PDA

View Full Version : မြန်မာအင်ဂျင်နီယာဖိုရမ် သင်တန်း



phoelapyae
06-27-2009, 06:35 PM
မြန်မာအင်ဂျင်နီယာဖိုရမ်အသင်းဝင်များခင်ဗျာ ...
မြန်မာအင်ဂျင်နီယာဖိုရမ်အနေနဲ့ မြန်မာ့ပညာရေးလောကအတွက် တစ်ထောင့်တစ်နေရာက အားဖြည့်ကူညီနိုင်ရန်အတွက် တတ်နိုင်တဲ့နေရာကနေ ကူညီဆောင်ရွက်လျက်ရှိပါတယ် ။
အခုဆိုရင် မြန်မာအင်ဂျင်နီယာဖိုရမ်အနေနဲ့ တစ်နှစ်သားကျော်ကျော်သက်တမ်းရှိပြီးဖြစ်ပါတယ် ။
ဖိုရမ်အတွင်း အသင်းဝင်အချင်းချင်း နည်းပညာဖွံ့ ဖြိုးတိုးတက်စေရန် မိမိတို့ တတ်သိသမျှကို ပြန်လည်ဝေမျှခြင်း ၊ မိမိတို့ မသိသေးသည်များကို မေးမြန်းဆွေးနွေးခြင်းတို့ ဖြင့် အချင်းချင်း အပြန်အလှန်ကူညီကျသည်မှာ အရမ်းကြည်နုးဝမ်းမြောက်ဖို့ ကောင်းလှပါတယ် ။
အခုလဲ မိမိတို့ တတ်သိနားလည်သလောက် ပြန်လည်ဝေမျှလိုသော အသင်းဝင်များ၏ စေတနာဖြင့် ဖိုရမ်သင်တန်းကို ဖွင့်လှစ်လိုက်ပါတယ် ။
အခုလို မိမိတို့ တတ်သိနားလည်သလောက် အသေးစိတ်ပြန်လည်ဝေမျှဖို့ ဆိုတာက တော်ယုံစေတနာဖြင့်မလွယ်ကူပါဘူး ။
အချိန် ၊ ငွေကြေး စသည်တို့ ကိုရင်းနှီးပြီး အခြားသူများလဲ မိမိသိသလို သိကျပါစေဆိုတဲ့ ကုသိုလ်စေတနာဖြင့် ဝေမျှလို့ သာ အခုလို ဖိုရမ်တွင်းသင်တန်းဆိုတာ ဖြစ်ပေါ်လာရတာပါ ။
အသင်းဝင်များအနေဖြင့်လဲ အခုလို ဝေမျှတဲ့သူတွေ ရှိတုန်း သင်ကြားလိုက်မယ်ဆိုရင် မိမိဘ၀အတွက် တစ်ခုခုကျန်ပါတယ် ။
ဒီနေရာမှာ သင်တန်းနဲ့ ပက်သက်ပြီး အနည်းငယ်ပြောပါရစေ ။
အခုဖွင့်လိုက်တဲ့သင်တန်းဟာ ဖိုရမ်အတွင်း ပုံမှန်ဆွေးနွေးချက်များကဲ့သို့ မဟုတ်ပါဘူး ။
သင်တန်းဆိုတဲ့အတိုင်း project တစ်ခုကို အစအဆုံး course အပြတ် အခြေခံကနေ အပြန်အလှန်ဆွေးနွေးပို့ ချမှာဖြစ်ပါတယ် ။
သင်တန်းအတွင်း သင်တန်းသားမဟုတ်သော အခြားအသင်းဝင်များအနေနဲ့ ၀င်ရောက်ဆွေးနွေးမေးမြန်းခွင့်မရှိပါဘူး ။
အဲဒီအတွက် မေးမြန်းဆွေးနွေးလို့ မရအောင်လဲ permission သတ်မှတ်ထားပါတယ် ။
ဒါပေမဲ့ သင်တန်းက ပို့ ချတဲ့ဆွေးနွေးချက်များကိုတော့ ၀င်ရောက်ဖတ်ရှုခွင့်ရှိပါတယ် ။
သင်တန်းသားများအနေနဲ့ သင်တန်းနည်းပြချမှတ်ထားသော လိုအပ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရပါမယ် ။
assingment များထပ်ခြင်း ၊ လိုအပ်သော project အသေးလေးကို လုပ်ရပါမယ် ။
သင်တန်းနည်းပြချမှတ်ထားသော လိုအပ်ချက်များ ပျက်ကွက်ပါက သင်တန်းသားအဖြစ်မှ ထုတ်ပယ်သွားပါမယ် ။
သင်တန်းနည်းပြများကလဲ သင်တန်းသားကို တတ်မြောက်အောင် သင်ကြားပို့ ချသွားမှာဖြစ်ပါတယ် ။
သင်တန်းရဲ့ ရည်ရွယ်ချက်က သင်တန်းပြီးပါက သင်တန်းသားအနေနဲ့ အမှန်တကယ်တတ်မြောက်ရပါမယ် ။
ဖိုရမ်အနေနဲ့ သင်တန်းအတွက် လိုအပ်သော အထောက်အကူပစ္စည်းများအား ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ် ။
လိုအပ်ပါက သင်တန်းသားများ အိမ်တွင်လွယ်ကူစွာဖတ်ရှုလေ့လာနိုင်ရန် ပို့ ချချက်များကို pdf အနေနဲ့ ပါ ပြုလုပ်ပေးထားပါမယ် ။
နောက်လိုအပ်ချက်တစ်ခုအနေနဲ့ အခုဖိုရမ်သင်တန်းကို Friendly Member အထပ်သာ တက်ရောက်သင်ကြားခွင့်ရှိပါတယ် ။
Friendly Member ဆိုတာ ပို့ စ် ၁၀ ပြည့်ရင်ရပါပြီး ။
အခုလိုသတ်မှတ်ထားရတာကလဲ သင်တန်းသားအနေနဲ့ အမှန်တကယ်လိုက်ပါဆောင်ရွက်နိုင်ရန် ၊ ဖိုရမ်အတွင်း ရင်းနှီးကျွမ်းဝင်စေရန် ၊
ဒါ့အပြင် ဖိုရမ်က အပင်ပန်းခံသင်ကြားပြသမှုကို သင်ရကျိုးနပ်စေရန် ဖြစ်ပါတယ် ။
ဖိုရမ်သင်တန်းနဲ့ ပက်သက်၍ ဘာသင်တန်းတွေ ဖွင့်လှစ်သင်ကြားပြသပေးမယ်ဆိုတာကို သင်တန်းကြော်ငြာဘုတ် (http://www.myanmarengineer.org/forum/index.php/board,276.0.html) ကပ်ထားပေးမှာဖြစ်ပါတယ် ။
ဖွင့်လှစ်ပို့ ချမဲ့သင်တန်းများကို ဒီလင (http://www.myanmarengineer.org/forum/index.php/board,270.0.html)့်လေးမှာ ကြည့်နိုင်ပါတယ် ။

