PDA

View Full Version : ဘယ်မိုဘိုင်းစနစ်ကောင်းလဲ



mzarne
10-25-2009, 03:58 AM
ကျွန်တော်တို့တွေ မိုဘိုင်းဖုန်းတွေကိုပေါ်ရင်(ပိုက်ဆံရှိရင်)ဝယ်သုံးလိုက်ကြပေမယ့် ရေရှည်သုံးဖို့ဘယ်စနစ်အကောင်းဆုံးလဲ မသိဘူး။
အမြဲတမ်း handset upgrade လုပ်နေရမှာလား။SIM ကဒ်ပြားကတစ်သက်လုံးမပျက်ဘူးလား။
အစ်ကိုတို့ဖုန်းတွေအကြောင်းကြွားပေးပါဦး။

DennisMartin
10-25-2009, 07:02 AM
ကျွန်တော်တို့တွေ မိုဘိုင်းဖုန်းတွေကိုပေါ်ရင်(ပိုက်ဆံရှိရင်)ဝယ်သုံးလိုက်ကြပေမယ့် ရေရှည်သုံးဖို့ဘယ်စနစ်အကောင်းဆုံးလဲ မသိဘူး။
အမြဲတမ်း handset upgrade လုပ်နေရမှာလား။SIM ကဒ်ပြားကတစ်သက်လုံးမပျက်ဘူးလား။
အစ်ကိုတို့ဖုန်းတွေအကြောင်းကြွားပေးပါဦး။


အဲ့ဒါက နိုင်ငံ ရယ် Service Provider ရယ်အဲ့ဒီ့ ၂ ခုအပေါ်မှာ မူတည်ပါတယ်...

ကျွန်တော် အခု iPhone 3G သုံးတယ်။ ကို အာမခံဆောင်ထားတယ်( ၂ နှစ်ကို ၅၄ ယူရို )။
အောက်ကျသွားလို့ ကွဲသွားလည်း ပြဿနာ မရှိ။ အာမခံဆောင်ထားရင် အသစ် စက်စက် ပြန်ရပါတယ်။
ကိုယ်တွေ့ပါ...( ပြန်လဲတာ ၂ ခါရှိပြီ.. :4: )
Application တွေကတွေကတော့ ရှယ်ပဲ။ မကောင်းတာလေးတခုပဲ ကျန်တယ်။
Connection ပေါ့ဗျာ .... သိပ်မကောင်းဘူးဗျ .... M;
Europe မှာတောင် ဒီလောက်ဆိုရင်တော့.... စဉ်းစားကြည့်ပါ .... :?
Connection မိတဲ့အချိန်ဆို Internet Speed ကတော့ Top ဗျိုး .....

Connection ကောင်းတာလေး ဆိုရင်တော့ Nokia သုံးဗျို့
Connection နဲ့ Applicationရော ဆိုရင်တော့ SonyErisson သုံးဗျို့
ကျွန်တော်ကတော့ SonyErisson P1i သုံးတယ် (၂ လုံးသုံးတယ်ဆိုပါတော့ :4: )
Connection နဲ့ Applicationရော အနေတော်ပဲ Normal ပေါ့ဗျာ...
Contacts တွေကို Camera နဲ့ Scan ဖတ်လိုက်ရုံပဲ။ ရိုက်စရာ မလိုတော့ဘူးပေါ့ဗျာ...
Internet Speed ကတော့ မဆိုးပါဘူး ...

ကျွန်တော့် ဆီမှာ Connection Level သတ်မှတ်တဲ့ စာချိုးလေးရှိတယ် :shy
Normal လေးပဲ
SE စီးပြီး
iPhone လေးနဲ့
Style ကျကျ ပြောရအောင်....
PS. Normal = Nokia
SE = SonyErisson
iPhone = iPhone
Style = Samsung

SimCard
ကတော့ ဒီမှာဆို ပျောက်ပျက်သွားရင်
၂၅ ယူရို ဆိုရင် ကိုယ့်နံပါတ် ပြန်ရပါတယ် ...
SimCard ပိုင်းမှာ ကတော့
အရေးအကြီးဆုံးက Service Provider အပေါ်မှာ မူတည်ပါတယ်... :2: :angry:

ကျေးဇူးတင်လျှက် :7:
DennisMartin

mzarne
10-27-2009, 07:40 AM
ကောင်းတယ်ဗျာ။ဗဟုသုတဘဲ။
QoS မှာ Infrastructure က အဓိက ထင်တယ်နော်။
ကျေးဇူပါဘဲ။မှတ်သားရလို့။

sainon
02-16-2013, 03:51 PM
ဗမာပြည်မှာသုံးတယ်ဆိုရင်တော့ WCDMA ကို ၀ယ်သုံးတာအကောင်းဆုံးပါဘဲ။ ဘာလို့လဲ ဆိုတော့ WCDMA ရဲ့5MHz ရှိတဲ့အတွက် တခြား gsm, cdma တို့ထက် ဒေတာပိုလွှတ်နှုန်းအများကြီးပိုမြန်ပါတယ်။ ပြီးတော့ ဂျီအက်စ်အမ်က တကယ်တမ်း 3G အပြည့်အ၀မရဘဲ 2.75G သာရနိုင်ပါတယ်။ နောက်ပိုင်းမှာ ဂျီအက်စ်အမ်နေရာကို ဒဗလျူစီဒီအမ်အေက အစားထိုးဝင်ရောက်လာတော့မှာပါ။