PDA

View Full Version : TU(ပုသိမ်) ကသူငယ်ချင်းတွေ ဒီမှာတွေ.ကြရအောင်



မျိုးမြတ်ဝေ
12-11-2009, 12:49 AM
မြန်မာအင်ဂျင်နီယာဖိုရမ်ရဲ. ပုသိမ်နည်းပညာတက္ကသိုလ်ခေါင်းစဉ်အောက်မှာ ဘယ်သူမှမတွေ.ရလို. သူငယ်ချင်းတွေနဲ.တွေ.ချင်တာရယ် ၊ ကျောင်းကိုသတိရတာရယ်ကြောင့် ဒီနေရာမှာဝင်ပြီးရေးပေးကြဖို. မေတ္တာရပ်ခံပါတယ်။ ကျနော့်ကိုကျောင်းမှာ ကိုမျိုးလို. သိကြပါတယ်။ E.C ဌာနကပါ။ အတန်းမတူ မေဂျာမတူပေမဲ့ ပုသိမ်ကျောင်းက ဘယ်သူနဲ.မဆိုရင်းနှီးချင်ပါတယ်။ ကျောင်းပြီးလို.ခွဲသွားကြတဲ့ သူငယ်ချင်းတွေကိုရော
ကျောင်းမှာကျန်ခဲ့တဲ့ ညီ/ညီမတွေကိုရော တွေ.ချင်ပါတယ်။ ဘယ်သူမဆိုကြုံယင် ဒီနေရာမှာ TU(ပုသိမ်) ရဲ.အငွေ.အသက်ပါတဲ့အကြောင်းအရာလေးတွေ ရေးပေးကြပါ။ ကျနော်လဲကျောင်းနဲ.ပတ်သတ်တဲ့သတင်းတွေ ၊
ဓါတ်ပုံတွေကိုဖော်ပြပေးပါမယ်။ု

မျိုးမြတ်ဝေ
12-13-2009, 08:14 PM
ပုသိမ် နည်းပညာ ကကောင်တွေ ဘာလုပ်နေကြတာလဲ အားနေယင် စော်တွေနဲ.ဘဲ chat နေ ကြတာလား။
တိုးတက်ရာတိုးတက်ကြောင်း အင်ဂျင်နီယာဖိုရမ်မှာ လာပြီးလေ့လာကြပါဦး။
မင်းတို. အကိုကြီး ဒီမှာ အမြဲ စောင့်နေတယ်။
သူများကျောင်းတွေကကျောင်းပြီးသွားတာတောင်မှ စည်းစည်းလုံးလုံးနဲ. ဖိုရမ်မှာအဆက်အသွယ် လုပ်နေကြတယ်
မင်းတို.အားလုံးကို ဘယ်သူမဆိုတွေ.ချင်ပါတယ်

minthunaung
06-10-2010, 04:01 PM
ကိုမျိုးရေ ဒီ page ကိုမတွေ့ကြသေးလို.နေမှာပါ။ :?
ကျွန်တော်က မင်းသုနောင် ပါ
EP ကပါ။

kaungchit12345
10-29-2010, 10:19 PM
ကျွန်တော်က ကောင်းမြတ်ချစ် ပါ။ EC ကပါ။ ဒါပေမယ့် ကျွန်တော်ကို ချစ်ကောင်း လို့ပဲသိကြပါတယ်။ ကိုမျိုး နဲ့ ကိုမင်းသုနောင် ကိုလဉ၁်း သိပါတယ်။ အခုတော့ ကျွန်တော် Singapore မှာပါ။တစ်နှစ် လောက်ရှိပါပြီ။ဒီမှာလည်း ကျောင်းက သူငယ်ချင်းတွေ ရှိပါတယ်။ ကျောင်းတက်နေတုန်းကတော့ မပျော်ခဲ့ပေမယ့် ၊ အခု ကျောင်းကို သတိရနေမိပါတယ်။ :( ဒါကြောင့် ကျောင်းနဲ့ ပက်သက်တာလေးတွေကို ကြား၊သိ ချင်ပါတယ်။ အကယ်၍ အားလပ်ခဲ့ရင် သူငယ်ချင်းများ အားလုံး ဒီနေရာမှာ လာရောက် ရေးသားဖို့ တို်က်တွန်းချင်ပါတယ်။ :)

