PDA

View Full Version : ကြီးကြပ်အုပ်ချုပ်ရေး အဖွဲ့ သို့ အကြံပြုချက်

herzcthu
12-16-2009, 07:52 PM
ဖိုရမ် နှင့် ပတ်သက်ပြီး အကြံပြုချက်များ ရေးလိုပါကရေးနိုင်ရန် ခေါင်း စဉ်သစ်တစ်ခု ဖွင့် စေလိုပါတယ်။ အခုတော့ ကျွန်တော် ဘယ်မှာ ရေး ရမှန်း မသိလို့ ဒီမှာပဲ ၀င်ရေးလိုက်ပါတယ်။ မြန်မာအင်ဂျင်နီယာဖိုရမ် က မြန်မာလို ရေးထားတဲ့ဖိုရမ်တွေထဲမှာတော့ အကောင်းဆုံးလို့ထင်ပါတယ်။ မြန်တယ် စုံတယ် လှတယ်။
ဒါပေမယ် မြန်မာဖောင့်သိပ်မလှပါ။ ရုပ်ဆိုးတယ်လို့တောင် ပြောလို့ရနေပါတယ်။ ဇော်ဂျီသုံးထားတာ လူတိုင်းသုံးလို့ အဆင်ပြေနိုင်ပေမယ့် အခုလို မလှတာတော့ သိပ်မကောင်းပါဘူး။
ဖြစ်နိုင်ရင်တော့ တစ်ခြား ဖောင့် ပြောင်းသုံးလို့ရနိုင်မလား စဉ်းစားစေချင်ပါတယ်။
အခု အင်တာနက်ပေါ်မှာ သုံးရတာ အဆင်ပြေနိုင်တဲ့ ဖောင့်စနစ် တစ်ခုဖြစ်တဲ့ ဧရာ ဖောင့် ကအဆင်ပြေနိုင်မလား စမ်းကြည့်စေချင်ပါတယ်။
ကျွန်တော်တော့ ဧရာ တင်ထားတဲ့ စက်မှာ ဇော်ဂျီနဲ့ ရိုက်ထားတဲ့ ဆိုက်ဒ် တွေဝင်ကြည့်တာ အဆင်ပြေနေတယ်။
ဇော်ဂျီရော နှစ်ခုလုံးတင်ထားလို့လားတော့မသိဘူး။
ဧရာ ကဖောင့်တော်တော်လှတယ် ယူနီကုတ် စံ ကလည်း၅.၂ ဆိုတော့စံလည်းပြည့်တယ်ဆိုရမှာပဲ။
တခြား ဖိုရမ်သုံးသူတွေလည်း ဇော်ဂျီလို လင့်ခ် ပေးထားရင် အလွယ်တကူ ယူသုံးကြမယ်ထင်ပါတယ်။
စိတ်ဝင်စားရင်တော့ www.ဧရာ.com (http://www.ဧရာ.com) မှာ ၀င်ကြည့်လို့ရပါတယ်။ တစ်ခုတော့ရှိတယ် ပဋ်ဆင့်တွေတော့ ကောင်းကောင်း မှန်အောင်မြင်ရမှာမဟုတ်ဘူး။
အကြံပေးကြည့်တာပါ။

ကျေးဇူးတင်စွာဖြင့်

herzcthu

chit tee
12-16-2009, 08:42 PM
ကို herzcthu ရေ ...

ယခုလိုအကြံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
နောက်များမှာလဲ အကြံပြုချက်များရေးသားလိုပါက ဒီအကြံပေးရန် (http://www.myanmarengineer.org/forum/index.php/board,51.0.html)အထဲမှာဝင်ပေးလို့ရပါတယ်ဗျာ .. :7: ။
နဂိုကတည်းက ဖွင့်သားပြီးသားရှိပါတယ် ။

