တန်းပလိတ်အမြင်နှင့်ပတ်သတ်ပြီး [Archive] - မြန်မာအင်ဂျင်နီယာဖိုရမ်

PDA

View Full Version : တန်းပလိတ်အမြင်နှင့်ပတ်သတ်ပြီး



pozaw2005
05-02-2008, 10:20 PM
တန်းပလိတ်မှာ မြန်မာလိုရေးထားတဲ့ ပို့စ်တွေမှာ စာလုံးတွေ အပေါ်အောက် ပျက်နေတာကို သတိထားမိတယ်။ နောက်တစ်ခုက စာကြောင်းတွေကြားထဲမှာ spacing ကျဉ်းတဲ့ အတွက်ကြောင့် စာလုံးတွေပူးနေတဲ့ပုံမျိုး ဖြစ်နေပါတယ်... တမင်လုပ်ထားတာဆိုရင်လည်း ဆောရီးပါဗျာ.. သူများလုပ်ထားတာကို အားမနာတမ်း ဝေဖန်အကြံပေးတာပါ။.. ;D စာဖတ်ရတာ မရှင်းဘူးဗျ။
စာဖတ်ရရှင်းစေချင်ရင်တော့ တစ်ကြောင်းခြားရိုက်မှနဲ့တူတယ်.... ငယ်ငယ်တုန်းက ကျောင်းမှာတုန်းက တစ်ကြောင်းခြားရေးသလိုပေါ့.. စာလုံးအကြီးကြီးတွေနဲ့ လှလှလေး.. ဟဲဟဲ..

မြန်မာအင်ဂျင်နီယာ ဖိုရမ် အတွက် လိုဂိုတစ်ခုလောက် လုပ်ပါလို့ အကြံပြုပါရစေ.. ဖိုရမ်တိုင်းမှာ သူ့ဖိုရမ် အလိုက် လိုဂိုလေးတွေ သတိထားမိလို့..

ခုဖိုရမ်မှာ လိုဂိုမတွေ့သေးဘူး... ဖိုရမ် မန်ဘာတွေ များလာတဲ့ အခါကျရင် Design အပိုင်းစိတ်ဝင်စားတဲ့သူတွေကို စုစည်းပြီးတော့ Contest လုပ်ပြိးတော့ လုပ်ရင် အားလုံးအတွက် စိတ်ဝင်စားစရာ ဖြစ်မယ်ထင်ပါတယ်။..

ကိုအက်ဒမင်တို့ အတွက်လည်း နည်းနည်းတော့ ခေါင်းကိုက် သက်သာမယ်ထင်ပါတယ်.. ;D ;D ;D

စာရေးတာများသွားပြီ... အကုန်ဖတ်သူများ မျက်စေ့နောက်စေသော်ဝ်..

yeakharr
05-03-2008, 12:04 AM
templates အတွက်တော့ custom templates တွေရအောင်လုပ်ဆဲပါ..
ဟုတ်တယ်ဗျာ ကျနော်လဲ fonts တွေကို သတိထားမိတယ်..
လောလောဆယ်ဒီ template အတွက် ကျနော်က ကောင်းကောင်းမြင်စေချင်လို့
ကြီးထားတာ ဒီလိုဖြစ်သွားတာပါ..

logo ကိုတော့ဒီဇိုင်းဆွဲထားပါတယ်..

အဖွဲ့ဝင်တွေ ၀ိုင်းဝန်းပြီး ဒီဇိုင်းဆွဲလို့ရအောင် ချန်ထားခဲ့ပါတယ်..

thread တစ်ခုဖွင့်ဖို့ စီစဉ်ထားပါတယ်..

အကြံပေးမှုအတွက် ကျေးဇူးတင်လျက်

မြန်မာအင်ဂျင်နီယာ ဖိုရမ်

Silence
05-03-2008, 08:12 AM
ကျွန်တော် တော့၊ တချို့ အခန်းတွေက အရမ်း များနေ သလားလို့၊ ဥပမာ၊ CAD/CAM ဆိုတဲ့အောက်မှာ တစ်ခုဆီကို thread အကြီးတွေ
လုပ်ထားတော့ scollbar ဆွဲမှ ဟိုး အောက်ဆုံး က ဟာတွေ မြင်ရတယ်၊ ;)
CAD/CAM ဆိုပြီး ပြီးမှ သူအောက်မှာ ထပ်ခွဲရင် ကောင်းမလား လို့၊ ဆိုလိုတာက ဖိုရမ်က အပေါ်အောက် တော်တော် ရှည်လို့၊
တစ်ချို့ ဟာတွေ အဲလိုလေးများ လုပ်လို့ ရရင်ပေါ့။
ပြီးတော့၊ စာလုံးတချို့ ပြတ်နေလားလို့၊
shell က ရှင်းရှင်းလေးနဲ့၊ ပေါ့ပေါ့လေးဆိုရင် ကောင်းမလားလို့၊ (only my opinion)
ပြီးတော့ user တွေရဲ့ profile ပုံတွေးက အရမ်းကြီးနေလားလို့၊ post ထက်၊ ပုံက ပိုကြီးနေလားလို့၊
အကြံပေးဆိုလို့ နော်၊ စိတ်ဆိုးရဘူး၊ ဟဲဟဲ။

