PDA

View Full Version : Air Show သွား တောလား



Nway Oo Ko
09-08-2009, 08:42 PM
(Air Show သွား တောလားပါ။ အပိုင်းပိုင်းလေးတွေ အများကြီး ရေးရမယ် ထင်ပါတယ်။ စိတ်ဝင်စားသူများ၊ ဗဟုသုတ ရှာချင်သူ များအတွက်ပေါ့။ Technical Terms တွေ မသုံးပဲ စတိုင် တမျိုးနဲ့ ရေးကြည့်လိုက်တယ်၊ အားလုံး ဖတ်လို့ရနိုင် အောင်လို့ပါ။ ဓါတ်ပုံတွေက Official Websites, Flickr ပေါ်ကနဲ့ ကိုယ်တိုင် ရိုက်တွေ လည်းပါတယ်။ Googling လုပ်တာရောပေါ့။ စီးပွားဖြစ်သုံးတာ မဟုတ်လို့ Copy Right ကိုတော့ မေ့ထားကြေး။)

Air Show ကို သွားတဲ့ Express Train မှီအောင် စောစောစီးစီး ပြင်ဆင်ရပါတယ်။ ပဏာမ လုံခြုံရေး စစ်ဆေးမှုတွေ ပြီးတော့ ဘူတာကနေ Air Show ကို Shuttle Bus တွေနဲ့ သွားရပါတယ်။ တစီးပြီး တစီး၊ တသုတ်ပြီး တသုတ်။ ခပ်ကြပ်ကြပ်နဲ့ ပေါ့။
သစ်တောအုပ်တွေ၊ ကွန်ကရစ်လမ်းတွေ၊ လေယဉ်ရုံတွေ ဖြတ်ရင်း အ၀င်ဂိတ်နားကို ရောက်လာပါတယ်။ ထုံးစံအတိုင်း တန်းစီ Registration လုပ်၊ တတီတီ တကွီကွီနဲ့ Metal Detector တွေ၊ လုံခြုံရေးတွေ အဆင့်ဆင့် ဖြတ်ပြီးတော့မှ Show လုပ်တဲ့ ကွင်းထဲ ကို ရောက်ပါတယ်။ Public Show နေ့ မဟုတ်လို့ တော်သေးတယ်။ မဟုတ်ရင် လူပင်လယ်ကြီးထဲ မှာမျောရော့။ ဂိတ်က ထွက်ထွက်ချင်း Volunteer Staff ကောင်မလေး တယောက်က၊ ပြုံးပြတယ်။ အာရှသားမို့လား၊ ၀တ်ထားတဲ့ ဥရောပ ပွဲတက်ဝတ်စုံ ကြောင့်လားတော့ မသိ။ ပြန်အပြုံးမှာ စာအုပ်လေးတအုပ် ကမ်းပေးတယ်၊ ဘာလဲဆိုတော့ Flight Programme ပါတဲ့။ ကျေးဇူး ပေါ့။

ဆက်လျှောက်လာတော့ ကာလာစုံနဲ့ လေယူရာ ယိမ်းက နေတဲ့ နိုင်ငံတကာ အလံတွေ အောက်ကို ဖြတ်ရင်း၊ တခုခုဟာနေသလို ခံစားလိုက်ရပါတယ်။ တနေ့နေ့ပေါ့ ...


http://i550.photobucket.com/albums/ii427/nok-mech/Colorsinthewind-1.jpg

ကွင်းထဲကို ရောက်ရောက်ချင်း မြင်မိတာက ဘယ်ဘက်မှာ Static Diplay ခင်းထားတဲ့ လေယဉ်တန်းကြီး နဲ့ ယိမ်းနွဲ့ နွဲ့ ရောင်စုံ Aerostat လေပူဖောင်းတွေပေါ့။


http://i550.photobucket.com/albums/ii427/nok-mech/A2.jpg

http://i550.photobucket.com/albums/ii427/nok-mech/A1.jpg

ရှေ့တည့်တည့် ခပ်လှမ်းလှမ်းမှာတော့ လေပြည်နော့မှာ ခေါင်းလေး မော့နေတဲ့ Tu-144 ပါ။ တခေတ်တခါက အထင်ကရ Supersonic Jet ပေါ့။ သိမ်းလို့ရတဲ့ ကျစ်ဆန်မြီး လေးတောင် နှစ်ဘက်စုံ ချထားလေရဲ့။


http://i550.photobucket.com/albums/ii427/nok-mech/Tu-144.jpg

အနားကပ်ကြည့်တော့ အဖြူရောင် မိပ်ကပ် (Paint) က နည်းနည်း ကြမ်းနေတယ်၊ ကျောက်ပေါက်မာ သဲ့သဲ့တောင် မြင်နေရတယ်။ လည်တိုင် ကျော့ကျော့ကို အထက်အောက် တချီချီ နဲ့ လေမှာဝဲရင်း မာယာများတတ်တာ အသံထက် နှစ်ဆမြန်နိုင်အောင်မို့ပါဆိုပြီး မျက်လုံးလေးမှိတ်ရင်း ဆင်ခြေပေးနေသလိုပါပဲ။


http://i550.photobucket.com/albums/ii427/nok-mech/Tu-144Closeup.jpg

Tu-144 ဆီကို ပြေးအသွား ညာဘက်ဘေးနားက ဗလကြီး အန်သွန်နော့ဗ် (An-124) ကို စောင်းငဲ့ပဲ ကြည့်လိုက်နိုင်ပါတယ်။


http://i550.photobucket.com/albums/ii427/nok-mech/An-124.jpg

ခေါင်းသေးသေး မေးရိုးကားကား ဗိုက်ပူပူနဲ့ မို့ ကုန်ချိန်အပြည့်ဆိုရင် ၄၀၅ တန်လောက် ရှိဆိုပဲ။ ဒီမေးကားကားကြီးကို အပေါ်လှန်တင်လိုက်ရင် အတွင်းက လေယဉ်လေးတွေ၊ တင့်ကားတွေ ထွက်ထွက်လာတတ်ပ။