levoman
07-04-2009, 08:17 PM
အကိုရေ downloadဆွဲရတာက connectionကြောင့်ဆွဲမရဘူးဖြစ်နေတယ်ဗျာ အဲဒါလေးတစ်ခုကိုဘယ်လိုဇြေရှင်းရင်ကောင်းမလဲ ၀ိုင်းဝန်းစဉ်းစားပေးပါဦးဗျာ စစချင်းနေ့မှာပဲ complain တက်တယ်မထင်နဲ့နော်

phoelapyae
07-04-2009, 11:29 PM
ဘယ်လင့်ကို ဒေါင်းလုပ်ဆွဲတာလဲဗျ .. ဒီနေရာမှာက ဒေါင်းလုပ်ဆွဲစရာ လင့်မရှိပါဘူး ။
ဘာကိုဆိုလိုတာလဲမသိဘူး ။

momo
07-11-2009, 11:26 PM
hi bro i m now friendly member though.because i wanna attend to online education of MEF.please allow me.please.i want to many post on this site but i cant write in myanmar and not good english.But im studying programming and web techonology in Japan.so i need to study more than.May i participated

chitsuelay
07-12-2009, 05:58 PM
အာကာလေးေ၇ ,,, ဆွေးနွေးချက် 10 ခုပြည့်၇င်တော့ သင်တန်းသားအဖြစ် လက်ခံပါလိမ့်မယ်။

မြန်မာလက်ကွက်ကိုတော့ ကျမလဲမကျွမ်းကျင်သူမို့ ပြန်စာေ၇း၇န်ထဲက စာေ၇းတဲ့ box ၇ဲ့ အောက်က မြန်မာကီးဘုတ် မှာပဲ mouse နဲ့ တစ်ခုခြင်းလိုက် click တာကလဲ တော်တော် အဆင်ပြေပါတယ်။ အာကာလေး လဲစမ်းကြည့်ပါဦးနော်။ အဲဒီ မြန်မာကီးဘုတ် ကိုမြင်သာအောင် ပုံလေးနဲ့ ဖော်ပြလိုက်တယ်နော်။

http://img22.imageshack.us/img22/1139/mmkeyboardshort.png (http://img22.imageshack.us/i/mmkeyboardshort.png/) http://img22.imageshack.us/img22/mmkeyboardshort.png/1/w631.png (http://g.imageshack.us/img22/mmkeyboardshort.png/1/)

အဲဒီ မြန်မာကီးဘုတ် ကို click လိုက်၇င် ဒီလိုလေး ပြန့်ကျလာပါလီမ့်မယ်။

http://img20.imageshack.us/img20/8366/mmkeyboardlong.png (http://img20.imageshack.us/i/mmkeyboardlong.png/) http://img20.imageshack.us/img20/mmkeyboardlong.png/1/w634.png (http://g.imageshack.us/img20/mmkeyboardlong.png/1/)

ကြိုးစားကြည့်ပါနော် ။ အဆင်ပြေပါစေ။

nayhtooaung
07-12-2009, 07:10 PM
ိုရမ်သင်တန်းနဲ့ ပက်သက်၍ ဘာသင်တန်းတွေ ဖွင့်လှစ်သင်ကြားပြသပေးမယ်ဆိုတာကို သင်တန်းကြော်ငြာဘုတ် ကပ်ထားပေးမှာဖြစ်ပါတယ် ။
ဖွင့်လှစ်ပို့ ချမဲ့သင်တန်းများကို ဒီလင့်လေးမှာ ကြည့်နိုင်ပါတယ် ။
လင့်ုနှိပ်တာ အမှားအယွင်းရှိနေပါတယ်တဲ့ဘယ်လိုလုပ်ရမလဲ--ပြောပေးပါခင်ဗျာ------ကျေးဇူးတင်လျှက်ပါ--ှ

phoelapyae
07-12-2009, 07:16 PM
ဟုတ်ကဲ့ ... သင်တန်းက Friendly Member အထက်ပဲဝင်ခွင့်ပြုထားတဲ့အတွက် အထက်ပါ အယ်ရာတက်နေတာဖြစ်ပါတယ် ။
nayhtooaung က Friendly Member ဖြစ်သွားရင်တော့ အထက်ပါမက်ဆေ့ကိုတွေ့ ရတော့မှာမဟုတ်ပဲ သင်တန်းအတွင်းသို့ ၀င်ရောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ

mr.precious
08-13-2009, 09:18 PM
သင်တန်းက ဘယ်တော့လောက်ပြီး မှာလဲ မသိဘူး ..နောက်သင်တန်းက ဘယ်တော့လောက်ပြန် ဖွင့်မှာ လဲ ..အခုအမှီတော့လို့ သင်တန်းသားဖြစ်ချင်လို့ပါ

