PDA

View Full Version : အသုံးချ ဆာ့ကစ်ကလေးများ



yeakharr
07-27-2009, 08:08 PM
ဒီခေါင်းစဉ်အောက်မှာ အသုံးချ ဆာ့ကစ်လေးတွေကို တင်ပေးသွားပါ့မယ်။
ကျနော် က PIC ၇ယ် robotics တွေရယ် လေ့လာရင်းနဲ့ electronics ဆာ့ကစ်လေးတွေ ကို နားမလည် မလုပ်နိုင်ရင် ရှေ့ဆက် လုပ်ရတာ
အခက်အခဲဖြစ်နေလို့ လေ့လာရင်း စုဆောင်းပြီး တစ်ကယ်လကတွေ့ တည်ဆောက်ထားကြထားတဲ့ အရာတွေကို ရျယ်ယာ ပြန်လုပ်တဲ့သဘောပါ။
ပြီးတော့ robotics တွေမှာ လိုအပ်တဲ့ Power supply အပိုင်း. sensor အပိုင်း alarm အပိုင်း ။ အဲဒါတွေက အခြေခံဆာ့ကစ်လေးတွေကို သိထားမှ ရမှာကိုး။
ကျနော်ရဲ့ မေဂျာမဟုတ်တဲ့အတွက် အရမ်းကြီး သိအိုရီဆန်အောင်တော့ ရှငိးပြတတ်မှာ မဟုတ်ပါဘူး။ဒါပေမယ့် အလုပ်ဖြစ်မယ့်ဟာလေးတွေ တင်ပေးသွားမှယပါ။
ကျနော်က လက်တွေ့ပုံစံချဉ်းကပ်ထားတော့ အဲဒီအတိုင်း တော့ ရမှာပေါ့နော်။ inverter အပိုင်း ။ 555 ic အသုံ့းပြုပြီး လုပ်တာတွေရယ် c945 transistor လေးတွေ အသုံးပြုတာ။
voltage regulater လုပ်တာ တွေ
light detecting sensor ရယ် .။ ir remote လုပ်တာ ပါမှာ ပါ။
အဆင်ပြေတဲ့အချိန်လေးတွမှာ ဖြေးဖြေးချင်းတင်ပေးသွားပါ့မယ်။ ကျန်တဲ့အသင်းဝင်တွေက ရစ်စ်စ်တာ ထရန်စစ်တာ ဒူိုင်အုတ် အစသဖြင့်
အခြေခံကစ တင်ပေးနေကြတာ အားရစရာပါ။ဒါကြောင့် ဒီပို့စ်မှာတော့ တစ်ချိုဟာတွေကထပ်မပြောတော့ပါဘူး။
ကျေးဖူးတင်လျက်
ရေခါး

yeakharr
08-02-2009, 06:59 PM
ဒီပို့စ်မှာတော့ တစ်ကယ့်လက်တွေ့လုပ်ရင် လိုအပ်တဲ့ ပစ္စည်းစာရင်းလေးတွေကို ရေးပေးသွားပ့ါမယ်။

1. project board (solderless board ပါ) တစ်ခု with small cable (၅၀၀၀ကျပ်ခန့်)
2. လိုအပ်မယ်ထင်တဲ့ resistor နံပါတ်မျိုးစုံ (တစ်လုံးကို 10ကျပ်ခန့်)
3. eletrolytic capacitor မျိုးစုံ (50ကျပ်ဝန်းကျင်, 100uf, 47uf, 4.7uf, 1 uf, 0.1uf, 10 uf, for 16v ,25v,50v etc.)
4. ceramic capacitor မျိုးစုံ (0.1 uf,0.01uf,33 pF ,etc.)
5. voltage regulator (code---> 7812, 7809, 7805 -----) (12v,9v,6v) တစ်ချို့ ဆာ့ကစ်တွေမှာ ဗို့အားငြိမ်ဖို့ လိုအပ်လာရင် သုံးမလို့ပါ။
6. relay (12v,9v,6v) (300ကျပ်ခန့်)
7. NE555 IC သုံးလုံးခန့် (300ကျပ်ခန့်)
8. C945 transistor ၄ လုံးခန့် (200ကျပ်ခန့်)
9. LED 5 လုံးခန့် (15 ကျပ်ခန့်) indicator အတွက် သုံးရန်
10. photo transistor (remote sensor အတွက် လိုအပ်ပါက)
11. photo diode (remote sensor အတွက် လိုအပ်ပါက)
12. 741 အိုင်စီ ( ampilifier အတွက်လိုအပ်ပါက )
13. LDR ( Light Dependent resistor, အလင်းကို detect လုပ်ဖို့ အတွက် sensor လိုအပ်ပါက) (400 ကျပ်ခန့်)
14. Diode 10 လုံးခန့် ( amp အမျိုးမျိုး 1 amp လောက်ဝယ်ထားပေါ့)
15. တတ်နိုင်ပါက multi meter တစ်ခု (တိုင်းတာဖို့အလွန်သုံးဝင်ပါတယ်။)
16. DC power adapter တစ်ခု( 3,4.5,6,7.5,9,12 v အလိုက် switch လုပ်လို့ရတဲ့ တရုတ်ပစ္စည်းလောက်ဆိုရပါပြီ ။ 1500ကျပ်လောက်တော့ ရှိပါတယ်)
17. speaker 8 Ohm 0.5 W ( အသံအတွက် စမ်းသပ်ရင် အသုံးပြုလို့ရပါတယ်။)

(PIC ကိုလုပ်မယ်ဆိုရင်တော့ PIC chip တစ်ခုရယ် crystal or resonator ရယ် programmer board တစ်ခုရယ် အနဲဆုံးတော့ လိုအပ်မှာပါ။ PIC က 16family,17 family, 18 family စသဖြင့်ရှိပါတယ်။
controller chip တစ်ခုကို 5000~ 6000 လောက်ရှိပါတယ်။ ဒါတောင် တရုတ်လုပ်နော်။ motor controlled robotics တွေ လုပ်မယ်ဆိုရင်တော့ stepper motor or servo motor တွေ ထပ်လိုပါမယ်။
ကျနော်လည်း မရသေးပါဘူး)


ကဲ ဒီလောက်ဆိုရင်တော့ လက်တွေ့ ဆ့ာကစ်လေးတွေ တည်ဆောက်ဖို့ လုံလောက်ပါပြီ။ အပေါ်က ပစ္စည်းတွေမှာ မလိုအပ်သေးတာတွေကို ၀ယ်ထားစရာမလိုပါဘူး)
( ရက်စွဲ 30။7။2009 အလိုက်ဈေးနှုန်းနော် ။တစ်ချို့ကိစ္စလေးတွေက တစ်ကယ်လက်တွေ့ လုပ်ကြည့်မှ ပိုသိလာတာတွေ ရှိပါတယ်။ ဒီတော့ လိုချင်တဲ့ သူကတော့ ၀ယ်ရမှာပါပဲ)


project board ဆိုတာက printed circuit board အပေါ်မှာ ခဲဆော်ပြီး မဆောက်ခင် ဆာ့ကစ်လေးတွေကို လက်တွေ့ စမ်းသပ်ဖို့ပါ။
ပုံကတော့ အောက်ပါပုံအတိုင်း။ component တွေ တပ်ဆင်ထားတဲ့ အနေအထားပါ။ အားလုံးကို ဖြုတ်လိုက်ရင် အပေါက်တွေနဲံ့အဖြူတုံးကြီးကိုပဲ မြင်ရမှာဖြစ်ပါတယ်။
ပုံ

http://www.myanmarengineer.org/mefuploader/uploaded_files/projectboardECpost.jpg

connection ရှိတာက အပြင်က ဘားတန်းနှစ်ခုဆီဟာ အလျားလိုက်မှာ connection ရှိပါတယ်။ အပေါ်ဘားတစ်ခု မှာ +v အားကို အသုံးပြုထားလို့ရပါတယ်။
အောက်က ဘားနှစ်ခုထဲက တစ်ခုမှာလည်း -v (ground )ချထားလို့ရပါတယ်။

အလယ်က အတန်းတွေကျတော့ ဒေါင်လိုက် connection ရှိပါတယ်။ အကန့်က အလျားလိုက်အကန့် ၂ခု။ ဒေါင်လိုက် ကန့်နှစ်ခု ခွဲထားပါတယ်။
ပုံမှာ အကန့်ခွဲပြထားပါတယ်။
ဒါက ဘုတ်အသေးပေါ့။ အကြီးဆိုရင် တစ်မျိုးဖြစ်မှာပေါ့နော်။
ကဲဒီနေ့ကတော့ ဒီလောက်ပဲဗျာ။

(နောက်တစ်ခုက ဆာ့ကစ်တွေကို ပရောဂျက်ဘုတ်အပေါ်မှာ မဆင်ခင် ဆော့ဝဲနဲ့ဆင်ပြီး simulation လုပ်လို့ရပါတယ်။
ကျနော်ကတော့ National Instrument ကထုတ်တဲ့ multisim v10 ကို သုံးပါတယ်။ )

yeakharr
08-09-2009, 08:37 PM
ဒီပို့စ်ကို ဘာကြောင့် ရေးဖြစ်သလဲဆိုတာက စရမှာပဲ။ ကျနော်က တစ်ချို့ circuit တွေ ဘယ်လိုအလုပ်လုပ်လဲသိချင်တယ်။ PIC တွေကို လုပ်ချင်တယ်။ ဒီတော့ ဘယ်ဟာကဘယ်မှန်းမသိဘူး။ သီအိုရီသမားတွေကလည်း သီအိုရီပိုင်ပြီး
လက်တွေ့ကျအားနည်းတယ်။ ဒီတော့ လေ့လာရင်းလေ့လာရင်းနဲ့ကျနော်လို ၀ါသနာပါတဲ့သူတွေ အခက်အခဲ မဖြစ်ရအောင် ရေးပေးခြင်းဖြစ်ပါတယ်။ ကျောင်းသူကျောင်းသား သီအိုရီသိတဲ့သူတွေလည်း လက်တွေ့လုပ်ဖို့ အစရအောင်ဆိုတဲ့ စေတနာလည်းပါပါတယ်။ တစ်ကယ်တမ်း project လုပ်မယ်ဆိုရင် အီလက်ထရောနစ်ဟာ အကောင်အထည်ပေါ်တဲ့ အလုပ်ပါ။ ပိုက်ဆံလည်း အရမ်းကြီးမကုန်ပါဘူး။ ကျနော့်တို့လို Naval Archi engeering အပိုင်းကဆိုရင် လက်တွေ့လုပ်မယ်ဆိုပြီး
သဘောင်္တစ်စင်းကို ထဆောက်လို့မဖြစ်ဘူးလေ။ ဒီ အီလက်ထရောနစ်ကကျတော့ ကိုယ်လုပ်နိုင်သလောက်လေးတော့ အကောင်အထည်ပေါ်ပါတယ်။ သို့သော်လည်း ငါလုပ်တာက ပစ္စည်းတစ်ခုလုပ်လိုက်တာ 5000 ကျပ် ကျသွားတယ်။ အပြင် တရုတ်ပစ္စည်းကို ၀ယ်ရင် 3000 ကျပ်ဆိုရပြီ။ ပိုတောင် လှသေးတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ထင်နိုင်ပါတယ်။ ဒါကတော့ ဒါပေါ့ဗျာ။ ဒါပေမယ့်လည်း ဒါပေါ့ဗျာလို့ပဲပြောရမှာပါ။ အဲဒီကစရမှာပဲ။

အီလက်ထရောနစ်မေဂျာသမားတွေ mechatronic သမားတွေအတွက်က Resistor, Capacitor , Diode ,Transistor, IC စတာတွေကို နားလည်ပြီးသားနေမှာပါ။ တစ်ခြား ၀ါသနာပါပြီး လေ့လာနေတဲ့သူတွေ အဆင်ပြေအောင်လို့ အခြေခံလေးတော့ ပြောဖို့လိုမယ်ထင်ပါတယ်။ အခုမှစလေ့လာတဲ့သူတွေကို ရည်၇ွယ်ပြီး ပြောတဲ့အတွက် မလိုအပ်တာတွေ ပါရင် နားလည်ပြီးသားသူတွေအတွက် ကျော်ခွဖတ်ပေးကြပါ။ မှားတာတွေလည်း ပါခဲ့၇င် ထောက်ပြပေးကြပါ။ အမှားကြီး ရေးထားမိမှာစိုးလို့ဖြစ်ပါတယ်။
လက်တွေ့ကျကျပုံစံပဲရေးပေးသွားပါ့မယ်။ ဒီစာရေးနေတဲ့ ကျနော်ဟာ အီလက်ထရောနစ် မေဂျာက မဟုတ်ပါဘူး ။ ဒါပေမယ့် ebooks တွေဖတ်ထားသမျှ။ လက်တွေ့ လေ့လာထားသမျှထဲကနေ ကျနော်အနေနဲ့ sharing ပြန်လုပ်တဲ့သဘောပါ။
အမှတ်မှားထားတာတွေရှိခဲ့ရင် အမှားတွေလည်း ပါကောင်း ပါသွားနိုင်ပါတယ်။ ဒီ့အတွက် အမှားပြင်နိုင်တဲ့သူရှိရင် ၀မ်းမြောက်ဝမ်းသာလက်ခံပါတယ်။



