PDA

View Full Version : Feedback ဆိုတာ ဘာလဲ ?

Nay Myo
08-26-2009, 07:39 PM
ကျနော် ning ပေါ်မှာ နတ်ဝေါ့ခ်လေးတစ်ခုလုပ်ထားတယ်၊ အဲဒီမှာ language editor ကိုဝင်ပြင်တော့ sorry ဆိုပြီး မက်ဆေ့ခ်ျတစ်ခုပေါ်လာတယ်။ သူတို့ဆီကို feedback ပို့ပေးဖို့ တောင်းတယ်ဗျ။ အဲဒါဘယ်လိုပြဿနာရှိလို့လဲ သိချင်တယ် နောက်ပြီး feedback ဆိုတာ ဘာလဲသိချင်ပါတယ်။ ကျေးဇူးပြုပြီး သိတဲ့သူတွေ ကူညီကြပါဦး။

Nay Myo
09-01-2009, 05:04 PM
ကျနော်မေးထားတာ တစ်ပတ်ရှိပြီ။ အားကိုးတစ်ကြီးနဲ့ကို စောင့်နေတာပါ။ ဘယ်သူမှလဲ မဖြေပေးကြပါလား။ မတွေ့ကြတာပဲဖြစ်နိုင်ပါတယ်။ လုပ်ကြပါဦး ဆရာတို့ရယ်။ :(

phoelapyae
09-01-2009, 05:27 PM
အယ် ... feedback ဆိုတဲ့ စကားလေးကကို ရှင်းနေတာဆိုတော့ ဘယ်လိုသိချင်တာလဲမသိဘူး .. :? :?
ကျနော်ထင်တာ ပြောကြည့်မယ်နော် ... မဟုတ်ရင်တော့ ဆောရီးပါ .. :4: :4:
ကျနော် naing မှာတော့ ၀က်ဆိုက်မလုပ်ဖူးပါဘူး ... ဒါပေမဲ့ ကိုနေမျိုးပြောပုံဆိုရင် သူတို့က language ကိုပေးပြင်ခွင့်မပေးဘူးထင်တယ် ...(permission မပေးထားဘူးပေါ့)
အဲ့အတွက် သူက ပြင်ချင်ရင် သူ့ဆီကို အကြောင်းပြန်ဖို့ တောင်းတာထင်တာပဲ .. :2: :2:
ဥပမာ .. wordpress တို့ ဆိုပါစို့ .. wordpress.com မှာ အကောင့်လုပ်ပြီး ဆိုက်တစ်ခုလုပ်နိုင်ပါတယ် ။
ဒါပေမဲ့ wordress.com ပေးတဲ့ theme တို့ ၊ language တို့ကိုပဲ သုံးလို့ရမယ်ပေါ့ ..
ကိုယ်က တစ်ခြား theme ပြောင်းချင်တယ် .. အဲ့အတွက် ပြောင်းချင်တဲ့ theme လေးကို သူ့ဆိုက်ကို feedback ပေးတာမျိုးပေါ့ ..
ကျနော်ကတော့ အဲလိုထင်တာပဲ ။

Nay Myo
09-01-2009, 05:50 PM

ကျနော်အရင်က အဲဒီဆိုက်မှာပဲ language ကိုဝင်ပြင်ထားတာရပါတယ် အခုနောက်ပိုင်းမှ အဲဒီလိုဖြစ်လာတာ။ ဘယ်လိုလုပ်ရမှန်းကို မသိဘူး။