PDA

View Full Version : Autocad Dwg file များ blocks,hatch pattern..plugin ..share ကြမယ်



papagyi
08-04-2009, 02:25 AM
ဒီခေါင်းစဉ်လေးမှာ ကျွန်တော်တို့ share ပေးလို့ရ နိုင်မယ့် Autocad Dwg file များ blocks,hatch pattern..plugin ..
စသဖြင့် ဝေမျှစေချင်ပါတယ် ....နောက်လူတွေအတွက်လေ့လာနိုင်သလို လုပ်ငန်းခွင်ထဲက သူတွေလဲ ဝေမျှကြပြီး
ပြည့်စုံစေချင်လို့ပါ ... :)

papagyi
08-04-2009, 02:49 AM
ပထမဆုံး ကျွန်တော်ကပဲ စပြီး တင်ပေးပါ့မယ် ..
မူရင်းက တရုတ် dwg ပါ ..ဒီထဲမှာ autocad 2d တွေကို architectural point of view ကနေဆွဲထားပါတယ်..
သူ့ presentation,design တွေ ကိုလေ့လာနိုင်ပါတယ်... :)
..http://www.mediafire.com/file/k2jtynyt2uj/zeng1.rar

papagyi
08-14-2009, 01:46 AM
ဒါလေးကတော့  inax toilet 2d နဲ့ 3d နောက် urinal 3d လေးတွေပါ...inax brand တွေပါပဲ.. :)

Amoine
09-13-2009, 10:44 AM
ကျေးဇူးအများကြီးတင်ပါတယ် :)
အခုမှ လေ့လွင့်လာနေတဲ့သူမို့ ;) အဲ အခုမှ လေ့လာတာကိုပြောချင်တာ
နောက်ဆိုရင် share ပါမယ့် ရှိသမျှ အကုန် share မယ်။
amoine

papagyi
10-09-2009, 07:46 AM
Hatch pattern လေးတွေ ကို ပုံမှန် မတွေ့ဘူးတဲ့ design လေးတွေမြင်ဘူးမှာပါ.wood သစ်ကွက် လှလှလေးတွေ...
အမိုးအကြွလေးတွေ..စသဖြင့်ပေါ့...အဲဒါလေးတွေသုံးချင်ရင် .pat ...ဆိုတဲ့ pattern file လေးတွေ အတွက် program ရေးရပါတယ်..
အခု ရှိတာလေးတွေ တင်ပေးလိုက်ပါတယ်....အဲဒီ pattern လေးတွေပါတဲ့ folder လေးကို အဆင်ပြေတဲ့နေရာမှာထားပြီး ..autocad မှာ
" options " ......files tab အောက်က support file search path အောက်မှာ path အသစ်ကို အခုနက hatch pattern တွေစုထားတဲ့ folder လေး
ထားတဲ့ နေရာကို add လုပ်လိုက်ပါ။..ပြီးရင် hatch command ခေါ်ပြီး..pattern က custom tab ကိုသွားလိုက်ရင် pattern အသစ်လေးတွေကို
တွေ့ပြီး ...သုံးနိုင်ပါပြီ... :)

mielay
10-09-2009, 08:51 AM
ကျေးဇူးဘဲကိုပါကြီးရေ....ဒေါင်းလုတ် လုပ်သွားပါတယ်.... :)

papagyi
11-17-2009, 10:36 PM
ကျွန်တော်ဆွဲထားတဲ့ 3d ခုံလေးတင်ပေးလိုက်ပါတယ်..acad 2010,2009,2008 တို့နဲ့ဆိုရင် texture ပါကပ်ထားပြီးဆိုတော့
ပိုအဆင်ပြေပါတယ်... :)

