PDA

View Full Version : C Programming Tutorial



mario
05-31-2008, 02:10 AM
C Programming ဟာ ကျွန်တော် အနှစ်သက်ဆုံး Programming Language တစ်ခုပါ။ C နဲ့ ပတ်သက်ပြီး ကျွန်တော် သိထားတာလေးတွေ လေ့လာချင်တဲ့ သူတွေ အတွက် ဆွေးနွေးပေးချင်ပါတယ်။

ပထမဆုံး အနေနဲ့ အလကား ရနိုင်တဲ့ C Compiler ဒါမှမဟုတ် Integrated Development Environment တစ်ခုခုကို ရယူဖို့လိုပါလိမ့်မယ်။ CodeBlock ဒါမှမဟုတ် DevC++ ဟာ C Program စရေးမယ့် သူတွေ အတွက် အသင့်တော်ဆုံးလို့ ထင်ပါတယ်။ Microsoft ရဲ့ Visual Studio.NET 2002, 2005 2008 တို့ကတော့ C Programming နဲ့ သိပ်ပြီး မသင့်တော်ပါဘူး။ C++ အတွက်သာကောင်းပါတယ်။ ဒါပေမယ့် Visual Studio Version 6 နဲ့ ရှေ့ပိုင်းဆိုရင်တော့ ရေးလို့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ C Language က အခြေခံ Function တွေကို လက်မခံလို့ပါ။ Linux Operation System နဲ့ GNU GCC Compiler ရှိရင်လည်း ရေးလို့ ဖြစ်နိုင်ပါတယ်။

DevC++ ကို Download လုပ်နိုင်မယ့် လင့်ခ်ပါ။
http://www.bloodshed.net/devcpp.html

CodeBlock ကို Download လုပ်နိုင်မယ့် လင့်ခ်ပါ။
http://www.codeblocks.org/

mario
05-31-2008, 02:27 AM
ပထမဆုံး C Program

ပထမဆုံး လုပ်ရမဲ့ အလုပ်ကတော့ Editor ထဲမှာ Program ရိုက်ထည့်ဖို့ပါ။ အောက်က Program ကို ရိုက်ထည့်ပြီး Compile လုပ်ကာ Run ကြည့်နိုင်ပါတယ်။



void main()
{
}


အဲဒီ ပရိုဂရမ်က ဘာလုပ်သလဲလို့ မေးရင်တော့ ဘာမှ မလုပ်ပါဘူး။ ;D

"Press Any Key To Continue" ဆိုတာပဲ ပေါ်လာပါ့မယ်။ အဲဒီစာတမ်း ပေါ်လာရင်တော့ ပထမဆုံး C Program ကို အောင်မြင်စွာ Run လိုက်နိုင်တယ်လို့ ကိုယ့်ဘာသာကိုယ် ဂုဏ်ယူလိုက်ပါ။ (အရင်က ပရိုဂရမ် မရေးဖူးရင်ပေါ့ ;D)

အဲဒါက C Programming ရဲ့ အခြေခံပါပဲ။ Program တိုင်းမှာ main ဆိုတဲ့ Function တစ်ခု ပါရပါတယ်။

Function ဆိုတာကို နားလည်အောင် ပြောရမယ်ဆိုရင် တော့ ကျွန်တော် မောင်ခွေး ကို ပိုက်ဆံပေးပြီး ဖရဲသီး ၀ယ်ခိုင်းလိုက်ပါတယ် ဆိုကြပါစို့။

ကျွန်တော် လိုအပ်တဲ့ Function က ဖရဲသီးဝယ်ခိုင်းခြင်းပါ။ ဖရဲသီးဝယ်ဖို့အတွက် ပေးလိုက်ရတဲ့ ပိုက်ဆံကတော့ Function ထဲကို Pass လုပ်လိုက်ရတဲ့ Parameter နဲ့ တူပါတယ်။ ကျွန်တော် ပြန်ရမယ့် ဖရဲသီးကတော့ Function ရဲ့ Return Type နဲ့ တူပါတယ်။

