PDA

View Full Version : AutoCAD နှင့် အဆင်ပြေဆုံး standard ကျကျပုံထုတ်ခြင်း



Than Zaw
08-28-2009, 11:00 AM
သူငယ်ချင်းများအားလုံး မင်္ဂလာပါ.........
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ က္ဈန်တော်လည်းအများကြီးတော့သိလို့မဟုတ်ပါဘူး။ သိသလောက်ဖြန့်ဝေပေးချင်လို့ပါ။ Engineering Drawing software တွေနဲ့ပတ်သက်လို့ က္ဈန်တော့် အမြင်အရတော့ အပိုင်း 3 ပိုင်း ရှိမယ်ထင်တယ်။ 1. ပုံတစ်ပုံအား အမြင်ရှိရှိ ကြည့်နိုင်ခြင်း 2. အမှားအယွင်းနည်းနည်းဖြင့် အချိန်ကုန်သက်သာစွာရေးဆွဲနိုင်ခြင်း 3. Standard ကျကျ ပုံထုတ်နိုင်ခြင်း တို့ဖြစ်မယ်ထင်တယ်...........(သူငယ်ချင်းတို့ သိတာရှိရင်လည်း ဖြန့်ဝေပေးဖို့ မေတ္ကာရပ်ခံပါတယ်)............. အဲဒီအပိုင်းတွေထဲမှာမှ နံပါတ်(3) အပိုင်းကတော့ တော်တော် များများအားနည်းကျတယ် ထင်တယ်........... က္ဈန်တော် အဲဒီအပိုင်းကို အဓိကဆွေးနွေးချင်ပါတယ်........... လက်ရှိ က္ဈန်တော် ပုံထုတ်ရင်တော့ mvsetup, solprof & dispsilh command တွေကို အဓိကသုံးတယ်.............သူငယ်ချင်းတို့ မသုံးရသေးရင် သုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်............. သုံးဘူးသူများလည်း အကြံပြုဆွေးနွေးပေးဘို့ ဖိတ်ခေါ်ပါတယ်.................. အသေးစိတ်ဝင်စား၍ ပိုမိုသိလိုပါက က္ဈန်တော့်ဆီကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်...... er.thanzaw@gmail.com

papagyi
09-01-2009, 01:25 AM
ကို သန့်ဇော်ရေ ဖြစ်နိုင်ရင် အဲဒီ သုံးတဲ့ စနစ်လေးတွေ အဆင်ပြေရင် ရေးပေးပါလား...
မေးတာစောင့်နေမယ့် အစား ကိုယ်သိထားတာလေးတွေ ချပြရင် လာဖတ်တဲ့သူတိုင်း ပညာတိုးသလို
ဘယ်လိုမေးရမှန်းကို နားမလည်တဲ့ သူတွေအတွက်လည်းကောင်းတာပေါ့နော်...
ကျေးဇူးပါ..... :)

Than Zaw
09-01-2009, 10:06 PM
:7:ဟုတ်ကဲ့........... သူငယ်ချင်း papagyi ရေ ကျွန်တော်လည်း ဖြစ်နိုင်ရင် တတ်နိုင်တလောက် ပြောပြချင်ပါတယ်......... ဒါပေမယ့် ကျွန်တော် အချိန်သိပ်မရလို့ form ထဲ ၀င်ကြည့်ရုံပဲကြည့်နိုင်တယ်.................. အတတ်နိုင်ဆုံးတော့ ကျွန်တော် ဆွေးနွေးပေးသွားပါမယ် အကြံပြုပေးတဲ့အတွက် ကျေးဇူးပါ........................ :?

zero248
01-01-2010, 09:26 PM
I thought is that Plotting on layout is the right way to plot. As next step, try to use Sheet Set also. It's amazing!
If u all have a lot of Drawing need to Print / or make PDF, better try to use Sheet Set. If I got a chance, I'll share something about Sheet Set.
Currently I'm trying to type with Myanmar Font. Sorry for my Broken English.