tunaungkyaw
11-21-2009, 03:04 PM
ကဲ ကျနော်တွေ့တာလေးလင့်ပေးလိုက်ပါ့မယ်။
Hatch Pattern လေးတွေပါ။ အားရပါးရသာဒေါင်းကြပါ။
ဒေါင်းလုတ်လုပ်ရင်တော့ Pattern တစ်ခုခြင်းစီပဲ၇မှာပါ။ နောက်မှ ပြန်ပြီးတော့စုစည်းလိုက်ပေါ့။

http://img109.imageshack.us/img109/4043/newpicturez.png

ဒီအောက်ကလင့်ကိုသွားကြည့်လိုက်ပါ။

၁. http://xoomer.virgilio.it/lwcon/retini/retini1.htm
၂. http://www.autocadhatch.com/

papagyi
01-15-2010, 09:42 PM
ဒါလေးကတော့ ဘုရားစင်..2d design လေးတွေပါ..နောက် ceiling design လေးရော..ဘုရားစင် autocad
drawing ပါ zip နဲ့တင်ထားပေးပါတယ်..နောက်ဆွဲထားတဲ့ line color လေးတွေရော
လေ့လာ ဆင့်ပွား...အသုံးပြုနိုင်ပါစေ...

MZ
03-28-2010, 05:55 PM
steel sections တွေ အကုန်လုံးရဲ့ section profile တွေကို Dynamic Block လေး တခုနဲ့ လုပ်ထားတာပါ...
web thickness/ width, flange thickness/ width စတာတွေ အကုန်လုံး ကို dimension အတိအကျ နဲ့ ဆွဲထားပါတယ်...
UB, UC, PFC, EA, UEA, SHS, RHS, CHS စတဲ့ Catagories တွေ အောက်မှာ ထပ်ပြီး ကိုယ်လိုချင်တဲ့ size ကို ရွေးလိုက်ရုံပါဘဲ...
ရိုးရိုးရှင်းရှင်းလေး နဲ့ တော်တော် အသုံးဝင်တဲ့ Block လေးပါ..

http://ifile.it/v9laqke/Steel_Sections.dwg

nwe ni
03-30-2010, 10:30 AM
:imm
steel section တွေကို download လုပ်လို့မ၇လို့ပါ ။ ဘယ်လိုလုပ်၇မလဲဆိုတာကိုပြောပြပေးပါအုံး၊

ကျေးဇုးတင်လျက်
xua

papagyi
03-30-2010, 11:13 AM
ဘယ်လိုမရတာလဲမသိဘူးနော်...ပေးထားတဲ့ download ကို နှိပ်လိုက်ပြီး...အောက်နားက request download ticket
ကို နှိပ် ..ပြီးရင် ခဏစောင့်လိုက်ရင် download link ပေါ်လာလိမ့်မယ်.. :)

phyo
04-01-2010, 10:25 AM
steel sections တွေ အကုန်လုံးရဲ့ section profile တွေကို Dynamic Block လေး တခုနဲ့ လုပ်ထားတာပါ...
web thickness/ width, flange thickness/ width စတာတွေ အကုန်လုံး ကို dimension အတိအကျ နဲ့ ဆွဲထားပါတယ်...
UB, UC, PFC, EA, UEA, SHS, RHS, CHS စတဲ့ Catagories တွေ အောက်မှာ ထပ်ပြီး ကိုယ်လိုချင်တဲ့ size ကို ရွေးလိုက်ရုံပါဘဲ...
ရိုးရိုးရှင်းရှင်းလေး နဲ့ တော်တော် အသုံးဝင်တဲ့ Block လေးပါ..

http://ifile.it/v9laqke/Steel_Sections.dwg




ကို MZ ရေ...

