PDA

View Full Version : ဆရာရောဘတ်၏ အော်တိုကဒ် ၂၀၀၉



KPZ
06-22-2009, 03:20 PM
ဒီစင်္ကာပူမြေပေါ်မှာ သာမက တစ်ကမ္ဘာလုံးမှာ အလုပ်လုပ်နေတဲ့ သူတွေမှာ အော်တိုကဒ် နည်းပညာကို အသုံးပြုလို့ အသက်မွေးဝမ်းကျောင်း ပြုနေသူတွေ အများအပြားပါ။ အော်တိုကဒ်နဲ့ မကင်းရင် ဆရာရောဘတ်နဲ့လည်း ကင်းမယ်မထင်ပါဘူး။ ဆရာရောဘတ်ဆီမှာ သင်တန်းမတက်ဘူးတဲ့သူတောင် ဆရာ့စာအုပ်ကို ဖတ်ဖူးမှာပါ။
တပည့်တွေအပေါ်စေတနာ အပြည့်ထားတဲ့ ဆရာက အခု အော်တိုက်ကဒ် ၂၀၀၉ ကို မြန်မာလို ရှင်းလင်းချက် ရေးသားပေးခဲ့ပါတယ်။ ဆရာနဲ့တွေ့တိုင်း ဆရာ့စာအုပ်ကို တပည့်တို့ ဘယ်လောက်ပေးဝယ်ရပါတယ်ဆိုတိုင်း ဆရာ စိတ်မကောင်း ဖြစ်လေ့ရှိပါတယ်။ ဆရာ စာအုပ်တစ်အုပ်ရေးတိုင်း ချမ်းသာတာ ထုတ်ဝေသူပါ။ ဒီတော့ ဆရာက နိုင်ငံရပ်ခြားမှ တပည့်များ လွယ်ကူစွာလေ့လာနိုင်ရန် တပည့်တွေကို ပေးခဲ့ပါတယ်။ ကျမတို့ ဆရာ့တပည့်တစ်စုက ဆရာ့ရဲ့ စေတနာကို လေးစား တန်ဖိုးထားတဲ့ အနေနဲ့ ဆရာ့ကို ကန်တော့ဖို့ စိတ်ကူးမိပါတယ်။
ဒီတော့ ဆရာ့စာအုပ်ကို အွန်လိုင်းမှတဆင့် တစ်အုပ်ကို စင်္ကာပူ ၁၀ဒေါ်လာဖြင့် ရောင်းချပေးလိုပါတယ်။ ဒီငွေပမာဏဟာ ကျမတို့ လုပ်ငန်းခွင်ထဲက သူတွေအတွက် ပြောပလောက်တဲ့ ပမာဏမဟုတ်ပါဘူးရှင်။ ဒီစာအုပ်ကို ၀ယ်ယူခြင်းဟာ ဆရာ့ကို ကန်တော့ခြင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။ စာအုပ်မှာယူလိုပါက creativespace.info@gmail.com သို့ မေးပို့မှာယူနိုင်ပါတယ်။ ဆရာ့အတွက် ရည်ရွယ်ကန်တော့တဲ့ သူတွေအားလုံးရဲ့ နာမည်ကို စာရင်းအတိအကျနဲ့ ဆရာ့ထံ ကန်တော့မှာ ဖြစ်ပါတယ်။ ဒီဘလော့မှာ စာရင်းအတိအကျကို ဖော်ပြပေးမှာပါ။

phyo
06-22-2009, 04:46 PM
မ KPZ ရေ ...
ဒီဖိုရမ်ကနေတော့ Creativespace ကို မမှာတော့ပါဘူးဗျာ..
ဒီဖိုရမ်အတွက် KPZ ပဲ တာဝန်ခံပေးပါ..
အသေးစိပ်ကိုလည်း တစ်ခါတည်း ဖော်ပြပေးပါ..
အကယ်၍ a/c နဲ့  ပို့ ရမယ်ဆိုရင်လည်း ပို့ ပါရစေ..