Thanks a lot Ko Than Zaw for ur knowledge share.

Happy New Near !
zero248
zero248@gmail.com

zero248
01-01-2010, 09:54 PM
Actually, I have some topics wanna share with u all MEF friends. Like..
- Sheet Set
- Attribute Blocks
- Working with Attribute Blocks and Excel Sheet
and so .... so, what I know.
But I cannot type Myanmar Font. Currently I'm still trying to be in touch with Myanmar Font. If u all allow me to use English Font, it's easy for me to post.

zero248

tunaungkyaw
01-02-2010, 12:56 PM
zero248 ရေ
သိတာလေးတွေဆွေးနွေးမယ်ဆိုလို့ဝမ်းသာစွာနဲ့ကြိုဆိုပါတယ်။
မြန်မာလက်ကွက်မရတာအတွက်လဲစိတ်မဘညစ်ပါနဲ့နော်။
ကျနော်တို့စသုံးတုန်းကလဲမြန်မာလက်ကွက်မရဘူးဗျ။ ဒါပေမဲ့ ပို့စ်လေးတွေကိုကြိုးစားေ၇းရင်းနဲ့ လက်ကွက်ရသွားတာ။
ကြိုးစားပြီးတော့ မြန်မာလိုလေးရေးပါလို့တိုက်တွန်းပါတယ်ဗျာ။ အစပိုင်းလေးပဲသီးခံရတာပါ။
နောက်ပိုင်းတော်တော်မြန်လာပါလိမ့်မယ်။

ကျေးဇူးပါနော်

papagyi
01-02-2010, 10:20 PM
ဟုတ်ပါတယ်ဗျာ...sheet set တွေ...နောက် excel နဲ့ ချိတ်တာတွေက အသုံးတော်တော်ဝင်ပေမယ့်
ကျွန်တော်တို့ လက်တွေ့သုံးခွင့်မကြုံရသေးတော့ အခုလိုရေးပေးမယ်ဆို အရမ်းအဆင်ပြေပါတယ်..
မြန်မာ ကီးဘုတ်လေးကို မောက်စ်ကလေးနဲ့ နှိပ်ပြီးရေးကြည့်ပါလား..ကျွန်တော့်ရဲ့ post ၁၀၀ လောက်က အဲလိုပဲ
မရရအောင် ရေးခဲ့တာပါ..ကျေးဇူးပါ.. :)

zero248
02-02-2010, 09:18 PM
မြန်မာလက်ကွက်ကို ကြိုးရိုက်နေတာ မအောင်မြင်သေးလို့ က္ဗျန်တော့် Blog မှာပဲ English လို တတ်သလောက်ကလေး တင်ထားတယ်။ အခွင့်သင့်ရင် အလည်လာ ပြီး Comments ပေးအကြံပြုဖို့ ဖိတ်ပါရစေ။ လောလောဆယ် Basic Attribute Block နဲ့ Attribute Block ကို Excel နဲ့ တွဲသုံးပုံကလေး တင်ထားတယ်။ ရှေ့ဆက်ပြီးလဲ အသုံးဝင်နိုင်မယ့် Topic လေးတွေကို အလျင်းသင့်သလို တင်ပြသွားမှာပါ။ မြန်မာလိုပါရအောင် ကြိုးစားသွားမှာပါ။
နားလည်ပေးနိုင်မယ်လို့ ယုံကြည်လျက် :((

