PDA

View Full Version : ကျိုတ်ထီးရိုးသို့ တစ်ခေါက်



ချင်းတွင်းသား
12-31-2009, 02:55 PM
ဘုရားကို နေရာမျိုးစုံကနေရိုက်ထားတာပါ..

http://i14.servimg.com/u/f14/11/74/16/17/pc280111.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270119.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270117.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270116.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270112.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270111.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270011.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270012.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270013.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270015.jpg

ဒါကတော့ နေ၀င်ချိန်မှာရိုက်ခဲ့တာ...
http://i14.servimg.com/u/f14/11/74/16/17/pc270118.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270115.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270113.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270114.jpg

http://i14.servimg.com/u/f14/11/74/16/17/pc280110.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270110.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270010.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270016.jpg

မုဆိုးတောင်ကနေ ကျောက်ထပ်ကြီးသွားတဲ့လမ်းလေးကို ရိုတ်ထားတာ...
http://i14.servimg.com/u/f14/11/74/16/17/pc270017.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270018.jpg

ကျောက်ထပ်ကြီးဘုရားကို ကျီးပါးစပ်ကနေရိုက်ထားတာ..
http://i14.servimg.com/u/f14/11/74/16/17/pc270019.jpg

http://i14.servimg.com/u/f14/11/74/16/17/pc270021.jpg

ဒါကတော့ စစ်တောင်းမြစ်ကို ကျီးပါးစပ်ကနေရိုက်ထားတာ....
http://i14.servimg.com/u/f14/11/74/16/17/pc270023.jpg

ဒါကတော့ မြစိမ်းတောင်ဘက်ကိုရိုက်ထားတာ
http://i14.servimg.com/u/f14/11/74/16/17/pc270022.jpg

ဒါကတော့ ရေတံခွန်ရှိတဲ့နေရာကို ကျီးပါးစပ်ကနေရိုက်ထားတာ....
http://i14.servimg.com/u/f14/11/74/16/17/pc270020.jpg