Resistor

Resistor ဆိုတာက လျှပ်စစ်စီးဆင်းမှုကို ဟန့်တားနိုင်တဲ့ materials နဲ့ လုပ်ထားတဲ့ ပစ္စည်းပါ။ resistor တွေကို Ohm ယူနစ်နဲ့တိုင်းတာပြီး တန်ဖိုးကြီးလာလေလေ လျှပ်စစ်စီးဆင်းမှုကို ပိုပိုတားဆီးနိုင်လေလေပါပဲ။
ဘာကြောင့်လိုအပ်သလဲဆိုတဲ့ တစ်ချို့နေရာတွေမှာ လျှပ်စီးအား အနည်းငယ်ပဲစီးဆင်းစေတာကြောင့် resistor လေးခံပြီး အသုံးပြုရပါတယ်။
ဥပမာ LED ဆိုတဲ့ light emitting diode တွေဟာ ပုံမှန်ဆိုရင် 3 ဗို့လောက်မှာ အလုပ်လုပ်ရင် ပျက်စီးဆုံးရှုံးမှုသက်သာမှာပါ။ ခံနိုင်ရည်ရှိမှာပါ။
ကျနော်တို့အသုံးပြုနေတဲ့ circuit board ဟာ power supply ကို 6 to 12 v သုံးထားတယ်ဆိုရင် 1K တန်ဖိုးရှိတဲ့ resistor တစ်လုံးခံပြီး အဲဒီ LED ကို လင်းစေမှာပါ။
တိုက်ရိုက်သာ ဆက်သွယ်အသုံးပြုမယ်ဆိုရင် သူခံနိုင်တဲ့ လျှပ်စီးအားထက် ပိုသွားခဲ့သည်ရှိသော် LED မီးလုံးဟာ ကျွမ်းသွားမှာပါ။ ပုံပါအတိုင်း Project board တစ်ခုမှာဆက်သွယ်ကြည့်ပါ။
Project ဘုတ်ရဲ့ အပေါ်ဘားတန်းတစ်ခုမှာ အပေါင်းဗို့အားသုံးလိုက်ပါ။ အောက်ဘားတန်းတစ်ခုမှာ အနှုတ်ဗို့အားသုံးလိုက်ပါ။ +ဗို့သုံးထားတဲ့ အလျားလိုက် တစ်တန်းလုံးရဲ့ဘယ်နေရာဖြစ်ဖြစ် resistor ရဲ့ ပင်တစ်ခုကို ထိုးထည့်လိုက်ပါ။ နောက်ပင်တစ်ခုကို ဒေါင်လိုက်အတန်းရဲ့ တစ်နေရာရာမှာ ထိုးထည့်ပါ။ resistor ရဲ့ ပင်စိုက်ထားတဲ့ ဒေါင်လိုက်အတန်းရဲ့ ဘယ်နေရာဖြစ်ဖြစ် LED ရဲ့ အပေါင်းငုတ်နဲ့ ဆက်လိုက်။ LED ရဲ့ - ငုတ်ကို power supply အနှုတ်ကျွေးထားတဲ့ အောက်ဘက်ဘားတန်းရဲ့ ဘယ်နေရာမှာ မဆို ထိုးထည့်လိုက်ပါ။ ပြီး တော့ 9 volt power supply ကို on လိုက်ရင် LED လင်းပါပြီ။
resistor အကြောင်းကို ပြောနေရင်းနဲ့ ဒီလွယ်လွယ်လေးကို ဘာကြောင့် လက်တွေ့တပ်ဆင်ခိုင်းလဲဆိုတော့
တစ်ကယ်လက်တွေ့လုပ်ဖြစ်အောင်ပါ။ project board ကိုလည်း သုံးတတ်သွားပါမယ်။ အဲလိုလွယ်လွယ်လေးတွေ အားလုံးပေါင်းပြီး ကျန်တဲ့ application circuit တွေဖြစ်လာမှာဖြစ်ပါတယ်။


http://personal.ee.surrey.ac.uk/Personal/H.M/UGLabs/images/resistor_packages.jpg

ပုံ ရေစစ္စတာပုံများ

http://www.myanmarengineer.org/mefuploader/uploaded_files/Resistor.jpg


ပုံ circuit diagram


(လက်တွေ့တပ်ဆင်ပြီးသားပုံကိုတော့ တင်မပေးလိုက်တော့ပါဘူး။ အဆင်မပြေရင်တော့ ပြောပါ။ ဓါတ်ပုံရိုက်ပြီး တင်ပေးပါ့မယ်။)
ပုံ လက်တွေ့တပ်ဆင်ကြည်ပုံ




1k ဆိုတာက 1kilo Ohm တန်ဖိုးရှိတဲ့ resistor ကို ဆိုလိုပါတယ်။ တစ်ခြားသင့်တော်တဲ့ တန်ဖိုးတွေကို formula တွေနဲ့တွက်ပြီး အဆင်ပြေသလိုသုံးသွားရမှာဖြစ်ပါတယ်။
Resistor တွေကို တန်းဆက်ပုံစံ။ ပြိုင်ဆက်ပုံစံ အသုံးပြုပြီး အနည်းအများကိုလည်း ချိန်ညှိနိုင်ပါတယ်။ ဒါတွေက သီအိုရီအပိုင်းကို ရောက်သွားပြီ ဖြစ်တဲ့အတွက် ချန်လှပ်ခဲ့ပါရစေ။
တစ်ခြားအသင်းဝင်တွေ ရေးပြီးသားပို့စ်တွေမှာလည်း ဖတ်နိုင်ပါတယ်။ နောက်တစ်ခုက ဗို့အားဆိုတာက အပေါင်းများရင် အပေါင်းက နိင်ပြီး အနှုတ်များရင် အနှုတ်က နိုင်ပါတယ်။
ဒီတော့ resistor တွေကို အခြေအနေတစ်ခုမှာ အပေါင်းနဲ့အနှုတ်ကို ချိန်ညှိပြီး တစ်နေရာရာမှာ သုံးထားခဲ့မယ်ဆိုပါစို့ နောက်အခြေအနေတစ်ခုမှာ အပေါင်းများသွားခဲ့လို့ရှိရင် လိုအပ်တဲ့ component တစ်ခုကို
အပေါင်းလိုင်းဆက်ပေးပြီးသွားတဲ့ အခြေနေရှိသွားမှာပါ။ ဥပမာ transistor တွေဟာ သူရဲ့ Base လိုင်းကို သူလိုအပ်တဲ့ အပေါင်းဗို့အားရောက်ရှိလာရင် Collector နဲ့ Emittor ကိုလဲ
ဗို့အားမှန်ကန်စွာပေးသွင်းထားတယ်ဆိုပါစို့ အလုပ်စလုပ်မှာပါ။ ဒါဆိုရင် ပုံမှန်အနေအထားမှာ အဲဒီ ထရန်စစ်စတာကို အလုပ်မလုပ်စေချင်ဘူးဆိုပါစို့။
သူလိုအပ်တဲ့ အပေါင်းဗို့အား မရအောင် resistor တန်ဖိုးများများနဲ့ base pin ကို အပေါင်းလိုင်းနဲ့ ဆက်ထားပေးပါမယ်။ဒီတော့ အပေါင်းဗို့အားရောက်ရှိမှုဟာ နည်းသွားပါပြီ။
အဲဒီ ဘေ့စ်ပင်ကိုပဲ အနှုတ်လိုင်းနဲ့ resistor တန်ဖိုးနဲနဲနဲ့ ဆက်ပေးထားမယ်ဆိုရင် အနူတ်ဗို့အားရောက်ရှိမှုများနေတဲ့အတွက် အဲဒီ ထရန်စစ္စတာအလုပ်မလုပ်နိုင်ပါဘူး။
ဒီလိုရှိနေတဲ့အခြေအနေကနေပြီး ခုနက base pin မှာ တစ်ခြား connection တစ်ခုခုက အပေါင်းလှိုင်းအချက်ပြ၀င်ရောက်လာလို့၇ှိရင် အချက်ပြလှိုင်းကသာ များနေမယ်ဆိုပါစို့။
အပေါင်းဗို့အားဘက်က ပိုအရေးသာတာနဲ့ အဲဒီ ထရန်စ္စတာ ထအလုပ်လုပ်မှာပါ။ ပြီးတော့ resistor ကို RC Network ( Resistors & Capcitors Network) တွေမှာသုံးပါတယ်။
Frequency တွေကို လိုအပ်သလို ဖြတ်သန်းအောင် ထိန်းချုပ်ပါတယ်။R နဲ့ C ရဲ့ တန်ဖိုးအကြီးသေးတွေရယ် ဘယ်လိုဆက်သွယ်ထားသလဲဆိုတဲ့အပေါ်မှာ မှီခိုပြီး Frequency filter လုပ်ပါတယ်။
အလွယ်မှတ်မယ်ဆိုရင်တော့ resistor ကို ခုခံဖို့ လိုအပ်တဲ့နေရာတိုင်းမှာ အသုံးပြုရမယ်ဆိုတာပါပဲ။ သူ့ ရဲ့ တန်ဖိုးကို အရောင်တွေနဲ့သတ်မှတ်ပါတယ်။ ဒါကိုတော့ ကျန်တဲ့ အသင်းဝင်တွေ တင်ထားတဲ့ ပို့စ်တွေမှာဖတ်နိုင်ပါတယ်။


(မှတ်ချက်။ ။ LED ကို လက်တွေ့မှာ အပေါင်းအနှုတ်ခွဲခြားတတ်ဖို့လိုပါတယ်။ LED ရဲ့ အပေါင်း ငုတ်ကို အနှုတ်ငုတ်ထက် ပိုရှည်ထားတတ်ပါတယ်။ အထဲမှာရှိတဲ့ ငုတ်၂ခုမှာလည်း အပြားကြီးတာ အနူတ်ပါ (အကြည်ရောင် LED မှာနော်။ တစ်ခြားဟာဆို တစ်မျုးပေါ့။ အမြန်မှတ်နည်းပေါ့။
နောက်တစ်ခုက meter နဲ့ တိုင်းပါ။ LED ဟာ အပေါင်းအနူတ်မှန်မှ လင်းပါတယ်။ )


Capacitors

http://www.ledeaudio.com/images/capacitors_parts.gif

ပုံ ကယ်ပယ်စီတာပုံများ


Capacitors တွေကို Condensor လို့လဲခေါ်ကြပါတယ်။ လျှပ်သိုလို့ မြန်မာမှုပြု နိုင်ပါတယ်။ ဒီစီဗို့အားထိန်းတဲ့ နေရာတွေမှာ ၊ အချက်ပြလှိုင်းတွေ၏ အလိုမရှိသော နှောင့်ယှက်သံတွေကိုစစ်ထုတ်ရာမှာ ပါဝါထောက်ပံ့မှုများချောမွေ့အောင်လုပ်ဆောင်ပေးတဲ့နေရာတွေမှာ အသုံးပြုပါတယ်
ဥပမာ အောက်ကပုံကို ကြည့်ပါ။ အပေါင်းဗို့အားလိုင်းနဲ့ အနှုတ်ဗို့အားလိုင်းကို capacitor တစ်လုံးနဲ့ဆက်ထားလိုက်ရင် Power supply ကလာတဲ့ pure DC မဖြစ်ပဲလာတဲ့ လှိုင်းတွေကို Pure DC ဖြစ်အောင်စစ်ထုတ်ပေးပါတယ်။


http://www.myanmarengineer.org/mefuploader/uploaded_files/CapacitorPowerFilter.jpg
ပုံ


အဲဒါမျိုးဟာ Audio နဲ့ ပတ်သတ်တဲ့ circuit တွေမှာ မဖြစ်မနေအသုံးပြုကြပါတယ်။ power supply ကနေပြီး မလိုလားအပ်တဲ့ နှောင့်ယှက်သံတွေကို အ၀င်မှာတင် ကြိုစစ်လိုက်တဲ့ သဘောပါ။
ပြီးတော့ လျှပ်စီးကို သိုလှောင်ထားပေးပါတယ်။ ဒီတော့ ပေးသွင်းဗို့အားက မငြိမ်ပဲ တက်လိုက်ကျလိုက်ဖြစ်နေရင်တောင်မှ
အချိန်အတိုင်းအတာတစ်ခုအထိ လျပ်စီးကိုသိုလှောင်ပေးထားတဲ့အတွက် ပုံမှန်ဗို့အားကို ရရှိနေအုံးမှာပါ။ + or - ခွဲမယ်ဆိုရင် လက်တွေ့ မှာ electrolytic capacitor တွေကို ကြည့်လိုက်ရင် အဖြူရောင်လိုင်းရှိတဲ ငုတ်ဟာ အနှုတ်ဖြစ်ပါတယ်။ အောက်မှာ capacitor ပုံတွေကိုပြထားပါတယ်။
Ampilifier တွေမှာ frequency စစ်ထုတ်ပုံ အမျိုးမျိုးရှိတဲ့အနက် တစ်ခုကိုရှငိးပြပါ့မယ်။ ဥပမာ bass, treble control တွေကို Soundbox တို့ woofer တို့မှာ တွေ့ဖုးမှာပေါ့။ ဘေ့စ်သံလိုအပ်ရင် LOW Frequency ကိုပဲ Filter လုပ်ပြီး စီးဆင်းခိုင်းရင်ရပါတယ်။
အဲလိုပဲ treble အသံကို လိုချင်ရင် High Frequency ကိုပဲစစ်ထုတ်ပြီး စီးဆင်းခိုင်းရင်ရပါတယ်။ Bass အသံ မပါတဲ့ signal ဖြစ်တဲ့ high freqency ချည်းပဲလိုတယ်ဆိုပါစို့ low frequency စီးဆင်းနိုင်တဲ့ capacity ရဲ့ + ငုတ်ကို signal လိုင်းမှာချိတ်ပြီး - လိုင်းကို Ground ချလိုက်ရင် ရပါတယ်။
အလုပ်လုပ်ပုံကတော့ signal ဟာ capacitor ရှိတဲ့နေရာကို ရောက်တာနဲ့ low frequency တွေဟာ capacitor ကို ဖြတ်ပြီး ground ကိုရောက်သွားပါတယ်။ ကျန်တဲ့ signal မှာ high frequency တွေပဲ ကျန်ပါတော့တယ်။ အဲဒါကို IC နဲ့ပဲ ဖြစ်ဖြစ် Transistor နဲ့ ပဲ ဖြစ်ဖြစ်
ချဲ့လိုက်ရင် bass အသံမပါလာတဲ့ အသံတွေပဲရရှိမှာပါ။အောက်က ပုံတွေဟာ capicitor ပါတဲ့ အပိုင်းက RC network ဟာဖြစ်နိုင်ပါတယ်။ ရှင်းအောင်လို့သာ အကြမ်းဆွဲထားခြင်းဖြစ်ပါတယ်။ ဒီလိုမျိုးချည်းရှိတယ်လို့မယူဆကြပါနဲ့။
a

http://www.myanmarengineer.org/mefuploader/uploaded_files/CapacitorFilter.jpg

ပုံ လှိုင်းစစ်ထုတ်ပုံတစ်မျိုး



http://www.myanmarengineer.org/mefuploader/uploaded_files/CapacitorFilterCoupling.jpg