တော်တော်လေး အသုံးဝင်တယ်ဗျာ... အခု ကျနော် ပရောဂျက်တစ်ခုရဲ့  ဒီဇိုင်းတစ်ခု Roof Crown structure တစ်ခုကို လုပ်နေရတာ.. များလိုက်တဲ့ profile တွေဗျာ.. အခု ဒါလေးနဲ့ တွယ်နေတာ.. အင်မတန် ကျေးဇူးများတဲ့ ဝေမျှချက်ပဲဗျာ.. နောက်ထပ် ဒါမျိုးလေးတွေရှိရင် လုပ်ပါဦး.. ပြီးတော့ Create လုပ်ပုံလေးကိုလည်း အားလုံးသိရအောင် အဆင်ပြေတဲ့အခါ ဖြန့် ဝေပေးပါဦးဗျာ..

MZ
04-06-2010, 12:48 AM
ကို MZ ရေ...

တော်တော်လေး အသုံးဝင်တယ်ဗျာ... အခု ကျနော် ပရောဂျက်တစ်ခုရဲ့  ဒီဇိုင်းတစ်ခု Roof Crown structure တစ်ခုကို လုပ်နေရတာ.. များလိုက်တဲ့ profile တွေဗျာ.. အခု ဒါလေးနဲ့ တွယ်နေတာ.. အင်မတန် ကျေးဇူးများတဲ့ ဝေမျှချက်ပဲဗျာ.. နောက်ထပ် ဒါမျိုးလေးတွေရှိရင် လုပ်ပါဦး.. ပြီးတော့ Create လုပ်ပုံလေးကိုလည်း အားလုံးသိရအောင် အဆင်ပြေတဲ့အခါ ဖြန့် ဝေပေးပါဦးဗျာ..



အသုံးဝင်တယ် ဆိုလို့ ရှယ် ရကျိုးနပ်ပါတယ်ဗျာ...
ရိုးရိုးသားသား ပြောရရင် ဒီ ဘလောဂ်က ကျနော်လုပ်ထားတာ မဟုတ်ပါဘူး.. ဒီလိုဘဲ ဒေါင်းလုပ် ဆွဲချထားတာပါ...

သူလုပ်ထားတဲ့ ပုံ ကိုတော့ principle ကိုနည်းနည်း မှန်းဆကြည့်ထားတာကို ပြောပြထားပါတယ်... dynamic block အခြေခံ လုပ်နည်းတော့ သိထားဘို့ လိုပါတယ်... command တခုချင်းစီရဲ့ detail သွားလိုက်ရင် တအားရှည် သွားမှာ စိုးလို့ပါ...


Steel sections category (UB, UC, RHS, etc) အောက်မှာ size အမျိုးမျိုးကို လုပ်တာ အတူတူဘဲ ဖြစ်လို့ UB တခုထဲနဲ့ဘဲ ပြောပြပါမယ်... ကျန်တာတွေလဲ အတူတူပါဘဲ...

http://img717.imageshack.us/img717/1221/89961794.jpg


block editor ထဲ သွားဝင်ကြည့်လိုက်ရင် ဒီလို တွေ့ပါမယ်...

http://img46.imageshack.us/img46/444/73125088.jpg


ပထမဆုံး အခြေခံ အကျဆုံး UB တခုရဲ့ ပုံကို ဆွဲထားပြီး အမျိုးမျိုးပြောင်းသွားမဲ့ line တွေ arc တွေ အတွက် parameter/ action တွေ စပြီး define လုပ်ထားပါတယ်..

http://img682.imageshack.us/img682/3/26862430.jpg


parameter တွေ action တွေ ရပြီ ဆိုရင် "lookup" ဆိုတဲ့ parameter/ action ကို သုံးပြီး အပေါ်အဆင့်မှာ လုပ်ခဲ့တဲ့ line/ arc တွေရဲ့ dimension အမျိုးမျိုးကို ထည့်ပါတယ်... ဒီ dimension တွေ ဘယ်လိုထည့်မယ် ဆိုတာကို ရှေ့အဆင့်မှာ ကတည်းက စဉ်းစားထားပြီး line တွေ arc တွေ အတွက် parameter/ action တွေ စပြီး define လုပ်ရမှာပါ...