Font ကိစ္စကတော့ တခြားသူတွေတော့ မသိဘူး ။ ကျနော်အမြင်တော့ ဧရာ font နဲ့ Zawgyi-one font အပြင်ပန်းအမြင် နှိုင်းယှဉ်ကြည့်တော့လဲ သိပ်မထူးသလိုပါဘဲ။
Zawgyi-one လေးလဲလှပါတယ်။ ဘယ်လိုရုပ်ဆိုးတာလဲမသိဘူး ။
မပြတ်မသားနဲ့ အနားဖွာနေသလိုဖြစ်နေလို့လားမသိဘူး ။
အဲ့ဒီလိုဖြစ်နေရင်တော့ .....
Window XP ဆိုရင်တော့ desktop ပေါ်မှာ right click ထောက်ပြီး Properties>Apperance>Effects အောက်ထဲမှာဝင်ပြီး screen font ကို Standard ကနေ Clear Type ပြောင်းပြီး apply လုပ်ကြည့်လိုက်ပါ။
Window Vista ဆိုရင်တော့ desktop ပေါ်မှာ right click ထောက်ပြီး Personalization>Window Colors and Apperance>Effects အောက်ထဲမှာဝင်ပြီး screen font ကို Standard ကနေ Clear Type ပြောင်းပြီး apply လုပ်ကြည့်လိုက်ပါ။
အဲ့ဒါဆိုရင်တော့ သားသားနားနား လှပသပ်ရပ်တဲ့ Zawgyi-one font စာလုံးလေးတွေကို မြင်တွေ့ရပြီပေါ့ဗျာ .... ။
ကို herzcthu ရေ ... သိပြီးသားဆိုရင်တော့ ကျနော့်ကို ခွင့်လွှတ်ပါဗျာ ... ။

နောက်ပြီး လူတိုင်းသုံးရတာ အဆင်ပြေတာကလဲ သူရဲ့အားသာချက်တခုဘဲမဟုတ်လားဗျာ။
ဖိုရမ်မှာဝင်နေကြတဲ့သူတွေက Zawgyi-one font နဲ့အသားသေနေကြတော့ အခုမှပြောင်းပြန်ရင်လဲ အဆင်ပြေကြမယ်မထင်ဘူး၊ ကျနော်တို့ကအစပေါ့။
ကျနော်ကတော့ သုံးနေကျဖြစ်တဲ့ Zawgyi-one ကို ဆက်သုံးချင်မိပါတယ်။
ဒါကတော့ ကျနော့်တယောက်ရဲ့အမြင်သက်သက်ပါ။
တခြားသူတွေလဲ သူ့အမြင်နဲ့သူရှိကြမှာပါ။
ဝင်ရောက်ဆွေးနွေးပေးကြဖို့ဖိတ်ခေါ်ပါတယ်။

Than Zaw
12-16-2009, 10:29 PM
ကိုherzcthu ခင်ဗျာ .................... ကိုချစ်တီးပြောသလိုပါပဲဗျာ ............... အများစုက ဇော်ဂျီဖောင့် နဲ့ပဲ အသားကျနေတာဆိုတော့ ဒီအတိုင်းလေးပဲ ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်တို့ဖိုရမ်က တခြားဖိုရမ်တွေနဲ့ယှဉ်ရင် ပညာရပ်ပိုင်းဆိုင်ရာမှာ အားသာပြီးသားပဲဗျာ ................. ဒီဖောင့်ကိစ္စက သိပ်အရေးမကြီးဘူးထင်ပါတယ်။ ပြီးတော့ ကိုချစ်တီးပြောသလို လုပ်လိုက်ရင်လည်း လှလှပပလေးမြင်ရပါတယ်။
ကိုherzcthu ရေ တခြားအကြံဥာဏ်လေးတွေရှိရင်လည်းပေးပါအုံးနော်................... ဒီဖိုရမ်က မမ်ဘာတွေရဲ့ အကြံဥာဏ်ကို လေးစားစွာစောင့် မျှော်လျှက်ပါ......................

herzcthu
12-18-2009, 06:12 PM

အကြံပေးရန်ဆိုတဲ့စာမျက်နှာကို ဟိုနေ့ကရှာတာ မတွေ့မိလို့ပါ။ မျက်စိလျှမ်း သွားတာဖြစ်ပါလိမ့်မယ်။