Main ဆိုတဲ့ Function ကနေ ကျွန်တော်တို့ ဘာမှ ပြန်မလိုချင်တဲ့အတွက် Return Type ကို void လို့ ပေးထားပါတယ်။ ဒီ Function က ဘာမှ မလိုတဲ့အတွက် Parameter ထည့်ရမယ့် ကွင်းစကွင်းပိတ်က အလွတ်ဖြစ်နေပါတယ်။

အဲဒါကြောင့်
void main()
လို့ ရေးထားတာပါ။ နောက်က လက်သည်းကွင်းကလေး နှစ်ခုကတော့ {} Function ထဲမှာ လုပ်ရမယ့် အလုပ်ကို စုပေါင်းပြီး Group လုပ်ထားတဲ့ သဘောပါ။ ဒီ Function ကို ကျွန်တော်တို့ ဘာမှ မခိုင်းလိုက်တဲ့အတွက် လက်သည်းကွင်းကလေးကလည်း အလွတ်ဖြစ်နေပါတယ်။

နောက်မှ တစ်ခုခုခိုင်းလို့ရတဲ့ ပရိုဂရမ်တစ်ပုဒ်ကို ရေးကြည့်ကြတာပေါ့။ :D

yartar
06-01-2008, 01:56 PM
mario ခင်ဗျာ ....ဒီခေါင်းစဉ်အောက်မှာပဲ ကျွန်တော်လဲ သိတာလေးတွေ နဲနဲလောက် ၀င်ရောက်ဆွေးနွေးခွင့်ပြုပါ ... ။
အမှားပါရင် ပြင်ပေးပါ ...လက်ခံကြိုဆိုလျက်ပါ .... ။ ကျွန်တော်ကိုယ်တိုင်လဲ လေ့လာနေဆဲပါ ခင်ဗျာ ... ။

လေးစားစွာဖြင့် ( တာယာ )

ပထမဆုံး Error အကြောင်းအရင်ပြောရအောင် .. ။

Error ( ၂ ) မျိုးရှိပါတယ် .. ။

( ၁ ) Syntax Error( ၀ါကျအမှား ) .. >> စက်ကသိတယ် ..( Computer )
ဒါကတော့ ရှင်းပါတယ် .. ။ ကိုယ်ရေးတာ မှားလို့ Run တဲ့အခါ Error တက်လာတာကို ပြောတာပါ ... ။

( ၂ ) Semantic Error ( ဝေါဟာရအမှား ) >> စက်ကမသိပါဘူး ( Computer )

ဥပမာ .. ။ ခွေးသည် လူကို ကိုက်သည် ။ ( ရေးထားတာလဲ မှန်သည် ... အဓိပ္ပါယ်လဲ ရှိသည် .. ။ )
လူသည် ခွေးကို ကိုက်သည် ။ (ရေးထားတာ မှန်သည်..သို့သော် အဓိပ္ပါယ်မရှိပါ .. ။ ) ( Semantic Error ဟု သတ်မှတ်သည် )

yartar
06-01-2008, 04:56 PM
C မှာပဲဖြစ်ဖြစ် C++ မှာပဲ ဖြစ်ဖြစ် အနည်းဆုံး Function တစ်ခု ပါရပါမယ် .. ။

Function :

Void main ( )

အဲဒီမှာ Void main ဆိုတာ Function Name ကိုပြောတာပါ ... ။

ဒီအကြောင်းကို mario ပြောထားတာက ပိုပြီးပြည့်စုံပါတယ် .. ။

နောက်တစ်ခုက

Standard မှာ ( ၂ ) ခုရှိပါတယ် ..

( ၁ ) input >> Keyboard + mouse တို့မှ ရိုက်ထည့်သည် ။
( ၂ ) output >> Monitor ပေါ်ကိုရိုက်ထုတ်သည် ။

Application

exe.file ( Executable File = အသုံးချဖိုင်လို့ ခေါ်ပါတယ် )

C မှာ ( ၄ ) ခုရှိပါတယ် ..