http://img682.imageshack.us/img682/2152/21714584.jpg


နောက် ကိုယ် ပေါ်စေချင်တဲ့ ပုံဘဲ ပေါ်အောင် visibility ကို adjust လုပ်ယူရပါတယ်...

http://img691.imageshack.us/img691/254/20473194.jpg


အားလုံး ပြီးသွားလို့ visibility ကိုပါ အကုန် on ကြည့်လိုက်မယ် ဆိုရင် ဒီလို မြင်ရမှာပါ...

http://img163.imageshack.us/img163/9430/40725936.jpg



ဒါတွေကတော့ ကျနော် မှန်းဆထားတဲ့ procedures ပါ... မှားနေမယ် ဆိုရင်ထောက်ပြမဲ့ (သို့) ထပ်ဖြည့်မဲ့ သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်...

မူရင်း ဘယ်သူ လုပ်ထားမှန်း မသိလို့ credit မပေးနိုင်တာ ခွင့်လွှတ်ပါ...

လိပ်ကြီး
04-06-2010, 06:44 PM
ကိုကို မမ တွေ
အသုံးတဲ့ မယ်ဆိုရင် ဒီမှာ ယူလိုက်ကြပါ M&E Legend လေးတွေပါ။
ကျနော် ဒီပို့စ် မှာပဲ တင်ပေးလိုက်ပါတယ်။ Electrical Legend နဲ့ Mechanical Legend တွေပါ။
Mechanical Legend တွေအတော် များများကို သိပေမယ့် Electrical Legend တွေတော့ ကိုယ်ဖာသာတာ ကြည့်ကျက် အားပေးကြပါ ကျနော်က ဘထ္ထရီ နှစ်ငုတ်ကို တောင် မထွာရဲလောက်အောင် Electrical နဲ့ ရင်းနှီးပါတယ်။ :2: :2:
အဲဒါကြောင့်ပါ။

စကားဝှက်ကတော့ ထုံးစံအတိုင်းပါ။

အဆင်ပြေကြပါစေဗျာ

လေးစားခင်မင်လျှက်

kay lay
09-22-2010, 02:37 PM
လိုချင်ရင်ယူသုံးဖို့ 100 –Layers နော်...
Layer 1 to 100 ထိပါတယ် ..lsp file ပါ....
(Lisp မသုံဖူးသေးတဲ့  Bgginner Users တွေအတွက် ပြောတာနော်...)
File ကို Rename ပေးပြီး (.txt) ကိုဖျက်လိုက်နော်...Tools>AutoLISP>Load Application>Load လုပ်ပြီးသုံးပါ
အသုံးပြုနည်း(၁)
1 -Layer-ကိုသုံးချင်ရင်…l1 လို့  Command Line မှာ ရိုက်ပါ
ဒီလိုပဲ ...2 -Layer ကိုသုံးချင်ရင်…l2,3-Layer-ကိုသုံးချင်ရင်…l3,4-Layer-ကိုသုံးချင်ရင်…l4….လို့  Command Line မှာ ရိုက်ပါ

အသုံးပြုနည်း(၂)
1 -Layerမှာရှိနေတဲ့ Object ကို 2 -Layerပြောင်းချင်ရင်Command Line မှာ y2 ရိုက်ပါ..
ပြောင်းချင်တဲ့Object တွေကို Select လုပ်ရင် 1 -Layerမှာရှိနေတဲ့ Object က 2- Layer ထဲရောက်သွားမှာပါ..
ဒီလိုပဲ ပြောင်းချင်တဲ့  Layer ကို Command Line မှာ y2,y3,y4....,y100 ရိုက်ပါ..

အသုံးပြုနည်း(၃)
1 -Layer ကို Current Layer လုပ်ချင်ရင် 1 လို့ Command Line မှာ ရိုက်ပါ..
2 -Layer ကို Current Layer လုပ်ချင်ရင် 2 လို့ Command Line မှာ ရိုက်ပါ..

