PDA

View Full Version : မြန်မာအင်ဂျင်နီယာ ဖိုရမ်မိသားစု၏ ပထမအကြိမ် အလှူတော်မင်္ဂလာ



KPZ
01-10-2010, 02:11 AM
ကျမတို့ မြန်မာအင်ဂျင်နီယာ ဖိုရမ် မိသားစုရဲ့ ပထမအကြိမ် အလှူပွဲကြီးက ထင်ထားတာထက် ပိုမိုအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ကျမရန်ကုန်ကိုရောက်ပီး ရန်ကုန်က အမာခံဖြစ်တဲ့ နေညို ၊ နေပြည်တော်ကနေ ခွင့်ယူပီး တစ်ကူးတက လာတဲ့ ဟိန်းလေး၊ေ၀၀ါးတို့နဲ့ တိုင်ပင်ပြီး ကျမတို့ အလှူပြုလုပ်မယ့် သုခရိပ်မြုံလေးဆီကို သွားခဲ့ကြပါတယ်။

http://img707.imageshack.us/img707/4047/img0045br.jpg
အလှူဒါန ပြုမယ့်နေရာလေးက မြင်လိုက်တာနဲ့စိတ်နှလုံးကို ကြေကွဲစေတာ အမှန်ပါ။
မေတ္တာငတ်နေတဲ့ ကလေးလေးတွေရဲ့ မျက်ဝန်းလေးတွေ၊ အားငယ်ဝမ်းနည်းနေတဲ့ မျက်ရည်ဝိုင်းနေတဲ့ မျက်နှာလေးတွေကို ကြည့်ရတာ
စိတ်ထဲမှာ ဖော်မပြတတ်အောင် နင့်ကနဲခံစားလိုက်ရပါတယ်။ ဖခင်မရှိမချို့တဲ့ မရှိ မရှားသော်လည်း စုံညီမိသားစုတွေ မြင်တဲ့အခါ ၀မ်းနည်း အားငယ်စိတ်ဖြစ်တတ်သေးတာ သူတို့လို မိဘမရှိ အနာဂတ်မသေချာတဲ့ ဘ၀လေးတွေမှာ ဘယ်လောက်တောင် အားငယ်နေလိမ့်မလဲလို့ ကိုယ်ချင်းစာစိတ်လေး ဖြစ်လိုက်မိပါသေးတယ်။

သုခရိပ်မြုံက တာဝန်ကျဆရာမကြီးနဲ့ ဆွေးနွေးမေးမြန်းပီးတဲ့ အခါမှာတော့ ကျမတို့ မိသားစု မောင်နှမတွေ ဘာတွေကုသိုလ်ပြုသင့်တယ်ဆိုတာ သိလာပါတယ်။
ကလေးတွေကို ကျွေးမွေးပြုစုတဲ့ ဆရာမတွေရဲ့ စေတနာကတော့ လေးစားစရာ ကောင်းပါတယ်
ဝေဒနာခံစားနေရတဲ့ ကလေးလေးတွေကို အချိန်နဲ့ စား အချိန်နဲ့ အိပ် အချိန်နဲ့ အဟာရ မျှတအောင် ကျွေးပါတယ်။
ပထမဦးစွာ ကလေးတွေကို ကျွေးတဲ့ တစ်နေ့စာ အစားအစာ စာရင်းကို ဖတ်မိပါတယ်။
http://img705.imageshack.us/img705/9131/img0027bl.jpg

အဲဒီ့နောက် ကျမတို့ အားလုံး ရိပ်မြုံလေးနားက အအေးဆိုင်လေးမှာ ထိုင်ပြီး ကလေးတွေအတွက် လိုအပ်မယ့် ပစ္စည်းလေးတွေကို တိုင်ပင် အတည်ပြုလို့ တာဝန်ကိုယ်စီ ခွဲလို့ လမ်းခွဲ ခဲ့ပါတယ်။
အလှူကိစ္စမတိုင်ခင်က လှူဒါန်းထားတဲ့ သူတွေအပြင် ထပ်မံလှူဒါန်းကြတဲ့ သူတွေကြောင့် အလှူကို သတ်မှတ်ထားတဲ့ ပမာဏထက် တိုးမြှင့်လှူဒါန်း ခဲ့ပါတယ်။
အလှူလှူမယ့် မနက်မှာတော့ ကျမတို့ ဖို၇မ်မှ မောင်နှမတွေအားလုံး ကလေးလေးတွေကို အစားအစာ ကျွေးချိန် မတိုင်ခင် ၁၀နာရီခွဲမှာ လူစုံတက်စုံရောက်လို့ လှူမည့်ပစ္စည်းတွေကို တာဝန်ရှိသူတွေ လက်ထဲသို့လှူဒါန်းပေးအပ်ခဲ့ပါတယ်။
ကလေးများ၏ တစ်နေ့စာ အစားအစာအတွက် အလှူငွေ ငါးသောင်း
http://img69.imageshack.us/img69/4494/img0030g.jpg

