PDA

View Full Version : စီဒီနှင့်ရေသန့်ဗူးခွံတို့မှ Sony Ericsson မိုဘိုင်းလ်ဖုန်းထုတ်လုပ်နိုင်ပြီသိရှိရ



ချစ်ပူတူး
06-30-2009, 08:47 AM
http://www.planet.com.mm/mocintranet/userfiles/Image/article-1190791-0534E713000005DC-82_468x353.jpg

http://www.planet.com.mm/mocintranet/userfiles/Image/article-1190791-05359DFC000005DC-127_468x337.jpg

စီဒီဗူးခွံ၊ ရေသန့်ဗူးခွံတို့ဖြင့် ပြုလုပ်ထားသည့် မိုဘိုင်းလ်ဖုန်း မော်ဒယ်လ်အသစ် နှစ်မျိုးကို Sony Ericssonမှ ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။ Sony Ericssonသည် ၎င်းတို့၏ အနာဂတ်မိုဘိုင်းလ်ဖုန်း ထုတ်လုပ်ရေးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး တိုးမြှင့်ဆောင်ရွက်သည့် အနေဖြင့် ယခုကဲ့သို့ eco-phones နှစ်မျိုးကို ထုတ်လုပ်လိုက်ခြင်း ဖြစ်သည်။ The GreenHeart C901နှင့် Naite ဖုန်းနှစ်မျိုးတွင် Camera, Video Streaming, Bluetooth, WAP ပါဝင်ပြီး YouTubeနှင့် Google Mapsတို့ကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်မည်ဖြစ်သည်။အဆိုပါ ဖုန်းနှစ်မျိုး၏ ကိုယ်ထည်များကို recycle ပြုလုပ်ထားသည့် ပလတ်စတစ် အနည်းဆုံး ၅၀ရာခိုင်နှုန်းဖြင့် အသုံးပြုဖန်တီးထားပြီး ဖုန်းကိုယ်ထည်အရောင်အတွက်လည်း ရေအခြေခံ ဆေးတစ်မျိုးကို အသုံးပြုထားသည်။ ဖုန်းနှစ်မျိုးစလုံးတွင် low-power ဓာတ်ခဲအားသွင်းစက်ပါဝင်ပြီး စက္ကူသုံးစွဲမှု ၉၀ရာခိုင်နှုန်းအထိ လျှော့ချသည့်အနေဖြင့် သုံးစွဲသူလမ်းညွှန်အား စာအုပ်စာတမ်းအဖြစ် မဟုတ်ဘဲ အီလက်ထရောနစ်စနစ်ဖြင့် ဖုန်းအတွင်း တပါတည်း ထည့်သွင်းပေးထားသည်။ ယခုထုတ်လုပ်လိုက်သည့် မိုဘိုင်းလ်ဖုန်းနှစ်မျိုးသည် ထုတ်ကုန်ဒီဇိုင်းနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်တို့တွင် အန္တရာယ်ဖြစ်စေသည့် ဓာတုပစ္စည်းများ အသုံးပြုမှုကို လျှော့ချဖယ်ရှုားသွားမည်ဆိုသည့် ကာလရှည်ကြာကတိစကားကို ရည်ညွှန်းအကောင်အထည်ဖော်ရာရောက်ကြောင်း Sony Ericssonက ပြောကြားသည်။ယခုကဲ့သို့ ပြောင်းလဲတီထွင်မှုကြောင့် မိုဘိုင်းလ်ဖုန်းများမှ ထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို ၁၅ရာခိုင်နှုန်း လျော့နည်းစေမည်ဟု ဆိုသည်။ ထို့အပြင် ဖုန်းများအတွင်းတွင်လည်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု သက်သာစေနိုင်မည့် နည်လမ်းများညွှန်ပြပေးသော application တစ်ခုလည်း ထည့်သွင်းပေးထားသည်။ ဥပမာအားဖြင့် မော်တော်ကားအသုံးမပြုဘဲ လမ်းလျှောက်သွားလျင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျော့နည်းစေမည်ဟူ၍ ဖြစ်သည်။ Sony Ericsson၏ C901နှင့် Naite ဖုန်းနှစ်မျိုးကို ယခုနှစ်နှောင်းပိုင်း၌ ဈေးကွက်တွင် ရောင်းချနိုင်ဖွယ်ရှိသည်။ ထိုဖုန်းနှစ်မျိုးသည် Sony Ericsson၏ အစိမ်းရောင် စီးပွားရေးလုပ်ငန်း စီမံချက်၏ ပထမဆုံးထုတ်ကုန်များလည်း ဖြစ်လာပေမည်။ Sony Ericsson ကုမ္ပဏီအနေဖြင့် ၂၀၁၅ခုနှစ်တွင် ၎င်းတို့၏ထုတ်ကုန်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၂၀ရာခိုင်နှုန်း လျှော့ချသွားနိုင်ရန် မျှော်လင့်ထားပြီး ၎င်းတို့၏ ထုတ်ကုန်များကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရည်ရွယ်ချက်ဖြင့် recycle ပြုလုပ်ရန် ပြန်လည်စုဆောင်း လက်ခံသွားမည်ဖြစ်သည်။ ကမ္ဘာတဝှမ်းတွင် မိုဘိုင်လ်းဖုန်း ထုတ်လုပ်ရောင်းချမှုမှာ တိုးတက်လျက်ရှိပြီး တစ်နှစ်လျင် မိုဘိုင်းလ်ဖုန်း အရေအတွက် ၁ဘီလျံကျော်အထိ ရောင်းချရကြောင်း သိရသည်။

Planetမှကူးယူသည်။