တာတာ
01-05-2010, 07:26 PM
တာတာတော့ ဓာတ်ပုံတင်တော့ဘူးနော်
သွားခဲ့တဲ့ ခရီးလေးကိုပဲပြောပြမယ်နော် :)
ဒီဇင်ဘာလက ကျိုက်ထီးရိုးကို သွားတယ်လေ၊ တာတာက မလိုက်တော့ဘူးလို့ နေနေတာ သူငယ်ချင်းတွေက အိမ်ထိလိုက်လာပြီး အ၀တ်အစားတွေ သူတို့ဘာသာထည့်ပြီး အတင်းဆွဲခေၞသွားတာနဲ့ အိမ်နေရင်းပုံကြီးနဲ့ ပါသွားလိုက်တာ။ အားလုံးက လန်းနေတာ ၊ တာတာ တစ်ယောက်ထဲ အိပ်မှုံစုံမွှားနဲ့ :haha:
ကိုယ့်ကားနဲ့ကိုယ် သွားကြတော့ ည ၁ နာရီလောက်မှ ရန်ကုန်က ထွက်ကြတယ်၊ ၁ နာရီ မထိုးမချင်း မုန့်ဆိုင်တွေ လျှောက်သွား၊ ကားပတ်စီး ပျော်စရာကြီး :)
ကားပေၞမှာလဲ ပေါက်ကရသီချင်းတွေ အော်ဆို၊ တစ်ယောက်နဲ့ တစ်ယောက် မအိပ်ကြေး လိုက်နောက်၊ အရမ်းအေးတော့ တစ်ယောက်နဲ့ တစ်ယောက်ပူးကပ်အိပ် ၊ ပြီးတော့ ပဲခူးက မိုးလင်းဖွင့်တဲ့ လက်ဘက်ရည်ဆိုင်မှာ ကော်ဖီ ၀င်သောက်တယ်၊ တာတာ့မှာ ကမန်းကတန်းလိုက်ရတော့ အေးလို့ ဆောင်းစရာ ဦးထုပ်က ပါမလာခဲ့တော့ သူငယ်ချင်းတစ်ယောက် ဦးထုပ်ကို ယူဆောင်းရသေးတယ် :2:
မနက် ၅ နာရီလောက် ကျိုက်ထီးရိုးကိုရောက်တယ်လေ
ရောက်တော့ အရမ်း အိပ်ချင်နေတာ တာတာတို့ မိန်းကလေးတွေက ကားပေၞက မဆင်းဘူး အိပ်နေကြတာ၊ ယောင်္ကျားလေးတွေက စားဖို့နဲ့ အထုပ်တွေ သယ်ဖို့ အထမ်းသမားရှာတဲ့အလုပ်တွေ လုပ်ကြတယ်
ပြီးမှ တာတာတို့ကို လာနှိုး၊ မနက်စာ စားတော့ စားသာ စားလိုက်ရတယ် သိပ်လဲ အရသာ ရှိပါဘူး၊ ဈေးကတော့ ရေလည်ကြီးတယ်။
မနက်၆ နာရီမှာ ကင်မွန်းစခန်းကနေ ရသေ့တောင်ထိ ကားနဲ့ စတက်ကြတယ်၊ မီးရောင်ပျပျလေးနဲ့ ကျိုက်ထီးရိုးဘုရားကို လှမ်းဖူးရတာ စိတ်ကို ကြည်လင်သွားတာပဲ
၆နာရီ မခွဲခင်ပဲ ရသေ့တောင်ရောက်တယ်
ရသေ့တောင်ကနေ ခြေလျင်ဆက်တက်ကြတယ်၊ ခြေလျင်လူသွားလမ်းက တက်ဘူးလေ၊ ကားလမ်းကပဲ တက်ကြတာ။ လမ်းမှာ လူကွဲသွားလို့ စိတ်ရှုပ်ရသေး ??? ။ မနက် ၈ နာရီလောက်ကျတော့ ရင်ပြင်တော်ပေၞကိုရောက်တယ်။ ဖြစ်ချင်တော့ သူငယ်ချင်းတွေက သူတို့ ရိပ်သာရမယ်ဆိုလို့ ဟိုတယ်တွေကို ဘွတ်ကင်လုပ်ထားတာတွေ ဖျက်ခဲ့တာ ၊ ရောက်လဲရောက်ရော လူကြီးခရီးစဉ်ရှိလို့ဆိုပြီး ရိပ်သာက တာတာတို့ မရတော့ဘူး ၊ အဲ့ဒါနဲ့ သူတို့ယောင်္ကျားလေးတွေ ဟိုတယ်လိုက်ငှားရပြန်ရော ။