( ၁ ) CPP file
( ၂ ) Obj file >> Library file ကိုပြောတာပါ
( ၃ ) Exe file
( ၄ ) Backup file >> Notepad နဲ့ဖွင့်လို့ရတယ် ... ပြန်သိမ်းထားလို့ရတယ် ..ပြင်လို့ရတယ် .. ။

Operator အလုပ်လုပ်သည့် အပိုင်း

Operand ( 2 ) ခု Operator လုပ်တာကိုပြောတာပါ .. ။ ( Statement )

a + b

a & b >> operand
+ >> operator

Header File

. H များတယ် .. ။
. other လဲဖြစ်နိုင်ပါတယ် .. ။

White space >> program က မသိပါဘူး ....( tab , enter , space bar စတာတွေကို မဖတ်ပါဘူး ..မမှတ်ပါဘူး ..)

အသုံးအနှုံး

( ၁ ) Comment >> အမှတ်အသားတစ်ခု // Date , Time မှာရေးတယ် ..
( ၂ ) Identification >> ST ကျကျရေးတယ် ...
( ၃ ) Identifer >> Constant , var

Date Type

A to Z
0 to 9

အဲဒီနေရာမှာ သတိထားရမှာက အက္ခရာကို အရင်စရေးရပါတယ် .. ဂဏန်းက စရေးလို့ မရပါဘူး ..

mario
06-02-2008, 02:32 AM
ဒီတစ်ခါတော့ အလုပ်တစ်ခုခုလုပ်တဲ့ ပရိုဂရမ်ရေးကြည့်ရအောင်။

အောက်က Codeကို Editor ထဲမှာ ရိုက်ထည့်ပြီး Compile လုပ်ကာ Run ကြည့်ပါ။



#include<stdio.h>

void main()
{
printf("My first ever output");
}


ဒီတစ်ခါတော့ main functionထဲမှာ အလုပ်လုပ်ဖို့ function တစ်ခုပါလာပါပြီ။ printf() ဆိုတဲ့ Function က ကွန်ပြူတာရဲ့ Consoleပေါ်မှာ My First Ever Output ဆိုတဲ့ စာတမ်းကို ရိုက်ပြပါမယ်။

ကျွန်တော် ခုန ဥပမာနဲ့ပဲ နောက်တစ်မျိုး ရှင်းပြပါမယ်။ ကျွန်တော် မောင်ခွေးကို ကျောက်သင်ပုန်း ပေါ်မှာ စာတစ်ကြောင်းရေးခိုင်းလိုက်ပါတယ်။ သူ့ကို ရေးခိုင်းတဲ့စာက My First Ever Output ဆိုတဲ့ စာတမ်းပါ။ ကျွန်တော် မောင်ခွေးကို ခိုင်းဖို့ အတွက် ပထမဆုံး သူ့ကို ဘယ်မှာရှိလဲဆိုတာ သိဖို့ လိုပါတယ်။ နောက်မှ ကျွန်တော်ရေးချင်တဲ့စာကို ရေးခိုင်းလို့ ရပါမယ်။

ဒီ ပရိုဂရမ်မှာလည်း ကွန်ပြူတာကို Consoleပေါ်မှာ စာတစ်ကြောင်း ရေးခိုင်းလိုက်ပါတယ်။ အဲဒီလိုရေးဖို့အတွက် printf() ဆိုတဲ့ Function ကို သုံးရပါတယ်။ ကွန်ပြူတာကို ကျွန်တော် ရေးခိုင်းတဲ့ စာတမ်းက My First Ever Output ဆိုတဲ့ စာတမ်းပါ။ အဲဒီအတွက် printf() Function ထဲကို အဲဒီစာတမ်းကို ထည့်ပေးရပါတယ်။ ကျွန်တော် မောင်ခွေးကို ခိုင်းဖို့ ရှာသလို မျိုးပဲ ကွန်ပြူတာကို လည်း printf() Function ကို ဘယ်မှာ ရှာရမယ်ဆိုတာ ပြောပြပေးရပါလိမ့်မယ်။ အဲဒီအတွက် #include<stdio.h> ဆိုတဲ့ စာကို ရေးပြီး printf() Function ဟာ stdio.h ဆိုတဲ့ ဖိုင်ထဲမှာ ရှာလို့ရတယ်လို့ ပြောပေးရပါတယ်။