Font နဲ့ပတ်သက်ပြီး ပြောရရင်တော့ ကျွန်တော်က ဟိုဟာကောင်းတယ် ဒီဟာကောင်းတယ် ငြင်းချင်တာ မဟုတ်ပါဘူး။ အဲဒါအတွက် တခြား နေရာတွေရှိပါတယ်။
ကျွန်တော် အကြံပေး ရတဲ့ အကြောင်းက ဒီဖိုရမ်က အရမ်းစုံ ပြီးအရမ်းကောင်းတယ်လို့တွေးမိလို့ Standard ပါဖြစ်ရင်ပိုကောင်းမယ်လို့ထင်လို့ပါ။
ပြီးတော့ ဧရာ ကတခြား ဖောင့် တွေလို မဟုတ်ပဲ အင်တာနက် Website တွေ ပေါ်မှာသုံးလို့လဲ အဆင်ပြေတဲ့ ဖောင့်တစ်ခုဖြစ်တာ တွေ့လို့ အကြံပေးကြည့်တာပါ။
ဇော်ဂျီတုန်းက လည်းဒီလိုပဲ မြန်မာ Blogger တွေ ၀ိုင်းပြီး ကြိုးစာ ခဲ့ကြလို့ ဒီလိုလူတိုင်းသုံးနိုင်ပြီး လူတိုင်း အသားကြနေတဲ့ အဆင့် ကိုရောက်လာတာဆိုတော့ ဒီလိုပဲ အောင်မြင်နေတဲ့ ဖိုရမ်တစ်ခုက စပေးလိုက်ရင် လူတွေ Standard ဆီကို ရောက်လာကြမယ်လို့ယူဆမိလို့ပါ။
နောက် အကြောင်းတစ်ချက်က ကျွန်တော်တို့တွေ ကွန်ပြူတာ ပေါ်မှာ မြန်မာလို ကောင်းကောင်းသုံးနိင်ဖို့ဆိုတာ အိပ်မက်တစ်ခုလိုဖြစ်နေသေးတာမို့ အကြောင်းအရင်းကို ရှာရင် အဓိက အချက်က Standard မဖြစ်သေးတာလို့တွေးမိလို့ပါ။
Linux လို မြန်မာစာ စနစ်ကို အထောက်အပံ့ပေးဖို့စလုပ်နေတဲ့စနစ် မျိုးမှာ တောင် အဆင်မပြေသေးတာ တွေ့နေရတော့ Microsoft လို သူ အကျိုးအမြတ်ကို တွက် ပြီးမှာလုပ်တဲ့ စနစ်မျိုးမှာ သုံးနိုင်ဖို့ဆိုတာက အိပ်မက်ပါ။
ဒီတော့ ကိုယ့်အားကိုယ် ကိုး ပြီးလုပ်မှ ဖြစ်မှာမို့ တတ်နိုင်သမျှ ၀ိုင်း ကြိုးစား ကြစေချင်တဲ့ သဘောပါ။ အတင်းကြီး ပြောင်းရမယ်ပြောနေတာတော့ မဟုတ်ပါဘူး။ အားလုံးအတွက်ဆို အားလုံးလုပ်မှ ဖြစ်မယ်လေ။
နောက်ပြီး ဧရာ က လက်ကွက်လည်း သိပ်ပြီး ဇော်ဂျီနဲ့ မကွာ လှပါဘူး။
ပို ကောင်းတဲ့ အချက်ကတော့ သူက Standard ဖြစ်တာပါပဲ၊

ကျေးဇူတင်စွာဖြင့်

herzcthu

herzcthu
12-18-2009, 06:25 PM
ကိုherzcthu ခင်ဗျာ .................... ကိုချစ်တီးပြောသလိုပါပဲဗျာ ............... အများစုက ဇော်ဂျီဖောင့် နဲ့ပဲ အသားကျနေတာဆိုတော့ ဒီအတိုင်းလေးပဲ ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်တို့ဖိုရမ်က တခြားဖိုရမ်တွေနဲ့ယှဉ်ရင် ပညာရပ်ပိုင်းဆိုင်ရာမှာ အားသာပြီးသားပဲဗျာ ................. ဒီဖောင့်ကိစ္စက သိပ်အရေးမကြီးဘူးထင်ပါတယ်။ ပြီးတော့ ကိုချစ်တီးပြောသလို လုပ်လိုက်ရင်လည်း လှလှပပလေးမြင်ရပါတယ်။
ကိုherzcthu ရေ တခြားအကြံဥာဏ်လေးတွေရှိရင်လည်းပေးပါအုံးနော်................... ဒီဖိုရမ်က မမ်ဘာတွေရဲ့ အကြံဥာဏ်ကို လေးစားစွာစောင့် မျှော်လျှက်ပါ......................

