PDA

View Full Version : ရေစက်လေးတွေပေါ်မှာ လှုပ်ရှားနေတဲ့ ပုံရိပ်များ



nyinyi27
11-09-2009, 02:25 PM
ဟိန်းလေးရဲ့ နေပြည်တော်က ရေပန်းဥယျာဉ်လေးကိုတွေ့မိလို့ အဲဒီလိုလှပတာလေးတွေ ကြည့်စေချင်လို့မျှဝေလိုက်တာပါ..အဲဒီထက်တော့လှတာပေါ့..ရိုက်လာတာ ရက်ပိုင်းပဲရှိပါသေးတယ်..တရုတ်နိုင်ငံ XI'AN မြို့လေးက
TAN PARADISE PANORAMA ဆိုတဲ့ဥယျာဉ်လေးထဲကပါ..အဲဒီရေကန်လေးထဲကနေ ရေပန်းတွေထွက်တယ်..အဲဒီရေမွှာလေးတွေပေါ်မှာ သူကရုပ်ရှင်တစ်ခုကို ဖန်တီးပြီးပြတာပါ..ကျွန်တော်သွားခဲ့တဲ့နေ့တုန်းကတော့ ကျွန်တော်တို့မြန်မာတွေ သိပြိးသားဖြစ်တဲ့ Journey to the West ထဲက စွန်းဝူခုံးလေးရဲ့ဇါတ်လမ်းကိုပြတာပါ....သူငယ်ချင်းတို့ ကြည့်ပေးပါဦး တတ်ကျွမ်းနားလည်သူများက ပြန်ရှင်းပြပေးကြပါလား..တစ်ကယ်ကိုလှပပြီး ရင်သက်ရှုမောစရာကောင်းလွန်းအောင်ကို လုပ်ထားတာ..သူတို့က နေ့တိုင်းပြတယ်..လာကြည့်တဲ့သူတွေလဲအများကြီးဗျ..ကျွန်တော်လဲ အဲဒီကရိုက်လာတဲ့မူရင်းအတိုင်းပဲ တင်ပေးလိုက်တာမို့လို့..စကားသံတွေရောနေတာမျိုးရယ် လက်ညောင်းလို့ လှုပ်သွားတဲ့အချိန်တွေရယ်ကို နားလည်ပေးပါ..မူရင်း AVI file size ကကြီးနေလို့ MPG ပြောင်းတင်ပေးလိုက်ပါတယ်.တရုတ်စကားနားလည်တဲ့သူတွေကတော့ ဇါတ်လမ်းသဘောပါသိနိုင်မှာပါ..ယူကြည့်ဖြစ်အောင်ကြည့်ကြပါလို့ပဲ ညွှန်းလိုက်ချင်ပါတယ် သူငယ်ချင်းတို့..လုပ်ထားပုံလေးတော့ ပြန်ဆွေးနွေးပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်.Movie ကြည့်ပြီးသွားရင်တော့ ကျွန်တော်ပြောချင်တာတွေရှင်းသွားမှာပါ...ဟိန်းလေးကိုလဲ နေပြည်တော်ရေပန်းဥယျာဉ်အတွက် ဒီလက်ဆောင်လေးနဲ့ ကျေးဇူးပြန်ဆပ်လိုက်ပါတယ်......
မှတ်ချက်၊ ရေစက်လေးတွေပေါ်မှာ အဲဒီလိုလုပ်လို့ရအောင်လုပ်ထားတာလေးကို အသေးစိတ်သိချင်ပါတယ်..ကူညီပေးကြပါ

ဒီနေရာလေးကနေ ယူကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ.....
http://www.multiupload.com/PXFS3YJXPW
http://www.multiupload.com/GR22HBL0N0



အားလုံးကိုခင်မင်လေးစားလျက်........................

ဟိန်းလေး
11-09-2009, 04:14 PM
ကိုညီ ...
ဟိန်းလေးကတော့ viedo လေးတွေဒေါင်းလို့မရသေးဘူးရှင့်
ကော်နက်ရှင်မကောင်းတာဖြစ်ပါလိမ့်မယ်
ရေပန်းဥယာဉ်မှာရှိတဲ့နောက်ထပ်အသစ်အသစ်လေးတွေကိုလည်း ဖော်ပြချင်ပါသေးတယ်
ဟိန်းလေးရောက်ဖြစ်ခဲ့ရင်တော့ ဖိုရမ်မှာ တင်ပြပေးပါမယ်