zero248
http://0248-zero248.blogspot.com
မျှော်နေမယ်

zero248
02-11-2010, 09:28 PM
ကျွန်တော်လည်း Sheet Set အကြောင်း ဘယ်ကစရရင်ကောင်းမလဲ စဉ်းစားနေတာနဲ့ပဲ မစဖြစ်တာ။ ဘာဖြစ်လို့လဲဆိုတော့ Sheet Set တစ်ခု စနစ်တကျ Set up လုပ်ဖို့ဆိုရင်
1. Standard Template File (.dwt) တစ်ခု တည်ဆောက်ခြင်း
a. Basic Template File ကို မှန်ကန်စွာ ရွေးချယ်ခြင်း
b. Line Type and Ltscale တွေအကြောင်း
c. Layer တွေ တည်ဆောက်ခြင်း
d. Text, Dimension, Multi-leader Style တွေ တည်ဆောက်ခြင်း
e. Layout Sheet ပြင်ဆင်ခြင်း
i. Plot Style တည်ဆောက်ခြင်း
f. Project Title Block အတွက် ကြိုတင်ပြင်ဆင်ခြင်း
i. Attribute Block တည်ဆောက်ခြင်း
ii. Field ကို အသုံးပြုခြင်း
iii. Dynamic Block တည်ဆောက်ခြင်း
2. Sheet Set တစ်ခု တည်ဆောက်ခြင်း
a. Sheet Set တည်ဆောက်ခြင်း
b. Layout Sheet တွေကို Import/ Remove လုပ်ခြင်း
c. Layout Sheet တွေကို Rename and Renumber လုပ်ခြင်း
d. Publish/ Plot လုပ်ခြင်း
e. Etransmittal ကို အသုံးပြုခြင်း
ဆိုပြီး Main Title နှစ်ခု နဲ့ သူတို့ရဲ့ အစွယ်အပွားတွေ ထွက်လာရော။ ပြဿနာက 1st Title ရဲ့အောက်မှာပါတဲ့ Sub Title ကလေးတွေက တကယ့် Sheet Set ရဲ့အနှစ်သာရကို fully support လုပ်တာ။ 1st Title နဲ့စရင်တော့ လိုရင်းရောက်ဖို့က အချိန် အတော်ပေးရမယ် (ကျွန်တော် လေရှည်ပုံနဲ့ဆိုရင်) ဆိုတော့ကာ... 2nd Title ကိုပဲ လာမယ့် Post မှာ အရင် တင်ပြဆွေးနွေးပါရစေ။ :e

zero248
:? :? :?

cy
02-15-2010, 05:48 PM
AutoCad ပုံုံထုတ်ရာတွင် dimension style သတ်မှတ်ခြင်း အကြောင်း ဖြည့်စွက်ဆွေးနွေးလိုက်ပါတယ် ။

Drawing ပုံတစ်ခုကို စမတ်ကျကျ ပုံထုတ်ချင်ရင် ကိုယ်ပိုင် standard လေးတွေတော့ လုပ်ထားကြတာတွေ.ဘူးတယ် ။Layers, Text styles, Line types, Dimension styles တို.ကို
Standard ထားကြပါတယ် ။ အဲ့ဒီထဲကမှ Dimension styles standard အကြောင်း သိသလောက် ပြောပြပါမယ် ။
Dimension styles ကို ပြင်တော့မယ်ဆိုရင် ကိုယ်ဆွဲတဲ့ ပုံနဲ.သင့်တော်မယ့် standard ကိုထားရမှာပါ ။ command က DIMSTYLE (d) ပါ ။ Dimension styles dialog box လေးရောက်လာပါလိမ်မယ့် ။ အဲ့ဒီကမှ NEW ဆိုတာကို click ပြီး ကိုယ်စိတ်ကြိုက် style လေးတွေလုပ်ထားရုံပါပဲ ။ Dimension Style dialog boxes မှာ ဒါတွေကိုပြင်လို.ရပါတယ် ။

Lines
Symbols and Arrows
Text
Fit
Primary Units
Alternate Units
Tolerances

Line tab မှာ dimension lines, extension lines, arrowheads, and center marks. တွေရဲ. အနေအထားကိုထည့်ရပါမယ် ။