minthunaung
11-09-2010, 09:39 AM
ဟေး...ချစ်ကောင်း...ငါမင်းဟိုရောက်နေတဲ့သီတင်းကြားတယ်ကွ...ဘယ်လိုလဲအေးဆေးပဲမှတ်လား...ငါတို.ရှေးဟောင်းမင်းသားကြီးကော အရင်2လလောက်ကထွက်သွားတယ်ကြားတယ်...ကျောင်းကဘော်ဒါတွေအားလုံးအဆင်ပြေပါစေလို.ဆုတောင်းတယ်ကွာ... :7: :7: :7: :7: :7: :7: :7:

kaungchit12345
11-10-2010, 09:39 PM
ဟေး ကိုရှည်ကြီး ကျွန်တော် အဆင်ပြေပါတယ်။ ကုလားလည်း ပြေပါတယ်။ အလုပ်တော့ မတူဘူး အကို။ နေတာတော့ နီးပါတယ်။ Sunday ဆိုရင်တော့ တွေ့ဖြစ်ပါတယ်။ ကျန်တယ့် အချိန်ကတော့ phone ပဲ ဆက်ဖြစ်ပါတယ်။ ကိုရှည်ကြီးရော အဆင်ပြေလား။ ဘာတွေလုပ်နေလဲ။????? :) :) :)

minthunaung
11-16-2010, 04:12 PM
ငါကရန်ကုန်မှာပဲ Construction Co., မှာပဲ Online မှာ Sunday ကလွဲလိုရုံးချိန်ဆိုရှိတယ် minthunaung84@gmail အဲ့ဒါငါ့အကောင့် အားလုံးအဆင်ပြေတယ်ဆိုလို.၀မ်းသာတယ်ကွာ

mr.thethlaingwin
12-13-2010, 01:48 PM
Woow!!!! Everybody CHEER!!!

I am Thet Hlaing Win.
Sorry, I don't know who are you and your year.
I am first batch from TU,Pathein (When I studied, it is just GTC).
I got Degree of Beachlor Civil on January 2005 from TU,Pathein.
Now,I am working in Singapore 3 years ago.
I also want to be friends with all of you and others from our University.
Pls,share me your informations also. If you have other Civil friends, let them know please.
Kindly, invite to thethlaingwin.2009@gmail.com.
I am warmly welcome to you.

Regards,
Thet Hlaing Win.

mr.aungko
02-07-2011, 10:35 PM
ကိုမျိုး
အခုဘယ်ရောက်နေလဲ
ဘာတွေလုပ်နေလဲ
ကျနော်ရဲ့ ဗဟုသုတ က နည်းလွန်းတော့ MEF ကို ခုမှ ပဲ ၀င်ကြည့်ဖြစ်တော့တယ်
ကျနော် ကျောင်းတုန်းက သူငယ်ချင်းတွေ အရမ်းသတိရတယ်ဗျာ
ကျနော်တို့ တက်တုန်းက GTC ပေါ့
ခု University ဖြစ်သွားပြီ ဆိုတော့ ဘာတွေပြောင်းလဲ တိုးတက်ကုန်ပြီလဲ ..မသိဘူးနော်
ပုသိမ်က သူငယ်ချင်းတွေ ကျောင်းပြီး ကြတာ အများကြီးပဲ
ဘယ်တွေရောက်နေကြလဲမသိဘူးနော်..
ကျောင်းတော်ကြီးဆီကို ကျနော်တို့တွေ တရက်လောက်ပြန်ဆုံချင်ကြတယ်ဗျာ..
သူများတွေရေးထားတွေတွေ့ပြီးတော့ အရမ်းအားကျတယ်ဗျာ
ကျနော်တော့ ဘာမှ မသိမတတ်တော့ ရေးစရာ မရှိဘူးဖြစ်နေတယ်
သူများရေးတာတွေပဲ ဖတ်ပြီး ဗဟုသုတ ယူရတာပေါ့ဗျာ
http://khup.com/keyword/process-control-system.html
ဒီ web link လေးကတော့ ကျနော် ဖတ်ချင်တဲ့..သိချင်တဲ့ အကြောင်းအရာကို pdf file အနေ နဲ့ download ယူနေကျပါ..
အားလုံးသိပြီးသားဖြစ်မှာပါ..လိုအပ်ရင် ကြုံတုန်း download ယူနိုင်အောင်လို့လေ..
http://www.youtube.com/results?search_query=plc+control+system+for+oil+%26+gas+pipeline+operation
ဒါကတော့ video link ပေါ့ဗျာ
လိုအပ်ရင် ဗဟုသုတရအောင်ကြည့်လို့ ရတာပေါ့နော်..
ဒီ link တွေကို လူတိုင်းသိပြီးသားဖြစ်မှာပါ
ကျနော်လဲ သိတာတွေချရေးရင် ပြည့်စုံမှာ မဟုတ်တော့..ကို သိတဲ့ link လေးတွေပဲ မျှဝေရတာပါဗျာ

အားလုံး နည်းပညာသစ်တွေ ဖန်တီးနိုင်ပါစေဗျာ.

