PDA

View Full Version : ၀က်သားအချိုချက်



ချစ်ပူတူး
08-03-2009, 03:48 PM
http://3.bp.blogspot.com/_74oDYRAYtjQ/RvE-OPaPNuI/AAAAAAAAAYM/GilyFzBiPVY/s200/DSCN2865.JPG

ဝက်သားအချိုချက်
ဒီနေ့တော့ သူငယ်ချင်းအားလုံးအတွက် ၀က်သားအချိုချက်နည်းလေး ပြောပါရစေဦးနော်။ ၀က်သားကို ခပ်လတ်လတ်အတုံးလေးတွေဖြစ်အောင်တုံးပြီးတော့ ပဲငံပြာရည်အကြည်အပျစ်အရော၊ သကြား၊ ဆား၊ ချင်းအရည်၊ အချိုမှုန့်လေးနည်းနည်းတို့နဲ့ နှပ်ပြီး နယ်ထားပေးပါ။
ကြက်သွန်အဖြူကို အခွံနွှာပြီး ကျောဘက်ကနေ ၃ ခြမ်းစီလောက်စီ ခြမ်းပေးပါ။ ကြက်သွန်နီကို မထူမပါးလေးတွေဖြစ်အောင် လှီးထားပေးပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ Pressure cooker ထဲကို ခုနက နယ်ထားတဲ့ ၀က်သားတွေရယ်၊ ကြက်သွန်ဖြူနီတို့ကို ရောပြီးထည့်ပြီး သမအောင်နယ်ပေးပါ။ ပြီးတော့မှ အဖုံးကို လုံအောင်ပိတ်ပြီး ၁၀ မိနစ်လောက် တည်ပေးပါ။ ၁၀ မိနစ်ပြည့်ပြီဆိုရင် မီးပိတ်ပြီး ဟင်းအိုးကို ၅ မိနစ်လောက် အအေးခံပေးပါ။ ပြီးရင်တော့ ဟင်းအိုးအဖုံးကို ဖွင့်ပြီးတော့မှ ရေနည်းနည်းထပ်ထည့်ပြီး နောက်ထပ် ၅ မိနစ်လောက် ထပ်တည်ပေးပါ။ ပြီးတော့မှ ဟင်းအိုးအဖုံးကိုဖွင့် အပေါ့အငံလေးမြည်းကြည့်ပါ။ အနံ့အရသာက ၀က်ခြေထောက်ပေါင်းလိုပဲ ချိုချိုမွှေးမွှေးအိအိဆိမ့်ဆိမ့်နော်။ တချို့ကတော့ အဲ့ဒီဝက်သားအချိုချက်ထဲကို ရှီတာကေးမှို၊ ပဲပြားလိပ်၊ ကြွက်နားရွက်မှို အဲ့ဒါမျိုးတွေ ထည့်တတ်ပါသေးတယ်။ ပြီးတော့မှ အပေါ်ကနေ ကြက်သွန်မြိတ်လေး ဖြူးစားရုံပါပဲ၊ ငရုတ်ကောင်းကြိုက်တတ်ရင် ထည့်စားလို့ရတယ်နော်။

konge
08-03-2009, 04:51 PM
ပဲငံပြာရည်က အကြည့်နဲ့ အပျစ်နဲ့  ဆတူရောရမှာလား :? ပြီးတော့ ကျွန်တော့်ဆီမှာ pressure cooker မရှိဘူးဗျ။ ရိုးရိုး တည်နည်းနဲ့ ဆိုရင်ရော နူးအောင်ဒီတိုင်းပဲ ပြုတ်ရမှာပဲ ထင်တယ်။ တစ်ကယ် လုပ်စားမှာ ဒီတစ်ပါတ်ထဲကို ဟီးဟီး :4:

ချစ်ပူတူး
08-04-2009, 12:16 PM
http://2.bp.blogspot.com/_74oDYRAYtjQ/SLVF70QrFOI/AAAAAAAAA7o/gVjd_4LOWBQ/s200/P1020620.JPG
konge ဒါလေးချက်စားပါလား....၀က်သားနှပ်