Dimension line ကို ပိတ်ပေးထားတဲ့ မျဉ်းကို extension line လို.ခေါ်ပါတယ် ။

Base line spacing (Dimension line တစ်နဲ.တစ်ခုအကွာအဝေး) ကိုသတ်မှတ်ပေးရပါမယ် ။

မီလီမီတာ စကေးနဲ.ပြတဲ့ မက်ကယ်နီကယ်ပုံတွေမှာ Base line spacing 3~7

လောက်ထားတာကောင်းပါတယ် ။

Extend beyond dim lines (Dimension line နဲ. extension line) အကွာအဝေးဖြစ်ပါတယ်။

Offset from origin ကတော့ drawing ပုံနဲ. Extension line အကွာအဝေးပါ ။

နောက် Symbols and arrow tab မှာ arrow size ကိုရွေးလို.ရပါတယ် ။

Text ကတော့ placement, alignment သတ်မှတ်ပေးရပါမယ် ။

Standard သတ်မှတ်ရာမှာ နောက် အရေးကြီးတဲ့အချက်က Primary units tab လေးတစ်ခုပဲ ။

Unit format မှာ civil drawing ပုံတွေဆိုရင် engineering နဲ. Architecture ကိုသတ်မှတ်ပေးရပါမယ် ။
Mechanical drawing ပုံတွေဆိုရင်တော့ decimal ကိုထားပေးရမှာပါ ။

Unit တစ်ခုရဲ. Prefix, suffix လည်း ထည့်ပေးလို.ရပါတယ် ။

နောက် tab တစ်ခုက Alternative units ။ ဒါကလည်းအရေးကြီးတယ် ဘာလိုလဲ ဆိုတော့ ကိုယ်ဆွဲတဲ့ ပုံက
မီလီမီတာ (mm) စကေးနဲ.ဆိုပါဆို. လက်မ (inches) စကေးနဲ. Dimension မှာဖြစ်ချင်ရင် multiplier for alt scale မှာ conversion factor လေး ရိုက်လိုက်ရုံပဲလေ ။

နောက်ဆုံး tab တစ်ခုကတော့ tolerance tab ဖြစ်ပါတယ် ။ ဒါကတောာ့ machining တွေမှာပဲအများဆုံးသုံးပါတယ် ။ အတိုင်းအတာတွေရဲ. Deviation ကိုဖော်ပြချင်ရင်သုံးပါတယ် ။