http://i550.photobucket.com/albums/ii427/nok-mech/An-124G2.jpg

အန်သွန်ကြီးက မိုးပေါ်ပျံ မိုးလုံးခြိမ့်ခြိမ့်ညံ


http://i550.photobucket.com/albums/ii427/nok-mech/An-124A1.jpg

Nway Oo Ko
09-08-2009, 09:18 PM
ပင်မပြထားတဲ့ လေယဉ်တန်းကြီးဘက် ပြန်လျှောက်အလာ ဘယ်ဘက် ခြမ်းမှာတော့ အပျိုကြီးမမ အီလူရှင်း တို့အဖွဲ့က အိနြေ္ဒကြီး တခွဲသားနဲ့ပေါ့။

http://i550.photobucket.com/albums/ii427/nok-mech/Il-sLeft.jpg

ညာဘက်ခြမ်းမှာ ယူရေးရှားသူ ပျိုဖြူတွေ မခို့တရို့ တန်းနေ ကြတာကို အရင် မြင်မိပါတယ်။ ဖြူ၊ နီ၊ ညို ၊ ပြာ ဆေးဆိုးပန်းရိုက် မျက်နှာတွေနဲ့ မို့ ကြည့်ရတာ ရင်တော့ အခုန်သား။ အရှေ့ဥရောပသားတွေ၊ အာရှမျိုးတွေ၊ အာဖရိကန်တွေရဲ့ အသည်းစွဲပေါ့။ အမ်အိုင်ဂျီမြို့ နဲ့ ဆူတို့နယ် ဆိုပြီး အထင်ကရ အုပ်စု နှစ်ခု ရှိလေရဲ့။


http://i550.photobucket.com/albums/ii427/nok-mech/ToMiGs.jpg

MiG မြို့သူ တွေက သေးသေး သွယ်သွယ် သွက်သွက်၊ ကျားပျိုမလေးတွေလိုပေါ့။ အထင်တော့ မသေးနဲ့။ ဝေးဝေးနီးနီး၊ နေ့နေ့ညည ကာကွယ်မှုက အပြည့်။ ရင်ဆိုင် ကြဲဖို့ အသင့်။


http://i550.photobucket.com/albums/ii427/nok-mech/MiGs.jpg

MIG မြို့သူတွေကို ခါးနံပါတ်လေးတွေနဲ့ ပြောကြည့်မယ်။ အစီစဉ်တကျ တန်းနေတာ မဟုတ်တော့ အနီးဆုံးကပဲ စ လိုက်တာပေါ့။


ခါးနံပါတ် 35

http://i550.photobucket.com/albums/ii427/nok-mech/Mig-35Czup.jpg

ရှေ့ကကြည့်ရင်တော့ ယဉ်ပေမယ့်၊ နောက်ကကြည့်တော့ တမျိုးပဲ။ သူနဲ့ အပြိုင် မြောက်အမေရိက တိုက်သူလေးတွေနဲ့တော့ ကွာပ။ ဟိုက ချောချော လှလှ ဖက်ရှင် ကျကျ လေးတွေရယ်။ သူကတော့ ခပ်မာမာ။ အားသန်သန်နဲ့။ (30% exceed take-off weight)


http://i550.photobucket.com/albums/ii427/nok-mech/MiG-35G1.jpg

အထိမခံ ကြွေပန်းကန် မဟုတ်ဘူး။ ကြမ်းကြမ်းရမ်းရမ်းနဲ့ Robustness ကောင်းတယ်ဆိုပဲ။ မယုံရင် ခြစ်ကြည့်တဲ့။


http://i550.photobucket.com/albums/ii427/nok-mech/MiG-35RearView.jpg

ကြွကြွရွရွ လှလှပပ လေထဲမှာက။


http://i550.photobucket.com/albums/ii427/nok-mech/MiG-35A1.jpg


http://i550.photobucket.com/albums/ii427/nok-mech/MiG-35A3.jpg


http://i550.photobucket.com/albums/ii427/nok-mech/MiG-35A2.jpg

(With Thrust Vectoring Engine, Advanced Radar System, New Cabin Info management System and New Missile Warning System)

Nway Oo Ko
09-08-2009, 09:56 PM
ခါးနံပါတ် 29 OVT


http://i550.photobucket.com/albums/ii427/nok-mech/MiG-29OVT.jpg

အတိအကျ ပြောရရင်တော့ 29 with OVT ။


http://i550.photobucket.com/albums/ii427/nok-mech/MiG-29-OVTRear.jpg

လှုပ်လှုပ်ရှားရှားနဲ့ လေထဲမှာ ကစားလို့ ကောင်းတာမို့ ပွဲတိုင်းမှာ သူမပါရင် ပွဲမစည်ပါဘူးတဲ့။ Int'l Air show တိုင်းရဲ့ ကွမ်းတောင်ကိုင်လေးလို့ ဆိုရမလားပဲ။


http://i550.photobucket.com/albums/ii427/nok-mech/MiG-29OVTA1.jpg


http://i550.photobucket.com/albums/ii427/nok-mech/MiG-29MA1.jpg


http://i550.photobucket.com/albums/ii427/nok-mech/MiG-29MA2.jpg


http://i550.photobucket.com/albums/ii427/nok-mech/MiG-29MA3.jpg


29 နဲ့ 35 က တမြို့တည်းသူ ဆိုပေမယ့်။ ဒီတခါတော့ ဝေဟင်မှာ အကဲစမ်းကြည့်ကြမလို့တဲ့။ Thrust Vectoring Performance ကိုပေါ့။


http://i550.photobucket.com/albums/ii427/nok-mech/MiG35andMiG29OVT.jpg

Nway Oo Ko
09-08-2009, 11:27 PM
ခါးနံပါတ် 29 K


http://i550.photobucket.com/albums/ii427/nok-mech/MiG-29K-CarrierVersion.jpg

29 ရဲ့ ညီမအရင်းပေါ့။ ရေကြောင်းခရီးမှာ ပျော်တယ်တဲ့။ လှေအဆင်း မြင်းအတက် ပြောကြပေမယ့်၊ သူ့အတွက်က လှေအဆင်းရော၊ အတက်ရော လွယ်ပါသတဲ့။ 4+ Generation, Carrier-based Version မို့ပါတဲ့။ လှေစီးလို့ လွယ်ဖို့ တောင်ပံတွေပါ ခေါက်လို့ ရအောင် လုပ်ထားတယ် ဆိုပဲ။ အလှမပျက်အောင်လည်း 30% Diet ပါ သတဲ့။ (30% of aircraft parts are made up of composite materials)


