PDA

View Full Version : ကျောင်းပြီးတာနဲ့တန်းအလုပ်ဝင်မလား သင်တန်းတက်မလား



levoman
12-07-2009, 02:56 PM
ဒါလေးကတော့ ကိုယ့်အမြင်ကိုပွင့်ပွင့်လင်းလင်းတင်ပြနိုင်မယ့်နေရာလေးပေါ့ဗျာ ကိုယ်ကျောင်းပြီးရင် အလုပ်တန်းဝင်မလား သင်တန်းတက်မလားပေါ့
တော်တော်များများက သင်တန်းတက်ပြီးမှအလုပ်try ကြတယ်
လူနည်းစုကတော့ အလုပ်အရင်လုပ်ကြတယ် ပြီးမှapplied ဖြစ်အောာင်သင်တန်းတက်ကြတယ်
အားလုံးမှာတော့ရည်ရွယ်ချက်ကိုယ်စီနဲ့ပေါ့ဗျာ သင်တန်းတက်ပြီးမှအလုပ်လုပ်မယ့်သူရဲ့စိတ်ကူးက အလုပ်အတွက်အထောက်အကူပြုမယ့်သင်တန်းဖြစ်မယ်ပေါ့ဗျာ
နောက်အလုပ်လုပ်ပြီးသင်တန်းတက်မယ့်သူကတော့ လုပ်ငန်းမှာအတွေ့အကြုံရနေပြီဆိုတော့ သူ့အတွက်သင့်တော်မယ့်လမ်းကိုလျှောက်ဖို့ဘယ်သင်တန်းတက်ရမယ်ဆိုပြီးတော့အမျိုးမျိုးရှိကြပါတယ်
ကဲမိတ်ဆွေ သင်သာဆိုရင်ကောဘယ်လိုလုပ်မလဲ? ကဲကိုယ့်စီနီယာတွေရဲ့အမြင်ကိုလည်း သိချင်ကြပါတယ် ဒါကအရေးကြီးပါတယ် ကျွန်တော်ဆိုလည်းယောင်ဝါးဝါးဘ၀လေးမှမနည်းလျှောက်လှမ်းနေတာပါ ခုထက်ထိအလုပ်မရသေးပါဘူး ဟီးးးးးးးးးးးးးး သူများသင်တန်းဆိုကိုယ်လည်းလိုက်သင်တန်းလိုက် သူများအလုပ်ဆိုကိုယ်လည်းအလုပ်ဖြစ်လိုက်ဖြစ်နေတာပါ အလုပ်လုပ်တဲ့သူတွေရဲ့ အတွေ့အကြုံတွေကလည်းကျွန်တော်တို့တွေအတွက် အများကြီးအထောက်အကူပြုပါတယ်

cy
12-08-2009, 10:20 PM
အလုပ်လုပ်ပါမယ် အလုပ်က shift နဲ.ဆင်းရတာဆိုရင် သင်တန်းတက်ဖို.ပါ အချိန်ရမှာပါ ။ ပြီးတော့ သင်တန်းက စာတွေကို အလုပ်မှာ ပြန်အသုံးချချင်း အားဖြင့် အကျိုးရှိပါတယ် ။ အလုပ်မှာလဲ ညီးငြွေ.လာမှုကို ဖြေဖျောက်လို.ရမှာပါ ။ ဒါပေမယ့် မကောင်းတာ တစ်ခုက တခြား
social တွေအတွက် အချိန်မပေးနိင်တော့တာပဲ ။

konge
12-09-2009, 07:05 AM
အလုပ်လုပ်ဖို့  အခွင့်အရေး ရခဲ့ရင်တော့ အလုပ်ကို အရင်လုပ်သင့်ပါတယ်။ အရင်တုန်းကဆိုရင် ကျောင်းတွေကကို ဖိုင်နယ်စာမေးပွဲ မဖြေခင်ကတည်းက Field ဆင်း ဖို့ အတွက် အစစ အရာရာ ပြင်ဆင်ပေးထားပါတယ်။ ကျောင်းပြီးတာနဲ့  အလုပ်ခွင်ကို အလုပ်သင်အနေနဲ့  တန်းဝင်ရပါတယ်။ ဒါမှသာ ကိုယ်သင်လာခဲ့တဲ့ ကျောင်းစာများနဲ့  အလုပ်သဘောတရား အချို့ ကို ဆက်စပ်နိုင်သွားပြီး ကိုယ့်လိုအပ်ချက်တွေကို ဆက်လက်သင်ယူနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ဆင့် အနေနဲ့  မှကိုယ့် အလုပ်ခွင် ကိုယ့်အားသန်ရာ နယ်ပယ်ကိုသေချာဆုံးဖြတ်နိုင်သွားပြီး ကိုယ့်ပညာဝမ်းစာအတွက် ဘယ်လိုသင်တန်းမျိုးကို တက်ပြီး ဘယ်လိုပညာရပ်မျိုးကို ထပ်မံဆည်းပူးရမယ်ဆိုတာကို သေသေချာချာ ဆုံးဖြတ်နိုင်သွားမှာဖြစ်ပါတယ်။ ကျွန်တော့်အမြင်သက်သက်သာဖြစ်လို့  လွတ်လပ်စွာကွဲလွဲနိုင်ပါတယ်။