Dimension style သတ်မှတ်ပြီး စနစ်တကျ အော်တိုကဒ်ပုံစံလေးတွေ ထုတ်နိင်ပါစေ ။

zero248
02-21-2010, 01:28 AM
Sheet Set တစ်ခု တည်ဆောက်ခြင်း
1. Definition
Sheet Set ကို ကျွန်တော်သိသလောက်နဲ့ အဓိပ္ပါယ်ဖွင့်ရရင် ဘယ် Location မှာပဲဖြစ်ဖြစ် ရှိနေတဲ့ Drawing တွေရဲ့ Layout Sheet တွေကို File တစ်ခုရဲ့အောက်မှာ ပုံရိပ် အနေနဲ့ စုစည်းထားနိုင်တယ်။ (ဥပမာ- Window ရဲ့ Desktop မှာ Shortcut တင်တာနဲ့ ဆင်ဆင်တူတယ်။) အဲဒီ File ကို Sheet Set လို့ နားလည်နိုင်တယ်။ တကယ်လို့ ကိုယ်စုစည်းထားတဲ့ (Sheet Set) အထဲက File တွေကို အသုံပြု (open) ချင်ရင် အဲဒီ File ရဲ့ Location အထိသွားစရာမလိုပဲ Sheet Set အထဲက နေ Double Click နဲ့ ဖွင့်လိုက်ရုံပဲ။ File name ကို Edit လုပ်ချင်ရင်လည်း Sheet Set ကနေ Rename လုပ်ရုံပဲ။ တစ်ခုပဲ Sheet Set ထဲမှာ import လုပ်မယ့် Drawing တွေမှာ Layout Sheet ကို Set up လုပ်ထားပြီးသားဖြစ်နေရမယ်။
2. How to Create Sheet Set/ Sub Sheet Set
ပထမဦးစွာ Main Menu>File>New နဲ့ File အသစ်ဖွင့်လိုက်ပါ။ (အကောင်းဆုံးကတော့ ကိုယ်စိတ်တိုင်းကျ Set up လုပ်ထားတဲ့ Standard Template File ပေါ့။) ပြီးရင် Ctrl+4 နဲ့ Sheet Set Manager ကိုဖွင့်ပါမယ်။ Sheet Set List Palette ရဲ့ အထဲက Pull down Menu ကို Click လိုက်ပါမယ်။ Sheet Set အသစ်လုပ်မှာဖြစ်လို့ New Sheet Set ကို ရွေးပါမယ်။ Create Sheet Set Dialog Box ပေါ င်္လာတဲ့ အခါ 1st Step အဖြစ် Begin က Active ဖြစ်နေပြီး ညာဘက်မှာတော့ Sheet Set တစ်ခု တည်ဆောက်ရာမှာ အခြေခံ ဖို့ Option 2 ခုထဲက 1ခုကိုရွေးရပါမယ်။ Existing Drawing ကို Select လုပ်ပြီး Next ကို Click ပါမယ်။ 2nd Step အဖြစ် Sheet Set Details မှာ Sheet Set Name အကွက်မှာ ShSet Ex1 လို့ ပေးပြီး Store Sheet Set Data File အတွက် မိမိ PC ရဲ့အောက် တနေရာရာ (i.e D:/Project Ex1) ကိုရွေးပေးပါ။ Sheet Set Properties ကိုမထိသေးပဲ Next ကို Click ပါမယ်။ 3rd Step ဖြစ်တဲ့ Choose Layouts မှာတော့ ဘာမှမလုပ်သေးပဲ Next ကိုပဲ Click ပါမယ်။ Final Step ဖြစ်တဲ့ Confirm ကတော့ Sheet Set အသစ်ဖြစ်တဲ့ ShSet Ex1 ရဲ့ Information တွေကို တင်ပြထားတာပါ။ တကယ်လို မိမိရဲ့ Sheet Set ကို Edit လုပ်ချင်သေးရင် Back ကို Click ပြီး ပြင်ချင်တဲ့ Step ဆီသွားရောက် ပြုပြင်နိုင်ပါတယ်။ Ok ရင်တော့ Finish ကို Click လိုက်ပါမယ်။ အခုဆိုရင် Sheet Set Manager ရဲ့အောက်မှာ အကြမ်းထည် Sheet Set လေးဖြစ်တဲ့ ShSet Ex1 ကို တွေ့နေရမှာပါ။