ချင်းတွင်းသား
08-20-2009, 11:55 AM
netwroking, windows server 2003, linux နဲ့ပက်သက်တဲ့ သင်တန်းတွေကော မဖွင့်ဘူးလားခင်ဗျား....ဖွင့်ရင်တက်ချင်လို့ပါ...

phoelapyae
08-20-2009, 06:42 PM
အင်းဗျာ .. သင်တန်းကလဲ သင်ကြားပေးနိုင်မဲ့ ဆရာရှိမှ ဖွင့်နိုင်မှာဖြစ်နေတယ် ..
သင်တန်းဆရာလေးများ စေတနာနဲ့ သင်ပေးနိုင်ရင် သိပ်ကောင်းမှာပဲဗျာ ..

ဝေဟင်မင်း
10-05-2009, 05:26 PM
MEF ရဲ့ ရည်ရွယ်ချက်တွေကအရမ်းကောင်းပါတယ်။ မြန်မာကျောင်းသားတိုင်း သိသင့်ကြည့်သင့်တဲ့ဆိုက်တခုပါ။ သင်တန်းတွေပါရှိတော့ပိုပြီးပြည့်စုံသွားတာပေါ့။ ဒီအတွက် ဖိုရမ်လူကြီးများ၊ သင်တန်းနည်းပြများ၊ ဝင်ရောက်ဆွေးနွေးကြသူများ၊ အသင်းသူအသင်းသားများအားလုံးကိုလှိုက်လှဲစွာကျေးဇူးတင်ပါတယ်ခင်ဗျာ။

mazinyaw
10-18-2009, 07:06 PM
မြန်မာအင်ဂျင်နီယာဖိုရမ် သင်တန်း ကြီးကြပ်ဆရာများရှင့်

ဒီသင်တန်းကို အမှန်တကယ်စိတ်ဝင်စားပါတယ်။

ဒါကြောင့်တက်ရောက်ချင်ပါတယ်။

လမ်းကြောင်းလေးများညွှန်ကြားပြသပေးပါ။

ဖိုရမ်ဆိုတာကို ဘယ်လိုစရမယ်ဆိုတာ သိချင်ပါတယ်။ ကျမရဲ့ ဖိုရမ် အခြေခံက သုည ဖြစ်ပါတယ်။

အခုလို သင်တန်းရှိအောင်ပြုစုထားတဲ့ ဆရာ၊ ဆရာမများကို လေးစား ကျေးဇူးတင်ရှိလျက်ပါ။
အောင်မြင်ပါစေ။

k_linn
10-18-2009, 07:52 PM
mazinyaw
Thanks for your interesting about forum and your active mind.
I am not senior person but I am as beginner , my feeling is like this.
It is easy to understand about forum whether have experience or not.
I like to hepl you with some ideas as follow.
1. Pls read posts or pages as much as you can if possible.
2. Do/Write comment /comments which you interest things
even a simple question or your feeling.. Do not delay this.
3... and more you can participate / attand class or meeting
Finally you will be happy with forum and share your knowledge..

Ko Linn

k_linn
10-18-2009, 07:55 PM
Pls read this link. :7:

http://www.myanmarengineer.org/forum/index.php/topic,1318.0.html

Thanda Soe
12-15-2009, 06:34 PM
AutoCad သင်တန်းကိုအရမ်းတက်ချင်တယ် ၊ ဆွေးနွေးချက် (10) ခုပြည့်အောင်ဘယ်လိုလုပ်ရမှာလဲ ...

nyinyi27
12-15-2009, 07:24 PM
AutoCad သင်တန်းကိုအရမ်းတက်ချင်တယ် ၊ ဆွေးနွေးချက် (10) ခုပြည့်အောင်ဘယ်လိုလုပ်ရမှာလဲ ...

မ Thanda Soe ခင်ဗျား
သူငယ်ချင်းသိထားတာလေးတွေ တတ်ထားတာလေးတွေ ဆွေးနွေးလိုက်လေ..ဒါမှမဟုတ် ပို့စ် ၁၀ ခုပြည့်အောင် သွားမိတ်ဆက်တာတို့ မိတ်ဆက်တာကိုပြန်ပြီး ပို့စ်ရေးတာမျိုးလုပ်လိုက်ရင်ပြည့်ပါတယ်ခင်ဗျား..ဒါပေမယ့် နောက်ဆိုရင်တော့ ဖိုရမ်အတွက် ကိုယ်သိထားတာလေးတွေ ဝေမျှပေးပေါ့ခင်ဗျာ...

လေးစားစွာဖြင့်
ညီညီ



အားလုံးကိုလေးစားခင်မင်လျက်........

casperkind
12-30-2009, 03:10 PM
thanks for all.
Till now I amn't forum member.But I wanna be member.
To get the knowledge of engineering is truely this site.

zinwinhtike01
02-24-2010, 02:18 PM
အနော်လည်းတက်ခြင်ပါတယ် :'( :'(

nyinyi27
02-24-2010, 03:01 PM
အနော်လည်းတက်ခြင်ပါတယ်

အစ်ကိုရေ ဘယ်သင်တန်းကို တက်ချင်တာလဲ မသိဘူး..ပို့စ် ၁၀ ခုလေးပြည့်အောင် အရင်သာလုပ်လိုက်ပါ အစ်ကိုရေ..သင်တန်းဆရာတွေက လက်ခံမှာပါ အစ်ကိုသာ လိုက်နိုင်သေးတယ်ဆိုရင်တော့..အဆင်ပြေနိုင်ပါစေဗျာ.