တာတာတို့ကတော့ ရင်ပြင်တော်ပေၞမှာ ငုတ်တုတ် :( အထုပ်ကလေးတွေ ပိုက်လို့
ဟိုတယ်ကလဲ ယောင်္ကျားလေး တစ်ဆောင် မိန်းကလေး တစ်ဆောင်စီရတယ် ၊ ဟိုတယ်တစ်ခုထဲမှာ အခန်း၂ ခန်းမရလို့လေ
တာတာတို့ မိန်းကလေးတွေက ပွင့်ထူးဟိုတယ်မှာ တည်းရတယ်
ရောက်လဲ ရောက်ရော တန်းအိပ်လိုက်ကြတာ နေ့လည် ၁ နာရီ ခွဲ လောက်မှ နိုးတယ်။
နိုးတော့ နေ့လည်စာစားတယ် ဘုရားတက်ဖူးတယ် ။ ပြီးတော့ သူငယ်ချင်းတွေက ရေတံခွန်သွားကြမယ်တဲ့ ။ တာတာလဲ ရေတံခွန်ကို မရောက်ဖူးဘူးလေ ၊ တစ်ချို့ကလဲ မလိုက်ချင်ဘူးတဲ့ ။ေ၇တံခွန်သွားဖို့ တိုင်ပင်နေတုန်း ထမင်းဆိုင်က ကောင်မလေးကို မေးကြည့်တယ် ။ ရေတံခွန်က ဝေးလားပေါ့ .. ကောင်မလေးက ပြန်ပြောတယ် .. အကိုတို့ အတွဲမရှိတဲ့သူတွေ တဲ့ အသွား တစ်ယောက်ထဲနော်တဲ့ အပြန် ဟိုဘက် ဒီဘက် ၄ ယောက်စီလောက် ပြန်ပါလာမယ်တဲ့ :4:
အဲ့ဒါနဲ့ တာတာတို့ အဖွဲ့ထဲက သကောင့်သားတွေက ခုသွားမယ်ကို ဖြစ်ကြပါလေရော :haha: :2:
ကဲ စသွားကြပြီ
ရေတံခွန်သို့ ၄၅ မိနစ် ဆိုပဲ
ဒါများ ဘယ်လောက်များဝေးလို့လဲ အေးဆေးပါ >:(
စ ဆင်းဆင်းချင်းပဲ ကျောက်တောင်နံရံကို ပတ်ဆင်းရတယ် :(
လူတစ်ယောက်နဲ့ တစ်ယောက် ကျောချင်းကပ်ပြီးရှောင်ရတယ် လမ်းကျဉ်းလို့ တစ်ဖက်က ကျောက်နံရံ နောက်တစ်ဖက်က ချောက် :'(
နည်းနည်း မျက်နှာက ပျက်ချင်လာပြီ
ဆက်ဆင်းတော့ ပြန်တက်လာတဲ့သူတွေကို အခြေနေ ဘယ်လိုလဲ မေးကြည့်တယ် .. သူတို့ကအကောင်းဆုံး အကြံပေးပါတယ် .. ခုထဲက လှည့်ပြန်ရင်ကောင်းမယ်တဲ့ :-[
ဒါပေမဲ့ သိတယ် မဟုတ်လား ဆက်သွားကြတာပေါ့ နောက်မဆုတ်ပါဘူး
တော်တော်လေး ခက်ခက်ခဲခဲ ဆင်းလာပြီးတော့ ခဏနားမယ်လဲ ကြံရော သစ်ပင်မှာ စာရေးထားသေးတယ် ရေတံခွန်သို့ ၄၅ မိနစ်တဲ့ >:(
သူ့ ၄၅ မိနစ်ကလဲ ပြီး မပြီးနိုင်တော့ဘူး :e
ဒါနဲ့ လမ်းကလဲ ကြမ်း တော်တော်နဲ့ လဲ မရောက်နိုင်တော့ တာတာတို့ အဖွဲ့ထဲ့ တစ်ချို့လူတွေက လှည့်ပြန်ဖို့စဉ်းစားနေကြပြီ

