PDA

View Full Version : နိုင်ငံတကာက အလုပ်လုပ်ပုံများ



mario
05-28-2008, 01:34 AM
Globalization ခေတ်ကြီးထဲမှာ ကျွန်တော်တို့ အင်ဂျင်နီယာတွေ တကမ္ဘာလုံးမှာ ရှိတဲ့လူတွေနဲ့ ဆက်ဆံနေရပါတယ်။

မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ခြင်း မတူတော့ တွေးခေါ်ယူဆပုံတွေ ဟာ တစ်နေရာနဲ့ တစ်နေရာ ကွဲပြားပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံထဲက လူသားတစ်ဦးကို တန်ဖိုးထားတဲ့ နေရာမှာ အရှေ့တိုင်း နဲ့ အနောက်တိုင်း မတူညီပုံ ကို ပြန်လည်ဝေမျှပါရစေ။

ကျွန်တော် အရင်တုန်းက လေဆာ Marking စက်တွေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ အဓိက ဈေးကွက်က ဥရောပဈေးကွက်ပါ။ ဥရောပကို လေဆာစက်တစ်လုံး တင်ပို့တော့မယ် ဆိုရင် စက်ရဲ့ ကိုယ်ထည်ကို Class 1 အဆင့် တည်ဆောက်ရပါတယ်။ လေဆာပစ်လွှတ်နေတဲ့ အချိန်မှာ လေဆာရောင်ခြည် ပျံ့လွှင့်နိုင်တဲ့ အပေါက်မှန်သမျှ ကို ပိတ်ထားရပါတယ်။ စက်ထဲကို Product ၀င်သွားပြီးရင် Shutter တွေအားလုံးကို ပိတ်ပြီးမှ လေဆာကို ပစ်လွှတ်ခွင့် ရှိပါတယ်။ အကယ်၍ Shutter တစ်ခုခု မပိတ်မိဘဲ လေဆာပစ်လွှတ်မိပြီဆိုရင်တော့ အကြီးအကျယ်ကို ပြသနာရှင်းရပါပြီ။ အဲဒါတွင်မက စက်ရဲ့တံခါးကို တစ်စုံတစ်ယောက်က ဆွဲဖွင့်လိုက်တာနဲ့ လေဆာပစ်လွှတ်မှုကို ချက်ချင်းရပ်တန့်ပစ်ရပါတယ်။ သူတို့ အဓိက စိုးရိမ်တာက စက်အသုံးပြုသူ (Operator) ကို အန္တရာယ်ဖြစ်မှာကိုပါ။ အဲဒီလို အပို လုံခြုံမှုစနစ်(Safety Features) တွေတပ်ဆင်ရတဲ့ အတွက် ပိုက်ဆံကုန်တာကို မနှမြောပါဘူး။ လူကို မထိခိုက်ရဖို့က သူတို့အတွက် အရေးအကြီးဆုံးပါ။ လေဆာက ကိုယ်ခန္ဓာပေါ်ကို ကျရင် ထိခိုက် ဒဏ်ရာရနိုင်ပါတယ်။ လေဆာက ထွက်တဲ့ ဓာတ်ရောင်ခြည်ကလည်း လူသားရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ကျွန်တော်တို့အသုံးပြုတဲ့ လေဆာက CO2 အမျိုးအစားဖြစ်တဲ့အတွက် မျက်စိကိုတော့ သိပ်ဒုက္ခမပေးပါဘူး။ ဒါပေမယ့် သူတို့အတွက် အကယ်၍ တစ်စုံတစ်ခု ဖြစ်ခဲ့ရင် လို့ တွေးပြီး ဖြစ်တောင့်ဖြစ်ခဲ ကိစ္စကိုတောင် လက်မခံပါဘူး။

အာရှမှာရှိတဲ့ စက်ရုံတွေကတော့ အဲဒီလို အပို လုံခြုံမှုစနစ်(Safety Features) တွေ တပ်ဆင်ထားတာကို သဘောမကျပါဘူး။ စက်ကိုသုံးရတဲ့ အချိန် (Cycle Time) ပိုကြာတယ်။ ဈေးကြီးတယ်ဆိုပြီး မ၀ယ်ချင်ကြပါဘူး။ ဘာဖြစ်လို့ အပိုတံခါးတွေ အဖုံးတွေ တပ်ထားရတာလဲလို့ မေးတဲ့ ဂျပန်တစ်ယောက်နဲ့ တောင် ကိုယ်တွေ့ ကြုံဖူးပါတယ်။ သူတို့စက်ရုံမှာ လေဆာTube ကို ဘာအဖုံးအကာမှ မထားတဲ့ နေရာမှာ ဒီအတိုင်း အသုံးပြုတယ်လို့ ပြောပါတယ်။ စက်ကို အသုံးပြုသူတွေ ကိုယ့်အန္တရာယ်ကို ကြည့်ရှောင်ကြရပါတယ်။ အာရှက စက်ရုံတွေအတွက် ပစ္စည်းများများထုတ်နိုင်ဖို့ ဈေးနည်းနည်းနဲ့ စက်ဝယ်နိုင်ဖို့က လူတစ်ယောက်ရဲ့ လုံခြုံရေးထက် ပိုအရေးကြီးတယ်လို့ ယူဆကြသလားမသိပါ။ ကျွန်တော်တို့ အာရှမှာတော့ လူသားရဲ့ တန်ဖိုး ဒီလောက်တောင် နည်းရသလားလို့ တစ်ခါတစ်လေတော့ စဉ်းစားမိပါတယ်။