HanMinSoe
03-16-2011, 04:27 PM
nga paw gyi Thet Hlaing Win

HanMinSoe
03-16-2011, 04:34 PM
Woow!!!! Everybody CHEER!!!

I am Thet Hlaing Win.
Sorry, I don't know who are you and your year.
I am first batch from TU,Pathein (When I studied, it is just GTC).
I got Degree of Beachlor Civil on January 2005 from TU,Pathein.
Now,I am working in Singapore 3 years ago.
I also want to be friends with all of you and others from our University.
Pls,share me your informations also. If you have other Civil friends, let them know please.
Kindly, invite to thethlaingwin.2009@gmail.com.
I am warmly welcome to you.

Regards,
Thet Hlaing Win.

nga paw gyi Thet Hlaing Win

စပယ်
04-13-2011, 10:35 PM
ကျောင်းကြီးကိုလွမ်းလိုက်တာ....

Chit Ya Aung
04-14-2011, 08:56 AM
ကိုမျိုး.....ကျွန်တော်ချစ်ရအောင်ပါ.....Civil ကပါ....ကျောင်းကြီးကိုသိပ်သတိရတယ်ဗျာ.....

koe myo
06-15-2011, 01:54 PM
ဒီစာမျက်နှာကိုဖတ်မိတဲ့သူတွေကို ကျတော်တစ်ခုလောက်တိုက်တွန်းချင်ပါတယ် ။ ဒီထဲကိုဝင်ကြည်.တယ်ဆိုတည်းက Pathein Technological University နဲ.တစ်နည်းနည်းပတ်သတ်ကြလိမ့်မယ်လို.ထင်လို.ပါ ။ ကျတော် MRTV4 မှာအမြဲတမ်းသတိထား
တဲ့ အစီအစဉ်တစ်ခုရှိတယ်ဗျ ။ အဲဒါကတော့အနယ်နယ်အရပ်ရပ်က ကျောင်းပေါင်းစုံက မြတ်ဆရာပူဇော်ပွဲတွေကိုပါ။ မူလတန်းကျောင်းလေးကနေပြီး ဘွဲ.ကြို ၊ ဘွဲ.လွန်တန်းတွေအထိ လုပ်ကြပါတယ်။ ဒါဟာကျတော်တို. မြန်မာလူမျိုးတွေရဲ. ကျေးဇူးရှိတဲ့လူ
အပေါ်မှကျေးဇူးဆပ်တဲ့ ကျေးဇူးတရားကိုသိတတ်နားလည်တဲ့ ဓလေးတစ်ခုပါ။ ကျတော်တို. PTU မှာ ၅နှစ်( တစ်ချို.ဆိုနှစ်ပေါင်းမနည်းပေါ့) ပညာသင်ပေးခဲ့တဲ့ဆရာတွေရဲ.ကျေးဇူးကအင်မတန်ကြီးပါတယ်။ ကျောင်းတုန်းက ကိုယ့်ကိုယ်ကိုငါတို.ဘာမှမတတ်ပါလား ဆရာတွေကလဲ တတ်အောင်မသင်နိုင်ကြဘူးကွာလို. စိတ်ပျက်ခဲ့ဖူးပါတယ်။ တစ်ကယ်တမ်းကျောင်းပြီးလို. ဒီပညာနဲ.အလုပ်လုပ်စားတဲ့အခါကျတော့်မှ ဒီဆရာတွေသာသင်မပေးခဲ့ယင် ဒီလိုလုပ်စားနိုင်မှာမဟုတ်ဘူးဆိုတဲ့ အသိဝင်ပြီး ဆရာတွေရဲ.