Than Zaw
12-09-2009, 09:37 AM
ကျွန်တော့်အမြင်အရလည်း အလုပ်လုပ်ပါမယ်။ ပြီးမှ မိမိအတွက်လိုအပ်မယ့်သင်တန်းမျိုးကို ရွေးချယ်တက်ရောက်ပါမယ်။ အလုပ်အတွေ့အကြုံရှိထားတဲ့အတွက် ဘယ်လိုသင်တန်းမျိုးက လိုအပ်မယ်ဆိုတာသိနိုင်မှာဖြစ်ပါတယ်။ တချို့အလုပ်တွေကတော့ မိမိတို့အလုပ်အတွက်လိုအပ်မယ့် သင်တန်းမျိုးတွေကိုပြန်ပေးလေ့ရှိပါတယ်။ ကျွန်တော့် အမြင်ပါ..............

levoman
12-09-2009, 06:47 PM
ကျွန်တော့်အမြင်အရလည်းအလုပ်အရင်လုပ်သင့်ပါတယ်လို့ထင်ပါတယ် နောက်ပိုင်းမှဘာသင်တန်းကိုတက်မယ် ဘယ်လိုင်းကိုကိုယ်အားသန်တယ်ဆိုတာသိရင် ကိုယ့်အတွက်ပိုအသုံးဝင်မယ်လို့သိလိမ့်မယ်ထင်ပါတယ် အဲဒီတော့မှကိုယ်တကယ်တက်ချင်တဲ့သင်တန်းကိုတက်တာ ပိုကောင်းပါလိမ့်မယ်

soewaimaung
01-09-2010, 10:08 PM
အလုပ်လုပ် သင့်ပါတယ် ။ ကျောင်းတုန်းက သိခဲ့ တဲ့ concept တွေကို လက်တွေ့ အသုံးချသင့် ပါတယ် ။ အဲဒီအခါမှာ ကျွဲ ကူးရင် ရေ ပါသလို နောက် ထပ်
အသိတွေတိုးလာပါလိမ့်မယ် ။ ဒါပေမယ့် ကျောင်းမှာ သင်ခဲ့ ရတဲ့ theory knowledge တွေကို ပိုင်ပိုင်နိုင်နိုင် သိဖို့တော့ လိုပါလိမ့်မယ် ။
ကျွန်တော်ရဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေး တစ်ခုကို ပြောချင်ပါတယ်
ကျွန်တော် workshop မှာ ဆင်းတဲ့ အချိန်တုန်းကပေါ့ဗျာ ။ ကားဘီး ဖြုတ်နေတဲ့ အချိန် စဉ်းစားမိတာ က ကားဘီး nut တွေက ဘာလို့ တစ်ဘက်နဲ့ တစ်ဘက်
ကျပ်တာ မတူလဲလို့ စဥ်းစားမိတော့ ၉ တန်းတုန်းက သင်ခဲ့ ရတဲ့ Newton ရဲ့ theory တစ်ခုကို သတိရမိပါတယ် ။ သိကြမှာပါ ။ အင်နားရှား လေ ။
ရပ်နေတဲ့ အရာသတ္တု က ရပ်မြဲ ရပ်ချင်နေတဲ့ သဘောရှိပြီး သွားနေတဲ့ အရာဝတ္တု က သွားမြဲ သွားချင်နေတဲ့ သဘောရှိတယ် တဲ့ ။
ဒီ သဘောတရားကို ကားဘီးမှာသွားတွေ့ပါတယ် ။ ဒါကြောင့်ကားဘီး nut တွေဟာ ကားဘီးလည်တဲ့ ဘက်ကို ဘဲ ကျပ်တာပါ ။ကားဘီးဟာ အကြောင်းတစ်စုံတရာ
ကြောင့် ရပ်လိုက်ရင် အင်နားရှား သဘောအရ nut က သူလည်တဲ့ ဘက်ကိုဘဲ လည်သွားတဲ့ အတွက် ကျွက်ထွတ်ဖို့ မဖြစ်နိုင်တော့ပါဘူး ။

ဒါကြောင့် ကျောင်းပြီးသွားရင် လုပ်ငန်းခွင် ၀င်သင့်ပါတယ် ။ ကိုယ့်ရဲ့ knowledge ကို apply လုပ်သင့်ပါတယ်

