PDA

View Full Version : မြန်မာကီးဘုတ်လေးကို ပြန်တောင်းနေကြလို့ပါ



chit tee
07-23-2009, 10:40 AM
ညီလေး ရာမညရေ ...
ပို့စ်ရေးတဲ့အခါ (မြန်မာfont မရှိရင်) mouse နဲ့ ကလစ်ပြီး မြန်မာစာရေးလို့ ရတဲ့ မြန်မာကီးဘုတ်ကလေး
ပြန်ထည့်လို့ရရင် ထည့်ပေးစေချင်ပါတယ်။
တောင်းဆိုတဲ့သူတွေ ရှိလို့ပါ။

phoeko
07-23-2009, 11:35 AM
ကို ရာမညရေ၊

mouse နဲ့ ကလစ်ပြီး ရေးရတဲ့ ကီးဘုတ်ထက်စာရင်၊ မြန်မာ မိသားစု ဖိုရမ်မှာ ထည့်ထားတဲ့ ကီးဘုတ်လေးပုံစံမျိုးလေး ထည့်ပေးရင် ပိုပြီး အဆင်ပြေမယ်ထင်ပါတယ်။
ဒါဆိုရင် တစ်ခါထဲ မြန်မာလို ရိုက်လိုက်လို့ရတယ်၊ click လိုက်လုပ်နေရတာ နည်းနည်းကြာနေမလားလို့။

http://www.myanmarengineer.org/mefuploader/uploaded_files/mmfont.JPG

chit tee
07-23-2009, 12:45 PM
ကို ရာမညရေ၊

mouse နဲ့ ကလစ်ပြီး ရေးရတဲ့ ကီးဘုတ်ထက်စာရင်၊ မြန်မာ မိသားစု ဖိုရမ်မှာ ထည့်ထားတဲ့ ကီးဘုတ်လေးပုံစံမျိုးလေး ထည့်ပေးရင် ပိုပြီး အဆင်ပြေမယ်ထင်ပါတယ်။
ဒါဆိုရင် တစ်ခါထဲ မြန်မာလို ရိုက်လိုက်လို့ရတယ်၊ click လိုက်လုပ်နေရတာ နည်းနည်းကြာနေမလားလို့။



အဲ့ဒီလို ထည့်ထားပြန်ရင် ကျနော့် အတွေ့အကြုံအရတော့ ...
ကျနော်တို့လို English နဲ့ မြန်မာစာကိုခဏပြောင်းပြီး ပို့စ်တွေရေးရတဲ့ အင်ဂျင်နီယာတွေအတွက် တော့
Ctrl + Shift ကိုတွဲနှိပ်ပြီး ချက်ခြင်းပြောင်းလို့မရဘဲ အပေါ်လေးမှာရှိနေတဲ့ မြန်မာလက်ကွက်ဆိုတာလေးရဲ့ ဘေးမှာရှိတဲ့ check box ကို mouse ကိုသုံးပြီး သွားပြန်ပြန်ဖြုတ်နေရတာ လေးကြုံဖူးပါတယ်။

ကိုယ်က ရေးထားပြီး colour တွေဘာတွေပြောင်း smile လေးတွေထည့် preview ကြည့်လိုက်ပြီး ပြန်အဲ့ edit လုပ်တော့မယ်ဆိုတာနဲ့ အဲ့ဒီ check box က auto on နေပြန်ရော ။ အဲ့ဒါဆိုရင် English နဲ့ မြန်မာလို ပြောင်းချင်ရင် check box ကို ပြန်သွားဖြုတ်နေရပြန်ရော ... အဲ့ဒီလို ချက်ခြင်းပြောင်းလို့မရဘဲ စာရေးနေတုန်း mouse ကို ပြန်ပြန်ကိုင်ပြီး သွားသွားပြန် ဖြုတ်နေရတာလေးက စိတ်မရှည်စရာကောင်းလှပါတယ်။
ကျနော်ကတော့ မူရင်း အတိုင်းလေးကိုဘဲ ပိုသဘောကျပါတယ်။
လက်ကွက်နဲ့ကိုယ့်ဟာကိုရိုက်မယ့်သူတွေအတွက် ပိုလွယ်ကူသလို ... mouse သုံးပြီး စာရေးချင်တဲ့သူတွေအတွက်လဲ ရေးချင်မှ ၀င်လိုက်ရုံပါဘဲ။
ဝိုင်းဝန်း အကြံပေးကြပါအုံးဗျာ။

phoeko
07-23-2009, 01:04 PM
Ctrl + Shift ကို နှိပ်စရာမလိုပါဘူးဗျ။ ကီးဘုတ်ရဲ့ ဘယ်ဘက်ထောင့်နားမှာပါတဲ့ Esc key ရဲ့ အောက်က၊ 1 key ရဲ့ ဘေးက၊ Tab key ရဲ့ အပေါ်က Tilde key တစ်ခုထဲကို ပဲ နှိပ်ပြီး English to Myanmar ၊ Myanmar to English ကို ပြောင်းနိုင်ပါတယ်။