http://i550.photobucket.com/albums/ii427/nok-mech/MiG-29KG2.jpg

ခါးနံပါတ် 29 SMT


http://i550.photobucket.com/albums/ii427/nok-mech/MiG-29SMT.jpg

MiG မြို့သူ တွေထဲမှာ အလှဆုံးပေါ့။ တနေကုန် ထိုင်ပြီး တစိမ့်စိမ့်ကြည့် ဆိုပြီး ညည်းနေမိအောင်ကို ပါပဲ။ အသားအရေကလည်း ချောချောမွတ်မွတ်၊ ကိုယ်ဟန်ကလည်း ကြော့ကြော့ရှင်းရှင်း။ ဝေဟင်ပျော်တိုင်း မြင်မြင်ချင်း ရင်ခုန်မိမှာပါပဲ။ (New Radar, New Weapon System, New Cabin Facility)

လှသလောက် ခရီးပေါက်တယ်လို့ ဆိုပါတယ်။ ဝေဟင်ဆီဖြည့်စနစ်ပါတဲ့ အပြင်၊ လောင်စာဆီပိုဆန့်အောင်ဒီဇိုင်းလုပ်ထားပါတယ်တဲ့။


http://i550.photobucket.com/albums/ii427/nok-mech/MiG-29SMTG2.jpg

ဝေဟင်မှ ၀ဲတဲ့ အလှပါ။



http://i550.photobucket.com/albums/ii427/nok-mech/MiG-29SMTA12.jpg


http://i550.photobucket.com/albums/ii427/nok-mech/Mig-29SMTA1.jpg


http://i550.photobucket.com/albums/ii427/nok-mech/MiG-29SMTA2.jpg

kokoyann
09-09-2009, 02:21 AM
အရေးအသားလည်း လန်း ၊ ဗဟုသုတလည်း ရ ၊ စာဖတ်သူကိုလည်း airshow ကိုရောက်အောင် ခေါ်သွားတယ်။ ကျေးဇူးတင်တယ် ကိုနွေဦးကိုရေ။ ဆက်လက်မျှဝေပေးပါဦး။

Nway Oo Ko
09-09-2009, 03:59 AM
ခါးနံပါတ် 31 (MiG-31)


http://i550.photobucket.com/albums/ii427/nok-mech/MiG-31BMG1.jpg

တချိန်က လျှို့ဝှက်ခြင်းရဲ့ သခင်မ လေးပေါ့။ ပိုင်ချင်သူ ပေါလွန်းလို့ Firefox ဆိုပြီး ဇာတ်လမ်းဆင် ရုပ်ရှင် ရိုက်ခဲ့ကြပါသေးတယ်။ မြေပြင်မှာနားရင်တော့ အိနြေ္ဒရရ။ ဝေဟင်မှာ ကြဲရင်တော့ နိမ့်နိမ်မြင့် အသံလွန် Speed နဲ့ ဆိုပဲ။ ဒီလိုကြဲနိုင်အောင်လို့ Body Structure ကို သေချာ လုပ်ထားတာတဲ့။ ဒါကို ပဲလင်းမြွေ ဘော်ဒီလေး ဘာလေး ခေါ်ချင်ကြသေးတယ်တဲ့။
( Low altitude: 1.23 Mach, High altitude: 2.8+ Mach)


http://i550.photobucket.com/albums/ii427/nok-mech/MiG-31BM.jpg

ဝေဟင်မှာ အပြိုင်ကြဲ MiG-31 တို့ပွဲ


http://i550.photobucket.com/albums/ii427/nok-mech/MiG-31BMA1.jpg


http://i550.photobucket.com/albums/ii427/nok-mech/MiG-31EA1.jpg


ဆူတို့နယ် (Sukhoi)


http://i550.photobucket.com/albums/ii427/nok-mech/SuFamily2.jpg

စမြင်ကတည်းက ဆူ့ကိုမှ ချစ်မိနေပါတယ်လို့ တညည်းညည်းနဲ့ပါ။ တိုင်းတပါးသားမို့ မြန်မာစကား မပီလို့ မဟုတ်ကြပါဘူး။ ဆူကို မှ ချစ်ကြတဲ့ ဝေဟင်ပျော်တွေ မို့ပါတဲ့။ ဒီလိုဖြစ်ရအောင်လည်း ဆူတို့နယ်သူ တွေကလည်း လုံးကြီးပေါက်လှ၊ ခန့်ခန့်ထယ်ထယ်၊ မယ် တွေကိုး။ ခရီးဝေးလဲသွား၊ စွမ်းပကားကလဲ ထက်မြက်တော့၊ မမက် ဘယ်သူရှိမလဲနော့။

ခါးနံပါတ် 100 (Su-100 Super Jet)


http://i550.photobucket.com/albums/ii427/nok-mech/Superjet1002.jpg

ညိုပြာပြာ ဆူတို့နယ်သူ တွေကို ဦးဆောင်နေတဲ့ ဖြူ၀၀ ဆူမမ (Superjet 100 or SSJ 100) ပါ။ နိုင်ငံတကာ စံချိန်တွေ အကုန်မှီတဲ့အပြင် အသုံးအစွဲကျစ်လစ်လို့ အများက ချစ်ကြပါသတဲ့။ (သူ့ အဆိုနော်။)
(10-15% lower operation costs than its counterparts and by standards of ICAO, FAA, JAR)