ဒီ Lisp ကို Layiso,Layoff,Layon Command တွေနဲ့  တွဲ သုံးရင် Layer တွေကို မြန်မြန်ဆန်ဆန်သုံးနိုင်ပါလိမ့် မယ်..
Saya U Robert ဆီက နမူနာယူပြီး ထပ်ရေးထားတာပါ..

kay lay
09-22-2010, 04:31 PM
http://ifile.it/v9laqke/Steel_Sections.dwg


Down လို့ မရလို့ ပါ..

aungmyintthan
10-10-2010, 03:18 AM
auto cad နဲ့ဆွဲထားတဲ့ 3D အိမ်ပုံလေးပါ

http://dl.dropbox.com/u/9622587/house.dwg
မှာ ဒေါင်းနိုင်ပါတယ် ခင်ဗျာ

phyo
10-12-2010, 04:08 PM
အောက်မှာ ဒေါင်းလုပ်ချလိုက်ပါ။
Down ပြီးတဲ့အခါ Steel Sections.txt ကို right click နှိပ်ပြီး Rename ကနေ Steel Sections.dwg လို့  ပြောင်းပြီး Save လိုက်ပါဦးနော့။


http://dl.dropbox.com/u/9563152/Steel_Sections.txt

aung hlaing
12-10-2010, 09:35 PM
attached တွေမတွေ့လို့ပါခင်များ... ရှိသေးရင် တင်ပေးပါလားဗျာ... ကျေးဇူးတင်ပါတယ်...



လင့်ပြင်ထားပေးပါပြီးခင်ဗျာ။
ရာမညဖိုးလပြည့်

kay lay
02-19-2011, 05:02 PM
Hatch Patten ရေးကြည့် မယ်..
extension ကို right click နှိပ်ပြီး Rename ကနေ .dwg လို့  ပြောင်းပြီး Save လိုက်ပါနော်..

chit tee
06-16-2011, 07:39 PM
More than 700 AutoCAD Hatchs

ကျနော် AutoCAD သိပ်မသုံးလို့ အသုံးတည့်မတည်တော့ သေချာမသိဘူး စမ်းကြည့်ကြပါ။
အသုံးပြုပုံကတော့ ... only copy and past to ( support sub-directory in auto cad ) လို့ပြောထားပါတယ်။


http://www.mediafire.com/?v48li9oe8ripio2

(OR)

http://filebucket.info/ifileit/jpav3xigw/46015320F/CAD_Hatch.rar.html

(OR)

http://www.4shared.com/get/UqusuLQl/Cad_Hatch.html

ပတ်စ်ဝက် အမ်အီးအက်ဖ် ။

chit tee
06-19-2011, 09:20 AM
အရှေ့ကပို့စ် နံပါတ် #22 (http://myanmarengineer.org/forums/showthread.php?2488-Autocad-Dwg-file-%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-blocks-hatch-pattern..plugin-..share-%E1%81%BE%E1%80%80%E1%80%99%E1%80%9A%E1%80%B9&p=81473&viewfull=1#post81473) မှာတင်ထားတဲ့ Customized Hatch Pattern တွေကို ......
AutoCAD ထဲက Hatch ထဲမှာ တန်းဝင်ရောက်နေစေရန်ပြုလုပ်ပုံလေးပါ ။

(AutoCAD သုံးနေကျသူများကတော့ သိပြီးသားဖြစ်ကြပါလိမ့်မယ် ။
ကျနော့်လို တခါတရံမှ နဲနဲပါးပါးလောက်သုံးသူတွေအတွက် သိပ်မကျွမ်းကျင်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။)

အဆင့် (၁)

ပထမဦးဆုံး AutoCAD command လိုင်းမှာ ကိုယ့်ရဲ့ mouse cursor လေးကိုထားလို့ right click နှိပ်ပြီး ၊
ပေါ်လာတဲ့ floating windows ကနေ .... "Options..." ထဲကို ၀င်လိုက်ပါ။

http://i.imgur.com/m6O62.png


အဆင့် (၂)

