့မှားတပ်စရာ မရှိပါ။ Resistor ဖတ်နည်းကို ဒီမှာဖတ်ပါခင်ဗျာ။
http://img228.imageshack.us/img228/6638/12741611.png

LED က + နဲ့ - မှားတတ်ပါတယ်။ a က (+) b က (-)ပါ။ (-) ဘက်မှာ LED အ၀ိုင်းလေးပြားနေတတ်ပါတယ်။
http://img6.imageshack.us/img6/3157/ledak.gif

+- မပါတဲ့ Capacitor က မှားစရာမရှိပါ။
http://img4.imageshack.us/img4/6153/cap.gifhttp://img4.imageshack.us/img4/1534/capsm.gif
သူ့ကို ဒီလိုဖတ်ပါတယ်။
http://img155.imageshack.us/img155/4784/capo.png

+ - ခွဲထားတဲ့ Capacitor မှာတော့ ဒီပုံထဲကလိုခွဲနိုင်ပါတယ်။
http://img11.imageshack.us/img11/8351/capele.gifhttp://img15.imageshack.us/img15/8360/electr.gif

trigger မှာတပ်တဲ့ switch ကတော့ ပုံစံအမျိုးမျိုးနဲ့ရှိပါတယ်။ မြန်မာမှာတော့ အစွန်း ၄ ခုပါတဲ့ ခလုပ်မည်းလေးတွေပါ။ ဖိတဲ့အခါမှာ on ပြီးလွှတ်လိုက်တာနဲ့ off ပါတယ်။ push bottom ပေါ့ဗျာ။
http://img11.imageshack.us/img11/9286/swlead.gif

ပစ္စည်းတွေစုံရင် အပေါ်က circuit Diagram ကနေ အောက်ပါအတိုင်း တပ်ဆင်လို့ရပါပြီခင်ဗျား။
http://img231.imageshack.us/img231/860/monobb.gif
ဆားကစ်အလုပ်လုပ်ပုံကတော့ ခလုပ်နှိပ်ပြီး ၅ စက္ကန့်မျှ LED ကလင်းနေမှာဖြစ်ပါတယ်။ ကြာချိန်ကို
T = 1.1 × R1 × C1 နဲ့တွက်ယူလို့ရပါတယ်။
R1 ဟာ 1kohm ကနေ 1Mohm ကြားမှာ ရှိနိုင်ပါတယ်။ 555 timer IC ဟာ ကျောင်းသားတိုင်းမဖြစ်မနေသိရဲ့မယ့် အခြေခံကျတဲ့ IC ပါ။ waveform တွေပြောရင်းက ထည့်ပြောသွားပါမယ်ခင်ဗျာ။

amaung
06-07-2009, 03:34 PM
CAPACITOR ပုံလေးတွေကို GOOGLEIMAGE ကနေ ရှာဖွေတင်ဆက်လိုက်ပါတယ်ခင်ဗျာ။

http://img15.imageshack.us/img15/6310/cap2cxe.jpghttp://img197.imageshack.us/img197/8806/cap3y.jpg
သူ့ရဲ့တည်ဆောက်ပုံက ဒီလိုလေးပါတဲ့ခင်ဗျ။
http://img410.imageshack.us/img410/237/cap1z.jpg
အတွေ့နည်းတဲ့ VARIABLE RESISTOR ကတော့ ဒီလိုပုံလေးပါ။ သူ့ကိုတော့ ရေဒီယိုမှာ TURNING လုပ်ဖို့ (လိုင်းချိန်ဖို့)သုံးလေ့ရှိပါတယ်။

http://img36.imageshack.us/img36/3433/cap5x.jpghttp://img38.imageshack.us/img38/9945/cap4.jpg
ကျွန်တော်တို့ရဲ့ ဒိုင်အုပ်ဆီပြန်လှည့်ကြပါစို့ဗျာ။

amaung
06-07-2009, 03:35 PM
ကျွန်တော်တို့ အောက်က ဆားကစ်လေးဆောက်ကြပါစို့။ TRANSFORMER ကို အောက်က ပုံလေးအတိုင်း အရင်ရှာပါခင်ဗျ။
http://img211.imageshack.us/img211/4559/20209607.png
ဆင်ရမယ့် ဆားကစ်နှစ်ခုက အောက်မှာပါ။
http://img149.imageshack.us/img149/7228/84319894.png
http://img8.imageshack.us/img8/6462/84468872.png
ထွက်လာမယ့် WAVEFORMS တွေက အောက်က အတိုင်းပါ။
http://img188.imageshack.us/img188/8345/84801290.png
ဒီဆားကစ်ကို အသေးစိတ်ကြစို့ရဲ့ဗျာ။

amaung
06-07-2009, 03:36 PM
TRANSFORMER တွေရဲ့ အခန်းကဏ္ဍရောက်ရှိလို့လာပါပြီ။
ပထမဆုံးအနေနဲ့ ဘယ်လိုနေရာတွေမှာအဓိကသုံးတယ်ဆိုတာကို ပြပါ့မယ်။ အောက်က ဆားကစ်ကိုကြည့်ပါ။
ကျွန်တော်တို့ရဲ့ အနီအနက် လိုင်းကြီးပေါ့ဗျာ။ မီးစက်/စက်ရုံဝမှာ ဖန်သီးလေးတစ်လုံးထွန်းထားမယ်။ အဲဒီဖန်သီးလေးနဲ့ အဝေးတစ်နေရာမှာ ဖန်သီးလေးတစ်လုံး တပ်ဆင်ထားပါတယ်။ သူတို့ နှစ်လုံးဟာ ဝေးနေတော့ ကြိုးထဲမှာ resistance 1k စီရှိတယ်ဆိုပါစို့။ (ကြိုးတစ်ဖက်ကို 500 ပေါ့ဗျာ။)
ဒုတိယဖန်သီးဟာ မူလစက်ရုံက ပေးတာရဲ့ တစ်ဝက်ပဲရတော့တယ်လေ။ ac220V အထွက်ဟာ ac110 ပဲရတော့တယ်။ ကျွန်တော်ဟာ နောက်တစ်လုံးထပ်ချိတ်ချင်တယ် မီးကိုလည်း အပြည့်အ၀လင်းချင်တယ်ဆိုရင် ဗို့ ၂ ဆမြှင့်မယ့် transformer လေးတပ်လိုက်မယ်ဆိုရင် တတိယဖန်သီးဟာ စက်ရုံက ပေးတဲ့ မီးအားအတိုင်းပြန်ရပါလိမ့်မယ်။ အောက်က ဆားကစ်လေးကို ဆန်းစစ်နိုင်ပါတယ်။
(lamp က display အောက်မှာပါ။ ဒီဆားကစ်မှာ resistance 1k စီထားရှိပါတယ်ခင်ဗျ။)
http://img199.imageshack.us/img199/476/66308338.png
တစ်ဝက်ပဲရတော့တာကို waveforms အားဖြင့်

http://img193.imageshack.us/img193/8611/34688728.png
မြှင့်ပြီးတဲ့ အခါမှာတော့

http://img329.imageshack.us/img329/6627/82039925.png

amaung
06-07-2009, 03:37 PM
များသောအားဖြင့် transformer တွေဟာ သံပြားအထပ်ထပ်မှာ ကော်ရည်သုတ်ထားတဲ့ ကြေးနီကြိုးကိုရစ်ပတ်လေ့ရှိပါတယ်။ သံပြားကိုတော့ ခံနှိုင်ရည် ဗို့အားပေါ်မှာ မူတည်ပြီး ဧရိယာကို ဆုံးဖြတ်လေ့ရှိပြီး၊ အမ်ပီယာ အနည်းအများအလိုက် ကြိုးအတုတ်အသေးကို ဆုံးဖြတ်လေ့ရှိပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက ရစ်ပုံပါ။ အောက်က ပုံလေးနှစ်ပုံရဲ့ ထူးခြားချက်ကို ကြည့်ပါ။
ပထမပုံကိုလေ့လာပါ့မယ်။
လက်ဝဲဖက်က ကွိုင်ပတ်ပုံက အပေါ်မှ အောက်ကို လက်ဝဲရစ်ဆင်းပါတယ်။ လက်ယာဘက် အထွက်မှာတော့ အပေါ်မှအောက်ကို လက်ယာဘက်ရစ်ပါတယ်။ Current ထွက်ပုံက ဘယ်ဘက်မှာ အထက်မှအောက်ကိုစီးသလို ယာဘက်မှာကျတော့ အောက်မှ အထက်ကို စီးပါတယ်။
http://img146.imageshack.us/img146/6539/350pxtransformer3dcol3s.png
အောက်ကပုံလေးကို ကြည့်ပါ။
လက်ဝဲဖက်က ကွိုင်ပတ်ပုံက အပေါ်မှ အောက်ကို လက်ဝဲရစ်ဆင်းပါတယ်။ လက်ယာဘက် အထွက်မှာတော့ အပေါ်မှအောက်ကို လက်ဝဲဘက်ရစ်ပါတယ်။ Current ထွက်ပုံက ဘယ်ဘက်မှာ အထက်မှအောက်ကိုစီးသလို ယာဘက်မှာကျလည်း အထက်မှ အောက်ကို စီးပါတယ်။
http://img189.imageshack.us/img189/369/763pxtransformer3dcol3s.png

