PDA

View Full Version : ရွှေဘိုအကြောင်းသိကောင်းစရာ



pyaephyowin21522
07-22-2009, 05:09 PM
ငါးမည်ရပြည်ရွှေဘိုအကြောင်းနဲ့ပတ်သတ်ပြီးတော့ မေးမြန်းဆွေးနွေးနိုင်ပါတယ် ။ ကျွန်တော် ရွှေဘိုကပါ . ..

phyo
07-23-2009, 08:51 AM
ရွှေဘိုမှာ GTC ရှိနေပြီလားဗျ..
နည်းနည်းလေး ပြည့်ပြည့်စုံစုံလေး ပြောပေးပါနော့..
ဗမာလူမျိုးစစ်စစ် လို ပြောတဲ့သူတွေက ရွှေဘိုသားတွေက အများသား..
ရွှေဘိုမှာတော့ ဇာတိလည်း မဟုတ် ၊ ဆွေမျိုးသားချင်းလဲမရှိ
ဒါပေမယ့် ခဏခဏ ရောက်ဖြစ်၏ ( သတိ..ရည်စားလည်း အဲဒီမှာ မရှိ ;D )
အကြောင်းကတော့ စီးပွားရေးကိစ္စကြောင်းက များပါတယ်..
နောက်တော့ စားအိမ်သောက်အိမ် သူငယ်ချင်း၊ မိတ်ဆွေတွေ များလာတယ်..
ဘာရယ်တော့ မဟုတ်ဘူး.. တစ်ခါတစ်ခါတော့ သတိရမိတယ်..
ရွှေဘိုနားက တစ်လုံးဆိုတဲ့ ရွာကို ရောက်သွားဖူးတယ်.. အကွဲကွဲအပြဲပြဲ နဲ့  အမှတ်ရစရာကလည်း ကျန်ခဲ့တယ်..
အတော်ချစ်စရာကောင်းသလို ကြောက်စရာကလည်း အကောင်းသားဗျ.. ဒါပေမယ့် တထိတ်ထိတ်နဲ့  ပျော်စရာတော့ ဖြစ်ခဲ့တယ်...
ဘာပဲဖြစ်ဖြစ်လေ.. ရွှေဘိုက ရာဇ၀င်ထဲက သူရဲကောင်းမြို့ ပါ.. သမိုင်းမှာ အမွေကောင်းကျန်ခဲ့တဲ့မြို့ ပဲ..
ရေးစရာတွေတော့ အများကြီးရှိမှာပါ.. အားလုံးသိရအောင် ခြေရာလေးကောက်ပြီး တင်ပြပေးပါဦး..
ရာဇာဝင်ကို အသာထား... ခေတ်တစ်ခုကို ဦးဆောင်ခဲ့တဲ့ ဂျိမ်(စ်)လှကျော်ရဲ့  ဘ၀ အချို့ အကွေ့ လေး တစ်ခုကလည်း ရွှေဘိုမှာ ဖြစ်ခဲ့တာဆိုတော့..
ကဲ.. ကိုpyaephyowin ရေ... စောင့်နေမယ်ဗျ နော့

betell
06-17-2010, 03:36 PM
အကိုရောက်ခဲ့တာက တစ်လုံးလား သီးလုံးရွာလားဟင်

phyo
06-19-2010, 07:54 AM
အကိုရောက်ခဲ့တာက တစ်လုံးလား သီးလုံးရွာလားဟင်


သီးလုံးရွာ ဖြစ်ပါလိမ့်မယ်...
အဲဒီရွာက ကောင်မလေးနဲ့ ကြိုက်နေတဲ့ ( အခုတော့ လက်ထပ်လိုက်ပြီကြားတယ်) သူငယ်ချင်းကို အဲဒီရွာအခေါ်ကို ခေါ်နေကြရင်းနဲ့  တစ်လုံး လို့ ပဲ စိတ်ထဲမှာ စွဲနေတာ.. :4:

ခင်မင်စွာဖြင့်

phyo

Dragon Warrior
06-19-2010, 08:41 AM
ငါးမည်ရပြည်ရွှေဘိုအကြောင်းနဲ့ပတ်သတ်ပြီးတော့ မေးမြန်းဆွေးနွေးနိုင်ပါတယ် ။ ကျွန်တော် ရွှေဘိုကပါ . ..


ကဲ မြန်မာ့ဦးစွန်းကို ပြန်လည်ထူထောင်တဲ့ အလောင်းမင်းတရားကြီးအောင်မြေအကြောင်းကို သိချင်စမ်းပါ့ဗျာ ..
ဆက်ရေးပေးနော် ... စောင့်မျှော်ဖတ်ရှုနေပါ့မယ်ဗျာ ...........

Dragon Warrior :7: :7: :7:

thanyawzinmin
06-19-2010, 09:42 AM
အော်ရွှေဘိုတို့ ဝက်လက်တို့ ကန့် ဘလူတို့ (ဗိုလ်ချုပ်ကြီးမောင်အေးလာရင်ရုံးဝင်းနောက် ကဘောလုံးကွင်းမှာ ရဟတ်ယဉ်ဆင်းတာ)သတိရသဗျာ ............
ဇာတိတော့မဟုတ်ပေမယ့် ငယ်ရွယ်စဉ်တစ်ချို့ အချိန်တွေကို ကန့် ဘလူမြို့ ထဲမှာလမ်းလျှောက် ပန်းခြံမှာ ပလာတာစား
အော်ရွှေဘိုက ထမင်းဆိုင်တစ်ဆိုင်မှာစားခဲ့ရတဲ့ ပုဇွန်ထုပ်ကြီးတွေကိုလဲသတိရ အော်ငါးမည်ရပြည်ရွှေဘို မိန်းကလေးတစ်ယောက်ကို တော့ ကျွန်တော်နှစ်မည်ပေးခဲ့တယ် ရွှေဘိုသူလေးပေါ့
(ဇာတ်လမ်းကတော့ကြာပါပြီ :4: :4: :4: :4: :4: :4:) သတိရတာတွေများလို့ ကြည့်လိုက်တော့ တော့ပစ် စတတ်တာ ကဘယ်ရောက်နေလဲမသိဘူး :4: :4: :4: :4:

ယောလေး
သံယောဇဉ်နန်းတော်

pyaephyowin21522
04-01-2011, 11:31 AM
အားလုံးကို တောင်းပန်ပါတယ်. . .
ကျွန်တော် အင်တာနက်မသုံးတာ ကြာလို့. . အခုမှ ပြန်ဝင်ကြည့်တာ ..
အားလုံးမေးထားတာကို အခုမှပဲ ပြန်ဖြေပေးနိုင်တဲ့အတွက် ခွင့်လွတ်ကြပါ. .
ရွှေဘိုမှာ GTC ကျောင်းဖွင့်ထားပြီးပြီ၊ အသေးစိတ်ကတော့ ကျွန်တော်လည်း မသိသေးပါဘူးအကို. .

sanda87
04-01-2011, 11:58 AM
ရွေဘို သနပ်ခါး အကြောင်း လေးကိုပြောပြပါနော်
ကျွန်တော်ချစ်ချစ် ကရွေဘိုး သနပ်ခါးကိုကြိုက်လို့ ပါ