ဝက်သားနှပ်တဲ့အခါမှာ လိုအပ်တဲ့ ပစ္စည်းတွေကတော့
ဝက်သား (၅၀) ကျပ်သား
ကြက်သွန်နီကြက်သွန်ဖြူ
ချင်း
နာနတ်ပွင့်
ရှာလကာရည် (အချဉ်အရသာပေါ် မူတည်ပြီး ထည့်ပါ။ ကျွန်မက မြန်မာဗီနီကာကို သုံးပါတယ်။ ၀က်သား ငါးဆယ်သားအတွက် ဗီနီကာ လက်ဖက်ရည်အကြမ်းပန်းကန်လုံး တစ်လုံးစာ ထည့်ပါတယ်)
သကြား
ဆား
ဟင်းခတ်မှုန့်
ဆီတို့ပါနော်။

ဝက်ခေါက်ကို မဖောက်ထုံးသုပ်လိမ်းပြီး အမျှင်တွေကို သန့်စင်အောင် ဇာဂနာနဲ့ နှုတ်ပေးပါ။ ပြီးရင် ၀က်သားကို ရေစင်အောင်ဆေးပြီး အရွယ်တော် အတုံးလေးတွေဖြစ်အောင် တုံးပေးပါနော်။ ပြီးရင် ၀က်သားကို ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ရှာလကာရည်တို့နဲ့ နယ်ပေးထားပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၊ ရေဆေးပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ပါတယ်။ ကြက်သွန်နီကိုအလုံးကြီးရင် လေးစိတ်ထိုးပါတယ်။ အလုံးသေးရင်တော့ အလုံးလိုက် ထည့်ဖို့ ပြင်ထားရပါမယ်။ ချင်းကိုတော့ ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးပေးထားပါနော်။ နာနတ်ပွင့်ဖတ် သုံးခုလောက်ကိုလည်း မညက်တညက်လေး ထောင်းလိုက်ပါနော်။
ပြီးရင် အိုးတစ်လုံးကိုယူပြီး အိုးထဲမှာ ဆီနည်းနည်းထည့်၊ ပြီးရင် သကြား (လက်ဘက်ရည်ဇွန်း ၃ ဇွန်း) ထည့်ပြီး မွှေပေးပါနော်။ သကြားပွက်လာပြီဆိုတဲ့အခါကျရင် နယ်ထားတဲ့ ၀က်သားကိုထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။ ပြီးရင် အသင့်ပြင်ထားတဲ့ ကြက်သွန်ဖြူနီ၊ ချင်းနဲ့ နာနတ်ပွင့်တို့ထည့်ပြီး အသားတွေနဲ့ သမအောင် မွှေ၊ အိုးအဖုံးအုပ်ပြီး အသားထဲက ထွက်လာမယ့်အရည်နဲ့ ပထမတစ်ရည် ခမ်းအောင် တည်ပေးပါ။ ပထမရည်ခမ်းသွားပြီဆိုရင် နောက်ထပ် လက်ဘက်ရည်ပန်းကန်လုံးနှစ်လုံးစာ ရေထပ်ထည့်ပြီး မီးအသင့်အတင့်နဲ့ ဟင်းအိုးကို တည်ပေးပါ။ တစ်ရည်ခမ်းတိုင်း အသားတွေကို အထက်အောက် နှံ့အောင် မွှေပေးပြီး နူးအိတဲ့အထိ မီးအသင့်အတင့်နဲ့ တည်ပေးပါ။ အသားတွေ နူးအိလာပြီဆိုရင် အပေါ့အငန် အရသာကို မြည်းပြီး လိုတဲ့အရသာကို ထည့်ဖြည့်ပါနော်။ ၀က်ခေါက်လေးတွေကလည်း နူးအိ၊ အဆီ၊ အသားတွေမှာလည်း ချိုချိုချဉ်ချဉ်လေးတွေနဲ့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ၀က်သားနှပ်လေးရပါပြီနော်။
မလုလုဘလော့မှကူးယူတင်သည်။

ဟင်းချက်ဖြစ်ရင်ဖိုရမ်ကသူငယ်ချင်းတွေကိုကျွေးမှာလား? ;D