ပုံ လှိုင်းစစ်ထုတ်ပုံနောက်တစ်မျိုး

ဒီပုံကို သုံးတာ ပိုများပါတယ်။ လိုအပ်တဲ့ frequency ကို coupling condensor ကို ဖြတ်ခိုင်းတဲ့သဘောပါ။


(မှတ်ချက်။ electrolytic capacitor တွေကို အပေါင်းအနှုတ်ခွဲခြားတတ်ရပါမယ်။ + or - ခွဲမယ်ဆိုရင် လက်တွေ့ မှာ electrolytic capacitor တွေကို ကြည့်လိုက်ရင် အဖြူရောင်လိုင်းရှိတဲ ငုတ်ဟာ အနှုတ်ဖြစ်ပါတယ်။ )




Multisim အသုံးပြုပုံ

http://www.myanmarengineer.org/mefuploader/uploaded_files/multisimStep5.jpg


Multisim ကို တင်လိုက်ပါ။ပြိးပါက menu က file ကနေပြီး new file လုပ်ပါ။
ပြိးရင် menu က place ->componet

ဆက်ပြီးတော့ အောက်က ပုံတွေကို ကိုးကားပြိး လုပ်လိုက်ပါ

http://www.myanmarengineer.org/mefuploader/uploaded_files/multisim_mainprogram.jpg

http://www.myanmarengineer.org/mefuploader/uploaded_files/multisimStep1.jpg

http://www.myanmarengineer.org/mefuploader/uploaded_files/multisimStep2.jpg

http://www.myanmarengineer.org/mefuploader/uploaded_files/multisimStep3.jpg


http://www.myanmarengineer.org/mefuploader/uploaded_files/multisimStep4.jpg

http://www.myanmarengineer.org/mefuploader/uploaded_files/multisimStep5.jpg


နောက်ဆုံးကပုံလေးလိုဖြစ်အောင် လိုက်ဆက်ပါ။
နောက်ဆုံး simulate -> run ဆိုပြီး လုပ်ကြည့်ရင် led လေး လင်းလာပါလိမ့်မည်။

technowave
08-14-2009, 09:46 AM
ကိုရေခါး

အရမ်းကိုကောင်းပါတယ်။
ဆက်လက်သင်ယူဖို့စောင့်မျှော်နေပါတယ်။

february3.090
08-17-2009, 12:01 PM
ကိုရေခါးရေ
အခုကိုရေခါးဆွေးနွေးခဲ့ ခေါင်းစဉ်နဲ့ တင်ပြချက်လေးကို သဘောကြပါတယ်။ ကျွှန်တော်ကို အယ်ဒီစမ်းသပ်တဲ့ software လေးဘယ်မှ download လုပ်ရတယ်။ ဘယ်လိုရနိုင်တယ်ဆိုတာ ပြောပြနိုင်မလားဗျာ။ ကျေးဇူးအရမ်းတင်နေမှာပါ။ ကျွှန်တော်က အီလက်ထရောနစ်ကိုလေ့လာနေတဲ့ လူတစ်ယောက်ပါ။ ပြီးတော့ ကွန်ပြူတာရော ဆိုပါတော့။ လေ့လာနေဆဲပါ။ အခုကိုရေခါးပြောတဲ့ software လေးကိုအသုံးပြုပြီးစမ်းသပ်ချင်လို့ပါ။ ကျေးဇူး နော်။

stability09
08-17-2009, 01:42 PM
ဒေါင်းလုပ်ချလို့အဆင်ပြေမယ်ဆိုရင် ခုလောလောဆယ်ဒီလင့်လေးတွေယူထားလိုက်..နောက်မှ Media Fire ကနေထပ်တင်ပေးမယ်.Full Version ပါ..ကျွန်တော်စမ်းပြီးပါပြီ..

Electronics Workbench Multisim 10.0
http://rapidshare.com/files/99245133/MS_10.0.part01.rar
http://rapidshare.com/files/99245135/MS_10.0.part03.rar
http://rapidshare.com/files/99245245/MS_10.0.part02.rar
http://rapidshare.com/files/98208338/MS_10.0.part04.rar
http://rapidshare.com/files/98213285/MS_10.0.part05.rar
http://rapidshare.com/files/98229964/MS_10.0.part06.rar
http://rapidshare.com/files/98237312/MS_10.0.part07.rar
http://rapidshare.com/files/98237300/MS_10.0.part08.rar

ဒါက စီရီရယ် နဲ့ ကီးဂျန်ပါ
http://ifile.it/d8gfbow
(or)
http://www.mediafire.com/download.php?nm2inyggmgn

ဒါကတော့ နောက်လင့်တစ်ခုပါ...
http://www.mediafire.com/?m1lg1y0twzj
http://www.mediafire.com/?dn1wnenyj5o
http://www.mediafire.com/?4myndnejgoo
http://www.mediafire.com/?jczwomoyjzq
http://www.mediafire.com/?0bo02mujdyz
http://www.mediafire.com/?njumiydeedd

keygen အလုပ်မလုပ်ဘူးဆိုလို့ ပြန်တင်ထားပါတယ်..

yeakharr
08-20-2009, 02:40 PM
ကျနော်လည်း အလုပ်နဲနဲများနေတာနဲ့ နောက်ကျသွားတယ်ဗျာ။
ထပ်ပြီး ရေးပေးပါဥိးမယ်။
အခုလိုအားပေးကြတဲ့အတွက် ကျေးဇူးတင်လျက်ပါ။
software တင်ပေးသော stability09 ကိုလည်း thz ပါ။

verx13
08-21-2009, 06:27 PM
ုကိုေ၇ခါး ရေ Rapidshare link and Crack link က download မရဘူးဗျ.

AndrewSway
08-21-2009, 10:50 PM
Rapidshare & Mediafire link တခုခြင်းဆီကို browser ထဲမှာ copy & paste လုပ်ပါ။ link တွေအလုပ်လုပ်ပါတယ်။ ခရက် link ကတော့ အလုပ်မလုပ်ပါ။

phoelapyae
08-21-2009, 11:39 PM
ခရက်လင့်က အလုပ်မလုပ်တာမဟုတ်ပါဘူး .. ကရက်ကို မြန်မာမှုပြုထားလိုက်လို့ပါ .
ကျနော်မူရင်းပို့စ်မှာပဲ ကရက်လင့်ထပ်ဖြည့်ပေးထားပါတယ်ခင်ဗျာ ..

yeakharr
08-24-2009, 12:54 PM
ဒီတစ်ခါ လက်တွေ့ဆင်မှာကတော့ အခြေခံအကျဆုံးဖြစ်တဲ့ power supply အပိုင်းပါပဲ။အီလက်ထရွန်နစ်ပစ္စည်းတွေရဲ့ အသက်ပေါ့။ ပစ္စည်းတွေ ပျက်ရင်တောင် အဲဒီအပိုင်းကို အရင်စစ်ရပါတယ်။ ဒါကြောင့် ဒီပို့စ်ကို အရင်
စရေးတာပါ။လုပ်ရမှာက AC အ၀င်ရှိမယ် DC အထွက်ရမယ်။ ဒီစီ power ကိုယူနိုင်တဲ့နည်းတွေ အများကြီးရှိပါတယ်။ chemical နည်း (eg. ဘက်ထရီ ) ၊ အပူချိန်နည်း (eg.ဆိုလာ) ၊ mechanical နည်း ( eg. ရေကဖြစ်ဖြစ် လေကဖြစ်ဖြစ်
တစ်ခြားနည်းနဲ့ဖြစ်ဖြစ် generator တွေကို လည်ခိုင်းပြီး power ပြန်ထုတ်ယူတဲ့နည်း စသည်ဖြင့်ပေါ့။ အခုလောလောဆယ် ဒီမှာ ကျနော် ပြောမယ့်နည်းကတော့
အေစီပါဝါတစ်ခုရဲ့ source ကို ယူပြီး DC power ကို ယူမယ့်နည်းပဲဖြစ်ပါတယ်။ အေစီဟာ အပြန်အလှန်လျှပ်စီးပါ။ ဒီစီကတော့ တစ်ဘက်တည်းပဲစီးပါတယ်။
ဘာတွေ စီးနေလဲဆိုတော့ အီလက်ထရွန်တို့ ပရိုတွန်တို့ကြောင့် လျှပ်စစ်စီးခြင်းဆိုတာ ဖြစ်ပေါ်လာရပါတယ်။ အေစီကနေ တစ်ဘက်တည်းစီးအောင် လုပ်နိုင်ရင်
ဒီစီဖြစ်ပြီပေါ့ဗျာ။ ဒီတော့ အဲလိုလုပ်နိုင်တဲ့ ပစ္စည်းကို ရှာကြည့်ရအောင်။ အဲဒီသဘောနဲ့လုပ်ထားတဲ့ပစ္စည်းက ဒိုင်အုတ် (diode) ဆိုတာပဲ။ ဒိုင်အုတ်က ဘာလဲမေးရင် အဲလိုဂုဏ်သတ္တိရအောင်လို့လုပ်နိုင်တဲ့ပစ္စည်းတွေနဲ့
လုပ်ထားတဲ့အရာပါ။ သေသေချာချာ သိချင်တယ်ဆိုရင်ဖြင့် Electronic and Electrical Materials ဆိုတဲ့ခေါင်းစဉ်တွေနဲ့ စာအုပ်များကို ရှာဖတ်နိုင်ပါတယ်။
နောက်လာမဲ့ပစ္စည်းအားလုံးဟာလည်း သူလိုချင်တဲ့ Property ရအောင် အဲဒီ property ရှိတဲ့ ပစ္စည်းတွေကို ပေါင်းစပ်ဖွဲ့စည်းထားခြင်းပါပဲ။ဆီလီကွန်ကတော့ တော်တော်များများမှာ ပါတာပေါ့။
လျှပ်စစ်ကူးနိုင်တဲ့ ပစ္စည်းတွေ၊ လျှပ်စစ်မကူးနိုင်တဲ့ပစ္စည်းတွေ ၊ တစ်ပိုင်းပဲ လျှပ်စစ်ကူးနိုင်တဲ့ ပစ္စည်းတွေကို သူချည်းသက်သက်သော်လည်းကောင်း ပေါင်းစပ်ဖွဲ့စည်းခြင်းဖြင့်သော်လည်းကောင်း Electronics Components ( လျှပ်စစ်ပစ္စည်းများ) တော်တော်များများကို ရရှိလာပါတယ်။
ဒီတော့ကာ ကိုယ်လိုချင်တဲ့ရည်ရွယ်ချက်ကို ရောက်အောင် အဲဒီ ရည်ရွယ်ချက်ကို ဖြည့်ဆီးပေးနိုင်တဲ့ ပစ္စည်းကို သုံးလိုက်ရုံပါပဲ။ လက်တွေ့လုပ်မယ်ဆိုတော့ သိပ်ပြီး ဦးနှောက်ခြောက်ခံမနေနဲ့တော့။ အခုကျနော်ရေးနေတဲ့ ပို့စ်မှာ လက်တွေ့သုံးချဆာ့ကစ်များဆိုပြီး ဆာ့ကစ်တွေကို ဒီအတိုင်း
ဆင်ဆိုပြီး ပြောမသွားပါဘူး။ တတ်နိုင်သလောက် ရှင်းပြသွားမှာပါ။ ဒါမှ EC EP မဟုတ်ရင်တောင် နားလည်အောင်လို့ပါ။

[မှတ်ချက်။ amaung ရေးထားတဲ့ (EC EP အခြေခံ Wave form တိုင်းတာနည်းများ ) http://www.myanmarengineer.org/forum/index.php/topic,4089.45.html မှာ သေသေချာချာရှင်းပြထားပါတယ်။ power supply အကြောင်းလည်း ပါပါတယ်။ ဒီမှာတော့
လက်တွေ့ပုံစံပိုပေါက်အောင် ချဉ်းကပ်ထားတဲ့ section ဖြစ်တဲ့အတွက် အခြေခံမှအစ ပါစေချင်လို့ ကျနော်ထပ်ရေးထားခြင်းသာ ဖြစ်ပါတယ်။ပုံမှန်အားဖြင့် ကိုamaung ပို့စ်ဖတ်ထားရင်တောင် ရပါပြီ။ ]