ကိုချစ်တီး ကို ကျွန်တော် ပြောခဲ့ သလိုပါပဲ။ အဓိက စေတနာက Standard ဖြစ်စေချင်တာပါ။
မြန်မာ ဖောင့် တွေကို အဆင်ပြေပြေသုံးနိုင်ဖို့ဆိုရင်တော့ ကျွန်တော်ကိုယ်တိုင် တတ်နိုင်သမျှ ကြိုးစားနေပါတယ်။
အခုတောင် မြန်မာ စာ ယူနီကုတ် စံ သတ်မှတ်ချက်ရှိတဲ့ ဖောင့် တွေအားလုံး ကို ရိုက်လို့ရတဲ့ Universal Keyboard တစ်ခု ကိုယ်တိုင်ကြိုးစားပြီးလုပ်ထားပါတယ်။ Download Section မှာ ယူပြီး စမ်းသုံးကြည့်စေချင်ပါတယ်။

ကျေးဇူးတင်စွာဖြင့်

herzcthu

pooh.kglay
12-18-2009, 08:46 PM
ကျွန်တော် က တော့ လှဖို့မလိုဘူး ထင်တာပါပဲ ဗျာ
နေရာတိုင်းမှာ သူအလှနဲ့ သူရှိပါတယ် အသစ်ထွက်
တိုင်းလဲ သုံးလို့ မကောင်းဘူး ထင်ပါတယ် ကျွန်တော်
ဥပမာ တစ်ခု ပြောပြမယ်နော် (အခုဗျာ server 2008
ထွက်နေတယ် ကဲ ဘယ်သူများ သုံးကြလဲ ဒါမြန်မာ
ပြည်မှာ တောင်မှ 2003 သုံးလို့ကောင်းတုန်း အဆင်
ပြေနေတော့ မလဲကြဘူး နောက်ထွက်တာတွေက မကောင်း
ဘူး မဟုတ်ပါဘူး ကောင်းပါတယ် ပြင်ဆက်ချက်တွေလဲ ရှိ
တော့လဲ ကောင်းပါတယ် တောင်ကိုရီးယား မှာ ဆို server2003
ကို စမ်းသုံးနေတုန်းလို့ သိရပါတယ် ဘာပဲဖြစ်ဖြစ် အသစ်တိုင်းလဲ
အဆင်ပြေဖို့ မလွယ်ပါဘူး ဒါက ပညာရှင်တွေ အတွက်ပြောတာ
မဟုတ်ပါဘူး ကျွန်တော် တို့လို လူမျိုးတွေ အတွက်တော့ ဒီတစ်ခု
ကို အထိုင်ကျနေရင် နောက်တစ်ခု ကိုပြောင်းဖို့ မလွယ်ကူလောက်
ပါဘူး ကျွန်တော်က အကြံပေးရုံ သက်သက်ပါ ပြီးတော့ အသက်
ကလဲ ငယ်သေးတော့ စကားပြောဆိုရာ မှာ အမှားအယွင်းလေးများ
ပါခဲ့ရင် ခွင့်လွတ်ပေးပါလို့ တောင်းပန်ပါတယ် ခင်ဗျာ...
အားလုံးကို လေးစားလျက်
pooh ကောင်လေး

