PDA

View Full Version : need to fill



htokyaw
07-14-2009, 08:41 PM
အချို့စက်တွေမှာ MEF ရဲ့တချိုမြန်မာစာလုံးတွေမပေါ်ပါ ဒိ့အတွက် fonts install လုပ်ဖို့လိုပါတယ်။ ကျွန်တော်ညံ့တာလည်ဖြစ်နိုင်တယ်
နောက်တခု project အချို့ လုပ်နိုင်အောင်တင်ထားပေးပါ။ သူ့လိုင်းနဲ့ သူပေါ့.
ဥာဏ်စမ်းပဟေဋိတွေ, အမေးအဖြေကဏ္ဍတွေ, IQ test စသည်ဖြင့ထပ်ဖြည့်ပေးစေလိုပါတယ်,
အမေးအဖြေကဏ္ဍ မှာသု့ လိုင်းနဲ့ သူ သွားဖြစ်အောင်လမ်းကြောင်ပေးပါ(စိစစ်ပြီးလိုင်းကြောင်းပေးပါ)
ကဏ္ဍအလိုက် solve with solution များဖန်တည်းပေးပါ။ alarm massage တွေပိုပေးပေါ့ ဒါမှမမေ့ဘဲ MEF ဘက်ပြန်ရောက်လာမှာ။
ရေးတာတွေဟာ အတွေးပါ ပါ စေ။ အများလည်းတွေးလို့ ရတာပေါ့ 
အသုံးပြုသူဝင်ရောက်နေတဲ့စာမျက်နှာ user's web page ဒိ့ထက်ပိုရှင်းအောင် drop down menus များဖန်တည်းပေးစေလိုပါတယ်။
အခုလိုခဏတာရေးခွင့် ရတာကျေးဇူးတင်ပါတယ်။


ကျေးဇူးပါ

yeakharr
07-15-2009, 10:51 AM
ကျနော်တို့ဘက် ကလုပ်နိုင်တာရှိသမျှတော့ ကြိုးစားပြီး ပြုပြင်ထားပါ့မယ်။ project နေရာတွေကတော့ သူဖိုရမ်ဘုတ်မှာ သူ အဆင်ပြေအောင် လုပ်နိုင်ကြပါတယ်။ message alart ကိုတော့ လုပ်ပါ့မယ်။ တစ်ခုတော့ ရှိပါတယ်။ member ကို ကျနော်တိုရဲ့ message ကြောင့် စိတ်အနှေင့်ယှက်ဖြစ်မှာကို စိုးပြီး လိုအပ်မှာသာ ပို့တာပါ။
ခုလို အကြံပေးဆွေးနွေးပေးတာကို လှိုက်လှဲစွာ ၀မ်းသာပါတယ်။

ကျေးဇူးတင်စွာဖြင့်
ရေခါး

တာယာ
07-15-2009, 08:56 PM
ကျွန်တော် စမ်းကြည့်သလောက်တော့ ( မြန်မာဖောင့် မရှိသောစက်များ ) Font မပေါ်တာကို Miscrosoft က ထုတ်တဲ့ Web Embedding Fonts Tool (WEFT) ကို အသုံးပြုပြီး ဇော်ဂျီဖောင့်ကို Embedded OpenType (EOT) လုပ် ၊ ပြီးရင် မိမိဆိုဒ်မှာ ထည့်ထားရင် မြန်မာစာဖောင့် မရှိတဲ့စက်တွေမှာတောင် ဇော်ဂျီဖောင့်ကို မြင်နိုင်ပါတယ်။

ခင်မင်စွာဖြင့်

တာယာ