အားလုံးကိုးလေးစားခင်မင်လျက်..

ငြိမ်းချမ်းဦး
03-16-2010, 05:37 PM
flash နဲ့ ပတ်သက်သော သင်တန်းလေးကို စောင့်မျှော်နေပါသည်၊ ::) ::)

pitepite1
03-26-2010, 12:26 PM
သို့
MEF
ကျွန်မလဲ သင်တန်းတက်ချင်ပါတယ် တက်လို့ရပါသေးလားရှင့်
ပိုက်ပိုက်

သိုးကျောင်းသား
03-26-2010, 05:01 PM
နောက်လိုအပ်ချက်တစ်ခုအနေနဲ့ အခုဖိုရမ်သင်တန်းကို Friendly Member အထပ်သာ တက်ရောက်သင်ကြားခွင့်ရှိပါတယ် ။
Friendly Member ဆိုတာ ပို့ စ် ၁၀ ပြည့်ရင်ရပါပြီး ။
အခုလိုသတ်မှတ်ထားရတာကလဲ သင်တန်းသားအနေနဲ့ အမှန်တကယ်လိုက်ပါဆောင်ရွက်နိုင်ရန် ၊ ဖိုရမ်အတွင်း ရင်းနှီးကျွမ်းဝင်စေရန် ၊
ဒါ့အပြင် ဖိုရမ်က အပင်ပန်းခံသင်ကြားပြသမှုကို သင်ရကျိုးနပ်စေရန် ဖြစ်ပါတယ် ။
ဖိုရမ်သင်တန်းနဲ့ ပက်သက်၍ ဘာသင်တန်းတွေ ဖွင့်လှစ်သင်ကြားပြသပေးမယ်ဆိုတာကို သင်တန်းကြော်ငြာဘုတ် ကပ်ထားပေးမှာဖြစ်ပါတယ် ။
ဖွင့်လှစ်ပို့ ချမဲ့သင်တန်းများကို ဒီလင့်လေးမှာ ကြည့်နိုင်ပါတယ် ။


ဒီလိုမျိုးလေးဆို သင်တန်း တတ်လို့ရပါပြီ ခင်ဗျာ..
စစချင်းစာမျက်နှာ က ပထမဦးဆုံးပို့စ်မှာ အကို ဖိုးလပြည့်ရေးထားပေးပါတယ်.. ပြန် ကြည့်ကြည့်လိုက်ပါခင်ဗျာ...

ခင်မင်စွာဖြင့်
သိုး

mcjoker
04-06-2010, 10:52 PM
ကိုရေခါးရဲ့ Vb.Net Prog: သင်တန်းကဘယ်ရောက်သွားတာလဲမသိဘူးခင်ဗျ....
:? :?
ကျွန်တော်မတွေ့တော့လို့ :4: :4: :? :? :? :?

nyinyi27
04-06-2010, 11:42 PM
ကိုရေခါးရဲ့ Vb.Net Prog: သင်တန်းကဘယ်ရောက်သွားတာလဲမသိဘူးခင်ဗျ....
:? :?
ကျွန်တော်မတွေ့တော့လို့ :4: :4: :? :? :? :?



အစ်ကိုသေချာ မကြည့်မိလို့ထင်ပါတယ်..ဒီအောက်ကလင့်မှာရှိနေပါတယ်ခင်ဗျာ..တစ်ခြားသင်တန်းတွေလဲ ရှိနေပါတယ်ခင်ဗျာ..အဆင်ပြေနိုင်ပါစေ

http://www.myanmarengineer.org/forum/index.php/board,345.0.html

ရွှေဘိုသား
04-07-2010, 03:17 PM
AutoCad သင်တန်းကိုအရမ်းတက်ချင်တယ် ၊ ဆွေးနွေးချက် (10) ခုပြည့်အောင်ဘယ်လိုလုပ်ရမှာလဲ ...


နောက်လိုအပ်ချက်တစ်ခုအနေနဲ့ အခုဖိုရမ်သင်တန်းကို Friendly Member အထပ်သာ တက်ရောက်သင်ကြားခွင့်ရှိပါတယ် ။
Friendly Member ဆိုတာ ပို့ စ် ၁၀ ပြည့်ရင်ရပါပြီး ။

အထက်က မသန္တာစိုး ပြောသလိုပါပဲ...

သင်တန်းတက်ဖို့အတွက် ပို့စ် ၁၀ ခု ပြည့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ဖယ်ရှားပေးစေချင်ပါတယ်...