amaung
06-07-2009, 03:38 PM
အောက်ကပုံလေးတွေကို ကြည့်ပါ။ လက်ဝဲနဲ့လက်ယာကို ၅ ပတ်နဲ့ ၁၀ ပတ် ပြောင်းပတ်ထားပါတယ်။ လွယ်လွယ်နဲ့ မှတ်သားနှိုင်ပါတယ်။

http://img512.imageshack.us/img512/8496/transformer1.gif
မြင်နေကျပုံလေးတွေ ရှာတွေ့လို့ ကူးယူဖေါ်ပြလိုက်ပါတယ်။
http://img231.imageshack.us/img231/8109/250pxtransformerhightol.jpg
http://img189.imageshack.us/img189/5685/classbtransformer.jpg
စိတ်ဝင်စားဖို့ကောင်းတဲ့ Center-Tapped တည်ဆောက်ပုံကို လေ့လာကြပါစို့။

amaung
06-07-2009, 03:41 PM
Center-Tapped တည်ဆောက်ပုံကို ကျွန်တော်ကြိုးစားတည်ဆောက်ပြလိုက်ပါတယ်။
လက်ဝဲဘက်မှာ အပေါ်မှ အောက်ကို လက်ဝဲရစ်ပတ်လိုက်ပါတယ်။ ယာဘက်မှာတော့ ရစ်ပတ်ပုံပြောင်းလိုက်ပါတယ်။ ပတ်မယ့်ကြိုးကို နှစ်ချောင်းပူးပြီး အပေါ်မှအောက်ကို လက်ယာရစ်ပတ်ချလိုက်ပါတယ်။ ပြီးတော့ ကြိုးနှစ်ချောင်းရဲ့ အပေါ်က အစွန်းနဲ့ အောက်ကအစွန်းကိုပေါင်းလိုက်ပါတယ်။ (တစ်ချောင်းတည်းမဖြစ်ဖို့လိုပါတယ်။)
အဲဒီအခါမှာ ယာဘက်က အစွန်းနှစ်ဖက်မှာ မတူညီတဲ့ အစွန်းနှစ်ဖက်နဲ့ ကွဲပြားဆန့်ကျင်တဲ့ Current Direction တွေထွက်လာပါတယ်။ (ပေါင်းထားတဲ့အစွန်းကို Ground ချရင်ပေါ့ဗျာ။)
http://img194.imageshack.us/img194/107/17680292.png
ကျွန်တော် ဆော့ဖ်ဝဲနဲ့ စမ်းပြပါ့မယ်။
http://img41.imageshack.us/img41/7712/78256149.png
ပုံထဲက အထွက် wave နှစ်ခုမှာ အပေါ်ဖက်အစွန်းအတွက် wave ဟာ မူရင်း အကျွေး wave အတိုင်းရပေမယ့် အောက်ဖက်အစွန်းအတွက် wave ကတော့ မူရင်းအကျွေး wave နဲ့ ဆန့်ကျင်ဘက်ကိုရပါတယ်။
အလယ်က အစွန်းကိုမသုံးဘဲဆိုရင်ရော ဘယ်လိုရမလဲနော်။

amaung
06-07-2009, 03:42 PM
အောက်ကပုံလေးနှစ်ပုံကို ယှဉ်ကြည့်ပါ။ သတိထားမိဖို့ မလွယ်တဲ့ အခြေခံသဘောတရားတွေပါ။

http://img188.imageshack.us/img188/8076/29199941.png
သူ့ရဲ့ အချိုးက တစ်ဝက်ချိုးပါ။ ၂၂၀ ကို ၁၀၀ ရဖိုရှိရာမှာ တစ်ခြမ်းအတွက် ၅၅ ရတာဖြစ်ပါတယ်။ဒါပေမယ့် ဒီလိုလေး ဟိုဘက်ဒီဘက်အစွန်းလေးတွေကို သုံးတဲ့အခါမှတော့ နဂိုတန်ဖိုးရဲ့ ၂ ဆကိုရပါတယ်။

http://img199.imageshack.us/img199/6341/76711635.png
ဒီသဘောတရားကို တစ်ခါက ကျွန်တော် လက်တွေ့အသုံးချဖူးပါတယ်။
မန္တလေးမှာ သူငယ်ချင်းတစ်ယောက်က PhD thesis အတွက် Control System တစ်ခုတည်ဆောက်ဖို့ PLC လေးတစ်လုံးမှာဝယ်လာပါတယ်။ ၀ယ်ပြီးတော့ ကျွန်တော့်ဆီပြေးလားတယ်လေ။ run အောင်လုပ်တဲ့ဗျ။ ကျွန်တော်လည်း သူဝယ်လာမှ ဒီလိုသေးတဲ့ PLC လေးတစ်လုံးကို မြင်ဖူးတာပါ။ အရွယ်အစားကတော့ လက်သီးတစ်ဆုပ်စာပါ။
PLC လေးက အလုပ်လုပ်ဖို့ DC 24V ကျွေးရပါမယ်တဲ့။ အဖြတ်အတောက်လုပ်မှာက AC 220V ပါ။ INPUT ၄ ခုနဲ့ OUTPUT ၅ ခုထင်ပါတယ်။
ကွန်ပျုတာနဲ့ ချိတ်ဆက်ပြီး PROGRAM ရေးပါတယ်။ PROGRAM က သူ့ကို ၀ယ်တည်းက ပါလာပြီးသားပါ။ နှစ်သိန်းလောက်ကျတယ်ထင်ပါတယ်။ ကျွန်တော် အစမ်းရေးပြီးစမ်းတာက ON/OFF မှန်မမှန်ပါ။ ကျွန်တော့်တာဝန်က သူ့ကို POWER ပေးဖို့ပေါ့ဗျာ။
ဒါနဲ့ပဲ မန္တလေးက မျိုးသိန်းအီလက်ထရောနစ်ဆိုင်တန်းတွေဖက်ဆီလှမ်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ AC 220V ကနေ AC 24 V TRANSFORMER လေးဝယ်မယ်ပေါ့ဗျာ။ ပြီးရင် DI0DE လေး ၄ လုံး ( 1A လောက်နိုင်ရင်ရပါတယ်။ သူ့ပစ္စည်းရဲ့လိုအပ်ချက်မှာ mA လောက်ပဲတောင်းတယ်ထင်ပါတယ်။) ၀ယ်မယ်။ CAPACITOR 50V ကို CAPACITANCE များများ ၀ယ်မယ်။ REGULATOR IC လေးတစ်လုံးဝယ်မယ် ပေါ့ဗျာ။
စိတ်ကူးထဲမှာတော့ အိုကေပါတယ်။ ဆိုင်လည်းရောက်ရော လစ်တာပါပဲ။ AC 24V က ၀ယ်မရဘူးလေ။ ရှိတာက ထရန်စဖေါ်မာသေးလေးမှာ တစ်ဖက်က AC ရေးထားတယ်။ တစ်ဖက်မှာ 0V 9V 9V 12V 12V ဆိုပြီးအထွက် ၅ ခုရေးထားတာလေးတွေတွေ့တယ်။ ထူးပါဘူးလေဆိုပြီး ၀ယ်ခဲ့တာပေါ့ဗျာ။ အဆောင်ရောက်တော့ ကြံရာမရတော့ဘူးဗျ။ ဒါနဲ့ HOBBY ELECTRONICS က စာအုပ်လေးလှန်ရှာဖတ်တော့ အပေါ်က ထရန်စဖေါ်မာမှာ 12V နှစ်စွန်းကို သုံးပြီး 24V ရနှိုင်ပါတယ်လို့ပါတယ်။ ကျွန်တော်ကတော့ ယုံဘူး။ စာအုပ်တွေထဲ ကောက်ခြစ်တော့တာပဲ။ ဟုတ်တော့ ဟုတ်သလိုလိုပဲဗျ။ အပေါ်က CENTER-TAPPED မှာ ဆွဲခဲ့သလို ကြိုးနှစ်ချောင်းပူးတော့ နှစ်ဆအကွာအဝေးသွားတယ်။ ဖြစ်နိုင်တယ်ပေါ့။ ဒါပေမယ့် PHASE အယူအဆနဲ့ကျတော့ သံသယတွေဝင်လာပြီး လက်မခံနှိုင်တော့ဘူးလေ။ CIRCUIT-MAKER မှာ အပေါ်က ပုံတွေ အတိုင်းစမ်းတော့ကျမှာ နည်းနည်းယုံရမလိုဖြစ်လာတယ်။ တကယ်လည်း ဆားကစ်ဆင်ပြီး တိုင်းတော့မှ ယုံရတော့တယ်ဗျာ။
ဒါကတော့ ကျောင်းသားတစ်ယောက်ရဲ့ အခက်အခဲပါ။ ကျွန်တော့်လို ထူပေပေကျောင်းသားအတွက် ထရန်စဖေါ်မာမှာ 12V အစွန်းနှစ်ခုက ထုတ်ရင် 24V ထွက်တယ်ဆိုတာ လက်ခံရတော်တော်ခက်ခဲ့တယ်ဆိုတဲ့အကြောင်းပါခင်ဗျ။