ကျေးဇူးကိုနားလည်ပါတယ်။ ကျောင်းတုန်းက ကျတော်ကဆရာတွေကို ရိုသေမှုအားနည်းခဲ့ပါတယ်။ ကျတော်က ၉၈ မှာ ဆယ်တန်းအောင် GTI စတက်ခဲ့ပြီး စာမေးပွဲခဏခဏကျတော့် နောက်ပိုင်းမှာ ကိုယ့်ထက်ငယ်တဲ့ ကလေးတွေကို ဆရာတင်ပြီး စာသင်ရတော့ တော်တော်ကိုဂွကျခဲ့တာပါ။ မကျေနပ်ခဲ့တာတွေလည်းအများကြီးပါ။ ဒါပေမယ့် အခုအချိန်မှာ တော့ငယ်တာကြီးတာနဲ.မဆိုင်ဘဲ ဆရာဟာ ဆရာဘဲဆိုတဲ့ အသိဝင်လာလို.နောင်တရမိပါတယ်။ အဲဒီတော့ဗျာ ခင်ဗျားတို.လဲ ဆရာတွေပေါ်မှာ စော်ကားခဲ့ဖူးတဲ့အပြစ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိုယ့်ဘ၀ကိုဒီလိုမျိုး ရပ်တည်ခွင့်ရအောင် ကျေးဇူးပြုခဲ့ဖူးတဲ့ ဆရာတွေကို အမှတ်တရပြန်ပြီး ကျေးဇူးဆပ်သင့်ပါတယ်။ ကျတော်တို. PTU အနေနဲ. ဆရာကန်တော့ပွဲလုပ်ကြရအောင်ပါ ။ နိုင်ငံရပ်ခြားကိုရောက်နေကြတဲ့သူငယ်ချင်းတွေရော ပြည်တွင်းမှာ ပုံစံအမျိုးမျိုးနဲ.ရပ်တည်နေကြတဲ့ သူငယ်ချင်းတွေရော ဒီစာကိုဖတ်ဖြစ်ယင် ခေါင်းထဲကို တို.ကျေးဇူးဆပ်သင့်တယ်ဆိုတဲ့ အတွေးလေးတစ်ခုဝင်စေချင်ပါတယ်။ အတန်းကြီးတွေကစပြီး အငယ်တန်းတွေအထိ မေဂျာပေါင်းစုံကသူငယ်ချင်းတွေ ဆက်သွယ်ကြပါ ။ ဒီနေရာမှာ ခင်ဗျားတို.ကိုဆက်သွယ်လို.ရမဲ့ Link တွေ Phone number တွေကို နံမည်၊ မေဂျာ၊ စာသင်နှစ်ပါ ရေးပေးခဲ့ကြပါ။ ကျတော်တို.က လူကြီးတစ်ပိုင်းဖြစ်နေပြီမို. ဆော်သြတဲ့သဘောပါ။ ဆရာကြီးလုပ်ချင်တဲ့သဘောလုံးဝမရှိပါဘူး ။အဆင်ပြေမယ်ဆိုယင် နောက်လိုက်အနေနဲ. ခိုင်းသမျှအကုန်လုပ်ပေးမှာပါ။ ညီအစ်ကို မောင်နှစ်မတွေ လူအား ငွေအားနဲ. ညီညီညွှတ်ညွှတ် ၀ိုင်းကြိုးစားကြယင် ဖြစ်လာမှာပါ။ PTU ကျောင်းသားဟောင်းများအားလုံးကို အနူးညွှတ်တိုက်တွန်းပါတယ်။ ကျတော်က EC မေဂျာက မောင်မျိုးပါ ။ စာမေးပွဲကျလို. အတန်းတော်တော်များများနဲ. အတူတက်ဖူးပါတယ် ။ မေဂျာတူ ညီ ၊ ညီမတွေတော်တော်များသိကြမှာပါ။ Civil , EP , Mechnical တို.က ကျောင်းသားဟောင်းကြီးတွေတော်တော်များများနဲ. ကျတော်အဆက်အသွယ်ရှိပါတယ်။ MC , IT တို.ကသူငယ်ချင်းတွေ အချင်းချင်းဆက်သွယ်ပေးကြပါခင်ဗျာ။ ကျတော်တို. အနည်းဆုံး ၆ လလောက်အချိန်ယူပြီး ပြင်ဆင်ကြရမှာပါ။ ဒီစာဖတ်တဲ့လူအားလုံးကို ကျေးဇူးတင်ပါတယ်။ ပူးပေါင်းပါဝင်ပြီး ကူညီလိမ့်မယ်လို.လဲမျှော်လင့်ပါတယ်။