PDA

View Full Version : မေးထားတဲ့မေးခွန်းအဆင်ပြေသွားရင်



ချင်းတွင်းသား
09-18-2009, 09:50 AM
တစ်ခုလောက်ပြောချင်လို့ပါ...
ဖိုရမ်မှာ ကိုယ်မေးထားတဲ့ ပြဿနာတစ်ခုအဆင်ပြေသွားရင် မေးတဲ့သူက အဆင်ပြေသွားပါပြီလို့ ပြန်ပြောတဲ့ပို့တွေမှာ solve and lock ဆိုပြီးနောက်ထပ်ရေးလို့မရအောင်လုပ်လိုက်ရင်မကောင်းဘူးလား
တချို့ပို့တွေမှာ မေးထားတဲ့ အကြောင်းအရာနဲ့ မဆိုင်တဲ့မေးခွန်းတွေကို ထပ်မေးထားတာတွေ့ရတယ်...
နောက်တစ်ယောက်က အဲဒီမေးခွန်းကို မသိရင် ခေါင်းစဉ်အသစ်တွေ ထပ်ရေးရင် ဖိုရမ်မှာ မေးခွန်းတွေလဲဖေါင်းပွမယ်...
ရှာရတဲ့သူလဲ ပို့ခေါင်းစဉ်ကို ကြည့်ပြီးရှာရင် အဆင်မပြေဘူး....
အကယ်၍ မေးထားတဲ့ ခေါင်းစဉ်နဲ့ မပက်သက်တဲ့မေးခွန်းကိုမေးထားရင် နောက်ထပ်ခေါင်းစဉ်အသစ်ထပ်ခွဲပြီး မေးထားတဲ့လူဆီကို private msg ပို့ပြီး ခေါင်းစဉ်အသစ်လုပ်ပြီးကြောင်း....နောက်တစ်တစ်ကြိမ်မှာ သူများမေးထားတဲ့မေးခွန်းနဲ့ ကိုယ်မေးချင်တာနဲ့ မဆိုင်ရင် ခေါင်းစဉ်အသစ်ဖွင့်ပြီးမေးစေလိုကြောင်း မေတ္တာရပ်ခံစေချင်ပါတယ်...

ကျွန်တော်မြင်တာလေးကို အကြံပေးတာပါ...အမှားပါရင်ခွင့်လွှတ်ပါ....