amaung
06-07-2009, 03:43 PM
ဒိုင်အုတ်တစ်လုံးနဲ့တင်မကဘဲ နောက်ထပ်တစ်လုံးတိုးပြီး ချိတ်ဆက်ကြည့်ကြပါစို့ဗျာ။
အောက်က ဆားကစ်လေးကို ကြည့်ပါ။
http://img38.imageshack.us/img38/5396/98643289.png
ရလာမယ့် wave တွေက အောက်က အတိုင်းပါ။
http://img25.imageshack.us/img25/322/86194470.png
ကျွန်တော်တို့ လိုချင်တာလေးကတော့ အောက်က wave လေးပါ။ သူ့ကိုတော့ ဆာကယ်အပြည့် အလုပ်လုပ်လို့ FULL WAVE လို့ခေါ်ပါတယ်။ AC မှ DC ကိုစစ်ယူလို့ RECTIFIER လို့ ခေါ်ပါတယ်။ TRANSFORMER မှာ အလယ်မှာ GROUND ချထားလို့ FULL WAVE RECTIFIER WITH CENTER-TAPPED TRANSFORMER လို့ခေါ်ကြပါသေးတယ်။
http://img200.imageshack.us/img200/4540/72462847.png

amaung
06-07-2009, 03:44 PM
FULL WAVE ဖြစ်ပေါ်လာပုံကို ရှင်းချင်လို့ ကျွန်တော် ဒီဆားကစ်လေး ကြိုးစားတည်ဆောက်လိုက်ပါတယ်။ ပုံထဲကအတိုင်း ၄ နေရာကို တိုင်းပါတယ်။

http://img197.imageshack.us/img197/7061/13173987.png
ထရန်စဖေါ်မာရဲ့ နှစ်ဖက်စွန်းအထွက်တွေကို တိုင်းတော့ ဒီလိုရပါတယ်။
http://img268.imageshack.us/img268/5108/68410274.png
တစ်ခုချင်းကို DIODE က FORWARD ကိုသာဖြတ်စေတော့ အောက်ကအတိုင်း ဖြတ်ပြီးသား နှစ်ခုကို ရတာပေါ့ဗျာ။
http://img268.imageshack.us/img268/3947/78502945.png
သူတို့နှစ်ခုကို ပေါင်းမှတော့ FULL WAVE ကိုရပြီပေါ့ခင်ဗျာ။

amaung
06-07-2009, 03:45 PM
half wave ရဲ့ DC average ကို အရင်က ပို့စ်တွေမှာ ပြောခဲ့ပါတယ်။ full wave မှာတော့ DC average အားဖြင့် ၂ ဆ ရကြောင်း အောက်က ဆားကစ်လေးနှစ်ခုကို ယှဉ်ပြီးသိနှိုင်ပါတယ်။ ဒါ့ကြောင့်လည်း DC ကို လိုချင်တော့ half wave ကို မသုံးပဲ full wave ကိုပဲ ရအောင်ထုတ်သုံးတာပေါ့ခင်ဗျာ။
http://img23.imageshack.us/img23/9785/29448449.png
http://img181.imageshack.us/img181/2145/20492811.png
ဒါပေမယ့်လည်း full wave ချင်းတူတာတောင်မှ ဒီနည်းကို မသုံးကြပါဘူး။ အများသုံးတဲ့ နည်းလေးရှိပါသေးတယ်။ သူကတော့ ဆားကစ်လေးတိုင်း (ဥပမာ LED လက်နှိပ်ဓာတ်မီးလေးတွေ ကစ ဓာတ်ခဲအားသွင်းတာတွေအဆုံး) အသုံးများတဲ့ ဒိုင်အုပ် ၄ လုံးနဲ့ DC ထုတ်နည်းပါ။
အပေါ်မှာ ပြတဲ့ နည်းကို ဘာလို့ မသုံးတာလဲ ဆိုတာကတော့ ရှင်းပါတယ်။ သူက ac တန်ဖိုး နှစ်ခုတူ အစွန်းနှစ်ခုရမှ ဖြစ်မှာလေ။ ခက်ခဲတာပေါ့ဗျာ။ ac ထုတ်ပေးတဲ့ အစွန်း တစ်ခု ရှိယုံမျှနဲ့ full wave ထုတ်နိုင်လေးက ရှိနေတာကိုးဗျ။
နောက်နေ့မှ ဆက်မယ်နော်...

tunaungkhine
06-07-2009, 10:01 PM
ကောင်းမွန်တဲ့ topic တစ်ခုဖြစ်ပါတယ်။
ဆက်လက် ရှင်သန်သွားစေဖို့ အားလုံးဝိုင်းဝန်း ကူညီပေးကြ ဖို့ မျှော်လင့်ပါတယ်။
ဒီ topic ကို စတင်ထူထောင်ပေးတဲ့ သူကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။

amaung
06-22-2009, 05:26 PM
http://img524.imageshack.us/img524/4903/30107573.png
BRIDGE အချို့ကိုဖေါ်ပြလိုက်ပါတယ်ခင်ဗျ။
http://img81.imageshack.us/img81/7590/92633667.jpg
http://img132.imageshack.us/img132/6957/c403shie0207.gif
http://img524.imageshack.us/img524/3900/chipdipdiodesandsilicon.jpg
သူ့မှာ လွဲလို့မရတဲ့ အစွန်းတွေပါတာကြောင့် AC နဲ့ DC အစွန်းတွေကိုပြထားလေ့ရှိပါတယ်ခင်ဗျ။
WAVE ကိုအသေးစိတ်ပေးပါဦးမယ်ခင်ဗျ။

min kyaw
07-16-2009, 09:49 PM
အကိုရေ coil မိန်းထုတ်တွေသုံးတဲ့ power supply တွေက ခေတ်ကုန်တော့မယ်နဲ့တူတယ်.. phone charger တွေ vcd ,dvd ,computer power supply စတဲ့ power ပေးရတဲ့ စက်အားလုံးနီးပါးမှာ အရမ်းပေါ့ပြီး အင်ပီယာကို လိုသလို ထုတ်ယူနိုင်တဲ့ ကြိမ်နုန်းမြင့် ပါဝါ ဆပ်ပလိုင်းတွေကို သုံးကုန်ကြပြီ....
ဒီ ပါဝါ ဆားကစ်တွေအကြောင်းကို အသေးစိတ်ဆွေးနွေးကြရအောင်.....ဆရာ ဝင်းထက်ဝင်း ရေးထားတဲ့ အကြောင်းတွေကိုပါ ထည့်ပြီးတော့ ပြောရင် ပိုပြီးတော့ ပြည့်စုံးသွားလိမ့်မယ်နဲ့တူတယ်
electrionic နည်းပညာနယ်ပယ်မှာ အမှန်တကယ်ကို အားကိုးရတဲ့ စာအုပ်တွေကို ရေးနေကြတဲ့ ဆရာနေလင်း ၊ ဆရာ ဦကိုကိုလေး ၊
ဆရာ ဝင်းထက်ဝင်း ၊ ဆရာမောင်မောင်သန့်တို ရဲ့ စာအုပ်တွေထဲက အစိတ်အပိုင်းတွေ တော်တော်များများကို ဒီနေရာမှာတင်ပေးထားနိုင်ရင် ဒီဖိုရမ်းကို လေ့လာနေကြတဲ့ သူတွေအတွက် အတော်လေးအကျိုးရှိကြလိမ့်မယ်
အဲဒီဆရာတွေကို ဖိတ်ခေါ်နိုင်ရင် သိပ်ကောင်းမှာပဲနော်.... :D ;D
သူတို့ရဲ့စာအုပ်တွေကို ဒီမှာပြန်ရေးရင်ကော ဆရာတွေက ကြိုက်ပါ့မလားမသိဘူး... ;D လေ့လာနေကြတဲ့ သူငယ်ချင်းတွေကရော လက်ခံပါ့မလား....ကျွန်တော့မှာရှိတာလေးတွေကိုတော့ ပြန်မျှပေးချင်လို့ပါ

amaung
07-23-2009, 09:53 PM
ကျွန်တော်လည်း အဲဒါတွေအကြောင်း လေ့လည်းလေ့လာချင်ပါတယ်။ ရေးလည်းရေးချင်ပါတယ်၊ ပညာအလို့ငှာတင်မယ်ရေးမယ်ဆိုရင် ဘယ်ကကူးတယ်ဆိုတာလောက်ဖေါ်ပြရင်ရမယ်ထင်ပါတယ်။ ခုဏပြောတဲ့ဆရာတွေစာအုပ်စာပေတွေက အွန်လိုင်းပေါ်မှာ မရှိသေးတော့ တင်ပေးမယ်ဆို ကျွန်တော့်လို အဝေးရောက်သမားများက ကျေးဇူးတင်ကြမှာပါဗျာ။ ဖြစ်နိုင်ရင်တင်ပေးစေချင်ပါတယ်။ တင်ဖို့အချိန်မရှိရင်လည်း ကျွန်တော်နဲ့ဆက်သွယ်ပါခင်ဗျာ။ ကျွန်တော် သီးသန့်စာစီတင်ပေးပါ့မယ်။
ကျွန်တော်ရေးသမျှအကြောင်းအရာတွေကတော့ အားလုံးအခြေခံပါပဲ။ တဖြည်းဖြည်းနဲ့ကြိုးစားချဲ့ထွင်သွားဖို့ ဆန္ဒရှိပါတယ်ခင်ဗျာ။
ခုလို ၀င်ရောက်ဆွေးနွေးပေးတာ ကျေးဇူးတင်လို့ မဆုံးပါဘူးခင်ဗျ။

amaung
07-23-2009, 09:58 PM
Bridge rectifier ကို အသေးစိတ်မယ်ဆိုရင်
ပေးတဲ့ Source က wave က
http://img291.imageshack.us/img291/3395/94144625.png
အပေါ်က ဒိုင်အုပ်တစ်လုံးခံစားရမယ့် wave က
http://img268.imageshack.us/img268/4148/19381696.png
Source ထဲက ဒိုင်အုပ်ကို သွားနှုတ်လိုက်တော့ အောက်က wave ရဲ့ ရှေ့တစ်ခြမ်းကို ရပါတယ်ခင်ဗျ။
http://img248.imageshack.us/img248/345/71175821.png