၁) သင်တန်းတက်ချင်တဲ့ အတွက် ပို့စ် ၁၀ ခု ပြည့်အောင် လျှောက်ရေးမယ်ဆို... မလိုလားအပ်ပဲ ဖိုရမ်ဖောင်းပွပါ့မယ်...
၂) နောက်ဆက်တွဲအကျိုးဆက်အနေနှင့် ဖိုရမ်တွင် ဘာမှ နည်းပညာပိုင်းဆိုင်ရာ အနှစ်သာရမရှိပဲ အပေါ်ယံ ရေးထားသော ပို့စ်များ များပြားကာ ငပေါ ဖိုရမ်ကြီး ဖြစ်နိုင်ပါတယ်...
၃) များသောအားဖြင့် မန်ဘာအများစုမှာ မအားလပ်သည့်ကြားမှ လာရောက်ဆွေးနွေးဖလှယ်နေကြသူများဖြစ်သောကြောင့် ပို့စ် ၁၀ ခု ပြည့်အောင် ရေးနိုင်ရန် ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်... (သိပေမယ့် ဘယ်လိုရေးရမှန်းမသိ တဲ့ အဖြစ်မျိုးတွေလည်း ရှိနိုင်ပါတယ်... စာမရေးတတ်ခြင်းကို ဆိုလိုပါသည်)
၎) အခုအခါ ဖိုရမ်တွင် အပေါ်ယံ ရေးထားသော စာများ များပြားလာပါသည်... ဖိုရမ်ထိန်းများ သတိပြုစေလိုပါတယ်...
၅) ဖိုရမ်တွင်မိမိရေးသောစားများအတွက် ဖြစ်နိုင်လျှင် reference များ သို့မဟုတ် သွားရောက်လေ့လာနိုင်မည့် လင့် တစ်ခုခုပါတွဲပေးစေချင်ပါတယ်... (အမှန်အတိုင်းပြောရလျှင် ရေးသူကို သိပ်မယုံကြည်ပါ)...


ကျေးဇူးတင်ပါတယ်...

Kaung Gyi
04-07-2010, 04:29 PM
အစ်ကို ရွှေဘိုသားပြောတာ... လဲ ဖြစ်နိုင်ပါတယ်.ဒါပေမဲ့ post ၁၀ခု ပြည့်ဖို့ဆိုတာ မလွယ်သလို. ခက်လဲမခက်ပါဘူး။...၁၀ခုပြည့်ဖိုအတွက်နဲ့ နည်းပညာပိုင်းဆိုင်ရာ ပို့ ကြီးတွေမှာ အရမ်းကာရောရေးကြမယ်လို့တော့ကျွန်တော်မထင်မိပါဘူး
ပြီးတော့ ဖိုရမ်မှာ ခေါင်းစဉ်တွေ လဲ များကြီးခွဲထားပါတယ်ဗျာ...ဥပမာ.. ထွေရာလေးပါး အောက်မှာ ၀င်ရောက်ဆွေးနွေးရင်..ကိုယ်စိတ်နဲ့ ကိုက်မဲ့ ပို့တွေမှာ ရောက်ရင်း ပို့၁၀ခုပြည့်သွားမှာပါ....နည်းပညာဆိုင်ရာပို့တွေကို ထိခိုက်မှာ မဟုတ်ပါဘူး
ကျွန်တော်ဟာ အစမှာ နည်းပညာဆိုင်ရာ ပို့တစ်ခုအောက်မှာ မဆိုင်တဲ့ မေးခွန်းတစ်ခုမေးဖူးပါတယ်...ဒါပေမဲ့ ရှေ့က စီနီယာကြီးတွေက မသက်ဆိုင်တာကိုမမေးဘဲ..ဖိုရမ်ရည်ရွယ်ချက်ကိုလေးစားဖို့ ဆုံးမကြလေ့ရှိပါတယ်....ဒါကြောင့် ငပေါဖိုရမ်ကြီး
တစ်ခုဖြစ်လာမယ်လို့တော့မထင်မိပါဘ.ူး
အပေါ်ယံရေးစာများလာတာလဲမှန်ပါတယ်...ဒါပေမဲ့ နည်းပညာဆိုင်ရာ ပို့ ကြီးတွေမှာတော့ မရှိသလောက်ပါပဲ....ပြီးတော့ ဖိုရမ်မှာ ၀င်ရောက်ဆွေးနွေး သင်ပြနေကြသူအများစုဟာ....လုပ်ငန်းခွင်မှာရော.စာတွေ့ လက်တွေ့ ပြည့်စုံတဲ့
လူလတ်ပိုင်းပညာရှင်များဖြစ်လေ့ရှိကြပါတယ်....ဒီအတွက်.. reference ပေးရမယ်ဆိုတာ တစ်နည်း....မဖြစ်သင့်ပါဘူး..ရေးသူကိုသိပ်မယုံကြည်ဘူးဆိုတာ.... ဒီဖိုရမ်မှာ ကျွန်တော့်ထက် အသက်များစွာ အတွေ့ အကြု့ များစွာ ရှိ ကြတဲ့ သူ
များကို သာတွေ့ရှိကြပါတယ်...ကိုကြီးထွန်းတို့လို့ လေးစားရတဲ့ အဖွဲ့ဝင်များစွာရှိပါတယ်......အသိပညာ လက်တွေပိုင်းတွေရောကျွမ်းကျင်ပြည့်စုံနေသူတွေ စေတနာနဲ့ ပို့ချတာကို ကျွန်တော်ကတော့ ထိုသို့မပြောဝံ့..မပြောရဲပါ..ကျွန်တော့် အတွက်
ကတော့ အဖွဲ့ဝင်များအာလုံးဟာ ကျွန်တော်လေးစားရတဲ့ အစ်ကို တွေ ဆရာတွေလို့ပဲ သတ်မှတ်ထားပါတယ်..

