PDA

View Full Version : youtube ကနေ video များ ဒေါင်းချင်လို့ပါ



wild fighter
08-15-2009, 03:52 PM
အစ်ကို၊ အစ်မ၊ ညီမလေး၊ ညီလေးတို့

စာတမ်းတစ်ခုအတွက် အရမ်းအရေးကြီးလို့ youtube ကနေ video များဒေါင်းချင်လို့ပါ။ youtube downloader software နဲ့ ဆွဲတော့လည်း မရပါ။ not found fash video ပြနေပါသည်။ အမြန်ဆုံးဆွဲချလို့ software ရှိရင် ပေးကြပါခင်ဗျာ။ နည်းလမ်းရှိရင်လည်း ပြပေးကြပါ။ ဒီဖိုရမ်မှာ ဆွေးနွေးထားသည့် နည်းလမ်းများကိုသုံးရာတွင်လည်း မရလို့ပါခင်ဗျ။ ကျေးဇူးတင်လျက် :'( :'( :'(

phoelapyae
08-15-2009, 04:30 PM
ဗီဒီယိုဖိုင်တွေအတွက် IDM(Internet Download Manager) ကိုသုံးရင် ရပါတယ် ။
သူက browser တွေမှာ addon plug ပါတဲ့အတွက် ဗီဒီယိုတွေကို ဖွင့်လိုက်ရင် IDM နဲ့ ဒေါင်းမလားဆိုတဲ့ စာတန်းလေးပါလာပါလိမ့်မ်ယ ။
အဲဒါဆို ဒေါင်းယုံပါပဲ ။ ဆော့ဖ်ဝဲလ်ကအောက်ကလင့်မှာ ရှိပါတယ် ။
http://www.myanmarengineer.org/forum/index.php/topic,614.msg10765.html#msg10765

chit tee
08-15-2009, 04:40 PM
ကျနော်လုပ်လေ့ရှိတာကတော့

ဆော့ဖ်ဝဲလ်မသုံးဘဲ ... web site address လေးပြောင်းရိုက်ပြီး ဒေါင်းလိုက်တာပါဘဲဗျာ ။

ဥပမာ ...
http://www.youtube.com/watch?v=iY0Uuyf8Xhw ဒါလေးကို ဒေါင်းချင်တယ်ဆိုပါစို့
ကိုယ်ဒေါင်းလုပ်ချချင်တဲ့ youtube ရဲ့ address လေးကိုကူးပြီး အောက်ကလို youtube နေရာလေးမှာ voobys လို့ပြောင်းရေးလိုက်တာနဲ့ တန်းပြီး ဒေါင်းလုပ်ချလို့ရပါတယ် ။
အပေါ်ကဟာကိုဒေါင်းမယ်ဆိုရင် အောက်ကလို ပြောင်းရေးလိုက်ရုံပါဘဲ ။ ကျန်တာတွေ ဘာမှမပြောင်းရေးလိုက်နဲ့နော် ။ မယုံရင် စမ်းကြည့်လိုက်ပါနော် ။
http://www.voobys.com/watch?v=iY0Uuyf8Xhw

youtube အစား voobys ဘဲနော် ။ လွယ်ပါတယ် ။

wild fighter
08-16-2009, 05:29 PM
အစ်ကိုပြောသလို လုပ်တဲ့အခါ ပထမ voobys ပြောင်းပြီး လုပ်တဲ့အခါ download လင့် တက်လာတယ်။ အဲဒီကနေ ဒေါင်းလုပ်ကို နှိပ်လိုက်တဲ့အခါ နောက်လင့်မှာ access denied ပေါ်နေတယ် ။ ကူညီ ပါအုန်း :'( :'(
ဘာဆက်လုပ်ရမလဲလို့။ ကျော်ကြည့်တဲ့ www.vtunnel.com က ရိုက်ထည့်ပြီး ကျော်လိုက်တော့လည်း error ဘဲ ထပ်ပြတော့တယ်။ youtube downloader နဲ့ ဒေါင်းတဲ့အခါ HTTP forbbiden ဆိုပြီး ပေါ်နေတယ်။
ကျေးဇူးတင်ပါတယ်