ဒီနေရာမှာ ကျွန်တော် နည်းနည်းပြောချင်တာက Statement အကြောင်းပါ။ Statement ဆိုတာ ကွန်ပြူတာကို တစ်ခုခုလုပ်ဖို့ ပြတ်ပြတ်သားသား အမိန့်ပေးတာပါ။ အဲဒီလို Statement ရေးတဲ့အခါတိုင်း အဆုံးမှာ Semincolon ; တစ်ခုထည့်ပေးဖို့လိုပါတယ်။ အဲဒါကြောင့် printf() စာကြောင်းအဆုံးမှာ Semincolon ; ကို ထည့်ပေးရတာပါ။

mario
06-10-2008, 02:36 AM
ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ သွားကြတာပေါ့။

ဒီနေ့တော့လည်း printf အကြောင်းကိုပဲ ဆက်ပြောပါဦးမယ်။



#include<stdio.h>

void main()
{
printf("This is first line.");
printf("This is second line.");
}


Code ကို အဲဒီလိုပြင်ပြီး Run ကြည့်ပါ။

Screen ပေါ်မှာ


This is first Line. This is second Line.

ဆိုပြီး တွေ့ရပါလိမ့်မယ်။
Program ထဲမှာ တစ်ကြောင်းစီခွဲရေးထားပေမယ့် ကွန်ပြူတာက နောက်တစ်ကြောင်းက ရိုက်ရမယ်ဆိုတာ မသိပါဘူး။ ကွန်ပြူတာက ခိုင်းတဲ့အတိုင်းပဲ လုပ်ပါတယ်။ printဆိုရင် print ပဲလုပ်ပါတယ်။

အောက်မှာ ပြထားတဲ့အတိုင်း Code ကို ပြင်ကြည့်ပါ။


#include<stdio.h>

void main()
{
printf("This is first line.\n");
printf("This is second line.");
}


ဒီတစ်ခါတော့ Screen ပေါ်မှာ


This is fist line.
This is second line.

ဆိုပြီး ၂ ကြောင်းခွဲပြီး ပေါ်တာတွေ့ရပါလိမ့်မယ်။

ကျောင်းသားတွေကို အတန်းထဲမှာ စာခေါ်ပေးသလိုပါပဲ။ နောက်တစ်ကြောင်းလို့ခေါ်လိုက်ရင် အားလုံးက နောက်တစ်ကြောင်းမှာ ပြောင်းပြီး ရေးကြမှာပါ။ ဘယ်သူကမှ နောက်တစ်ကြောင်းဆိုပြီး လိုက်ရေးကြမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ကွန်ပြူတာမှာလဲ printf ထဲမှာ \nကိုတွေ့ရင် နောက်တစ်ကြောင်းမှာ ဆင်းပြီး ရိုက်ပြမှာပါ။ \nဆိုတဲ့ စာကို ရိုက်မှာ မဟုတ်ပါဘူး။

နောက်တစ်မျိုး အခုအောက်မှာပြထားတဲ့အတိုင်း လည်းရေးလို့ရပါတယ်။



#include<stdio.h>

void main()
{
printf("This is first line.\nThis is second line.");
}

ဒီတစ်ခါတော့ စာကြောင်း ၂ကြောင်းလုံးကို တစ်ကြောင်းထဲမှာ ရေးထားပေမယ့် ၂ ကြောင်းခွဲ ရိုက်ပြတာကို တွေ့ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ \n ကို တွေ့တာနဲ့ ကွန်ပြူတာက နောက်တစ်ကြောင်းကို ဆင်းရမယ်ဆိုတာသိလို့ နောက်တစ်ကြောင်းမှာ ဆင်းပြီး ရိုက်ပြမှာပါ။

\n ကို C Programming မှာ Escape Sequence လို့ခေါ်ပါတယ်။printf function ထဲမှာ Escape Sequence ကို တွေ့ရင် ကွန်ပြူတာက Escape Sequence အတိုင်းပဲ လိုက်လုပ်မှာပါ။