အွန်လိုင်းက ec ဆိုဒ်တစ်ခုမှာတော့ ဒီလို သရုပ်ဖေါ်ပါတယ်ခင်ဗျ။
http://img199.imageshack.us/img199/9932/brect.gif

amaung
06-26-2010, 09:34 PM
အီလက်ထရောနစ်ရာစုနှစ်တွင်းက Transistor များ

A Three Terminal Device
Vacuum tubes များဟာ Three Terminal Device အုပ်စုတွင်းတွင်ပါဝင်ပြီး triodes များလို့ ခေါ်ကြပါသေးတယ်။ Transistor များဟာလည်း Three Terminal Device တစ်ခုဖြစ်ပြီး solid state ပစ္စည်းလည်းဖြစ်ပါတယ်။ Three Terminal Device တွေမှာ အစွန်းနှစ်ဖက်ကြားက Current (သို့) Voltage ကို ထိန်းချုပ်နိုင်ဖို့ ကျန်တတိယအစွန်းကို Current (သို့) Voltage ပေးပြီး အသုံးပြုနိုင်ပါတယ်။ ဒီလို သူတို့သုံးဖက်စွန်းတွေရဲ့ ဂုဏ်သတ္တိကြောင့် ကျွန်တော်တို့ဟာ radio လိုပစ္စည်းတွေမှာ electrical signal တွေကို ချဲ့နိုင်ကြခြင်းဖြစ်ပါတယ်။ အခြား electrical ခလုတ်တစ်ခုကနေ ထိန်းချုပ်ထားတဲ့ ခလုတ်တစ်ခု အနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။ အဲဒီလို ခလုတ်အဆင့်ဆင့် ထိန်းချုပ်ခြင်းအားဖြင့် အလွန်ရှုပ်ထွေးတဲ့ logic circuit များကို တည်ဆောက်လာနိုင်ကြပါတယ်။

Logic Circuit တစ်ခုကိုတည်ဆောက်ဖို့ စီလီကွန် chip ပြားလေးပေါ်မှာ တစ်စတုရန်းစင်တီမီတာပတ်လည်အတွင်း transistor ပေါင်း 1,000,000 မျှပင် ထုပ်ပိုးတပ်ဆင်နိုင်ကြပါတယ်။ transistor တွေကို 0.000000001 စက္ကန့်အတွင်းမှာပင် ဖွင့်ချီပိတ်ချီလုပ်နိုင်ကြပါတယ်။ ကွန်ပျူတာရဲ့ အသည်းနှလုံးလို့ တင်စားတဲ့ Microprocessor မှသည် နေ့စဉ်တွေ့မြင်နေကျ အီလက်ထရောနစ်ပစ္စည်းများတိုင် ဒီလို logic chip များကို တွေ့မြင်နိုင်မှဖြစ်ပါတယ်။

Light Bulbs နှင့် Vacuum Tubes
Transistor ဟာ ပထမဆုံး Three Terminal Device မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ငါးဆယ်ခန့်က Vacuum tube triodes များက ဆင့်ကမ်းပေါ်ပေါက်လာတာဖြစ်ပါတယ်။ Vacuum tubes များဟာ အိမ်တွင်းသုံး electronics နဲ့ ခေတ်မီသိပ္ပံနည်းပညာတွေစူစမ်းရာမှာအရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။
http://img517.imageshack.us/img517/1363/ist21296830vacuumtube.th.jpg (http://img517.imageshack.us/i/ist21296830vacuumtube.jpg/)http://img85.imageshack.us/img85/9159/mullardel34powerampvacu.th.jpg (http://img85.imageshack.us/i/mullardel34powerampvacu.jpg/)http://img171.imageshack.us/img171/9051/tworksfig3.th.jpg (http://img171.imageshack.us/i/tworksfig3.jpg/)ပုံ (၁) Light Bulbs နှင့် Vacuum Tubes

Thomas Edison ရဲ့ ဖန်သီးဟာဆိုရင် Vacuum tubes များရဲ့ အသုံးဝင်မှုတွေထဲက ပထမဆုံးတစ်ခုဖြစ်ပါတယ်။ ဖန်သီးများ ပေါ်ပေါက်ပြီးမကြာခင်မှာပဲ မီးသီးတွင်း နန်းမျှင်တွေတ၀ိုက်က cathode rays အကျိုးဆက်တွေကို လေ့လာဖို့ တတိယ electrode တစ်ချောင်းကို vacuum tubes အတွင်းမှာ ထည့်သွင်း စမ်းသပ်လာကြပါတယ်။
http://img171.imageshack.us/img171/6600/thomasedison.th.jpg (http://img171.imageshack.us/i/thomasedison.jpg/)ပုံ(၂) Thomas Edison

Joseph John Thomson ဟာ cathode rays သဘာဝကို သေချာ စူးစမ်းနိုင်ဖို့ Vacuum tube တစ်ခုကို 1897 မှာ ဖေါ်ထုတ်တီထွင်ခဲ့ပါတယ်။ Cathode rays တွေကို အရာဝတ္တတိုင်းမှာပါဝင်နေတဲ့ (သူ့အခေါ် corpuscles) အမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတယ် သက်သေပြခဲ့ပါတယ်။ အီလက်ထရွန်အမှုန်လေးတွေကို ရှာဖွေဖေါ်ထုတ်တာကြောင့် 1906 ခုနှစ်မှာ ရူပဗေဒနိုဗယ်ဆုချီးမြှင့်ဖြင်းခံခဲ့ရပါတယ်။
http://img8.imageshack.us/img8/8919/thomsonjosephf1.th.jpg (http://img8.imageshack.us/i/thomsonjosephf1.jpg/)ပုံ(၃) Joseph John Thomson

http://img534.imageshack.us/img534/9673/side1electron.th.jpg (http://img534.imageshack.us/i/side1electron.jpg/)http://img266.imageshack.us/img266/9154/cathoderaytube.th.jpg (http://img266.imageshack.us/i/cathoderaytube.jpg/)http://img85.imageshack.us/img85/8479/maltese3burningbig.th.jpg (http://img85.imageshack.us/i/maltese3burningbig.jpg/)ပုံ(၄) Cathode ray tubes

Lee De Forest and The radio
Cathode ray တွေကို နားလည်ဖို့ လေ့လာစူးစမ်းခြင်းနဲ့အတူ သူတို့ကို အသုံးချဖို့ပါ ကြိုးစားလာကြပါတယ်။ 1906 ခုမှာပဲ အမေရိကန် ရူပဗေဒပညာရှင် Lee De Forest ဟာ (သူ့အခေါ် audion) Vacuum tube triode တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ Triode ဟာ three terminal device ဖြစ်ပြီး သူ့အတွက် AM ရေဒီယို ပြုလုပ်နိုင်လောက်တဲ့ အသံချဲ့ ခြင်းကိုပါ ပြုလုပ်ပေးပါတယ်။ ရေဒီယိုဟာ လူတွေအတွက် ဖျော်ဖြေမှုနဲ့ သတင်းအချက်အလက်ပေးခြင်းကြောင့် အရေးပါတဲ့ ပြောင်းလဲမှုကို ဖြစ်စေခဲ့ပါတယ်။

http://img266.imageshack.us/img266/669/audionreceiver1906.th.jpg (http://img266.imageshack.us/i/audionreceiver1906.jpg/)ပုံ (၅) De Forest Audio Receiver

Vacuum tube triode များဟာ ကွန်ပျူတာတွေဖြစ်ပေါ်တိုးတက်အောင်လည်း ကူညီခဲ့ပါတယ်။1940 နှောင်းပိုင်း 1950 အစကာလများမှာ Electronic tubes များသုံးပြီး ကွန်ပျူတာဒီဇိုင်းအမျိုးမျိုးထုတ်ခဲ့တဲ့ ကာလတွေလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီ tubes တွေရဲ့ အသုံးဝင်မှုက တဖြည်းဖြည်းနဲ့ ကန့်သတ်ကျဉ်းမြောင်းလာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ electric circuit တွေဟာ တဖြည်းဖြည်းရှုပ်လာပြီးတော့ triodes တွေလည်း ပိုပိုလိုအပ်လာလို့ဖြစ်ပါတယ်။ Engineer တွေဟာ လုံခြံသိပ်သည်းစေဖို့ vacuum tube အတွင်းမှာ triodes တွေ စုပေါင်းထည့်သွင်းလာပါတယ်။ (ဒါ့ကြောင့်လည်း vacuum tube မှာ ခြေထောက်လေးတွေ များလာပါတယ်။)

ကနဦး ကွန်ပျူတာ
Vacuum tubes များအတွင်းက electron ထုတ်လွှင့်ရာ သတ္တုလေးတွေဟာ လောင်းကျွမ်းလာပါတယ်။ tubes တွေဟာလည်း ပါဝါအများကြီးလိုလာပါတယ်။ Circuit ဟာလည်း ကြီးလာပြီး မောင်းနှင်ဖို့ energy ကလည်း အမျာကြီးလိုလာပါတယ်။ 1940 နှောင်းပိုင်းမှာ ကွန်ပျူတာကြီးတစ်လုံးဟာ vacuum tubes တစ်သောင်းမျှ ပါဝင်ပြီး 93 စတုရန်းမီတာမျှ ကြီးမားလို့နေပါတော့တယ်။

http://img171.imageshack.us/img171/2388/tubes.th.jpg (http://img171.imageshack.us/i/tubes.jpg/)ပုံ(၆) Vacuum tubes in Computer