pozaw2005
05-03-2008, 02:03 PM
ဒီနေ့ တန်းပလိတ် တစ်မျိုးပြောင်းနေပါလား.. စာလုံးတွေက ရှင်းလာပြီ... အရင်ထက်စာရင် ဖတ်လို့ကောင်းလာတယ်..

ကိုအက်ဒမင်တို့က ဘဂရောင်းကို အနက်အားထားပုံရတယ်... မျက်လုံးကြည့်ရတာ သက်သာတာပေါ့...

စာဖတ်ရတဲ့ ဆိုဒ်တွေ တော်တော်များများက အဖြူသုံးကြတယ်.. မြင်တာလေးတွေ ပြောတာပါ.. ဟဲဟဲ..

လိုဂိုကို အင်ဂျင်နီယာ ဖိုရမ်မှန်းသိသာ စေတဲ့ လိုဂိုမျိုး ဖြစ်စေချင်တယ်....

အကြံပြုတာပါ..

မန်ဘာအဆင့်အတန်းနေရာမှာလည်း newbie, friendly member စတာတွေမှာ JAE,SAE,AE,EE,PE, စတဲ့ အင်ဂျင်နီယာ အဆင့်အတန်းလေးတွေနဲ့ ဆိုရင် ပိုပြီး ကောင်းမလားလို့...

မြန်မာအင်ဂျင်နီယာဖိုရမ်
05-03-2008, 03:55 PM
CAD/CAM ဆိုတဲ့အောက်မှာ တစ်ခုဆီကို thread အကြီးတွေ



CAD/CAM Categories မှာ CAD နှင့် CAM ကို
အလွယ်တကူ ခွဲခြားရခက်သောကြောင့်
ဖိုရမ်က အရှည်ကြီးဖြစ်နေပါတယ်.
ထို့ကြောင့် ကြိုက်ရာ Categories အား ခဏခေါက်သိမ်းလိုပါက
Category Name ဘေး ညာဘက်အစွန်ဆုံးတွင် ရှိသော ARROW အား
CLICK ပေးပါ...

ကျေးဇူးတင်စွာဖြင့်
မြန်မာအင်ဂျင်နီယာဖိုရမ်..

yeakharr
05-04-2008, 01:11 AM
မန်ဘာအဆင့်အတန်းနေရာမှာလည်း newbie, friendly member စတာတွေမှာ JAE,SAE,AE,EE,PE, စတဲ့ အင်ဂျင်နီယာ အဆင့်အတန်းလေးတွေနဲ့ ဆိုရင် ပိုပြီး ကောင်းမလားလို့...





ကျနော်တို့ မန်ဘာအဆင့်အတန်းနေရာမှာ ထည့်ဖို့စဉ်းစားနေတုန်းပါပဲ..
JAE,SAE,AE,EE,PE ဆိုတဲ့ ဟာလေးမဆိုးဘူးလို့မြင်တယ်..
အကြံပေးမှုအတွက် ကျေးဇူးတင်လျက်
မြန်မာအင်ဂျင်နီယာဖိုရမ်

pozaw2005
05-04-2008, 04:22 PM
နောက်တစ်ခုဗျို့... ;D ;D ;D

ကျနော်ချည်းပဲရေးနေတာ ငပွကြီးများ ဖြစ်နေမလားမသိဘူး.. ဟီးဟီး...

code ခံပြီးရေးတဲ့ အခါတွေမှာ font တွေရဲ့ အရောင် မကွဲတာကြောင့် background ထဲမှာ မြုပ်နေတယ်..

select လုပ်ပြီးကြည့်ရင်တော့ ရပါတယ်... ထင်သာမြင်သာအောင် လုပ်ကြပါဦး... code ထဲမှာ ၀င်နေလို့ အရောင်ကို ပြောင်းလို့မရပါဘူး..

နမူနာလေးပါ..


