PDA

View Full Version : What is Inverter Airconditioning System and used for?



samsoon
06-18-2009, 10:12 AM
Every body can discuss what is inverter air conditioning system and used for?

nyiwin01
06-18-2009, 08:41 PM
အကျဉ်းချုံးပြောရမယ်ဆိုရင် (အရှည်ကြီးလည်းပြောဖို့အချိန်မရှိလို့ပါ) ;D
အရင်တုံးက A/C တွေဟာ ကိုယ် setting လုပ်လိုက်တဲ့ Temperature point ကိုရောက်ဖို့
compressor ကို load အပြည့်သုံးပြီးမောင်းပါတယ် ပြီးတော့ set point temperature အောက် 2 မှတ်လောက်ဆင်းပြီးမှ ရပ်ပါတယ်။
ပြီးတော့ set point temperature အပေါ် 2 မှတ်လောက်တက်ပြီးမှ compressor ပြန်လည်ပါတယ်။
ဒီတော့ လိုချင်တဲ့ constant temperature ကိုမရဘူးပေါ့ ။ compressor က load အပြည့်လည်ရတော့ power consumption များမယ်။
အဲဒါတွေကြောင့် inveter A/C တွေပေါ်လာတာပါ။
သူက inveter ဆိုတဲ့အတိုင်း အဝင် AC ကို DC ပြောင်းပါတယ်။
ပြီးတော့ frequency မတူညီတဲ့ AC (ကိုလိုချင်တဲ့ frequency အတိုင်း) မော်တာမောင်းဖို့ ထုတ်ပေးပါတယ်။
compressor motor, fan motor အစရှိတဲ့ မော်တာတွေကိုပါ။
ဒီတော့ကာ လိုချင်တဲ့ temperature ကိုရဖို့ compressor က load အပြည့်နဲ့မောင်းဖို့မလိုတော့ဘူး။
လိုတဲ့အချိန်မှာ လိုသလောက်မောင်းပေးရုံပဲ။
ဒါကြောင့် power အစားသက်သာစေပါတယ်။ constant temperature ကိုရနိုင်ပါတယ်။
တခြားပိုကောင်းတဲ့ effect တွေအများကြီးရလာပါတယ်။ (ဈေးပိုပေးရတယ်) ;D ;D

ဒီနေ့မှာ ကျနော်တို့ သုံးနေတဲ့ အိမ်သုံး၊ ရုံးသုံး A/C တွေအားလုံးနီးပါးဟာ inveter A/C တွေပါပဲ။