မှတ်သားထားသင့်တဲ့ နောက်တစ်ခုကတော့ \t ဖြစ်ပါတယ်။
ကွန်ပြူတာအနေနဲ့ \t ကိုတွေ့ရင် Tab တစ်ခုစာ နေရာရွှေ့ပြီး ရိုက်မှာ ဖြစ်ပါတယ်။ \t ကို ရိုက်ပြမှာ မဟုတ်ပါဘူး။

အောက်က Code ကို စမ်းကြည့်ပါ။



#include<stdio.h>

void main()
{
printf("Tab\tTab\tTab.\n");
}


Screen ပေါ်မှာ အောက်ပါအတိုင်းပေါ်တာတွေ့ရပါတယ်။


Tab Tab Tab


ကွန်ပြူတာက \t ကိုတွေ့တိုင်း Tab တစ်ခုစာတိုးသွားပြီး ကို \n တွေ့တဲ့အချိန်မှာ နောက်တစ်ကြောင်းဆင်းသွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် Press Any Key to continue ဆိုတဲ့ စာကြောင်းကို နောက်တစ်ကြောင်းမှာ တွေ့ရမှာ ဖြစ်ပါတယ်။

gantgawthar
02-03-2009, 06:36 PM
အကိုေ၇ညီကတော့အခုမှအသစ်ဝင်တာပါ...တခြားဆိုက်တွေမှာလည်းအဖွဲ့ဝင်အဖြစ်ဝင်ထားတာရှိပါတယ်..အိုင်တီနဲ့ပက်သက်တာတွေတော့လိုက်ပါတာတော်
တော်လေးစုံနေပါပြီ...တော်တော်လည်းကောင်းကြပါတယ်...ညီလည်းတော်တော်လေးလေ့လာဖြစ်ပါတယ်..အသိတ၇ားတွေလည်းတော်တော်၇ခဲ့ပါတယ်
အကိုတို့ကိုလည်းကျေးဇူးတင်ပါတယ်။..ဒါပေမယ့် ညီကိုေ၇ာင့်တတ်တယ်လို့တော့မထင်ပါနဲ့ဗျာ...ညီအခု c++ ကိုလေ့လာနေတာပါ ..အခုညီလေ့လာတာ
function ထိေ၇ာက်ပါပြီ..function ပြီး၇င် OOP ကိုလေ့လာ၇မှာဖြစ်ပါတယ်...ညီ၇ဲ့ကျောင်းမှာလည်းအဲဒီသင်ခန်းစာကိုသင်၇တော့မှာပါ။။။ဒါပေမယ့်ဒီလို
ဝက်ဆိုက်တွေမှာလေ့လာတာကညီအတွက်မြန်မြန်လေးတတ်လွယ်ပါတယ်။..မြန်မြန်လေးနားလည်ပါတယ်ခင်ဗျာ.ဒါကြောင့်ညီကိုအဲဒီ OOPနဲ့ပတ်သက်တဲ့
သင်ခန်းစာလေးတွေရှိ၇င်ဝေမျှပေးပါလားဗျာ။။သို့မဟုတ် ဘယ်မှာရှီနိုင်လည်း လမ်းညွှန်ပေးပါလားဗျာ။။။မြန်မာလိုလေးလိုချင်လို့ပါခင်ဗျာ။။လေးစားလျှက်ပါ
အထူးကျေးဇူးတင်ပါတယ်ဗျာ။။မျှော်လင့်နေပါ့မယ်....(ပညာရှာဖွေနေသူ)

johnmoeeain
02-27-2009, 11:43 AM
C++ ကို လွယ်လွယ်ကူကူ သင်ပေးမယ့် နေရာလေးပါ.....။

http://newdata.box.sk/bx/c/htm/ch01.htm
http://www.computersciencelab.com/Sams.htm

johnmoeeain
02-27-2009, 11:44 AM
C++ ကို ကနဦးအစမှာ လွယ်လွယ်ကူကူ လေ့လာနိုင်တဲ့ နေရာလေးပါ.......

http://www.codepedia.com/1/CppGlossary တဲ့.. အဲ့ဒီကနေမှ... လိုက်ရှာချင်တဲ့နေရာတွေကို ဆက်ကာ ဆက်ကာပေါ့လေ....