ခင်မင်လေးစားစွာဖြင့် Kaung GYi :) :) :) :)

phoelapyae
04-07-2010, 04:34 PM
အခုလို အကြံပေးတင်ပြတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
ဒီပို့စ် ၁၀ ခုလိုအပ်တယ်ဆိုတာ ကျွန်တော်တို့ သင်တန်းစဖွင့်ကတည်းက သေချာစဉ်းစားပြီး သတ်မှတ်ခဲ့တာပါ။
သင်တန်းစည်းကမ်းချက်တွေမှာ ကျွန်တော်သေချာရှင်းပြထားပါတယ် ။
ပို့စ် ၁၀ ခုတင်ခိုင်းရခြင်းရဲ့ ရည်ရွယ်ချက်က ဖိုရမ်မှာ ပို့စ်တင်တတ်သွားခြင်း ၊ တစ်ချို့က စာရင်းပေးပြီး ပျောက်သွားခြင်း ၊
ပြီးတော့ အချင်းချင်း ရင်းနှီးကျွမ်းဝင်စေခြင်း ၊ သူများဆီကယူသလို မိမိဆီကလဲ မျှဝေပေးစေလိုခြင်း စသည်တို့ကြောင့် သတ်မှတ်ထားရတာပါ ။
ပို့စ် ၁၀ ခုဖြစ် ပြီးပြီးရော တင်သူတဲ့သူတွေကိုလဲ ကျွန်တော်တို့ သင်တန်းသားအဖြစ်လဲ ခွင့်မပြုပါဘူး ။
သူများအိပ်ထဲကပဲ မယူစေချင်ပဲ ကိုယ့်အိပ်ကနေလဲ နည်းနည်းတော့ ပြန်မျှစေချင်လို့ပါ ။ ဒါမှ အချင်းချင်း ပြန်လည်ဝေမျှကြမှသာ နောက်လူတွေအတွက် အကျိုးရှိမှာပါ။
အခုလို အကြံပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

mcjoker
04-07-2010, 07:05 PM
ကိုရေခါးရဲ့ Vb.Net Prog: သင်တန်းကဘယ်ရောက်သွားတာလဲမသိဘူးခင်ဗျ....
:? :?
ကျွန်တော်မတွေ့တော့လို့ :4: :4: :? :? :? :?



အစ်ကိုသေချာ မကြည့်မိလို့ထင်ပါတယ်..ဒီအောက်ကလင့်မှာရှိနေပါတယ်ခင်ဗျာ..တစ်ခြားသင်တန်းတွေလဲ ရှိနေပါတယ်ခင်ဗျာ..အဆင်ပြေနိုင်ပါစေ

http://www.myanmarengineer.org/forum/index.php/board,345.0.html

The topic or board you are looking for appears to be either missing or off limits to you.
ဒီလိုကြီးဖြစ်နေလို့ :? :? :?

phoelapyae
04-07-2010, 07:21 PM
အဲဒါ ကို mcjoker ဖြစ်တာလား ၊ တစ်ခြားသူတစ်ယောက်ဖြစ်တာလားမသိဘူး ။
ကျွန်တော့်စိတ်ထဲ ၁၀ ပို့စ်မပြည့်သူမှ ဖြစ်တာပါ။
ပုံမှန်အားဖြင့်တော့ ပို့စ် ၁၀ ပြည့်သွားရင် ဖွင့်လို့ရပါတယ်။
မဟုတ်ရင်လဲ ဖြေရှင်းနိုင်အောင် ပြန်ပြောပေးပါဦးခင်ဗျာ။

konay
05-02-2010, 04:18 AM
:'(ကျွန်တော် ကဘဲ ကံဆိုးနေတာလားမသိပါဘူး ဗျာ..... :'(
Friendly Member ဖြစ်ပြီး ကတဲ က ဘာသင်တန်း မှကိုမခေါ်တော့ ဘူး ။။။။
:4:ကိုဖိုးလပြည့် ရေ Networking သင်တန်းလေးနောက် ထပ်ထပ်ဖွင့် ဖို့ များ အစီစဉ် မ၇ှိဘူးလားဗျာ....... :4:
အားလုံးကို ခင်မင်လေးစားလျှက် ............

kelvinhtun
05-02-2010, 09:57 AM
အားလုံး မင်္ဂလာပါ။
ကျွန်တော်သည် စင်ကာပူ aircon company တွင် အလုပ်လုပ်နေပါသည်။
Aircon နှင့်ပက်သက်သော စာအုပ်များ ဖတ်ချင်ပါသည်။
အထူးသဖြင့် service manual စာအုပ်များ ရှိရင် တင်ပေးစေလိုပါသည်။ နောက်ပီး လုပ်ငန်း ထဲတွင် မိမိ ကြုံတွေ့ရသော အခက်အခဲများကို ပြန်ပြောပြ ဆွေးနွေးပေးပါ။
ကျွန်တော် မှာရှိသော စာအုပ်များကိုလည်း scan ဖတ်ပီးလျှင် တင်ပေးပါမည်။
Thanks

Kelvinhtun

ကိုထွန်း
05-02-2010, 01:08 PM
ကို kelvinhtun ခင်ဗျား

မြန်မာအင်ဂျင်နီယာဖိုရမ် မှာ Air Conditioning ဘာသာရပ်နဲ့ပက်သက်ပြီး၊ လုပ်တွေ့လုပ်ကိုင်နေသူတစ်ဦး တိုးလာတာမို့ မြန်မာအင်ဂျင်နီယာဖိုရမ် မိသားစုဝင်များကိုယ်စား၊ ဂုဏ်ယူဝမ်းသာစွာဖြင့် ကြိုဆိုလိုက်ပါတယ်။
Air Conditioning & Refrigeration Engineering ဘာသာရပ်ဟာ၊ ကျွန်တော့်ရဲ့ အထူးပြုဘာသာရပ်မဟုတ်ပေမယ့် လုပ်ငန်းလိုအပ်ချက်အရ၊ လုပ်တွေ့လုပ်ကိုင်ဘူးတဲ့ အတွေ့အကြုံရယ်၊ စာမေးပွဲတွေဖြေတဲ့အခါမှာလည်း၊ ပြဌာန်းချက်အရ၊ ဘာသာခွဲတခုအနေနဲ့ လေ့လာဖူးတဲ့ အတွေ့အကြုံလောက်သာရှိခဲ့ပါတယ်။