နတ်ဆိုးလေး
12-20-2009, 09:35 AM
အနော်က အခုမှစဝင်တဲ့မန်ဘာအသစ်ပါ အကြံပြုဆွေးနွေးချက်ဆိုတဲ့ခေါင်းစဉ်ကိုလိုက်ရှာလိုက်ရတာမောနေတာပဲ အဟီး အခုမှတွေ့တယ် အခုလိုမျိုးဖိုရမ်နဲ့ပတ်သက်တဲ့ဆွေးနွေးချက်ခေါင်းစဉ်ကို သရက် တစ်ခုအနေနဲ့ဖွင့်စေချင်ပါတယ် တော့ပစ်အနေနဲ့ဖွင့်ထားတော့ပျောက်နေပါတယ်ခင်ဗျ Home Page မှာခေါင်းစဉ်ကြီးအနေနဲ့ဖွင့်စေချင်ပါတယ် အရင်ဖတ်ပေးပါရန် နဲ့ မိတ်ဆက်ကြမယ်လေ ကြားထဲမှာဖွင့်လိုက်ရင်ပိုအဆင်ပြေမယ်ထင်ပါတယ်ခင်ဗျ ဖိုရမ်နဲ့ပက်သတ်တဲ့ ဆွေးနွေးချက်တွေကို ...နို့မို့ဆို ဖိုရမ်ကို အကြံပေးရတာဘယ်မှာသွားလို့ အကြံပေးရမလဲ ဖြစ်နေတယ် နောက်ပြီးတော့ သရက်တစ်ခုတိုင်းမှာ တော့ပစ်တွေက မလိုအပ်ပဲ အရမ်းကြီးကိုဖောင်းပွနေပါတယ်ခင်ဗျ ကျွန်တော် နမူနာပြပါ့မယ် မိတ်ဆက်ကြမယ်လေ သရက်အောက်မှာပေါ့ သားသားကတော့ ဆိုတဲ့ သရက်မှာပေါ့ အဲဒီထဲကိုဝင်လိုက်တာ များလိုက်တဲ့ တော့ပစ်တွေ တော့ပစ်တွေက အရမ်းကိုများနေပါတယ်ခင်ဗျ ကျွန်တော်ဖြစ်စေချင်တာကိုပြောရမယ်ဆိုရင် ဥပမာ - မိတ်ဆက်ကြမယ်လေ > သားသားလေးကတော့ > မိတ်ဆက်ခန်းဆိုပြီး တော့ပစ်ဖွင့်ပြီး အဲဒီတော့ပစ်အောက်မှာပဲ ပိုစ့်အနေနဲ့ ဝင်ရေးစေချင်ပါတယ်ခင်ဗျ အခုဟာက လူတစ်ယောက်ကို တော့ပစ်တစ်ခုနှုန်းနဲ့ဝင်ရေးနေတော့ ဖတ်ရတဲ့လူလည်းမောပါတယ်ခင်ဗျ နောက်ပြီးမလိုအပ်ပဲ ခေါင်းစဉ်တွေအရမ်းကြီးကို ပွလွန်းနေပါတယ် ဖြစ်နိုင်ရင် တော့ပစ် အသစ်တစ်ခု မတည်ဆောက်စေလိုပဲ ရှိပြီးသားတော့ပစ်အောက်မှာပဲ ပိုစ့်အနေနဲ့ဝင်ရေးစေချင်ပါတယ်ခင်ဗျ ဒါကိုလည်းစည်းကမ်းချက်တွေထဲမှာထည့်သွင်းသင့်တယ်လို့ထင်ပါတယ် ... ရှိပြီးသား တော့ပစ်အောက်မှာပဲဝင်ရေးတော့ ဖတ်ရတဲ့လူလည်းတစ်စုတစ်စည်းထဲဖြစ်တယ် နောက်ပြီးတော့ သီးခြားခွဲခြားမှုဆိုတာလည်းမရှိတော့ဘူး အားလုံးရဲ့ မိတ်ဆက်ထားတာတွေကိုခေါင်းစဉ်တစ်ခုအောက်ထဲမှာပဲ တွေ့မြင်ရမှာဖြစ်ပါတယ်ခင်ဗျ... ကျွန်တော့်ရဲ့ အမြင်တွေမှားနေရင်လည်း တောင်းပန်ပါတယ် ဒါက ကျွန်တော့်ရဲ့ထင်မြင်ချက်ကိုတင်ပြခြင်းဖြစ်ပါတယ်ခင်ဗျ.. ခင်မင်စွာဖြင့် ( နတ်ဆိုးလေး )

herzcthu
12-20-2009, 03:42 PM

နတ်ဆိုးလေး ပြောတာတွေ ဟုတ်တယ်ဗျ ကျွန်တော်လည်း အဲဒါကြောင့် ရှာမတွေ့တာပဲ။
သူပြောတဲ့ အကြံလေးကောင်းတယ်။ ပြောင်းပေးစေချင်ပါတယ်။
မိတ်ဆက်ကြမယ်လေ ကလည်း အဲဒီအတိုင်းပဲ ဖြစ်နေတယ်။ ပြောင်းလိုက်ရင်ပိုကောင်းသွားမယ်။

ကျေးဇူးတင်စွာဖြင့်

herzcthu

phoelapyae
12-20-2009, 05:31 PM
အခုလို အကြံပေးတာ ကျေးဇူးတင်ရှိပါတယ် ။
ဘုတ်ပြောင်းလဲဖို့အတွက် ကျွန်တော်တစ်ယောက်ထဲ ဆုံးဖြတ်လို့ မရတဲ့အတွက် ကြီးကြပ်အဖွဲ့ဝင်တွေနဲ့ တိုင်ပင်နေပါတယ်ခင်ဗျာ ။
အားလုံး အတည်ပြုပြီးရင်တော့ ကျွန်တော်အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါ့မယ်ခင်ဗျာ ။

zawzaw09
12-31-2009, 01:37 PM
ကြီးကြပ်အုပ်ချုပ်ရေးခင်ဗျာ,

MEF forum main page မှာ နေ့စွဲက တရက်နောက်ကျကျနေတာတွေ့ရတယ်။ ဘာကြော့င်လဲခင်ဗျာ။ စံတော်ချိန်မတူလို့လာခင်ဗျာ...... ???

