ရွှေဘိုသား
11-25-2009, 12:06 PM
Rock mass တွေရဲ့ quality ကို empirical methods သုံးပြီး ခွဲကြည့်ရအောင်....
ပြီးယင် feasible support system လေးတစ်ခုထုတ်ကြည့်ရအောင်....
အဲဒီအတွက် ကျွန်တော်ကပဲစပြီးဆွေးနွေးပါ့မယ်...
ဒီ empirical methods တွေက ကျွန်တော်တို့မြန်မာနိုင်ငံမှာ ရော ကမ္ဘာမှာပါ တွင်တွင်ကျယ်ကျယ်သုံးနေကြတာပါ...
ပထမဆုံးဆွေးနွေးချင်တဲ့ empirical method ကတော့ Rock mass rating system လို့ခေါ်တဲ့ (RMR) အကြောင်းပါ...
RMR အကြောင်းဆွေးနွေးမှာ ဆိုတော့ သူ့ရဲ့ မူရင်းဇစ်မြစ်လေး အကြောင်းကို စပြီးမိတ်ဆက်ပေးပါရစေ....
Bieniawski (1973) initially developed the rock mass rating system (RMR), otherwise known as the geomechanics classification. It was modified over the years as more case histories, became available and to conform to international standards and procedures (Bieniawski, 1979).
Uniaxial compressive strength of intact rock (UCS),
rock quality designation (RQD),
spacing of discontinuities,
conditions of discontinuities,
ground water condition and
orientation of discontinuities
ဆိုတဲ့ six parameters အပေါ်မှာ အခြေခံပြီး rock mass quality ကိုခွဲပါတယ်....
ဇယားကို အောက်မှာတင်ပေးထားပါတယ်...
အောက်ကလင့်မှာလဲ ဒေါင်းလုပ် လုပ်နိုင်ပါတယ်...
ဒီဇယားက Bieniswki 1989 က developed လုပ်ခဲ့တဲ့ဇယားပါ...
အဲဒီနောက် ထပ်ပြီး develope ဖြစ်လာတဲ့ဇယား မတွေ့မိပါဘူး...
တွေ့မိယင်လဲပြောပြပေးကြပါ...
http://img44.imageshack.us/img44/9384/82199888.jpg
http://img109.imageshack.us/img109/2135/90874985.jpg
http://img46.imageshack.us/img46/6192/24026798.jpg
အသုံးပြုပုံကိုလည်း နည်းနည်းပြောပြမယ်နော်...
အထက်မှာ ပြောခဲ့ တဲ့ အဓိက parameters ၆ ခုကို field မှာ နဲ့ laboratory မှာ အရင်ရှာရမယ်...
Uniaxial compressive strength of intact rock ကလွဲလို့ ကျန်တာတွေအားလုံးက field မှာ investigation လုပ်ရမှာတွေချည်းပဲ..
ဥပမာ...
ဇယားမှာ နံပါတ် (၁) က strength of intact rock material
strength of intact rock material ကို သတ်မှတ်ဖို့က point load strength index ဒါမှမဟုတ် Uniaxial Compressive strength ကို သုံးသုံး တစ်ခုကို သုံးယင်ရပြီ
များသောအားဖြင့် Uniaxial compressive strength ကို သုံးကြတယ်..
ဒါက laboratory မှာ စမ်းမယ်ဆိုယင်လဲ ပိုလွယ်လို့...
laboratory မှာ မစမ်းနိုင်ဘူးဆိုယင် သူ့ရဲ့ typical value တွေကို ယူသုံးယင်လဲရပါတယ်...
Field မှာ Geologic hammer နဲ့ ခေါက်ကြည့် ခြစ်ကြည့်ယင်လဲ ကျောက်ရဲ့ Uniaxial compressive strength ကို အနီးစပ်ဆုံးခန့်မှန်းနိုင်ပါတယ်...
အိုကေ ကျောက်ရဲ့ Uniaxial compressive strength (UCS) တန်ဖိုးကို သိပြီဆိုပါစို့.... eg... UCS = 30 MPa,
ဒါဆို ဇယားမှာကြည့်လိုက်ယင် သူ့ရဲ့ rating တန်ဖိုးကို 4 လို့တွေ့လိမ့်မယ်....
အဲလိုနဲ့ parameter တစ်ခုခြင်းစီရဲ့ rating တန်ဖိုးတွေကိုရှာ ပြီးယင် rating တန်ဖိုးအားလုံးကိုပေါင်း....
ဇယားရဲ့ ခေါင်းစဉ်ခွဲ C မှာ ကြည့်ယင် ကျောက်က class I လား Class II လား... very good rock လား... fair rock လားဆိုတာ သိနိုင်တယ်...
အဲလိုသိပြီဆိုယင် ဘယ်လို support system မျိုးကို သုံးပြီး stabile ဖြစ်အောင်လုပ်ရမလဲဆိုတာ နောက်ပိုင်း ဆက်ဆွေးနွေးပါ့မယ်...