johnmoeeain
02-27-2009, 11:48 AM
သိထားသင့်တဲ့ အရာလေး များ

Bitwise operators
1. &, bitwise and operator
2. |, bitwise or operator
3. ^, bitwise xor operator
4. ~, bitwise not operator

Arithmetical operators
1. =, assign operator
2. ++, increment operator
3. +, plus operator
4. +=, plus assign operator
5. --, decrement operator
6. -, minus operator
7. -=
8. *, multiply operator
9. *=, multiply assign operator
10. /, divide operator
11. /=, divide assign operator
12. %, modulus operator
13. %=, modulus assign operator

Logical operators
1. ==, equal operator
2. !=, not equal operator
3. >, greater than operator
4. >=, greater than or equal operator
5. <, less than operator
6. <=, less than or equal operator
7. &&, logical and operator
8. ||, logical or operator

Comment
1. /*, Comment
2. */, Comment
3. //, Comment

Other operators
1. <<,stream out operator
2. <<,stream out operator, overloading
3. ,, comma operator
4. ., member access operator
5. .*
6. ->, member access operator
7. ->*
8. ::, scope operator
9. ?:, questionmark colon operator
10. [], index operator

Words with a non-alpha starting character
1. #define
2. #else
3. #endif
4. #ifdef
5. #ifndef
6. #include
7. #include guard
8. ?#pragma
9. _lrand, std::_lrand

johnmoeeain
02-27-2009, 11:51 AM
C++ Keywords
Keywords are reserved to the compiler for use by the language. You cannot define classes, variables, or functions that have these keywords as their names. The list is a bit arbitrary, as some of the keywords are specific to a given compiler. Your mileage may vary slightly:

auto
break
case
catch
char
class
const
continue
default
delete
do
double
else
enum
extern
float
for
friend
goto
if
int
long
mutable
new
operator
private
protected
public
register
return
short
signed
sizeof
static
struct
switch
template
this
throw
typedef
union
unsigned
virtual
void
volatile
while

giant
03-21-2009, 10:25 PM
ကို mario နှင့် ကိုတာယာ ခင်ဗျာ။
ကျွန်တော် Programming အခြေခံလုံးဝမရှိသေးပါ။ အခုလိုအပ်လို့ C Programming ကို စပြီးသင်ချင်ပါတယ်။ အစ်ကိုတို့ C Programming Tutorial ဆီမှာ သင်တန်းအပ်ပါတယ်။ သူငယ်တန်းအဆင့်သင်သလို ရှင်းပြပေးနိုင်ရင် ကျေးဇူးအရမ်းတင်ပါမယ် ခင်ဗျာ။ လောလောဆယ် Dev C++ ကို install လုပ်ပြီးပြီခင်ဗျ။ (Editor ကိုတောင် မသွားတတ်သေးဘူး။)
အစ်ကိုတို့ ပို့ စ်များကို စောင့်မျှော်နေပါမယ်။

bokar
03-26-2009, 01:59 AM
နည်းပေးလမ်းညွန်မှု့များကြောင့် အားလုံးကို လေးစားခင်မင်ပါတယ်ဗျ

johnmoeeain
03-27-2009, 02:12 PM
C++ ကို ဒီနေရာလေးကနေလည်း လွယ်လွယ်ကူကူ လေ့လာလို့ရတယ်

http://www.howtoforge.com/learning-c-cplusplus-step-by-step

ကျွန်တော် သွားကြည့်တော့လည်း မဆိုးပါဖူး... အပိုင်း 16 ပိုင်းနဲ့ ဖြည်းဖြည်းချင်း လေ့လာလို့ ရသွားပါတယ်....