နောက်ထပ် "Options..." ဆိုတဲ့ floating window လေးတခု ထပ်ပေါ်လာပါလိမ့်မယ်။
အဲ့ဒီ window လေးထဲကမှ Support File Search Path ဘေးက (+) ကိုနှိပ်လို့ expend လုပ်လိုက်ပါ။
ပြီး ရင် "Add..." ဆိုတာလေးကို နှိပ်ပြီး အောက်ပုံမှာ ပြထားတဲ့ နေရာလေးမှာ ကိုယ်သိမ်းထားတဲ့ Hatch Pattern တွေ သိမ်းထားတဲ့ address တွေမှာမှန်သမျှကို ကူးပြီး အောက်ကပြထားတဲ့ နေရာလေးမှာ paste လုပ်လိုက်ပါ။
ဥပမာ အနေနဲ့ ကိုယ့်ရဲ့ Customized Hatch အသစ်တွေထားထားတဲ့နေရာ အောက်ပါအတိုင်း ... တခုချင်းစီကူးပြီး ... တခုချင်းစီ "Add..." ထဲသို့ ကူးထည့်ပေးရမှာပါ။
C:\Program Files\AutoCAD 2010\CAD Hatch\Arabisc Hatch
C:\Program Files\AutoCAD 2010\CAD Hatch\General Hatch
C:\Program Files\AutoCAD 2010\CAD Hatch\Hatch
C:\Program Files\AutoCAD 2010\CAD Hatch\hatch2
C:\Program Files\AutoCAD 2010\CAD Hatch\Wood Hatch

http://i.imgur.com/Dg99Y.png


အဆင့် (၃)

"H" enter ခေါက်လိုက်ပါက ... Hatch apply လုပ်မယ့် window လေး ပေါ်လာပါလိမ့်မယ်။
အောက်ကပြထားတဲ့ နေရာလေးကိုနှိပ်ပြီး၊ "Hatch Pattern Palette" လေးထပ်ပေါ်လာပါလိမ့်မယ်။
အဲ့ဒီအထဲက "Custom" ဆိုတဲ့ Tab ထဲမှာ သွားရောက်ပြီး ကိုယ်အသစ် ထပ်ထည့်ထားတဲ့ Custom Pattern လေးကို ရွေးချယ် အသုံးပြုနိုင်ပါပြီ။

http://i.imgur.com/0d3QR.png

waiyanwn263
09-13-2011, 03:55 PM
အစ်ကိုအစ်မတို.ေ၇......BLOCK တစ်ခုကို SCALE ဘယ်လိုပြောင်းလို.၇မလဲခင်ဗျာ။ ဥပမာ 3'X4' TABLE ကို 6'X7' ပြောင်းချင်တာပေါ.နော်။ FEET UNIT ကနေ METER ကိုေ၇ာပြောင်းလို.၇လားခင်ဗျ။ဖြေပေးပါဦးနော်...Thank you so much............:help:

johnmoeeain
09-13-2011, 09:04 PM
ဒီ လင့်လေးတွေမှာ လေ့လာလိုက်နော်..။ မြန်မာလို ပြန်ပေးတာထက် တိုက်ရိုက်ဖတ်တာက ပိုကောင်းမယ် ထင်ပါတယ်...။ :)

http://www.dailyautocad.com/2010/08/blocks-16-scale-units-in-blocks.html

http://www.dailyautocad.com/2009/08/adjusting-block-scales-in-autocad.html

http://www.dailyautocad.com/2010/08/blocks-15-changing-scales-of-blocks.html

http://www.dailyautocad.com/2010/08/blocks-16-scale-units-in-blocks.html

http://www.dailyautocad.com/2011/01/working-on-layouts-9-adjusting-blocks.html