တစ်နေ့စာအလှူ အတွက် ဂုဏ်ပြု မှတ်တမ်းလွှာ (http://www.mediafire.com/?zxwny5mmmyd)

သုခရိပ်မြုံလေးမှာ မှီခိုနေတဲ့ အချို့သော ကလေးငယ်လေးတွေဟာ ကုရာနတ္တိဆေးမရှိတဲ့ ရောဂါကြီးရဲ့ ဆိုးကျိုးတွေကို အနည်းနဲ့ အများ ခံစားနေရပါတယ်။ ဒီလို ကလေးလေးတွေကို သီးသန့်အခန်းထဲမှာထားပီး ဆေးကုသပေးတာလည်း ရှိပါတယ်။
ဒီလို ဝေဒနာခံစားနေရတဲ့ ကလေးလေးတွေရဲ့ ဆေးကုသမှုအတွက် ဆေးပဒေသာပင်အတွက် အလှူငွေ ခြောက်သောင်း ငါးထောင်တိတိ ကိုလည်း လှူဒါန်းခဲ့ပါတယ်ရှင်။
ဆေးပဒေသာပင်အတွက် ဂုဏ်ပြု မှတ်တမ်းလွှာ (http://www.mediafire.com/?oyd2jd2yohz)

ကလေးများနေထိုင်တဲ့ အဆောင်သုံးဆောင်အနက် အဆောင်တစ်ခုရဲ့ အောက်ထပ်မှာ မီးပျက်တဲ့ရက်တွေမှာ အင်ဗာတာ လိုအပ်တယ်ဆိုတာကြောင့် ငွေကျပ် တစ်သိန်းကိုးသောင်းတစ်ထောင်တန် အင်ဗာတာ တစ်လုံးကိုလည်း လှူဒါန်းခဲ့ပါတယ်။
အင်ဗာတာမှာ ကျမတို့ဖို၇မ်ရဲ့ အမှတ်တရ စာတမ်းလေးကိုလည်း မောင်နှမတွေ တက်ညီလက်ညီ လုပ်အားပေးခဲ့ကြပါတယ်။
http://img94.imageshack.us/img94/3959/img0035bc.jpg
http://img705.imageshack.us/img705/7623/img0036k.jpg

ဒါ့အပြင် ကလေးတွေအတွက် လိုအပ်မယ်ထင်တဲ့ ဆန်အိတ် သုံးအိတ်
http://img94.imageshack.us/img94/9216/img0031c.jpg

ဘီစကစ် အမျိုးမျိုးနဲ့ အိုဗာတင်း
http://img689.imageshack.us/img689/1810/img0026nh.jpg
http://img689.imageshack.us/img689/3072/img0025l.jpg
http://img705.imageshack.us/img705/5866/img0021t.jpg
http://img96.imageshack.us/img96/3090/img0022ng.jpg

သူငယ်တန်းမှ ခြောက်တန်းအထိ ကျောင်းသုံးဖတ်စာအုပ်များ
http://img138.imageshack.us/img138/8571/img0037vg.jpg

ကလေးများကို သေချာ ဓါတ်ပုံရိုက်ချင်ပေးမယ့်လည်း ဒီစာတမ်းလေးဖတ်မိပီး သေချာ မရိုက်ခဲ့ပေးတာကိုတော့ ဖိုရမ်မှ မောင်နှမများအားလုံး နားလည်ခွင့်လွှတ်ပေးမယ်လို့ မျော်လင့်မိပါတယ်။ ကင်မရာထောင်လိုက်တာနဲ့ ငုံသွားတဲ့ ခေါင်းလေးတွေကို ကိုယ်ချင်းစာ သနားမိတာကြောင့်လည်း ပါပါတယ်။
http://img705.imageshack.us/img705/3310/img0029hc.jpg