ပုစ္ဆာ။ ။ ဒီစီလိုချင်တယ်။ ၁၂ ဗို့ရအောင်လုပ်ပေးပါ။ အေစီ source ကိုသုံးပါ။

ဖြေရှင်းချက်။ ကျနော်တို့ခေါင်းထဲမှာ ထည့်ရမှာက ၁၂ ဗို့ဒီစီဆိုတာပဲ။ အေစီကို ဒိုင်အုတ်ကိုဖြတ်ခိုင်းရင် ဒီစီရတယ်ဆိုတာသိပြီ။ ၁၂ ဗို့ရအောင် ဘယ်လိုလုပ်မလဲဆိုတာ သိဖို့လိုလာပြီ။
ကျနော်တို့တိုင်းပြည်မှာ AC power Standard က 220v 50/60 Hz ပါ။ အိုကေ... 220 volts ကိုပဲ ဒိုင်အုတ်ကို ဖြတ်ခိုင်းကြည့်ပါ။ 220v DC (ခန့်မှန်းခြေ -- အနီးစပ်ဆုံး) ရမှာပါ။
AC 12v ကို သုံးရင် DC 12 v ရမှာပေါ့။ ဒါဆို 220 က အရမ်းများနေပါတယ်။ DC high voltage ကို လိုအပ်ချက်ရှိတဲ့နေရာလောက်ပဲ သုံးကျပါတယ်။ ပုံမှန်ဆာ့ကစ်တွေဆိုရင်တော့ 24 ~ under 24 volts တွေပဲ သုံးကြပါတယ်။
TV တွေမှာ CRT ကို မောင်းဖို့ Fly Back တွေမှာ တော့ ဗို့အားအမြင့်တွေ သုံးပါတယ်။ အခုကျနော်တို့ပြသာနာက AC 220 v ကို အရင် 12 v ရအောင် လုပ်ဖို့ပဲ။ ဒီတော့ ဘာတွေ ရှိလဲရှာတော့
Transformer ကို တွေ့ရမှာပေါ့။ Transformer က Step-up နဲ့ Step-Down ရှိတယ်။ ခုလိုအပ်ချက်က Step-down ပဲ။ ဒီနေရာမှာ Transformer ကို ရှင်းဖိုရလိုအပ်လာပြီ။ ၁၀တန်းအဆင့်လောက်ဆို သင်ဖူးကြမှာပါ။
Transformer ဆိုတာ အူတိုင်(ဥပမာ သံ) တစ်ခုမှာ Coil တွေကို ပတ်ထားတာပါ။ အူတိုင်သုံးထားတဲ့ ပစ္စည်းရဲ့အရည်အသွေးနဲ့ Coil အဖြစ်သုံးပြုထားတဲ့ Wire ရဲ့ အရည်အသွေးအပေါ်မူတည်ပြီး
တိကျခြင်း မတိကျခြင်းတော့ ရှိပါတယ်။ အ၀င်coil ကို primary coil ပေါ့။ အထွက်coil ကို secondary coil လို့ခေါ်ပါတယ်။ အူတိုင်ကောင်းကောင်း ကြီးကြီးသုံးထားရင် အင်ပီယာများများရပါတယ်။ အပူချိန်ကို ပိုခံနိုင်ပါတယ်။
အီလက်ထရွန်တွေ များများစီးစိးတာကို ခံနိုင်တယ်။ အီလက်ထရွန်တွေ များများစီးတော့ အပူချိန်တွေများများထွက်တာကိုလည်း ခံနိုင်တယ်။ ပတ်တာကတော့ များများပတ်ရင် ဗိုရများများရပါတယ်။
အ၀င်coil ကိုဘယ်လောက်ပတ်။ secondary coil ကို ဘယ်လောက်ဆိုတာက formula တွေရှိပါတယ်။ အလွယ်မှတ်ဖို့က အ၀င်ကများပြီး အထွက်ကနည်းချင်ရင် အ၀င်ကို များများပတ်။ အထွက်ကို နဲနဲပတ်ရမယ်ဆိုတာကိုပဲ။
အခုသုံးမယ့်ဟာကိုတော့ transformer ကိုကိုယ်တိုင်တော့ မပတ်တော့ဘူး။ ၀ယ်ကြရအောင်။ ဈေးကွက်မှာ တရုတ်ကထုတ်တဲ့ ready made transformer တွေရှိပါတယ်။ အခုရွေးချယ်ထားတဲ့ transformer က 220 အ၀င်။ 12 v အထွက်
transformer ပါ။ ပုံကိုကြည့်ပါ။ transformer ရဲ့ အနီနှစ်စဟာ အေစီနှစ်စနဲ့ချိတ်ပေးလိုက်ပါ။ အထွက်မှာ အလယ်က Center tap ပါ။ အစွန်းနှစ်ဘက်ကိုသုံးရင် 24 ဗို့လောက်ရပါတယ်။ center-tap နဲ့ အစွန်းတစ်ဘက်ကို သုံးရင်
12ဗို့ရပါတယ်။ 12 volt ဓါတ်ခဲနှစ်လုံးကို ဆက်လိုက်သလိုပေါ့ အောက်က 12 အပေါ် 12 ဆိုတော့ 24 ပေါ့။ audio အပိုင်းတွေမှာ center-tap ကို 0 ဗို့ထားပြီး အပေါ်ကို +12 v ။ အောက်တစ်စကို -12v ရအောင်လုပ်ကြပါတယ်။ အသံအရည်အသွေးပိုကောင်းအောင် ဗို့တွေကို လိုအပ်သလိုသုံးချင်လို့ပါ။

http://www.myanmarengineer.org/mefuploader/uploaded_files/TransformerEcpost1.jpg


[ ပုံ transformer]

ကျနော်သုံးထားတာက အစွန်းတစ်စနဲ့ အလယ်တစ်စကို သုံးထားပါတယ်။ အခုချိန်မှာ အနီနှစ်စကို အေစီနဲ့ချိတ်လိုက်ပြီး ဒီဘက်က အစွန်းတစ်စနဲ့ အလယ်စကို multi meter ရဲ့ AC ဗို့အားတိုင်းတဲ့နေရာမှာထားပြီး တိုင်းလိုက်ပါ။
12 / 13 AC ဗို့လောက်ပြနေပါလိမ့်မယ်။ အ၀င်နှစ်စကို တိုင်းလိုက်ပါ။ 220 /200 v လောက်ပြပါလိမ့်မယ်။ အခုချိန်အထိ အေစီပဲရှိပါသေးတယ်။ ဗို့အားလျှော့ထားပြီးသား အခြေနေတော့ ရောက်နေပါပြီ။ ဒါကို ဒီစီလုပ်ချင်တယ်ဆိုတော့ ဒိုင်အုတ်ကို ဖြတ်ခိုင်းရအောင်။
အဲဒီ ဒိုင်အုတ်တွေကို Rectifier Diodes တွေလို့ခေါ်ပါတယ်။ Half wave rectifier နဲ့ Full wave rectifier ဆိုတာ ရှိပါတယ်။ အဲဒီသဘောကို အသင်းဝင်တစ်ယောက်ရေးထားတဲ့ ပို့စ်တစ်ခု မှာ သေသေချာချာရှင်းပြပြီး ဖြစ်တဲ့အတွက် ကျနော်ပို့စ်မှာ ချန်လှပ်သွားပါရစေ။
Full wave rectifier နည်းကိုပဲ သုံးမယ်ဆိုတော့ ဒိုင်အုတ်ကို လေးလုံးသုံးပါမယ်။ သုံးနည်းက ဒိုင်အုတ်နှစ်လုံးကို တန်းဆက် ဆက်လိုက်ပါ။ အဲဒီဒိုင်အုတ်နှစ်လုံးရဲ့ ဆက်ထားတဲ့ ကြားနေရာကို AC တစ်စဝင်လိုက်ပါ။
နောက်နှစ်လုံးကို တန်းဆက်ဆက်လိုက်ပါ။ ကြားနေရာကို အေစီ နောက်တစ်စနဲ့ဆက်လိုက်ပါ။ အေစီတော့ ဆက်ပြီး full wave rectifier အနေဖြင့် DC ထုတ်ဖို့ပဲကျန်တော့တယ်။ လှိုင်းက တစ်ခြမ်းစီ ရတာဆိုတော့ လှိုင်းအပြည့်ရသွားပါပြီ။
DC ကိုဘယ်လိုထုတ်မလဲ။ ခုနက တန်းဆက်ဆက်ထားတဲ့ ဒိုင်အုတ်တစ်စုံစီရဲ့ ညာဘက် အစွန်းနှစ်ဘက်ကို ဆက်လိုက်။ အဲဒီနေရာက ဒီစီအပေါင်း +12 ရသွားပါပြီ။ သို့သော် ဗို့ဆိုတာ ပိုတင်ရှယ်ခြားနားခြင်းကို ပြောတာဆိုတော့ နောက်တစ်စလိုကိုလိုပါတယ်။
- ဗို့ဖြစ်ရင်ဖြစ်မယ်။ ၀ ဖြစ်ရင်ဖြစ်မယ်။ + ဖြစ်ရင်ဖြစ်မယ်။ အခုက 0v ပေါ့။ အဲဒါမှ 12ဗို့ရမှာ။ နောက်ဆုံးကျန်နေတဲ့ဒိုင်အုတ်တစ်စုံစီရဲ့အစွန်းနှစ်စကို ဆက်လိုက်ပြီး DC တစ်စထုတ်ပါ။ ဒါဆို ပိုတင်ရှယ်ခြားနားခြင်းရသွားပါပြီ။


http://www.myanmarengineer.org/mefuploader/uploaded_files/MultimeterEcpost.jpg

[ပုံ Multi Meter ပုံ]

အခုတိုင်းရမှာက ဒီစီအပေါ်တစ်စနဲ့ အောက်တစ်စရဲ့ ခြားနားခြင်းကိုပါ။ multi meter ယူလိုက်ပြိး DC တိုင်းရမယ့်နေရာမှာထားပြီး အဲဒီနှစ်စကို တိုင်းကြည့်လိုက်။ 9/10 v DC လောက်ပဲရပါသေးတယ်။ ဘာကြောင့်လဲ။ ဒိုင်အုတ်ကို ဖြတ်လာတဲ့
ဗို့ဟာ ဒီစီဆိုပေမယ့် အစစ်မဟုတ်သေးပါဘူး။ ဒီစီစစ်ထုတ်ဖို့လိုအပ်လာပါပြီ။ ဘာပစ္စည်းကိုသုံးမလဲ ရှာကြည့်တော့ ။ Capicitors ကိုသွားတွေ့တယ်။ + နဲ့ - နှစ်ကြိုးကို Electrolytic capacitor + - ကို ခွလိုက်ရင် ဒီစီစစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့
capacitor ကို အဲဒီ ရည်ရွယ်ချက်၇အောင်လို့ အဲဒီလို လုပ်နိုင်တဲ့ materials သုံးပြီးလုပ်ထားလို့ပါပဲ။ ကျန်တဲ့အသင်းဝင်များရေးထားတဲ့ပို့စ်များတွင် ဖတ်ရူနိုင်ပါတယ်။ Advanced ကိုတော့ မပြောတော့ပါဘူး။ ဒါကိုလိုချင် ဒါကိုသုံးလို့ အလွယ်မှတ်လိုက်ရင်အေးတာပဲ။ ကဲအခုချိန်မှာ ဒီစီကို တိုင်းကြည့်။ 12/13 v DC ရနေပါလိမ့်မယ်။

သုံးထားတဲ့ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး ဗို့အားအတိုးအလျှော့ရှိနိုင်ပါတယ်နော်။


http://www.myanmarengineer.org/mefuploader/uploaded_files/powerSupplyMultisim.png

[ပုံ multisim ပုံ]

အပေါ်ကပုံကို ကြည့်ပါ။ ကျနော် multisim v 10 ကို သုံးပြီးဆွဲထားတဲ့ပုံပါ။ resistor နဲ့ LED က power ရမရကို စမ်းချင်လို့သုံးထားတာပါ။ မရှိလည်းရပါတယ်။ C1 မထည့်ခင် multisim က Oscillator ကိုသုံးပြီး wave form ကို ကြည့်ကြည့်ပါ။
C1 ထည့်ပြီး wave form ကို ပြန်ကြည့်ပါ။ တော်တော်ကွာနေပါလိမ့်မယ်။


http://www.myanmarengineer.org/mefuploader/uploaded_files/PowerSupplyInProjectBoard.jpg

[ပုံ လက်တွေ့တပ်ဆင်ထားပုံ]

ပုံကိုကြည့်ပါက Capacitor C1 မထည့်လည်းရပါတယ်။ အကြံပြုချင်တာကတော့ ထည့်ကိုထည့်သင့်ပါတယ်။ R1 နဲ့ LED1 လည်းမလိုပါဘူး။ ဒါပေမယ့် Load တစ်ခုအနေနဲ့တော့ ပါသင့်ပါတယ်။ ပါဝါရမရစမ်းဖို့ Indicator သက်သက်ပါပဲ။ LED က Indicator ဆိုတော့ R1 ကဘာကြောင့်ထည့်ရလဲဆိုတော့
LED ဟာ 3 v/ 2v မှာ အလုပ်လုပ်ပါတယ်။ Current ကိုလည်း အများကြီးမခံနိုင်ရှာပါဘူး။ ဒါကြောင့်သုံးထားတာပါ။လက်တွေ့မှာ Rectifier ဒိုင်အုတ်ကို ဆင်ရင် အဖြူလိုင်းလေးပါတဲ့ ငုတ်ကို ညာဘက် လှည့်ထားပါ။ LED ကိုဆင်ရင် ပင်အရှည်ကို အပေါင်းဘက် ( R1) ဘက်ကို
တပ်ဆင်ပါ။ Capacitor ကိုဆင်ရင် - လို့ရေးထားတဲ့အဖြူလိုင်းဘက်ကို အနှုတ်လိုင်းနဲ့ ဆက်ပါ။ ပုံက Project board ရဲ့ အပေါ်ဆုံးလိုင်းကို diode မှထွက်လာသော DC အပေါင်းကို ဝါယာကြိုးအပြာရောင် နဲ့ဆက်ထားတာကို မြင်ရမှာပါ။ diode မှာထွက်လာသော အနှုတ်လိုင်းကို
အောက်ဆုံးက ဒုတိယလိုင်းထဲသို့ အဖြူရောင် ဝါယာကြိုးနဲ့ဆက်ထားတာကိုလည်း မြင်ရပါမည်။