မြန်မာအင်ဂျင်နီယာဖိုရမ် မှာ Air Conditioning & Refrigeration Engineering ဘာသာရပ် ကကိုအထူးပြုလေ့လာထားပြီး၊ လက်တွေ့လုပ်ငန်းအတွေ့အကြုံများ နဲ့ ကျယ်ပြန့်စွာဆွေးနွေးနိုင်သူတွေဖြစ်တဲ့ ကိုစိုးနိုင်၊ ကိုလိပ်ကြီး၊ ကိုငယ် နဲ့ အခြားသော မြန်မာအင်ဂျင်နီယာဖိုရမ်မိသားစုဝင်များရှိပါတယ်။ စက်မှုအင်ဂျင်နီယာ ဘာသာရပ်ခေါင်းစဉ်အောက်မှ၊ Air Conditioning & Mechanical Ventilation ဆိုင်ရာ Software များကို http://www.myanmarengineer.org/forum/index.php/topic,7803.0.html မှာလေ့လာနိုင်ပြီး၊ HVAC - Heating Ventilation & Air Conditioning နဲ့ပက်သက်တာတွေကိုတော့ http://www.myanmarengineer.org/forum/index.php/topic,218.0.html မှာသွားရောက်လေ့လာနိုင်ပါတယ်။

Singapore မှ၊ Air Cond' Company တခုမှာ၊ လုပ်တွေ့လုပ်ကိုင်နေတဲ့ ကို kelvinhtun မှလည်း၊ အတွေ့အကြုံများကို၊ မျှဝေဆွေးနွေးပေးပါဦးခင်ဗျား။

လေးစားစွာဖြင့်

ကိုထွန်း

mcjoker
05-03-2010, 03:45 PM
အဲဒါ ကို mcjoker ဖြစ်တာလား ၊ တစ်ခြားသူတစ်ယောက်ဖြစ်တာလားမသိဘူး ။
ကျွန်တော့်စိတ်ထဲ ၁၀ ပို့စ်မပြည့်သူမှ ဖြစ်တာပါ။
ပုံမှန်အားဖြင့်တော့ ပို့စ် ၁၀ ပြည့်သွားရင် ဖွင့်လို့ရပါတယ်။
မဟုတ်ရင်လဲ ဖြေရှင်းနိုင်အောင် ပြန်ပြောပေးပါဦးခင်ဗျာ။

ကျွန်တော်ဖြစ်နေတာအစ်ကိုရေ..
အဲ့ဒီ သင်တန်းတစ်ခုထဲပဲ
ကျန်တဲ့ သင်တန်းတွေကရတယ်ခင်ဗျ.... :? :? :? :?

phoelapyae
05-03-2010, 07:16 PM
ဆောရီးအကိုရေ ... ကျွန်တော်တို့ ပေးဖို့ မေ့ခဲ့တာပါ ။ ကျွန်တော် ပြန်ပြင်ပေးထားပါပြီးခင်ဗျာ ။

jasminephyu
05-15-2010, 09:32 AM
:)အမြဲမသုံးဖြစ်တော့ ဖိုရမ်ထဲကို ခဏခဏမ၀င်နိုင်ဘူး
စည်းကမ်းချက်တွေလဲတော်တော်ကောင်းပါတယ်
ကြိုးစားရမှာပေါ့
အခွင့်ရတိုင်းအားပေးနေပါတယ်
စံပယ်

papagyi
06-01-2010, 10:00 PM
friendly member ဖြစ်တယ်ဆိုရင် ၀င်ဖတ်လို့ရနေပါပြီ....
သင်တန်းသား အဖြစ်နာမည် အတပ်မခံရတာပဲ ရှိပါတယ်...
နောက်တစ်ခါဖွင့်လဲ ..ဒီစာတွေပဲ ပြန်တင်ရမှာပဲနော်...အများစုပေါ့... :)
သင်တန်း မှာသင်တာတွေ လေ့လာ ပြီး forum ထဲမှာ မေးရင် အဆင်ပြေပါတယ်.. :)
နဲနဲလေး အချိန်ပေးပြီး ရေးပေါ့နော်..

phyu saw thein
06-29-2010, 09:42 PM
ကျနော် auto cad ကို အရမ်း စိတ်ဝင်စားပါတယ် ဒါပေမယ့် ပို့စ် ၁၀ခု ပြည့် အောင် ဘယ် ရေးရမယ် ဘာကို ရေးရမယ်ဆိုတာ ကျနော် မသိလို့ပါ... MEF က ချမှတ်ထားတဲ့ စည်းကမ်းကိုလဲ အမှန်တကယ်လိုက်နာပါမယ်...MEF ရဲ့ စေတနာထားသင်ကြာတဲ့ သင်တန်နဲ့ ကျနော် တတ်မြှောက်ချင်တဲ့ auto CAD ကို MEF က ချမှတ်ထားတဲ့ စည်းမျဉ် စည်းကမ်းနဲ့ အညီ လိုက်နာပီး တတ်မြောက်အောင် ကြိုးစားချင်ပါ...