ဗေဒါဇွဲ
03-31-2009, 10:41 PM
ကျနော်ဖိုရိမ်းထဲမှာရှိတာကြာပါပြီ ဒါပင်မယ့်ဘယ်လိုဝင်ပြီးဆွေးနွေးရမယ်ဆိုတာမသိဘူး အခု ကျနောလည်းလျောက်လုပ်ကြည့်ရင်းနဲ့ programing ဆိုတဲ့
ခေါင်းစဉ်လေးတွေ့တော့ ကျနော်တော်တော်အားရ၀မ်းသာသွားတယ်ဗျာ..ကျနော်c++ ကိုစိတ်ဝင်စားတယ်ဗျ...လေ့လာနေတာတော့ တစ်လနီးပါး ရှိပါပြီ
အခြေခံကိုတော့နည်းနည်းသိထားပါတယ်။။ကျနော်လည်းဝင်ရောက်ဆွေးနွေးချင်ပါတယ်...ကျနော်မသိတာလေးတွေကို လည်းလက်ဆင့်ကမ်းသင်ပေးပါလို့
မေတ္တာရပ်ခံပါတယ် (လေးစားစွာဖြင့် မောင်ဗေဒါဇွဲ)
မြန်မာအင်ဂျင်နီယာ အဖွဲ့ဝင်များအားလုံး မင်္ဂလာပါဗျာ... ::)

ဝင်းထက်အောင်
04-20-2009, 04:23 PM
ကျေးဖူးတင်ပါတယ် နောက်ထပ်လည်းရေးပေးပါဦး
ကျွန်တော်လည်းတော်တော် စိတ်ဝင်စားလို့


ရဲသွေးထက်

မိုးစိုး
04-10-2010, 11:22 AM
ကောင်းပါတယ်။ ဆက်ပြီးဆွေးနွေးကြပါဦး။ ကျွန်တော်က PIC Microcontroller programming သင်တန်းတက်နေတာပါ။ program ကို C language နဲ့ရေးပါတယ်။ အဲဒါကြောင့် ဒီပို့တွေက အများကြီး အထောက်အကူရပါတယ်။ ပညာလည်း အများကြီးရပါတယ်။ ဆက်ပြီးဆွေးနွေးကြပါဦးနော်။ :)

diamondboystar
04-18-2010, 10:15 PM
ကျေးဇူးပါဘဲ ဗျာကျွှန်တော်လဲ ခု မှ ပြန်လေ့လာတာပါ . အဆက်အသွယ်ပြတ်တာကြာပြီဆိုတော့လဲ မေ့နေပါပြီ ကူညီ ကျပါဗျာ. အားကိုးပါတယ်အားလုံးကို. ကျွှန်တော်လည်းသိသလောက်မှတ်သလောက်လေးတော့မျှဝပေးပါမယ်ဗျာ :4:

mgluulein
05-31-2010, 09:21 PM
ညီအစ်ကိုမောင်နှမတို့ရေ
အကြံဥာဏ်လေး ပေးကြပါအုံးဗျာ
ကျနော် Borland 6 C++ စော့လ်ဝဲကို အသုံးပြုပြီး program လေးတွေ ရေးဖြစ်ပါတရ်။
ရလာတဲ့ run ဖိုင် .exe ဖိုင်ကိုပေါ့ဗျာ။ ကျနော်က Borland 6 C++ စော့လ်ဝဲ မရမ်းထားတဲ့
တခြားစက်မှာလဲ သုံးချင်တရ်။ ကျနော်လိုချင်တာက လက်ရှိ softwore တစ်ခုကို သုံးသလို setup ဖိုင်လေးကို run ပြီးမှ သုံးလို့ရတဲ့ ပုံစံလေးလုပ်ချင်တရ်။ ကျနော်တို့ C++ နဲ့ရေးထားတဲ့ .exe ဖိုင်ကိုပေါ့။ အဲ့ဒီလို setup ဖိုင် လုပ်နည်းလေးကို
ပြောပြပေးကြပါအုံး။ မြန်မာလိုလေးဆို ပို အဆင်ပြေမှာပါ။ အားလုံး ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာကြပါစေဗျာ။

sawkyiiphyu
12-05-2010, 01:40 PM
ပရိုဂရမ်တွေကိုရေးပြီးရင်ဒီပရိုဂရမ်လေးကို ကွန်ပြူတာမှာ run ပြီးအသုံးချနိုင်အောင်လေး ဆက်လက်ပြီးဆွေနွေးပေးပါအုန်း...( .exe file )ပြောင်းပုံလေးကို ဆက်ရှင်းပေးပါအုန်း....နိုမိုဆို ဘယ်လို အသုံးချရမှန်းမသိသေးဘူး..............application program အဖြစ်ပေါ့......