၀၀ လှလှ လေးပါနော်တဲ့



http://i550.photobucket.com/albums/ii427/nok-mech/Superjet100.jpg


http://i550.photobucket.com/albums/ii427/nok-mech/Superjet100A1.jpg

အပျိုလှည့်


http://i550.photobucket.com/albums/ii427/nok-mech/SuandMiGTour.jpg

လူပျိုတွေ လှည့်တာမဟုတ်တော့၊ အပျိုလှည့်ပဲ ခေါ်ရတော့မှာပေါ့။

ရှေ့ဆုံးက ဖြူ၀၀ ဆူမမ ။ (Superjet 100)
သူ့အပေါ်ကပ်ရပ် အ၀ါဝမ်းဆက်နဲ့ လုံးကြီးပေါက်လှ ဆူတို့နယ်သူ လေးက ခါးနံပါတ် 35 (Su-35)၊ နောက်မှ မိတ်ဆက်ပေးမယ်နော့။
အပေါ်ဆုံးက ညိုချောလေးက MiG မြို့သူ ခါးနံပါတ် 35 ပေါ့ (MiG-35)၊ နောက်နားက အညိုကွက်လေးကတော့ ခါးနံပါတ် 30 ပါ။ ဆူတို့နယ်သူ Su-30 MK ပေါ့။
နောက်ဆုံးက နီပြာညက်လေးက အများသိတဲ့ ကွမ်းတောင်ကိုင်လေးပါ။ MiG-29 OVT ပါတဲ့။

Nway Oo Ko
09-09-2009, 05:05 AM
Fly Kiss


http://i550.photobucket.com/albums/ii427/nok-mech/Su-27Kiss.jpg

ဒီထက် Fly Kiss စစ်တာ မရှိတော့ဘူးလို့ ထင်ပါတယ်။ ကာယကံရှင်တွေတော့ မသိဘူး၊ မြင်ရတဲ့သူတွေကတော့ အသည်းတယားယားရယ်။ မိုးမြင် လေမြင် ကဲနေကြတဲ့ ဆူတို့နယ်သူ (Su-27) တွေပေါ့။

အလှနဲ့ အယဉ်



http://i550.photobucket.com/albums/ii427/nok-mech/Su-27andMiG-29.jpg

သေးသေးသွယ်သွယ် ကွမ်းတောင်ကိုင်လေးတွေနဲ့ လုံးကြီးပေါက်လှ မယ်လေးတွေပေါ့။ ဘယ်သူက လှပြီး ဘယ်သူက ယဉ်လဲဆိုတာတော့ ကိုယ်တိုင်ဆုံးဖြတ်ပေရော့။ (MiG-29 and Su-27)

ခါးနံပါတ် 27 (Su-27 SM)


http://i550.photobucket.com/albums/ii427/nok-mech/Su-27SMG1.jpg

ဒီပွဲမှာတော့ သူတို့က Queen ပါပဲ။ မိုးပေါ်မှာကြည့်ကြည့်၊ မြေပြင်ပေါ်ကြည့်ကြည့်ပေါ့။ သူတို့ဆောင်ပုဒ်က ဝေးဝေးရောက် မြင့်မြင့်ပျံ ဝေဟင်စိုးမိုးရန် တဲ့။ မြောက်အမေရိကသူ F-15 သိန်းငှက်မယ် တို့နဲ့ အပြိုင်ပေါ့။ (Almost all operations capable, but air superiority mainly)

http://i550.photobucket.com/albums/ii427/nok-mech/Su-27SMG2.jpg

ဝေဟင်မှာ လေဟုန်စီး မီးနဲ့ကစားမယ်


http://i550.photobucket.com/albums/ii427/nok-mech/Su-27A3.jpg


http://i550.photobucket.com/albums/ii427/nok-mech/Su-27A1.jpg


http://i550.photobucket.com/albums/ii427/nok-mech/Su-27A2.jpg


http://i550.photobucket.com/albums/ii427/nok-mech/Su-27A6.jpg


http://i550.photobucket.com/albums/ii427/nok-mech/Su-27A5.jpg

Nway Oo Ko
09-09-2009, 05:56 AM
ခါးနံပါတ် 30 (Su-30 MK)


http://i550.photobucket.com/albums/ii427/nok-mech/Su-20MK.jpg

မြေပြင် ဝေဟင် စွမ်းအင်ပြနိုင်တဲ့ သူလေးပါတဲ့။ နေ့နေ့ညည၊ အေးအေးပူပူ လက်တွဲဖြုတ်မဲ့သူ မဟုတ်ပါဘူး ဆိုပဲ။ မနောချို အပြောကောင်းလေးမို့ ဒေါ်လာသန်း ၃၀ ကျော် တင်တောင်းရမတဲ့။ လွယ်ဘူးနော်။ ( All-weather, Air-to-Air, Air-to-Ground, Dual Role)


http://i550.photobucket.com/albums/ii427/nok-mech/Su-30MK.jpg

ဝဲပျံလို့က


http://i550.photobucket.com/albums/ii427/nok-mech/Su-30A6.jpg


http://i550.photobucket.com/albums/ii427/nok-mech/Su-34A2.jpg


http://i550.photobucket.com/albums/ii427/nok-mech/Su-30A2.jpg


http://i550.photobucket.com/albums/ii427/nok-mech/Su-30A1.jpg


http://i550.photobucket.com/albums/ii427/nok-mech/Su-30A3.jpg


http://i550.photobucket.com/albums/ii427/nok-mech/Su-30A4.jpg


http://i550.photobucket.com/albums/ii427/nok-mech/Su-30A5.jpg


ညီအစ်မ


http://i550.photobucket.com/albums/ii427/nok-mech/Su-30and35.jpg

ဆူညီအစ်မ ကြွကြွရွရွ အလှပြမလို့တဲ့။ (Su-35 and Suu-30MK )


ခါးနံပါတ် 35 (Su-35)



http://i550.photobucket.com/albums/ii427/nok-mech/Su-35G1.jpg

ဆူတို့နယ်သူ တွေကို အလှဖျက်နေတယ်ပြောကြတဲ့ နားရွက်ကားကား (Canards) လေးကို ဖြုတ်လိုက်လို့ ပိုလှနေပါတယ်တဲ့။ ဝေးဝေးဖောက်၊ မြန်မြန်ရောက်၊ များများမြင်၊ စွယ်စုံစွမ်းအင် ရှိပါတယ်ဆိုပဲ။ (Long range, Supersonic, Advanced Radar, Multi role)