ဖို၇မ်မောင်နှမတွေ အလုပ်မအားတဲ့ ကြားကနေ စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့တဲ့အတွက် ကျမတို့ဖို၇မ်ကြီးရဲ့ ပထမအကြိမ် အလှူ အောင်မြင်စွာ ပီးဆုံးခဲ့ပါတယ်။ ပထမခြေလှမ်းအောင်မြင်သွားပီ ဖြစ်တာကြောင့် နောက်ခြေလှမ်းတွေက ဒီ့ထက်ပိုမိုလွယ်ကူလိမ့်မယ်လို့ ကျမထင်မြင်မိပါတယ်။
ဖို၇မ်အလှူမှာ ကျမပြောသမျှကို မဖြစ်ဖြစ်အောင် အပင်ပန်းခံ ဆောင်ရွက်ပေးခဲ့တဲ့ မောင်လေးေ၀၀ါး၊ အလုပ်တစ်ဘက်နဲ့ အချိန်ပေးခဲ့တဲ့ ညီမလေး နေညို၊ ခွင့်ယူပီး တစ်ကူးတစ်က ရန်ကုန်တက်လာခဲ့တဲ့ ညီမငယ်လေး ဟိန်းလေး၊ သင်တန်းကဆင်းပီး တာဝန်ကျရာကိုသွားဖို့ ပြင်ဆင်နေတဲ့ကြားက အပင်ပန်းခံပီး ဖိုရမ်အလှူအတွက် အချိန်ပေးခဲ့တဲ့ မောင်လေး ဒေါက်တာဖြိုးေ၀၀င်း၊ ဖိုရမ်အလှူနေ့မှာ တက်တက်ကြွကြွ လာရောက်ဆောင်ရွက်ပေးတဲ့ သိုးကျောင်းသား၊ pooh ကောင်လေး၊ အလုပ်ကခွင့်ယူလာခဲ့တဲ့ CY၊ အသင်းဝင်သစ် ကျော်ကျော်အောင်၊ ကျော်ဇောဝင်းနဲ့တစ်ကွ ဖို၇မ်အလှူအတွက် အားကြိုးမာန်တက် အလှူထည့်ဝင်ကြတဲ့ အလှူရှင်တွေအားလုံး ၊ ငွေအား လူအား စိတ်အားနဲ့ ပါဝင်ခဲ့ကြတဲ့ အသင်းဝင်များ အားလုံးကို ဖိုရမ်ကိုယ်စား ကျမ ကေပီဇက်မှ အထူးပင် ကျေးဇူးတင်မိပါကြောင်း...
လစ်ဟာမှုများရှိပါက ကတိုက်ကရိုက်စီစဉ်တဲ့ ကျမ ကေပီဇက်မှာသာ တာဝန်ရှိတာကြောင့် တစ်ခုခု လစ်ဟာမှုရှိခဲ့ရင်လည်း ကျမကပဲတောင်းပန်ပါတယ်။ ပထမအကြိမ်မို့လည်း နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်လို့

ခင်မင်လေးစားလျှက်
ကေပီဇက်

johnmoeeain
01-10-2010, 02:30 AM
ပထမဦးဆုံး ဆိုပေမယ့် အောင်အောင်မြင်မြင်လေး အဆင်ပြေပြေ လုပ်သွားနိုင်တဲ့အတွက် ၀မ်းသာကြည်နူးစရာပဲပေါ့ အစ်မရေ......။

အားလုံးဟာ တစ်ယောက် တစ်နေရာစီ... တစ်ဦးနဲ့ တစ်ဦးကလည်းလည်း ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေမဟုတ်... လှုပ်ရှားနေရာတဲ့ ပတ်ဝန်းကျင်ကလည်း ကွဲပြားခြားနားပေမယ့်..
အားလုံးက ဒီ mef ဆိုတဲ့ ရပ်ဝန်းလေးမှာ လာဆုံရင်း တစ်ဦးနဲ့ တစ်ဦး သိကျွမ်းခင်မင်ခဲ့ရတာပဲလေ....
ဒီတော့ အစီအစဉ် တစ်ခုခုကို စတင်ဖို့ လုပ်ကိုင်ဖို့ ..နောက် အခုလို အောင်အောင်မြင်မြင်လေး ဆောင်ရွက်နိုင်ဖို့မှာ အခက်အခဲတွေ အများကြီးရှိမှာပါပဲ....။
တွေ့ဆုံ ညှိနှိုင်းဖို့၊ လုပ်ကိုင်ဆောင်ရွက်ဖို့..၊ သွားလာလှုပ်ရှားဖို့.. အားလုံးက စိတ်စေတနာရှိကြပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ အများကြီးကို ခက်ခဲပါတယ်....။
ဒီကြားထဲမှာ အခုလို mef ရဲ့ အလှူ မင်္ဂလာလေးကို အောင်အောင်မြင်မြင်လေး ဆောင်ရွက်သွားနိုင်ခဲ့တာ... နှစ်သစ်ကို မင်္ဂလာအပြည့်နဲ့ ကြိုဆိုလိုက်သလိုပါပဲ....။
နောက်.. mef ရဲ့ မောင်နှမတွေရဲ့ တစ်ဦးပေါ် တစ်ဦး လေးစားချစ်ခင်မှုတွေကိုလည်း မြင်တွေ့လိုက်ရသလိုပါပဲ....။