ငမောင်
06-29-2010, 09:55 PM
ကိုဖြူစောသိမ်းရေ........
ပိုစ့်ဆယ်ခု ဆိုတာကတော့ ကိုယ်လေ့လာနေတဲ့ လိုက်စားနေတဲ့ အပိုင်းလေးတွေကို ဖိုရမ်ထဲမှာ ရှာဖတ်ကြည့်ပါ။ မရှင်းလင်းတာတွေကို ပြန်လည်မေးမြန်း
ကိုယ်သိထားတာတွေကို ပြန်လည်မျှဝေရင်းနဲ့ ပြည့်သွားပါလိမ့်မယ် :7: :7:
ကျွန်တော်လည်း အစကတော့ ရေးရမှာခပ်ရှိန်ရှိန်( ကိုယ်ကဘာမှမသိဘူးဆိုပြီးတော့လေ ) နောက်တော့ လဲတဖြည်းဖြည့် အဆင်ပြေသွားပါတယ်
ပထမဆုံးဒီမှာမိတ်ဆက်လိုက်ပေါ့ဗျာ http://www.myanmarengineer.org/forum/index.php/topic,7624.msg56993.html#new
AutoCAD ဆိုတဲ့ တော့ပစ်ထဲမှာလဲ ဗဟုသုတ ရစရာ ဆွေးနွေးချက်တွေရှိပါတယ်။
http://www.myanmarengineer.org/forum/index.php/board,10.0.html

Enjoy!!
nga maung

Dragon Warrior
06-29-2010, 09:56 PM
:) :) :)

ပညာကိုလိုပါသော ... ကိုဖြူစောသိန်း ခင်ဗျာ ...
ပိုစ့် ၁၀ ခုကတော့ မိမိကိုယ်မိမိ မိတ်ဆက်တာရယ် မသိတာတွေကို လိုက်မေးတာရယ်နဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပြည့်ပါတယ် ...
အဲ သင်တန်းတက်ပြီးပြီ တက်နေပြီဆိုရင်တော့ အကျိုးပြုပိုစ့်လေးတွေ ရေးပေးဖို့ မျှော်လင့်ပါတယ်ဗျား ...

ခင်မင်လေးစားစွာဖြင့် ...
နဂါးစစ်သည်တော် .............

phyu saw thein
06-29-2010, 10:11 PM
ဟုတ်ကဲ့ပါ....ကျနော် MEFရဲ့ သင်တန်းသားဖြစ်ပီးလို့ သင်တန်းဆင်းပီးရင် ကျနော်ရဲ့ အော်တိုကဒ် ပညာကို သင်ကြာပေးတဲ့ MEF ကို တတ်နိုင်တဲ့ ဘက်ကနေတတ်မြောက်ထားတဲ့ ပညာတွေနဲ့ ပြန်လည်ကျေးဇူး ဆပ်သွားမှာပါ.....

aungkyawthu22
07-18-2010, 05:54 PM
Hi Dear Friends,I wish to be friend with you.And then I'd like to be friendly member.So could you help me to get friend. :) :) :) :)

threetyping
11-24-2010, 12:35 AM
[u][i]သင်တန်းတတ်ရောက်ဖို.စိတ်ဝင်စားပါတယ်ဗျာ....ကျတော်ကိုလည်းအကြောင်းကြားပေးပါဗျာနော်.........ကျေးဇူးတင်ပါတယ်.....
ကျတော်ဒီဖိုရမ်ကို....အရမ်းသဘောကျပါတယ်ဗျာ

hsuu
12-06-2010, 08:29 AM
သင်တန်းသား မဟုတ်ပေမယ့် သင်တန်း၇ဲ့ ဆွေးနွေးချက်တွေကို ၀င်ေ၇ာက်ဖတ်၇ှုနိုင်တယ်လို့ ပြောပေမယ့် ဘယ်နေ၇ာမှာ တင်ထားတယ်ဆိုတာ မသိလို့ ပါ။ ကျေးဇူးပြုပီးလမ်းညွှန်ပေးပါအုံး။

pigkalay
12-06-2010, 09:24 AM
သင်တန်းသား မဟုတ်ပေမယ့် သင်တန်း၇ဲ့ ဆွေးနွေးချက်တွေကို ၀င်ေ၇ာက်ဖတ်၇ှုနိုင်တယ်လို့ ပြောပေမယ့် ဘယ်နေ၇ာမှာ တင်ထားတယ်ဆိုတာ မသိလို့ ပါ။ ကျေးဇူးပြုပီးလမ်းညွှန်ပေးပါအုံး။

Hsuu ရေ
Post တင်တာ ၁၀ ခုပြည့်မှသာ ဖိုရမ်သင်တန်း Posts တွေကိုဖတ်လို့ရမှာပါ။ ဒါကြောင့် ဖိုရမ်မှာလည်ပတ် ဆွေးနွေးမေးမြန်းရင်း Post ၁၀ ခု ပြည့်အောင် အရင်လုပ်လိုက်ပါအုန်းနော် ။

ခင်မင်လေးစားစွာဖြင့်
Pigkalay

civilkoko
06-02-2011, 06:39 PM
ဖိုရမ်သင်တန်းနဲ့ ပက်သက်၍ ဘာသင်တန်းတွေ ဖွင့်လှစ်သင်ကြားပြသပေးမယ်ဆိုတာကို သင်တန်းကြော်ငြာဘုတ် ကပ်ထားပေးမှာဖြစ်ပါတယ် ။
ဖွင့်လှစ်ပို့ ချမဲ့သင်တန်းများကို ဒီလင့်လေးမှာ ကြည့်နိုင်ပါတယ် ။ 404 not found တဲ့ဗျာ..လုပ်ကြပါဦး..

Aungthikesoeyone123
12-20-2014, 08:40 AM
PLC သင်တန်းတက်ချင်လို့ပါ
လမ်းညွန်ပေးပါအုံး