ဝါနက်ကြားနဲ့ ဆူနယ်ရှင်


http://i550.photobucket.com/albums/ii427/nok-mech/Su-35A7.jpg


http://i550.photobucket.com/albums/ii427/nok-mech/Su-35A4.jpg


http://i550.photobucket.com/albums/ii427/nok-mech/Su-35A6.jpg


http://i550.photobucket.com/albums/ii427/nok-mech/Su-35A3.jpg


http://i550.photobucket.com/albums/ii427/nok-mech/Su-35A2.jpg


http://i550.photobucket.com/albums/ii427/nok-mech/Su-35A8.jpg

Nway Oo Ko
09-09-2009, 01:48 PM
ရေးစရာလေးတွေ အများကြီး ကျန်ပါသေးတယ်။ ဖြည်းဖြည်းချင်းရေးဖို့ စဉ်းစားထားပါတယ်။
ဓါတ်ပုံတွေပဲ အကုန်တင်လိုက်ရင် သိတဲ့သူတွေအတွက် မထောင်းတာပေမယ့်၊ ဗဟုသုတရချင်သူတွေအတွက် ခက်နေမလားလို့။

နွေ ဦး ကို။

Nway Oo Ko
01-26-2010, 09:31 PM
သစ်ရွက်လှုပ်လည်း ရီချင် ရီတတ်တဲ့ အပျိုဖြန်းလေးတွေပေါ့။ ကောင်းကင်မှာ တမေ့တမော ရပ်လိုရပ်၊ သစ်ပင်ဖျားမှာ ကစားလိုကစားနဲ့ပါ။ အလှကြွယ်ပေမဲ့ သတ္တိတော့ မငယ်ကြပါဘူးတဲ့။

ခါးနံပါတ် 24 (Mi-24N)
သူလေး နဲ့ အပြိုင်က Apache ပါတဲ့။ ကြမ်းမယ် ရမ်းမယ် လို့ မှန်းထားကြလေသလား မသိပါဘူး။ ကြက်ဖခွပ်သလို နှစ်ယောက်ပြိုင်ကြရင် ဘယ်သူနိုင်မယ်ဆိုတာ ငြင်းနေကြတုန်းပါပဲ။

http://i550.photobucket.com/albums/ii427/nok-mech/Mi-28NG4.jpg

0.5 Machine Gun ကလည်း ပိုင်းလော့ ခေါင်းလှည့်သမျှ လိုက်ချိန်ထားပြီးသားပါတဲ့။ မချစ်ဘူးပြောရင် ပစ်မလား မသိ။ ;)

http://i550.photobucket.com/albums/ii427/nok-mech/mi28_gun_1.jpg

ဝေဟင်မှာ အ၀ဲ

http://i550.photobucket.com/albums/ii427/nok-mech/mil-mi28-havoc.jpg

Nway Oo Ko
01-26-2010, 09:51 PM
ခါးနံပါတ် 52 (Ka-52)
မီးကျောင်းမ လို့ ချစ်စနိုးခေါ် ကြပါရဲ့၊ သူများနဲ့ မတူ ပန်ကာနှစ်ထပ် (Coaxial Rotors) နဲ့ ကုန်းပေါ်နေလိုနေ၊ သင်္ဘောပေါ် တက်လို တက်နဲ့ပေါ့။ ဟိုပစ်၊ ဒီပစ်နဲ့ ရန်ဖြစ်တတ်တဲ့ ခပ်စွာစွာရယ်ပါ။

http://i550.photobucket.com/albums/ii427/nok-mech/Ka-52.jpg

ဝေဟင်မှာ

http://i550.photobucket.com/albums/ii427/nok-mech/ka-52_1st-production_003.jpg


http://i550.photobucket.com/albums/ii427/nok-mech/Ka-52A2.jpg

Nway Oo Ko
01-26-2010, 10:37 PM
ခါးနံပါတ် 60 (Ka-60)
စပ်စပ်စုစု နိုင်တာမို့ အရပ်တကာလှည့်ပြီး သတင်းယူ (Reconnaissance) တတ်တယ်တဲ့။ သူလာရင် တခြားသူတွေက သတင်းမရ (Electronic Jamming) တတ်လို့ ရှောင်ပြေးကြပါတယ်တဲ့။ မြင်တဲ့အတိုင်း စတိုင်က နည်းနည်းလှတော့ ခပ်ကြွကြွရယ်။


http://i550.photobucket.com/albums/ii427/nok-mech/Ka-60.jpg


http://i550.photobucket.com/albums/ii427/nok-mech/Ka-60-6.jpg

ဂုဏ်ထူးဆောင် မမတွေပါ။
မမ ၅၅ (M-55)
မိုးစွန်တိမ်ဖျား စထရာတိုစဖီးယား အထိ သွားပါတယ် တဲ့။

http://i550.photobucket.com/albums/ii427/nok-mech/M55-Geophysica.jpg

ဟိုင်ပါဆိုနစ် မမ
အသံထက် ၆ ဆ မြန်ပါသတဲ့။ အပျိုကြီးမမမို့ သုတေသနအတွက်ပဲ ရည်ရွယ်တယ် ဆိုပဲ။

http://i550.photobucket.com/albums/ii427/nok-mech/GLL-AP-02.jpg

မမ ၄၇ (Su - 47)
ရှက်တတ်လို့ လူရှေ့မထွက်တော့ Secret ဖြစ်နေဆဲပါ၊ ရှည်ရှည်သွယ်သွယ် အနောက်တိုင်း မိုဒယ်တွေနဲ့ တူပေမယ့်၊ အိနြေ္ဒကတော့ ကြီးပ။ ဒါပေမယ့် မျိုးဆက်သစ်နော်၊ 5+ Generation ဆိုပဲ။


http://i550.photobucket.com/albums/ii427/nok-mech/Su-47.jpg


http://i550.photobucket.com/albums/ii427/nok-mech/s37-c.jpg
မမ ၄၇ နဲ့ ညီမလေး ၃၅ တို့ပါ။ (Su-47 & Su-35)

http://i550.photobucket.com/albums/ii427/nok-mech/Su-47BerkutFlyingwithSu-35UB.jpg