အခုကို MEF ရဲ့ ပထမဦးဆုံး အလှူမင်္ဂလာလေး အောင်မြင်စွာ ဆောင်ရွက်သွားနိုင်တော့... အားလုံးသော မောင်နှမတွေ အစ်ကို အစ်မတွေ... ကြည်နူး ပျော်ရွှင် ကျေနပ်ကြမယ်လို့ ယုံကြည့်မိပါရဲ့....။

ဓါတ်ပုံမှတ်တမ်းလေးတွေကို ကြည့်ဖို့ စောင့်နေခဲ့တာ ဒီညတော့ မျှော်လင့်ချက် ပြည့်သွားပြီ... :D

nyinyi27
01-10-2010, 09:28 AM
ကူညီကြပါဦးဗျို့..ဒီပုံလေးတွေကို မျှော်ခဲ့ရတာ..အခု ကျွန်တော်ဘာမှမမြင်ရလို့ပါ..ပုံတွေကို တစ်ပုံမှ မမြင်ရဘူးဖြစ်နေတယ်..ကူညီကြပါဦး အစ်ကိုတို့ အစ်မတို့ရေ..ကျွန်တော်လဲ ပီတိဖြစ်ချင်လို့ မျှော်ခဲ့ရတာပါ..အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ.. မKPZ ရေ နဲနဲကူပါဦးနော်..






အားလုံးကိုလေးစားခင်မင်လျက်...

pooh.kglay
01-10-2010, 09:36 AM
http://img705.imageshack.us/img705/7623/img0036k.jpg

ကျွန်တော်က ပုံထဲကလိုပဲ ဘာမှ မလုပ်တက်လို့
ဘေးက ထိုင်ကြည့်နေရတာ အဲလိုကို တော်တာ... :shy

ကျွန်တော်လည်းမျှော်နေတာကြာပြီ .. :4: :4:
နောက်တစ်ခေါက်ကျရင်လဲ ခေါ်အုံးနော်..
လိုက်အုံးမှာ ..ထမင်းကျွေးတဲ့ သူနဲ့ မုန့်ကျွေးမယ်
သူနဲ့ ဖိုရမ်က ကိုကိုမမတွေ တအားသဘောကောင်း
တာပဲ နော် ကျန်းမာ ချမ်းသာကြပါစေဗျာ...

ဖိုရမ်မှ ကိုကိုမမ တို့ကို ခင်မင်လျက် pooh ကလေး :6:

zinmaung
01-10-2010, 09:36 PM
မြန်မာအင်ဂျင်နီယာ ဖိုရမ်မိသားစု၏ ပထမအကြိမ် အလှူတော်မင်္ဂလာ


ကျွန်တော်လည်း လာချင်တာ မအားလို.ပါဗျာ။ :haha:နောက်တစ်ခေါက် ကြိုးစားပြီးလာပါ့မယ်။ :'(

ဒီအစီအစဉ် အထမြောက်အောင် အဖက်ဖက်က ကူညီတဲ့ အဖွဲ.တွေအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း........... :7:


လေးစားလျက်............... :4:

yeakharr
01-11-2010, 09:01 AM
အခုလိုကြားရတော့ ကျနော့်အနေနဲ့ အ၇မ်းဝမ်းသာမိပါတယ်.
အောင်အောင်မြင်မြင်ဖြစ်အောင် ကြိုးစားပေးခဲ့ တဲ့အသင်းဝင်များအားလုံးကို
အထူးပဲ ကျေးဇူးတင်ပါတယ်..

ကိုယ်တိုင် ပါဝင်ခွင့် မရလိုက်ပေမယ့် ကြည်နူးကျေနပ်မိပါတယ်...