[မှတ်ချက်။ resistor code တိုင်းတာနည်းကို ကျန်တဲ့ အသင်းဝင်များရေးသားထားသော ပို့စ်များတွင် ဖတ်ရှုနိုင်ပါတယ်]

########
#Part lists #
########

Rectifier Diodes 1 အင်ပီယာ 4 လုံး
Transformer 220v AC in -> 12 V DC Out တစ်ခု
Capacitor C1 470 uF 25volts 1 လုံး
Resistor 1Kohm 1 လုံး
LED 1 လုံး

#------------------------------------------------------------------------------------------------------------------

ဒီပို့စ်ကတော့ ဒီမှာတင် ပြီးဆုံးပါပြီ။ Regulated power တော့ မဟုတ်သေးပါဘူး။ နောက်ပို့စ်မှာ အခုဆာ့ကစ်ကိုပဲ Regulated ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးပေးပါ့မယ်။
တည်ငြိမ်ဗို့အား လိုအပ်တဲ့ sensor ဆာ့ကစ်တို့ Micro Controller Circuit(eg. PIC/ PLC ) တွေမှာ Regulated power supply ဟာ အလွန်အရေးပါပါတယ်။ နောက်ပိုင်းမှာ PIC တွေကို
ဆွေးနွေးပေးဖို့ရည်ရွယ်ချက်ရှိတဲ့အတွက် Regulated power supply အပိုင်းကို နားလည်ထားဖို့လိုအပ်ပါတယ်။ နောက်ပိုင်းပို့စ်တွေမှာ transistor အပိုင်း IC အပိုင်းတွေကို သီအိုရီနည်းနည်း လက်တွေ့များများနဲ့ဆက်လက်တင်ပြသွားပါ့မယ်။
သီအိုရီကျွမ်းကျင်သူများ တင်ထားသော ပို့စ်များတွင် သီအိုရီအား သွားရောက်ဖတ်ရူပေးကြပါ။
အမှားပါရှိပါက ပြင်ဆင်ပေးနိုင်ပါရန် ကျွမ်းကျင်သူများကို ဖိတ်ခေါ်ပါတယ်။

#---------------------------------------------------------------------------------------------------------------------------


အားလုံးကို ကျေးဇူးတင်လျက်
လေးစားစွာဖြင်
ရေခါး ( MEF )

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

yeakharr
09-20-2009, 01:06 PM
ဒီခေါင်းစဉ်အောက်မှာ ကိုက်ညီတဲ့ ပရောဂျက်များရှိရင်လည်း တင်ပေးကြပါဦး
ကျနော်က ဖိုရမ်ကိုရောက်တာနည်းတော့ တင်မပေးနိုင်မှာစိုးလို့ပါ
အားလုံးကိုကျေးဇုးတင်လျက်
ရေခါး

zawzaw14
10-31-2009, 09:57 AM
ဒီခေါင်းစဉ်အောက်မှာ ကိုက်ညီတဲ့ ပရောဂျက်များရှိရင်လည်း တင်ပေးကြပါဦး
ကျနော်က ဖိုရမ်ကိုရောက်တာနည်းတော့ တင်မပေးနိုင်မှာစိုးလို့ပါ
အားလုံးကိုကျေးဇုးတင်လျက်
ရေခါး


ကျွန်တော် နောက်ပိုင်း PIC Hardware ပိုင်းနဲ့  Software ပိုင်းတွေ သင်ပေးပါမယ်။ အခုလောလောဆယ်မအားသေးလို့ ပါ ၊ PIC က Hardware ပိုင်မှ Software ရေးတာပိုကောင်းတယ် ၊ ကျွန်တော်ပြောပြမှာကတော့ Assembly Language နဲ့ ပါ၊ အခုလောလောဆယ်တော့ PIC စိတ်ဝင်စားတဲ့ သူတွေကို အကြံဥာဏ်ပေးချင်ပါတယ်၊
PIC စိတ်ဝင်စားတဲ့ သူတွေဟာ အနည်းဆုံး Project Board ၊ Meter ၊ Electronic Component ၊ Programmer Board ရှိရပါမယ်၊ စာအုပ်တွေ လည်းရှိရပါမယ် ၊ ဆရာဝင်းထက်ဝင်း ရေးတဲ့ PIC စာအုပ်တွေကို အားရင် ဖတ်ထားသင့်ပါတယ်။ ဒါမှ ပြန်သင့်တာပဲဖြစ်ဖြဖြစ် ၊ သင်တန်းတက်တာပဲ ဖြစ်ဖြစ် အဆင်ပြေမှာပါ ၊ သင်တန်းတက်ရင်လည်း မရှင်းတာရှိရင် ဆရာကို မေးတတ်သွားပါတယ် ၊ ဘာလို့ လဲဆိုတော့ ကိုယ်က PIC နဲ့ ပက်သက်ပြီး အခြေခံ Background Knowledge ရှိသွားလို့ ပါ။ အားရင် Software လေးတွေကို စမ်းသုံးသင့်ပါတယ် ၊ MPASMWIN တို့  MPLAB IDE တို့  စမ်းသုံးထားသင့်ပါတယ် ။ ဆက်လက်ရေးပါအုန်းမယ် :)

zawzaw14
11-05-2009, 03:52 PM
PIC မှာ ပထမဆုံး
LOW SCALE
MID SCALE - 16F84A
LARGE SCALE
PIC16F 84 ၇ဲ့ အောက်ပိုင်းကို Low Scale လို့ ခေါ်ပါတယ် ။ အပေါ်ပိုင်းကို Large Scale လို့ ခေါ်ပါတယ်။ ပြီးတော့ Assembly မှာ Hexadecimal ကိုသုံးပါတယ်၊ဥပမာ
Decimal 0 1 2 3 4 5 6 7 8 9
Hexadecimal 0 1 2 3 4 5 6 7 8 9 0A 0B 0C 0D 0E 0F ပါ 0F ပြီးမှ 10 11 12 13 ...........18 19 1A 1B 1C 1D 1E 1F စသဖြင့် ရေတွက်ပါတယ်။

ကျွန်တော် အခုလောလောဆယ် ယေဘုယျ သဘောတရားတွေနဲ့ Concept ပိုင်းကိုတင်သွားပါမယ်။ ပြီးမှ တစ်ခုချင်းဆီကို ပြန်လည်ဆွေးနွေးတင်ပြပါမယ် ၊ PIC 16F84A မှာ အသုံးပြုတဲ့ instruction list က 35 ခုပဲရှိပါတယ်။
ပြီးတော့ PIC16F84A မှာက Memory က
- Program Memory
-Data Memory ( EEPROM)
-Data Memory (RAM)

အေ၇ာ
03-02-2010, 06:03 PM
ကျွန်တော် နောက်ပိုင်း PIC Hardware ပိုင်းနဲ့  Software ပိုင်းတွေ သင်ပေးပါမယ်။ အခုလောလောဆယ်မအားသေးလို့ ပါ ၊
အားရင် Software လေးတွေကို စမ်းသုံးသင့်ပါတယ် ၊ MPASMWIN တို့  MPLAB IDE တို့  စမ်းသုံးထားသင့်ပါတယ် ။ ဆက်လက်ရေးပါအုန်းမယ် :)


အစ်ကိုရေ အချိန်အားလပ်ခဲ့လျှင် PWM Command အသုံးချပုံ နမူနာလေးတွေ ရေးပြစေချင်ပါတယ်။
Induction motor သေးသေးလေးကို Variable speed ရအောင် AC Sine wave စစ်စစ်နဲ့မောင်းမှာမို့ပါ။

အေ၇ာမေ

zawwinhtet01
03-10-2010, 08:11 PM
ကျွန်တော် မနက်ဖြန်မှာ လက်တွေ့ RUN ကြည့်လို့ရမယ့် circuit wizard လေး ၁ခုကို တင်ပြပေးသွားမှာပါ။ လျှောက်ကလိကြည့်လို့ရတာပေါ့။နမူနာယူပြီး ဘယ်လိုပြန်လုပ်မယ်ဆိုတာကို အဖြေထုတ်ကြည့်လို့ရတာပေါ့။နောက်ပြီး ၅၅၅ timer oscillator အကြောင်းဆွေးနွေးသွားတာပေါ့။ ;) :)

ချီးဘူးလေး
03-12-2010, 09:21 PM
ဒီမှာပဲမေးလိုက်တော့မယ်ဗျာ
ကျွန်တော် ၁၂ ဗို့ ဘက်ထရီအိုးလေးတစ်လုံးကနေ ၅ ဗို့ ၃ ဗို့အစရှိသဖြင့် DC to DC ပြန်ထွက်ချင်ပါတယ်ဗျာ။
ဒီပုံလေးတွေကတော့ ကျွန်တော်ရှာတတ်သလိုရှာထားတာပါ။ ဟုတ်မဟုတ်ရယ် ဟုတ်ရင်လဲ ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို ပြောပြကြပါဦး အကိုအမတို့ရေ။

A-220R
12 VDC to 5 VDC
Linear Regulator
http://www.matco.com/A-220R.jpg
# Regulated DC 12V to 5V
# Size:1 1/8" x 7/8"

A-220SR
12 VDC to 5 VDC
Switch Regulator
http://www.matco.com/A222SR.jpg
# Regulated DC 12V to 5V
# Size:1 3/4" x 1"

nyi.nyi
03-13-2010, 03:15 AM
battery ကထွက်တဲ့ DC ကတည်ငြိမ် ပြီးသားပါ။
အကိုပြောသလို source က battery ကနေလာတာ ဆိုရင်တော့ ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့ 
အကုန်အကျ အသက်သာဆုံးနဲ့  အလွယ်ကူဆုံး နည်းလမ်းက
resistor တစ်လုံးနဲ့  diode တွေကို series သာဆက်လိုက်။
အဲ့ဒီ diode series မှာခွပေါ်တဲ့ voltage က အကို လိုချင်တဲ့ regulated voltage ဘဲ။
ရိုးရိုးသာမန် diode မှာ ခွပေါ်တဲ့ voltage က ~0.6v (FORWARD) ရှိတယ်။
zener diode မှာ ခွပေါ်တဲ့ voltage က အမျိုးမျိုး ရှိတယ်။
ဥပမာ။ ။ 5v zener ဆိုရင် 5v (REVERSE) ရှိတယ်။
ကျန်တဲ့ ပိုနေတဲ့ voltage တွေက resistor မှာ drop သွားလိမ့်မယ်။

http://i92.photobucket.com/albums/l13/nyi1/diode.jpg

ဒီ နေရာမှာ မကောင်းတာတစ်ခုက power တွေ resistor မှာ drop သွားတဲ့အတွက် အလကားနေရင် မသုံးရဘဲ ဆုံးရှူံးနေတာ တစ်ခုဘဲ။
efficiency နဲတာပေါ့။ ဒီထက် efficiency ပိုကောင်းတာဆိုရင်တော့ အဲ့ဒီ အကို ပုံထဲက linear regulator ic နဲ့  က အလွယ်ဆုံးဘဲ။
သူက 78series လို့ ခေါ်တယ်။ 7809 ဆိုရင် output က 9V, 7805 ဆိုရင် output က 5v, 7803 ဆိုရင် output က 03v regulated ထွက်တယ်။
အ၀င်နဲ့  အထွက်မှာ capacitor တစ်လုံးစီ parallel ဆက်ပေးရုံဘဲ

http://i92.photobucket.com/albums/l13/nyi1/78series.jpg

တကယ်လို့  source က AC ကနေလာတာဆိုရင်တော့ အဲ့ဒီ switched-mode voltage regulator တွေကိုသုံးသင့်ပါတယ်။
switched-mode ဆိုရင်တော့ output voltage ကို ကိုယ်လိုသလို အသေးစိတ် ထုတ်နိုင်တာပေါ့။

ချီးဘူးလေး
03-15-2010, 02:01 AM
ကိုညီရေ
ကျွန်တော် Linear Regulator ဆိုတဲ့ဆားကစ်လေးကို ကိုယ်တိုင် ခဲတို့ချင်လို့
အဲဒါ ၀ယ်ရမယ့် ပစ္စည်းအမျိုးအမည်ရယ် ဆားကစ်ပတ်လမ်းလေးရယ် ပေးဦးနော် ;)

နောက်အကိုပြောတဲ့အတိုင်း စီးရီးလိုက်ဆက်ဖို့ကိုလဲ ၀ယ်ရမယ့်ပစ္စည်းအမျိုးအစားလေးနဲ့ ပါတ်လမ်းပုံစံလေး ပေးပါဦးဗျာ
ခုလိုကတ်သီးကတ်သတ်မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ဖြေပေးတဲ့အတွက် နေပြည်တော်ရောက်ရင် ကော်ကော်တိုက်ပါ့မယ်ဗျာ ::)

nyi.nyi
03-15-2010, 08:54 AM
အပေါ်က post မှာ သောက်ပျင်းကြီးပြီး ပုံကို ဖြစ်ကတတ်ဆန်းဆွဲလိုက်တာ ဆောရီးး)
ဒီဟာက ကျွန်တော် circuit maker နဲ့  simulation လုပ်ထားတာပါ။
resistors - 2k (အတိအကျ မလိုပါဘူး)
general diode - 1N4001 (or) 1N4002 (or) ... ရိုးရိုး silicon rectifier diode ဆိုရပါပြီ။
5V zener diode - 1N751 (အဲ့ဒီ number တွေမရလဲ 5V zener diode ဆိုရင် ပြီရော)
capacitors - 0.3uF and 0.1uF (အတိအကျ မလိုပါဘူး)
78xx IC က 5V output အတွက်ဆိုရင် 78L05 (or) LM7805 (or) UA7805C အကုန်အတူတူကြီးပါဘဲ
http://i92.photobucket.com/albums/l13/nyi1/lvr.jpg