http://www.myanmarengineer.org/mefuploader/uploaded_files/key.jpg

phyo
07-23-2009, 01:09 PM
ကျနော်လည်း.. မူရင်းအတိုင်းလေးကိုပဲ သဘောကျတယ်ခင်ဗျ..
ကို phoeko ရဲ့  စေတနာကိုလည်း လေးစားပါတယ်..
ကျနော့်အထင်တော့ မြန်မာလက်ကွက် နဲ့  မရင်းနှီးတဲ့သူက ( အမြဲပိုစ့်တွေရေးနေတဲ့သူတွေကို သုံးသပ်မိချက်အရ )အနည်းစု ဖြစ်မယ်လို့  မျှော်လင့်မိပါတယ်..
အရင်တုန်းကလည်း ဒေါက်တာငယ်တို့  မြန်မာစာမရိုက်တတ်ဘဲနဲ့  ကြိုးစားရိုက်လာလိုက်တာ.. တော်တော်လေးကြာတော့ အတော်တိုးတက်လာတယ်လို့  သိရပါတယ်..
ဒါကလည်း Training သဘောမျိုးလို ဖြစ်နေပြန်ရော..
notepad ၊ word တို့ မှာ ရိုက်ပြီး ဒီအထဲပြန်ထည့်တဲ့လူတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေမှာပါ..
ကျနော့်တစ်ဦးတည်း အနေနဲ့ ကတော့ အခုဟာလေးက အဆင်ပြေပါတယ်..
အရင်လို keyboard လေးကိုလည်း ပြန်လည် ထည့်သွင်းပေးစေချင်ပါတယ်..

chit tee
07-23-2009, 01:11 PM
အဲ့ဒီလိုလေး နှိပ်ရုံလေး နဲ့ပြောင်းလို့ ရမှန်းမသိလို့ပါ ကို phoeko ရေ ....

ကျနော် ပြန်သွားစမ်းကြည့်ပြီးပါပြီ ။ အဲ့ဒီလို လုပ်လို့ရတယ်ဆိုအတွက်ကြောင့် ... ကို phoeko အကြံပေးတာလေးက ပိုကောင်းပါတယ် ။ :)

ကျေးဇူးတင်ပါတယ်ဗျာ အခုလိုပြောပြတဲ့အတွက် သိတာလေး တစ်ခု ပိုတိုးသွားလို့ .. :-*

nyiwin01
07-23-2009, 09:49 PM
အရင်လို keyboard နဲ့ကပိုကောင်းပါတယ်။
ဘာလို့လဲဆိုတော့ ကျနော်ဆိုအရင်က မြန်မာလိုမရိုက်တတ်ပါဘူး။ ဒီတော့mouse နဲ့ click လုပ်ပြီးရေးပါတယ်။
ကြာလာတော့ ပျင်းလာတယ်ဗျ ;D ;D ဒါနဲ့ မြန်မာလိုရိုက်တတ်ဖို့လေ့ကျင့်ချင်လာတယ်။
လက်ကွက် ဓါတ်ပုံကိုကြည့်လိုက် ရိုက်လိုက်နဲ့လည်း အဆင်မပြေပါဘူး။
ဒီတော့ ဒီဖိုရမ်က မြန်မာ onscreen keyboard ကိုဖွင့်ကြည့်ပြီး ဒီအတိုင်းလိုက်ရိုက်ကြည့်တော့ ပိုအဆင်ပြေတာတွေ့ရပါတယ်။
ဒါနဲ့ပဲ မြန်မာလက်ကွက်ကို ရိုက်တတ်လာတာပါ။

tunaungkyaw
07-23-2009, 10:00 PM
အရင် keyboard ပဲဖြစ်ဖြစ်၊ နောက်အသစ်ပဲ ဖြစ်ဖြစ် မြန်မာဖောင့် Install လုပ်လို့မရတဲ့နေရာမှာ သုံးလို့ရတဲ့ Keyboard ကိုတော့ထည့်ပေးစေချင်ပါတယ်။
ကျနော်တို့ရုံးတွေမှာ adminstrator account မပေးတဲ့အတွက် Myanmar keyboard လေးနဲ့မှအဆင်ပြေလို့ပါ။

longthiha
07-29-2009, 01:35 AM
အကိုရေ.......
ကျနော်ကအသင်းသားအသစ်ပါ.....။
ကျနော်ကမြန်မာလိုမရဘူးဗျ.......... 8)
မုတ်နဲ့ထောက်ပြီးရေးတာလေဆိုရင်တော့ပိုကောင်းမယ်လို့ထင်ပါတယ်........ :-*
ကူညီနိုင်မယ်လို့မျှော်လင့်ပါတယ်....။ :(
မြန်မာအင်ဂျင်နီယာဖိုရမ်မှညီအကိုများကိုကျေးဇူးတင်ပါတယ်..........။ :-* :-*