နောင်လည်း စည်းစည်းလုံးလုံးနဲ့ ဆက်လက် လှူဒါန်းနိုင်ကြပါစေလို့ ဆုတောင်းရင်း
သံယောဇဉ်ထားကြတဲ့ ဖို၇မ်မိသားစုညီအစ်ကို မောင်နှမအားလုံး ကျန်းမာချမ်းသာကြပါစေလို့

ရေခါး

nyinyi27
01-11-2010, 12:03 PM
ထပ်ပြီး အကူအညီတေင်းပါဦးမယ် အစ်ကိုတို့အစ်မတို့..ဘယ်သူမှမတောင်းဆိုတော့ အားလုံးအဆင်ပြေနေလို့ထင်တယ်..ကျွန်တော် ပုံတွေကတော့ သိုးကျောင်းသားပို့ပေးလို့ အကုန်ရပါပြီခင်ဗျာ..အခု


တစ်နေ့စာအလှူ အတွက် ဂုဏ်ပြု မှတ်တမ်းလွှာ
ဆေးပဒေသာပင်အတွက် ဂုဏ်ပြု မှတ်တမ်းလွှာ

အဲဒါလေးတွေ မရသေးလို့ပါခင်ဗျာ..ကူညီကြပါဦးဗျာ..အလှူပွဲကိုဖြစ်မြောက်အောင် အစအဆုံးဆောင်ရွက်ပေးခဲ့တဲ့ မKPZ ခေါင်းဆောင်တဲ့ ဖိုရမ်သူဖိုရမ်သားအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ..ပုံက နည်းနေတော့ ကြည့်ရတာတောင်အားမရဘူး..ရှိသေးရင် ထပ်တင်ပေးကြပါဦးလို့ တောင်းဆိုပါတယ်ခင်ဗျာ..မှတ်တမ်း ၂ ခုကိုလဲ ကျွန်တော်အတွက် တစ်ခြားလင့်လေးနဲ့တင်ပေးကြပါဦး အကူအညီတောင်းပါတယ်ခင်ဗျာ..ကျွန်တော့်မွေးနေ့အမှတ်တရနဲ့ ဖိုရမ်အလှူက အတူတူဖြစ်နေလို့ပါ..နောက်တစ်ခါအလှူမှာတော့ ပါဝင်ခွင့်ရနိုင်တဲ့ အခြေအနေမှာရှိပါစေလို့ ဆုတောင်းပါတယ်..အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ..



အားလုံးကိုလေးစားခင်မင်လျက်...

cy
01-11-2010, 12:45 PM
ဟုတ်တယ်ဗျာ... တကယ်ကြည့်နူးစရာပဲ ... ၂၀၁၀ ရဲ. ပထမဆုံးနေ.မှာ ကျနော်တို. MEF က ပထမဆုံးအလျှုကို အောင်မြင်စွာလုပ်နိင်ခဲ့ပါတယ် ။

နောင်လဲ MEF မောင်နှတွေ အစဉ် ညီညွတ်ပြီး မနေ.ကထက်ကောင်းမွန်တဲ့ ဒီနေ. MEF ကြီးဖြစ်ပါစေလို. တောင်းဆုပြုရင်း ...

ဖိုရမ်အမှတ်တရလေးကို မုဒိတာ ပွားလိုက်ပါတယ် ...

စီဝိုင်

William Paul
01-13-2010, 04:13 PM
:'( ဒီရက်ပိုင်းအတွင်း အလုပ်ရှုပ်နေတာနဲ့ ဖိုရမ်မဝင်ဖြစ်တာ အတော်ကြာသွားတယ်...
ဒါနဲ့ပဲ အလှူလုပ်ဖို့တိုင်ပင်တာ အလှူလုပ်တာ ဘာမှ မသိလိုက်ရဘူး...
အလှူပြီးမှပဲ သိရတော့တယ်... တစ်ပိုင်းတစ်ကဏ္ဍ မပါဝင်လိုက်ရတဲ့အတွက် အားမလိုအားမရဖြစ်ရပါတယ်...
ဖိုရမ်အလှူဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ခဲ့တဲ့ ညီအစ်ကို မောင်နှမ သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါတယ်..
တကယ်ကိုကြည်နူးကျေနပ်စရာပါပဲဗျာ... :)
စဉ်းစားလုပ်ဆောင်တဲ့သူ၊ ဦးစီးဆောင်ရွက်တဲ့သူ၊ လိုက်ပါကူညီတဲ့သူ၊ အဝေးကအားပေးထောက်ကူတဲ့သူ၊ မုဒိတာပွားတဲ့သူ အားလုံးကျေနပ်စရာတွေချည်းပါပဲ..
နောက်တစ်ကြိမ်လုပ်ဆောင်တဲ့အခါမှာလည်း ဒီထက်ပိုသိုက်သိုက်ဝန်းဝန် စည်စည်ကားကားပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် လုပ်ဆောင်ကြပါလို့လည်း တိုက်တွန်းချင်ပါတယ်..
ကျွန်တော်တို့လည်း အခွင့်အခါ အခြေအနေပေးရင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲပါ့မယ်လို့လည်း ကတိပြုပါတယ်....
ဖိုရမ်မောင်နှမများအားလုံး ကြည်နူးပျော်ရွှင်နိုင်ကြပါစေ...
William Paul