ချီးဘူးလေး
08-16-2009, 07:41 PM
အစ်ကိုပြောသလို လုပ်တဲ့အခါ ပထမ voobys ပြောင်းပြီး လုပ်တဲ့အခါ download လင့် တက်လာတယ်။ အဲဒီကနေ ဒေါင်းလုပ်ကို နှိပ်လိုက်တဲ့အခါ နောက်လင့်မှာ access denied ပေါ်နေတယ် ။ ကူညီ ပါအုန်း :'( :'(
ဘာဆက်လုပ်ရမလဲလို့။ ကျော်ကြည့်တဲ့ www.vtunnel.com က ရိုက်ထည့်ပြီး ကျော်လိုက်တော့လည်း error ဘဲ ထပ်ပြတော့တယ်။ youtube downloader နဲ့ ဒေါင်းတဲ့အခါ HTTP forbbiden ဆိုပြီး ပေါ်နေတယ်။
ကျေးဇူးတင်ပါတယ်



ဒါကဒီလိုလုပ်ကြည့်ပါလား၊ အခုအကိုရှာနေတဲ့ ဖိုင်နာမည်ကို www.voobys.com မှာပဲတိုက်ရိုက်ရှာလဲရပါတယ်
တိုက်ရိုက်ရှာလိုက်ပါ၊ လိုချင်တဲ့ဖိုင်တွေ့ရင် အဲဒီ့ဖိုင်ကိုကလစ်လိုက်ပါ download ဆိုပီးတော့တက်လာပါလိမ့်မယ်
ကလစ်လိုက်ရုံပါပဲ၊ ကွန်နက်ရှင်ကောင်းတဲ့အချိန်ဆို ကြည့်လို့တောင်ရတယ်
စမ်းကြည့်ပါဦးဗျာ :7:

chit tee
08-16-2009, 07:48 PM
အစ်ကိုပြောသလို လုပ်တဲ့အခါ ပထမ voobys ပြောင်းပြီး လုပ်တဲ့အခါ download လင့် တက်လာတယ်။ အဲဒီကနေ ဒေါင်းလုပ်ကို နှိပ်လိုက်တဲ့အခါ နောက်လင့်မှာ access denied ပေါ်နေတယ် ။


ကျနော့်ဆီမှာတော့ အဆင်ပြေတယ်ဗျာ ။ ဘာမှမဖြစ်ဘူး ။ :?
youtube ကို voobys ပြောင်း enter ခေါက်လိုက် ၊ ဒေါင်းလုပ်လင့်ကျလာ ၊ ဒေါင်းလိုက်ရုံဘဲ ။
အဲ့ ... ကျနော့်ဆီမှာက IDM လဲရှိတော့ အဲ့ဒါနဲ့တန်းပြီးဒေါင်းလုပ်ကျလာတာ ။
ကော်နက်ရှင်ကြောင့်များလား :e ။
တခြားသူတွေတော့မသိဘူး ။ တခြားလုပ်ကြည့်ဖူးသူများလဲ အတွေ့အကြုံလေးတွေ ၀င်ပြောပေးကြပါအုံးဗျာ ... :7:

အောက်ကလင့်က Portable Youtube downloader လေးနဲ့ရော စမ်းကြည့်ပြီးပြီလား :7:
http://www.myanmarengineer.org/forum/index.php/topic,46.msg10062.html#msg10062

konge
08-16-2009, 11:35 PM
ဘာဆော့ဝဲမှမလိုတဲ့ နည်းရှိတယ် ယူမလား..ဟဲဟဲ
http://keepvid.com/

အဲဒီကိုသွားလိုက် အပေါ်မှာပါတဲ့ အကွက်ကလေးမှာ youtube က URL ကို ထည့်ပေးလိုက်..ပြီးရင် ဒေါင်းလုပ်ဆိုတာကိုနှိပ်လိုက်... အောက်နားလေးမယ် low quality နဲ့ ယူမလား high quality နဲ့ ယူမလား ဆိုတာလေး ရွေးပေးလိုက်..။ low Q ဆိုရင် .flv နဲ့ ပေးလိမ့်မယ်.. high Q ဆိုရင် .mp4 နဲ့ ပေးလိမ့်မယ်..။

nyiwin01
08-17-2009, 09:08 PM
ကျနော်တို့ဒီမှာတော့ အလွယ်ဆုံးဒေါင်းတဲ့နည်းကတော့ စက်မှာ Real Player 11 ကိုတင်လိုက်ပြီးရင် youtube ကိုဖွင့်ကြည့်လိုက်တာနဲ့
mouse pointer ကို movie ပေါ်ကိုရွှေ့လိုက်တာနဲ့ ညာဘက်အပေါ်ဒေါင့်နားမှာ Download with RealPlayer ဆိုတဲ့ ဘားလေးပေါ်လာရင် သူ့ကိုနှိပ်လိုက်တာနဲ့ ဒေါင်းပေးလိမ့်မယ်။
ပြန်ရှာချင်ရင်တော့ movie folder ထဲက realplayer download ဆိုတဲ့ folder ထဲမှာရှိပါတယ်။