ဒီလိုအခက်အခဲတွေဟာ သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို တခြား three terminal devices တွေ တီထွင်စေဖို့ တွင်းအားပေးသလိုဖြစ်ခဲ့ပါတယ်။ လေဟာနယ် vacuum တွင်းမှာ electron တွေကို သုံးမယ့်အစား ( သတ္တုလို၊ တစ်ပိုင်းလျှပ်ကူးလို) တစ်ခုခုမှာ electron ထိန်းရကောင်းမလားလို့ စဉ်းစားလာကြပါတယ်။

သိပ္ပံပညာရှင်တွေဟာ တစ်ပိုင်းလျှပ်ကူး(semiconductor)အပိုင်းအစ နဲ့ သတ္တုစွန်းလေးကြားမှာ ချိတ်ဆက်ပြီး two terminal device လုပ်ရတယ်ဆိုတာကို ၁၉၂၀ တည်းက သိပြီးခဲ့ပါပြီ။ အဲဒီလို ထိစပ် diodes များကို signal တွေ ချဲ့ဖို့ AM radio တွေလုပ်ဖို့ သုံးခဲ့ကြပြီးပါပြီ။ သို့သော် three terminal solid state device တစ်ခု တီထွင်ခဲ့ဖို့ကတော့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရပါတယ်။

amaung
06-26-2010, 09:38 PM
The first transistor
1947 မှာ Bell တယ်လီဖုံး လက်တွေ့စမ်းသပ်ခန်းမှာအလုပ်လုပ်နေတဲ့ John Bardeen နဲ့ Walter Brattain တို့ဟာ သတ္တုတွေနဲ့ semiconductor တွေကြားက electron သဘာဝကို နားလည်ဖို့ ကြိုးစားခဲ့ကြပါတယ်။ တစ်ခုနဲ့တစ်ခု အရမ်းကပ်နေတဲ့ အစွန်းလေးဖန်တီးဖြင်းဖြင့် three terminal device တစ်ခုကို ဖန်တီးနိုင်မယ်ဆိုတာကို သူတို့သိခဲ့ကြပါတယ်။
http://img8.imageshack.us/img8/8030/341bellabs.jpg ပုံ (၇) Bell Lab

http://img685.imageshack.us/img685/8537/354bardeenportryoung.jpg ပုံ (၈) John Bardeen

http://img266.imageshack.us/img266/6606/olderbrattlab.jpg ပုံ (၉) Walter Brattain

http://img824.imageshack.us/img824/3871/transistor1947.th.jpg (http://img824.imageshack.us/i/transistor1947.jpg/)ပုံ (၁၀) ၁၉၄၇ က transistor

ဒီလို transistor မျိုးတွေလုပ်ပြီး audio amplifier ရဲ့ အစိတ်အပိုင်းတွေကို တပ်ဆင်ကြည့်လာကြပါတယ်။ အဲဒီ amplifier တွေကို Bell Telephone Company ရဲ့ အကြီးအကဲတွေကိုတင်ပြခဲ့ပါတယ်။ heater တွေ Vacuum tube တွေလို နွေးအောင်မစောင့်ရဘဲ ချက်ချင်းပဲ အလုပ်လုပ်နိုင်တာကြောင့် စိတ်ဝင်တစားဖြစ်ကြပါတယ်။ သူတို့ဟာ ချက်ချင်းဆိုသလိုပဲ နည်းပညာသစ်ရဲ့ အစွမ်းကို သိလာကြပါတော့တယ်။

Solid state electronics မှာတော့ ဒီတီထွင်မှုဟာ အကြီးကျယ်ဆုံးဖြစ်ခဲ့ပါတယ်။ 1956 မှာ Bardeen နဲ့ Brattain တို့နှစ်ယောက်ကို ရူပဗေဒနိုဘယ်ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ သူတို့နဲ့အတူ semiconductor နဲ့ transistor effect တွေကို သုတေသနပြုခဲ့တဲ့ William Shockley ကိုပါ နိုဗယ်ဆု ချီးမြှင့်ခဲ့ပါတယ်။ Shockley က Semiconductors တွေကြား နန်းကြိုးမျှဉ်လေးနဲ့ ချိတ်ဆက်ထားတဲ့ Junction Transistor ကိုဖေါ်ထုတ်ခဲ့ပါတယ်။ Junction Transistor တွေဟာ သီအိုရီအရ နားလည်ရလွယ်ပြီး ထုတ်ထုတ်ရတာလည်း ပိုမိုချောမွေ့ခဲ့ပါတယ်။

http://img85.imageshack.us/img85/9755/26638810.th.jpg (http://img85.imageshack.us/i/26638810.jpg/)ပုံ (၁၁) William Shockley

http://img534.imageshack.us/img534/6259/pna1605f.th.jpg (http://img534.imageshack.us/i/pna1605f.jpg/)ပုံ (၁၂) Junction Transistor

http://img15.imageshack.us/img15/3711/bfi1250134672n.th.jpg (http://img15.imageshack.us/i/bfi1250134672n.jpg/)ပုံ (၁၃) နမူနာ transistor circuit တစ်ခု

Limits of Individual Transistor
နှစ်အတော်အတန်ကြာအောင် transistor တွေကို အခြား ဆားကစ်ပြားပေါ်မှာ resistors capacitors inductors diodes စတဲ့ ပစ္စည်းတွေနဲ့ ချိတ်ဆက်စရာ သီးသန့် device အဖြစ်သာ အသုံးပြုခဲ့ပါတယ်။ vacuum tubes တွေနဲ့စာရင် သေးသယ်ပြီး ပါဝါစားလည်း အင်မတန်သက်သာပါတယ်။ ဆားကစ်ကိုလည်း ပိုမိုရှုပ်ထွေးစွာ အသုံးပြုနိုင်ပြီး transistor switching ကလည်း မြန်ဆန်လာပါတယ်။

ဒါပေမယ့် ဆားကစ်တပ်ဆင်မှုနည်းပညာရဲ့ အကန့်အသတ်မရောက်ခင်ကာလဟာ သိပ်မကြာပါဘူး။ (မကြာခင်မှာပဲ ဆားကစ်တပ်ဆင်မှုနည်းပညာဟာ အကန့်အသတ်ရှိလာပါတယ်။) transistor တပ်ဆင်ထားတဲ့ ဆားကစ်တွေဟာ ကြီးသထက်ကြီးလာပြီး တပ်ဆင်ဖို့လည်းခက်လာပါတယ်။ တပ်ဆင်စရာပစ္စည်းတွေကလည်း များလာတယ်။ transistor circuit တွေဟာ vacuum circuit တွေထက် မြန်တယ်ဆိုတာ ပိုမိုသေးငယ်သွားတဲ့ ဆားကစ်တပ်ဆင်ပုံရဲ့ အကျိုးဆက်ဖြစ်တဲ့ လျော့နည်းစေတဲ့ delay time ကြောင့်ဆိုတာ သတိထားမိလာကြပါတယ်။ ဆားကစ်တွေမြန်ဆန်ဖို့ transistors တွေကို တစ်ခုနဲ့တစ်ခု ပိုမို နီးကပ်စွာ တပ်ဆင်မှဖြစ်တော့မယ်လို့ ပြနေသလိုပါပဲ။

The Integrated Circuit
1958 နဲ့ 1959 မှာ Texas Instruments က Jack Kilby နဲ့ Fairchild Camera က Robert Noyce တို့ဟာ ဒီများပြားတဲ့ electronic components များပြားမှုပြဿနာကို ဖြေရှင်းဖို့ Integrated Circuit (IC) ကို တီထွင်ဖေါ်ထုတ်ခဲ့ကြပါတယ်။ transistor တွေ တစ်လုံးချင်းထုတ်မယ့်အစား semiconductor တစ်ပြားပေါ်မှာ transistors အများအပြားထုတ်လုပ်နိုင်လာပါတယ်။ transistor သာမက တခြား resistors capacitors diodes တို့လို ပစ္စည်းတွေကိုလည်း ဒီနည်းနဲ့ ထုတ်လုပ်လာခဲ့ကြပါတယ်။

http://img85.imageshack.us/img85/7759/190869.th.jpg (http://img85.imageshack.us/i/190869.jpg/)ပုံ (၁၄) Robert Noyce နှင့် Jack Kilby

http://img16.imageshack.us/img16/6201/thumbtransistorspermicr.th.jpg (http://img16.imageshack.us/i/thumbtransistorspermicr.jpg/)ပုံ (၁၅) တိုးတက်လာသော transistor ထုပ်ပိုးမှု