Subset တစ်ခုတည်ဆောက်ချင်ရင် ShSet Ex1 ကို Select ပေး Right Click နှိပ်ပြီး New Subset ကို Select လိုက်တာနဲ့ Subset Properties Dialog Box ပေါ င်္လာပါမယ်။ Subset name မှာ ShSet Ex1-Archi လို့ရိုက်ပြီး ကျန်တာတွေမပြင်ပဲ Ok လုပ်ပါ။ ShSet Ex1 ရဲ့အောက်မှာ ShSet Ex1-Archi ကို Subset အနေနဲ့မြင်တွေ့ရပါမယ်။ မလိုချင်တော့ရင် အဲဒီ ShSet Ex1-Archi ကို Select ပေး Right Click နှိပ်ပြီး Remove Subset ကို Select လုပ်လိုက်ပါ။ သေချာရဲ့လားဆိုတဲ့ မေးခွန်းပေါ င်္လာရင် Yes လုပ်လိုက်တာနဲ့ အဲဒီ Subset ကို Sheet Set အထဲက ဖယ်သွားလိမ့်မယ်။
3. Import/ Remove Sheet
ဒုတိယအနေနဲ့ ShSet Ex1 ဆီကို ကိုယ်လိုချင်တဲ့ Drawing File တွေရဲ့ Layout တွေကို Import လုပ်ပါမယ်။ ဦးစွာ ShSet Ex1 ကို Select ပေး Right Click နှိပ်ပြီး Pop Up Menu ကနေ Import Layout as Sheet ကို Select လုပ်ပါမယ်။ Import Layout as Sheet Dialog Box ထဲက Browse for Drawings ကို Click ပြီး Sheet Set ရဲ့ Sheet အနေနဲ့စုစည်းချင်တဲ့ Drawing တွေကို Select လုပ်ပါမယ်။ မိမိရွေးလိုက်တဲ့ Drawing တွေရဲ့ 1ခု or 1ခုထက်မကတဲ့ Layout ကို Import Layout as Sheet Dialog Box ရဲ့ List ထဲမှာမြင်တွေ့ရပါမယ်။ အသုံမလိုတဲ့ Layout တွေကို Uncheck လုပ်ပါမယ်။ ပြီးရင် Prefix Sheet titles with file name ကို check လုပ်ပြီး Import Checked ကို Click လိုက်တာနဲ့ ShSet Ex1 ရဲ့အောက်မှာ ကိုယ်လိုချင်တဲ့ Drawing တွေရဲ့ Layout တွေကို စုစည်းပြီးသား မြင်တွေ့ရပါမယ်။ အဲဒီ Sheet တွေထဲကမှ မလိုချင်တော့တဲ့ Sheet တွေကို ဖြုတ်ချင်ရင် အဲဒီ Sheet ကို Select ပေး Right Click နှိပ်ပြီး Remove Sheet ကို Select လုပ်လိုက်ပါ။ သေချာရဲ့လားဆိုတဲ့ မေးခွန်းပေါ င်္လာရင် Yes လုပ်လိုက်တာနဲ့ အဲဒီ Sheet ကို Sheet Set အထဲက ဖယ်သွားလိမ့်မယ်။
4. Publishing
တတိယအနေနဲ့ Sheet Set ထဲက Sheet တွေကို Publish/ Plot လုပ်ကြရပါမယ်။ အကောင်းဆုံးကတော့ ဘယ် Drawing ရဲ့ Layout ပဲဖြစ်ဖြစ် Set up လုပ်တဲ့အခါမှာ တိုက်ရိုက် Plotter ကိုတန်း print တာထက် PDF အနေနဲ့ Publish လုပ်သင့်တယ်။ ကိုယ့်အတွက် Record အနေနဲ့ကျန်ခဲ့သလို Plotter Type ကိုလည်း တစ်ခုတည်း ရွေးထားရုံနဲ့ အဆင်ပြေတယ်။ မလိုလားအပ်တဲ့ Paper Wastage လည်း နည်းတာပေါ့။
Sheet Set မှာ Publish လုပ်ချင်တဲ့ Sheet တွေကို Select လုပ်ပြီးဖြစ်စေ၊ Sheet Set/ Subset ရဲ့ Sheet တွေအားလုံးကို Publish လုပ်ချင်ရင် အဲဒီ Sheet Set/ Subset ကို Select လုပ်ပြီးဖြစ်စေ Select လုပ်ပြီးတာနဲ့ Right Click နှိပ်ပြီး Publish>Publish to Plotter ကို Select လုပ်ပြီး တခါတည်း selected Sheet အားလုံးကို Publish/ Plot လုပ်နိုင်တယ်။
5. Etransmittal