Little3278
09-27-2009, 01:41 PM
အခုလို အကြံပေးတာကို ကျေးဇူးတင်ပါတယ်။ ဒီပြဿနာက ကျွန်တော်တို့အမြဲကြုံနေရတဲ့ ပြဿနာတစ်ခုပါ။ ဖိုရမ်အပေါ်မှာ စွဲစွဲမြဲမြဲသုံးလာခဲ့တဲ့သူတွေကတော့ အဲလို အမှားမျိုးကို မလုပ်ကြပါဘူး။ သိပ်ပြီး သုံးလေ့ သုံးထမရှိတဲ့သူတွေသာ အဖြစ်များကြပါတယ်။ အဲလို မှားယွင်းစွာဖြစ်ပေါ်လာခဲ့ရင်လည်း ကျွန်တော်တို့ တွေ့ရှိသိတာနဲ့ တပြိုင်နက်လိုက်လံပြင်ဆင်မှုတွေကို ပြုလုပ်ပါတယ်။ အထက်က အကြံပေးသလို Solve and Lock ကျတော့ အချို့အမေးအဖြေတွေ ပိတ်ထားလို့ ရတဲ့ အနေအထား မဟုတ်ကြလို့ပါ။ မေးသူအနေနဲ့ အခြေခံအနည်းငယ်ရှိလို့ နားလည်သွားနိုင်ပေမယ့် အချို့မန်ဘာတွေအနေနဲ့ ချက်ချင်းနားမလည်လို့ ဖြည့်စွပ်မေးရတာတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော့်တို့အနေနဲ့ အကောင်ဆုံးနည်းဖြစ်တဲ့ မန်ဘာတိုင်းနားလည်သဘောပေါက်အောင် ပြောဆိုဆွေးနွေး အသိပေးမှုတွေ လုပ်ဆောင်ပါတယ်။ သို့သော်လည်း လူအင်အားအခက်အခဲကြောင့် လိုက်လံပြင်ဆင်တာတွေကို ရာနှုန်းပြည့်ပြီးမြောက်အောင် မလုပ်နိုင်တာတော့ ဝန်ခံပါတယ်။ ဒါကြောင့် မန်ဘာအားလုံးကို ထပ်မံပြီး ဖိုရမ်က ရေးသားထားသော အသုံးပြုပုံကို သေချာစွာဖတ်ရှုစေချင်ပါတယ်။ နောက်တစ်ခုကတော့ “ရှာဖွေရန်”ကို ကောင်းမွန်စွာ မသုံးတတ်သေးခြင်းကြောင့် ဖြစ်ပါတယ်။ မန်ဘာများအနေနဲ့ ကိုယ်လိုချင်သော (သို့မဟုတ်) ကိုယ်မေးမြန်းလိုသော စာသား (Keyword) ကို ဆွေးနွေးချက်မစတင်မီိ ရိုက်ပြီးရှာဖွေစေချင်ပါတယ်။ ဒီလို ရှာဖွေခြင်းအားဖြင့် ဆွေးနွေးချက် အသစ် စတင်ရမည်လော မစတင်ရမည်လောကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ပုံမှန်သုံးနေကျ မန်ဘာတွေကတော့ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သိကြပါတယ်။ သူများမေးထားတဲ့ခေါင်းစဉ်အောက်မှာ မဆိုင်တာကို မေးတတ်သူတွေကလည်း ခေါင်းစဉ်အသစ်ဖွင့်ရမှာကို စိုးရိမ်ပူပန်နေခြင်းကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့် ရဲရဲဝံ့ဝံ့နဲ့သာ အသုံးပြုစေချင်ပါတယ်။ မသိလို့ မှားယွင်းခြင်းကို ကျွန်တော်တို့ကလည်း fight.gif မှာ မဟုတ်ပါဘူး။ ဒီပြဿနာတင်မကပါဘူး။ ဖိုရမ်အတွက် အကောင်းဆုံးဖြစ်အောင် စဉ်းစားနေမှာပါ။ အကြံပေးတာကို ကျေးဇူးတင်ပါတယ်။

လေးစားလျက်....
Little3278

mgmgtint
10-18-2009, 04:37 AM
တစ်ခုလောက်ပြောချင်လို့ပါ...
ဖိုရမ်မှာ ကိုယ်မေးထားတဲ့ ပြဿနာတစ်ခုအဆင်ပြေသွားရင် မေးတဲ့သူက အဆင်ပြေသွားပါပြီလို့ ပြန်ပြောတဲ့ပို့တွေမှာ solve and lock ဆိုပြီးနောက်ထပ်ရေးလို့မရအောင်လုပ်လိုက်ရင်မကောင်းဘူးလား
တချို့ပို့တွေမှာ မေးထားတဲ့ အကြောင်းအရာနဲ့ မဆိုင်တဲ့မေးခွန်းတွေကို ထပ်မေးထားတာတွေ့ရတယ်...


အဲဒီအကြံကောင်းတယ်ဗျာ..
ဖို၇မ်က ကြီးကျယ်လာလေ...ထိန်းသိမ်း၇တဲ့သူတွေလဲ ခက်ခဲလာလေ ဖြစ်မှာပဲ။
မဆိုင်တဲ့ မေးခွန်းတွေအတွက် သတ်သတ် general ခေါင်းစဉ်တစ်ခု "သိချင်တာမေး၇န်" ဆိုပြီး ဖွင့်ပေးသင့်ပါတယ်
အဲဒီကနေ link ပြန်လုပ်လို့ ၇တယ်မလား
ခေါင်းစဉ်ဘောင်ကျော်တဲ့ မေးခွန်းအားလုံးကို အဲဒီမှာပဲ မေးကြပေါ့
သိချင်တာမှန်သမျှလည်း အဲဒီထဲမှာမေးနိုင်တာပေါ့
စဉ်းစားမိတာလေး အကြံပြုတာပါ။။