theint thinza
08-06-2013, 06:03 PM
ကျွန်တော်လည်းထောက်ခံပါတယ်။ အလုပ်ဝင်သင့်တယ်။ မလိုအပ်တဲ့သင်တန်းတွေလျှောက်တက်ပြီး ငွေဖြုန်းသလိုဖြစ်နေတတ်တယ်။ တက်ရင်လည်း တကယ်တတ်မြောက်မှဖြစ်မယ်။ မဟုတ်ရင် အချိန်ကုန်၊ငွေကုန်၊လူပင်ပန်းတာပဲ အဖတ်တင်လိမ့်မယ်။ တက်ထားတဲ့သင်တန်း နဲ့ ကိုယ်ရတဲ့အလုပ်နဲ့မဆိုင်ရင်လည်း အပိုဖြစ်နေမယ်။
ဒါဆိုရင် ပြောမှာပေါ့။ သင်တန်း မတက်ဘဲ အလုပ်ကောရပါ့မလား လို့။
CV form သွားတင် တဲ့အခါ တက်ရမဲ့သင်တန်းတွေ သိပါလိမ့်မယ်။ computer နဲ့ english က လုံးဝမတတ်ဘူး လို့ငြင်းရင်တော့ ရဖို့ percentage နဲတယ်လို့ထင်တာပဲ။လုပ်ငန်းအတွေ့အကြုံက အရေးကြီးတယ်။
အဲဒါက တကယ်လိုအပ် တဲ့ skill ပါ။
သူငယ်ချင်းတွေ autocad တွေတက်ကြတော့ ငါကော မတက်ရင်အလုပ်ရပါ့ မလားလို့ စိတ်အားငယ် မိတယ်။ ပိုက်ဆံ 60000 ကို တစ်လုံးထဲပေးရမှာဆိုတော့ မတက်ဖြစ်ဘူး။ ဒါပေမဲ့ အလုပ်ရတော့ ဒီက အရင်ရတယ်။
သင်တန်းတွေကပေးတဲ့ Knowledge ထက် အလုပ်ခွင် ကပေးတဲ့ knowledge+experience ကသာတယ်။

luhein25
09-30-2013, 09:36 PM
မရောက်ဖြစ်တာလည်း..ကြာနေဘီ..။လူဟိန်းလည်း..ဝင်အာလိုက်ဦးမှ..:bump2:

ကျနော့်..အမြင်ပေါ့နော်..။အင်ဂျင်နီယာကျောင်းဆင်းတွေအနေနဲ့ လို့ယူဆပါတယ်...ပြောနေကြတာ..။ဒါပေမဲ့..ကျောင်းဆင်းရင်ဆိုတာလေး..ပါနေတဲ့အတွက်..ပေါ့ဗျာ..။စဉ်းစားကြည့်တာပါ..။တစ်ကယ်လို့များ..ဒီပြင်..သာမာန်ကျောင်းတွေ
အနေနဲ့ဆိုရင်ရော..:fear: (အော်ပိန်းလိုက်တာဟယ်..ဒါဘာဆိုက်လဲလို့တော့မပြောနဲ့ပေါ့ဗျာ..:D) မြန်မာစာ..သမိုင်း..ပထဝီ..အီကို..စသည့်ကျောင်းပြီးတဲ့သူတွေ...အတွက်ဆိုရင်တော့....အင်း...:peace:
ကျောင်းတွေကို..စော်ကားပြောတာတော့မဟုတ်ပါဘူး..ခက်တာက..အားလုံးသိကြတဲ့အတိုင်း..ဘယ်လောက်တတ်လာသလဲ..တစ်ကယ်ရောတတ်ရဲ့လား..။ကိုယ်လုပ်ရမဲ့အလုပ်ခွင်အတွက်..အံဝင်ခွင်ကျ ဖြစ်ပါမလား..စသည့် လားပေါင်းများစွာ..ကို.ကျနော်တို့ရင်ဆိုင်ကြရမှာပါ..။ဆိုကြပါတော့...ခုခေတ်က သိတဲ့အတိုင်း..အိုင်တီခေတ်မဟုတ်လား..။အလုပ်လုပ်ရင်း..သင်တန်းတွေတက်ဖို့...ဆိုတာ..ပြောသလောက်သာလွယ်တာနော်..တွံတေးသိန်းတန်သီချင်းလိုပဲ
(အပြောလွယ်သလောက်....ဟောဒီပိတောက်တွေ..ပွင့်ရင်...ဒီဇတ်လမ်းမှာလေ.ကိုယ်ရယ်..မင်းရယ်ပန်းပိတောက်ရယ်...အဲ..) ခိခိ..သီချင်းတွေ..ဆိုမိကုန်ဘီ..တားကိုဘွေ..မယူကြပါနဲ့..လို့..အက်မင်များ။အူးမော့များ..။
တစ်ကယ်လို့များ..မိသားစု.၊ မိမိ ငွေကြေးအခြေနေ..တတ်နိုင်ခဲ့မယ်ဆိုရင်..ကိုယ်လုပ်မဲ့အလုပ်မှာ..လိုအပ်တာလေးတွေ..အပြင်မှာ..အရင်ဆုံး..ဝမ်းစာဖြည့်ပြီးမှ..အလုပ်ကိုဝင်တာအကောင်းဆုံးဖြစ်မယ်..ထင်ပါတယ်ခင်ဗျာ.။
စကားပုံတစ်ခုလည်း...ရှိတယ်မဟုတ်လား..ပွဲမဝင်ခင်၊အပြင်ကကျင်းပဆိုတာလေ..(အလဲ့)..
လွတ်လပ်စွာဝေဖန်ဆွေးနွေးကြပါဦးလို့..

(လူဟိန်းဟာ..ခပ်ပိန်းပိန်းလူပြိန်းပါ..:peace:)