Nway Oo Ko
01-26-2010, 10:51 PM
မမ ၉၅ (Tu-95 M)
မဟာဗျူဟာကျကျ Multi Role မမ ပါတဲ့။ ခရီးရှည်သွားတဲ့အခါ ဆူညီမလေးများက ၀န်းရံပေးကြရပါတယ်။ (Strategic Bomber, Missile Carrier, Airborne Surveillance)


http://i550.photobucket.com/albums/ii427/nok-mech/Tu-95.jpg
ညီမလေးတွေနဲ့

http://i550.photobucket.com/albums/ii427/nok-mech/TupolevTu-95MS-Samara.jpg

ကံကူလက်လှည့် ဆရာမ (Yak-130)
Jet trainer ဆရာမလေးပါ။ ငယ်ငယ် ချောချောလေးပေါ့။

http://i550.photobucket.com/albums/ii427/nok-mech/Yak-130.jpg


http://i550.photobucket.com/albums/ii427/nok-mech/Yak-130G1.jpg

Nway Oo Ko
01-26-2010, 11:05 PM
မဘုတ်ဆုံ (Reentry Module)
လွန်းပျံယဉ် မစီးပဲ အာကာသထဲက ပြန်လာတဲ့ အာကာသယဉ်မှုးတွေကို မဘုတ်ဆုံကပဲ တာဝန်ယူပြီး အိမ်ပြန်ရောက်အောင် ပို့ပေးရပါတယ်။ လူများရင် နည်းနည်းကြပ်တော့ သည်းခံစီးရပါတယ်။ လေး ငါးနှစ်လောက်က တရုတ် အာကသယဉ်မှုးတယောက်ကို ဒီလို၀၀လှလှ မဘုတ်ဆုံ ညီမလေးတယောက်ကပဲ ပြန်ခေါ်လာခဲ့တယ် ဆိုပါတယ်။

http://i550.photobucket.com/albums/ii427/nok-mech/RentryModule.jpg

ဂျာအေးတို့ အဖွဲ့
ဆော့မယ်၊ ကစားမယ် ဆိုတာပဲ သိတဲ့ ဂျာအေးတို့ အဖွဲ့ ပါ၊ တဦးချင်းတော့ မိတ်ဆက်မပေးတော့ပါဘူး။


http://i550.photobucket.com/albums/ii427/nok-mech/Sport2.jpg


http://i550.photobucket.com/albums/ii427/nok-mech/Sport1.jpg


http://i550.photobucket.com/albums/ii427/nok-mech/Sport.jpg


http://i550.photobucket.com/albums/ii427/nok-mech/Sport12.jpg

ရေပြင် မြေပြင် ကစားတတ်တဲ့ ဟာဗာခရတ်

http://i550.photobucket.com/albums/ii427/nok-mech/Hovercraft.jpg

မီနီကော့ပ် (Minicopter)

http://i550.photobucket.com/albums/ii427/nok-mech/Chops.jpg

Nway Oo Ko
01-26-2010, 11:35 PM
့ပြင်သစ်သူလေး ရာဖလာ (Dassault Rafale)
့ပြင်သစ်သူမို့ ရာဖလာ လို့ အနီးစပ်ဆုံး အသံထွက်ပြီးခေါ်ပါတဲ့။ တချို့ကလည်း ရာဖေးလ် လို့ ခေါ်ပါတယ်တဲ့။ Delta Wing လေးနဲ့ မို့ စတိုင်က မိုက်ပါတယ်။ ကုန်းပေါ်မှာနေသလို၊ သဘောင်္နဲ့ ခရီသွားတဲ့ ညီမအရင်းတွေ လည်းရှိတယ်လို့ ဆိုပါတယ်။


http://i550.photobucket.com/albums/ii427/nok-mech/RafaleA2.jpg


http://i550.photobucket.com/albums/ii427/nok-mech/RafaleA1.jpg


http://i550.photobucket.com/albums/ii427/nok-mech/RafaleA3.jpg

Nway Oo Ko
01-26-2010, 11:41 PM
အကိုတွေအမြဲချစ်တဲ့ အေရိုဘက်တစ် (Aerobatics)
Frecce Tricolori လို့ ခေါ်တဲ့ သုံးရောင်ခြယ် မြားယိမ်းပါ။ အီတလီ အကပေါ့။


http://i550.photobucket.com/albums/ii427/nok-mech/0637175.jpg

Aermacchi MB-339 လို့ခေါ်တဲ့ အီတလီသူလေးတွေ ကိုးယောက်ပါပါတယ်။ တခါတလေလည်း တပင်တိုင်ပါတွဲပြီး ၁၀ ယောက်ကပါတယ်။
လှမှလှပေါ့။


http://i550.photobucket.com/albums/ii427/nok-mech/1082.jpg

စိမ်း၊ ဖြူ၊ နီ မီးခိုးတွေက အီတလီ အလံတော် ကို သရုပ်ဖော် ထားတာပါ။

http://i550.photobucket.com/albums/ii427/nok-mech/A8.jpg


http://i550.photobucket.com/albums/ii427/nok-mech/A12.jpg


http://i550.photobucket.com/albums/ii427/nok-mech/A7.jpg

အရှေ့နဲ့ အနောက်
သေချာကြည့်ရင် တပင်တိုင် မင်းသမီးလေးက မျက်နှာချင်းဆိုင်က ပျံလာတာတွေ့ပါ လိမ့်မယ်။

http://i550.photobucket.com/albums/ii427/nok-mech/A10.jpg

ယိမ်းနဲ့ တပင်တိုင်

http://i550.photobucket.com/albums/ii427/nok-mech/A11.jpg

လေနှင်ရာလွင့်

http://i550.photobucket.com/albums/ii427/nok-mech/A9.jpg

Nway Oo Ko
01-26-2010, 11:51 PM
Patrouille de France လို့ ခေါ်တဲ့ အေရိုဘက်တစ် ယိမ်းပါ။ "French Acrobatic Patrol" လို့ အဓိပ္ပါယ် ရပါတယ်။ ပါဝင်ကပြတာကတော့ ပြင်သစ်သူ Alpha Jet လေးတွေပါ။

http://i550.photobucket.com/albums/ii427/nok-mech/2533721127327361741.jpg

အီတလီယိမ်းနဲ့ အပြိုင်ပေါ့။ ကိုးယောက်ပါပဲ။ ပြာ၊ ဖြူ၊ နီ သုံးရောင်နဲ့ ပြင်သစ် အလံတော် ကို ကိုယ်စားပြု ထားပါတယ်။