1960 မှ နှစ် ၃၀ ကျော်တိုင် transistor ကျစ်လစ်သိပ်သည်းစွာတပ်ဆင်မှုကတော့ တစ်နှစ်ခွဲမှာ နှစ်ဆနှုန်းနဲ့ တိုးတက်လာခဲ့ပါတယ်။ ဒီလိုတိုးတက်မှုနည်းပညာကတော့ Intel Corporation မှ သုတေသနပြုသူတစ်ယောက်ဖြစ်တဲ့ Gordon Moore ရဲ့ IC တပ်ဆင်ပုံနည်းပညာကြောင့်ဖြစ်ပြီး Moore’s Law လို့ လူသိများပါတယ်။ IC နည်းပညာရဲ့ ဖခင်ဖြစ်တဲ့ Jack Kilby ကို ၂၀၀၀ ခုနှစ်မှာ ရူပဗေဒနိုဗယ်ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။

http://img8.imageshack.us/img8/988/integratedcircuit.th.jpg (http://img8.imageshack.us/i/integratedcircuit.jpg/)http://img266.imageshack.us/img266/9421/64426910.th.jpg (http://img266.imageshack.us/i/64426910.jpg/)http://img8.imageshack.us/img8/3883/circuitboard.th.gif (http://img8.imageshack.us/i/circuitboard.gif/)ပုံ (၁၆) မူလပထမ IC နှင့် ယနေ့ IC များ

Vacuum Tubes ရဲ့ အစပြိုးမှုမှသည် transistor ရှာဖွေတွေ့ရှိမှု၊ IC တိုးတက်လာခြင်းတို့ဟာ ၂၀ ရာစုကို အီလက်ထရောနစ်ရာစုရယ်လို့ ဖြစ်စေခဲ့တာဖြစ်ပါတယ်။

Ref: http://nobelprize.org/educational/physics/transistor/history/
Images: http://www.google.com/imghp

မနှစ်က ဒီလိုအချိန် ကျောင်းပိတ်ရက်များမှာ ပိုစ့်တွေတင်ခဲ့သော်လည်း စာပိနေပါသဖြင့် နှစ်ပတ်လည် မအားလပ်ခဲ့ပါခင်ဗျာ။ မနေ့က ကျောင်းစပိတ်တာကြောင့် ပုံလေးတွေစု မတောက်တခေါက် ဘာသာပြန်ပြီး တော့ပစ်ကို ပြန်လည်အသက်သွင်းလိုက်ပါတယ်ခင်ဗျ။ transistor နဲ့ပတ်သတ်တဲ့ waveform လေးများ ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း ....

amaung
06-27-2010, 02:10 AM
[Waveform in transistor circuits
Transistor တွေရဲ့ အသုံးချပုံကို တစေ့တစောင်းလေ့လာနိုင်ဖို့ waveform တွေဟာ လိုအပ်မြဲလို့ ယူဆပါတယ်ခင်ဗျ။ အောက်က နမူနာဆားကစ်မှာတော့ Transistor နဲ့ဆက်စပ်မယ့် ac နဲ့ DC သဘာဝတွေကို ဖေါ်ပြထားပါတယ်ခင်ဗျ။
http://img228.imageshack.us/img228/7799/75364692.png

အထက်ပုံပုံမှာ ရောင်စုံ probe လေးခုနဲ့ တိုင်းတာပြထားပါတယ်ခင်ဗျာ။
Input က အစိမ်းရောင် wave လေးပါ။ peak-voltage 25 mV နဲ့ လွှဲနေပါတယ်။ တစ်နည်းအားဖြင့် ac rms 17.68 mV ရှိနေပါတယ်ခင်ဗျာ။ (25mV*0.7071) တန်ဖိုးဖြစ်ပါတယ်။ multimeter ရဲ့ AC V mode ကနေ တိုင်းတာလို့ 17.68 mV လို့ပြနေတာကို ပုံမှာကြည့်နိုင်ပါတယ်။ A probe နေရာမှာပဲ အခြား multimeter ကနေ DC average mode ကနေ တိုင်းလိုက်တော့ nV တနည်းအားဖြင့် 0V အဖြေထွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အောက်က အစိမ်းရောင် wave ဟာ 0V ကို အလယ်မျဉ်းထားပြီး ထက်အောက်လွှဲနေတာကြောင့်ဖြစ်ပါတယ်။ ဒီ အစိမ်းရောင် wave သည် ယခုတိုင် ဘာ effect မှ ရှိမနေဘဲ သီးခြား ac စစ်စစ် wave အဖြစ်ရပ်တည်နေကြောင်း တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။
http://img687.imageshack.us/img687/6344/46553967.png

အပေါ်က အစိမ်းရောင် input wave လေးကို bypass capacitor C1 ခံလိုက်ရာ C1 အကူအညီနဲ့ 2.625V အမြင့်တိုင် လွှဲတင်သွားတာကို အောက်က အပြာရောင် wave လေးမှာတွေ့ရပါတယ်။ (bypass capacitor ကြောင့် wave တွေ နိမ့်မြင့်ဖြစ်သွားပုံတွေကို နောက်ပို့စ်တွေမှာ တင်ပြပေးပါမယ်ခင်ဗျာ။) ထိုသို့လွှဲတက်သွားသော်လည်း ac rms မှာ 17.85mV သာဖြစ်ကြောင်း သတိပြုစေလိုပါတယ်။ ဒါကို ကြည့်ချင်းအားဖြင့် မူလ ac စစ်စစ် input wave ကို 2.625 အမြင့်တိုင် မြှင့်တင်လိုက်တာကို တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။
http://img180.imageshack.us/img180/8374/81792502.png

အထက်ပါ အစိမ်းရောင် wave ကို transistor က ချဲ့လိုက်တဲ့အခါမှာ အောက်ပါ ခရမ်းရောင် wave ကိုရလာပါတယ်ခင်ဗျာ။ 5.35 DC Voltage တိုင် အပြာရောင် wave ကို လွှဲတင်လိုက်တာကို တွေ့ရပါတယ်ခင်ဗျာ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူးခင်ဗျ။ မူလ 17.68 ac RMS V ကို 2.193 V တိုင် ချဲ့လိုက်တာကို တွေ့ရပါမယ်ခင်ဗျ။ လောလောဆယ် ကျွန်တော်တို့ လိုအပ်တာက မူလ input wave နဲ့ ဆင်တူတဲ့အောင်ချဲ့ထားတဲ့ ac wave ကိုသာဖြစ်ပါတယ်။
http://img822.imageshack.us/img822/8013/95998250.png


bypass capacitor ကို သုံးပြီး 0V လယ်ဗယ်ကို လျှော့လိုက်ပါတယ်ခင်ဗျ။ အောက်က အ၀ါရောင် output ကိုရရှိလာပြီဖြစ်ပါတယ်ခင်ဗျာ။ DC average အားဖြင့် 0.1V လောက်သာကျန်ပါတယ်ခင်ဗျ။ ဒီဆားကစ်ကိုပဲ input frequency လျှော့လိုက်ရင်တော့ DC average 0V သာ ကျန်ပါလိမ့်မယ်ခင်ဗျ။ လိုချင်တဲ့ ac RMS ကတော့ လျော့ကျသွားနိုင်ပါတယ်ခင်ဗျ။
http://img412.imageshack.us/img412/5725/60996230.png

ဒီပုံလေးပုံကို ကျွန်တော် ပြင်ယှဉ်ပြရမယ်ဆိုရင်တော့ အောက်ပါ ပုံလေးအတိုင်းဖြစ်ပါလိမ့်မယ်ခင်ဗျ။
http://img84.imageshack.us/img84/6122/20377627.png

ဒီပုံမှာ output သည် 3V peak value ထည့်ဆွဲတာကတော့ ac 2.1V*sqrt(2)=3V ဖြစ်လို့ပါခင်ဗျ။ ဆက်လက်တင်ပြပေးပါဦးမယ်ခင်ဗျာ။

zinmaung
06-27-2010, 09:26 AM
သိချင်လို.ပါ။

STRAY CAPACITANCE ကို အသေးစိတ်ရှင်းပြတာလေး သိတဲ့ ဆရာများ ဖြေကြားပေးစေလိုပါတယ်။

"ကျွန်တော်နားလည်ထားတာတော့ NORMAL FUNCTION ကို အနှောင့်အယှက်ပေးတယ်။" ဆိုတာလောက်ပဲသိထားပါတယ်။

ကျွန်တော်က ELECTRICIAN မဟုတ်ပါဘူး။ အဲတော့ တချို.ကိစ္စတွေမှာ သိပ်နားမလည်ပါဘူး။

နည်းလမ်းလေးပေးကြပါဦးဗျာ။ :4:

လေးစားလျှက်..........

amaung
06-27-2010, 04:16 PM
stray capacitance နဲ့ ပတ်သတ်လို့ ကျွန်တော်လည်း ယေဘုယျပဲသိပါတယ်။ တတ်နိုင်သလောက် ကြိုးစားဖြေပေးလိုက်ပါတယ်ခင်ဗျ။
ယေဘုယျ အဓိပ္ပါယ်ဖွင့်ဆိုပုံကတော့
Undesirable capacitance between circuit wires, between wires and the chassis, or between components and the chassis of electronic equipment. ပါတဲ့ခင်ဗျ။
circuit တွေမှာ မလိုလားအပ်တဲ့ inductance နဲ့ capacitance ဆိုတာ ဖြစ်ပေါ်တတ်ပါတယ်။ ဥပမာအားဖြင့် အိမ်သုံးမီးခွေတစ်ခွေကို အခွေလိုက်ပုံထားရင်း မီးပေးထားမယ်ဆိုရင် inductor ပုံစံဖြစ်စေပြီး
current ကို သိုလှောင်ထားနိုင်ပါတယ်။ အင်မတန် သေးတဲ့ inductance ပေါ့ခင်ဗျာ။
ဒီလိုပါပဲ ဗို့အားများပြီး အင်မတန်နီးကပ်တဲ့ plate ပြားဆန်ဆန် အစွန်းနှစ်ခုဟာ capacitor ဆန်ဆန်ဖြစ်စေပြီး capacitance ကို ဖြစ်စေပါတယ်။
ထပ်မံဥပမာပေးရမယ်ဆိုရင် transformer ဟာ current lagging leading တွေရှိနေတာ အများအသိပါပဲ။ current ကို သိုလှောင်လို့ phase shifting ဖြစ်စေပါတယ်။
current ဟာလည်း Voltage နဲ့မကင်းတော့ Voltage ကို တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲသွားစေပါတယ်။
capacitance သဘောမျိုး သိုလှောင်မှုတွေဖြစ်စေပါတော့တယ်။