mgluulein
01-31-2011, 07:39 PM
မိတ်ဆွေတွေ ဆွေးနွေးကြတာတွေ့တော့ ၀မ်းသာပါတရ်ဗျာ။
ကျန်နော်လဲ အခု C++ ကိုလေ့လာနေပါတရ်။
နားလည်သလောက်လေးတွေကိုလဲ ကျနော်ဆိုဒ်လေးမှာ ဆွေးနွေးထားပါတရ်။
http://programmingknowledge.blogspot.com/
လာလည်ကြပါအုံးဗျာ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအပေါင်း ကျန်းမာပျော်ရွှင်နိုင်ကြပါစေဗျာ။

sanda87
03-29-2011, 10:01 PM
အစ်ကိုတို့ ရေးကျေးဇူးအရမ်တင်ပါတယ်
ကျွန်တော်က c c++ ကိုလေ့လညချင်းပါတယ် ဒါပေမဲ့ကျွန်တော်ကို
သင်ပေမဲ့ဆရာမရှိပါဘူးအခုတော့ဖိုရမ်ထဲ့မှာဘဲသင်ယူလို ရတဲ့အတွက်
ကျေးဇူးတင်ပါတယ် ..........ဆက်ပြီးဆွေးနွေးပေးပါအစ်ကိုတို့ရေး

konay
04-07-2011, 09:56 AM
လုပ်ကြပါဦးဗျာ ... ကျွန်တော့်  Microsoft Visual C++ 2010 က cpp ထဲ မှာ ရေးပီးလို့  debug လိုက်ရင် Command Prompt က ဖလက်ဆို ခန တက်လာပြီး ပျောက်သွားလေတော့ ဘာ Result တက်လာမှန်းတောင် မသိပါဘူး...
ပြီးတော့  Start without debug ဆိုတာ ကို ရှာတလည်း မတွေ့ ဘူးဗျာ ... အဲ့တာ ဘီလို လုပ်ရပါ့ ... ပြောကြပါဦး။

konay
04-09-2011, 07:47 AM
လုပ်ကြပါဦးဗျာ ... ကျွန်တော့်  Microsoft Visual C++ 2010 က cpp ထဲ မှာ ရေးပီးလို့  debug လိုက်ရင် Command Prompt က ဖလက်ဆို ခန တက်လာပြီး ပျောက်သွားလေတော့ ဘာ Result တက်လာမှန်းတောင် မသိပါဘူး...
ပြီးတော့  Start without debug ဆိုတာ ကို ရှာတလည်း မတွေ့ ဘူးဗျာ ... အဲ့တာ ဘီလို လုပ်ရပါ့ ... ပြောကြပါဦး။

အီး ... ဘယ်သူမှ လည်းပြန်မဖြေကြဘူး ... ကိုယ်မေးပြီး ကိုယ် ဘဲ ပြန်ဖြေတော့ မယ် ။။ ကျွန်တော် သုံးနေတဲ့ 2010 ဗားရှင်း ကိုပြောတာပါ။ ကျန်တဲ့  ဗားရှင်းတွေ တော့ မသိပါဘူး။
Project >>> Properties (Alt+F7) ကို သွားလိုက်ပါ။ပြီးရင် Configuration Properties ကို Double Click နှိပ်။
Linker >>> Debugging ကို သွား Generate Debug Info ကို Yes (/DEBUG) ( Down Arrow Key လေးကို ဖွင့် လိုက်ပါ) လို့ ထားလိုက်ရင်ရပါပြီ။

http://www.decashare.com/images/jxpJU9KyZ-debug.png (http://www.decashare.com/images/jxpJU9KyZ-debug.png)

ဖြူသဲအိ
03-07-2016, 02:35 PM
C language ကို စိတ်​ဝင်​စားပါတယ်​ အ​ခြေခံကစလို့ သင်​ချင်​ပါတယ်​ရှင်