OMG!!!!
i'm so sorry
i didn't look up 78L05's data sheet
it's a little different
http://i92.photobucket.com/albums/l13/nyi1/untitled-4.jpg

sawkyiiphyu
01-26-2011, 10:34 PM
ကိုညီရေ အပေါ်မှာ ပြပေးထားတဲ ဆားကစ်လေးတွေကို တွက်ချက်ရှင်းလင်းပေးရင် ကောင်းမှာဘဲဗျ ကျနော်သိတာက resistor ကိုခံလိုက်ရင် ဗို့အားလျော့သွားတယ်..ပြီးရင် capacitor ခံလိုက်ရင်လည်းဗိုအားကို လျောချလိုရတယ်ဆိုတာကို သိတယ်... .capacitor ကိုလည်း ohms ပြန်ရှာလိုရတယ်ဗျာ. capacitor ကို ohms ပြန်ရှာတဲအချိန်မှာ resistor နဲ ပြောင်းပြန်နည်းကို အသုံးပြုတယ်လေ resistor က series ချိတ်ထားရင်တိုက်ရိုက်ပေါင်းထည့်လိုရပါတယ် capacitor က series ချိတ်ထားရင် resistor parallel နည်း နဲ ohms ကိုပြန်တွက်လိုရပါတယ်.ဒါပေမယ်.diode နဲ zener diode ဘာလိုခံရတယ်ဆိုတာလေးကို ဒီဆားကစ်မှာ နားမလည်လို....diode က အပေါင်းဗို့အားမှာ အလုပ်လုပ်တယ်ဆိုတာရယ် zener diode က အနုတ်ဗို့ အားမှာ အလုပ်လုပ်တယ်ဆိုတာတော့သိပါတယ်
ဒီဆားကစ်မှာ ရှိတဲresistor မှာ ၀ါယာကြိုးရဲ့  ခုခံမှုကိုရောထည့်ထားသေးလားမသိဘူး....

nyi.nyi
01-27-2011, 02:16 AM
ဒီလိုလေ ကျွန်တော်တို့  လိုချင်တာက voltage regulator မဟုတ်လား။ diode တစ်လုံးကို forward bias (+v to anode, -v to cathode) ပေးရင် (diode အပြည့် ON ပြီး လျှပ်စစ်ဖြတ်စီး နိုင်တဲ့အချိန်) saturation ဖြစ်နေတဲ့ အချိန်မှာ diode မှာ ခွပေါ်တဲ့ voltage က 0.7V လောက်ရှိတယ်လေ။ လွယ်လွယ်ပြောရရင် diode က 0.7V ရမှ လျှပ်စစ်စီးနိုင် တာပေါ့။ diode=ON တာနဲ့  ခွပေါ်နေတဲ့ voltage က diode ရဲ့  forward breakdown voltage (ဥပမာ 50V) မကျော်သေးသရွေ့  diode မှခွပေါ်တဲ့ voltage က အမြဲ 0.7V ဘဲရှိနေမှာလေ။ 50V ကျော်သွားရင်တော့ diode ပျက်စီးသွားမှာပေါ့။ အဲ့ဒီတော့ ကျွန်တော်တို့ က 12V ဘက်ထရီ ကနေ 1.4V ပုံမှန် regulated ဗို့  လိုချင်ရင် diode ၂ လုံးကို forward series ဆက်လိုက်ရင် 0.7 x 2 ~ 1.4V လောက် ရတဲ့ voltage regulator တစ်ခုရမှာပေါ့။ zener diode ရဲ့ သဘောတရားကလဲ အဲ့ဒီလိုဘဲ။ zener diode ရဲ့ ထူးခြားချက်တစ်ခုက သူ့ ကို reverse bias (-v to anode , +v to cathode) ပေးလိုက်ရင် zener ရဲ့  breakdown voltage (ဥပမာ 9V) မကျော်တဲ့ အချိန်ဆို လျှပ်စစ် ဖြတ်မစီး နိုင်ဘဲနဲ့  9V ကျော်သွားတာနဲ့  လျှပ်စီး current ကို အပြည်အ၀ ဖြတ်စီးခွင့်ပြုလိုက် ပြီး သူ့ မှာ ခွပေါ်နေတဲ့ voltage က သူ့ ရဲ့  reverse breakdown voltage 9V မှာ ပုံမှန် ကျန်ရှိနေတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ က ပုံမှန် regulated 9V လိုချင်ရင် 9V zener diode တစ်လုံးကို ပြောင်းပြန်ထည့်ပြီး negative bias ပေးလိုက်ရုံနဲ့  အဲ့ဒီ zener မှာ ခွပေါ်နေတဲ့ 9V ကို ရ နိုင်တာပေါ့။
ဒုတိယ ပုံကိုကြည့်ရင် အ၀င်က 12V အထွက်က 0.7V ဒါဆို ကြားထဲမှာလွတ်နေတဲ့ 12-0.7=11.3V ကို ဘယ်လို လုပ်မလဲ??? အဲ့ဒီ 11.3V ကို ကြားထဲမှာ resistor တစ်လုံးခံပြီး drop လုပ်ချလိုက်ရမှာပေါ့။ အဲ့ဒါကြောင့် ကြားထဲမှာ resistor တစ်လုံးခံပေးလိုက်တာပေါ့။ resistor တန်ဖိုး ဘယ်လောက်ဘဲဖြစ်ဖြစ် ကြားထဲမှာ လွတ်နေတဲ့ 11.3V က resistor မှာ drop ဖြစ်သွားမှာဆိုတော့ ဒီနေရာမှာ resistor ရဲ့  တန်ဖိုးကို တွက်ကြည့်စရာ မလိုဘူးပေါ့။ ဒါပေမယ့် အဲ့ဒီလို လုပ်တာ efficiency ကောင်းလားဆိုတော့ ဘယ်ကောင်းမလဲ။ resistor မှာ power တွေ အလိုလို နေရင်း drop ဖြစ်ပြီး ဆုံးရှုံးနေတာကိုး။ ဒုတိယ ပုံမှာဆို P=V^2/R=11.3x11.3/1k=0.13mW လောက်က resistor မှာ အလကားနေရင် drop ဖြစ်ပြီး ဆုံးရှုံး နေမှာပေါ့။ အဲ့ဒါကြောင့် အခုနောက်ပိုင်း switching mode တွေကို သုံးကျတာပေါ့။ ဒီလို ဆားကစ် တွေမှာ ၀ါယာကြိုးရဲ့ ခုခံမှုက တခြား ပစ္စည်းတွေရဲ့  ခုခံမှုနဲ့ ယှဉ်ရင် အရမ်းနည်းတဲ့အတွက် ၀ါယာကြိုး ရဲ့ ခုခံမှု ကို ထည့်ပြီး စဉ်းစားစရာမလိုပါဘူး။ resistance = rho x L / A ဆိုတော့ စဉ်းစားကြည့်လေ PCB circuit board တွေမှာ ဆွဲထားတဲ့ ကြေးလိုင်းတွေ ရဲ့  အရှည် နဲ့  သူတို့ ရဲ့  ကန့် လန့် ဖြတ် အေရိယာ နဲ့  ကြေးနီရဲ့  rho (resistivity) နဲ့  တွက်ကြည့်ရင် micro ohm လောက်ဘဲရှိလိမ့်မယ် ဆိုတော့ ဒီလိုမျိုး သာမာန် analog circuit တွေမှာ ၀ါယာကြိုးရဲ့  ခုခံမှူကို ထည့်မစဉ်းစား တတ်ကျဘူးပေါ့။ ဘယ်လို နေရာတွေမှာ စဉ်းစားလဲဆိုတော့ ဥပမာ ဓါတ်တိုင် power line တွေ မှာ power loss ဖြစ်မှု ကိုတွက်ရင် ဓါတ်ကြိုးရဲ့  ခုခံမှုကိုထည့်စဉ်းစားကြတယ်။ ဓါတ်ကြိုးရဲ့ အရှည် (L) များလာတဲ့အမျှ ဓါတ်ကြိုးရဲ့  resistance လည်းကြီးလာမှာကိုး။ ဒါမှမဟုတ် radio frequency circuit တွေမှာ circuit တိတိကျကျ အလုပ်လုပ်နိုင်ဖို့ အတွက် အဲ့ဒီ တစ်လက်မ နှစ်လက်မ လောက်ဘဲ ရှိတဲ့ ကြေး ၀ါယာလိုင်းလေးတွေကိုပါ ထည့်တွက်ကျတယ်။ transmission lines နဲ့  impedance matching အကြောင်းလေ့လာဖူးမယ်ထင်တယ်။
============== ၀ါယာ/ကြေးလိုင်း
============== ၀ါယာ/ကြေးလိုင်း
circuit တွေမှာ ကြေးလိုင်းနှစ်လိုင်း (conductors) ပြိုင်နေရင် သူတို့ ကြား ရှိတဲ့ ပလက်စတစ် (insulator) နဲ့ ပေါင်းပြီး conductor-insulator-conductor လိုမျိုးဖြစ်ပြီး capacitor လိုဖြစ်နေတတ်တယ်လေ။ integrated circuit တွေမှာလည်း ဒီအတိုင်းဘဲ။ wire နှစ်လိုင်း ကပ် နေတဲ့ နေရာတိုင်းမှာ အဲ့ဒီလို parasitic capacitance ဆိုတဲ့ capacitance တွေရှိလာတတ်တယ်။
=============== conductor
--------------------------- insulator
=============== conductor
သာမာန် analog circuit တွေမှာ အဲ့ဒါတွေကို ထည့်စဉ်းစားစရာမလိုပေမယ့် radio frequency circuit တွေ IC တွေ တိတိကျကျ အလုပ်လုပ်ဖို့ လိုလာတဲ့ circuit တွေမှာကျတော့ အဲ့ဒီ လိုဖြစ်လာတဲ့ parasitic capacitance နဲ့  သူ့ ရဲ့  impedance ကိုစောကြည်ဖြူပြောတဲ့ capacitor ကနေ ohm ပြန်ရှာလို့ ရတယ်ဆိုတဲ့ impedance က Z = 1 / (j 2 pi f c) ဆိုတော့ circuit frequency ပြောင်းတာနဲ့ အမျှ impedance တန်ဖိုးပါ လိုက်ပြောင်း နေမှာပေါ့ ဟုတ်တယ်မလား။ အဲ့ဒီလို တိတိကျကျ အလုပ်လုပ်ဖို့ လိုလာတဲ့ circuit တွေမှာကျတော့ ၀ါယာကြိုး ကိုပါ ထည့်စဉ်းစားရတာပေါ့။
power supply တွေမှာတော့ capacitor ကို filter အနေနဲ့  သုံးထားတာပေါ့။ (frequency ရှိတဲ့) AC ကို ဖြတ်သန်းစီးစေပြီး (frequency မရှိတဲ့) DC ကို ထိန်းသိမ်း သိုလှောင် ပေးတဲ့ အတွက် AC တွေကို ground ကိုဆွဲချလိုက်ပြီး DC ကို သိုလှောင်-တဆင့်ပြန်ထုတ် ပေးခြင်းဖြင့် အထွက်မှာ DC စစ်စစ် ကို ရရှိအောင် လုပ်ပေးတဲ့သဘောပေါ့။

အေ၇ာ
02-03-2011, 03:57 PM
အကုန်အကျ အသက်သာဆုံးနဲ့  အလွယ်ကူဆုံး နည်းလမ်းက
resistor တစ်လုံးနဲ့  diode တွေကို series သာဆက်လိုက်။
အဲ့ဒီ diode series မှာခွပေါ်တဲ့ voltage က အကို လိုချင်တဲ့ regulated voltage ဘဲ။
ကျန်တဲ့ ပိုနေတဲ့ voltage တွေက resistor မှာ drop သွားလိမ့်မယ်။

http://i92.photobucket.com/albums/l13/nyi1/diode.jpg

တကယ်လို့  source က AC ကနေလာတာဆိုရင်တော့ အဲ့ဒီ switched-mode voltage regulator တွေကိုသုံးသင့်ပါတယ်။
switched-mode ဆိုရင်တော့ output voltage ကို ကိုယ်လိုသလို အသေးစိတ် ထုတ်နိုင်တာပေါ့။
ညီညီ ရေ
ချီးဗူးလေးက သတ်မှတ်ဘောင်တစ်ခုအတွင်းမှာ တည်ငြိမ်ဗို့အားတစ်ခုခုရချင်တိုင်း
လိုအပ်သလို ပြောင်းလဲချိန်ညှိနိုင်ပေးကာ ရယူနိုင်တဲ့ ဒီစီပါဝါဆပ်ပလိုင်း တစ်ခုလက်တွေ့တည်ဆောက်ကြည့်ချင်တာလို့ နားလည်မိပါတယ်။

သူက လျှပ်စီးဘယ်လောက်ဆွဲယူသုံးချင်တာလည်းထုတ်မပြောတော့ နဲနဲလေး ခွကျသွားတယ်နော်။
ဆိုပါတော့ ၁ အမ်ပီယာလောက်လား၊ ဒါမှမဟုတ် ၃အမ်ပီယာလား၊ ၅အမ်ပီယာလား စသည်ဖြင့် သူ့မှာစိတ်ကူးတစ်ခုခုတော့ ရှိနေမှာပေါ့နော်။

