PDA

View Full Version : speaker အကြောင်းလေးမေးချင်လိုပါဗျာ။



mg kyi thar
09-05-2009, 05:56 PM
ကျွန်တော်speaker များကိုကိုတိုင်ပြင်ပါတယ်။
but speaker နောက်မှရေးထားလေ့ရှိတဲ့ watt 50,60,150......အစရှိသဖြင့်ပေါ့။
ကျွန်တော်မရှင်းတာက amplifier ကထွက်တဲ့ watt က 200 ဆိုပါတော့။
ဒါပင်မဲ့ speaker ကလက်ခံနိုင်တဲ့ watt က 50 ဆိုရင်အဆင်ပြေနိုင်ပါ့မလား။
နောက်ပြီတော့ speaker တစ်ခုရဲ့ လက်ခံနိုင်တဲ့ watt က ဘယ်အပေါ်မူတည်ပြီးပြောင်းလည်းတာလဲ။
i mean ( according to voice coil or magnetic ), i want to know it .
နောက်တစ်ခုကspeaker ရဲ့ ohm တန်ဖိုးက ဘာအတွက်ကြောင့်ထည့်ပေးထားပါသလည်းခင်ဗျာ။
voice coil မှာလည် နှစ်မျိုးရှိပါတယ် ။(metal coil and paper coil ) ဘယ် coil က ပိုကောင်းပါသလည်း။
အများစုကတော့ paper coil ကိုအသုံးများကျပါတယ်။ ဒီနှစ်ခုရဲ့ကွာခြားချက် ကို ရှင်းပြစေလိုပါသည်။

tank to reply my question ........
from ,mg kyi thar

AndrewSway
09-06-2009, 12:09 AM
ကျနော် EE တယောက်တော့ မဟုတ်ပါဘူး။ အတွေ့ အကြုံအရဘဲ ပြောပါရစေ။
Speaker နောက် က ရေးထားတဲ့ Watt က power handling အတွက်ပါ။ Speaker က 50 watt , power amp က 200 watt ဆိုရင် over-driven ဖြစ်နိုင်လို့  drive လုပ်တဲ့ အခါ power amp ကို wide-open အဆုံးအထိ ဖွင့် ထားခြင်းမလုပ်ဘို့ သတိထားရပါမယ်။ 150 watt speaker ကို 200 watt amp နဲ့  drive လုပ်တာက ပိုပြီး ဆီလျော်ပါလိမ့် မယ်။ ကျနော်သိရသလောက် speaker တွေကို over-driven ထက် under-driven ကပို ပြီးပျက်စီးစေတတ်တယ်လို့ ဆို ပါတယ်။

speaker ရဲ့ ohm တန်ဘိုးက speaker ရဲ့  Impedance ကိုပြောပါတယ်။ speaker ကို power amp နဲ့  match လုပ်တဲ့ သုံးပါတယ်။ ဥပမာ- 8 ohms speaker တခုကို power amp ရဲ့  8 ohms condition ရှိတဲ့  channel နဲ့  ချိတ်ရ ပါမယ်။

voice coil နဲ့ ပါတ်သက်ပြိးတော့  ကွာခြားချက်ကို သိပ်မသိပါ။ Frequency handling, response, efficiency တို့ မှာ ကွဲပြားမယ်လို့ ထင်ပါတယ်။ ကျနော် တွေ့ ခဲ့ ဖူးသမျှ Pro-level speaker (speaker efficiency >99dB/watt/meter)တွေမှာ paper coil သုံးတာ တော့ သတိပြုမိပါတယ်။

EE ပညာရှင်များ၏ပိုမို ပြည့်စုံသောဆွေးနွေးချက်များကို စောင့် မျှော်နေပါမယ်။