ခင်မင်လေးစားစွာဖြင့်

phyo

KPZ
06-22-2009, 09:26 PM
ကိုဖြိုးရေ

ကျမက မေးပို့ခိုင်းတာက သေချာမှုတစ်ခုခုဖြစ်အောင်လို့ပါ။
ပြီးတော့ ကျမ Personal Mail မှာဆို ရောထွေးမှုတွေ ဖြစ်မှာဆိုးလို့ပါ။
Creative Space ဖိုရမ်ကို ၀င်ခိုင်းတာ မဟုတ်ပါဘူးရှင်
ဘာဒေတာမှ မရှိသေးတဲ့ အကောင့်မှာ ရှင်းရှင်းလင်းလင်းဖြစ်အောင် မေးပို့ခိုင်းတာပါ
အဲဒီ့ Gmail Account ကိုမေးပို့မှ ကျမတို့က စာအုပ်ပို့ပေးမှာ မလို့ပါ။ ဘယ်လို ငွေလွှဲပေးရမယ်ဆိုတာလည်း မေးပြန်ပို့မှာပါ။
အဲဒီ့အကောင့်ကို မပို့ချင်ဘူး ဆိုရင်တော့
kpz@myanmarengineer.org ကိုမေးပို့လိုက်ပါနော်

ခင်မင်လေးစားလျှက်
ကေပီဇက်

papagyi
07-03-2009, 03:03 PM
ကို kotheinzawkcn ရေ..ဘာကိုပြောချင်တာလဲခင်ဗျာ...ဒီအတိုင်းကြီးပဲ ပြန်ကိုးကားထားတာ တစ်ခြားသူတွေ
အတွက် ဘာမှန်းမသိနိုင်လို့ပါ။ :)

ရခိုင်သားလေး
07-09-2009, 08:31 PM
မ KPZ ၊ ကျွန်တော်လည်း ဒီစာအုပ် ကို ၀ယ်ချင်ပါတယ်ဗျာ၊၊ ဒါပေမယ့်  ကျွန်တော် ကအခု ရုရှားမှာဆိုတော့ ပိုက်ဆံလွဲ ရမယ့်ဟာလေးတွေ ကို မ KPZ ပဲပြောပြစေချင်ပါတယ်၊၊ လေးစားစွာဖြင့် ၊၊

ရခိုင်သားလေး

papagyi
07-11-2009, 02:44 AM
fri ရေ...creativespace.info@gmail.com ဖြစ်ဖြစ်
kpz@myanmarengineer.org ဖြစ်ဖြစ် mail ပို့လိုက်ပြီးဆက်သွယ်လိုက်နော်...

papagyi
07-31-2009, 03:12 AM
ဆရာရောဘတ်၏ အော်တိုကဒ် ၂၀၀၉ စာအုပ်ထွက်ပါပြီ ..
ဈေးက ၆၀၀၀ ကျပ်လို့ သိရပါတယ် ...အရင် vol 1 autocad 2002 ကို
၂၀၀၉ အခြေခံပြီး ထွက်တာပါ ..နောက် rendering စာအုပ်ထွက်ဖို့ ရေးနေပြီလို့ သိရပါတယ် ... :)

phyo
07-31-2009, 08:13 AM
ဆရာရောဘတ်၏ အော်တိုကဒ် ၂၀၀၉ စာအုပ်ထွက်ပါပြီ ..
ဈေးက ၆၀၀၀ ကျပ်လို့ သိရပါတယ် ...အရင် vol 1 autocad 2002 ကို
၂၀၀၉ အခြေခံပြီး ထွက်တာပါ ..နောက် rendering စာအုပ်ထွက်ဖို့ ရေးနေပြီလို့ သိရပါတယ် ... :)


စလုံးမှာလည်း ရောက်နေတာတော့ ကျနော် သတိထားမိသလောက် နည်းနည်းကြာသွားပြီ
ဈေးနှုန်းက ဒေါ်လာ ၂၀ တဲ့....Rendering လေး ထွက်ရင်လည်း ပြောပြပေးပါဦး ကို papagyi ရေ..
ကျေးဇူးပါပဲဗျာ..