Any two adjacent conductors can be considered a capacitor, although the capacitance will be small unless the conductors are close together for long. This (often unwanted) effect is termed "stray capacitance". Stray capacitance can allow signals to leak between otherwise isolated circuits (an effect called crosstalk), and it can be a limiting factor for proper functioning of circuits at high frequency.conductor နှစ်ခုကို နီးနီးကပ်ကပ်ယှဉ်တွဲပြီး ရှည်လျားစွာ ချိတ်ဆွဲမထားတာတောင် မလိုလားအပ်တဲ့ capacitance ဖြစ်စေနိုင်ပါတယ်လို့ ညွှန်းဆိုနေပါသေးတယ်ခင်ဗျ။

Frequency နည်းရင် မသိသာပေမယ့် frequency များရင်တော့ စဉ်းစားစရာ တစ်ချက်ဖြစ်လာပါပြီတဲ့ခင်ဗျ။
Waveform မှာလည်း frequency နည်းရင် Capacitance က ဘာမှ သိသာအောင်မပြင်ပေမယ့် frequency များရင်တော့ နည်းနည်းလေး (capacitance) စောင်းလိုက်တာနဲ့ wave ဟာ သိသိသာသာ ပုံပျက်သွားပါမယ်ခင်ဗျ။

Stray capacitance is often encountered in amplifier circuits in the form of "feedthrough" capacitance that interconnects the input and output nodes (both defined relative to a common ground).It is often convenient for analytical purposes to replace this capacitance with a combination of one input-to-ground capacitance and one output-to-ground capacitance. အပေါ်မှာလည်း Amplifier က Stay capacitance ကို ပြောပြထားပါတယ်ခင်ဗျ။

frequency နဲ့ ပတ်သတ်လာသမျှ ဆားကစ်တွေမှာ (capacitor မပါသော်လည်း) voltage level ကွာခြားတိုင်းမှာ (frequency များရင် များသလို) မလိုလားအပ်တဲ့ capacitance တွေဖြစ်နေမှာပါပဲခင်ဗျ။ သူ့ကို stray capacitance ဟု ခေါ်ဆိုကြောင်းရယ်လို့ သိထားပါတယ်ခင်ဗျ။အောက်ကစာပုဒ်မှာလည်း ကျွန်တော်ပြောသလိုပဲ ရည်ညွှန်းထားပါတယ်ခင်ဗျ။ အသေးစိတ်လေ့လာနိုင်ကြောင်းပါခင်ဗျာ။

Stray capacitance and inductanceAside from power ratings and power losses, transformers often harbor other undesirable limitations which circuit designers must be made aware of. Like their simpler counterparts -- inductors -- transformers exhibit capacitance due to the insulation dielectric between conductors: from winding to winding, turn to turn (in a single winding), and winding to core. Usually this capacitance is of no concern in a power application, but small signal applications (especially those of high frequency) may not tolerate this quirk well. Also, the effect of having capacitance along with the windings' designed inductance gives transformers the ability to resonate at a particular frequency, definitely a design concern in signal applications where the applied frequency may reach this point (usually the resonant frequency of a power transformer is well beyond the frequency of the AC power it was designed to operate on).Flux containment (making sure a transformer's magnetic flux doesn't escape so as to interfere with another device, and making sure other devices' magnetic flux is shielded from the transformer core) is another concern shared both by inductors and transformers.Closely related to the issue of flux containment is leakage inductance. We've already seen the detrimental effects of leakage inductance on voltage regulation with SPICE simulations early in this chapter. Because leakage inductance is equivalent to an inductance connected in series with the transformer's winding, it manifests itself as a series impedance with the load. Thus, the more current drawn by the load, the less voltage available at the secondary winding terminals. Usually, good voltage regulation is desired in transformer design, but there are exceptional applications. As was stated before, discharge lighting circuits require a step-up transformer with "loose" (poor) voltage regulation to ensure reduced voltage after the establishment of an arc through the lamp. One way to meet this design criterion is to engineer the transformer with flux leakage paths for magnetic flux to bypass the secondary winding(s). The resulting leakage flux will produce leakage inductance, which will in turn produce the poor regulation needed for discharge lighting.

REFhttp://en.wikipedia.org/wiki/Transformer (http://en.wikipedia.org/wiki/Transformerhttp://www.jelecom.com/vb/showthread.php?p=3239http://encyclopedia2.thefreedictionary.com/stray+capacitance)
http://www.jelecom.com/vb/showthread.php?p=3239 (http://en.wikipedia.org/wiki/Transformerhttp://www.jelecom.com/vb/showthread.php?p=3239http://encyclopedia2.thefreedictionary.com/stray+capacitance)
http://encyclopedia2.thefreedictionary.com/stray+capacitance (http://en.wikipedia.org/wiki/Transformerhttp://www.jelecom.com/vb/showthread.php?p=3239http://encyclopedia2.thefreedictionary.com/stray+capacitance)

zinmaung
06-27-2010, 05:04 PM
ကိုအမောင်...ခင်ဗျာ။ ဖြေကြားပေးတာ ကျေးဇူးပါ။


[color=blue][size=10pt]stray capacitance နဲ့ ပတ်သတ်လို့ ကျွန်တော်လည်း ယေဘုယျပဲသိပါတယ်။ တတ်နိုင်သလောက် ကြိုးစားဖြေပေးလိုက်ပါတယ်ခင်ဗျ။
ယေဘုယျ အဓိပ္ပါယ်ဖွင့်ဆိုပုံကတော့ Undesirable capacitance between circuit wires, between wires and the chassis, or between components and the chassis of electronic equipment. ပါတဲ့ခင်ဗျ။ circuit တွေမှာ မလိုလားအပ်တဲ့ inductance နဲ့ capacitance ဆိုတာ ဖြစ်ပေါ်တတ်ပါတယ်။
ဥပမာအားဖြင့် အိမ်သုံးမီးခွေတစ်ခွေကို အခွေလိုက်ပုံထားရင်း မီးပေးထားမယ်ဆိုရင် inductor ပုံစံဖြစ်စေပြီး current ကို သိုလှောင်ထားနိုင်ပါတယ်။ အင်မတန် သေးတဲ့ inductance ပေါ့ခင်ဗျာ။ ဒီလိုပါပဲ ဗို့အားများပြီး အင်မတန်နီးကပ်တဲ့ plate ပြားဆန်ဆန် အစွန်းနှစ်ခုဟာ capacitor ဆန်ဆန်ဖြစ်စေပြီး capacitance ကို ဖြစ်စေပါတယ်။
ထပ်မံဥပမာပေးရမယ်ဆိုရင် transformer ဟာ current lagging leading တွေရှိနေတာ အများအသိပါပဲ။ current ကို သိုလှောင်လို့ phase shifting ဖြစ်စေပါတယ်။ current ဟာလည်း Voltage နဲ့မကင်းတော့ Voltage ကို တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲသွားစေပါတယ်။ capacitance သဘောမျိုး သိုလှောင်မှုတွေဖြစ်စေပါတော့တယ်။
Any two adjacent conductors can be considered a capacitor,
although the capacitance will be small unless the conductors are close together for long.
This (often unwanted) effect is termed "stray capacitance".
Stray capacitance can allow signals to leak between otherwise isolated circuits (an effect called crosstalk),
and it can be a limiting factor for proper functioning of circuits at high frequency.
conductor နှစ်ခုကို နီးနီးကပ်ကပ်ယှဉ်တွဲပြီး ရှည်လျားစွာ ချိတ်ဆွဲမထားတာတောင် မလိုလားအပ်တဲ့ capacitance ဖြစ်စေနိုင်ပါတယ်လို့ ညွှန်းဆိုနေပါသေးတယ်ခင်ဗျ။ Frequency နည်းရင် မသိသာပေမယ့် frequency များရင်တော့ စဉ်းစားစရာ တစ်ချက်ဖြစ်လာပါပြီတဲ့ခင်ဗျ။ Waveform မှာလည်း frequency နည်းရင် Capacitance က ဘာမှ သိသာအောင်မပြင်ပေမယ့် frequency များရင်တော့ နည်းနည်းလေး (capacitance) စောင်းလိုက်တာနဲ့ wave ဟာ သိသိသာသာ ပုံပျက်သွားပါမယ်ခင်ဗျ။
Stray capacitance is often encountered in amplifier circuits
in the form of "feedthrough" capacitance that interconnects the input and output nodes
(both defined relative to a common ground).
It is often convenient for analytical purposes to replace this capacitance
with a combination of one input-to-ground capacitance and one output-to-ground capacitance.
အပေါ်မှာလည်း Amplifier က Stay capacitance ကို ပြောပြထားပါတယ်ခင်ဗျ။ frequency နဲ့ ပတ်သတ်လာသမျှ ဆားကစ်တွေမှာ (capacitor မပါသော်လည်း) voltage level ကွာခြားတိုင်းမှာ (frequency များရင် များသလို) မလိုလားအပ်တဲ့ capacitance တွေဖြစ်နေမှာပါပဲခင်ဗျ။ သူ့ကို stray capacitance ဟု ခေါ်ဆိုကြောင်းရယ်လို့ သိထားပါတယ်ခင်ဗျ။


ထပ်သိချင်သေးလို.ပါ။( နောက်တစ်ခုကိုပါ။ ) ဆက်စပ်နေလို.ပါ။ RECTIFIER တွေနဲ. အေစီကနေ ဒီစီကို ပြောင်းကြပါတယ်။
ပြောင်းတာလဲ အဆင်ပြေပါတယ်။ ဒါပေမယ့် ဆက်စပ်နေတဲ့ ရေဒီယို ပစ္စည်းတွေကျတော့ NOISE တအားဝင်တာပဲ။ နောက်ပီး တစ်ခါတလေ ရေဒီယို စက်တွေပါ ပျက်စီးတဲ့ အထိ ဖြစ်စေပါတယ်။
အဲဒီအတွက် NOISE FILTER ( diode )တပ်ဆင်ပေးရပါတယ်။

အဲဒီ DIODE အကြောင်းလေးလဲ သိတဲ့ဆရာလေးများ ( လျှာရှည်တာတော့ မဟုတ်ပါဘူး။ ) ဖြေကြားပေးစေလိုပါတယ်။
လေးစားလျှက်.........