phoeko
01-13-2010, 06:43 PM
ထပ်ပြီး အကူအညီတေင်းပါဦးမယ် အစ်ကိုတို့အစ်မတို့..ဘယ်သူမှမတောင်းဆိုတော့ အားလုံးအဆင်ပြေနေလို့ထင်တယ်..ကျွန်တော် ပုံတွေကတော့ သိုးကျောင်းသားပို့ပေးလို့ အကုန်ရပါပြီခင်ဗျာ..အခု


တစ်နေ့စာအလှူ အတွက် ဂုဏ်ပြု မှတ်တမ်းလွှာ
ဆေးပဒေသာပင်အတွက် ဂုဏ်ပြု မှတ်တမ်းလွှာ

အဲဒါလေးတွေ မရသေးလို့ပါခင်ဗျာ..ကူညီကြပါဦးဗျာ..အလှူပွဲကိုဖြစ်မြောက်အောင် အစအဆုံးဆောင်ရွက်ပေးခဲ့တဲ့ မKPZ ခေါင်းဆောင်တဲ့ ဖိုရမ်သူဖိုရမ်သားအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ..ပုံက နည်းနေတော့ ကြည့်ရတာတောင်အားမရဘူး..ရှိသေးရင် ထပ်တင်ပေးကြပါဦးလို့ တောင်းဆိုပါတယ်ခင်ဗျာ..မှတ်တမ်း ၂ ခုကိုလဲ ကျွန်တော်အတွက် တစ်ခြားလင့်လေးနဲ့တင်ပေးကြပါဦး အကူအညီတောင်းပါတယ်ခင်ဗျာ..ကျွန်တော့်မွေးနေ့အမှတ်တရနဲ့ ဖိုရမ်အလှူက အတူတူဖြစ်နေလို့ပါ..နောက်တစ်ခါအလှူမှာတော့ ပါဝင်ခွင့်ရနိုင်တဲ့ အခြေအနေမှာရှိပါစေလို့ ဆုတောင်းပါတယ်..အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ..

အားလုံးကိုလေးစားခင်မင်လျက်...


မှတ်တမ်းလွှာတွေကို ကျွန်တော် ပြန်တင်ပေးလိုက်ပါတယ်နော်။

တစ်နေ့စာအလှူ အတွက် ဂုဏ်ပြု မှတ်တမ်းလွှာ

http://d1.scribdassets.com/ScribdViewer.swf?document_id=25147294&access_key=key-15viuup9bnycjdgqosf8&page=1&version=1&viewMode=list

http://ifile.it/gq6bkhn
or
http://www.myanmarengineer.org/index.php?ind=downloads&op=entry_view&iden=314

ဆေးပဒေသာပင်အတွက် ဂုဏ်ပြု မှတ်တမ်းလွှာ

http://d1.scribdassets.com/ScribdViewer.swf?document_id=25147473&access_key=key-sr7h2ejwdi8m4w5tqkq&page=1&version=1&viewMode=list

http://ifile.it/x17v6uh
or
http://www.myanmarengineer.org/index.php?ind=downloads&op=entry_view&iden=315

KPZ
01-29-2010, 05:20 PM
ဓါတ်ပုံတွေ နည်းတယ်လို့ ပြောနေကြတဲ့ သူတွေအတွက် ဒေါက်တာဆီက ခဲရာခဲဆစ် ယူထားရတဲ့ ပုံတွေ ထပ်တင်ပေးလိုက်တယ်နော်

ဒါကတော့ ကျမတို့ဖိုရမ်က လှူဒါန်းတဲ့ မုန့်တွေ
http://khinephyuzaw.googlepages.com/DSCF4798.JPG
http://khinephyuzaw.googlepages.com/DSCF4803.JPG