နောက်ဆုံးအနေနဲ့ Sheet Set ထဲက Sheet တွေကို Etransmittal သုံးပြီး တခါတည်း Bind and purge လုပ်နိုင်၊ Zip ချုံ့နိုင်တယ်။ Procedure ကတော့ Sheet Set မှာ Bind and Purge လုပ်ချင်တဲ့ Sheet တွေကို Select လုပ်ပြီးဖြစ်စေ၊ Sheet Set/ Subset ရဲ့ Sheet တွေအားလုံးကို Bind and Purge လုပ်ချင်ရင် အဲဒီ Sheet Set/ Subset ကို Select လုပ်ပြီးဖြစ်စေ Select လုပ်ပြီးတာနဲ့ Right Click နှိပ်ပြီး Etransmittal ကို Select လုပ်တဲ့အခါ Create Etransmittal Dialog Box ပေါ င်္လာပါမယ်။ အဲဒီမှာ Transmittal Setups ကို Click ပါမယ်။ Transmittal Setup Dialog Box မှာ New ကို Click ပြီး New Transmittal setup name မှာ Bind and Purge လို့ပေးပြီး Continue လိုက်တာနဲ့ Modify Transmittal Setup Dialog Box ပေါ င်္လာပါမယ်။ အဲဒီအထဲက Transmittal Package Type မှာ Option 3 ခုထဲက Folder (set of files) ကိုရွေးပါမယ်။ File Format မှာ Keep Existing Drawing File Format ကိုရွေးပါမယ်။ Transmittal File Folder ကတော့ အဲဒီ Bind ပြီးသား Package ကို သိမ်းချင်တဲ့ Location ရွေးပေးရပါမယ်။ (Outgoing Folder တစ်ခုခုအောက်မှာ i.e D:/Outgoing/Date..). Path Options မှာတော့ Place All Files in One Folder ကိုရွေးပါမယ်။ Actions မှာတော့ Bind External Reference (Bind) နဲ့ Purge Drawing ကို check လုပ်ပါမယ်။ Including Option မှာတော့ မိမိထည့်ပေးလိုက်ချင်တဲ့ (i.e Font, Texture,..)တွေကို check လုပ်ပေးလိုက်ပါ။ Transmittal Setup Description မှာတော့ Package နဲ့ဆိုင်တဲ့ Description (i.e For AC Review,..) ကို ထည့်လိုက်ရုံပါပဲ။ OK လိုက်တာနဲ့ Bind and Purge ဆိုတဲ New Teansmittal Setup ကိုတွေ့ရပါမယ်။ Bind and Purge ကို select လုပ်ပြီး Close လုပ်လိုက်ပါမယ်။ Create Etransmittal Dialog Box ရဲ့ ညာဘက်က Select Teansmittal Setup အောက်မှာ Bind and Purge ကို Select လုပ်ပြီး OK ကိုနှိပ်လိုက်တာနဲ့ တခါတည်း selected Sheet အားလုံးကို Preset လုပ်ပြီးသား Location (i.e D:/Outgoing/Date) အောက်မှာ သိမ်းပေးပါလိမ့်မယ်။
တစ်ခုပဲ File တွေကို Bind တဲ့အခါမှာ Bind မလုပ်ချင်တဲ့ Xref File တွေဆိုရင် ကြိုပြီး Unload လုပ်ထားပါ။ Sheet Set နဲ့ ရင်းနှီးလာတဲ့ အခါ ပိုပြီး အစွမ်းထက်တဲ့ နည်းပညာတွေကို တွေ့ရှိမှာပါ။ Sheet Set ကို ပိုပြီး ထိထိမိမိ အသုံးချနိုင်ဖို့ အတွက် အဓိကလိုအပ်နေတာကတော့ အခြေခံလိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ကြိုတင် Set up လုပ်ထားတဲ့ Standard Template Drawing File(.dwt) တစ်ခု ပေါ့။
နောက် Post မှာ ဘာအကြောင်း ရေးရရင် ကောင်းမလဲနော်။ :e :e :e

zero248
:? :? :?