Marie
06-27-2010, 08:53 PM
မာရီ ရေးတာ အမှားပါရင်ခွင့်လွှတ်ပါရှင့်။

မာရီက အင်ဂျင်နီယာမဟုတ်ပါဘူး။ အကိုအမောင် ရေးတာတွေကို မာရီ ဖတ်တဲ့အခါရှင်းရှင်းလင်းလင်းနားလည်သွားပါတယ်။

ကျေးဇူးတင်ပါတယ်ရှင့်။

amaung
06-28-2010, 02:03 AM
ထပ်သိချင်သေးလို.ပါ။( နောက်တစ်ခုကိုပါ။ ) ဆက်စပ်နေလို.ပါ။ RECTIFIER တွေနဲ. အေစီကနေ ဒီစီကို ပြောင်းကြပါတယ်။
ပြောင်းတာလဲ အဆင်ပြေပါတယ်။ ဒါပေမယ့် ဆက်စပ်နေတဲ့ ရေဒီယို ပစ္စည်းတွေကျတော့ NOISE တအားဝင်တာပဲ။ နောက်ပီး တစ်ခါတလေ ရေဒီယို စက်တွေပါ ပျက်စီးတဲ့ အထိ ဖြစ်စေပါတယ်။
အဲဒီအတွက် NOISE FILTER ( diode )တပ်ဆင်ပေးရပါတယ်။

အဲဒီ DIODE အကြောင်းလေးလဲ သိတဲ့ဆရာလေးများ ( လျှာရှည်တာတော့ မဟုတ်ပါဘူး။ ) ဖြေကြားပေးစေလိုပါတယ်။
လေးစားလျှက်.........
သိတဲ့ဆရာလေးများ ဖြေပါဆိုပြီး ကျွန်တော်ရေးတဲ့ topic မှာ ၀င်မေးတော့ ကျွန်တော်ကတော့ ဖြေဖို့တာဝန်ရှိနေတာပါပဲ။ တကယ်က တော့ပစ်သစ်ဖွင့်ပြီး မေးသင့်ပါတယ်။ ဒါမှ လူအားလုံးကို မေးရာကျပါမယ်။ ကျွန်တော့် topic မှာမေးတာဆိုတော့ ကျွန်တော့်ကို မေးတာလို့ ဆိုလိုတယ်ဆိုရင်လည်း ဆရာလေးများလို့ မသုံးပါနဲ့ဗျာ။ ကျွန်တော်က ကျွန်တော် စတင်ရေးခဲ့တဲ့ topic ကလွဲပြီး ၀င်ဆရာလုပ်လေ့ (ကူညီလေ့) မရှိလို့ပါခင်ဗျ။ ဒါကလည်း အပေါ်က မေးခွန်းလိုမျိုး မေးခွန်းတွေကို ဖြေပေးမယ့် ဆရာ့ဆရာတွေ ရှိနေမယ်လို့ ယူဆတာရယ် ကိုယ့်ကိုကိုယ် သိတာနည်းလွန်းသေးတယ်လို့ ယူဆထားတာရယ်ကြောင့် ဖြစ်ပါတယ်။ ဒီတော့ပစ်ဟာ waveform များတိုင်းဖို့လို့ နာမည်ပေးထားတာပါခင်ဗျ။

rectifier ကြောင့် noise ၀င်တယ်လို့ မလေ့လာဖူးပါဘူးခင်ဗျ။ rectifier က AC to DC ပါ။ rectifier အမျိုးမျိုးရှိပါတယ်။ ကျွန်တော်သိတာကတော့ အများသုံးဖြစ်မယ့် (1) capacitor inductor သုံးပြီး rectified လုပ်ထားတဲ့ rectifier (2) transister သုံးပြီး rectified လုပ်ထားတဲ့ rectifier (3) IC သုံးပြီး rectified လုပ်ထားတဲ့ rectifier တွေပဲဖြစ်ပါတယ်။ သူတို့အလုပ်က တည်ငြိမ်တဲ့ DC Voltage တစ်ခုရဖို့ပါ။

radio ဟာ high frequency သုံးတဲ့ ပစ္စည်းမို့ DC Supply က နည်းနည်းမှ အတိမ်းအစောင်းမခံပါဘူး။ ဒါပေမယ့် radio noise ကို လျှော့ဖို့ စဉ်းစားကြရာမှာတော့ DC Supply ကို အရေးတယူမစဉ်းစားကြတော့ပါဘူး။ rectifier Circuit တွေဖက်ပြန်လှည့်ကြည့်မယ်ဆိုရင်လည်း IC သုံး rectifier တွေက အကောင်းဆုံး အငြိမ်ဆုံး voltage ကို ထုတ်ပေးတယ်လို့ မှတ်သားရပါတယ်။ သို့သော် သုံးမျိုးလုံးဟာ DIODE ကို မဖြစ်မနေ သုံးကြရမှာပါပဲ။ DIODE သုံးလိုက်တည်းက ပြန်လှန်လျှပ်စီး အောက်အခြမ်း WAVEFORM ဟာ ဖြတ်တောက်ပြီးသားဖြစ်ပါတယ်။ နောက်ထပ် DIODE တစ်လုံးထပ်သုံးလည်း မထူးခြားပါ။ DIODE သုံးခြင်းက WAVEFORM အပေါ်တစ်ခြမ်းသာ ခွင့်ပြုမယ်လို့ ဆိုလိုရင်းသာ ရှိလို့ပါခင်ဗျ။

ဒါ့ကြောင့် RECTIFIER CIRCUIT ကို ပိုမိုတိကျလိုရင် DIODE သုံးခြင်းနဲ့ ပြုပြင်လို့မရပါဘူးခင်ဗျ။ NOISE FILTER ( diode ) လို့ သုံးနှုံးလိုက်တာဟာ RECTIFIER နဲ့ ဘာမှ မဆိုင်ပါဘူးခင်ဗျ။ RADIO NOISE FILTER ပိုင်းဆိုင်ရာတွေသာ လေ့လာဖို့လိုပါလိမ့်မယ်ခင်ဗျ။ RADIO NOISE ဟာ ဘယ်လောက်ပဲ ၀င်ဝင် အသံမကြည်တာ မကြားတာပဲဖြစ်စေမှာပါ။ ရေဒီယိုပျက်စီးတာဖြစ်ရလောက်အောင် ပါဝါမကြီးပါဘူးခင်ဗျ။ ရေဒီယိုလောင်ရင် RACTIFIER ပျက်မှ လောင်ပါလိမ့်မယ်။ တားမရတဲ့ ac VOLTAGE ကြောင့်ဖြစ်ပါလိမ့်မယ်ခင်ဗျ။ ဒီ့အတွက် အမှားခံဒိုင်အုပ် သုံးစရာတောင် မလိုပါဘူးခင်ဗျ။ transformer က ရလာတဲ့ ac peak voltage ကို ခံနိုင်တဲ့ Diode ရွေးသုံးလိုက်ယုံနဲ့ အဆင်ပြေပါလိမ့်မယ်ခင်ဗျ။ bridge အတွက် နှစ်ဆခံ diode သုံးဖို့လိုကြောင်းလည်း တင်ပြခဲ့ပြီးပါပြီ။

လိုကောင်းလိုမယ်ဆိုရင်တော့ radio circuit က transister တစ်ခု ချဲ့လိုက်တဲ့ out တစ်ခုခုအတွက် စဉ်းစားတာပဲဖြစ်ပါမယ်။

Radio noise တွေအတွက်ကတော့ ဒီတော့ပစ်က ကွာလွန်းပါတယ်။ ဒီတော့ပစ်က အခြေခံကစလာလိုက်တာ transistor မှာပဲ ရှိပါသေးတယ်။ နောက် thyrister opamp 555 တွေ အခြေခံဆားကစ်တွေ အများကြီးကျန်ပါသေးတယ်။ radio circuit ကို ရောက်ဖို့ ၄ နှစ်လောက်တောင် ကြာဦးမလားပါပဲ။ :4: topic တစ်ခုဖွင့် ဆွေးနွေးဖို့ အကြံပေးလိုက်ပါရစေခင်ဗျာ။ လာဖတ်ချင်ပါတယ်ခင်ဗျ။