ကလေးတွေက ဒီဘီစကစ်ကို အရမ်းကြိုက်တယ်တဲ့
http://khinephyuzaw.googlepages.com/DSCF4799.JPG

ဖိုရမ်က လှူဒါန်းတဲ့ ဘက်ထရီကို အက်ဆစ်ဖြည့်ပေးနေတဲ့ မောင်လေး သိုးကျောင်းသား၊ pooh ကောင်လေးနဲ့ တစ်ခြား အဖွဲ့ဝင်တွေ
http://khinephyuzaw.googlepages.com/DSCF4801.JPG
http://khinephyuzaw.googlepages.com/DSCF4802.JPG

ဖိုရမ်မှ လှူဒါန်းတဲ့ အင်ဗာတာ
http://khinephyuzaw.googlepages.com/DSCF4805.JPG
http://khinephyuzaw.googlepages.com/DSCF4838.JPG

ရောဂါဖြစ်ရင် ကုသတဲ့ နေရာလေး
http://khinephyuzaw.googlepages.com/DSCF4822.JPG

ဖိုရမ်မှ လှူဒါန်းတဲ့ ဆန်အိတ်တွေ
http://khinephyuzaw.googlepages.com/DSCF4824.JPG

တစ်နေ့စာ အကျွေးအမွေးစာရင်း
http://khinephyuzaw.googlepages.com/DSCF4835.JPG

ဖို၇မ်မှ မင်းသားများ :P
http://khinephyuzaw.googlepages.com/DSCF4836.JPG

အင်ဗာတာကို နေရာချပေးနေတာ
http://khinephyuzaw.googlepages.com/DSCF4837.JPG

ကလေးတွေကို အလှူရှင်တွေက လှူဒါန်းထားတဲ့ အရုပ်တွေ.. ပြန်တောင်းခဲ့မလို့တောင် စဉ်းစားမိသေးတယ်
http://khinephyuzaw.googlepages.com/DSCF4841.JPG

ကလေးလေးတွေက သူတို့ အ၀တ်ဗီဒိုကို လိုက်ကြွားနေတာလေ
http://khinephyuzaw.googlepages.com/DSCF4846.JPG

ကလေးလေးတွေ အိပ်တဲ့နေရာလေးတွေ .. သပ်သပ်ရပ်ရပ် ချစ်စရာလေးတွေနော်
http://khinephyuzaw.googlepages.com/DSCF4848.JPG
http://khinephyuzaw.googlepages.com/DSCF4849.JPG
http://khinephyuzaw.googlepages.com/DSCF4850.JPG

ကလေးလေးတွေကို ဒီလို ကျွေးတာပါ။ သူတို့ကိုတော့ မရိုက်ခဲ့တော့ပါဘူး
http://khinephyuzaw.googlepages.com/DSCF4850.JPG
http://khinephyuzaw.googlepages.com/DSCF4858.JPG

ဖိုရမ်အလှူကို တူတူလုပ်ခဲ့ကြတဲ့ ဖိုရမ်မောင်နှမတွေပါ။
မင်းသမီး နှစ်ယောက်ကတော့အချောဆုံးပေါ့ ဟုတ်တယ်ဟုတ်။ ဒေါက်တာကတော့ ရိုက်ပေးတဲ့သူဆိုတော့ မပါဘူးပေါ့လေ
http://khinephyuzaw.googlepages.com/DSCF4881.JPG

အားလုံးကျေနပ်မယ်ထင်ပါတယ်
ခင်မင်လေးစားလျှက်
ကေပီဇက်

tunaungkyaw
01-31-2010, 09:47 AM
မောင်နှစ်မတွေနဲ့ မိတ်ဆက်ပေးပါဦး မKPZ ရေ။
ဝဲမှယာ----xxx,xxx,xxx,xxx, KPZ, xxx,xxx,xxx အဲဒီလိုလေးဖြည့်စွက်ပြီးတော့ပေါ့နော်။