ခင်မင်စွာဖြင့်
zawzaw09

phoelapyae
12-31-2009, 07:00 PM
ဟုတ်ပါတယ်ခင်ဗျာ ... အခုလိုအကြံပေးတာ ကျေးဇူးတင်ပါတယ်။
ကျွန်တော်အခု မြန်မာ အချိန်နဲ့ ကိုက်ညှိုထားပါပြီးခင်ဗျာ ။
အမြင်မတော်တာတွေ့ရင် အကြံပေးကျပါခင်ဗျာ ။

htinlin
01-02-2010, 10:18 AM
webpage ရဲ့ အပေါ်ဆုံးက Banner ကို Flash နဲ့ မလုပ်စေချင်ဘူးဗျာ။ ဘယ်ဆိုင်မှာသွားကြည့်ကြည့် ... ဘာမှမပေါ်ဘူး(နိုင်ငံခြားမှာဆိုရင်တော့ တမျိုးပေါ့ဗျာ) ။အပြာရောင် Plain background ပဲပေါ်နေတယ်။ Animation ထည့်ချင်ရင် GIF နဲ့ ဆိုပိုကောင်းမယ်။ ဘယ်မှာကြည့်ကြည့် ပေါ်တယ်။ :e

နောက်တချက်က လိုဂိုကို ကျနော်ပြန်ပြင်ထားတဲ့ အသစ်နဲ့  လုပ်ရင်ကောင်းမလားလို့ ။(လိုဂိုမှာ မှိတ်တုတ်မှိတ်တုတ် MEF စာသားကို အောက်ကိုရွှေ့စေ
ချင်တယ်။ကြည့်ရအရုပ်ဆိုးလို့  :4:)

နောက်ဆုံးတစ်ချက် - Banner Design ကို အသစ်ပြောင်းရင် ကောင်းမလား။ :?

zawzaw09
01-05-2010, 10:52 AM
ကြီးကြပ်အုပ်ချုပ်ရေးခင်ဗျာ,

MEF forum main page မှာ နေ့စွဲက တရက်နောက်ကျနေဆဲဎါ။ ဒီနေ့က 5ရက်နေ့ဎါ။ ဒါဎေမဃ့် 4 ရက်လို့ဎြနေတယ်။ Myanmar Time 12:00 AM ကျော်သွားရင် 5ရက်နေ့လို့ဎြောင်းသွားတယ်။

ခင်မင်စွာဖြင့်
zawzaw09

Little3278
03-14-2010, 02:18 PM
အချိန်ကွာဟမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ “ကိုယ်ရေးဖိုင်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အားလုံးပြင်ဆင်နိုင်ပါတယ် ခင်ဗျာ။ ဖိုရမ်က အသုံးပြုတဲ့ စံတော်ချိန်တစ်ခုရှိနေမှာ ဖြစ်သလို ကမ္ဘာအရပ်ရပ်က အသုံးပြုသူတွေအတွက် ဖိုရမ်က စံတော်ချိန်ကို အပေါင်းအနှုတ်ပြုလုပ်ပေးခြင်းဖြင့် မိမိရဲ့အချိန်ကို တိကျစွာရရှိစေမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အသေးစိတ်ရှင်းပြထားခြင်း မရှိပေမယ့် ဒီနေရာမှာ (http://www.myanmarengineer.org/forum/index.php/topic,389.0.html) “ဖိုရမ်စတိုင်”ဆိုပြီး ရုပ်ပုံနှင့် ပြဆို ရှင်းပြထားပါတယ်။ ထပ်မံ၍ အသေးစိတ်ရှင်းလင်းပြသားထားနိုင်အောင် ကျွန်တော်တို့ကြိုးစားလုပ်ဆောင်သွားပါမယ်။ အမြည်းသဘောပြောပြရရင်တော့ “ဖိုရမ်စတိုင်”ထဲမှာ ဖိုရမ်နဲ့ပတ်သက်သည့် Setting ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း မိမိရောက်ရှိရာနေရာနှင့် ဖိုရမ်အချိန်ကွာဟမှုကို ချိန်ညှိပြီးသည်နှင့် မှန်ကန်တဲ့အချိန်ဖော်ပြချက်ကို ရမှာဖြစ်ပါတယ်။

