PDA

View Full Version : Electronics Engineering က ကျောင်းသား/သူတွေ အတွက်စာမေးပွဲမေးခွန်ဟောင်းလေးတွေပါ။



မျိုးမြတ်ဝေ
12-11-2009, 12:19 AM
ကျနော်က E.C နဲ. B.E ပြီးထာတဲ့ကျောင်းသားတယောက်ပါ။ ပုသိမ်ကျောင်းကပါ။ ပုသိမ်TUရဲ.ဖိုရမ်မှာကဆွေးနွေးမဲ့လူမရှိလို. ဒီမှာလာရေးရတာပါ။ တစိမ်းတွေကြားထဲမှာအားငယ်မိပါတယ်(သနားကြင်နာစွာဆက်ဆံကြပါ)
ဒီလိုဗျ ၊ ကျနော်ကျောင်းတက်ခဲ့တဲ့ကာလတလျှောက်လုံး စာမေးပွဲနီးလာယင် အမြဲတမ်းဒုက္ခရောက်ရတာက မေးခွန်းဟောင်းမရှိတဲ့ပြသနာပါ။ မြို.ကြီးပြကြီးတွေမှာမခက်ခဲပေမဲ့ ကျနော်တို.လို တောကျောင်းမှာတက်ရတဲ့
လူတွေအတွက် တော်တော်ခက်ပါတယ်။ ကျတော်လိုပဲနယ်စွန်နယ်ဖျားကကျောင်းတက်ရတဲ့မောင်နှမတွေလဲ အခက်အခဲရှိမှာပါ။ ဒါကြောင့် ဒီပြသနာကို ကူညီရာရောက်အောင် ကျတော်တို. နည်းပညာကျောင်းတွေရဲ. စာမေးပွဲမေးခွန်းတွေကို ဘယ်နှစ်ဖြစ်ဖြစ်ဘယ်ဘာသာရပ်ဖြစ်ဖြစ် ဒီဖိုရမ်မှာတင်ပေးပြီး ပညာဒါနပြုကြပါလားခင်ဗျာ။ အခုလက်ရှိကို ကျနော်M.E ၀င်ခွင့်ဖြေဖို.အတွက် လေ့လာစရာ မေးခွန်ဟောင်းမရှိလို. အပူတပြင်း
ရှာဖွေနေပါတယ်ခင်ဗျာ။ ကူညီမဲ့လူများရှိလို.ကတော့ ယောက်ျားလေးဆို ညီမနဲ.ပေးစားပြီး (၁၀) နှစ်တိတိ လုပ်ကျွေးပါ့မယ်၊ မိန်းကလေးဆိုလို.ကတော့ ကျနော်ကိုယ်တိုင်ဘဲ.......ကျေးဇူးဆပ်ပါ့မယ်။