တာတာ
01-05-2010, 07:32 PM
သွားတဲ့တူတူတော့ ရောက်အောင်ပဲ သွားကြမယ်ဆိုပြီး တစ်ယောက်ကို တစ်ယောက် အားပေးလာကြတာ တာတာတို့နဲ့ နောက်မှာ တူတူ ဆင်းလာတဲ့ အဖွဲ့နဲ့ ၂ ဖွဲ့ပေါင်းမိသွားတယ် ၊ သူတို့ထဲက ယောင်္ကျားလေးတွေကလဲ တာတာတို့ အဖွဲ့ မိန်းကလေးတွေကို ကူညီပါရေစေပေါ့ :haha: ဖြစ်ချင်ောတ့ သူတို့အဖွဲ့မှာက ကောင်မလေး တစ်ယောက်မှ မပါဘူး :2:အန်တီကြီးတွေ ချည်းပဲ တာတာတို့ အဖွဲ့ကယောင်္ကျားလေးတွေ တယ်ပြီး မျက်နှာမကောင်း :4: :4:
ဒါနဲ့ လမ်းတစ်ဝက်မှာ ဘုန်းကြီးကျောင်းလေးတွေ့တယ် ၀င်ဦးချပေါ့လေ၊ ဆရာတော်ကလဲ အလှူခံတယ်
ထမင်းလဲ အဲ့မှာကျွေးနေတာတွေ့တယ် တာတာတို့တော့ မစားခဲ့ပါဘူး အပြန်မှောင်မှာ စိုးလို့လေ
ဒီကြားထဲ ဒီတောထဲမှာ ကျားရှိတယ်လို့ နောက်တဲ့သူက ရှိသေး :O
ဆက်ဆင်းလာလိုက်တာ ရေတံခွန်သံက နီးလာလိုက် ပျောက်သွားလိုက်
အဲ့အချိန်ထိ ရေတံခွန်သို့ ၄၅ မိနစ် ဆိုတဲ့ စာက တွေ့နေရတုန်း :angry: :angry:
တော်တော်လေးကို ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲနဲ့ ရေတံခွန်ကိုရောက်ခဲ့ပါတယ် တစ်လမ်းလုံး ပင်ပန်းလာတာ ရေတံခွန်ရောက်တော့မှပဲ လန်းဆန်းသွားတော့တယ် :)
ရေတံခွန်မှာ အကြော်ဆိုင်လဲ ရှိတယ်လေ ။ ရေဆော့ပြီးတော့ အကြော်စားလိုက် ကော်ဖီ သောက်လိုက်ပေါ့
ပြန်တက်ရမှာကို ကြောက်နေတယ် :jog ဒီခရီးကို ပြန်မှ ပြန်နိုင်ပါ့မလားလို့ ကိုယ့်ကိုကိုယ် မထင်ဘူး ဖြစ်နေတာလေ
ပြီးတော့ ကိုယ်က တွဲမဲ့လူလဲ ရှိတာ မဟုတ် :(
ကဲ တတ်နိုင်ဘူးလေဆိုပြီး တုတ်တစ်ချောင်းဝယ်ပြီး ဖြေးဖြေး စ ပြန်တက်ရတယ်
လာတဲ့လမ်းက မတ်စောက်လို့ နောက်တစ်လမ်းက ပြန်ကြတယ်
ကျီးပါးစပ်ဘက်က လမ်းတဲ့လေ။ သူကတော့ အလာတုန်းကထက် အတော်သက်သာပါတယ်
သွားရင်းသွားရင်း တာတာ တစ်ယောက်ထဲ ဖြစ်သွားတယ် :( တာတာက ဖြေးဖြေးချင်းပဲ တက်နိုင်တာကိုး ။ တာတာ့လဲ ဘယ်သူမှ မစောင့်နိုင်ဘူးလေ။ အတွဲတွေကလဲ သူတို့ အတွဲတွေကိုပဲ ဂရုစိုက်နေရတော့ တာတာ့ကို ဘယ်သူမှ ဂရုမစိုက်နိုင်တော့ဘူး
အဲ့ဒါနဲ့ သွားလိုက် နားလိုက် သွားလိုက် နားလိုက်နဲ့ ဒီည ငါတော့ထဲတော့ အိပ်လို့ မဖြစ်ဘူးဆို ငိုတောင် ငိုချင်လာတယ်
နောက်တော့ သွားရင်းနဲ့ အဆင်းတုန်းက အတူဆင်းခဲ့တဲ့ အဖွဲ့ထဲ့ ချာတိတ်တစ်ယောက်က ပြန်လာစောင့်ခေၞတယ် ။ သူ အပေၞကိုရောက်ပြီးပြီတဲ့ တာတာ ကျန်နေခဲ့လို့ ပြန်သွားခေၞပေးပါပြောလို့ ပြန်လာခေၞတာတဲ့ ။ တော်သေးတာပေါ့ :4: အော် လူငယ်နဲ့ လူကြီး ကွာပုံပြောပါတယ်
သူတို့ကတော့ ဒီခရီး တက်လိုက်ဆင်းလိုက် မမောသလိုပဲ တာတာ့မှာတော့ အော်ငို ချင်စိတ်တောင် ပေါက်ပါတယ်ဆိုနေ :'( :'(
နောက်တော့ မောင်လေးရေ အမကိုတော့ မတွဲနဲ့လို့ ဘေးကနေပဲ စောင့်ခေၞပေးပါ လို့ ပြောတော့ ရတယ်အမတဲ့ ကျနော် စောင့်ခေၞပါ့မယ်တဲ့ ဖြေးဖြေးတက်ပါတဲ့
ဘာပဲ ဖြစ်ဖြစ် ဘေးမှာ လူရှိတော့ အားတော့ မငယ်တော့ဘူးပေါ့နော် :)
နောက်တော့ အောင်မြင်စွာနဲ့ပဲ ကျိုက်ထီးရိုးတောင်ပေးပြန်ရောက်လာခဲ့ပါတယ်
ရောက်တော့ လှေခါးဆိုတာကို မြင်လဲ မမြင်ချင်တော့ဘူး ကြားလဲ မကြားချင်တော့ဘူး
ဘုရားရင်ပြင်ပေၞ ညတက်ဖူးတော့ အဲ့ဒီလှေခါးကို မနည်းတက်ရတယ်
မိန်းကလေးတွေ အကုန်လုံး တအင်းအင်း တကျွတ်ကျွတ်နဲ့ M;
ဘုရားကို သေသေချာချာ ဖူးခဲ့ရတယ် ရွှေသင်္ကန်းကပ်တယ် ပဌာန်းရွတ်ပူဇော်တယ်
အခန်းပြန်ရောက်တော့ ကောက်ညှင်းပေါင်းပူပူလေးနဲ့ ငါးခူကြော် စားတယ် ကောင်းမှ ကောင်း
နောက်တော့ အိပ်ပလိုက်တာ မိုးကို စင်စင်လင်းမှ နိုးတော့တယ်
မနက်ရောက်တော့ အသားတွေက အထိမခံနိုင်အောင်ကို နာနေတာ :'(
တစ်ယောက်တစ်ပြန် တောင်ဆိတ်ဆီတွေ လူးပေးလိုက် နှိပ်ပေးလိုက် ဒီလိုပဲ ကျိတ်ခံမှိတ်ခံ လှိမ့်ခံအောင့်ခံပေါ့လေ
မနက် ရင်ပြင်တော်ပေၞတက်ပြီး ဘုရားဝတ်ပြုကြ ၊ ဓာတ်ပုံတွေ ရိုက်ကြပေါ့လေ
သိတယ် မဟုတ်လား တာတာကလဲ ဓာတ်ပုံရိုက်ခံတာ ၀ါသနာက သိပ်မပါရှာဘူးဆိုတော့လေ :2:
ပြီးတော့ ၁၁ နာရီလောက်မှာ ရင်ပြင်ခြေရင်းကနေ ကင်မွန်းစခန်းထိ တိုက်ရိုက်ပဲ ကားစီးပြီး ပြန်ဆင်းလာခဲ့တော့တယ်
နောက်တော့ ရန်ကုန်ဆီသို့ .............

ကျိုက်ထီးရိုးခရီး အမှတ်တရ