အားလုံးကို လေးစားလျက်...
Little3278

herzcthu
04-10-2010, 04:48 PM
ကိုရာမညရေ နောက်ထပ်အကြံပေးချင်တာလေးရှိလို့ပါ။
ကျွန်တော် အရင်က ဇော်ဂျီကနေ ဧရာကိုပြောင်းသုံးဖို့အကြံပေးခဲ့ဖူးတယ်။ အဲဒါကဒီလောက် ဒေတာတွေများနေတဲ့ ဆိုဒ်တစ်ခုအနေနဲ့ပြောင်းဖို့မလွယ်ဘူးဆိုတာနားလည်ပါတယ်။
ဒါပေမယ့် အခုပြောမှာကတော့လုပ်ဖို့လွယ်ပါတယ်။ ဧရာနဲ့ ဇော်ဂျီကို ဆိုဒ်ပေါ်မှာတင် အလိုလို ကြည့်တဲ့သူအလိုကျပြောင်းနိုင်တဲ့နည်းလမ်းရှိပါတယ်။
ဧရာ ဆိုဒ်မှာသွားကြည့်ပြီး အဲဒါလေးထည့်စေချင်ပါတယ်။ ဒါဆိုကျွန်တော်တို့လို ဧရာဖောင့်သုံးပြီး ဖိုရမ်မှာရေးချင်တဲ့သူတွေအတွက်ပါအဆင်ပြေအောင်ပါ။
အဲဒီမှာ အခုနောက်ဆုံးတင်ပေးလိုက်တဲ့ ကုတ်တွေကိုသုံးလိုက်ရင် ဇော်ဂျီကနေ ဧရာ၊ ဧရာကနေ ဇော်ဂျီ ကြိုက်သလိုပြောင်းသုံးလို့ရသွားမယ်။အရမ်းလွယ်ပါတယ်။ ပြီးတော့ Default အနေနဲ့ပြပေးမယ့်ဖောင့်ကိုလည်း css နဲ့ ဂျာဗားနည်းနည်းလောက်နားလည်ရင် ဇော်ဂျီထားမလား ဧရာထားမလား ကြိုက်ရာထားလို့ရတယ်။ အဲဒါလေးလုပ်ပေးပါ။ အကိုလုပ်ဖို့မလွယ်ရင်လည်း ကျွန်တော် လုပ်ပေးလို့ရပါတယ်။ ဆိုဒ်ရဲ့ header နဲ့ footer လောက်ပြင်ခွင့်ရရင် ပြင်ပေးနိုင်ပါတယ်။

<a href="http://www.ayarunicodegroup.org/faq/ayar-on-the-fly-azu-for-all-browzer/">ဒီမှာ</a>သွားကြည့်လိုက်ပါ အကို။

ကျေးဇူးတင်စွာဖြင့်
herzcthu

phoelapyae
04-10-2010, 08:36 PM
အကြံပေးတာ ကျေးဇူးညီလေးရေ ....
၂ ခုလုံး ပြောင်းလို့ ရတာမှန်ပေမဲ့ ဧရာဖွန့်ဟာ အခုလက်ရှိအနေနဲ့ မလိုအပ်သေးဘူးထင်ပါတယ်ညီလေး ။
နောက်ပိုင်း အများတောင်းဆိုရင်တော့ အကိုပြောင်းပေးလိုက်ပါမယ်ညီလေး ။