ဥရောပမှာ လူတစ်ယောက်ကို သူတို့ ဘယ်လောက်အရေးစိုက်တယ်ဆိုတာလည်း ကျွန်တော် ကိုယ်တွေ့ကြုံခဲ့ရဘူးပါတယ်။ နောက်မှ ကျွန်တော်ဆက်ရေးပါမယ်။

MgLuAye
05-28-2008, 03:22 PM
သေချာတာပေါ့ဗျာ။ အနောက်နိုင်ငံတွေက Human Rights ကို တန်ဖိုးထားတာကိုး။ မောင်လူအေးတို့ ကိုးကွယ်နေကြတဲ့ဘာသာမှာ လူ့အဖြစ်ရခဲတယ်လို့ စာထဲမှာသာ ပြောနေကြတာပါ။ ဘဝကိုတန်ဖိုးမထားကြတာ ရှင်းနေတာပဲ။ အဲလိုပဲ လူ့ဂုဏ်သိက္ခာနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုလည်း ပတ်ဝန်းကျင်က အရမ်းစွက်ဖက်ကြတာ ရိုးနေကြပြီဆိုတော့ ပြောင်းလဲဖို့ အချိန်တော်တော်ယူရမယ်။ သဘောထားတူတဲ့ ပတ်ဝန်းကျင်လည်း လိုတယ်။ ရှေးရိုးစွဲတွေကို ပတ်ဝန်းကျင်လူငယ်ထုမှာ အများစုတွေ့နေရတာတော့ စိတ်မကောင်းစရာဘဲ။

Maung Maung
08-17-2008, 09:37 PM
ဟုတ်ပါတယ်ဗျာ။ ဥရောပ အမေရိကန် ဖက်က လုပ်ငန်းခွင်တွေမှာတော့ လူ ကိုလုံးဝ အထိအခိုက်မခံပါဘူး။ ဒါပေမဲ့ အေရှ မှာကတော့ လူကို သိပ်တန်ဖိုး
မထားတာ ထင်ရှာပါတယ်။
ကျွန်တော် လုပ်ခဲ့ဘူးတဲ့ ပြည်တွင်း က ပြင်သစ်ရေနံရှာဖွေရေး မှာလည်း ဘေးအန္တရာယ် လုံခြုံရေး ကတော့ တင်းကျပ်မှု့ က အရမ်းများပါတယ်။ On Shore မှာတောင် အရမ်းများယင် off show ဆိုယင်ပြောမနေပါနဲ့။ စည်းမျဉ်းစည်းကမ်း တွေ ကတော့ လူတယောက်အသက်အန္တာရယ်မပြော နဲ့ ထိခိုက်ပွန်း
ရှိတောင် လက်မခံပါဘူး။ အလုပ်တော့ မတွင်ကျယ်တာ အမှန်ပေမဲ့  အလုပ်မပြီးယင်လည်း ဘာမှမပြောပါဘူး။
ဥပမာ ဗျာ ကျွန်တော် လုံခြုံရေး အမြင့်ဆုံး တင်းကျပ်ထားတဲ့ နေရာမှာ Drill machine သုံးမယ်ဆိုယင် သုံးမယ့် သူ တစ်ကိုယ်ရေ ကာကွယ်မှု့  ပစ္စည်း အားလုံး ပြီးတော့ Red Workpermit ကို တစ်ရက် ကြိုတင်တောင်းခံရပါတယ်။ ပြီးတော့ Safety officer က လာစစ်ဆေးပြီး လိုအပ်တဲ့ ကာကွယ်ရေး ပစ္စည်း အားလုံး စုံတဲ့  အပြင် workpermit ကိုပါချိတ်ဆွဲ ပြသထားရပါတယ်။ ပြီးမှ လုပ်စတင်ရပါတော့တယ်။
အဲတာ ကြောင့် Metering Station မှာ ထိခိုက်ဒဏ်ရာ ရမှု့ က ၃၆၅ ရက် ကင်းလွတ်လို့  Safety Supervisor က ဆုရပါတယ်ဗျာ။ Drill ကလဲ လုပ်ရတာ တပတ် ၂ ရက် Tool Box meeting ကတော့ မနက်တိုင်း ပြောရတယ်။
အဲလို လူတွေ ကို တန်ဖိုးထားကြတယ်လေ။ အရှေ့ တိုင်း မှာကတော့ ဗျာ ဖြစ်သလို နဲ့ လုပ်နေကြတာ ဆိုတော့ သေခါမှ ဘာကြောင့်သေလဲ ဖြစ်ခါမှ
ဘာကြောင့်ဖြစ်လဲ လိုက်ရှာလိုက်ကြတာလေ။
အရှေ့ နဲ့ အနောက် လူကိုတန်ဖိုးထားတာချင်း ကတော့ ခုချိန်ထိ ကွာဟနေဆဲပဲ ဆိုတာ ၀င်ရောက်ပြီးထောက်ခံပါတယ်ဗျာ။

ကိုဆန်း
08-17-2008, 10:28 PM
အေးဗျာ..ဘာပြောရမှန်းတောင် မသိဘူးနော်..
အဲလိုလေး ဆိုတော့ အလုပ်ကို အားထည့်လုပ်တဲ့သူလည်း အားထည့် လုပ်ချင်စိတ်လေးတွေ ဖြစ်တာပေါ့နော်..
အတုယူဖို့ကောင်းပါတယ်ဗျာ..အားကျဖို့လည်း ကောင်းပါတယ်..ဒီလို လုပ်ငန်းပိုင်းဆိုင်ရာ အုပ်ချုပ်ပုံတွေကိုပေါ့..
ပြောချင်တာတွေကတော့ အများကြီးပါပဲ..နောက်မှပဲ... :P