<?xml version="1.0" encoding="UTF-8" ?>
<!DOCTYPE html (View Source for full doctype...)>
-<html xmlns="http://www.w3.org/1999/xhtml" xmlns:b="http://www.google.com/2005/gml/b" xmlns:data="http://www.google.com/2005/gml/data" xmlns:expr="http://www.google.com/2005/gml/expr">

မြန်မာအင်ဂျင်နီယာဖိုရမ်
05-04-2008, 05:36 PM
ဟုတ်ပါတယ်.စစချင်းအသုံးပြုတုန်းက သတိပြုပါသည်.
တခြားဟာကိုအာရုံစိုက်လိုက်လို့မေ့သွားတယ်...
အခုလိုသတိပေးတဲ့အတွက် ကျေးဇူးတင်လျက်
အကြံပေးမှုတိုင်းကို ကြိုဆိုပါသည်
မြန်မာအင်ဂျင်နီယာဖိုရမ်။

TheSun
05-04-2008, 07:31 PM
လိုဂိုကို အင်ဂျင်နီယာ ဖိုရမ်မှန်းသိသာ စေတဲ့ လိုဂိုမျိုး ဖြစ်စေချင်တယ်....


မန်ဘာအဆင့်အတန်းနေရာမှာလည်း newbie, friendly member စတာတွေမှာ JAE,SAE,AE,EE,PE, စတဲ့ အင်ဂျင်နီယာ အဆင့်အတန်းလေးတွေနဲ့ ဆိုရင် ပိုပြီး ကောင်းမလားလို့...




အဲဒီစိတ်ကူးလေး အရမ်းကောင်းပါတယ်ဗျာ ... ကျွန်တော်တိုဖိုရမ်ရဲ့ ကိုယ်ပိုင်အသုံးအနှုန်း ဖြစ်သွားတာပေါ့ ...
engineer မဟုတ်တဲ့ members များအတွက်လည်း ပိုမိုရင်းနှီးပြီး တသားတည်းဖြစ်စေပါလိမ့်မယ် ... :) :) :)

moenyo
05-12-2008, 09:40 PM
ဒီတန်းပလိတ်လေးမိုက်တယ် ကိုရေခါးရေ....။
ရိုးရိုးရှင်းရှင်းလေး....Good!!!!
သိပ်ပြူးပြူးပြဲပြဲ မဖြစ်တော့ဘူး...။
အရင်ဟာက နည်းနည်းကလေးဆန်သလားလို့.... ;D

kim
05-15-2008, 06:20 AM
နောက်တစ်ခုဗျို့... ;D ;D ;D

ကျနော်ချည်းပဲရေးနေတာ ငပွကြီးများ ဖြစ်နေမလားမသိဘူး.. ဟီးဟီး...

code ခံပြီးရေးတဲ့ အခါတွေမှာ font တွေရဲ့ အရောင် မကွဲတာကြောင့် background ထဲမှာ မြုပ်နေတယ်..

select လုပ်ပြီးကြည့်ရင်တော့ ရပါတယ်... ထင်သာမြင်သာအောင် လုပ်ကြပါဦး... code ထဲမှာ ၀င်နေလို့ အရောင်ကို ပြောင်းလို့မရပါဘူး..

နမူနာလေးပါ..


<?xml version="1.0" encoding="UTF-8" ?>
<!DOCTYPE html (View Source for full doctype...)>
-<html xmlns="http://www.w3.org/1999/xhtml" xmlns:b="http://www.google.com/2005/gml/b" xmlns:data="http://www.google.com/2005/gml/data" xmlns:expr="http://www.google.com/2005/gml/expr">

phyo
07-29-2009, 09:14 AM
ဖိုရမ်ရဲ့  ကိုယ်ပိုင်သီချင်းလေးကို ဖိုရမ်ထဲဝင်လိုက်တာနဲ့  နားထောင်လို့ ရအောင် လုပ်ပေးထားရင်.. ကောင်းမယ်ထင်တယ်ဗျ..
သဘောကျလို့ .. အဲ ..song ကိုဖွင့်ပြီး နားထောင်ဖို့  အခြေအနေအရ မဖြစ်နိုင်တဲ့သူတွေအတွက်...သီချင်းကို ပိတ်ထားဖို့ .. နားထားဖို့  ခလုပ်ကလေးတွေပါ..အလွယ်တကူ ဖွင့်ပိတ်နိုင်အောင်
အဆင်ပြေတဲ့နေရာမှာ ထားပေးရင် ကောင်းမလားလို့ .... :D
ဖြစ်နိုင်မယ်ဆိုရင်ပေါ့..

phoelapyae
07-29-2009, 07:23 PM
ဟုတ်ကဲ့ .. နောက်ဆုံး အချောသတ်ပြီးလို့ရှိရင်တော့ အိမ်တော်မှာ အမြဲတမ်းလာနေအောင် လုပ်ထားပေးပါ့မယ် ။
အခုက သီချင်းကို ပြန်လည်တည်းဖြတ်ပြင်ဆင်နေလို့ပါ ..
အခုလိုအကြံပေးတာ ကျေးဇူးပါ ..