အရံခ
02-20-2012, 06:43 PM
ကျွန်တော့် ရဲ့ Signature နဲ့ ပတ်သက်ပြီး မြန်မာအဂျင်နီယာဖိုရမ်ထဲက တစ်ချို့Member တွေသဘောသိပ်ကျပုံမပေါ်ဘူးနဲ့တူပါတယ်ဗျာ....
အဲ့ဒါနဲ့ပတ်သက်ပြီးတော့ တစ်ခုခု ဆုံးဖြတ်ဖို့ရှိရင် ကျွန်တော့်အနေနဲ့ ဆုံးဖြတ်ရာမှာ အကြံဥာဏ်တစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားဖို့ ကြိုတင်ပြောပြထားချင်တာလေးရှိလို့ပါ.......
ကျွန်တော် Signature မှာ Link တွေကို ချိတ်ထားတာဟာ သုံးလကျော်လောက်ရှိနေပါပြီ.... ကိုphyo အနေနဲ့ အဲ့ဒီ Signature ကို ဖျက်ပေးဖို့ တောင်းဆိုတာဟာဆိုရင် ကျွန်တော် Signature ပြောင်းပြီး တစ်လကျော်လောက်မှ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Signature ကို သိပ်သတိမထားမိကြဘူးဆိုတာဟာ ပေါ်လွင်နေပါတယ်။ တစ်ဖန်... ကျွန်တော့်ရဲ့ Signature ကိုသာ လူအများမြင်တွေ့စိတ်ဝင်စားဖို့ သာ လိုက်ဖွနေဖို့ဆိုရင် ကျွန်တော့အနေနဲ့ အဲ့ဒီ Signature ကို ပွစေဖို့ Comment တွေလိုက်ပေးတာမျိုးနဲ့ တခြားသူတွေ သတိထားမိအောင်လုပ်နေလို့ရပါတယ်...... ကျွန်တော့်အနေနဲ့ အဲ့ဒီလိုမျိုးတွေ လုပ်ခဲ့တာမျိုးမရှိကြောင်း ဖိုရမ်ကို ကြိုတင်ပြောပြထားလိုပါတယ်ခင်ဗျား......

ဒီ Comment မှာ ကျွန်တော့်ရဲ့ Signature ကို ဖြုတ်ပေးထားပါတယ်။

လေးစားစွာဖြင့်
အရံခ

chit tee
02-21-2012, 06:48 AM
ကို အရံခ ခင်ဗျား

ကျနော်တို့ အုပ်ချုပ်သူများ အဖွဲ့မှ ကို အရံခ ရဲ့ လက်မှတ် ဖြုတ်သင့်တယ်လို့ ဆုံးဖြတ်ကြပါတယ်။
ဟိုးအရင် တချိန်တုန်းကလို ဘာသာရေးဆွေးနွေးချက်ပို့စ်တွေ ကိုလဲ လုံးဝ ခွင့်မပြုခဲ့တာ လဲ ယခုဖိုရမ်စတိုင်အသစ် စတင်ကတည်း နည်းပညာဖိုရမ်အဖြစ်ဘဲ ရပ်တည်နိုင်အောင် ကြိုးစားကြတော့မယ်လို့ တိုင်ပင်ဆွေးနွေး ဆုံးဖြတ်ကြပြီး ကတည်းက ဖြစ်ပါတယ်။
မန်ဘာအချင်းချင်း ဘာသာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးစရာတွေ ၊ စောဒက တက်စရာတွေ ၊ အငြင်းအခုံတွေ ဖြစ်လာစေမယ့် မန်ဘာတယောက်ရဲ့ မည်သည့်အပြုအမူ မျိုးကိုမှ ခွင့်ပြုမည်မဟုတ်ပါ။
အဲ့ဒီအတွက် ...
ကို အရံခ ရဲ့ လက်မှတ်ကို ဖြုတ်ပေးဖို့ ပြောပါရစေ။
မည်သည်နေရာတွင်မဆို သူ့နေရာနှင့်သူ သတ်မှတ်ထားလေ့ ရှိသာ စည်းကမ်းများရှိသလို MEF ဖိုရမ်တွင်လဲ သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း လိုက်နာနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
အရင် တခါလဲ ဖိုရမ်ဦးတည်ချက်ကို ထိခိုက်စေမယ့် ခွင့်မပြုတဲ့ ဘာသာရေးဆွေးနွေးချက် ပုံစံမျိုး ရေးသားသွားသည့် အတွက် အုပ်ချုပ်သူတယောက်မှ သတိပေးခဲ့ဖူးပါသေးသည်။
ယခုပါနှင့်ဆို ၂ ကြိမ် ရှိပါပြီ။
နောက်ဆုံး အကြိမ်အဖြစ် တနည်းနည်းဖြင့် ထပ်မလုပ်ဖို့ သတိပေးပါရစေ။

ခင်မင်လေးစားစွာဖြင့်