http://i550.photobucket.com/albums/ii427/nok-mech/1078.jpg

မုန့်ကြိုးလိမ်

http://i550.photobucket.com/albums/ii427/nok-mech/PatrouilledeFranceA1.jpg

မချစ်ရင် မနေနိုင်တာက လွဲလို့

http://i550.photobucket.com/albums/ii427/nok-mech/PatrouilledeFranceA2.jpg

သူတို့တွေ အကကောင်းလွန်းတော့ ကြည့်ရတဲ့ သူတွေမှာ ထိတော့ မလား၊ ငြိတော့မလား ဆိုပြီးတော့ ရင်တထိပ်ထိပ်နဲ့ပါ။ လက်ခုပ်သံတွေလည်း တဖြောင်းတဖြောင်းနဲ့ ပေါ့။

Nway Oo Ko
01-27-2010, 12:01 AM
သူတို့ အရပ် သူတို့ ဇာတ်မို့ ...

http://i550.photobucket.com/albums/ii427/nok-mech/A14.jpg

တနေ့နေ့တော့ ကိုယ့်မြေ၊ ကိုယ့်ရေ ပေါ်မှာလည်း ဒီလိုအလံလွှင့်ပြီး ဂုဏ်ယူဝံ့ကြွားနိုင်မှာ ပါလို့ ယုံကြည်ရင်း၊


ပေးဆပ်မယ့် လက်တွေကို မြဲမြဲတွဲထားတဲ့
နွေဦးကို ။

zinmaung
01-27-2010, 08:18 AM
သူတို့ အရပ် သူတို့ ဇာတ်မို့ ...
တနေ့နေ့တော့ ကိုယ့်မြေ၊ ကိုယ့်ရေ ပေါ်မှာလည်း ဒီလိုအလံလွှင့်ပြီး ဂုဏ်ယူဝံ့ကြွားနိုင်မှာ ပါလို့ ယုံကြည်ရင်း၊



အစ်ကိုရေ ဖြစ်လာတော့ မှာပါဗျို.။ အခု SINGAPORE မှာ AIRSHOW လုပ်နေတယ် ကြားတယ်။


ဒေသခံများ လည်း ပုံလေးတွေ ရရင် တင်ပေးကြပါဦး။

အေး
02-28-2010, 05:35 PM
၂၈.၂.၁၀(တနင်္ဂနွေ)

ကိုနွေဦးကို

ခင်ဗျားတင်ထားတဲ့ လေယာဉ်ပုံတွေမြင်ပြီး ကျွန်တော် လေယာဉ်စီးချင်လာတယ်..။..လေယာဉ်ကလည်း တစ်ခါမှ မစီးစီးဘူးဘူးလေ..။..အဲဒီတော့ ပြန်လာရင်..ကျွန်တော့်ဖို့လေယာဉ် တစ်စီးလောက်ဝယ်ခဲ့ပေးစမ်းပါ..ဗျာ..နော်..အပန်းမကြီးရင်လေ..။..

ကျွန်တော်လိုချင်တဲ့လေယာဉ်က..လေယာဉ် ဒရိုင်ဘာတစ်ယောက်ပဲ ပါရမယ်..။..လေယာဉ်စပါယ်ယာမ..မလိုတဲ့ဟာမျိုး..။..နောက်က လူကြီးနှစ်ယောက်နဲ့ ..ကလေးသုံးယောက်လောက် ကောင်းကောင်းဆံ့မယ့်..ဟာမျိုး...။..(အင်းခွေးကြီးတစ်ကောင်ပါရင်ပါဦးမှာနော်)..။..အိမ်စီးပဲနော်..။..ပစ္စည်းသယ်ဖို့မဟုတ်ဘူး..။..စက်သံလည်းသိပ်မဆူတဲ့..ဟာမျိုး..။ အရောင်ကလည်း.. ယဉ်တာလေးပဲယူခဲ့..နော်..။...ပုံစံက..မိန်းကလေးစီးမယ့်ပုံစံနော်..။..ယောကျာ်းလေးတွေ..စီးမှာမျိုးလို..ကြမ်းကြမ်းကြီးတွေ..ကျွန်တော်မကြိုက်ဘူး..။.. အင်ဂျင်နံပါတ်တွေကတော့.. ခင်ဗျားဘာသာကြည့်ဝယ်ခဲ့နော်..ကျွန်တော်..နားမလည်ဘူး..။


နောက်ပြီး....လေယာဉ်ဒရိုင်ဘာပါ..အဲဒီက တစ်ခါတည်း ငှားခဲ့ပေး..။..
(၁)လေယာဉ်မောင်းသက်(၁၀)နှစ်အတွေ့အကြုံရှိတဲ့သူ..
(၂)International Certificate ရှိတဲ့သူ
(၃)မြန်မာစကားကောင်းကောင်းပြောတတ်တဲ့သူ
(၄)မြန်မာလူမျိုး မဟုတ်တဲ့သူ..
သိလား..။..အဲဒီအချက်တွေနဲ့ ပြည့်စုံတဲ့သူမှ ငှားခဲ့နော်..။..သေချာကြည့်ပြီးမှ..ငှားခဲ့ပေးနော်..။..လစာကိုသူတောင်းသလောက်..ပေးလိုက်..။..သိလား..။..Safe ဖြစ်ရင် ပြီးတာပဲနော်..။..ပိုက်ဆံကအရေးမကြီးဘူးနော်...။..သိတယ်မို့လား..။


အော်..မေ့တော့မလို့..။..ပိုက်ဆံက ဘယ်ကိုလွှဲရမှာလဲ..။..ခင်ဗျားရဲ့.. ID နံပါတ်ပေးဦးလေ..နော်..။..