ညီညီ လွယ်ကူသက်သာအောင် ဖြေရှင်းပေးတဲ့ နည်းလမ်းလေးကိုလည်း အေ၇ာ သဘောကျပါတယ်။
သူက သတ်မှတ်တည်ငြိမ်ဗို့အားပဲပြောလိုက်တော့ အတိအကျရနိုင်တာတော့ သေခြာနေပြီ။
ဒီနည်းလမ်းက လျှပ်စီးကြောင်း ဘယ်လောက်ဆွဲမှာ အထိ အဆင်ပြေနိုင်မလဲရယ်
ပြီးတော့ ဒီစီပါဝါသုံးစွဲမည့်ဘယ်လိုပစ္စည်း/ပတ်လမ်း မျိုးတွေအတွက်သင့်တော်သလဲ ဆိုတာမျိုးလေးတွေ ထပ်မံ ဖြည့်စွက်ရှင်းပြပေးပါဦးလို့ တိုက်တွန်းလိုပါတယ်။

လေးစားစွာဖြင့်
အေ၇ာမေ

အေ၇ာ
02-03-2011, 04:54 PM
ဒါပေမယ်.diode နဲ zener diode ဘာလိုခံရတယ်ဆိုတာလေးကို ဒီဆားကစ်မှာ နားမလည်လို....diode က အပေါင်းဗို့အားမှာ အလုပ်လုပ်တယ်ဆိုတာရယ် zener diode က အနုတ်ဗို့ အားမှာ အလုပ်လုပ်တယ်ဆိုတာတော့သိပါတယ်
ဒီဆားကစ်မှာ ရှိတဲresistor မှာ ၀ါယာကြိုးရဲ့  ခုခံမှုကိုရောထည့်ထားသေးလားမသိဘူး....
ကြည်ဖြူရေ ရိုးရိုးဒိုင်အုတ်တွေရဲ့သဘာဝက လျှပ်စီးကြောင်းကို လားရာတစ်ဖက်အတွက် ပိတ်ဆို့ထားပေမယ့် ကျန်တစ်ဖက်ကိုစီးဆင်းခွင့်ပြုတယ်မဟုတ်လား။
အဲဒီလို စီးဆင်းသွားတဲ့ လျှပ်စီးဟာလည်း ခုခံမှုတချို့ကိုဖြတ်စီးရတာဖြစ်လို့ ဒိုင်အုတ်ရဲ့ အစွန်းနှစ်ဖက်မှာ ပိုတင်ရှယ်ခြားနားခြင်းဖြစ်ပေါ်ပါတယ်။
ဒါကို ဒိုင်အုတ်ကိုဖြတ်စီးရလို့ ဗို့အားအချို့ လျော့ကျသွားတယ်လို့လည်း သိနားလည်တတ်ကြပါတယ်။ အကယ်၍ ရီစစ္စတာတွေ တန်းဆက်ဆက်ပြီး တစ်လုံးစီမှာလျော့ကျတဲ့ဗို့အားကို တိုင်းကြည့်လျှင်
ရီစစ္စတာတစ်ခုတွင်လျော့ကျဗို့အား = ထိုရီစစ္စတာ၏ ခုခံမှု x ရီစစ္စတာအတွင်း စီးဆင်းသွားသောလျှပ်စီး ဆိုတဲ့နည်းတွေနဲ့လည်းတွက်ယူနိုင်ပါတယ်။ (ယူနစ်တွေ ထည့်မပြောတော့ဘူးနော်)

ဒိုင်အုတ်တွေကျတော့ ရီစစ္စတာလိုမဟုတ်ပဲ အမြဲတမ်း ပုံသေ ၀.၇ ဗို့နည်းပါး Volt drop ဖြစ်လေ့ရှိပါတယ်တဲ့။

ဒီအချက်တွေကိုအသုံးချပြီး လျှပ်စီးဆွဲယူမှုနည်းတဲ့ ပတ်လမ်းတွေရဲ့ ပါဝါဆပ်ပလိုင်းမျိုးအတွက် ဗို့အားခွဲစိတ်ရယူနိုင်ပုံကို ကိုညီညီက တင်ပြပေးတာဖြစ်ပါတယ်။

နောက်ပြီးတော့ ဇီနာဒိုင်အုတ်တွေဟာ ဗို့အားပြောင်းပြန်ရခဲ့နေခဲ့လျှင် ရိုးရိုးဒိုင်အုတ်တွေလို လျှပ်စီးကြောင်းကို တင်းတင်းကြပ်ကြပ်မပိတ်ဆို့နိုင်ပဲ လျှပ်စီးသေးသေးလေး ယိုစီးဆင်းစေတဲ့သဘာဝရှိနေပါတယ်။ အဲဒီလျှပ်စီးကြောင်းပမာဏက ပေးသွင်းဗို့အားတော်ယုံပြောင်းလဲပေမယ့် လိုက်မပြောင်းပဲ ကိန်းသေတန်ဖိုးတစ်ခုမှာမြဲနေတယ်တဲ့။
အဲဒီလို တည်ငြိမ်မြဲမြံမှုကို အသုံးချပြီး တည်ငြိမ်ဗို့အားထိန်း ပတ်လမ်းတွေအမျိုးမျိုးတည်ဆောက်ယူနိုင်ပါတယ်။

ခင်မင်စွာဖြင့်
အေ၇ာမေ

nyi.nyi
02-04-2011, 01:38 AM
@ #23
Power supply circuit က current ဘယ်လောက် အဆွဲခံတယ် ဆိုတာက သုံးထားတဲ့ ပစ္စည်း တွေ ပေါ်မူတည်ပါတယ်။ များသောအားဖြင့် load က current ဘယ်လောက် အများဆုံး ဆွဲမလဲ ဆိုတာကို အရင် စဉ်းစားပြီးမှ supply circuit ကို ပြန်တွက်ကျတာ များတယ်။ ဆိုပါစို့  resistor တစ်လုံးနဲ့  zener တစ်လုံး series ဆက်ထားတဲ့ ဆားကစ်မှာဆို ကျွန်တော်တို့ သုံးထားတဲ့ zener diode ရဲ့  power rating က 2W ဆိုရင် အ၀င် က 12V အထွက် က 9V ဖြစ်တဲ့ အတွက် zener မှာ ဖြတ်စီးသွားမယ့် အများဆုံး current က I = P/V = 2W/9V = 0.2A လောက်ဖြစ်မှာပေါ့။ zener diode တစ်လုံး အလုပ်လုပ်ဖို့  အနည်းဆုံး လိုအပ်တဲ့ current က 10mA ဆိုပါတော့။ ဒါဆို 0.2A-10mA ~190mA လောက် အထိ load ကိုပေးနိုင်မယ်လို့  မျှော်လင့်ရတာပေါ့။ 10% error လောက်ထားလိုက်ရင် ~170mA လောက် အထိ ကောင်းကောင်း ပေးနိုင်တယ်လို့  ယူဆနိုင်ပါတယ်။ ကြားထဲက resistor က ဘယ်လောက် အဆွဲခံ မလဲ ဆိုတာကိုလည်း စဉ်းစား ကြည့်မယ်ဆိုရင် ဆိုပါတော့ resistor က 1/2W resistor ဆိုရင် အ၀င်က 12V အထွက်က 9V ဖြစ်တဲ့ အတွက် resistor မှာ ခွကျန်တဲ့ ဗို့ က 3V. ဒါဆို I = P/V = 0.5W/3V ~ 150mA လောက် အထိ resistor က အဆွဲခံ မယ်လို့  ယူဆလို့ ရပါတယ်။ များသောအားဖြင့်တော့ ကိုယ်သုံးမယ့် load က voltage/current/power ဘယ်လောက် ဆွဲမလဲ ဆိုတာကို အရင် စဉ်းစားပြီးမှ အဲ့ဒီ load ရဲ့  power rating ကို ခံနိုင်မယ့် ပစ္စည်း resistor, diode, transistor စတာတွေကို ပြန်တွက်ယူ တတ်ကျတယ်။ ဥပမာ ကျွန်တော်တို့  က 9V, 100mA, 0.9W ရှိတဲ့ ပစ္စည်း load တစ်ခုကို power ပေးဖို့  အတွက် supply တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် အပေါ်မှာ တွက်ခဲ့သလို ပြောင်းပြန် ပြန်တွက်ပြီး supply မှာ သုံးရမယ့် resistor, capacitor, diode, transistor စတာ တွေရဲ့  power rating ကို ပြန်တွက်ယူရတာပေါ့။ အဲ့ဒီ တွက်လို့ ရလာတဲ့ power rating ကို ခံနိုင်မယ့် resistor, capacitor… စတာတွေကို ၀ယ်ရတာပေါ့။
http://i92.photobucket.com/albums/l13/nyi1/diodeapp.jpg
အဲ့ဒီလို diode ပုံစံမျိုး သုံးတဲ့ နေရာတွေကတော့ အများကြီးဘဲပေါ့။ ကျွန်တော် ခေါင်းထဲမှာ ရှိတာတချို့  ပြောရရင် အပေါ်က ပုံမှာဆို fig.1 မှ ဆိုရင် transistor တစ်လုံးကို saturation edge မှာ ရှိနေစေချင်ရင် base နဲ့  emitter ကြားထဲမှာ 0.6 လောက်ရှိရမယ် ဆိုတော့ diode တစ်လုံး ခံထားလိုက်ရင် diode မှာ ခွပေါ်တဲ့ voltage က 0.6 ရှိတဲ့ အတွက် အဲ့ဒီ transistor က အမြဲ saturation edge မှာရှိနေမှာပေါ့။ transistor အ၀င်မှာ signal တစ်ခုခု ရတာနဲ့  transistor တခါတည်း တန်းပြီး ON အောင်လို့ ပေါ့။
Fig.2 က ကျွန်တော်တို့  မြင်နေကျ AC-DC power supply ပါ။ zener က 9V zener ဆိုရင် အထွက်က 9V dc regulated ထွက်တာပေါ့။
Fig.3 က တခါ ကိုစောကြည်ဖြူ တင်ပေးခဲ့တဲ့ remote control ဆားကစ်ကို သတိယလို့  ပြန်တင်ပေးလိုက်တာပါ။ ပုံထဲမှာ vg40r remote control receiver တစ်ခု အလုပ်လုပ်ဖို့  3V လိုတယ်ဆိုတော့ သူ့  supply +/- pin နှစ်ခုကြားထဲမှာ 3V zener တစ်လုံး ခံပေးလိုက်တော့ receiver လိုချင်တဲ့ 3V supply ရသွားတာပေါ့။ thanks to ko sawkyiiphyu
http://myanmarengineer.org/forums/showthread.php?2704-%E1%80%A1%E1%80%B1%E1%81%80%E1%80%B8%E1%80%91%E1%80%AD%E1%80%94%E1%80%B9%E1%80%B8-remote-control-system-%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%B1%E1%80%86%E1%80%BC%E1%80%B8%E1%80%B1%E1%82%8F%E1%80%BC%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%80%9E%E1%80%8A%E1%80%B9%E1%81%8B&p=76404#post76404
fig.4 ကလည်း voltage regulator ပါဘဲ။ transistor သုံးထားတော့ current ပို အဆွဲခံတာပေါ့။ 7805 voltage regulator IC ထဲမှာသုံးထားတဲ့ ပုံစံမျိုးပါဘဲ။ အထွက်မှာ 9V လိုချင်တယ် transistor Vbe က 0.6V လောက်စားမယ်ဆိုတော့ 9.6V zener ကိုသုံးထားပါတယ်။ 9.6V zener အပြင်မှာ တကယ်ဝယ်လို့ ရ/မရတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ဒါပေမယ့် ဆိုလိုတာက zener မှာ ခွပေါ်နေတဲ့ voltage က အမြဲ 9.6 ရှိနေတဲ့ အတွက် transistor base-emitter က 0.6V ကိုဖယ်လိုက်ရင် အထွက်မှာ အမြဲ 9.0V ဖြစ်နေမှာပေါ့။

အေ၇ာ
02-04-2011, 08:17 AM
fig.4 ကလည်း voltage regulator ပါဘဲ။ transistor သုံးထားတော့ current ပို အဆွဲခံတာပေါ့။ 7805 voltage regulator IC ထဲမှာသုံးထားတဲ့ ပုံစံမျိုးပါဘဲ။ အထွက်မှာ 9V လိုချင်တယ် transistor Vbe က 0.6V လောက်စားမယ်ဆိုတော့ 9.6V zener ကိုသုံးထားပါတယ်။ 9.6V zener အပြင်မှာ တကယ်ဝယ်လို့ ရ/မရတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ဒါပေမယ့် ဆိုလိုတာက zener မှာ ခွပေါ်နေတဲ့ voltage က အမြဲ 9.6 ရှိနေတဲ့ အတွက် transistor base-emitter က 0.6V ကိုဖယ်လိုက်ရင် အထွက်မှာ အမြဲ 9.0V ဖြစ်နေမှာပေါ့။

ညီညီရေ
fig.4 လိုပတ်လမ်းတွေမှာ လိုချင်တဲ့ Output ရနိုင်ဖို့ဆိုရင်
ဇီနာရဲ့ ဗို့အားက အဓိကမကျပဲ၊ Base current က ပိုအဓိကကျနေသလားလို့ ထင်မိပါတယ်။
အေ၇ာထင်တာမှန်တယ်ဆိုလျှင် 9v ဇီနာဝယ်ပြီး ရိုးရိုးResistor နေရာမှာ တန်ဖိုးပြောင်းနိုင်တာလေးနဲ့ အစားထိုးလိုက်လျှင် ကောင်းမလားလို့လည်းတွေးမိပါတယ်။
ဖြစ်နိုင်မဖြစ်နိုင် ရှင်းပြပေးဖို့ တိုက်တွန်းပါတယ်ရှင်။