နာမည်သိရင် လမ်းမှာတွေ့တော့ ခေါ်လို့ရတာပေါ့။

phoelapyae
01-31-2010, 04:12 PM
ဟုတ်တယ်ဗျို့ ... ထောက်ခံပါတယ် ။

ကိုဦး
01-31-2010, 05:05 PM
အားကျမိတယ် ဗျာ ...
ဂုဏ်လည်း ယူမိတယ် ...
ကိုယ်တိုင် ကိုယ်ကျလည်း ပါဝင်ကူညီချင်မိတယ် ..
ဒီတစ်ကြိမ်မပါ .. နောက်အကြိမ်တွေမှာ ပါဝင်ခွင့်ရပါစေလို့ ပဲ ဆုတောင်းမိတယ် ...
ပထမဆုံးအကြိမ်မှာ ငွေအားရော လူအားရော ဘာမှမကူညီနိုင်ခဲ့ ဘူးဗျာ ..
အားကြိုးမာန်တက် ကူညီကျတဲ့  ဖိုရမ်ကိုယ်စားပြု မောင်နှမတွေ အားလုံးကိုလည်း MEF မန်ဘာတစ်ယောက်အနေဖြင့် ကျေးဇူးလည်း တင်မိတယ် ....
နောက်ထက် ဒုတိယအကြိမ် တတိယအကြိမ် အကြိမ်ပေါင်းများစွာ လှူဒါန်းနိုင်ပါစေလို့  ဆုတောင်းလိုက်ပါတယ်ဗျာ ....

levoman
01-31-2010, 06:03 PM
အမkpzရေ ပြောပြလိုက်မယ်နော် သိချင်နေရှာမှာ :4: :4: တော်ကြာမသိလိုက်ရလို့အိပ်မပျော်စားမ၀င်ဖြစ်နေမှာစိုးလို့ ကျွန်တော်မထိန်မချန်ပဲပြောပြလိုက်ရပါတယ် ၀ဲမှယာကို ကျွန်တော်တင်ပြရရင်ဖြင့်
ပထမဆုံး ကျော်ဇောဝင်း (ဖိုရမ်ကိုကိုတွေထဲမှာဘယ်သူအချောဆုံးလဲမေးတော့ ကလေးတွေက အဲဒီကိုကိုအချောဆုံးတဲ့ :'( :'( ကလေးတွေမျက်နှာလိုက်တယ်နော် :'( )
သိုးကျောင်းသား
ကျော်ကျော်အောင်
ပြီးရင် ဖိုရမ်ရဲ့ အားမောငြီးနှစ်ယောက် (ကိုရီးယားလို ညီမလေးလို့ခေါ်တာနော် အမ :4:)
အမနေညို
အမKPZ
cy
pooh.kglay (သူ့ပုံတွေချည်းပဲပါနေတယ် :'( ဘာမှမဟုတ်ဘူးဓာတ်ပုံထဲမပါမှာစိုးလို့ :haha: :haha: :haha:)
နောက်ဆုံးကတော့ မောင်တွေဝေရဲ့ညီလေး ကျွန်တော်မောင်waiwar ခင်ဗျ ကိုယ့်ပုံကိုကိုယ် မနဲလိုက်ရှာနေရတယ်တော်သေးတယ်တွေ့လို့ ဘယ်ကောင်မလေးဖြတ်ညှပ်ပြီးယူသွားကြတယ်လို့မထင်ပါနဲ့ခင်ဗျ အဲလောက်မစွံပါဘူးခင်ဗျ (ငါ့ပုံတောင်နေရာမကာလို့ ဖြတ်ညှပ်ပစ်လိုက်ပြီလားလို့လန့်သွားတာပဲ ဒေါက်တာရေ ကျွန်တော့်ပုံလေးပါလာသေးလို့ တော်သေးတယ် :4: :4: အားလုံးပဲဆန္ဒတွေပြည့်ဝကြပါပြီနော် အားလုံးပဲစတာနောက်တာလွန်သွားမိရင် လွန်တာရှိ ၀န္တာမိ ပါနော် အဲဒီနေ့ကိုပြန်တွေးလိုက်တိုင်း
ကျွန်တော့်ရင်မှာပီတိဖြစ်ရပါတယ်ခင်ဗျာ ဖိုရမ်ကမန်ဘာများလည်း ကျွန်တော်နဲ့ထပ်တူဖြစ်မယ်လို့ယုံကြည်ပါတယ် ကျွန်တော့်ရင်မှာဖြစ်ပေါ်နေသော ပီတိလှိုင်းလေးတွေ မန်ဘာများရဲ့နှလုံးသားဆီသို့ပျံ့နှံ့ပါစေ

thanyawzinmin
03-08-2010, 12:19 PM
ကျွန်တော်လဲအသိနောက်ကျသွားတယ်ဗျာ
သိများသိလို့ ကတော့
ဟီး
ကလေးတွေနဲ့ အတူတူ မုန့် စားချင်လို့ 

သံယောဇဉ်မင်း
သံယောဇဉ်နန်းတော်