ဒါနဲ့..စကားမစပ်..ကျွန်တော့်ဖို့..မီလျံနာ..တစ်ယောက်ပါ..ရှာခဲ့ပေးနော်..။..ဖိုရမ်ထဲမှာ..အေး..ဆိုတဲ့တစ်ယောက်က..ဒီလိုဒီလိုတွေ..ရှိတယ်..။..ဒီလိုဒီလိုဆိုရင်ဖြင့်.. ပြန်ပြီးစိတ်ဝင်စားနိုင်တယ်ဆိုတာတွေ..ပြောခဲ့နော်..။..အော်..ပြီးတော့..အဲဒီ မီလျံနာက..မြန်မာနိုင်ငံကို..လိုက်နေရမှာဆိုတာတွေ..ထည့်ပြောခဲ့နော်..။..ဘာမှမကျန်စေနဲ့..။ .. ကျွန်တော်မှာတဲ့အချက်တွေကို..စာရွက်နဲ့ရေးမှတ်ထားပြီးမှ..သေချာတစ်ချက်ချင်းကြည့်ရွေးနော်..။..မမှားစေနဲ့..။

ငယ်ငယ်တုံးကတော့..ကျွန်တော်မီလျံနာဆိုပြီး ကျပန်းစကားပြောဘူးတယ်..။..မီလျံနာဆိုတာ..ဘာကိုပြောမှန်းကို..တော်တော်နဲ့မသိဘူး..။..ခုတော့.အဲဒါကိုသိပါပြီလို့..။..မီလျံနာ ဖြစ်နေလည်း..စိတ်မဆိုးဘူးလို့...လက်ခံစဉ်းစားပေးပါမယ်လို့....ထည့်ပြောလိုက်..နော်...။..ကျွန်တော့်ဖို့မီလျံနာတွေ့ပြီဆိုရင်ပြော..။..ကျွန်တော်ငွေလှမ်းလွှဲလိုက်မယ်..။



ခုကတည်းက..အမေ့ကို..လေယာဉ်ရပ်ဖို့နေရာ..ပြင်ခိုင်းထားလိုက်တော့မယ်နော်...။..၀ယ်ခဲ့ပြီးပြီဆိုရင်..လှမ်းပြောလိုက်နော်..။..


ဒါနဲ့နေဦး..လေယာဉ်က..ရပ်ရင်..ဂျမ်းတုံး..ခုရသေးလား..။..ဂျမ်းတုံးကြိုဝယ်ထားရအောင်လို့..။..


ဒါပဲနော်..ကျွန်တော်ဝယ်ခိုင်းလိုက်တဲ့အတိုင်း..သေချာရွေးပြီးဝယ်ခဲ့နော်...။

အော်..နောက်တစ်ခုပြောဖို့မေ့နေလို့..။..ကျွန်တော်က..Psychic Inflation ဖြစ်နေတယ်ဆိုတာ..ထည့်ပြောဖို့..မမေ့နဲ့နော်...။


P.S။ ။..ကိုဇေသူဖို့..ဗော့ဒကာတစ်လုံး ၀ယ်ခဲ့ပေးဦး..။..ဟိုနေ့က..မှာနေတာ..တွေ့လို့..။



ခင်တဲ့

အေး

zinmaung
02-28-2010, 07:53 PM
အမ.....အေး
အဆင်ပြေမယ် ထင်ပါတယ်။ ကျွန်တော် ရှာ ထားပေးပါတယ်။

http://www.techfresh.net/wp-content/uploads/2007/04/200704280047489671.jpg
ဒီဇိုင်းလေး ကတော့ ကြွားတယ်ဗျို.။ လိုအပ်တာ ဆိုလို. PILOT ပဲ အင်တာဗျူး ဖို. လိုပါလိမ့် မယ်။ မိသားစု အဆင်ပြေပါလိမ့် မယ်။ ခွေး ကြီး အတွက်ပါပေါ့။ :4:

http://www.techfresh.net/wp-content/uploads/2007/04/20070428004748967.jpg

လေယာဉ်က နိုင်ငံတကာ အသိအမှတ်ပြုပါတယ်။
ပျော်ရွှင်နိုင်ပါစေ........... :7:

အေး
02-28-2010, 08:13 PM
အမ.....အေး
အဆင်ပြေမယ် ထင်ပါတယ်။ ကျွန်တော် ရှာ ထားပေးပါတယ်။

http://www.techfresh.net/wp-content/uploads/2007/04/200704280047489671.jpg
ဒီဇိုင်းလေး ကတော့ ကြွားတယ်ဗျို.။ လိုအပ်တာ ဆိုလို. PILOT ပဲ အင်တာဗျူး ဖို. လိုပါလိမ့် မယ်။ မိသားစု အဆင်ပြေပါလိမ့် မယ်။ ခွေး ကြီး အတွက်ပါပေါ့။ :4:

http://www.techfresh.net/wp-content/uploads/2007/04/20070428004748967.jpg

လေယာဉ်က နိုင်ငံတကာ အသိအမှတ်ပြုပါတယ်။
ပျော်ရွှင်နိုင်ပါစေ........... :7:



အင်း..ဟုတ်တယ်..ဟုတ်တယ်...။..ကြိုက်တယ်...။..ကိုဇင်မောင်ထွန်းကမှ..တော်သေး..။..ကိုနွေဦးကိုကြီးက..သူ့ရှာခိုင်းထားပါတယ်ဆို..ရှာမပေးဘူး..။.. ဒီ့ပြင်ဟာတွေ.. လျှောက်လုပ်နေတယ်..။....ဈေးကသေချာမေးပြီးဝယ်ခဲ့နော်..။..ကုမ္ပဏီဘယ်နှစ်ခုမှာ..ဒီ Design ထုတ်တာလဲ..။..အင်ဂျင်အားချင်း..Design လှတာချင်းတူရင်..ဈေးပိုသက်သာတာရွေးဝယ်ခဲ့နော်...။..ခု Design လေးလည်းကြိုက်တယ်..။..ဒါပေမယ့်နည်းနည်းတော့ လှည့်ရှာခဲ့ဦး..။..ဈေးချင်းယှဉ်ကြည့်ခဲ့ဦး..။..ဒီတိုင်းကြီးမမေးဘဲမ၀ယ်ခဲ့နဲ့နော်...။ဈေးဆစ်ခဲ့ဦးနော်..။..သိလားနော်..။


ကျန်တာကိုနွေဦးကိုဆက်လုပ်လိမ့်မယ်..။


အေး