လေးစားစွာဖြင့်
အေ၇ာမေ

nyi.nyi
02-04-2011, 10:21 AM
မအေရာ ဆိုလိုတာ ကျွန်တော် သေချာ သဘောမပေါက်ဘူး။ မအေရာ ဆိုလိုတာက transistor ကိုသုံးမယ့် အစား zener diode နဲ့  pot/variable resistor တစ်ခု ကိုဘဲ series ဆက်ပြီး အထွက်ဗို့ ကို ကိုယ်လိုချင်သလောက် ရအောင် variable resistor တန်ဖိုးကို အတိုးအလျော့လုပ်ပြီး ရယူမယ်လို့ ပြောတာလား မသိဘူး??
ဒီနေရာမှာ resistor ရဲ့  ရည်ရွယ်ချက်က zener ကို သွားတဲ့ current ကို Limit လုပ်ပေးပြီး voltage ကို drop လုပ်ပေးတာပါ။ transistor ရဲ့  ရည်ရွယ်ချက်က အထွက်မှာ ရှိတဲ့ ဗို့ ကို 9V ပုံမှန်ဖြစ်အောင် ထိန်းပေးတာပါ။ သူ့ အလုပ်လုပ်ပုံ အသေးစိတ် ကိုပြောရရင် zener voltage Vz = Vout + Vbe (transistor ရဲ့  base-emitter voltage) ဖြစ်တဲ့ အတွက် အထွက် မှာ ရှိနေတဲ့ 9V က အကြောင်း တစ်ခုခုကြောင့် မြင့်တက်သွားတယ်ဆိုပါတော့။ ဒါဆို အောက်က zener voltage က ပုံသေ 9V ဖြစ်နေတဲ့ အတွက် transistor ရဲ့  Vbe က လျော့ကျ ရတော့မယ်။ Vbe လျော့ကျတာနဲ့  transistor ကိုဖြတ်စီးသွားတဲ့ collector-emitter current Ic (output current) လဲ လိုက်ပြီး လျော့ကျမယ်။ အထွက် current လျော့ကျတဲ့ အတွက် ခုနက မြင့်တက်မလို ဖြစ်လာတဲ့ အထွက် ဗို့ လဲ ပြန်ပြီး လျော့ကျပြီး 9V ကို ပြန်လျော့ကျသွားမယ်။ Vload = Vout = Rout x Iout = Rout x Ic = Rload x Iload. အဲ့ဒီလိုဘဲ တကယ်လို့  အထွက်ဗို့ က အကြောင်းတစ်ခုခုကြောင့် လျော့ကျ သွားတယ်ဆိုလဲ Vz = Vout + Vbe ဖြစ်တဲ့ အတွက် Vbe တိုးလာရမယ်။ Vbe တိုးလာတာနဲ့  Ic = Iout လဲ လိုက်တိုးလာမယ်။ Iout တိုးလာတာနဲ့  Vout လဲပြန်တိုးလာမယ်။ အဲ့ဒီနည်းနဲ့  transistor က အထွက်ဗို့ ကို 9V မှာ တည်ငြိမ်နေအောင် ထိန်းပေးထားတာပါ။ သဘောက သူ့  feedback က အထွက် voltage ကို အခြေခံပြီး အ၀င် current ကို ထိန်းပေးတဲ့ သဘောမျိုးပေါ့။ #23 ကပုံလိုမျိုး resistor နဲ့  zener ကို series ဆက်တာက ကြာရင် resistor က ပါဝါစားပြီး အထွက်က current ဆွဲလေ resistor က ပူလာပြီး ပါဝါ ဆုံးရှုံးလေ ဖြစ်တဲ့ အတွက် ကြားထဲမှာ transistor ကို switch အနေနဲ့  ခံပေးလိုက်တဲ့ သဘောပေါ့။ diode, resistor တွေထက်စာရင် transistor က current ပို အဆွဲခံတယ်လေ။ resistor ရဲ့  တန်ဖိုးက zener diode ကို reverse breakdown region ထဲကို ရောက်အောင် ပို့ ပေးတဲ့ နေရာမှာ အဓိက ကျပါတယ်။

အေ၇ာ
02-04-2011, 11:55 AM
ညီညီရေ
ဇီနာကို ၉.၂ဗို့ အလွယ်ဝယ်လို့မရပဲ 9Vဖြစ်ဖြစ် 12Vဖြစ်ဖြစ်သာ ၀ယ်လို့ရတယ်ဆိုပါတော့။
fig.4 မှာ ပြထားတဲ့ Resistor တန်ဖိုးအပြောင်းအလဲလုပ်ပြီး Output 9V ထွက်အောင် လုပ်နိုင်မှာလားဆိုတာ လေ့လာသူအများစုအတွက် တွက်ချက်ရှင်းပြပေးဖို့တောင်းဆိုတာဖြစ်ပါတယ်။
ပတ်လမ်းပုံ နည်းစနစ်ပြောင်းဖို့နှင့် transistor ကိုမသုံးတော့မယ့် သဘောမျိုး လုံးဝ မဆိုလိုပါဘူးနော်။

ခင်မင်စွာဖြင့်

အေ၇ာမေ

nyi.nyi
02-04-2011, 06:02 PM
ကျွန်တော် သဘောပေါက်ပြီ။ မအေရာ ပြောတာ ဖြစ်နိုင်ပါတယ်။ zener diode ရဲ့  reverse breakdown voltage မှာ tolerance က 5% 10% စသဖြင့် ရှိတတ်တဲ့ အတွက် 9V zener ဆိုပေမယ့် သူ့ ရဲ့  breakdown voltage နယ်ပယ်က ဥပမာ 10% tolerance ဆိုရင် 8.1V-9.9V ကြားပြေးနေမှာပေါ့။ transistor ရဲ့  base-emitter Vbe ON voltage ကလဲ 0.6 အတိအကျ မဖြစ်နိုင်တဲ့အတွက် ကြားထဲမှာ အတိုးအလျော့ လုပ်လို့  ရတာပေါ့။ အဲ့ဒီတော့ resistor ကို ချိန်ပေးခြင်းအားဖြင့် zener diode current ကို ထိန်းပေးနိုင်ပြီး အဲ့ဒီ 10% tolerance အတွင်းမှာ ပြောင်းပေးနိုင် မယ်လို့ ပြောလို့ ရပါတယ်။
တွက်ချက်ဖို့ အတွက် ဆိုရင်တော့ စိတ်ထဲရှိတဲ့ လွယ်လွယ် ဂဏာန်းတွေဘဲ သုံးလိုက်တော့မယ်။ ဥပမာ အ၀င်က 12V, အထွက်က 9V, Load က 9V, 10mA => 9V/10mA = 900 Ohm ရှိတယ် ဆိုပါတော့။ zener နဲ့  transistor အတွက်ကတော့ သူတို့ ရဲ့  datasheet ကိုကြည့်ရမှာပေါ့။ ဒီမှာတော့ စိတ်ထဲရှိတာဘဲ လွယ်လွယ် ထည့်လိုက်တော့မယ်။ တစ်ခုတော့ရှိတယ်။ အထွက်က 9V ဖြစ်တဲ့အတွက် zener voltage ကတော့ အနည်းဆုံး 9V + Vbe ON voltage ထက်တော့ကြီး၇မှာပေါ့။ တချို့  transistor တွေက 1.1V မှ ON ပြီး တချို့  က 0.6V ဆို ON တယ်ဆိုတော့ သုံးတဲ့ transistor ပေါ်မူတည်ပြီး ချိန်ပေးရမှာပေါ့။ ဆိုပါတော့
သုံးထားတဲ့ zener က 10V zener, Iz = 5mA @ 10V ရှိပြီး သုံးထားတဲ့ transistor က 1A, 500mW, Vbe ON = 0.6V, Ic = 150mA, current gain beta = 100 ဆိုပါတော့။ ဒါဆို base ထဲကို စီးဝင်တဲ့ current က Ib = Ic / beta = 150mA / 100 = 1.5mA။ ဒါဆို resistor မှာ ဖြတ်စီးသွားတဲ့ current Ir က base ထဲကိုစီးဝင်တဲ့ current Ib နဲ့  zener ကိုဖြတ်စီးတဲ့ current Iz နှစ်ခုပေါင်းဖြစ်တဲ့အတွက် Ir = Ib + Iz = 1.5mA + 5mA = 6.5mA
Resistor မှာ ခွပေါ်တဲ့ voltage Vr က input voltage – zener voltage = Vr = Vin – Vz = 12 – 10 = 2V
ဒါဆို resistor တန်ဖိုးက R = Vr / Ir = 2V / 6.5mA = 300 Ohm ရှိမှာပေါ့။
ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလို zener Vz = 10V, Vbe = 0.6 ဖြစ်တဲ့အတွက် အထွက် Vout = 9.4V လောက်ဖြစ်နေမှာပေါ့။ အဲ့ဒါကို 9.0V ရဖို့ အတွက်ဆိုရင် zener ကို 9.6V လို့  ယူဆလိုက်ပြီး
Vr = 12V - 9.6V = 2.4V
R = 2.4V / 6.5mA = 370 Ohm. သဘောက ကိုယ်လိုချင်တဲ့ 9V ရဖို့  resistor တန်ဖိုး ထက်တိုးပေးရမှာပေါ့။
အဲ့ဒီနည်းနဲ့  resistor ကို ချိန်ပေးပြီး zener ရဲ့  tolerance အတွင်းမှာ Vz ကို နှိမ့်ပေး မြှင့်ပေး လုပ်ပေးခြင်းဖြင့် လိုချင်တဲ့ Vout = 9.0V ကို ချိန်ယူလို့ ရနိုင်မယ်လို့  ယူဆရပါတယ်။
http://i92.photobucket.com/albums/l13/nyi1/sim.jpg
ဒီလို ပုံစံမျိုး opamp သုံးပြီး လုပ်တာမျိုးလဲရှိပါတယ်။ အထွက် ဗို့ ကို Variable resistor နဲ့  လိုသလို အတိုးအလျော့ လုပ်နိုင်တာပေါ့။ Opamp ရဲ့  အလုပ်လုပ်ပုံက သူ့ ရဲ့  အ၀င် pin ၂ခု (+) နဲ့  (-) ကြားထဲက ခြားနားခြင်းက (+V) ဆိုရင် သူ့ ရဲ့  အထွက်က (+V) ဖြစ်ပြီး transistor ကို ပို ပွင့်စေတယ်။ အ၀င် pin ၂ခု ရဲ့  ကြားထဲက ဗို့ က (-V) ဆိုရင် opamp အထွက်မှာ (-V) ဖြစ်ပြီး transistor ကို ပို ပိတ်စေတယ်။ အဲ့ဒီတော့ တကယ်လို့ သာ Vout (V2) က Vz ထက် လျော့ကျသွားမယ် ဆိုရင် opamp အ၀င်မှာ Vin+ က Vin- ထက်ကြီးပြီး (+V) အ၀င်ဖြစ်တဲ့အတွက် Opamp အထွက်မှာ (+V) ဖြစ်ပြီး transistor ကို ပိုပွင့်စေ ပြီး transistor ကို ဖြတ်စီးသွားတဲ့ output current ပိုပြီး စီးစေတဲ့ အတွက် ကျနေတဲ့ အထွက် Vout ကို ပြန်ဆွဲတင်ပေးပါတယ်။ တကယ်လို့  Vout က မြင့်တက်သွားပြီး Vz ထက်ကြီးသွားမယ် ဆိုရင်တော့ opamp အ၀င်မှာ Vin- က Vin+ ထက်ကြီးသွားပြီး အ၀င်မှာ (-V) ဖြစ်တဲ့အတွက် opamp အထွက်မှာလည်း (-V) ဖြစ်ပြီး transistor ကို ပို ပိတ်စေပြီး transistor ရဲ့  collector current ကို ပို နည်းစေတဲ့ အတွက် output current နည်းသွားပြီး output voltage လဲ ပြန် လျော့ကျ သွားမှာပါ။ အဲ့ဒီမှာ variable resistor ကို ချိန်ပေးခြင်းအားဖြင့် ကိုယ်လိုချင်တဲ့ output voltage ကို လိုအပ်သလို အသေးစိတ် ပြောင်းယူလို့ ရပါတယ်။ ပိုကောင်းတဲ့ supply လိုချင်ရင်တော့ IC သုံးတာပေါ့။

hninn nu
02-18-2011, 12:02 PM
electronics workbench multisim 10.0 ကို down လို့မရဘူး အစ်ကို..ကျွန်တော်အဲဒီ software ကိုသဘောကျလို့ပါ။ ကူညီပါဦး။ ကျေးဇူးတင်ပါတယ်။

hninn nu
02-18-2011, 12:33 PM
အစ်ကိုပေးတဲ့ linkက download လုပ်တာမရတာလား မdownတတ်တာလားမသိဘူး...ကျေးဇူးပြုပြီး mediafire ကတင်ပေးပါ။ ကျေးဇူးတင်ပါတယ်...

nyi.nyi
02-18-2011, 02:11 PM
ဒီအောက်မှာ ကိုဖိုးလပြည့် တင်ပေးထားတဲ့ mediafire links တွေ အကုန်ကောင်းပါတယ်။

http://www.mediafire.com/?yjmyzd1iyol
http://www.mediafire.com/?m2q2dkwrzjy
http://www.mediafire.com/?wmmztnzimnz
http://www.mediafire.com/?m0m2m3tjgna
http://www.mediafire.com/?wjmigtzzl1d
http://www.mediafire.com/?yn0nwnzdefx
http://www.mediafire.com/?mtwyytzywzy
http://myanmarengineer.org/forums/showthread.php?2755-%E1%80%A1%E1%80%AE%E1%80%9C%E1%80%80%E1%80%B9%E1%80%91%E1%80%B1%E1%80%9B%E1%80%AC%E1%80%94%E1%80%85%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%AC-%E1%80%B1%E1%80%86%E1%80%AC%E1%80%B7%E1%80%96%E1%80%B9%E1%81%80%E1%80%B2%E1%80%9C%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8&p=23713&viewfull=1#post23713